Quantcast
Channel: Oppositeyes
Viewing all 13897 articles
Browse latest View live
↧

ရွေးကောက်ပွဲတရားမျှတရေးအတွက် သတင်းမီဒီယာနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုမှုအား အပြည့်အဝလက်မခံနိုင်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)တုံ့ပြန်

$
0
0


စည်သူကျော်

ရန်ကုန်၊

လာမည့်ရွေးကောက်ပွဲ တ ရားမျှတမှု ရှိရေးအတွက် သတင်းမီ ဒီယာများ၏ ကူညီထောက်ပံ့မှုလို
အပ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ ပြောဆိုမှုအား အပြည့်အဝ လက် မခံနိုင်ကြောင်း မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် သ တင်းစာဆရာ ဦးသီဟစောက ပြော လိုက်သည်။

ဦးသီဟစောက ''ရွေးကောက် ပွဲ တရားမျှတဖို့အတွက်တော့ တာ ဝန်ရှိသူတွေ အများကြီးရှိပါတယ်။ မီဒီယာတွေရဲ့ ထောက်ပံ့မှုမရရင်ဘဲ ရွေးကောက်ပွဲက တရားမျှတမှု မရှိ တော့မယ့် သဘောတော့ မဟုတ်ပါ ဘူး''ဟု ပြောသည်။

သတင်းမီဒီယာသမားများကို ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သ တင်းများအား ရေးသားခွင့်ပိတ်ပင် ခြင်း၊ မီဒီယာတချို့မှ တစ်ဖက်သတ် ရေးသားခဲ့လျှင် ၂ဝ၁၅ ရွေးကောက် ပွဲသည် တရားမျှတမှု မရှိနိုင်တော့ ကြောင်း ယင်းက ရှင်းပြသည်။

မေ ၃ ရက်က ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အ ခမ်းအနားတွင် ''၂ဝ၁၅ ရွေးကောက် ပွဲအား လွတ်လပ်ပြီးတရား မျှတစွာ ရှိစေရန်အတွက် မီဒီယာလောက၏ အကူအညီများ လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ခြင်းဖြစ်သည်။

ဦးသီဟစောက ''ပြည်ထောင် စုနေ့စဉ်တို့၊ ဒီလှိုင်းတို့က သူတို့အ တွက် သူတို့ရေးနေကြတာဆိုတော့ ဒါကိုလဲ ဘက်လိုက်မှုလို့ ပြောလို့ရ ပါတယ်။ တခြားမီဒီယာတွေကတော့ ပါချင်မှ ပါမယ်ပေါ့''ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုရာတွင် သတင်း မီဒီယာများအနေဖြင့် ဘက်မလိုက် ဖို့၊ ပုဂ္ဂိုလ်စွဲမထားဖို့နှင့် ရွေးကောက် ပွဲတွင် လွတ်လပ်ပြီး တရားမျှတရေး အတွက် စာနယ်ဇင်းသမားများက ထောက်ပံ့ကူညီပေးကြရန် မေတ္တာ ရပ်ခံသွားခဲ့သည်။

မော်ကွန်းမဂ္ဂဇင်းမှ ဦးဇေယျာ လှိုင်က ''မီဒီယာတွေက ဘယ်လောက် ပဲ ရေးနေရေးနေ ရွေးကောက်ပွဲက တရားမျှချင်မှ မျှမှာ။ ခိုးတဲ့လူကလဲ ခိုးနေမှာပဲ။ မီဒီယာက အရှိကိုအရှိ အတိုင်း ရေးရမှာပဲ''ဟု ပြောသည်။

မြန်မာနိုင်ငံသည် သတင်းလွတ် လပ်ခွင့်အဆိုးဆုံး ၁ဝ နိုင်ငံထဲတွင် ပါဝင်နေသည်။

#TheYangonTimes






↧

မြန်မာသင်္ဘောသားများပါသည့် ကုန်တင်သင်္ဘောကို အီရန်အစိုးရ ပြန်လွှတ်ပေး

≪ Previous: ရွေးကောက်ပွဲတရားမျှတရေးအတွက် သတင်းမီဒီယာနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုမှုအား အပြည့်အဝလက်မခံနိုင်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)တုံ့ပြန်
$
0
0


မြန်မာသင်္ဘောသားများ လိုက်ပါလာပြီး ဟောလ်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်ရေတပ်၏ ကြားဖြတ် ဖမ်းဆီးမှုကို ခံခဲ့ရသော ကုန်တင်သင်္ဘောသည် ယခုအခါ ပြန်လည် လွတ်မြောက်လာပြီဟု သတင်းရရှိသည်။


အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာဇီဟ် အက်ဖ်ခမ်းက မာရှယ်ကျွန်းနိုင်ငံအလံ လွှင့်ထူထားသည့် Maersk Tigris သင်္ဘောသည် မေလ ၇ ရက်တွင် အီရန် ရေပိုင်နက်မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ISNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော်လည်း သင်္ဘော၏ ခရီးစဉ်များကို စီမံကွပ်ကဲသည့် Rickmers Shipmanagementက သင်္ဘောကို ပြန်လွှတ်ပေးကြောင်း အီရန်အစိုးရထံမှ တရားဝင် အကြောင်းကြားမှုမျိုး မရရှိသေးဟု ဆိုသည်။ အဆိုပါ သင်္ဘောကို ဧပြီ၂၈ ရက်တွင် အီရန် ကင်းလှည့်ရေယာဉ်များက ကြားဖြတ် ဟန့်တားခဲ့ပြီး မြန်မာသင်္ဘောသား (၁၃)ဦး အပါအဝင် ရေယာဉ်အမှုထမ်း (၂၄)ဦးကိုထိန်းသိမ်းထားခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ယာဗက်ဒ် ဇာရစ်ဖ်က သင်္ဘောကို ဖမ်းဆီးရခြင်းသည် တရားဥပဒေအရ ပိုင်ဆိုင်မှု အငြင်းပွားသည့် ကိစ္စများအတွက် အီရန်ကုမ္ပဏီ တစ်ခုက တိုင်ကြားထား၍ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ကြေညာခဲ့သည်။

သို့သော်လည်း ယင်းလုပ်ရပ်သည် ယီမင်ရှိ ၎င်းတို့၏ မဟာမိတ် ဟိုသီသူပုန်များထံ
စေလွှတ်လိုက်သည့် ထောက်ပံ့ရေး သင်္ဘောများကို အမေရိကန်က ကြားဖြတ် ဟန့်တားမှုအပေါ် အီရန်က လက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

အီရန်တရားရုံး တစ်ခုက သင်္ဘော၏ ကျောထောက်နောက်ခံ ဒိန်းမတ်ကုမ္ပဏီ Maerskကို အီရန် ကုမ္ပဏီ တစ်ခုထံသို့ နစ်နာကြေး ပေးရမည်ဟုလည်း အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပြဿနာရှင်း
လင်းပြီးပြတ်ခြင်း ရှိမရှိ မသိရသေးမီ သင်္ဘောကို အီရန်အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အီရန်ရေတပ်၏ ကြားဖြတ် ဖမ်းဆီးမှုသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး ရေလမ်းကြောင်း တစ်ခု၏ လုံခြုံရေး ကဏ္ဍကို တိုက်ရိုက်ခြိမ်းခြောက်သည့် သဘောမျိုး ဖြစ်လာသည်။ ယင်းဖြစ်ရပ် အပြီးတွင် အမေရိကန်က ရေတပ် ဖျက်သင်္ဘော USS Farragutကို ဟောလ်မုဇ် ရေလက်ကြားသို့ စေလွှတ်ပြီး လုံခြုံရေးအတွက်
စောင့်ကြည့်စေခဲ့သည်။

