Quantcast
Channel: Oppositeyes
Viewing all 13897 articles
Browse latest View live

ရဲစခန်း၏ ဆင့်ခေါ်မှုကို မလာရောက်ပါက ကျောင်းသားဆိုသူများကို လိုက်ဖမ်းမည်

$
0
0



ထားဝယ်၊ မေ ၁၀

ထားဝယ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ထားဝယ်တက္ကသိုလ် ကျောင်း
သားများသမဂ္ဂမှ ကျောင်းသားငါးဦးကို ရဲစခန်းတွင် လာရောက်စစ်ဆေးခံရန် ဆင့်ခေါ်ထားသည်ကို မလာရောက်ပါက အိမ်တွင် လိုက်လံဖမ်းဆီးမည် ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။


မတ်လ ၂၇ ရက်နေ့က ထားဝယ် စည်ပင်သာယာဈေး တောင်ဘက်တွင် အဖမ်းဆီးခံ ကျောင်းသားကျောင်းသူများ
ပြန်လည်လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ငါးဦးကို မေလ ၆ ရက်နေ့က ထားဝယ်မြို့မ ရဲစခန်းတွင် လာရောက်စစ်ဆေးခံရန် ဆင့်ခေါ်စာများဖြင့် ဆင့်ခေါ်ထားပြီး တစ်ပတ်အတွင်း မလာပါက အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးမည် ဖြစ်ကြောင်း စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောကြားသည်။
“လာမယ့် သုံးလေးရက်အတွင်း ဒါမှမဟုတ် တစ်ပတ်အတွင်း မလာရင် အိမ်မှာ လိုက်လံဖမ်းဆီးမယ်” ဟု ၎င်းက ပြောကြားသည်။

ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသူ ကျောင်းသားများကို စစ်ဆေးရန်အတွက်သာ ဆင့်ခေါ်ခြင်းဖြစ်ပြီး စစ်ဆေးပြီးပါက ခံဝန်ဖြင့် သို့မဟုတ် အာမခံဖြင့် ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ဘာအပြစ်မှ မလုပ်ထားတဲ့အတွက် ရဲစခန်းကို မသွားနိုင်ဘူး” ဟု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသားတစ်ဦး ဖြစ်သူ ကိုသူရနိုင်က ပြောသည်။

ကျောင်းသား၊ ကျောင်းသူများအား ပေးပို့ထားသည့် ဆင့်ခေါ်စာ ၅ စောင်တွင် ၃ စောင်မှာ ရဲစခန်းသို့ သွားရောက်ရမည့် ရက်စွဲမပါရှိဟု ကျောင်းသားကျောင်းသူများက ပြောသော်လည်း ရက်စွဲမပါရှိသည့် ဆင့်ခေါ်စာများမှာ ဧပြီလကုန်ပိုင်းက ပို့ထားသည့် စာများဖြစ်ကာ မေ ၆ ရက်နေ့က ပေးပို့ထားသည့် ဆင့်ခေါ်စာများတွင် လာရောက်တွေ့ဆုံရမည့် ရက်စွဲများ ပါရှိသည်ဟု စခန်းမှူးက တုံ့ပြန်ပြောဆိုသည်။

“ဘယ်သူမှ မသွားဘူးလို့တော့ ပြောထားတယ်။ လာဖမ်းရင်လည်း အခြေအနေအရ လှုပ်ရှားရမှာပဲ” ဟု အမှုဖွင့်ခံထားရသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုသော်လွင်အောင်က ပြောသည်။

ရဲစခန်းကို မလာသည့် ကျောင်းသားများကို အိမ်တိုင်ရာရောက် ဖမ်းဆီးမည် ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ပါက တရားခံပြေးအဖြစ် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်မည် ဖြစ်ကြောင်း ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ထားဝယ် သပိတ်မှောက်ကျောင်းသားများသည် သပိတ်ဖြတ်သန်းရာ မြို့နယ် ၇ ခုတွင်လည်း အမှုဖွင့်ခံထားရသည့် အပြင် ထားဝယ်မြို့ ဆန်းချီလယ်ယာမြေ ပြဿနာနှင့် ဆက်စပ်ပြီးလည်း အမှုဖွင့်ခံထားရသည်။

(Dawei Watch)







ကျနော်တို့မြန်မာနိုင်ငံကရော.သိပ္ပံပညာနဲ့နိုဘယ်ဆုရှင်ပေါ်နိုင်ပါသလား

$
0
0


၂၀၀၈ခုနှစ်လောက်ကထင်တယ်။.သိပ္ပံပညာနဲ့နိုဘယ်ဆုရတဲ့ဂျပန်လူမျိုး(အမေရိကန်နိုင်ငံသား)တယောက်စင်္ကာပူ
ကိုရောက်လာခဲ့ပါတယ်။.

သူ့ကို.စင်္ကာပူအစိုးရကစရိတ်အကုန်ခံပြီး.ဖိတ်ကြားခဲ့တာပါ။.သူ့ရဲ့နိုဘယ်ဆုရအောင်.ဘယ်လိုကြိုးစားခဲ့ရတယ်ဆို
တဲ့အကြောင်း.စင်္ကာပူကလူငယ်လေးတွေကို.ပြောပြပေးဖို့ပါ။.


သူ့ဟောပြောပွဲကို.စင်္ကာပူအစိုးရတက္ကသိုလ်တခုဖြစ်တဲ့NUSတက္ကသိုလ်မှာ.ပြုလုပ်ပါတယ်။.စင်္ကာပူတက္ကသိုလ်ပေါင်း
စုံက.ဆရာ.ဆရာမ.ကျောင်းသားကျောင်းသူတွေ.တက်ရောက်နားထောင်ကြပါတယ်။

သူက.ဟောပြောပြီးသွားတော့.မေးခွန်းမေးစရာရှိရင်.မေးပါလို့ဖိတ်ခေါ်ပါတယ်။.ပရိသတ်က.တယောက်တခွန်း
မေးကြတယ်။.သူကလဲပြန်ဖြေပေးပါတယ်။

နောက်ဆုံးမှာ.ဆရာတယောက်က.မေးခွန်းတခုကို.ခုလိုမေးလိုက်ပါတယ်။."ကျနော်တို့စင်္ကာပူနိုင်ငံကရော.သိပ္ပံ
ပညာနဲ့.နိုဘယ်ဆုရနိုင်ဖို့.အခွင့်အလမ်းရှိပါသလား"တဲ့။

နိဘယ်ဆုရှင်က.ခုလိုပြန်ဖြေပါတယ်။."မရှိပါဘူး။.စကာၤပူနိင္ငံမွ.မဟုတ္ပါဘူး။.အရှေ့တောင်အာရှနိုင်ငံတွေမှာ.
သိပ္ပံပညာနဲ့နိုဘယ်ဆုရှင်ဘယ်လိုမှမပေါ်နိုင်ပါဘူး"တဲ့။.

အိမ်ရှင်စလုံးနိုင်ငံသားတွေလဲ.မျက်စိမျက်နာပျက်ကုန်ကြတယ်။.နိဘယ်ဆုရှင်က.ထပ်ပြောပါတယ်။."ခုလို.ပြောရတာ
က.အရှေ့တောင်အာရှနိုင်ငံတွေမှာ.အများနဲ့မတူ.တမူထူးခြားတဲ့ကလေးကိုမြေတောင်မြှောက်ပေးတဲ့အလေ့အကျင့်
မရှိလို့ပါ။

.ကလေးတယောက်ဟာ.စာသင်ခန်းထဲမှာ.ဆရာကိုထူးထူးဆန်းဆန်းမေးခွန်းတွေမေးယ်.သာမန်ကလေးတွေနဲ့မတူ
တဲ့အပြုအမူတွေလုပ်နေတယ်ဆိုရင်..ဒီကလေးဟာ.တခြားကျောင်းသားတွေလိုဖြစ်သွားအောင်နေခိုင်းမယ်.ပြောမရ
ရင်.ပြစ်ဒဏ်ပေးပြီး.ဦးချိုးကြတယ်။

.ဥပမာတခုအနေနဲ့ပြောရရင်.ကြမ်းခင်းမှာထေါင်ထွက်နေတဲ့သံချောင်းတွေ့ရင်.ကြမ်းထဲပြန်ဝင်သွားအောင်.ပြန်ရိုက်
သွင်းပေးလိုက်တယ်။ဒါမှ.တခြားသံချောင်းတွေနဲ့ညီသွားအောင်ပေါ့"တဲ့။

သူကဆက်ပြောပါတယ်။.သူငယ်ငယ်ကလေးထဲကသူ့မိဘတွေနဲ့အတူလိုက်ပါရင်း.အမေရိကန်နိုင်ငံကိုရောက်သွား
တယ်။.အဲဒီမှာကျောင်းတက်ခဲ့တယ်။.

အမေရိကန်ကျောင်းတွေမှာ.မေးခွန်းတွေကြံကြံဖန်ဖန်မေးတဲ့ကလေး.တခြားကလေးတွေနဲ့မတူပဲ.ထူးခြားတဲ့အပြု
အမူတွေလုပ်တတ်တဲ့ကလေးမျိုးတွေ့ပြီဆိုရင်.ဆရာ.ဆရာမတွေက.IEP(Individualized_Education_Plan)တကိုယ်
ရည်ပညာရေးအစီအစဉ်ချမှတ်တဲ့.အဖွဲ့ကိုအကြောင်းကြားရတယ်။.

အဲဒီအဖွဲ့က.တာဝန်ရှိသူတွေဟာ.ကျောင်းကိုရောက်လာတယ်။စိတ်ပညာရှင်လဲပါတယ်။.အဲဒီကလေးကိုစောင့်ကြည့်
တယ်။စကားပြောကြည့်တယ်။.တကယ်ပဲ.ဒီကလေးမှာ.ထူးချွှန်နိုင်တဲ့အရည်အချင်းရှိနေတာတွေ့ရင်.အထူးအစီ
အစဉ်တွေနဲ့.ကလေးရဲ.အရည်အချင်းကိုမြှင့်တင်ပေးကြတယ်။

.ထူးချွန်ပညာရှင်Geniusတယောက်ဖြစ်လာအောင်.မြေတောင်မြှောက်ပေးကြတယ်။.ဒါကြောင့်လဲ.ကမ္ဘာပေါ်မှာ
.နိုဘယ်ဆုရှင်အများဆုံး.ထွက်တာ.အမေရိကန်နိုင်ငံကပါပဲလို့ရှင်းပြသွားပါတယ်။

မိတ်ဆွေကို.မေးချင်တာက.ကျနော်တို့မြန်မာနိုင်ငံကရော.သိပ္ပံပညာနဲ့နိုဘယ်ဆုရှင်ပေါ်နိုင်ပါသလားလို့ပါ။

Credit to သိန်းဖေ(ခေတ္တ-စင်္ကာပူ)






ဒေါ်အောင်ဆန်းစုကြည်ကို ရွှေကျင်သံဃာ့ဂိုဏ်းက "စတုပစ္စယ သံဃာ့မာတာ"ဆိုသည့် သံဃာမိခင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း မဇ္ဇျိမသတင်းဌာနမှ ဖော်ပြခဲ့သော သတင်းမှာ သတင်းမှားဖြစ်

$
0
0


ဧပြီလ ၁၈ ရက်က မဇ္ဇျိမသတင်းဌာနမှ သတင်းတစ်ပုဒ်တွင် ရွေကျင်သာသနာပိုင် သံဃာ့ဂိုဏ်းက ပစ္စည်းလေးပါး ဒါယကာ သံဃာမိခင်ဘွဲ့ ဖြစ်သည့် "စတုပစ္စယ သံဃာ့မာတာ"ဘွဲ့အား ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်း လိုက်ကြောင်း ရွှေကျင်သာသနာပိုင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂိယက မဇ္ဈိမသို့ မိန့်ကြားခဲ့သည်ဟုသည့် သတင်းမှာ သတင်းမှားဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၇၊ ၂၈နှင့် ၂၉ ရက်ထိ သုံးရက်ကြာ မှော်ဘီမြို့တွင် ပြုလုပ်သည့် ၁၉ကြိမ်မြောက် ရွှေကျင်သာသနာပိုင် သံဃာ့အစည်းအဝေးတွင် ထိုဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အား ပေး
အပ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အမှန်တကယ်မှာ မှော်ဘီမြို့၊ ဆေကိန္ဒရာမကျောင်းတိုက်ကြီးတွင် ပြုလုပ်ခဲ့သော ရွှေကျင်သံဃာ့အစည်းအဝေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အလှုရှင်များကို "စတုပစ္စဒါယကာ" (ပစ္စည်းလေးပါးဒါယကာ) ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိရပြီး ရွှေကျင်ဆရာတော်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် အား သံဃာ့မာတာဘွဲ့ပေးသည်ဟု သံဃာ့ မဇ္ဇျိမသတင်းထောက်ကို ပြောကြားခဲ့ခြင်းမရှိ ကြောင်း ဆရာတော်ကြီး မဇ္ဇျိမသတင်းထောက်ကို ဖုန်းလက်ခံ ပြောကြားစဉ် အနီးတွင် ရှိနေသော သံဃာတစ်ပါးက မိန့်ကြားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံသားဖြစ်သူ မိုက်ကယ်အဲရစ်
နှင့် လက်ထပ်ထားပြီး သားနှစ်ဦးရရှိခဲ့ကာ ၄င်း၏ သားနှစ်ဦးမှာလည်း အင်္ဂလန်နိုင်ငံသားများဖြစ်၍ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၄င်း၏မြေးများကို သာသနာ့ဘောင်သို့ သွတ်သွင်းရခြင်း မရှိသေးကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့ က ကျင်းပခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးတင်ဝင်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မူဆလင်ဘာသာရေးဆရာများကို လက်အုပ်ချီကန်တော့ခဲ့သည့် ဓာတ်ပုံများတင်ခဲ့သည့်အတွက် The Voice သတင်းဌာနက အကြိမ်ကြိမ် တောင်းပန်ခဲ့သည်။ The Voice သတင်း ဌာနက ၄င်းဓာတ်ပုံမှာ ပြုပြင်ထားခြင်းမရှိသည့် မှန်ကန်သော ဓာတ်ပုံဖြစ်သော်လည်း ဗုဒ္ဓဘာသာကို အလေးထားမှု နှင့် ပတ်သက်၍အငြင်းပွားဖွယ်ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို အထင်မှားစေနိုင်သည့်
ဓာတ်ပုံဖြစ်၍ တောင်းပန်ကြောင်း ဖော်ပြခဲ့ပြီး ထိုဓာတ်ပုံကို ချက်ချင်းဖြုတ်ချခဲ့သည်။

MLN








ဒေါ်စုဘာလုပ်မလဲ

$
0
0



ဒေါ်အောင် ဆန်းစုကြည် က သမတ လုပ်ခြင်တယ်။ ကျနော်တို့ ကလဲ သူကိုသမတ ဖြစ်စေချင်တယ်။ လူထုကလဲ သူကို သမတ ဖြစ်စေချင်တယ်။ ဒါဆိုရင် ဒေါ်စုက သူအစိုးရ ဖွဲ နိင်ကြောင်း ဘယ်လို သက်သေ ပြမလဲ ။ ၀န် ကြီးတွေ ကို ဘယ်သူတွေနဲ့ ဖွဲမလဲ။ ဘယ်လိုပေါ်လစီတွေကို
သူမအစိုးရက ကျင့်သုံးမလဲဆိုတာ ပြောဖို့ မကောင်းပေဘူးလား။
သူမှာ ရော အစိုးရဖွဲ့ နိင်တဲ့  အနေထားမှရှိသလား ။ အမေ ကိုယုံပါ။ အမေက အကုန်သိတယ် အမေ က အကုန်သိတယ် ဆိုတာ NLD ပါတီဝင်တွေအတွက် ပဲဖြစ်နိင်ပါတယ်။ ဒီဆင်ခြေကို ဦးဏှောက်ရှိတဲ့သူတွေက လက်ခံမယ်မထင်ပါဘူး ။


ထိုင်းဘုရင် ကြီးက ဒေါ်အောင်ဆန်းစုကြည် မအုပ်ချုပ်နိင်ဘူးလို့ ဟောကိန်း ထုတ်ထားပါတယ်။
မလေးရှားဝန် ကြီးချုပ် မဟာသီယာက အောင်ဆန်းစုကြည် သမတ ဖြစ်ရင် မကြာခင် ပြန် ပြုတ်ကြမယ်လို့ 
ဟောကိန်းထုတ်ထားပါတယ်။အောင် ဆန်းစန်းဦးကလဲ မင်းတို့  သူကို သိပ်မမျော်လင့်ထားနဲ့ 
သူမလုပ်နိင်ပါဘူးလို့  မကြာခန ပြောလေ့ရှိတယ်။အနောက်နိင်ငံက သံတမန်တွေကလဲ အလားတူအတိုင်း တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ဝေဖန် နေကြပါတယ်။

ဒီအမြင်တွေ ကိုဒေါ်အောင် ဆန်းစုကြည် အနေနဲ့ ချေဖျက် ပြစ်ဖို့ လိုပါတယ်။ ငါဟာ သမတ လုပ်မယ်။ ငါဟာ ဦးဆောင်နိင်တယ်။ မြန်မာ ပြည် ပြသနာ တွေကို ငါဒီလိုဖြေရှင်းမယ်ဆိုတာ ကို ပြသဖို့ လိုပါတယ်။
ဒီလိုလုပ်ပြဖို့ က သူဟာအခုချိန်က စပြီးအနည်း ဆုံး Shadow Cabinet ရှိတယ်ဆိုတာကို ပြထားဖို့ လိုပါတယ်။ ငါမှာ မဟာ မိတ် တွေ Allies က ဒါတွေရှိတယ်ဆိုတာကို ပြသနိင်ဖို့ လိုတယ်။
အလားတူပဲ အမေ စုကောင်လေးတွေ ကောင်မလေးတွေ ကလဲ အမေ စုဆိုပြီး လုပ်နေလို့ မရဘူး။ အမေစုအတွက် လိုအပ်ရင် အသေ ခံ နိင်မလား ဆိုတာ သက်သေပြနိင်ဖို့ လိုတယ်။

Moethee Zun






"မျိုးဆက်ပေါင်းများစွာအတွက် “အမျိုးသားရေးစိတ်ဓါတ်”

$
0
0



ပထမဆုံးအနေနဲ့ မြန်မာတွေဟာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တွေ မဟုတ်ဘူး ဆိုတာကို ကြိုတင်ပြီး သိစေလိုပါတယ်။ ဒီ “၇ိုဟင်ဂျာ” ဆိုတဲ့ စကားလုံး အသုံးအနှုံးနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီး လက်ထက်မှာ အစဉ်တစိုက် ပြင်းပြင်းထန်ထန် ခိုင်ခိုင်မာမာ လက်မခံဘူး ဆိုတဲ့ အကြောင်းကို တောက်လျှောက် ရပ်တည်ခဲ့ပြီးသား ဖြစ်ပါတယ်။ ကုလသမဂ္ဂလို နိုင်ငံစုံ စားပွဲဝိုင်းတွေမှာလည်း မြန်မာနိုင်ငံဟာ ဒီအတိုင်း ရပ်တည်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီး လက်ထက်မှာ ဒီအတိုင်းပဲ ရပ်တည်သွားမှာပဲ ဖြစ်ပါတယ်။ ဒါကို လက်မခံလို့ လူဆိုးသဖွယ် လက်ညိုးထိုးခဲ့ကြတယ်၊ ဒီစကားရပ်ကို လက်မခံလို့ ပြုပြင်ပြောင်းလဲမှုတွေကို အရောင်ဆိုးတာ ခံခဲ့ရတယ်။ ဒါကို လက်မခံလို့ ဒီပြဿနာကို မြန်မာနိုင်ငံအပေါ် ပုံချခဲ့ကြတယ်။

ဦးသိန်းစိန် အစိုးရ အရမ်းကောင်းတာပဲ၊ လူ့အခွင့်အရေးကို သိပ်အလေးထားတာပဲ ဒီလိုမျိုး စကားလုံးတွေ၊ ချီးကျူးမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အမျိုးသားရေးကို လဲလှယ်ပစ်မှာ မဟုတ်ပါဘူး။ နောင်လာမယ့် မျိုးဆက်အဆက်ဆက်ကို လျစ်လှူရှုမှာ မဟုတ်ပါဘူး။ ဒီရပ်တည်ချက်အတွက် ဝေဖန်မှုများစွာကို ပြတ်ပြတ်သားသား ရင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲတစ်ဆက်ပဲ ကြည့်တဲ့ နိုင်ငံရေးသမား မဟုတ်သလို လူ့အခွင့်အရေးသမားလည်း မဟုတ်ပါဘူး။ သူက အကြောင်းမဲ့ ဒီလို ရပ်တည်နေတာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ပြည်သူတွေအနေနဲ့ ဒီစကားရပ်ကို ကမ္ဘာတစ်ဝှမ်းက ပြစ်တင်မှုတွေကြားက ခိုင်ခိုင်မာမာ ဆန့်ကျင်ခဲ့ရခြင်းအတွက် ခိုင်မာတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ လက်ရှိမျိုးဆက်အတွက် သာ မက နောင်လာမယ့် မျိုးဆက်အဆက်ဆက်တွေအတွက်ပါ ကြိုတင်မျှော်တွေးပြီးတော့ ဒီလိုမျိုး ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဒီစကားရပ်နဲ့ ဆက်စပ်နေတဲ့ ပထ၀ီနိုင်ငံရေးပြဿနာစတွေဟာ နောင်လာမယ့် မျိုးဆက် အဆက်ဆက်အထိ ခြိမ်းခြောက်နေတဲ့အထဲမှာ ဒီပြဿနာလည်း ပါနေပါတယ်။

ယနေ့ ကမ္ဘာမှာ အမျိုးသားရေးလှိုင်းလုံးကြီးတွေ ကြီးမားပြင်းထန်နေတာကိုလည်း ဒေသတွင်းမှာကိုပဲ ကြည့်ရင် တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံသားစိတ်ဓါတ်ကို မြှင့်တင်ပေးရမှာပါ။ ဒါဟာ အမျိုးသားရေးပါပဲ။ ကျွန်တော်တို့ဟာ မတူကွဲပြားမှုတွေကို မြှင့်တင်ပေးရမှာပါ။ ဒါပေမယ့် နိုင်ငံသားစိတ်၊ အမျိုးသားရေးစိတ်ကို မေ့လျော့ထားလို့ မဖြစ်နိုင်ပါဘူး။ ကန့်သတ်မှု နည်းပါးလာပြီး ဂလိုဘယ်ဆန်လာတဲ့ ကမ္ဘာ့ပထ၀ီကွန်တိုမျဉ်းတွေဟာ မြင့်တက်လာနေတဲ့ အမျိုးသားရေး နိုးကြားမှုတွေကို မကျော်လွှားနိုင်သေးပါဘူး။ ပို့စ်မော်ဒန်မှာ အားလုံးဟာ လိုကယ်ဗဟိုပြုလာကြပြီ ဖြစ်ပါတယ်။

Freedom of Expression ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးကို အားနည်းသွားစေမှာကိုလည်း လုံးဝ မလိုလားပါဘူး။ ဒီအခွင့်အရေးကို ရယူကျင့်သုံးသူတွေအနေနဲ့လည်း အမျိုးသားရေး သတိနဲ့ ယှဉ်ပြီး ရေးသား ဖော်ပြတာတွေ ပြုလုပ်သင့်ပါတယ်။ ဒီစကားရပ်ကို Internationalization လုပ်နေတာတွေက နောင်လာမည့် နှစ်ပေါင်းများစွာကို မျှော်တွေးပြီး လုပ်နေတယ် ဆိုတာကို သိထားကြဖို့ လိုပါတယ်။ ပင်ကိုရေးပဲ ဖြစ်ဖြစ်၊ ဘာသာပြန်ဆိုတာပဲ ဖြစ်ဖြစ် အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားရေး အသိ ရှိကြဖို့ အရေးကြီးပါတယ်။ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာနေတဲ့ ဒီစကားရပ်ကို ပြီးပြီးရော သဘောထားလိုက်မယ် ဆိုရင် သမိုင်း ရိုင်းပါလိမ့်မယ်။

ဒီကနေ့ သတင်းတွေမှာ ရိုဟင်ဂျာ ဆိုတာနဲ့ မြန်မာ ဆိုတဲ့ အမြင် တွဲမြင်လာအောင် လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေပါတယ်။ ကမ္ဘာမှာ ပရောဂျက်တောင်းလို့ အကောင်းဆုံး Issue ကလည်း ဒီ Issue ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်နေတာဟာ နောင်လာမယ့် မျိုးပေါင်းများစွာအတွက် ဆိုတာ သိစေလိုပါတယ်။

နောက်တစ်ခုက ဘယ်နိုင်ငံမှာ ဒီလူတွေ တွေ့ပြန်ပြီ၊ မြန်မာနိုင်ငံက ဆိုတိုင်း အစိုးရအနေနဲ့ လက်ခံလို့ မရပါဘူး။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံတကာနဲ့ တံခါးဖွင့်လိုက်တဲ့အချိန်မှာ ဒီဖိအားက မြန်မာနိုင်ငံကို ရောက်လာပါ တယ်။ ရောက်လာအောင်လည်း ရည်ရွယ်ချက် ရှိရှိ လုပ်နေကြတဲ့ အင်အားစုတွေ ရှိနေပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာ တွေ့ရတဲ့ ဘင်္ဂလီတိုင်းက မြန်မာက လာတာ ဆိုပြီး ပြောလေ့ပြောထ ရှိပါတယ်။ ဒါမှ ကရုဏာ သက်မှုတွေ ရရှိပြီး ကူညီထောက်ပံ့မှုတွေ အလွယ်တကူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် UNHCR ကဒ်ပြား ကိုင်ထားပြီး အဲဒီကဒ်မှာ မြန်မာ ဆိုတာ ပါသည့်တိုင် မြန်မာ က လာတာ ဟုတ်-မဟုတ် မသေချာပါဘူး။

နိုင်ငံတကာ သတင်းမီဒီယာတွေက မြန်မာ လို့ ဆိုတိုင်းလည်း မြန်မာနိုင်ငံအစိုးရအနေနဲ့ လက်ခံလို့ မရပါဘူး။ သက်ဆိုင်ရာ သံရုံးတာဝန်ရှိသူတွေ သေသေချာချာ စိစစ်ပြီးမှ ဒါတော့ ဟုတ်တယ်၊ ဒါတွေက မဟုတ်ဘူး ဒီလိုမျိုး ဆောင်ရွက်ရတာမျိုး ဖြစ်ပါတယ်။ ဘင်္ဂလီ ဆိုတာနဲ့ မြန်မာနိုင်ငံကို လှည့်ကြည့်ကြပါတယ်။ တစ်ကယ့်ဇစ်မြစ်နိုင်ငံက လွတ်မြောက်နိုင်ငံ ဖြစ်လာနေပါတယ်။ ဒါတွေဟာ အဆက်အစပ် ရှိပါတယ်။

ကမ္ဘာကို ကြည့်ပါ။ စစ်ပွဲတွေကို ကြည့်ပါ။ ပဋိပက္ခတွေကို ကြည့်ပါ။ ပြီးရင် ကိုယ့်မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားကို နှိုင်းယှဉ်ကြည့်ပါ။ နောင်လာမယ့် နှစ်ပေါင်း ငါးဆယ်၊ နှစ်ပေါင်းတစ်ရာကို မျှော်တွေးကြည့်ပါ။

တိုတိုပြောရရင် သတင်းဦး၊ သတင်းထူးဖို့ အရေးကြီးတာ မှန်ပါတယ်။ လူသားချင်းစာနာထောက်ထားမှု ထားရှိဖို့ လိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ အမျိုးသားရေးနဲ့ တွဲယှဉ်တဲ့ သတင်းထူး၊ စာနာထောက်ထားမှု သတိကြီးကြီးနဲ့ ထားရှိဖို့လိုအပ်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Hmuu Zaw







ပန်ဆန်း နိုင်ငံရေးအမြတ်ထုတ်ပွဲနှင့် အသုံးချခံလိုက်ရသော တိုင်းရင်းသားခေါင်းဆောင်များ (အပိုင်း-၁)

$
0
0


မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်းအဝေးကြီး မနေ့က ပြီးဆုံးသွား ပါပြီ။ ပန်ဆန်းအစည်းအဝေးက နိုင်ငံတော်အတွက် ဘာတွေရလိုက်သလဲ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ဘာတွေရလိုက်သလဲ။ ပြည်သူတွေ ဘာရလိုက်သလဲ။ ခြုံငုံသုံးသပ်ကြည့်ရင် နိုင်ငံအတွက်၊ ပြည်သူ အတွက် ထူးထူးခြားခြားရလိုက်တာ တစ်ခုမှမရှိပါဘူး။ တိုင်းရင်းသားပြဿနာနဲ့ ငြိမ်းချမ်းရေးပြဿနာအတွက် ရလဒ်ကောင်းတွေလည်း မရရှိလိုက်ပါဘူး။ မူးယစ်ဆေးဝါးထုတ်လုပ်မှုကိစ္စ လျှော့ချရေးပြဿနာ မဆွေးနွေးခဲ့ရ ပါဘူး။ ဒါပေမယ့် “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အတွက် ပန်ဆန်းအစည်းအဝေးက အများကြီး အမြတ်ကျန်ခဲ့ပါတယ်။
-
ပြည်နယ်ခွဲထွက်ခွင့်ကို ထိပ်သီး တိုင်းရင်းသားခေါင်းဆောင်အားလုံးရှေ့မှာ တောင်းဆိုနိုင်ခဲ့ပါတယ်။ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) ဘက်က အဖွဲ့ဝင်အဖြစ် ဝင်မထားတဲ့ NCCT အဖွဲ့ကို ပြိုကွဲအောင်လုပ်နိုင်ခဲ့တဲ့အပြင် လက်မှတ်ထိုးထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ခိုင်းခြင်းဖြင့် NCCT ခေါင်းဆောင်တွေကို အရှက်ရစေခဲ့ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကမ္ဘာမှာ ဒုတိယအများဆုံး ဘိန်းထုတ်လုပ်နေမှုနဲ့ နာမည်ပျက်နေခြင်းကို ဖုံးကွယ်နိုင်ခဲ့ပါတယ်။
-
ပြည်နယ်ခွဲထွက်ခွင့်ကို တိုင်းရင်းသားခေါင်းဆောင်များရှေ့မှောက် တောင်းဆိုနိုင်ခဲ့ခြင်း
-
မေလ ၁ ရက်မှ စတင်ကာ ၆ ရက်အထိ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင် ပေါက်ယူချန်းရဲ့ အိမ်တော်ကြီးမှာ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မိုင်းလားအဖွဲ့ အမျိုးသား ဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော်(NDAA)၊ ကိုးကန့်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်(MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင့်တပ်မတော်(AA)တို့မှ ထိပ်သီးခေါင်းဆောင်များကို ဖိတ်ခေါ်ကာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
-
အစည်းအဝေး စတင်တဲ့ မိန့်ခွန်းမှာပင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးရေး ထောက်ခံပေးဖို့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်သေနာပတိချုပ် ပေါက်ယူချန်းက ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ ပန်ဆန်းအစည်းအဝေးသို့ တက်ရောက်လာတဲ့ ခေါင်းဆောင် များကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ မြို့နယ်ကို ခရိုင်နှစ်ခုခွဲကာ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း ဟု ပြဌာန်းထားတာပါ။
-
ပြည်နယ်ခွဲထွက်ခွင့် တောင်းဆိုခြင်းကို “ဒါဟာ သမိုင်းကျန်ခဲ့တဲ့ အကြွေးပဲလေနော်။ သမိုင်းကြွေးတွေ ပြန်ရှင်းရမယ့် ကိစ္စပဲ။” လို့ “၀” ပြည် သွေးစည်းညီညွှတ်ရေးပါတီ၊ “၀” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSP/UWSA) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဆိုပါတယ်။
“၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များရဲ့ ပြည်နယ်ခွဲထွက်ခွင့် တောင်းဆိုခြင်းကိုအစိုးရ၊ အတိုက်အခံနဲ့ တိုင်းရင်းသားခေါင်းဆောင်များသာမက ပြည်သူလူထု တစ်ရပ်လုံးက လက်မခံကြောင်း သိရပါတယ်။ “၀” ပြည်နယ်ခွဲထွက်ခွင့် တောင်းဆိုတာနဲ့ ပတ်သက်ပြီး လက်မခံနိုင်ကြောင်းနဲ့ ၂၀၀၈ အခြေခံဥပဒေမှာလည်း ပြဌာန်းမထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အခုလိုပြောပါတယ်။
-
“ရှမ်းပြည်ကြီးကို ခွဲပေးရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ပြောရရင်တော့ဗျာ ဒါဟာ ၁၉၉၃ မှာ စတယ်။ ကျနော်တို့က အဲဒါကို သဘောမတူဘူး။ ၂၀၀၈ မှာလည်း သဘောမတူဘူး။ ကျနော်တို့ ထွက်ခဲ့တယ်။ နောက်ဆုံး ဒီဟာက ဒီလိုဖြစ်လာမယ်လို့ မြင်နေတယ်။ နောက်ဆုံး ဘယ်လိုဖြစ်လာမလဲ ဆိုလို့ရှိရင် ယူဂိုဆလားဗီးယားလို မဖြစ်သွားဖို့ အရေးကြီးတာပဲ။ အရင်အစိုးရတွေတုန်းကတောင် ပေးချင်တာ မဟုတ်ဘူး။ အခုအနေအထားတောင် ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီဗျာ။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း တစ်ခုပဲပြောချင်တယ်။ ခရိုင်းမီးယားလို့ မဖြစ်စေနဲ့ပေါ့ဗျာဒါပါပဲ။” လို့ ဆိုပါတယ်။
ဒါကြောင့် ပန်ဆန်းအစည်းအဝေး ကြေညာချက်ထဲမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဘက်က ထည့်သွင်းထားပါတယ်။
-
“ဒီအတိုင်းပဲပေးလိုက်ရင် ကျနော်အမြင်ကတော့ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲတော့မှာပဲ။ ဒီတစ်ခုဖြစ်တယ်ဆိုရင် နောက်တစ်ခု၊ နောက်တစ်ခုနဲ့ တိုင်းပြည်ပျက်စီးသွားမှာပေါ့။ ညီညွှတ်ခြင်းမရှိတဲ့ အတွက် ကွဲပြားသွားပြီးတော့ ပျက်စီးတဲ့ အဆင့်ကိုရောက်သွားလိမ့်မယ်။” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
-
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်မှန်းသိပေမယ့် ပန်ဆန်းအစည်းအဝေး ကာလအတွင်း ထိပ်သီးတိုင်းရင်းသား ခေါင်းဆောင်များရဲ့ ကန့်ကွက်ခြင်းကို မခံလိုက်ရတဲ့အတွက် “၀” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ဘက်က အများကြီး အမြတ်ထွက်ခဲ့ပါတယ်။ ဒီလို မကန့်ကွက် နိုင်အောင် လည်း “၀” ဘက်က အခုလို စီစဉ်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသား ညီလာခံလို့ ခေါင်းစဉ်တပ်ထားပေမယ့် “၀” ပြည်နယ်ရရှိရေး တောင်းဆိုတဲ့ အခမ်းအနားတစ်ခုကို NCCT ခေါင်းဆောင်တွေ ထမင်းစားကြွရောက်ရင်း ချီးမြှင့်တဲ့ပွဲ ဖြစ်သွားပါတယ်။
-
(ဒေါက်တာမျိုးချစ်)