Maersk ကုမ္ပဏီက မိမိတို့၏ သင်္ဘောသည် နိုင်ငံတကာ ရေလမ်းကြောင်းအတိုင်း ခုတ်မောင်းနေစဉ် ဖမ်းဆီးခံရခြင်းဟု ပြောကြားထားပြီး အီရန်ကမူ သင်္ဘောသည် မိမိတို့ ရေပိုင်နက်ထဲတွင် ရှိနေစဉ် ကြားဖြတ် ဟန့်တားခဲ့ခြင်းဟု ကြေညာထားသည်။

-Ref: BBC






↧
↧

တူမီးသေနတ်ကိုင်ဆောင်သူများအား အရေးယူထား

$
0
0

***********************
နေပြည်တော်၊ မေ ၇

၂ဝ၁၅ ခုနှစ်၊ မေလ ၆ ရက်နေ့ နံနက် ရ နာရီခွဲအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဗျက္ခကျေးရွာအုပ်စု၊ အလယ်ရွာနေ ဘေရှည်(ခ)အောင်အောင်(၂၈)နှစ်မှ တူမီးသေနတ်ပစ်ဖောက် ခဲ့သဖြင့် သေနတ်နှင့်အတူ
ထိန်းသိမ်းထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏အကြောင်းကြားချက် အရ အိန္ဒုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဘေရှည်(ခ)အောင်အောင်အား အရှည်(၄)ပေ(၈)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်နှင့်အတူ တွေ့ရှိရသည်။ စစ်ဆေးချက်အရ ၅-၅-၂ဝ၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန် ဘေရှည်(ခ) အောင်အောင်သည် အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသဖြင့် တစ်ရွာတည်းနေ စကားမွတ်(ခ) မောင်မောင်စိုး(၄ဝ)နှစ်မှတားဆီးစဉ် ဘေရှည်(ခ)အောင်အောင်မှ နေအိမ်ရှိ တူမီးသေနတ်ဖြင့် (၁)ချက်ပစ်ခတ်ခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဝင်ရောက်ထိန်းသိမ်းစဉ် ဘေရှည် (ခ)အောင်အောင်မှ အရိုးအသွား(၁၁)လက်မခန့်ရှိ ဓါးမြှောင်ဖြင့် ပြန်လည်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်သို့ သက်သေများနှင့်အတူသွားရောက်ရှာဖွေရာ အရှည်(၃)ပေ(၈)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်နှင့် ခဲဘူး(၁)ဘူး ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့် ဘေရှည်(ခ)အောင်အောင်အား အိန္ဒုနယ်မြေရဲစခန်း(ပ)၂၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၇/၂၉၄/၅ဝ၆ ဖြင့်လည်းကောင်း၊ (ပ)၂၅/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူခဲ့သည်။

ဘေရှည်(ခ)အောင်အောင်အား စစ်ဆေးချက်အရ ကျေးရွာအတွင်း တူမီးသေနတ် ကိုင်ဆောင်သူများ ကျန်ရှိသေးကြောင်း သိရှိရသဖြင့် အိန္ဒုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်
ပူးပေါင်း၍ သက်သေများနှင့်အတူ ကျေးရွာအတွင်း သတင်းရရှိသည့် နေအိမ်များသို့ ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ မက်ကာဆင်(ခ)ရန်နိုင်စိုး(၂၆)နှစ်၏ နေအိမ်မှ အရှည်(၄)ပေ(၃)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်နှင့် ခဲဘူး(၁)ဘူး၊ အာလီ(ခ)မျိုးလေး (၃၃)နှစ်၏နေအိမ်မှ အရှည်(၄)ပေ(၅)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်၊ အရှည်(၃)ပေ(၃)လက်မ ခန့်ရှိ တူမီးသေနတ်(၁)လက်နှင့် ခဲဘူး(၁)ဘူး၊ မူဆူပါ(ခ)စိုးနိုင်(၄၈)နှစ်၏နေအိမ်မှ အရှည်(၄)ပေ (၈)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်နှင့် ခဲဘူး(၁)ဘူး၊ နော်လားမွတ်(ခ)လှစိုး(၄ဝ)နှစ်၏နေအိမ်မှ အရှည်(၄)ပေ(၁၁)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်၊ အရှည်(၂)ပေ(၈)လက်မခန့်ရှိ တူမီး သေနတ်(၂)လက်၊ အရှည်(၄)ပေခန့်ရှိ ပြောင်းပို(၁)ချောင်း၊ အရှည်(၁)ပေ(၃)
လက်မခန့်ရှိ ပြောင်းပို (၁)ချောင်းနှင့် ခဲဘူး(၁)ဘူး၊ မားနီ(ခ)မြင့်ဦး(၃၄)နှစ်၏နေအိမ်မှ အရှည်(၄)ပေ(၂)
လက်မခန့်ရှိ တူမီးသေနတ်(၁)လက်၊ အရှည်(၃)ပေ(၈)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်၊ အရှည်(၄)ပေ (၅)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်နှင့် အရှည်(၄)ပေ(၆)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်တို့
တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် မက်ကာဆင်(ခ)ရန်နိုင်စိုးအား အိန္ဒုနယ်မြေရဲစခန်း(ပ)၂၆/၂ဝ၁၅၊ အာလီ(ခ)မျိုးလေးအား (ပ)၂၇/၂ဝ၁၅၊ မူဆူပါ(ခ)စိုးနိုင်အား (ပ)၂၈/၂ဝ၁၅၊ နော်လားမွတ်(ခ) လှစိုးအား (ပ)၂၉/၂ဝ၁၅ နှင့် မားနီ(ခ)မြင့်ဦးအား (ပ)၃ဝ/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် နော်လားမွတ်(ခ)လှစိုးနှင့် မားနီ (ခ)မြင့်ဦးတို့ ၂ ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်









↧

နိုင်ငံတော်အလံဖြုတ်ချမှု ကျောင်းသားတွေကို ဆက်လက်ရုံးထုတ်စစ်ဆေး

$
0
0



မန္တလေးတိုင်းဒေသကြီး မြင်းခြံ ဒီဂရိကောလိပ်မှာ စိုက်ထူထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချမှုနဲ့ တရားစွဲခံထားရ သူ ကျောင်းသား ငါးဦးထဲက နှစ်ဦးကို မြင်းခြံမြို့နယ်တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ နဲ့ မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကျောင်းသားနှစ်ဦးဟာ အလံဖြုတ်ချမှုမှာ မပါဝင်ခဲ့ဘူးဆိုတာကို သက်သေပြဖို့ ပြင်ဆင်ထားကြောင်း ကျောင်းသားနှစ်ဦးရဲ့အမှုကို ဆောင် ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးချမ်းမြေ့က ပြောပါတယ်။

"ကျနော်တို့က အမှုသည်ဆီက ညွှန်ကြားချက်တွေကို ပြည့်ပြည့်စုံစုံယူထားတဲ့အခါမှာ သူတို့အထဲမှာ မပါဝင်တဲ့အကြောင်း ကျနော်တို့သိတယ်၊ ဒီအခွင့်အရေးကို ကျနော်တို့က အပြည့်အဝတောင်းပေးမှာလေ၊ သူတို့က စွပ်စွဲခံရတဲ့အဆင့်ပဲရှိတာကိုး၊ ကျနော်တို့မှာလည်း သက်သေစုဆောင်းထားတာလည်းရှိတယ်လေ"

ဒီကနေ့ ရုံးထုတ်စစ်ဆေးခံရသူတွေဟာ အလံဖြုတ်ချရာမှာ မပါဝင်ဘဲ အဖမ်းခံထားရတာလို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂကလည်း ပြောထားပါတယ်။

ဒီနှစ်ဆန်း ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းသားသပိတ်စစ်ကြောင်း မြင်းခြံမြို့ကို ရောက်ရှိစဉ်မှာ စစ်ကြောင်းမှာပါဝင်သူတချို့က မြင်းခြံဒီဂရီကောလိပ်မှာ စိုက်ထူထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ခွပ်ဒေါင်းအလံကို လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ကိုမင်းသွေးသစ်၊ ကိုမင်းမင်းဇော်၊ ကိုစိုးလှိုင်၊ ကိုဇင်ကိုသန့်နဲ့ ကိုမြတ်မင်းသူတို့ကို မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးကိုကိုမြင့်က တရားလိုလုပ်ပြီး စွဲဆိုထားတာဖြစ်ပါတယ်။

တရားစွဲခံရသူ ၅ဦးထဲက ကိုမင်းသွေးသစ်နဲ့ ကိုမင်းမင်းဇော်တို့ဟာ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီး ကိုမြတ်မင်းသူကိုတော့ ဖမ်းဝရမ်းထုတ်ထားပါတယ်။



RFA


↧

နိုင်ငံရေးပဉ္စသီလ အဓွန့်ရှည်ပါစေသောဝ်

$
0
0

နိုင်ငံရေးပဉ္စသီလဆိုသည်မှာ အခြားမဟုတ်၊ ၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့တွင်ကျင်းပခဲ့သော ဘန်ဒေါင်းညီလာခံကြီးမှ ချမှတ်ခဲ့သည့် ဘန်ဒေါင်းမူကြီး ငါးချက်ကို ထိုခေတ်ထိုအချိန် မြန်မာသတင်းစာဆရာများမှ တင်စားခေါ်ဝေါ်ခဲ့သည့် အမည်သညာပင် ဖြစ်သည်။ အမှန်စစ်စစ် အဆိုပါ ဘန်ဒေါင်းမူကြီး ငါးချက်ဆိုသည်မှာ ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော တရုတ်-မြန်မာ နှစ်နိုင်ငံပူးတွဲကြေငြာချက်ပါ နိုင်ငံရေးစနစ်ချင်းမတူသောနိုင်ငံများ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူဖြစ်သော နု-ချောင်မူ ငါးချက်ပင်ဖြစ်သည်။

အိန္ဒိယ၊ မြန်မာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ထိုမူငါးချက်ကို ပူးတွဲကြေညာခဲ့သဖြင့် ယင်းမူငါးချက်မှာ အာရှ၊ အာဖရိကနိုင်ငံများသို့ပါ ပြန့်နှံ့ကျော်ကြားလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့၌ကျင်းပသော အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်သည့် ဘန်ဒေါင်းညီလာခံကြီးတွင် ထပ်မံအတည်ပြု ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ နှစ်ခြောက်ဆယ်တင်းတင်း ပြည့်ခဲ့လေပြီ။

နှစ်ခြောက်ဆယ်ကာလအား ပြန်ပြောင်းကြည့်မိသောအခါ ကျွန်ုပ်တို့နိုင်ငံအနေဖြင့် ဝမ်းနည်းဖွယ် ကောင်း
လောက်အောင်ပင် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုများကို ခါးသီးစွာတွေ့ကြုံခဲ့ ရသည်မှာ သမိုင်းမှတ်တမ်းများက အထင်အရှားပင်ဖြစ်သည်။

ယနေ့အချိန်အခါသည် ကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ကျော်လွှား ဖြတ်
သန်းနေရသော အချိန်အခါဖြစ်သည်။ ထိုသို့သောအချိန်အခါတွင် ကျွန်ုပ်တို့နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒီမိုကရေစီဖြစ်စဉ်၊ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအား အပြုသဘောဆောင် အားပေးကူညီလာသော မည်သည့်နိုင်ငံကိုမဆို ကျွန်ုပ်တို့မြန်မာပြည်သူများက ချစ်ခင်လေးစားတန်ဘိုးထား၍ သားစဉ်မြေးဆက် မှတ်မှတ်ထင်ထင်ရှိနေမည်မှာ အမှန်ဧကန်ဖြစ်သကဲ့သို့ အဆိုပါဖြစ်စဉ်များကို အနှောက်အယှက်ဖြစ်စေမည့် မည်သည့်ပြည်ပစွက်ဖက်မှုမျိုးကိုမဆို ဖော်ထုတ်၊ ရှုတ်ချ၊ ဆန့်ကျင်ကန့်ကွက်သွားရန်မှာလည်း နိုင်ငံသား အားလုံး၏တာဝန်ဖြစ်သည်ဟု စွဲမြဲစွာခံယူထားပါသည်။

ကျွန်ုပ်တို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော
နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်
ထိန်းသည်။ နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် အဆိုပါ ဘန်ဒေါင်းမူကြီး ငါးချက်ဖြစ်သည့် -

၁။ နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်။
၂။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်။
၃။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်။
၎။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆင့်အတန်းချင်း တူညီမှုရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်။
၅။ နိုင်ငံရေးစနစ်ချင်းကွဲလွဲစေကာမူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငြိမ်းချမ်းစွာအတူယှဉ်တွဲ ဆက်ဆံပေါင်း
သင်း နေထိုင်ရန်ဟူသည့် မူကြီးငါးချက်အား အစဉ်လေးစားတန်ဘိုးထား ထိန်းသိမ်းစောင့်ရှောက်
သွားမည် ဖြစ်သည်။

နောင်အရှည်အားဖြင့် ကျွန်ုပ်တို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှလည်း ကျွန်ုပ်တို့နှင့်အတူ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် အဆိုပါ နိုင်ငံရေးပဉ္စသီလခေါ် ဘန်ဒေါင်းမူကြီး ငါးချက်အား လေးစားတန်ဘိုးထားနိုင်ကြပါစေကြောင်း ကျွန်ုပ်တို့ Myanmar 5th Pillar (မဏ္ဍိုင်5) မှ လေးနက်ယုံကြည်စွာဖြင့် ဆန္ဒပြုအပ်ပါသည်။