နန့်ဖားရွှေမှော်တွင် စက်တစ်ဆိုင်း ၃ သိန်းနှုန်းဖြင့် KIA အဖွဲ့ ဆက်ကြေးကောက်

$
0
0


မေလ ၁၁ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ မံကင်းကျေးရွာအနီး နန့် ဖားရွှေမှော် တွင် မေလ ၉ ရက်နေ့၌ KIA အဖွဲ့မှ စက်ဆိုင်း များအား ဆက်ကြေးငွေ လာရောက်ကောက်ခံသွားကြောင်း ယင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာ၏ တောင်ဘက် ၈ မိုင်ခန့်အကွာ ကျောက်ချောင်းနှင့် နန့်ဖားချောင်းဆုံတစ်ဝိုက်တွင် နန့်ဖား ရွှေမှော် အဖြစ် သတ် မှတ်ပြီး ရွှေ တူးဖော်နေသော လုပ်ငန်းရှင်များထံမှ စက်ဆိုင်းတစ်ဆိုင်းလျှင် ဆက်ကြေးငွေ ၃ သိန်းကျပ် နှုန်းအား ဆက်ကြေးကောက်နေခြင်းဖြစ်ကြောင်း စက်ဆိုင်း လုပ်သားတစ်ဦးက ပြောသည်။

အဆိုပါရွှေမှော်တွင် တူးဖော်နေသော စက်ဆိုင်းပိုင်ရှင်များမှာ စီပွားဖြစ် မဟုတ်ဘဲ တစ်ပိုင်တစ်နိုင်တူးဖော်နေ ခြင်းဖြစ်ပြီး KIA အဖွဲ့မှ တောင်းသော ဆက်ကြေးငွေမှာ အဆမတန်များပြားသဖြင့် အရှုံးပေါ်နေကြောင်း လည်း သိရသည်။

“ KIA အဖွဲ့က ခဏခဏလာပြီး ဆက်ကြေးလာကောက် တာ၊ ရွှေတူးတဲ့ ပိုင်ရှင်တွေလည်း KIA ကိုဆက်ကြေး ပေး၊ အလုပ် သမားခ၊ စက်ဆိုင်းကုန် ကျစရိတ်နဲ့ ဘာမှ မကျန်ပါဘူး၊ KIA အတွက် ငွေရှာပေး သလိုဖြစ်နေ တာ ပေါ့´´ ဟု မံကင်းရွာသား တစ်ဦးက ပြောကြားသွားသည်။

ဆင်ဘိုမြို့သစ်တောဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက “ ချောင်းဆုံတွေမှာ စက်ဆိုင်းတွေနဲ့ ရွှေတူးတာတွေကြောင့် သဘာဝ ပတ်ဝန်းကျင် အရမ်းထိခိုက်တယ်၊ ရေစီးရေလာမကောင်းဘဲ ရေကြီးရေလျှံတာတွေ ဖြစ်နိုင်တယ်လေ၊ ဒါပေမယ့် KIA အဖွဲ့က ဆက်ကြေးရနေတော့ လာရောက် တားဆီးတဲ့ အစိုးရအဖွဲ့တွေနဲ့ အမြဲလိုလို ထိတွေ့ မှု တွေ ဖြစ်ကြတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း KIA အဖွဲ့၏ ဒေသခံပြည်သူများအပေါ် ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်း ခြင်းနှင့် ဒေသခံကျေးရွာများမှာ နင်းမိုင်းများထောင်သောကြောင့် ဒေသခံရွာသားများ စိတ်ပျက်ကြောက် ရွံ့မှုများ ဖြစ်ပေါ်နေကြောင်း နှင့် တရားမ၀င် သစ်မှောင်ခိုကူးမှုများနှင့် ပတ်သက် ၍ အစိုးရနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာ မှုကြောင့်ကျေး ရွာများမှ တစ်ဆင့် မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်လာသော လူဦးရေ ပိုမိုများပြားလာ သည်ဟု ဆင်ဘိုမြို့မှ ကျောင်းဆရာ တစ်ဦး က ပြောကြား သွားသည်။

စိုင်းထူး
Kachin Daily News









ပန်ဆန်း နိုင်ငံရေးအမြတ်ထုတ်ပွဲနှင့် အသုံးချခံလိုက်ရသော တိုင်းရင်းသား ခေါင်းဆောင်များ (အပိုင်း-၂)

$
0
0




မေလ ၁၁ ရက်၊ ၂၀၁၅

၂ နှစ်ကျော် ငြိမ်းချမ်းရေးစွမ်းစွမ်းတမံလုပ်ခဲ့တဲ့ NCCT ခေါင်းဆောင်တွေဟာ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)ရဲ့ ပန်ဆန်းအစည်းအဝေးကြောင့် ရှေ့တိုးမရ/နောက်ဆုတ်မရတဲ့ အခြေအနေကို ရောက်ရှိ
သွားပါ တယ်။

‘‘ကျွန်တော်တို့ ဒီအစည်းအဝေးခေါ်ယူရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိတိကျကျ တိတိလင်းလင်းနဲ့ ကျွန်တော်တို့ ကြေညာချင်တယ်။ ဖော်ဆောင်ချင် တယ်။ ဒီအတွက်ကြောင့် ဒီမှာ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးဆိုတာ ခေါ်ယူကျင်းပခြင်း ဖြစ်တယ်’’ လို့ “၀” ခေါင်းဆောင် ဦးပေါက်ယူချန်းက ၎င်း၏နေအိမ်တော်ဧည့်ခန်းမဆောင်မှာ မီဒီယာတွေကို ဖြေကြားခဲ့ပါ
သေးတယ်။ ဒါပေမယ့် ပေါက်ယူချန်း ခေါင်းဆောင်တဲ့ အစည်းအဝေးကြောင့် ငြိမ်းချမ်းရေးအတွက် အချိန်ယူတည်
ဆောက်ထားတဲ့ လက်ရှိအနေအထားတွေပါ ပျက်ခဲ့ရပါတယ်။

မတ်လ ၃၁ ရက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအသင်း NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အတည်ပြုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA မူကြမ်းကို လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိတာ ကြောင့် လက်ခံနိုင်ခြင်း မရှိဘူးလို့ “၀” ခေါင်းဆောင် ပေါက်ယူချန်းက အစည်း အဝေး မှာပြောခဲ့ပါတယ်။
ပန်ဆန်းအစည်းအဝေးဟာ ငြိမ်းချမ်းရေး အတွက် ဘာအထောက်အကူမှ မပြုတဲ့အပြင် NCCT အတွင်း မလိုလား အပ်တဲ့ သွေးကွဲမှုကိုသာ ဖန်တီးပေးလိုက်ခြင်းကြောင့် NCCT ဦးဆောင်ပဲ့ကိုင်သူများအတွက် နောက်တစ်မျိုး အရှက်ရစရာ ဖြစ်ရပြန်ပါတယ်။

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ဟာ NCCT အဖွဲ့ဝင်မဟုတ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ လိုင်ဇာ ထိပ်သီးညီလာခံ၊ လော်ခီးလာ ထိပ်သီးညီလာခံများကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ဖူးခြင်းမရှိဘဲ ယခင်ဆွေးနွေးသဘောတူ ထားတဲ့ ရလဒ်များကို ကန့်ကွက်ခြင်း ကြောင့် လက်မှတ်ထိုးထားတဲ့ NCCT ခေါင်းဆောင်တွေကို အရှက်ရစေခဲ့ ပါတယ်။

နောက်တစ်ခုက “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟုဆိုလျှင် မူးယစ်ဆေးဝါးနှင့် တွဲဖက်ပြီး တစ်ကမ္ဘာလုံးက ရှုမြင်ကြပါတယ်။ United Wa State Army (UWSA) ဟု အင်တာနက်တွင် ရှာဖွေပါက ဘိန်း၊ မူးယစ် ဆေးဝါး၊ ရာမ၊ Ice၊ ဘိန်းဖြူ ဒီဇာတ်ကြောင်းတွေမပါတဲ့ စာမျက်နှာ မတွေ့ရသလောက် ဖြစ်ပါတယ်။ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များကို ယနေ့အချိန်ထိ အမေရိကန် ရဲတပ်ဖွဲ့စာမျက်နှာမှာ အလိုရှိကြောင်း ဒေါ်လာငွေများစွာနဲ့ ကြေညာထားဆဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ နာမည်ပျက်နေတဲ့ “ဝ” ခေါင်းဆောင် တို့ဟာ ၎င်းတို့ရဲ့နာမည်ပျက်များကို ပန်ဆန်း အစည်းအဝေးကနေ ဖုံးကွယ်နိုင်ရန် ကြိုးစားဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့ ယူဆပုံရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များသာမက အစည်းအဝေးသို့ တက်ရောက်လာတဲ့ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင်များကို မေ ၅ ရက်က “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် မိုင်းမော မြို့နယ်ရှိ ဘိန်းအစားထိုးသီးနှံ စိုက်ခင်းများနဲ့ ဒေသဖွံ့ဖြိုးမှုများကို လိုက်လံပြသခဲ့ပါတယ်။ မိုင်းမောမြို့နယ် ခရီးစဉ်မှာ ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်သတင်းရယူနေတဲ့ မီဒီယာအဖွဲ့များလည်း ပါဝင်ခဲ့ရာ “၀” ခေါင်းဆောင် တွေအတွက် မျှော်လင့်ထားသလို ဖြစ်သွားပါတယ်။

ဘိန်းစိုက်တယ်လို့ နာမည်ဆိုးရှိခဲ့တဲ့ “၀” ဒေသထဲမှာ လက်ဖက်၊ ရော်ဘာ၊ သစ်မွှေး၊ ထင်ရှူးတွေ စိုက်ပျိုးနေ ကြောင်း၊ လက်ဖက်က ဧက ၃ ထောင်ကျော်ရှိပြီး မိုင်းမောမှာ အများဆုံး စိုက်ပျိုးကြောင်း၊ ရာဘာကတော့ ဧက ၂ သိန်း ၇ သောင်းရှိကြောင်း တရုတ်သံဝဲနေတဲ့ အမျိုးသမီးတစ်ဦးက လိုက်လံရှင်းလင်း ပြသခဲ့ပါတယ်။ ရာဘာတောတွေကြားထဲက WY ဆေးပြားစက်တွေအကြောင်းတော့ မပါဘူးပေါ့။ ဒါပေမယ့် ၆ ရက်တာ ဆွေးနွေးပွဲကျင်းပချိန်နဲ့ တွေ့ဆုံမေးမြန်း ပွဲပြုလုပ်နေစဉ် အချိန်များမှာ တော့ ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးခြင်းရှိ/မရှိ၊ လတ်တလော ထိုင်းနိုင်ငံတွင်ဖမ်းမိနေတဲ့ “၀” ဒေသထွက် ဆေးပြားများကိစ္စ၊ တန်ထောင်ချီမူးယစ်ဆေးဝါးများနဲ့ UWSA ခေါင်းဆောင်များ ပတ်သက်မှု ကိစ္စများကို ရှင်းလင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။

မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်းအဝေးကို KIO ၊ KNPP ၊ KNU ၊ PSLF ၊ PNLO ၊ NMSP ၊ MNDAA ၊ AA ၊ RCSS ၊ SSPP နဲ့ NDAA တို့မှ အသုံးချခံ ကိုယ်စားလှယ်ပေါင်း ၆၅ ဦး တက်ရောက် ခဲ့ကြပါတယ်။

ဒေါက်တာမျိုးချစ်










ဖုန်ကြားရှင် အဆုံးသတ် ဘယ်လိုလဲ ??

$
0
0


အခိုက်အတန့်အားဖြင့် သတင်းတိတ်ဆိတ်သွားသည့် ဖုန်ကြားရှင် ဦးဆောင်တဲ့ကိုးကန့်အဖွဲ့တပ်စွဲထား
သည့်တောင်ကုန်းဖြစ်သော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအားကို အစိုးရ စစ်တပ်က
သိမ်းပိုက်အောင်မြင်လိုက်တယ်လို့ စစ်တပ်ပိုင် မီဒီယာဖြစ်တဲ့ မြ၀တီ မှာ ထည့်သွင်းကြေငြာသွားပါတယ်။ထို
တိုက်ပွဲသတင်းတွေ မလာခင်ရက်ပိုင်းအတွင်းမှာပဲ အထူးဒေသ ၂ “၀”၊ အထူးဒေသ ၄ “မိုင်းလား” ဆိုင်ရာ
ခေါင်းဆောင်တွေကို သမ္မတကြီး ဦးသိန်းစိန်က ခေါ်ယူတွေ့ဆုံခဲ့တယ်တာတွေလည်းရှိပါတယ်။တွေ့ဆုံရတဲ့
အကြောင်းအရင်းကတော့ ကိုးကန့်အဖွဲ့ကို အကူညီပေးနေတာတွေ ရပ်ဖို့နဲ့ ဖုန်ကြားရှင်ကို လက်ခံထားရင်
ရှေ့ဆက်ဖြစ်လာမယ့် အကြောင်းတရားတွေ အတွက် တာဝန်မယူဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြင်းပြင်းထန်ထန် သတိ
ပေးမှုတွေ လုပ်ခဲ့တယ်လို့ မိုင်းလားအဖွဲ့နဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းက သိရပါတယ်။

မေ ၆ ရက်နေ့က ဖုန်ကြားရှင်ဟာ တရုတ်ဘက်ကို ၀င်ရောက်ဖို့ကြိုးစားရာမှာ တရုတ်အာဏာပိုင်တွေ
က ၀င်ရောက်ခွင့်မပေးပဲ ငြင်းဆန်မှုတွေ ပြုလုပ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ ဖုန်ကြားရှင်ဟာ ထွက်ပေါက်တစ်ခုကို
အသည်းအသန်ရှာဖို့ ဖြစ်လာနေပါတယ်။သမ္မတရဲ့ ခေါ်ယူတွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ မိုင်းလားအဖွဲ့က စိုင်း
လင်း(ဖုန်ကြားရှင်သားမက်)နဲ့ ဖုန်ကြားရှင် ကြားမှာလဲ အငြင်းပွားအခက်တွေ့မှုတွေဖြစ်ပြီး အချင်းချင်းစကား
များမှုတွေ ဖြစ်နေတယ်လို့ စိုင်းလင်းနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ကြားသိရပါတယ်။အဓိကကတော့ ဖုန်ကြား
ရှင် ကို စိုင်းလင်းက ထပ်မံလက်ခံထားရင် ဖြစ်လာမယ့် အကျိုးဆက်တွေဟာ အထူးဒေသ ၄ မိုင်းလား အဖွဲ့
ဆီကို ပါ ရိုက်ခတ်လာတော့မယ့် အနေအထားဖြစ်နေလို့ပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တရုတ်ပြည်မှာတက်လာတဲ့တရုတ်သမ္မတ စီးကျင်းဖျင်က အလုပ်လုပ်ရာမှာ
ပြတ်သားတယ်။တရုတ်လာဘ်စားမှုနှိမ်နင်းရေးစီမံကိန်းနဲ့ ဘိန်းဘုရင် တိုက်ဖျက်ရေးကို တိတိကျကျ အကောင်အထည်ဖော်နေတယ်။ တစ်ဆက်စပ်ထဲ ဆက်နွှယ်နေတဲ့ တရုတ်မာဖီးယားဂိုဏ်းတွေကို
လည်း မောင်းထုတ်နေတယ်။ ဒီနေရာမှာ ဘိန်းဘုရင်ဖုန်ကြားရှင်တို့ပါ ပါတ်သက်လာတယ်။ ဒီတော့ သူလဲ စီးကျင်းဖျင်နဲ့ တရုတ်ရဲတွေကိုကြောက်လို့ ပြေးဖို့ စီစဉ်လာရတယ်။ အထူးသဖြင့် အေးအေးချမ်းချမ်းနဲ့ မူးယစ်ဆေးဝါ ချက်လုပ်ပြီး စီးပွားရှာနိုင်မယ့် နေရာတစ်ခု အပူတပြင်းလိုအပ်လာတာပဲဖြစ်တယ်။ဒီတော့ မြန်မာ ၊ လာအို ၊ ထိုင်း ဘယ်နေရာကိုရွေးမလဲဆိုတဲ့ ရွေးချယ်မှုတွေကို ဖုန်ကြားရှင် ရွေးချယ်လာရပါတယ်။