အမှုဆောင်အဖွဲ့
Myanmar 5th Pillar (မဏ္ဍိုင်5)
နေ့ စွဲ။ ။ ၂၀၁၅ မေလ ၇ ရက်

မိတ္တူကို
နိုင်ငံတော်သမ္မတရုံး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံသံရုံး
မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံး
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံး
မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်နိုင်ငံသံရုံး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုသံရုံး
ရုံးလက်ခံ






↧
↧

လာမည့်ဆယ်ရက်အတွင်း နေ့အပူချိန်များ စံချိန်တင်မြင့်တက်လာနိုင်

$
0
0


အောင်ဖြိုးဦး


ရန်ကုန်၊

လာမည့်ဆယ်ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ တွင် နေ့အပူချိန်များ စံချိန်တင် မြင့် တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်း လွင်က သတိပေးလိုက်သည်။

အပူရှိန်လွန်ကဲမည့် အလယ်ပိုင်း ဒေသမြို့တော်များမှာ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း တို့ဖြစ်ကြောင်း သိရသည်။

ဒေါက်တာထွန်းလွင်က ''အပူ ရှိန်လွန်ကဲမယ့် အလယ်ပိုင်းဒေသတွေ ရဲ့ ၁ဝ ရက်အတွက် မိုးလေဝသခန့် မှန်းချက်ဆိုရင် မန္တလေးမှာတော့ ထစ် ချုန်းမိုးတွေရွာနိုင်လို့ အပူသက်သာ ရာ ရစေပါမယ်။ မကွေးက မိုးဝေးသေး လို့ အပူဒဏ်ကို အထူးဂရုစိုက်ဖို့ လို နေပါတယ်။ မုံရွာမှာလဲ မိုးဝေးသေး တယ်။ အဓိက,ကတော့ ဒီလိုအပူရှိန် နဲ့ဆိုရင် ကျန်းမာရေးကို ထိခိုက်စေမှာ အသေအချာပဲ။ လူတွေရဲ့ အသက် အန္တရာယ် မဖြစ်ရအောင် အပူဒဏ် ကာကွယ်နိုင်အောင်လို့ သတိပေးရ ခြင်းဖြစ်ပါတယ်''ဟု ဆိုသည်။

လတ်တလောအချိန်တွင်လည်း နေ့အပူချိန်များမှာ တစ်နိုင်ငံလုံး အ တိုင်းအတာနှင့် မြင့်တက်နေလျက်ရှိ ပြီး အိန္ဒိယနိုင်ငံ မိုးလေဝသဂြိုဟ်တုKalpana-1 ၏ မြေပြင်အပူချိန် တိုင်း တာချက်များအရ မေ ၄ ရက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် မြေပြင် အပူချိန်များဟာ ၄၁ ဒီဂရီစင်တီဂရိတ် မှ ၄၉ဒီဂရီစင်တီဂရိတ်အထိ မြင့်တက် နေခြင်းကိုတိုင်းတာရရှိခဲ့ကြောင်း ဒေါက် တာထွန်းလွင်က ¤င်း၏ လူမှုကွန်ရက် စာမျက်နှာများတွင် တင်ထားသည်။

နေရောင်ခြည်ရရှိမှုနှင့် အပူချိန် မြင့်တက်မှုများအနေဖြင့် မေ ၄ရက်နဲ့ ၅ရက်တွင် အလွန်ပူပြင်းနေပြီး ဂြိုဟ်တု တိုင်းတာချက်များအရ အလယ်ပိုင်း ဒေသများတွင် ၄၂-၄၅ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေကာ မြောက်ပိုင်းဒေသ များတွင် နေရောင်ခြည်ရရှိမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ အပူချိန်များမြင့်တက် မှုကြောင့် တချို့သောမြို့နယ်များတွင် ဦးနှောက်သွေးကြောပြတ် သေဆုံးခြင်း များ ဖြစ်ပွားနေကြောင်းလည်း ကြားသိ နေရပြီး အပူဒဏ်ကာကွယ်ရေး နှိုးဆော် ချက်များကို အထူးဂရုပြုလိုက်နာရန် လိုအပ်ကာ ရာသီဥတုနှင့် လိုက်လျောညီ ထွေစွာ နေထိုင်ရန်လိုအပ်ကြောင်းလည်း ယင်းက ဆက်လက်ပြောကြားသည်။

''အပူဒဏ်ခံစားရမှု အနည်းအများ ဟာ သဘာဝရေးရာအခြေအနေလေးမျိုး အပေါ်မူတည်တယ်။ အပူချိန်၊ ရေငွေ့၊ အပူရှိန်နဲ့ လေတိုက်နှုန်း ဒါတွေပေါ် မှာ မူတည်နေတယ်။ အပူချိန်အရမ်းကြီး မြင့်တက်လို့မဟုတ်ဘဲ သာမန်ထက် ပိုပူနေတယ်။ အဲဒီအပူချိန်ဟာ တစ်တန်း တည်းပဲ သွားမယ်ဆိုလဲ ရက်ကြာရှည် မခံနိုင်ဘူး။ ပိုပူလာသလို ခံစားရမှာပဲ''ဟုဆို သည်။

အပူဒဏ်ကို ပိုမိုခံစားရလေ့ရှိသူ များမှာ ကလေးသူငယ်များ၊ ရောဂါအခံ ရှိသူများနှင့် သက်ကြီးရွယ်အိုများဖြစ် သည့်အတွက် ယင်းတို့အနေဖြင့် အထူး သတိထားရန်လိုကြောင်းလည်း အသည်း အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာခင်မောင်ဝင်းကပြောသည်။

''အခု လွယ်လွယ်ပြော၊ လွယ် လွယ်သတိပေးရရင်တော့ အပူထဲမှာ ချွေးထွက်နေတယ်။ ချွေးချက်ချင်းတိတ် သွားအောင်လုပ်တဲ့အရာမှန်သမျှ လူ ကိုသေစေနိုင်တယ်။ ဥပမာ- တအားပူ နေတယ်။ အပြင်ကပြန်လာပြီး ချက်ချင်း ရေခဲရေသောက်တာ၊ ပန်ကာလေခံတာ၊ အဲကွန်းအခန်းထဲတန်းဝင်တာ။ ဒါတွေ က ဘာမှမဟုတ်ပေမယ့် သတိမထားမိ ကြဘူး။ အခန့်မသင့်တော့ အသက်ဆုံး ရှုံးတာပေါ့။ ဆေးရုံတွေမှာလဲ Heat Stoke အတွက် အခန်းသီးသန့်ထားကု ပေးပါတယ်။ အပူရှပ်နေတယ်။ အရမ်း အပူချိန်မြင့်တက်ပြီး သတိမရတဲ့လူမျိုး ဆေးရုံကလဲ ဝေးနေတယ်ဆိုရင် ခြင် ထောင်ကိုရေဆွတ်ပြီးတော့ လူနာကို ထည့်ထောင်ရမယ်။ အပြင်ကနေပန် ကာနဲ့မှုတ်တာလုပ်သင့်တယ်။ ရေစိုဖတ် တိုက်ရမယ်''ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အပူ ဒဏ်ကြောင့် တစ်ရက်အတွင်း မြို့နယ် သုံးခု၌ လူသုံးဦးသေဆုံးခဲ့သည်။

‪#‎TheYangonTimes‬









↧

ကာတာကမ္ဘာ့ဖလားကွင်းများ မှတ်တမ်းရုပ်သံရိုက်ကူးသည့် သတင်းသမားများ ဖမ်းဆီးခံရ

$
0
0



ကတာ၊ မေ ၆။ ။

၂၀၂၂ ကမ္ဘာ့ဖလားမတိုင်မီ ဘောလုံးကွင်း များဆောက်လုပ်ရာတွင် ရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရုပ်သံမှတ်တမ်းရိုက်ကူးသည့် သတင်းသမားများ ကာတာ၌ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။


ဂျာမန်ရုပ်သံရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့သည် ၁၄ နာရီကြာ ထိန်းသိမ်းခံရပြီး ပစ္စည်းများသိမ်းဆည်းခံရကြောင်းနှင့် ရိုက်ကူးထားသည်များလည်း ဖျက်ဆီးခံခဲ့ ရကြောင်းပြော ဆိုခဲ့သည်။

ယင်းရိုက်ကူးရေးအဖွဲ့မှာ နိုင်ငံအတွင်းရိုက်ကူးခွင့်ရထားခြင်းမရှိသည့်အပြင် ခွင့်ပြုထားခြင်းမရှိသည့်အရာကို ရိုက်ကူးမှုဖြင့် မတ်လအတွင်း ဖမ်းဆီးခဲ့ရခြင်းဖြစ် သည်ဟု ကာတာအာဏာပိုင် များက တုန့်ပြန် ရှင်းလင်းထားသည်။

ကာတာနိုင်ငံအတွင်း ကမ္ဘာ့ဖလားဘောလုံးကွင်း များဆောက်လုပ်ရာတွင် ရွှေ့ပြောင်းလုပ်သားများ ကြုံနေရသည့် အခြေအနေများအပေါ် လူအခွင့်အရေး အဖွဲ့ အစည်းများက ပူပန်နေကြ သည်။

ဂျာမန်ရုပ်သံဌာနတစ်ခုဖြစ်သည့် အေအာဒီမှရိုက်ကူးထားသည့် 'Sold Football - Sepp Blatter and the power of Fifa'ဆိုသည့် မှတ်တမ်းရုပ်သံမှာ တနလာင်္နေ့တွင် ထုတ်လွှင့်ပြသခဲ့ သည်။

မှတ်တမ်းရုပ်သံဖန်တီးခဲ့သူများက ၎င်းတို့သည် ရိုက်ကူးရေးပစ္စည်းများ၊ လက်ဆွဲကွန်ပျူတာများနှင့် ဖုန်းများသိမ်းဆည်းခံရပြီး ငါးရက်ကြာမှ ကာတာနိုင်ငံ အတွင်းမှ ထွက်ခွာခွင့်ရ ခဲ့ကြောင်းနှင့်လေးပတ်အကြာတွင် အချက်အလက်များအားလုံးဖျက်ဆီးထားသည့် ယင်းပစ္စည်းများ ကိုပြန်လည် ရရှိခဲ့ကြောင်းပြောဆို ခဲ့ကြသည်။

သတင်းထောက်တစ်ဦးဖြစ်သူ ဖလော်ရီယန်ဘောင်ဝါက "အခုတော့ လူထုကိုချပြနိုင်ခဲ့ပါပြီ။ ကာတာမှာ ကျွန်တော်တို့ အဖမ်းခံခဲ့ရပြီး ရဲနဲ့လျှို့ဝှက်ထောက် လှမ်းရေးတွေရဲ့ စစ်ဆေးမေးမြန်း ခံခဲ့ရပါတယ်။ ရက်နည်းနည်းလောက် အဲဒီနိုင်ငံကနေ ထွက်ခွာခွင့်မရခဲ့ပါဘူး"ဟု ပြောသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ဖွဲ့စည်းထားသော ကာတာလက်ဆင့်ကမ်းအမွေအနှစ်ချန်ထားပေးရေးအမြင့်ဆုံးကော်မတီ ကမူ "ကာတာကို အလုပ်လုပ် ဖို့ရောက်လာတဲ့ သတင်းသမားတွေဟာ ဥပဒေနဲ့ညိစွန်းနိုင်တဲ့ အနေအထားကိုရှောင်နိုင်ဖို့ ခွင့်ပြုထားတဲ့ နေရာ တွေမှာသာ အတိအကျအလုပ်လုပ် ကြဖို့ ဖြစ်ပါတယ်"ဟု ကြေညာချက်ထုတ်ထားသည်။

Ref; BBC

Photo - ကမ္ဘာ့ဖလားဘောလုံးကွင်း အား တွေ့ရစဉ်







↧

"ဒိုင်နိုဆောခေတ်က ပိုးဟပ်တစ်ကောင်၏ရုပ်ကြွင်းကို မြန်မာနိုင်ငံတွင်တွေ့ရှိ "

$
0
0



ပယင်းကျောက်ထဲတွင်ပိတ်မိခဲ့သော ဒိုင်နိုဆောခေတ်က ပိုးဟပ်တစ်ကောင်၏ရုပ်ကြွင်း
ကို မြန်မာနိုင်ငံတွင်တွေ့ရှိရကြောင်းသိရသည်။


ယင်းပိုးဟပ်ပါဝင်နေသည့် ပယင်းကျောက်တုံးကို မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ နွိုင်ဂျီဘမ်(Noije Bum)ဒေသရှိ သတ္တုတွင်းတစ်ခုမှ တွေ့ရှိခြင်းဖြစ်သည်။ အဆိုပါ ပိုးဟပ်ကိုတွေ့ရှိခြင်းဆိုင်ရာ စာတန်းတစ်ခုကို ဆလိုဗက်ရီပတ်ဘလစ်နိုင်ငံမှ ပီတာ ဗာဆန်စကီးနှင့် ဂျာမနီနိုင်ငံမှ ဂန်တာ ဘက်ခလီတို့က အင်းဆက်
ပိုးမွှားများနှင့် ဘူမိဗေဒပညာဆိုင်ရာ ကမ္ဘာကျော် မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် "Geologica Carpathica"
တွင် ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။

အဆိုပါ သမိုင်းမတင်မီခေတ် ပိုးဟပ်မှာ သာမန် စံမီ ပိုးဟပ်များထက် ၂ဆမျှပိုမိုကြီးမားနေသည်။ "ပိုးဟပ်ရဲ့ခန္ဓာကိုဗျက်အကျယ်ကို ကျောက်တုံးထဲကမခွဲထုတ်ပဲတိုင်းရခက်နေပါတယ်။ ဒါပေမယ့် သာမန်စံမီပိုးဟပ်တွေထက် ၂ဆလောက်ကို ကြီးနေတာကိုတွေ့ရပါတယ်"ဟု စာတန်းရေးသားသူ သုတေသီများကဆိုထားသည်။