ဒီတော့ နေရာဟောင်းဖြစ်တဲ့ မြန်မာမှာပြန်လည် ခြေကုပ်ယူပြီး မူးယစ်ဆေးဝါးတွေ ချက်လုပ်ဖို့အတွက် နယ်မြေလာလုရတာပဲဖြစ်တယ်။အခု မြန်မာမှာကလဲ ထင်သလောက် ခရီးမပေါက်ပဲ တပ်မတော်
ရဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်တွေကို ရင်ဆိုင်လာရတဲ့အခါမှာ ဖုန်ကြားရှင်ဟာ လာအိုဖက်ကို ခြေကုပ်
ယူဖို့အတွက် ပြန်လည်စဉ်းစားလာနေတယ်လို့ သိရတယ်။လာအို နဲ့ ထိုင်း ။ ဘာလို့ လာအိုကိုရွေးလဲ ဆိုတော့ ထိုင်းကို သွားလို့မရလို့။ထိုင်းကို သွားတာနဲ့ အဖမ်းခံရမယ်ဆိုတာ သိနေတာကြောင့်လာအိုဘက်ကိုရွေးချယ်ထား
တယ်လို့ သိရပါတယ်။

ဟုတ်ပြီ လာအိုဘက်သွားရင်ရော ဖုန်ကြားရှင် အတွက် ပြေးလို့ လွတ်နိုင်ပြီလား။ မဖြစ်နိုင်သေးပါဘူး။
အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ( Drug Enforcement Administration – DEA )ရဲ့ မူးယစ်ရာဇာ စာရင်းဝင်နေတဲ့ ဖုန်ကြားရှင်အတွက် လာအိုဟာ သေချာပေါက် ထွက်ပေါက်တစ်ခုဖြစ်တယ်
လို့ ပြောဆိုလို့မရပါဘူး။ထွက်ပေါက် မဖြစ်ပဲ သေလမ်းလဲ ဖြစ်နိုင်လို့ပါ။ဘာကြောင့်လဲဆိုတော့ တစ်ချိန်က
ပြည်သူစစ် လုပ်ငန်းအကြောင်းပြပြီး မူးယစ်ဆေးဝါးစိုက်ပျိုးရောင်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များ
များက အလိုရှိသည့် စိုင်းနော်ခမ်းကို လာအိုနိုင်ငံက ဖမ်းပြီး တရုတ်ကို အပ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
စိုင်းနော်ခမ်းဘယ်လို အဆုံးသတ်ခဲ့တယ်ဆိုတာအားလုံးလည်း သိပြီးဖြစ်ပါလိမ့်မယ်။



မင်းဇေယျာ







လူသူကင်းမဲ့တဲ့ မှော်မြို့တော် ခေါင်းစဉ်ဖြင့် 7day news မှ ရေးသားထားဆောင်းပါးကို ပြည်သူတစ်ဦးအမြင်နဲ့ ပြန်လည် ဝေဖန်ထားတာပါ .....

$
0
0



စဆောက်ခါက ထက်စာရင် ပြောင်းလဲသွားတာတွေတော့ ရှိတယ်...

၁.တောတွေ ခုတ်ပြီးတည်ခဲ့တဲ့ မြို့က အခု လမ်းဘေး သစ်ပင်တွေ ပြန်ဝေဆာပြီး တော်တော် လှနေပြီ။လမ်းတစ်လျှောက်ပန်းပေါင်းစုံပွင့်နေတာမြင်ရပြီ။

၂။ အိမ်ခြံမြေဈေး ရန်ကုန်မန္တလေးလောက် မမြင့်ဘူး။ နေစရာ မရှားဘူး။

၃။ နေပြည်တော်ကို ကိစ္စရှိလို့လာရသူတွေအတွက် နေစရာ မရှားဘူး။ အနိမ့်ဆုံကနေ အမြင့်ဆုံး အထိ တည်းစရာ ရှိတယ်။

၎။ စည်တဲ့ လမ်းကစည်ပါတယ်။ ခြောက်တဲ့လမ်းက ခြောက်ပါတယ်။ ကွန်ကရစ်ပေါ် ကတ္တရာခင်းထားတဲ့ ဖက်က ပိုသွားကြတယ်။ လွှတ်တော်လို ဘက်ကျတော့ လွတ်တော်ကလွဲ ပြီး ဘာမှ မ ရှိတော့ ကိစ္စ မရှိပဲ ဘယ်သွားမလဲ။

၅။ တောင်တွေ ပတ်လည်ဝိုငိးပြီး နေလို့ ရတာ ဥတ္တရသီရိရှိပါတယ်။ အေးအေးဆေးဆေးနေချင်သူတွေ အတွက် အဆင်ပြေတယိ။

၆။ ဘယ်သွားသွားပို့ပေးမယ့် ယာဉ်ပေါင်းစုံရှိတယ်။ ဆိုငိကယ်လည်း စီးလို့ရတယ်။
ဒါပေမယ့် ကိုယ်ပိုင် ကားတစ်စီးရှိရငိပိုကောင်းပါတယ်။

၇။ လူ မများဘူး ခြောက်ကပ်နေတဲ့ နေရာတွေ လည်း အများကြီးပါ။ဒါပေမယ့် .. အဆင့်မြင့်ပြီးတော့ အေးအေး
ဆေးဆေး နေလို့ ရတဲ့ နေရာ က နေပြည်တော်ပဲ ရှိတယ်။အလုပ် လုပ်နေဖို့ ကတော့မလွယ်ပါဘူး။လူဦးရေ များများစားစားမရှိဘူး။အပြစ်ပြောမယ့်အစား ရန်ကုန်ကို ဘယ်နေရာ ဘယ်လို ချဲ့ ရင ဘယ်လို အဆင့်မှီမလဲ လေးဖြည့်တွေးပေးပါ။

ခင်ဗျားတို့ ထစ်ခနဲ ရှိ နေပြည်တော်ကြီး မိးလောင်ပါစေ....ရေကြီးပါစေ....ငလျင်လှုပိပါစေ....ဗုံးကြဲ ပါစေ....
ဂြိုလ်တု ပျက်ကျပါစေ ဆုတောင်းနေ....

ခင်ဗျားတို့ရန်ကုန် မန္တလေးက လာ အလုပ်လုပ်နေသူတွေလည်း အများကြီးပဲရွှေ့ပြောင်းလုပ်သားတွေလည်းအများကြီးပဲသာမာန်ပြည်သူတွေ လည်း အများကြီးပဲ။
အကုသိုလ်ထိုင်ပွားမနေ နဲ့ဗျာ.....။

ဒီမှာလည်းမီးပျက်တာပဲ.....
နေပြညိတော်မီးမပျက်ဘူးဆိုတာ အလကားပြောတာ။လမ်းမီးတွေ မထွန်းထားလို့ အမှောင်ချထားရမှာလား
လမ်းဘေးမှာလူနေအိမ်ဆိုင်တွေ မရှိပါဘူးဆိုလမ်းမီးမရှိတော့ဘာနဲ့မောင်းမလဲလက်ရှိ မီးရောင်တောင်တကယ်ဆို မလောက်ငှပါဘူး။

နေပြည်တော် ကို ကျွန်တော်တို့ လိုအရွယ်ကတော့ ကြာကြာမနေချင်ဘူးဒါပေမယ့် အသက်ကြီးပြီဖြစ်တဲ့ ကျွန်တော်တို့ အဖေ အမေ တွေ အတွက် ကောင်းတယ်ဘယ်နားသွားသွား အဆငိပြေတယ်၊ ဒါကို ပြောပြတာပါ။

ရန်ကုန် မှာ TRAFFIC ဒဏ်ခံရတဲ့သူတွေ နေပြည်တော်မှာ သွားရလာရအဆင်ပြေတယ်လို့ပြောကြပါတယ်။
၂၀၀၅ ခုနှစ်က ရွှေ့ခဲ့တာအခုဆို ၁၀နှစ်ရှိပြီ။တစ်သွေးတစ်သံ တစ်မိန့်နဲ့ လုပ်ခဲ့တာ ဘယ်သူက တားလို့ ရလို့လဲ။
ကျွန်တော်တို့ ဆို အဲဒီအရွယ်က ကလေး ရှိသေးတယ်။

ရန်ကုန်မှာ မဆောက်ခဲ့တာကို နှမြောပါ့။ဒါပေမယ့် နေပြည်တော်မှာ လုပ်ခဲ့ တဲ့ နိုင်ငံတကာ ပွဲတွေ ကို လည်းထည့်စဉ်းစားပါ။

တိုးလာမယ့် လူဥိးရေ....ကားစင်းရေ.......တွေနဲ့ ရန်ကုန်က လက်တလောမှာ နိုင်ငံတကာ ပွဲတောာ လက်ခံလို့ ဖြစ်လားစဉ်းစားပါ။

ယခင်က ရန်ကုန်ကိုပဲ မြှင့်မယ်ဆိုပြီးလုပ်ခဲ့ရင်......အခုနေ စည်းကမ်းလည်းကျချင်မှ ကျမယ်သပ်ရပ် ချင်မှ သပ်ရပ်မယ်။အနည်းဆုံး လူကြိးကားသွားတိုင်း လမ်းပေါ်က ကားတွေ ဖယ်ပေးရမယ်။အခု ရန်ကုန် ကို လည်း အဆင့်မြှင့်ဖို့ လုပ်နေပြိကြားတယ်။ပညာရှင်တွေ ဝေဖန်ခွင့်ပြောခွင့်ရတယ်။ ပြောကြပါစေ။

အားနည်းချက်တွေေ ထာက်ပြမှ ရန်ကုန်မြို့ က ရှေးဟောင်းလက်ရာတွေကော ခေတ်သစ် ဖွဲ့စည်းမှုတွေနဲ့ပါ သပ်ရပ် တဲ့ မြို့ ဖြစ်မှာ။
နေပြည်တော်ကို အခြားဘာအတွေးတွေ နဲ့ ဆောက်လဲတော့
စာဖတ်နေတဲ့ သူကြီးဆီကို ကိုယ်တိုင် သွားမေးပါတော့။

ကျွန်တော်က ခင်ဗျားတို့ ပြောသလို မဖို့ နေနေသာသာ အစိုးရအလုပ်တောင်မဝင်ချင်လို့ ဘေး ထွက် ထိုင်နေတာ။ smile emoticon
အဲဒါမှ မကျေနပ်ဘဲ.........
ဆဲချင်လည်းဆက်ဆဲတော့။

by-Nyein Chan Ko Ko
______________________
ပုံတွေကတော့ မှော်မြို့တော်လို့ အမည်တွင်လောက်အောင် လှပနေတဲ့ နေပြည်တော်ရဲ့ ပုံရိပ်တွေပါ







KIA အဖွဲ့မှ ဒုတပ်ကြပ် အဆင့်ရှိသူတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

$
0
0


မေလ ၁၂ ရက်၂၀၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရတနာဆင်သီရိကုမ္ပဏီ စွန့်ပစ်မြေစာပုံအနီးတွင် ရေမဆေး ကျောက် ရှာဖွေနေသော KIA အဖွဲ့ဝင်တစ်ဦးသည် အစိုးရတပ်စခန်းတစ်ခုသို့ လက်နက်မဲ့အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းတပ်စခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မေလ ၁၀ ရက်နေ့၊ နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် ပိန်းခွန်ယန် KIA စခန်းမှ မောင်ယိမ်ယော် အသက် ၂၂ နှစ်၊ အောင်ကပြေရပ်ကွက်၊ မိုးညှင်းမြို့နယ်နေသူသည် ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းတွင် KIA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းခြင်း ခံခဲ့ရပြီးနောက် ၂၀၁၅ခုနှစ်၊ မတ်လတွင် အိမ်ပြန်ရန်ခွင့်ပေးခဲ့သဖြင့် ပြန် လာပြီး KIA စခန်းသို့ ပြန်မသွားချင်သောကြောင့် အစိုးရတပ်စခန်းသို့ အလင်းဝင်ရောက်ခြင်း ဖြစ်ကြောင်း အလင်းဝင်ရောက်ခဲ့သူ မောင်ယိမ်ယော် မှ ပြောသည်။

“KIA စခန်းတွေမှာ နေရထိုင်ရတာ တော်တော်ဒုက္ခရောက်ပါတယ်၊ အစားအသောက်လည်း ဆင်းရဲပြီးတော့ ခိုင်းတာလည်း လူနဲ့မတူအောင်ကို အခိုင်းခံရတယ်၊ အဲဒါကြောင့် ခွင့်ပြန်လာပြီးတည်းက ပြန်မသွားတော့ပဲ ဖားကန့်ဘက်မှာ ရေမဆေးကျောက်ရှာပြီး စားဝတ်နေရေး ကို ဖြေရှင်းတော့ မယ်လို့ ဆုံးဖြတ်ပြီးတော့ အစိုးရ စစ်တပ်ဆီမှာ အလင်းဝင်ရောက်ခဲ့တာပါ”ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။

ယင်းသို့အလင်းဝင်ရောက်သူများအား KIA အဖွဲ့မှလိုက်လံဖမ်းဆီး လျက်ရှိကြောင်းနှင့် အလင်းဝင်ရောက် သွားသည်ဆိုပါက ၎င်းနေထိုင်ခဲ့သောရွာမှ လူစားပေးရမည်ဟုဆိုကာ လူငယ်များအား လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း များ ပြုလုပ်လျက် ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးမှလည်း ပြောသည်။

ထွန်းအောင်ကျော် (မိုးညှင်း)






ခရီးသွားမော်တော်ယာဉ်အား KIA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက် မှုကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

$
0
0




မေလ ၁၃ ရက်၂၀၁၅

ကချင်ပြည်နယ်၊မြစ်ကြီးနားမှ ဖားကန့်မြို့နယ်သို့ ခရီးသွားမော်တော် ယာဉ်များ ပြေးဆွဲလျက်ရှိရာ KIA အဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက် မှုကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ ထံမှ သတင်းရ ရှိသည်။


အဆိုပါဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဖားကန့်မှ မိုးကောင်းမြို့နယ်သို့ မောင်းနှင်
လာသော ဗင်ကားတစ်စီး ကပ်မှော်ဇွပ်ကျေးရွာသို့အရောက်တွင် KIA အဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက် မှု ကြောင့် ယာဉ်မောင်းအမျိုးသားနှင့် အတူ ခရီးသွားအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ကာမိုင်း
ပြည်သူ့ဆေးရုံမှတစ်ဆင့် မိုးကောင်းပြည်သူ့ ဆေးရုံသို့ပို့ဆောင်၍ အရေးပေါ်ဆေးကုသမှု ခံယူလျက်ရှိကြောင်း လိုက်ပါပို့ဆောင်ပေးသော ဒေသခံတစ်ဦးထံမှ သိရှိရ သည်။

“ မိုင်းကွဲသံကြားလို့ ရွာကရွာသားတွေတော့ဒုက္ခပဲဆိုပြီး ထွက်ကြည့်တော့ လမ်းပေါ်မှာ ဗင်ကားတစ်စီး
ဖြစ်နေတယ်၊ ဆွဲမိုင်းဆွဲခံလိုက်ရတာ လို့ ပြောတယ်၊ ကားမောင်းသမားနဲ့ ခရီးသွားအမျိုးသမီးတစ်ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွား တယ်၊ ဒါတမင်သက်သက်မိုက်ရိုင်းတာဗျ၊ ရွာအနီးအနားမှာ
ဆိုတော့ တော်သေးတာပေါ့ ဗျာ၊ ရွာသားတွေအကူအညီနဲ့ ကာမိုင်းပြည်သူ့ဆေးရုံကိုလိုက်ပို့လိုက်ကြတယ် ” ဟု ကပ်မှော်ဇွပ်ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“ ဒီဒေသမှာ KIA က ရွာတွေမှာတင်မကဘဲ လမ်းပေါ်တွေမှာပါ မိုင်းထော င်လာတော့ ကျွန်တော်တို့ဘယ်နား သွားနေကြမလဲဗျာ၊ ခဏခဏဆိုသလို ဘယ်နားမှာရွာသားတွေ မိုင်းနင်းမိတယ်၊ ခရီးသွားကားတွေ ဆွဲမိုင်းဆွဲခံ ရတယ်၊ အဲ့လိုနေရာတိုင်းမှာဖြစ်လာတော့ ဒေသခံတွေ ဘယ်မှမသွားရဲမ လာရဲတွေ ဖြစ်ကုန်ကြပြီ ” ဟု ယင်း ရွာသားမှ ဆက်လက် ပြောပြသည်။

KIA အဖွဲ့သည် ဒေသခံပြည်သူများအပေါ် အမြဲလိုလို ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် မိုင်းထောင်ခြင်း တို့ကြောင့် လူ့အခွင့်အရေးချိုးဖောက် မှုတွေဖြစ်ပေါ်နေခြင်း ကို ပြည်သူများမကျေ
မနပ်ဖြစ်နေ ကြောင်းနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုသည့်အခါ ယင်းအချက်အလက်များကို ခိုင်မာပြည့်စုံအောင် ဆွေးနွေး သွားသင့်သည်ဟု မိုးကောင်းမြို့နယ် ကျောင်းဆရာ တစ်ဦးမှ ပြောကြား သွားသည်။

ဇော်ဦး









ဘာသာပေါင်းစုံ ချစ်ကြည်ရေး တဲ့လား ??