ပိုးဟပ်ရုပ်ကြွင်းကို လိုက်ကာ M80 အနုကြည့်မှန်ပြောင်းဖြင့်လေ့လာမှုများအရ ယင်းသည် ပိုးဟပ်အထီးတစ်ကောင်ဖြစ်ပြီး၊ ယနေ့ခေတ်ပိုးဟပ်များနှင့် နှိုင်းယှဉ်ပါက မျက်လုံးများပိုမိုကြီးမားသလို ဦးခေါင်း၏ အနောက်ဖက်သို့လည်း ပိုရောက်နေကြောင်း၊ ခြေချောင်း လက်ချောင်းများမှာလည်း လွန်စွာပင်ရှည်လျားကြောင်းသိရသည်။

PN-002
ref: Dinosaur-times cockroach caught in amber, from Myanmar






↧

မုဒိမ်းအကျင့်ခံရသူကို အပြစ်စကားဆိုသည့် ဆိုမာလီယာနိုင်ငံ

$
0
0


အသက် ၁၄ နှစ် အရွယ် ဖာတီမာကို သုံးဘီးသမားက မုဒိမ်းကျင့်လိုက်သည်တွင် မုဒိမ်းအကျင့်ခံရသည့် ဖာတီမာမှာ အဖမ်းခံခဲ့ရသည်။ တစ်လတာ ထိန်းသိမ်းခံခဲ့ရပြီး ထိုအတောအတွင်း သူမကို ရဲအရာရှိတစ်ဦးမှ အကြိမ်ပေါင်းများစွာ မုဒိမ်းကျင့်ခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ ဆိုမာလီယာတွင် ပျံ့နှံ့နေပြီး ထိုကိစ္စဖြစ်ပွားလျှင် အရေးယူခဲလှသည်။ တစ်စုံတစ်ဦး အရေးယူခံရသည်ဆိုလျှင်လည်း ထိုသူမှာ ကျူးလွန်ခံရသူမဟုတ်။ မုဒိမ်းအကျင့်ရ
သူသာလျှင်ဖြစ်သည်။

"ကျွန်မတို့ မုဒိမ်းကျင့်ခံရသူက အပြစ်ရှိတယ်ဆိုတဲ့အမြင်ကို ပြောင်းပစ်ဖို့ ကြိုးစားနေပါတယ်"ဟု 'အဲလ်မန် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးစင်တာ'ကို မြို့တော်မိုဂါဒစ်ရှုး၌ တည်ထောင်ထားသူ ဖာတူအန် အေဒန်က ပြောကြားသည်။ ထိုစင်တာ၌ လိင်အကြမ်းဖက်မှုကြုံတွေ့ရပြီး အသက်မသေ
လွတ်မြောက်လာသူများ တည်းခိုနိုင်သည်၊ ဆေးဝါးကုသမှု ခံယူနိုင်သည်၊ ထောက်ပံ့ကူညီမှုရယူနိုင်သည်။

"မုဒိမ်းကျင့်တဲ့သူတွေ ရယူရမယ့်အကျိုးဆက်ကတော့ ရှိရမယ်"ဟု သူမက ပြောကြားသည်။ သို့ရာတွင် တကယ့်တကယ်၌ မုဒိမ်းမှုအကြောင်းတိုင်ကြားသူများမှာ ၎င်းတို့ကိုယ်တိုင် အဖမ်းခံကြရသည်။

ရှေးရိုးစွဲ အစ္စလမ္မစ်နိုင်ငံ၌ မုဒိမ်းမှုဆိုသည်နှင့် မုဒိမ်းအကျင့်ခံရသူကို အပြစ်တင်ခြင်းမှာ စံပုံစံကြီးဖြစ်နေသည်။ ဖာတီမာအား မုဒိမ်းကျင့်ခဲ့သော မုဒိမ်းသမားများကား မည်သည့်အရေးယူမှုမျိုးမှ မခံရချေ။

အရပ် ၅ ပေ ကျော်ရုံ ပိန်ပိန်သေးသေးမိန်းမငယ်လေးမှာ မြို့တော်တစ်ဝန်း မှိုလိုပေါက်နေသည့် စုတ်ပြတ်ပေရေနေသော စခန်းတစ်ခု၌ နေနေရသည်။ ကုလသမဂ္ဂ ကလေးများအေဂျင်စီ ယူမီဆက်ဖ်က စခန်းများအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများမှာ လက်နက်ကိုင်ပုဂ္ဂိုလ်များ၏ သားကောင်များ မကြာခဏ ဖြစ်ကြရသည်ဟု ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ဆိုမာလီယာတွင် တပ်ချထားသော ၂၂၀၀၀ သော အာဖရိကသမဂ္ဂတပ်ဖွဲ့ဝင်များထဲမှ အချို့သည် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုများ လုပ်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က စွပ်စွဲထားသည်။

စာသင်ကျောင်းအစားဖွင့်သော အစ္စလမ္မစ် မဒရပ်ဆာ ကို မတက်ရသည့်ရက်များတွင် ဖာတီမာ (အမည်ရင်းမဟုတ်) နှင့် သူမ၏ အဒေါ်တို့ သကြားလုံးများလုပ်ရောင်းရသည်။

တစ်နေ့တွင် သူမ၏သကြားလုံးများကို တစ်ခြားရပ်ကွက်သို့ သွားရောင်းရန် သုံးဘိန်းနှင့်လိုက်သွားသည်။ သုံးဘီးသမားက သူမကို လူခြေတိတ်သောနေရာတစ်ခုသို့ ခေါ်သွားပြီး မုဒိမ်းကျင့်လိုက်သည်။

ဆူဆူညံညံအသံများကို ကြားရသည့်အတွက် ရဲက နှစ်ယောက်လုံးကို ဖမ်းလိုက်သည်။ များမကြာမီ မုဒိမ်းသမားကို လွှတ်လိုက်ပြီး ဖာတီမာကို ပြည့်တန်ဆာမှုဟု စွပ်စွဲဖမ်းဆီးလိုက်သည်။ "ရဲက ကျွန်မကို ဖမ်းတယ်။ ခံရတဲ့ ကျွန်မကပဲ တရားခံဖြစ်ရတယ်"ဟု သူမက မပြောရဲပြောရဲ တိုးတိုးလေး ပြောကြားသည်။

သူမတူမလွတ်မြောက်ရေး ဖာတီမာအဒေါ်မှ တစ်လခန့် ကြိုးစားခဲ့သည်။ သူမလာတိုင်း ရဲများက လှောင်ကြသည်။ ၎င်းတို့မှ ဖာတီမာကို သန့်ရှင်းရေးသမားကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နေသည်ဟု ပြောကြသည်။ ဖာတီမာ တမူထူးစွာပြောင်းလဲသွားသည်။ စကားများများ မပြောတတ်သလို ဖြစ်သွားသည်။ "ကျွန်မကိုသေပြီးပြီလို့ သဘောထားလိုက်ပါ"ဟု သူမကို ပစ်ထားလိုက်ဖို့ အဒေါ်ကို ပြောရှာသည်။