$
0
0


ဘာသာပေါင်းစုံ ချစ်ကြည်ရေး ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ ခေါင်းစဉ်ကိုတော့ မပြောလိုဘူး ။ ခေါင်းစဉ် အဓိပ္ပာယ်က ကောင်းပါတယ် ။
.
ဒါပေမယ် အဲ့ဒီခေါင်းစဉ်အောက်မှာ ဘာတွေလုပ်နေသလဲ ဆိုတာတော့ အရေးကြီးတယ် ။ ခေါင်းစဉ်နဲ့ရော တကယ်ပဲ ကိုက်ညီရဲ့လား ။ သိပ်အရေးကြီးပါတယ် ။
.
အဲ့ဒီခေါင်းစဉ်အောက်မှာ အောက်ပိုင်းက ပုဆိုးဝတ် အပေါ်က သင်္ကန်းခြုံထားတဲ့ လူတစ်ယောက်ကို ရေသန့်ဗူး ကပ်ဟန်ပြု သရော်တော်တော် ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်တာ ဘာသာပေါင်းစုံချစ်ကြည်ရေးလား ။
.
ဘုန်းကြီးဟု ယူဆရသူ တစ်ဦးနဲ့ အအေးပုလင်းတွေမြှောက် Cheer လုပ်တာ ဘာသာပေါင်းစုံချစ်ကြည်ရေးလား ။
.
အဲ့ဒီရဟန်းလို့ ယူဆရသူတစ်ဦးနဲ့ ဘာသာခြား အမျိုးသားတို့ ပုခုံးဖက် ခန္ဓာကိုယ်ချင်း ထပ်ကပ်ပြီး ဓာတ်ပုံရိုက် ဖေ့ဘွတ်ပေါ်တင်တာ ဘာသာပေါင်းစုံ ချစ်ကြည်ဖို့အတွက်လား ။
.
အဲ့ဒီရဟန်းကို ရဟန်းအစစ်ဖြစ်နေတယ်ဆိုရင်တောင် အကြည်အညိုပျက်တာကလွဲလို့ ဘာချစ်ခင်မှုမှတော့
ဖြစ်မလာပေဘူး ။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားနဲ့တကိုင်းတည်းထား ကိုးကွယ်ရာ ရဟန်းကိုတောင် အကြည်အညိုပျက်ပြီ ဆိုမှဖြင့် အဲ့ဒီအပြုအမူတွေကို အတူတူပူးပေါင်းလုပ်ဆောင်နေသော ဘာသာခြား များအပေါ် ချစ်ခင်စိတ်ဝင်မလား ၊ သံသယစိတ် ဝင်မလား မူလတန်းကလေးတောင် တွေးကြည့်လို့ရပါတယ် ။
.
နောက်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆိုရာမှာ လက်ရှိ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေသော သူပုန်အဖွဲ့များနှင့် ဆက်ဆံစရာလိုပါသလား ။ တိုင်းပြည် ဥပဒေပြင်ပက သောင်းကျန်းသူ အဖွဲ့များဖြင့် ဆက်သွယ်တာတွေသည် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဖြစ်မလာသည့် အပြင် အိမ်နီးချင်းနိုင်ငံတစ်ခုက လူဦးရေ အကြီးအကျယ်
ပေါက်ကွဲပြီး ကျွန်တော်တို့နိုင်ငံထဲကို အလုံးအရင်းကျူးကျော်ဝင်ရောက်ရန် အချိန်ပြည့်ကြိုး
စားခြင်းကို ခံနေရသော ကျွန်တော်တို့ နိုင်ငံအတွက် အန္တရာယ် သတိပေး ခေါင်းလောင်းသံ ပဲဖြစ်သည် ။
.
သက်ဆိုင်ရာ အာဏာပိုင် လူကြီးမင်းများကိုလည်း မေးခွန်းထုတ်လိုပါသည် ။

ကျွန်တော်တို့နိုင်ငံမှာ သူပုန်သောင်းကျန်းသူ မြေအောက်လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် တရားဝင် ထိတွေ့ ဆက်ဆံခွင့်ကို ဥပဒေက ခွင့်ပြုထားပါသလား ။ ယင်း မြေအောက် အဖွဲ့အစည်းတွေရှိသည့်
နေရာကိုတကူးတကသွား ၊ ဘယ်လိဆက်နွယ်မှုတွေ ရှိမှန်းမသိတဲ့သူတွေကို လွှတ်တော်ထဲထိ လွတ်လွတ်
လပ်လပ် သွားလာလှုပ်ရှားခွင့် ၊ အတိုက်အခံပါတီတစ်ခု ခေါင်းဆောင် နှင့် ရင်းရင်းနှီးနှီးတွေ့ခွင့်
ပေးထားရလောက်အောင် ကျွန်တော်တို့ နိုင်ငံ လုံခြုံရေး ကျိုးပေါက်နေပြီလား ။ ဥပဒေနှင့် ညီသလား ။ တကယ်နားမလည်ပါ ။
.
ချုပ်ရရင်တော့ ပုံပါလူကြီးမင်းတို့ ဒီအတိုင်းဆက် လုပ်ချင်သပဆို လူကြီးမင်းတို့ လွတ်လပ်ခွင့်ပါပဲ ။ လုပ်ကြပါ ။ တားဆီးဖို့ လည်း မရှိပါ ။ သို့ပေမယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုသော ခေါင်းစဉ်ကိုဖြင့် မသုံးကြစေလို ပါ ။ လူကြီးမင်းတို့ လုပ်သမျှသည် ဘာသာပေါင်းစုံချစ်ကြည်ရေးကို မဖြစ်ပေါ်စေသည့်အပြင် ဘာသာပေါင်းစုံ သံသယ ကြီးထွားရေးကို အကြီးအကျယ်ဖြစ်ပေါ်စေပါတယ် ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေလည်း စောင့်ကြည့်သင့်သလို ငြိမ်းချမ်းစွာ အတူနေထိုင်လိုသော ၊ နိုင်ငံသားသစ္စာရှိသော အစ္စလာမ်ဘာသာဝင်များကလည်း
စောင့်ကြည့်သင့်ပါတယ် ။ ဖေ့ဘွတ်ပေါ်မှာတော့ ဒီဓာတ်ပုံတွေဟာ ပွဲဆူတုန်း ခဏပဲ ပြန့်နှံ့ကြ ၊ ပြောကြနဲ့ တစ်ပတ်လောက်ဆို ပြီးသွားကြမှာ ဖြစ်ပေမယ် ရင်ထဲထိရောက်လာသော သံသယ ၊ မယုံကြည်မှုတွေက တစ်သက်လုံး ပါသွားတော့မှာပါ ။



ဝေနွယ်လွင်





ဇော်သက်ထွေးနှင့် အင်တာဗျူး

$
0
0



Posted by AF in ဆောင်းပါးများ




၂ဝ၁၅ ရွှေးကောက်ပွဲမှာNLD ပါတီအနိုင်ရရှိဖို့ ရာခိုင်နှုန်းများ မယ်လို့ ယုံကြည်ပါသလား။

NLD ကအများစု ရနိုင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်တာ မဖြစ်တာက တော့ လက်ရှိဥပဒေအရကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရင်ဆုံး ပြည်ထောင်စုလွတ်တော်၊ အမျိုးသား လွတ်တော် တစ်ခုခုရဲ့နာယက ဒါမှမဟုတ် ဥက္ကဋ္ဌလောက်ပဲဖြစ်မယ်။ တကယ်လို့အနိုင်ရပြီး ဒီသက်တမ်း မှာ မပြင်နိုင် လို့ နောက်သက်တမ်း မှာပြင်နိုင်ဖို့တော့ အခွင့်အရေး ပိုများလာမယ်လို့ ယုံတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဖြစ်ရေးထက် အနိုင်ရခဲ့ ရင် NLD ပါတီက ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းသင့်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ပေမယ့် ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးကနေပြီးတော့ အနိုင်ရရှိတဲ့ သူတွေနဲ့များ ပေါင်းစည်းပြီးလုပ်နိုင် ရင်တော့ ငြိမ်းချမ်းရေးပြဿနာ ရယ်၊ တရုတ်နိုင်ငံကနိုင်ငံရေးဖိအား ကိုခုခံဖို့ရယ် ညွန့်ပေါင်းအနေနဲ့ ညီညီညွတ်ညွတ်လုပ်ရင်တော့ဖြစ်နိုင်တယ်။ အဲဒီလိုမဟုတ်ဘဲ NLD က အတိုက်အခံကနေ အာဏာ ရပြီးတော့ တချို့တိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း တပ်မတော် ပေါ်မှာလည်း သြဇာမညောင်း နောက်ပြီးတော့ ဆန့်ကျင်ဘက် ပါတီတွေ မစည်းရုံးနိုင်ရင်တော့ ခက်ခဲမယ်။ ခြိမ်းခြောက်မှုများစွာ နဲ့လည်းကြုံတွေ့ရနိုင်တယ်။ လက်တွဲ ပြီးလုပ်နိုင်ရင်တော့ များစွာသော ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။

NLD ပါတီအနေနဲ့ ဒီတပ်မတော် ဘက်မှာ သြဇာမညောင်းရင် ဘာ တွေဖြစ်လာမလဲ။

ပြည်သူတွေကိုရော၊ တပ်မ တော်ဘက်ကရော၊ NLD ဘက်က ရော ဒီလိုအတွေးတွေ မတွေးစေ ချင်ဘူး။ တပ်မတော်ဆိုတာ ဗိုလ်ချုပ် အောင်ဆန်း ထူထောင်ခဲ့တာပဲ။ အခု ဗိုလ်ချုပ်သမီးခေတ်ပဲ ရှိသေး တယ်၊ မြေးခေတ်တောင် မဟုတ် သေးဘူး။ ပြည်သူလူထုက ဗိုလ်ချုပ် သမီးကို ရွေးကောက်တင်မြှောက် ခဲ့ရင် နိုင်ငံရေးသမားဘက် ကလည်း တပ်မတော်ကို လေးစားမှုရှိရမယ်။ တပ်မတော်ဘက်ကလည်း ပြန်ပြီး တော့ လေးစားမှုရှိရမယ်။ အပြန် အလှန်လေးစားမှု ရှိစေချင်တယ်။ ချစ်သည်မုန်းသည် ပုဂ္ဂိုလ်စွဲလုပ်လို့မရဘူး။ တစ်ဦးပေါ်တစ်ဦး အပြန်အလှန်လေးစားမှုရှိဖို့ လေ့ကျင့် ပေးရမယ်။ ဒါမှတိုင်းပြည်တိုးတက် ရာ တိုးတက်ကြောင်းမှာအသုံးဝင် မယ်။ ထိုင်းကို အတုယူသင့်တယ်။

NLD မှာဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲ မျိုးဆက်သစ်ထဲက ဦး ဆောင်နိုင်မယ့်လူ ရှိမယ်လို့ ယုံ ကြည်လား။

ကျွန်တော် တစ်ယောက်တည်း အမြင်ပြောရရင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ကျော်ကြားမှုနဲ့ထက်မြက် မှုကြောင့်NLD ပါတီဆိုပြီးတော့ လူတွေအားလုံးက ထောက်ခံပြီး လုပ်နေတာပါ။NLD ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျော် ပြီးတော့ လူငယ်မျိုးဆက်သစ်ထဲမှာ ထက်ထက်မြက်မြက်နဲ့ တိုင်းပြည် ကို ဦးဆောင်နိုင်ဖို့ ပြည်သူလူထု သိတဲ့လူတော့ အခုထက်ထိ မမြင် သေးပါဘူး။

ခေါက်ရိုးကျိုးနေတဲ့ ဒီအုပ်ချုပ်ရေး အောက်မှာ လာဘ်စားမှုတွေကို အသစ်တက်လာမယ့် အုပ်ချုပ်ရေး က ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ထင်လား။

ဒီကိစ္စကတော့ မျက်စိရှေ့မှာ မြင်နေရသလို မီဒီယာတွေက တစ် ဆင့်ရေးသားနေတာပဲ။ ဂရု မစိုက်ဘူး။ မိရင်သာခံလိုက်မယ်။ အရှေ့တောင် အာရှမှာ လာဘ်စားတဲ့နို င်ငံတွေ အများကြီးပဲ။ ဒါက ခေါက်ရိုးကျိုး နေတော့ တိုင်းပြည်အတွက် ကုသ ရခက်တဲ့ ကင်ဆာရောဂါလို ဖြစ် နေတော့ တော်တော်ကို လုပြီး ကုသရမယ်။NLD ကပဲ နိုင်နိုင်၊ ကြံ့ခိုင်ရေးကပဲနိုင်နိုင် နိုင်လို့တော့ ဝမ်းမသာနဲ့။ တိုင်းပြည်ရဲ့ပြဿနာ တွေအများကြီး။ ဒါကို ဘယ်လို ဖြေရှင်းရမလဲကိုပဲ စိတ်ပူပြီး ခေါင်း ထဲထည့်ပါ။ ပျော်တာက ခဏလေး ပါ
ဖြေရှင်းရမယ့် ပြဿနာတွေက အကြာကြီးဆိုတာကိုတော့ သတိ ထားစေချင်တယ်။



Popular





လူငယ်နှင့် မျှော်လင့်စောင့်စားနေရသော မေ့မောဖွယ် ဇာတ်လမ်းတွဲ

$
0
0






” ဘုရင်မင်းတရားကြီးအာဏာကို အမတ်ကြီးက ထိန်းချုပ်လိုက်ပြီ ”
” ဒီကိစ္စကို မယ်မယ်လက် မခံနိုင်ဘူး”
ဒဏ္ဍာရီထဲက သူရဲကောင်းဇာတ်လမ်းတွဲမှာ ခမ်းနားကြီးကျယ်လှပါတယ်။ သရုပ်ဆောင်များလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

” ဒီမှာမယ်မယ်၊ ကျုပ်လက်ထဲကို နန်းတော်အာဏာ ပေလွှာပေးအပ်ပါ။ မင်းကြီးကို ချမ်းသာပေးပါမယ်”
” မပေးနိုင်ဘူး”
” နောက်တစ်ခါပြန်လာလို့ မအပ်ရင် မယ်မယ့် အသက်ပါ ချမ်းသာမပေးနိုင်ဘူး ”
” မိုက်ရိုင်းစော်ကားလိုက်တာ “

ရှေးဟောင်းရာဇဝင်ပေါ် မှီငြမ်းရိုက်ကူးထားသော ရာဇဝင်ဇာတ်လမ်းတွဲ။ အဲဒါမျိုး ကျွန်တော်တို့ နိုင်ငံမှာလည်း ရိုက်သင့်ပါတယ်။ ဗိသာနိုးနဲ့ ပန်ထွာဘုရင်မဇာတ်လမ်းတွဲ၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံခေတ် ဇာတ်လမ်းတွဲတွေ၊ လွတ်လပ်ရေးကြိုးပမ်းမှု (၁၈၈၆) က နေ (၁၉၄၈)အထိ ဇာတ်လမ်းတွဲတွေ၊ လွတ်လပ်ရေးရပြီးကတည်းက ဒီနေ့အထိဇာတ် လမ်းတွဲရှည်တွေ၊ သူများနိုင်ငံ တွေမှာတောင် ရိုက်ကူးနိုင်တာပဲ။ ကျွန်တော်တို့နိုင်ငံမှာလည်း ရိုက်သင့်တာပေါ့။

” အခုအမတ်ချုပ်ကြီးကို သူ့နယ်ပြန်ပို့တော့မယ်။ မင်းသားလေးအာဏာလွှဲယူလိုက်ပြီ ”
” နိုင်ငံတော် ကျေးကျွန်များအားလုံး လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပြီ။ အကျဉ်းသားအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ”
ဘုရင်အသစ် မင်းသားလေး ကြေညာချက်ထွက်လာတော့ တိုင်းပြည်မှ နိုင်ငံသားတွေအားလုံး လက်ခုပ်တီးကြပါတယ်။

” ဒဏ္ဍာရီထဲက သူရဲကောင်း “

ဝိညာဉ်နဲ့ တမလွန်ထဲက မိစ္ဆာဒိဋ္ဌိတွေအားလုံးပိတ်လှောင်ပြီး လူသားကမ္ဘာထဲ ဘယ်တော့ မှ ပြန်လာလို့ မရတော့ပါဘူး။ အသင်လူသား သင်၏ စိတ်ငြိမ်သက်ခြင်း၊ ငြိမ်း ချမ်းခြင်းနယ်ပယ်ကို ပို့လိုက်ပါ။ သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး အေးစက်လာသည်အထိ မှေးစက် အနားယူနေပါ။ လေထဲမှာ သင်၏ကိုယ်ခန္ဓာ ပျံဝဲလာနေ သလို ခံစား လာရရင် သင်၏အာရုံ ၂၂ကို သိရှိနေပါပြီ။ သင်ဟာ အဆုံးအစမဲ့ လူသား တွေလို မြင်နေရပါမယ်။ ဘောင်းဘီအတိုဆုံးနဲ့ ကောင်မလေးကျမ်းကို ဆက်ဖတ်နေတယ်။ အ သင်လူသား သင်ဟာ ကတိတည်သော အခါ၌လည်းကောင်း၊ သတိတရားများ ပိုမြင့် လာ၍ အသိတရားဟာ ပိုမို လင်းလက်လာပါမယ်။ သင်ဟာ ဤလောက တွင် နေနေ၊ တမလွန်ဘုံဘဝမှာ ရောက် ရောက် သင်ဟာချမ်းသာသုခ ကို အမြဲခံစားနေရပါမယ်။ သင် ၏ ကိုယ်ခန္ဓာသည် အိပ်ပျော် နေပေမယ့်လည်း သင်၏စိတ်ဟာ နိုးထနေပါမယ်။

ပုံပြင်လေးတစ်ခုလိုပေါ့။ ဟိုးရှေးရှေးတုန်းက ဘုရင်အို ကြီးတစ်ပါးနဲ့ သဘောင်္ပျက်ထဲ ကပ္ပတိန်အိုကြီးတစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီကပ္ပတိန်အို ကြီးက ဘုရင့်နန်းတော်ကို ဝင်သိမ်းလိုက်တယ်။ သူအောင် ပွဲခံနေတယ်။ ဒါပေမဲ့ မကြာခင် မှာ ၁၆ နှစ် သားသူရဲကောင်းလေးက ကပ္ပတိန်အိုနဲ့ သင်္ဘော သားအားလုံး ဖယ်ရှားသုတ်သင် လိုက်တယ်။ အဲဒါတွေအား လုံးဟာ ဒဏ္ဍာရီထဲမှာ ကျန်ခဲ့ တယ်။ သူရဲကောင်းလေး အကြောင်းကတော့ သမိုင်းဝင် နေဆဲ။ နောက်တော့ သူရဲ ကောင်းလေးကသူတော်ကောင်း။ အဲဒီကတစ်ဆင့်သူတော်စင်၊ လက်ရှိ လူဘဝမှာ အဲဒီသူရဲ ကောင်းလေးက နိဗ္ဗာန်ရောက် နေတယ်။ ကပ္ပတိန်အိုလည်း မရှိတော့ဘူး။ ရှုံးနိမ့်သွားတဲ့ ဘုရင်အိုလည်း မရှိတော့ဘူး။ သူရဲကောင်းလေးသတင်းသာ သင်းပျံ့နေဆဲ။ မယုံကြည်တဲ့ လူတွေ အကြိမ်များစွာ ထပ်ကြိုး စားနေပေမယ့်လည်း ဘယ် တော့မှမရှိတဲ့ ဘုရင်အို လည်း ပြန် မလာတော့ဘူး။ သေဆုံး သွားတဲ့ ကပ္ပတိန်အိုဝိညာဉ် လည်း မနိုးလာနိုင်တော့ဘူး။ အဲဒါဒဏ္ဍာရီထဲက နောက်ထပ် သူရဲကောင်းအသစ်ပေါ့။ တစ်ခါတလေ ကျတော့ နိုင်ငံ သားတွေစိတ်ထဲမှာ ရူး သွပ်မှုတွေရှိကြတာပါပဲ။ နှစ် သစ်ကူးမှာ လွတ်ငြိမ်းချမ်းသာ ခွင့်လာမလားလို့။ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံသား အားလုံး လူ လတ်တန်းစားတွေ ဖြစ်လာမလားလို့။

” မျှော်လင့်နေတုန်းပဲ”

ခိုင်ထူးရဲ့ သီချင်းလေးက နားထောင်လို့ ကောင်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ် တုန်းက ကာတွန်းစာအုပ်တစ် အုပ် ထွက်ဖူးတယ်။ အဲဒါက ဝတ္ထု (၃ဝ)ကို ကာတွန်းပြန် ဆွဲ ထားကာ၊ အဲဒီကာတွန်းကို စိန်ဂျွန်းကြီးမြင့်က ကာတွန်းဆွဲထားကာ အဲဒါကိုလည်း ရုပ် သံဇာတ်လမ်းတွဲအရှည်ရိုက်လို့ ရတာပါပဲလေ။ မြန်မာရာဇဝင် တစ်ခုပေါ့လေ။ ကျွန်တော့်စိတ် ကူးထဲမှာ ဇာတ်လမ်းဆင်ကြည့် တယ်။ ဗိုလ်ချုပ်အဘိုး ဗိုလ်မင်း ရောင်ခေတ်ကနေ ဗိုလ်ချုပ် ခေတ်၊ နောက်လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့ ခေတ်၊ အဲဒီဇာတ်လမ်းတွဲ။ ဒီနေ့ကာလနဲ့ ပိုကိုက်ညီမှာပါပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ နိုင်ငံခြားဒါရိုက်တာ၊ နိုင်ငံခြား မင်းသား။ နိုင်ငံခြားမင်းသမီး ကို ခေါ်ရိုက် ရင် ပိုအောင်မြင်နိုင် မှာ ပါပဲလေ။ ဒါဟာ မြန်မာ ရာဇဝင်အစစ်၊ ဒဏ္ဍာရီမဟုတ် ဘူး။ အားလုံး သူရဲကောင်း တွေပဲ။ ဒါမှမဟုတ်ရင် ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်၊ နောက် သူ့သမီး မခင်မာလာနဲ့ ရုပ်ရှင်မင်းသားကောလိပ်ဂျင် နေဝင်း၊ နောက် ဟေမာနေဝင်း တို့ခေတ်အထိ ဇာတ်လမ်းတွဲ ရှည်ရိုက်လို့ ရပါတယ်။ ၁၉၉ဝလောက်ကတော့ အိုးရှင်း ဂျပန် ဇာတ်လမ်းတွဲရှည်၊ အွန်စော ကိုရီးယားဇာတ်လမ်း တွဲ ရှည် ခေတ်စားခဲ့ပါတယ်။ ဒါပေ မဲ့ အားလုံးဆုံး ရှုံးဖျက် သိမ်းလိုက်တဲ့ဘုရင်အိုနဲ့ ကပ္ပတိန်အိုရဲ့ ဆုံးရှုံးမှုနဲ့ သေ ဆုံးမှုဟာ သူ့ရဲ့ကောင်လေး အတွက် ပိုကြည်နူးစရာပါပဲ။

ကျွန်တော့်ရဲ့ ကျောင်းသား သမိုင်းစာအုပ် (၁၉ဝ၃-၆၂) အမှုတွဲကို ခွန်ဆိုင်း (ခ) ကိုမျိုးထွန်း ထောင်ထဲမှာရေးခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ရှိပါတယ်။

” ရာဇဝင်မှာ ရှုံးရစ်ခဲ့ပြီ “

နောင်ကြဉ်စရာထုံး ဖြစ် ခဲ့ပြီ။ ဆင်ခြင်စရာသမိုင်းကို ဆောင်ခဲ့ပြီ။ အသင်လူသား သင်ဟာသင့်ကိုယ် သင်အထင်ကြီး ငါလုပ်ရင်ဖြစ်မယ်ဆို ပြီး မာနတက်နေရင် သင်တို့ အားလုံး မျိုးဆက်တွေ သုံ့ပန်းမလှ၊ ပုံပန်းမကျ ဖြစ်သွားပါမယ်။ အမေရိကန်ပြည်တွင်း စစ်ပွဲအရှည်ကြီး၊ကူဗလိုင်ခန်၊ ဂျင်ဂျစ်ခန်ခေတ်စစ်ပွဲ အရှည်ကြီး မွန်-ဗမာစစ်ပွဲ အ ရှည်တွေလည်း ရုပ်သံဇာတ်လမ်းတွဲရိုက်လို့ ရပါတယ်။ ကဲ လူငယ်ရေ ဒီနေ့ အိုင်တီ ခေတ်မှာလည်း ရုပ်သံဇာတ်လမ်းတွဲ အရှည်ရိုက်လို့ရပါတယ်။ အွန်လိုင်းပေါ် က ကောင်မလေးနဲ့ ကောင်လေး၊ အွန်လိုင်းပေါ်မှာ အပြန်အလှန် စာပို့ရင်းနဲ့ ၃နာရီကြာဇာတ် လမ်းတွဲ၊ နောက်အပြင်ချိန်း တွေ့ချစ်သူဖြစ်၊ နောက်စကား များ ကွဲ၊ နောက်ပြန်ချစ် ၊ နောက် ကောင်မလေးက အိမ် က သဘောတူတဲ့လူနဲ့လက် ထပ်၊ အဲဒီလူက ကားမှောက်သေ၊ နောက်ကောင်လေးနဲ့ ကောင်မလေးပြန်တွေ့။ ဇာတ် လမ်းတွဲက အိုးရှင်းလို မြေးအထိ ဆက်ရိုက်လို့ရပါတယ်။ စိုင်းထီးဆိုင်သီချင်းတစ်ပုဒ် ရှိတယ်။

” ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းဆုံးဖြစ်စေမယ် ”
စိုးပိုင်သီချင်းတစ်ပုဒ်ရှိခဲ့ တယ်။ “အနီးဆုံးလူ” ကဲလူငယ်ရေ တစ်ခါ တလေ လောကကြီးမှာ ရွေး ချယ် ခွင့်မရှိဘဲ လက်ခံရတဲ့ အရာတွေရှိခဲ့လျှင် အကောင်ဆုံး စဉ်း စားနိုင်ပါစေ။ အမှန်အကန်ဆုံး ဆုံးဖြတ်နိုင်ပါစေ။ အနီးကပ်ဆုံး အဖြေနဲ့ ကိုက်ညီပါစေ။

အောင်ထွန်း







World Cup ကိုသွားရောက်ယှဉ်ပြိုင်မယ့် မြန်မာ့ U -20 အသင်းသားများ

$
0
0




ဧရာဝတီ

နယူးဇီလန်မှာ ကျင်းပမယ့် FIFA U20 World Cup ပြိုင်ပွဲဝင်မယ့် မြန်မာအသင်းသားတွေ မနေ့ညနေ ၃နာရီခွဲက သြစတြေးလျနိုင်ငံကို ထွက်ခွာသွားပါပြီ၊ မြန်မာအသင်းဟာ သြစတြေးလျအသင်းနဲ့ ခြေစမ်းပြီးတာနဲ့ ပြိုင်ပွဲကျင်းပရာ နယူးဇီလန်ကိုသွားရောက်မယ်လို့ သိရပါတယ်။


ကွာလာလမ်ပူလေဆိပ်တွင် တွေ့ရသည့် မြန်မာ U - 20 ဘောလုံးသမားများ

ဓာတ်ပုံ- ဦးစိုးမိုး( မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)









ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဘာ့ကြောင့် ဖြစ်နေရသလဲ ?

$
0
0






ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အင်အား အလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တိုက်ပွဲ များ ဖြစ်ပွားရခြင်းဟာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ ကျူးကျော်ဝင်ရောက်မှုကို အစိုးရတပ်တွေက ကာကွယ် တားဆီးရင်း တိုက်ပွဲဖြစ်ရတာပါ။ တိုက်ပွဲတွေ ပြင်းထန်လာတော့မှ မနိုင်မှန်းသိတော့ အစိုးရတပ်တွေက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်ဆိုပြီး မီဒီယာတွေကနေတစ်ဆင့် အော်ခိုင်းတာ ဖြစ်ပါတယ်။ အဓိက တရားခံဟာ သောင်းကျန်းသူအဖွဲ့ဖြစ်ပြီး အစိုးရတပ်တွေဟာ ကာကွယ်တာပါ။ အဲဒီ နှစ်ဖွဲ့ကို တန်းတူ သတ်မှတ်ပြီး အပြစ်ပုံချလို့ မရဘူးလို့ ဆိုချင်ပါတယ်။

ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ခပ်ကျဲကျဲ ဖြစ်သွားပြန်တော့ ကချင်နဲ့ ရှမ်းမြောက်အချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့ပြန်ပါတယ်။ ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းမှာဆိုရင် မေလ ၆ ရက်နေ့ကနေ ယနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ မန်စီမြို့နယ်ထဲမှာ သစ်မှောင်ခိုဂိုဏ်းတွေကို အစိုးရတပ်တွေက လိုက်လံရှင်းလင်းဖမ်းဆီးတာကြောင့် KIA အဖွဲ့က မကျေနပ်လို့ စတင်ပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

“ တိုက်ပွဲဖြစ်ရင် ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာကို မီဒီယာတွေက မရေးကြဘူး၊ အစိုးရတပ်တွေက အင်အားသုံး ပြီး သူတို့နယ်မြေထဲဝင်လာတယ်၊ စစ်ရေးအရ ဖိအားပေးတယ်ဆိုပြီး ဓာတ်ပြားဟောင်းကြီးပဲ ဖွင့်ပြနေတယ်၊ အမှန်တကယ်ကတော့ အစိုးရတပ်တွေက အကြောင်းမဲ့သက်သက် ၀င်လာတာမဟုတ်ဘူး၊ သစ်မှောင်ခိုတွေ ဖမ်းဖို့သွားတာပါ။ KIA အဖွဲ့က သစ်မှောင်ခို ဖမ်းတဲ့ အစိုးရတပ်တွေကို ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲ တွေဖြစ်ရတာ၊ ဒါအမှန်တရားပဲလေ ” ဟု မန်စီမြို့ခံတစ်ဦးက ပြောပါတယ်။

မန်စီမြို့နယ်၊ စီခမ်းကြီးဒေသ၊ နမ့်လင်းပါကျေးရွာအနီးတွင် မေလ ၅ ရက်နှင့် ၆ ရက်နေ့တွင် သစ်ခိုးထုတ်နေ သော အဖွဲ့တစ်ဖွဲ့အား အစိုးရတပ်များက ဖမ်းဆီးရမိခဲ့ရာ KIA အဖွဲ့နှင့် ယနေ့တိုင် တိုက်ပွဲဖြစ်ပွားနေရ ကြောင်း သိရပါတယ်။ သို့သော် ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီး KIA အဖွဲ့မှ ပါဝင်ပတ်သက် ခြင်း မရှိဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူ ဦးလမိုင်ခွန်ဂျာက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောဆိုသွားတာ ရှိပါတယ်။

“ KIA က ဗြောင်လိမ်နေတာပါဗျာ၊ မတ်လကုန်ခါနီးတုန်းက မထက်၊ မဒယန်၊ မိုင်(၃၀)ဘက်မှာ ဖမ်းဆီးရမိတဲ့ သစ်ခိုးဂိုဏ်းအဖွဲ့ဆီမှာ KIA က ခွင့်ပြုထားတဲ့ လက်မှတ်တွေ၊ ငွေပေးချေထားတဲ့ ဖြတ်ပိုင်းတွေတောင် ပါသေးတယ်၊ သစ်ခိုးထုတ်နေတာ သူတို့အဖွဲ့နဲ့ မပတ်သက်ဘူးဆိုရင် ဘာဖြစ်လို့ သစ်ဖမ်းတဲ့ အစိုးရတပ်တွေကို ပစ်သလဲ၊ KIA ခေါင်းဆောင်တွေဟာ ဘယ်တော့မှ အမှန်ကို ၀န်မခံရဲဘူး ” ဟု မြို့နယ်သစ်တောဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးကလည်း ပြောပါတယ်။

ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုများကြောင့် အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေသလို ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့နယ်တွင်လည်း အစိုးရတပ်နဲ့ TNLA တို့ မေ ၁၀ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရပါတယ်။ သိန်းနီမြို့နယ်၊ နားတီးကျေးရွာနှင့် မြောက်ဇီကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားရခြင်း မှာ ခရီးသွားယာဉ်များ၊ ခရီးသွားပြည်သူများအား TNLA အဖွဲ့မှ ဆက်ကြေးကောက်ခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။

“ ကွတ်ခိုင် - နမ့်ဖက်ကာ - မူဆယ် လမ်းမကြီးပေါ်မှာ TNLA အဖွဲ့က ဆက်ကြေးကောက်တာ၊ ကားတွေကို တားပြီး ခရီးသည်တွေကို ဆင်းခိုင်းတယ်၊ ကားတစ်စီး ဘယ်လောက်ပေးဆိုပြီး တောင်းတယ်၊ မပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တော့ ပေးရတာပဲ၊ ငွေရမှ ကားတွေကို ပြန်လွှတ်တာ၊ ကျွန်တော်က ကိုယ်တွေ့ပါ” ဟု ဒေသခံယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ စသည့်မြို့နယ်များတွင် ဒေသခံပြည်သူများအား TNLA အဖွဲ့မှ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတောင် ဆက်ကြေး ကောက်ခံခြင်းတို့ကြောင့် အစိုးရတပ်များမှ နယ်မြေလုံခြုံရေးအတွက် လိုက်လံရှင်းလင်းရာ ယင်းအဖွဲ့မှ စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရှေ့တန်းတပ်မှ အရာရှိတစ်ဦးရဲ့ ပြောပြ ချက်အရ သိရပါတယ်။

“ ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်နေခြင်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ဆီးသလို ဖြစ်နေတယ် ဆိုပြီး NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသွားတယ်၊ နိုင်ဟံသာပြောသလို ဆွေးနွေးပွဲပျက်မှာစိုးလို့ အစိုးရ တပ်တွေက ရပ်လိုက်လျှင် ကြည့်လိုက်ပါ။ ကချင်ပြည်နယ်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းတွေမှာ သစ်တစ်ပင်မှ မရှိတော့တဲ့ တောင်ကတုံးတွေ ဖြစ်သွားပါလိမ့်မယ်။ ကမ္ဘာမြေကြီးကို ထိန်းသိမ်းချင်တဲ့၊ သဘာဝကြီးကို ချစ်လှ ပါတယ်ဆိုတဲ့သူများလည်း နိုင်ဟံသာကို ၀ိုင်းပြောပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

နိုင်လင်း
Today Myanmar

ဘာလဲဟဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး

$
0
0


ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆိုပြီး လုပ်နေကြတာတွေဟာ မူဝါဒအရ ရုပ်ပြလှအောင် လုပ်နေတာလို့ ပဲ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို အခန်းအနားကို တက်ရောက် သူတွေ မှာ တကယ်တန်း သူကကိုယ်စားပြု တက်ရောက်သော ဘာသာ အပေါ်မှာ သြဇာ ညောင်းသူမှ မပါလာတာ။ သြဇာညောင်းသူ ပါလာလျှင် ရော ဒီလူက ဂုဏ်သိက္ခာစောင့် ထိန်းပြီး သူ့အဖွဲ့အစည်းကို ထိန်းနိုင်ပါ့ မလား????