ထိုဖြစ်ရပ်ကို တာဝန်ရှိသူများအား တိုင်ကြားခဲ့သည်ဟု ဖာတီမာ၏အဒေါ်က ပြောကြားသည်။

"သူတို့က ကျွန်မဒီလိုမပြောသင့်ဘူးပြောပြီး ကျွန်မကိုနှင်ထုတ်လိုက်တယ်"ဟု သူမက ပြောကြားသည်။ အဲလ်မန်စင်တာ၏ ကြားဝင်စေ့စပ်မှုကြောင့် ဖာတီမာ ပြန်လွတ်လာသည်။ သို့သော် ကြုံတွေ့ခဲ့ရသည်များကြောင့် တုန်လှုပ်ခြောက်ချားလျက်ရှိပြီး လွတ်သည်ဆိုသော်ငြား တရားရုံး၌ ပြည့်တန်ဆာမှုဖြင့် အမှုရင်ဆိုင်ရပေဦးမည်။


မျိုးမင်းသန့်
http://www.dailymail.co.uk/…/Blaming-victims-rape-Somalia.h…



↧
↧

ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျား ထက်ဆိုးမှာလား ကွယ်

$
0
0


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တချို့မှာ လုံခြုံရေးယူရင်း မှတ်တမ်းတင် အရာရှိလုပ်ရင်း ဆွေးနွေးတာတွေ နားထောင်ဖူး ပါတယ်။တချို့တိုင်းရင်းသား တွေကရိုးသား ဖြောင့်မတ်ပေမယ် တချို့ကတော့ စကားကပ်တာက တမျိုး
အသားလို လို့ အရိုးတောင်း ပုံစံနှင့် လှည့် ပတ်ပြောနေတာတွေ တွေ့ခဲ့ရ ဖူး တယ်။
လိုရင်းကို မရောက်ဘဲ စကား တန်ဆာဆင်တွေ ပြော လူကြားကောင်း ယုံပြောပြီး အချိန်ဆွဲနေတာတွေ
ပထမ အကြိမ်က ပေးခဲ့တဲ့ ကတိ ကဝဋ် ကို ဒုတိယ အကြိမ်မှာ အကြောင်းပြချက် တစုံတရာ မပြောဘဲ ဖျက်သိမ်းတာ မလိုက်နာတာ ရှေ့လူက တစ်မျိုး ပြောနောက်လူ က စကား ပြင်ပြော စသဖြင့် တွေ ကြုံတွေ့ ရပါတယ်။တချို့ကတော့ နိုင်ငံတကာ အမြင်နှင့် အတွေ့ အကြုံ ရှိပြီး အလည်လွန် ကာ မရိုးသားတော့ဘူး ။
တချို့က အတွေးအခေါ် ကျဉ်းမြောင်း လို့ အပြောအဆို အဆင်မပြေကြဘူး ။

ကျွန်တော်လည်း( ဗမာတိုင်းရင်းသား မဟုတ်တဲ့ ) ရှမ်းတိုင်းရင်းသားပါ။ အမျိုးထဲမှာတောင် ဗမာ မရှိဘူး အကုန် ရှမ်း မွန် ကရင် ရခိုင် တွေချည်းပါဘဲ။မြန်မာပြည် အနှံ့ကချင်ပြည်နယ် ပန်ဝါ မှ ကော့သောင် မောင်တော မှ တာချီလိပ် အကုန် ရောက်ဖူးနေဖူး ပါတယ်။တိုင်းရင်းသား အတော်များများ နှင့်လည်း ပေါင်းသင်း ဆက်ဆံဖူး ပါတယ်။မြန်မာ တပြည်လုံးကို ကိုယ့် တိုင်းပြည် လို့သဘောထား ပါတယ်။ကိုယ့် လူမျိုး အချင်းချင်း အုပ်ချူပ် တာ ကိုပဲ နှစ်သက်တယ် ဆိုတာလည်း နားလည်ပါတယ်။ဒါပေမယ့် ဘယ်လို အုပ်ချုပ်ခွင့် ရအောင် လုပ်ကြမလဲဆိုတာ လွဲနေ တယ် ထင်တာပဲ။ဒီမိုကရေစီ စနစ်မှာ ပြည်သူ လက်ခံမှ ရွေး ချယ်မှ တက်အုပ်ချုပ်ခွင့်ရှိပါမယ် ။
လက်နက်နှင့် ခြိမ်းချောက်အုပ် ချုပ် လို့မရပါဘူး။ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ ပါဝင်တဲ့အစိုးရ ဖက်က လူကြီး တွေ
ကို လည်း တိုင်းရင်းသားတွေ စိတ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်လူမျိုး အချင်းချင်းပဲ အုပ်ချုပ်တာခံချင် တဲ့ စိတ်ရှိတဲ့ ဒီအချက်ကို ထောက်ပြပြီး အလွတ် သဘော ပြောပြ အကြံပေး ဖူးပါတယ်။

တိုင်းရင်းသားတွေ တောင်းဆိုတာကို ဘာမလိုက်လျော နိုင်စရာတွေ ရှိလို့ မလိုက်လျောတာလဲ လို့လည်း မေးခွန်းထုတ်ဖူး ပါတယ်။ပြန်ရတဲ့အဖြေ ကတော့ အစိုးရ အနေနှင့် တိုင်းရင်းသား တွေ တောင်းဆိုတာ အပြည့်အဝ လိုက်လျော လိုက်လို့ သမတနှင့်တကွ အစိုးရ အဖွဲ့ဝင် တွေ တပ်ချုပ်နှင့် တကွ တပ်မတော် အကြီးအကဲတွေ အတွက် တစ်ဦး ချင်း ပုဂ္ဂိုလ်ရေး အခွင့် အရေး တွေယုတ်လျော့ သွား စရာ မရှိပါဘူးတဲ့။
ဒီလစာ ရိက္ခာ ဒီလုပ်ပိုင်ခွင့်ပါဘဲတဲ့ ပြီးတော့ ရာထူး နေရာ တစ်ခု ကို ဟိုအရင်ကလို ငါးနှစ်နှင့် အထက် ဆုတ်ကိုင်ထား လို့ရတဲ့အခြေ အနေလည်း မဟုတ်တော့ပါဘူး။

ဒါပေမယ့် စစ်အစိုးရကို မကြိုက် လို့ ဒီမိုကရေ စီ စနစ်ကို ကျင့်သုံးဖို့ တောင်းဆိုနေကြတဲ့ ခေတ်ကြီးမှာ စစ်တပ် တမျိုး ဖြစ်တဲ့တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေ လက်ထဲ အာဏာ ပြန်ထည့်ပေး ရမည့် တောင်းဆိုမှူ တွေ ကို လိုက်လျောရမှာ သဘာဝကျပါရဲ့လား လို့ ပြန်မေး တော့ ကျွန်တော် မဖြေ နိုင်ခဲ့ပါဘူး။