ချစ်ကြည်ရေးပွဲ မှာပြောထားသော စကား ပေးထားသော ကတိက၀တ် တွေကို စောင့်ထိန်းနိုင်သူ
ဖြစ်ပါရဲ့လား ပြန်ဆန်းစစ် ရပါမယ်။လုပ်သင့်တာကတော့ ဒီလို ရုပ်ပြ လုပ်နေမည့် အစား အပြန်အလှန် ထိန်းကြောင်းနိုင်သော စည်းမျဉ်း စည်းကမ်းများကို ပွင့် လင်းမြင်သာ ချမှတ်ပြီးလိုက်နာစေရေး လိုက်နာခြင်းရှိမရှိကိုလေ့လာစောင့်ကြည့်သော ကြားနေ သမာသမတ် ကျသော အဖွဲ့ အစည်းများ ထားရှိရေးကို သာ အလေးထားဆောင်ရွက်သင့် ပါတယ်။


ဒါကသာလက်တွေ့ကျတဲ့ ဖြေရှင်း နည်းဖြစ်ပါ လိမ့်မယ်။အနောက်တိုင်းမှာ လက်ဆွဲ နှုတ်ဆက်တဲ့ ဓလေ့ ပေါ်လာတာ သမိုင်း က ဒီလိုရှိတယ်လို့ ဆိုပါတယ်။ အရင်ခေတ်ကလူတွေက ခရီးသွားရင် လမ်းမှာ အန္တရယ် ကာကွယ်နိုင်အောင် တုတ်ဓါးလက်နက်တွေ ကိုင်ဆောင် သွားကြလာတယ် ။ ညအချိန်မှာမီးအိမ်ကိုပါ ကိုင်ထား ကြရတယ်။ ဒီတော့ ညအချိန် မီးအိမ်ကို တဖက်ကကိုင်ထားပြီး နှစ်ယောက်တွေ့ ကြချိန်တွေမှာ ကျန်လက်နှစ်ဘက် ကို ဆွဲကိုင် နှုတ်ဆက်ကြခြင်းဖြင့် မိမိလက်ထဲမှာ တဖက်လူကို အန္တရယ်ပြုရန် လက်နက်မပါကြောင်း(No arm in my hand) ဆိုတာကိုပြလေ့ရှိတယ်။

ဒီတော့ ဘာသာယုံကြည်ချက်မတူတဲ့ လူ့ အဖွဲ့အစည်း နှစ်ခု သို့မဟုတ် သုံးလေးခု အတူ ယှဉ်တွဲ နေထိုင်ဖို့ ဆိုတာ ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။ ယုံကြည်မှု တည်ဆောက်တယ် ဆိုတာလည်း ယုံပါခင်ဗျ လို့ လိုက်ပြောနေလို့ မရသလို စာချူပ်တွေ လက်မှတ် ထိုးပေးထားယုံနှင့် မပြီးပါဘူး ။ ယုံကြည် နိုင်လောက်သော သမိုင်းကြောင်းနှင့် လတ်တလော အပြုအမူတွေ ကို စောင့်ကြည့် နိုင်ဖို့ လိုပါတယ်။ စောင့်ကြည့် ဖို့ခွင့်ပြုနိုင် ရမယ်။
ဒီလို မလုပ်နိုင်ဘဲ လျှို့ဝှက်တာတွေ များနေတယ် ရန်လို သော အနိုင့်အထက်ပြုလိုသော အသာစီးရလိုသော လွှမ်းမိုးလိုသော သမိုင်းကြောင်း လတ်တလော အပြုအမူ အကြံ အစည် တွေ လုပ်နေရင် တော့ ရုပ်ပြလုပ်နေသော ချစ်ကြည်ရေးဆိုတာ တွေက အလကားဖြစ်သွား မှာပါ။ဒါမှ မဟုတ်ရင် တော့ ကောက်ကျစ်သော အကြံ အစည်တွေကို တဖက် အဖွဲ့ မရိပ်မအောင် ဖုံးကွယ်လိုသော အချိန်ဆွဲ လိုသော အကြံနှင့် လုပ်သော ဟန်ပြချစ်ကြည်ရေး ငြိမ်းချမ်းရေးသာဖြစ်မှာပါ။ ပွင့်လင်းရိုးသားမှု မရှိဘဲ ငြိမ်းချမ်းသော လူ့ပတ်ဝန်းကျင်ကို မတည်ဆောက် နိုင်ပါဘူး။

မြန်မာတွေ မ အ ကြပါနဲ့ ။

ကုလားတွေ လည်း လူလည် လုပ်လိုက် မယ် ဆိုတဲ့အကြံ ရှိရင် စွန့်လွှတ်လိုက်ပါ။မဟုတ်ရင် မြန်မာပြည် မှာ အနေ မချောင် နိုင်ဘူးဆိုတာ သတိပေး လိုက်မယ်။ မြန်မာလူမျိုးက အေးဆေးအေးဆေး နေတတ်လို့ မင်းတို့ ဒီလို ဗလီ တွေ မှိုလိုပေါက် ဆောက်ပြီး စီးပွားရေးတွေ ကြီးကြီးကျယ် ကျယ်လုပ်ပြီးလွတ်လွတ် လပ်လပ် နေ လို့ရနေတာပါ။

ဒီထက်ပိုပြီး လွှမ်မိုးချင်တဲ့ ပုံစံ ဖမ်းလာရင် အတိုင်း အတာကျော် လာရင် မြန်မာတွေ ငြိမ်ခံနေမယ် မထင်နဲ့ မြန်မာ ဇ ကို ကမ္ဘာက သိပါတယ်။

Wunna Phay Thaw'

၂၀၁၅ အလွန် ခေါင်းဆောင်မှု

$
0
0



ကျော်ဝင်း

ကျွန်လား၊ သခင်လား

မကြာသေးခင်က DVB-Debate အစီအစဉ်တွင် ပါဝင် ဆွေးနွေးပေးဖို့ ဖိတ်ကြားစာ တစ်စောင် ရောက်
လာသည်။ ခေါင်စဉ်က ယခုလို “ Who are the Leaders of Tomorrow ? ”၊ ၂၀၁၅ အလွန် မြန်မာနိုင်ငံ အတွက် ဘယ်လို ခေါင်းဆောင်မျိုးကို လိုအပ်လဲ” ဟုလည်း မြန်မာမှု ပြုထားသည်။ စာရေးသူ အတွက်တော့ ဦးနှောက်ကို လာဆွသော ခေါင်းစဉ်ပင်။ “ခေါင်းဆောင်မှု” နှင့် ပတ်သက်ပြီး ဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူးသည်များ အစီအရီ ပြန်ပေါ်လာသည်။

ပထမဆုံး ခေါင်းထဲ ရောက်လာသည်က စာရေးသူ နှစ်ခြိုက် စွဲလမ်းသော ရုရှား စာရေးဆရာကြီး လီယိုတော်စတွိုင်း စကား။ ခေါင်းဆောင် ဆိုတာ သမိုင်းရဲ့ကျေးကျွန်ဟု တော်စတွိုင်းက ခတ်ပြတ်ပြတ် ဆိုသည်။ ထိုစဉ်က ရုရှားတွင် ကွန်မြူနစ်ဝါဒ မရောက်သေး။ သို့မဟုတ် ရေပန်းမစားသေး။ ကွန်မြူနစ် အိုင်ဒီအိုလိုဂျီကမူ သမိုင်းကို လူက ဖန်တီးသည်ဟု အခိုင်အမာ ဆိုသည်။ လူထုသည်ပင် သမိုင်း၏ အရှင်သခင် သဘော။ စာရေးသူ ခိုက်သွားသည်။ သို့သော် ကြာခဲ့ပါပြီ။ ဆိုကြပါစို့။ ငယ်ငယ်က...။

ကွန်မြူနစ်တွေ ရုရှားမှာ အာဏာ ရလာတော့ သူတို့ “ခေါင်းဆောင်မှု သီအိုရီက တစ်မျိုး ဖြစ်လာသည်။ သို့မဟုတ် ပိုပြည့်စုံလာသည် ဆိုရမလား မသိ။ လူထုကို ပါတီက ကိုယ်စားပြုသည် ဖြစ်လာရာ ပါတီပေါလစ် ဗျူရိုသည်ပင် သမိုင်းဖန်တီးရှင် ဖြစ်လာသည်။ စတာလင်ခေတ် ရောက်သောအခါ ပေါလစ်ဗျူရိုကိုပင် သူ့အရိပ်က လွှမ်းသွားသည်။ လူထုမှာ သမိုင်းကို ဖန်တီးဖို့ နေနေသာသာ၊ ဘာဖြစ်လို့ ဖြစ်မှန်းတောင် သိခွင့်မရှိတော့။ သမိုင်း၏ အရှင်သခင်မှာ “ Strong Man” ဖြစ်သွားသည်။ စာရေးသူ မကြိုက်တော့ပါ။ တော်စတွိုင်းကြီးကိုမူ တစိမ့်စိမ့် ကြိုက်လာရာမှ အခုတော့ အပြတ် “ခိုက်” သွားပြီ။

သမိုင်း လိုအပ်ချက်

ခေါင်းဆောင်သည် သမိုင်း၏ ကျေးကျွန်ဟု ဆိုလျှင် ခေါင်းဆောင်မှု အနေနှင့် “သမိုင်း လိုအပ်ချက်” (Historical Necessity) ကို သိမှဖြစ်လိမ့်မည်။ သို့မှသာ “လိုအပ်ချက်” ကို ဖြည့်နိုင်ပါလိမ့်မည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေး သမိုင်းကို ကြည့်လိုက်လျှင် ယခုထက်တိုင် မဖြေရှင်းနိုင်သေးသော အခြေခံ ပဋိပက္ခကြီး နှစ်ရပ်ရှိသည်ဟု စာရေးသူက ယူဆသည်။

ပထမ ပဋိပက္ခမှာ ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးစုများနှင့် ဗမာတွေသာ အများစု လွှမ်းမိုးထားသော အစိုးရ အဆက်ဆက်ကြား ပဋိပက္ခဖြစ်သည်။ ဤပဋိပက္ခမှာ ပြည်တွင်းစစ် ဇစ်မြစ်နှစ်ခုထဲမှ ယခုထက်တိုင် ရှင်သန်နေဆဲ ဇစ်မြစ် ဖြစ်သည်။ ဤဇစ်မြစ်ကို မရှင်းနိုင်သ၍ ပြည်တွင်း စစ်ပြီးဖို့မလွယ်။ သို့အတွက် လူမျိုးစု ပြဿနာ ဖြေရှင်းရာမှာ နံပါတ်တစ် သမိုင်းလိုအပ်ချက် ဖြစ်သည်။

သို့နှင့်အမျှ အနာဂတ် ခေါင်းဆောင် ဖြစ်မည့်သူသည် ဆိုခဲ့ပါ ပဋိပက္ခကြီးကို အပြီးအပြတ် မဖြေရှင်းနိုင်လျှင်သော်မှ (အနိမ့်ဆုံးအားဖြင့်) ပိုမဆိုးအောင် ထိန်းထားနိုင်ဖို့ လိုပါလိမ့်မည်။

ဒုတိယ ပဋိပက္ခမှာ ပထမ ပဋိပက္ခ၏ အကျိုးဆက် ဖြစ်သည်။ စစ်ဘောင်ကျယ်လာရာမှ ဒီမိုကရေစီဘောင် ကျဉ်းကျုံ့လာ၊ နောက်ဆုံး လုံးဝ ပျောက်ကွယ် သွားရသည့် သမိုင်းနှင့် ဆက်စပ်နေသည်။ ဗမာ အပါအ၀င် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနှင့် ၁၉၆၂ နောက်ပိုင်းအစိုးရ အဆက်ဆက် ကြား ပဋိပက္ခ ဖြစ်သည်။ အဆိုပါ အစိုးရ အဆက်ဆက်မှာ တပ်မတော်နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ဆက်စပ်နေသည် ဖြစ်ရာ၊ “အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ပြဿနာ ဟုလည်း ဆိုနိုင်သည်။

မျက်မှောက်ခေတ် ဒီမိုကရေစီရေး၏ ဗဟိုအူတိုင် ဖြစ်သည်။ ဤပြဿနာ ဖြေရှင်းရေးမှာ သမိုင်း လိုအပ်ချက် ဖြစ်သလို၊ ဒီမိုကရေစီရေး၏ အာမခံချက်လည်း ဖြစ်သည်။ သို့အတွက် အနာဂတ် ခေါင်းဆောင်မှုသည် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်မည့်သူ၊ တစ်နည်းဆိုရလျှင် တပ်မတော်နှင့် Deal လုပ်နိုင်သူ ဖြစ်ဖို့လိုပါသည်။

ဆိုခဲ့ပါ အခြေခံ ပဋိပက္ခကြီး နှစ်ရပ်ကို ဖြေရှင်းရေး အတွက် မြန်မာ့နိုင်ငံရေး အင်အားစု အများစု ရွေးချယ် ခဲ့ကြသည်မှာ အပြင်းစား ရယ်ဒီကယ် လမ်းကြောင်း (လက်နက်ကိုင် တိုက်ပွဲ) ပင်ဖြစ်သည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပြီ ဖြစ်သည့်တိုင် ဘယ်သူမှ မနိုင်ပါ။ အားလုံး ရှုံးပါသည်။ အရှုံးဆုံးကား တိုင်းပြည် ကံကြမ္မာပင်။ ယခု အချိန်ရောက် မှတော့ “ပြည်တွင်းစစ် ဘယ်သူစ” အငြင်းပွား နေရုံမျှနှင့် အကျိုးများ အံ့မထင်။

ပြည်တွင်းစစ် အကျိုးဆက် ခါးသည်း နာကြည်းစရာတွေကို နောက်ကြဉ်ကြဖို့ပဲ အရေးကြီးမည် ထင်ပါသည်။ ယခုအခါ အပြင်းစား ရယ်ဒီကယ်မှာ လူကြိုက် မများလှတော့သော်လည်း အပျော့စား ရယ်ဒီကယ် (ထိပ်တိုက် ရင်ဆိုင်ရေး) ကို အာရုံကျသူတွေရှိ သလောက် ရှိနေသေးသည်။

သို့အတွက် ရယ်ဒီကယ် အန္တရာယ်ကို အလေးထား ရှောင်ရှား နိုင်ရေးသည်ပင် သမိုင်း၏ တတိယ လိုအပ်ချက်ဟု ဆိုချင်သည်။ အနာဂတ် ခေါင်းဆောင်မှုမှာ ကျန်လိုအပ်ချက်ကို သဘော မပေါက်လျှင် ရယ်ဒီကယ်မီးနှင့် ပူးတုံခွာတုံ မကြာခဏ ကစားမိပါလိမ့်မည်။

“နှုန်းစံ” ကိုကျော်၊ “တရား နည်းလမ်းကျမှု” ကိုရှာ

မြန်မာ့နိုင်ငံရေး သမိုင်းကို ပြန်သုံးသပ် ကြည့်လိုက်လျှင် “ နိုင်ငံရေးဓလေ့” (Political Culture) မှာပင် “နှုန်းစံ” (Norm) အစွဲအတော် ကြီးသည်ကို သတိပြုမိသည်။ သို့နှင့်အမျှ “ပကတိအရှိ” (Reality) ကို လုံလောက်စွာ အလေးမထားသည်မျိုးကို မကြာခဏ ဆိုသလို ကြုံခဲ့ရသည်။ အရေးကြီးသော “ကွေ့” တွေရောက်တိုင်း၊ တရားသေ ၀ါဒနွံထဲ ကျွံကျလေ့ ရှိသည်မှာ အဆိုပါ နှုန်းစံအစွဲနှင့် ဆက်စပ်ပါလိမ့်မည်။ အကျိုးဆက်ကား ဘယ်လိုမှ မကောင်းပါ။ တရားသေ၀ါဒ၏ ဒဏ်သင့်မှုများကို အလူးအလဲ ခံရသည်မှာ မနည်းမနော ရှိခဲ့သည်။

သို့အတွက် နှုန်းစံ အစွဲ၊ တစ်နည်း “နှုန်းစံ အခြေပြု ချဉ်းကပ်နည်း” (Normative Apporach) များကို ကျော်ကြည့်နိုင်ရေးမှာ စတုတ္ထသမိုင်း လိုအပ်ချက်ဟု သဘောရပါသည်။ လိုအပ်ချက်ကို နှလုံးသွင်းနိုင်မှသာ အနာဂတ် ခေါင်းဆောင်မှု အနေနှင့် လက်တွေ့ကျကျ ဆုံးဖြတ် လုပ်ကိုင်နိုင်ပါလိမ့်မည်။ အစွဲကင်းသော Pragmatic ဖြစ်ပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းကို သူတို့ ခေတ်ပြိုင် အားလုံးထက် ခေါင်းတစ်လုံး မြင့်စေသည်မှာ သူ၏ လက်တွေ့ကျကျ ဆုံးဖြတ် လုပ်နိုင်စွမ်းဟု စာရေးသူက ဆင်ခြင်မိသည်။

ဆိုခဲ့ပြီးသော သမိုင်း လိုအပ်ချက် လေးချက် အပြင် စာရေးသူ အနေနှင့် ပဉ္စမအချက်ကိုလည်း ထပ်ဖြည့် လိုပါသေးသည်။ အနာဂတ် ခေါင်းဆောင် ဖြစ်လာသူ အနေနှင့် လူထု၏ အညွတ်အနူး ထောက်ခံမှုကို ရစေချင်သည်။ ဖြစ်နိုင်လျှင် “လူထုမဲ” (Popular Vote) ဖြင့် တက်လာသူ ဖြစ်စေချင်သည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက် တင်မြှောက်ခံရသူ” (Elected Person ) မဟုတ်လျှင်ပင် သမ္မတ ဖြစ်ခွင့် ရှိပါသည်။ ဥပဒေကြောင်း အရ “တရားဝင်”(Legal) ဖြစ်သည်ဟု ဆိုနိုင်သည်။ စာရေးသူက “legal” လောက်နှင့် အားမရ။ “Legitimacy” ဖြစ်စေချင်သည်။ တရား နည်းလမ်း ကျစေချင်သည်။

အမှန်စင်စစ် “ဥပဒေနှင့် ညီခြင်း” (Legality) နှင့် “တရား နည်းလမ်းကျခြင်း” (Legitimacy) တို့မှာ မတူပါ။ “ဥပဒေနှင့် ညီမညီ ဆိုသည်မှာ “On the Paper” ကိစ္စဖြစ်သည်။ အငြင်းပွားနိုင်သည်။ တရား နည်းလမ်းကျ မကျ ဆိုသည်ကို လူထု ထင်မြင်ချက်ဖြင့် ဆုံးဖြတ်ရသည် ဖြစ်ရာ လှည့်စားလို့မရ၊ လိမ်လို့မရ။ “အသည်းကြားက မဲပြားများဖြင့် ဆုံးဖြတ် ရွေးချယ်ခွင့် ရစေလိုသည်။

ယနေ့ခေတ်ပြိုင် တိမ်းညွတ်မှုမှာ ဒီမိုကရေစီ ဖြစ်ရာ တရားနည်းလမ်းကျစွာ ဖြစ်တည်လာသော ခေါင်းဆောင်သည်ပင် ခေတ်ပြိုင်သမိုင်း လိုအပ်ချက်ဟု သဘောရပါသည်။ ဆိုခဲ့ပြီးသော သမိုင်း လိုအပ်ချက် ငါးရပ်ကို ဖြည့်ဆည်း ပေးနိုင်လောက်မည့် ခေါင်းဆောင်မျိုးကို စာရေးသူက မျှော်လင့်ထားသည်။

အသည်းနှလုံးနှင့် ဦးနှောက်

သို့နှင့်တိုင်၊ စာရေးသူ အဆိုပြုသော၊ လိုအပ်ချက် ငါးရပ်ကို ဖြည့်ဆည်းနိုင်မည့် ဂုဏ်အင်ငါးမျိုးကို၊ လူတစ်ယောက်တည်းတွင် တွေ့ဖို့ မလွယ်ဟု ဆွေးနွေးဖော်များကရော၊ ပရိသတ်ကပါ စောဒက တက်သည်။ သူတို့ စောဒနာမှာ မငြင်းသာ၍ နောက်တစ်မျိုး စဉ်းစားကြည့်မိသည်။

ဆိုခဲ့ပြီးသော လိုအပ်ချက် ငါးရပ်ကို စုစည်းပြီး ပေါ်လစီခင်းမည့် နိုင်ငံရေး ပါတီဆိုလျှင်ကော၊ ဘယ်လိုလဲ...။”” ပြောရလျှင် ဤကဲ့သို့သော ပါတီမျိုးကို စာရေးသူ ရှာဖွေနေခဲ့သည်မှာ ကြာတောင့် ကြာရှည် ရှိခဲ့ပါပြီ၊ မြို့မငြိမ်း၏ မန်ဒါလီ သီချင်းထဲမှ စာသား တစ်စလို ရှာပေဦးတော့၊ ထမင်းထုပ်ကြီးနဲ့၊ လူပါ မသိုးရုံတော့မှာ လိုက်ချင်သည်...တွေးမိတော့၊ ကိုယ့် ကိုယ်ကိုယ် သိုးနံ့ ထွက်နေပြီလား၊ နမ်းကြည့်ရသေးသည်။

နောက်တစ်မျိုး ဆိုလျှင်ကော၊ ပဉ္စမဂုဏ်အင် ရှိသည့် ခေါင်းဆောင် “Figure” အနေနှင့် ဦးဆောင်၊ ကျန်ဂုဏ် အင်လေးမျိုး၊ တစ်ခုစီ ရှိလောက်မည့် သူများက “Think tank” အဖြစ်ဝိုင်းရံ၊ အမေရိကမှာ ဆိုလျှင်တော့၊ ဒါမျိုးက အလုပ် ဖြစ်နိုင်သည်။

ဥပမာ-မစ္စတာ ရော်နယ်ရေဂင်ဆိုလျှင် စစ်ပြီးခေတ် အအောင်မြင်ဆုံး အမေရိကန် သမ္မတ။ သူ့အောင်မြင်မှု လျှို့ဝှက်ချက်မှာ လူတော်တွေကို စုစည်းနိုင်ခြင်းဟု ကြားဖူးသည်။ သူက လူတော်တွေကို အလေးထားသည်။ လူတော်တွေက သူ့ကို အားကိုးသည်။ အိုကေ မြန်မာ့နိုင်ငံရေးတွင်ကော ဒါမျိုးရှိဖူးလား၊ အမောတကော စဉ်းစားရသည်။ ရှားရှားပါးပါး “ခဏငယ် တစ်ခုတော့ သွားတွေ့သည်။ စစ်ပြီးခါစ နေသူရိန်ခေတ် အချို့ကလည်း ဆန်းနှင့်သန်း” ခေတ်ဟု ခေါ်ကြသည်။

“ဆန်း” က၊ အသည်းနှလုံး၊ “သန်း” က ဦးနှောက်၊ သူတို့ဟန်ချက် ညီညီ ဦးဆောင်နိုင်ခဲ့၍ ဖဆပလ အလံတော် အောက်တွင်၊ တစ်မျိုးသားလုံး စုစည်းမိသည်။ သို့တစေ၊ ကျန်ကာလ သိပ်မကြာ။ အသည်းနှလုံးနှင့် ဦးနှောက် အိုးစားကွဲရာမှ၊ ပြည်တွင်းစစ် သန္ဓေသား ကို မွေးဖွားပေး လိုက်သလို ဖြစ်ခဲ့ရသည်။

စာရေးသူမှာ၊ ကိုယ့်အတွေးနှင့်ကိုယ်၊ ချာချာလည်နေစဉ် မေးခွန်း တစ်ခုကြောင့် မူးနောက်သွားသည်။ ဒီကနေ့ ခေါင်းဆောင်တွေမှာရော၊ ဒီဂုဏ်အင် ငါးရပ် မရှိဘူးလား နောက်မေးခွန်း တစ်ခုက ပိုတဲ့တိုးကျသည်။ ဒေါ်.... မှာကော၊ ဒီငါးခု မရှိဘူးလား စာရေးသူမှာ မူးရုံမက၊ ရူးချင်လာသည်။

အခုလောလောဆယ်၊ ကျွန်တော့် ခေါင်းထဲမှာ သမ္မတကြီးလည်း မရှိဘူး၊ နာယကကြီးလည်း မရှိဘူး၊ ဗိုလ်ချုပ်မှူးကြီးလည်း မရှိဘူး၊ ပြောရရင် ဒေါ်.... လည်း မရှိပါဘူးဗျာ။ တိုင်းပြည်ရဲ့ အနာဂတ်ကိုပဲ စဉ်းစားပြီး ပြောတာပါ ဖြေလိုက်တော့ ပရိသတ်က ၀ိုင်းရယ်သည်။ စာရေးသူမှာ ငို၍၊ ရယ်၍မရသော မျက်နှာ”။

ဘေဘီဘွန်းမား

စင်စစ်မတော့ စာရေးသူ အနေနှင့် မလွှဲမရှောင်သာ ထုတ်ဖော် ပြောဆို လိုက်ရသော အဆိုပါ ခေါင်းဆောင် လေးဦးလုံးကို လေးစားရင်းစွဲ ရှိသည်သာ ဖြစ်ပါသည်။ သူတို့ တစ်ဦးချင်းစီတွင် စာရေးသူ စဉ်းစားထားသော ဂုဏ်အင် ငါးရပ်လုံး အပြည့်အ၀ ရှိကောင်းမှ ရှိနိုင်သည့်တိုင် လေးဦးပေါင်းလိုက်လျှင်တော့ အားလုံးပြည့်စုံသလောက် ရှိနိုင်ပါသည်။ သို့အတွက် စာရေးသူ၏ ဆန္ဒအမှန်မှာ ခေါင်းဆောင် လေးဦး ညီညီညွတ်ညွတ် စုပေါင်း အဖြေ ရှာစေလိုခြင်းသာ ဖြစ်ပါသည်။

သို့တိုင် ဤဆန္ဒမှာလည်း ငယ်ငယ် ကတည်းက စွဲနေသော စန္ဒရား ဦးချစ်ဆွေ၏ သီချင်းစာသားလို ဖြစ်နေမည်လား မသိ။ “နေနဲ့လ တံတားခင်းကာ လျှောက်စမ်းစေချင်တဲ့၊ အမိုက် ဆန္ဒမျိုးပါကွယ်...ဆိုသလိုမျိုး။ သူတို့၏ အသက်အရွယ် ကိုတော့ စိတ်ထဲက ထင့်နေတာ ရှိသည်။ သူတို့ အားလုံးမှာ အသက် (၆၀)နှင့် (၇၀)ကြား၊ စစ်ပြီးခါစ မွေးဖွားကြသူတွေ ဖြစ်သည်။ သူတို့ မျိုးဆက်ကို Baby Boomer ဟုခေါ်သည်။ “မွေးနှုန်း အတက်ကြမ်းချိန်တွင် မွေးဖွားသူများ” ဆိုပါတော့။

သူတို့ အသက်အရွယ် အရ ရှေ့လာမည့် ငါးနှစ် သက်တမ်း လောက်သာ စိတ်သွားတိုင်း ကိုယ်ပါနိုင်တော့မည် ထင်သည်။ ၂၀၂၀ ဟိုဘက် နောက်ငါးနှစ် အတွက် မသေချာ။ မြန်မာနိုင်ငံ၏ ပြဿနာများ (အထူးသဖြင့်) ရှေ့ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အခြေခံ ပဋိပက္ခကြီး နှစ်ခုမှာ ငါးနှစ်တာ ကာလလောက်နှင့် အပြီးအပြတ် ဖြေရှင်းနိုင်ဖို့ မလွယ်။ ခေါင်းဆောင်မှု လက်ဆင့်ကမ်း ရတော့မည့် အနေအထား ဖြစ်သည်။ ခက်နေသည်မှာ ယနေ့ အခင်းအကျင်းတွင် လူငယ်တွေ အတွက် အခွင့်အလမ်း နည်းပါးနေခြင်းပင်။

နောက်ထပ် စဉ်းစားကြရမည်မှာ ဆိုခဲ့ပါ “ဘေဘီဘွန်းမား မျိုးဆက်” များနှင့် ပတ်သက်သော ဝေဖန်ချက် ဖြစ်သည်။ ဝေဖန်ချက် ဆိုသော်လည်း “ပေါ်တင်ကြီး မဟုတ်။ “မစ်ခေးဂေါ်ဘာချော့ဖ်” လက်ထက် ဆိုဗီယက် ယူနီယံတွင် ခေတ်စားခဲ့ဖူးသော ဟာသ တစ်ကွက်သာ ဖြစ်သည်။ သူတို့ ဟာသက သာမန် အမေးအဖြေလေး တစ်ခုမျှသာ။ ယခုလို

မေး - မိချောင်းနဲ့ ပေါလစ်ဗျူရို ဘာကွာလဲ

ဖြေ - မိချောင်းက အရေခွံထူတယ်။ သွားအချောင်း (၄၀) ရှိတယ်။ ပေါလစ်ဗျူရိုမှာ ဒါတွေမရှိဘူး။

ထိုစဉ်က ဘေဘီဘွန်းမား ပေါ်လစ်ဗျူရိုတွေက အရေမထူ၊ ဝေဖန်တာ မကြိုက်၊ စိတ်ဆိုးလွယ်သည်။ ပြီးတော့ သွားမစုံ၊ အိုပြီ” စသဖြင့် နားလည် ရပါသည်။ ၀န်ခံရလျှင် စာရေးသူ ကိုယ်တိုင်လည်း ဘေဘီဘွန်းမား တစ်ယောက်ပင်။ သူတို့ ဝေဖန်ချက် မှန်လောက်မည် ထင်သည်။ မယုံမရှိနှင့် ကိုယ်တွေ့။

စာပြီးနေ့စွဲ

၂၆၊ ဧပြီ၊ ၂၀၁၅









Right to Recall Law ပြဌာန်းပေးပါ

$
0
0

ဒီမို က ရေစီ ရဲ့ အနှစ်သာရထဲမှာ ပွင့်လင်းမြင် သာမှု တာဝန် ယူမှု နဲ့ တာဝန် ခံမှု တွေ ပါရှိကြောင်း အများသိရှိကြပါပြီ ။

အခုချိန် မှာ တော့ ပြည်သူအများရဲ့ဆန္ဒတွေဟာ လွှတ်တော် မှာ ထင် ဟပ်လို့ ရ နေပြီ ဖြစ် သလို ပြည်သူ့အသံများဟာလည်း လွှတ်တော် မှာ လွင့်ပျံလျှက် ရှိနေပြီ ဖြစ်ပါတယ် ။ ပြည်သူများရဲ့ လိုလားချက်တွေကိုလည်း လွှတ်တော် က ဖော်ဆောင် ရွက် ရတဲ့ အ ခြေအ နေ ကို ရောက်ရှိလာပြီ လို့ ဆိုရမှာဖြစ်ပါတယ် ။

လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူတွေက ဆန္ဒမဲပေးပြီး ရွေးကောက် တင်မြှောက်ထားကြသူတွေ
ဖြစ်ကြပါတယ် ။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များဟာ မဲဆန္ဒရှင်ပြည်သူများရဲ့ မျှော်လင့်ချက် လိုလားချက် များကို ဖော်ဆောင်နိုင် မှု အားနည်းခြင်း ကိုယ်စားပြု မဲဆန္ဒနယ်မြေရဲ့ အကျိုးကို ထိရောက်စွာ ဖော်ဆောင်နိုင် မှု မရှိခြင်းနဲ့ ကိုယ်စားလှယ်ရဲ့ ကိုယ့်ကျင့်သိက္ခာပျက်ယွင်းခြင်းများ စတဲ့ အချက်များပေါ်ပေါက်လာခဲ့ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းနိုင် ခွင့် ဟာ ပြည်သူအများရဲ့ ဆန္ဒတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ် ။

သို့ပေမဲ့ ခုချိန်ထိ လွှတ်တော်ကြီးက လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင် ရာ ဥပ ဒေ ကို
ပြဋ္ဌာန်းခြင်းမရှိသေးတာကို သတိပြုမိပါတယ် ဒီ ဥပ ဒေကြမ်းကို တင် သွင်းထားတာ ကြာမြင့်ပြီဖြစ်ကြောင်းနဲ့
ဆွေးနွေးအတည်ပြုရန်လည်း အချိန်အခါသင့်နေပြီလို့ သုံးသပ်မိပါတယ် ။

လက် ရှိ လွှတ်တော် မှာ ထိုင် ခုံ အများစု ရထားတဲ့ ပါတီအ နေနဲ့ ဒီ Right to Recall Law ကို ဒီ လွှတ်တော် သက်တမ်းချိန်အတွင်း ရဲရဲ ဝံ့ဝံ့ အသက်သွင်း ပြဋ္ဌာန်းပေးနိုင် ခဲ့ရင် မကြာခင် ကျင်းပမဲ့ ရွေးကောက်ပွဲအတွက်
ပါတီရဲ့ တာဝန်ယူ တာဝန်ခံမှု ပွင့်လင်းမြင် သာမှု အပြင် ရိုးသားတည်ကြည် ရဲဝံ့မှုတို့ကိုပါ ပြည်သူအများ မြင်သာအောင် ပြသနိုင် ရာ ရောက်တာမို့ ကောင်းမွန် ထိရောက် တဲ့ လုပ်ဆောင် ချက်အဖြစ် မှတ်တမ်းတင် ရာလည်း ရောက် ပါတယ် ။

ဒီလိုလုပ်ဆောင်နိုင် ဖို့ရာ လွှတ်တော်ရဲ့ အကြီးအကဲမှာ အဓိက တာဝန် ရှိနေပြန် ပါတယ် ။

လွှတ်တော်အကြီးအကဲ အ နေနဲ့ လွှတ်တော်မှာ ထိုင် ခုံအများ ရရှိထားတဲ့ပါတီရဲ့ အကြီးအကဲဖြစ်တာနဲ့အညီ
ပါတီရဲ့ ပွင့်လင်းမြင် သာမှု တာဝန်ခံမှု တို့အ ပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု ရရှိနိုင်စေခြင်းအကျိုးအတွက်
Right to Recall Law ကို ဆွေးနွေးပြဋ္ဌာန်းပေးရန် အချိန် သင့်ပြီလို့ သုံးသပ်မိပါတယ် ။


မောင်ကောင်း
Viewing all 13897 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>