စကား နည်းရန်စဲ တောင်းသမျှ လိုက်လျော လိုက်လို့ အနာဂတ် ပြည်ထောင်စု ကြီး အစိတ်စိတ် အမွှာမွှာကွဲ ထွက်သွား ကြရင် လက်ရှိ ငါတို့ သမိုင်းတရား ခံဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ငါတို့ ရှိနေသေး သရွေ့ ရသလောက်ညှိ နှိုင်းနေပြီး ထိန်းသိမ်းထား တာပါတဲ့နောက်နောင် ငါတို့ ထက် သွေးရှိသူတွေ စွန့်စား ရဲသူတွေ မိုက်တိမိုက် ကန်း လိုက်လျောလိုက်လို့ ငြိမ်းချမ်းသွား ရင် လည်း တမျိုး မငြိမ်းချမ်းပဲ ပြိုကွဲသွား လည်း ကံပေါ့တဲ့။ငါတို့ကတော့ လိုက်လျောလိုက်ရင် ငြိမ်းချမ်းတာ ထက်ပြို ကွဲဖို့ ပိုများ တယ်လို့ ယုံကြည်နေတဲ့အတွက် ဆက် တင်းခံပြီးညှိနှိုင်းဆွေးနွေး နေကြရတာလို့ ပြန်ပြောပါတယ်။

ကျွန်တော့် အမြင် တော့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက တိုင်းရင်းသား အကျိုး ကို လက်တွေ့ကျကျ ဆောင် ရွက်နေတာ မှန်ရင် ပြည်သူက လည်း လက်ခံယုံကြည်နေတယ် ဆိုရင် လက်နက်ကိုင်တွေ မလွှမ်းမိုးတဲ့ မြို့ပေါ် မှာ ရွေးကောက်ပွဲ ဝင် ကြည့် လိုက်ပါ ကိုယ့် လူမျိုး လွှတ်တော် အမတ် ကိုယ့်လူမျိုး ဝန်ကြီး ဝန်ကြီး ချုပ် ဖြစ်ဖို့ လွယ်နေတဲ့ ခေတ်ပါပဲ။

ကိုယ့်တိုင်းရင်းသား အင်အားစုတွေ လွှတ်တော်ထဲရောက်လာရင် ဗဟို အစိုးရက တိုင်းရင်းသား တွေကို ဖိနိုပ်တဲ့ ဥပဒေ တွေရှိရင် ပြင် လို့ ရနိုင်တာပေါ့ ။

တပ်မတော်လို စနစ်တကျ ဥပဒေ နှင့် အညီ လက်နက်က်ုင် ထားပြီး သမ္မတ၏ အုပ်ချုပ်မှု အောက်မှာ ရှိတဲ့ အဖွဲ့အစည်းကိုတောင် နိုင်ငံရေး မှာ ဝင်ရောက် မစွက် ဖက်အောင် တားဖို့ ကျိုးစားနေ ချိန်မှာ စည်းကမ်းမဲ့ သူတလူ ငါတမင်း လက်နက်ကိုင်ထား သူတွေက နိုင်ငံရေး တောင်းဆိုမှု တွေ နှင့် စားပွဲ ဝိုင်း ထိုင် နိုင်ငံဆွေးနွေး နေတာကို လက်ခံနေကြတာ ရှေ့နောက်လွဲနေပြီ လို့ မထင်မိကြ ဘူးလား။

တဆက်တည်းလည်းမေး ချင်မိပါတယ်
ဗဟိုအစိုးရနှင့် ငြိမ်း ချမ်းရေးဆွေး နွေး လို့ တောင်းဆိုတာတွေ ရပြီဆိုပါစို့။အဲဒီ လက်နက်ကိုင် ခေါင်းဆောင်
တွေက ကိုယ့်ပြည်နယ်ကို ဆက်အုပ်ချုပ်ကြမလား အရပ်သားစစ်စစ် အစိုးရကို ရွေးကောက် တင်မြှောက်ပြီး အုပ်ချုပ် ခိုင်းမှာလား ပြန်ဖြေ ပေးစေချင် ပါတယ်။

ဒီလိုမလုပ်နိုင်ဘဲ လုပ်မည့် အစီအမံ ကတိ ကဝတ် တွေ မရှိဘဲ လက်နက်ကိုငတွေ အုပ်ချုပ်မည့် အခွင့် အရေး အတွက် ဆွေးနွေးနေကြတာ ဆိုရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘဝက စစ်အာဏာရှင် လက်အောက် ကနေ လွတ်အောင် ကျိုးစား လိုက်တာ လက်နက်ကိုင် စစ်ဘီလူး တွေ လက်ထဲရောက် (ရေနွေးအိုး ထဲမှာ ပူလို့ ခုန်ချတာ မီးပုံထဲကျ သွား သလိုဖြစ်) နေမှာ ဘယ်သူငြင်းနိုင် ပါသလဲ ခင်ဗျာ။ —


Wunna Phe Thaw




↧

"အမှန်တရား ကို မြင်အောင်ကြည့်ကြ"

$
0
0



kia သောင်းကျန်းတယ် ၊TNLA သောင်းကျန်းတယ်AA'သောင်းကျန်းတယ်၊ဖုန်ကြားရှင် သောင်းကျန်း တယ် ။

ရန် ကုန် မန္တလေး စစ်ကိုင်း နေပြည်တော်ဘာ ဖြစ်လည်း ဘာ မှ မဖြစ်ပါ ဘူး။အဲ့လောက်လည်း စွမ်းအား မရှိပါဘူး။

တကဲတမ်း စစ်ဘေး စစ်ဒဏ် သင့် ပြည်သူတွေဘဝ နိမ့်ကျ ခဲ့တာ အဲ့ဒီ ဒေသ အသီးသီးကပြည်သူ တွေ ပဲ ဖြစ် ပါတယ်။ဝ ဒေသ စစ်မတိုက် တော့ အတော်အသင့်တိုးတက် တယ် ဝ တပ်က အခြား သောင်းကျန်းသူ အဖွဲ့အတွင်း မှာ လည်း အာဏာရှိ လာတယ်။ပြည်သူ့နေထိုင်မှု ဘဝ လည်း မြင့် လာ တယ်။

အခု ဝစစ်တိုက်မယ် ထား ဘယ် နား မှာ တိုက်မှာ လည်း ဘယ်ပြည်သူ တွေ ထိခိုက် မလဲ ။စစ်ဆို တဲ့အမျိုးကကြာ လေ ပြာပုံဘဝ ရောက်လေ ပဲ ။ အဲ့ဒီ ဒေသ သာ ပြာပုံဖြစ်သွားလိမ့်မယ် မြန်မာပြည် ဘာမှ ဖြစ် လာစရာ မရှိဘူး။

ကာလကြာတာနဲ့အမျှ စစ်မရှိ တဲ့ ဒေသ ကစစအရာရာမြင့်မား လာ မယ် စစ်ဖြစ်တဲ့ဒေသက ကြာလေ နိမ့်လေ ကြာလေ နိမ့်လေ ဆိုးသည် ထက် ဆိုး လာ မှာ ပဲ ။ဒါက ဖင်ကပဲသုံးသပ် သုံးသပ် ခေါင်းကပဲ သုံးသပ်သုံးသပ်မလွဲတဲ့ အရာပဲ ။ ကြိုက်တဲ့အတိုက်အခံကြိုက်တဲ့ သောင်းကျန်းသူ သုံးသပ် ဒါကအမှန်တရား ပဲ ။

စစ်တိုက် တယ်ဆိုတာ စစ်သားကြည့် စစ်တိုက်နေတာ မဟုတ်ဘူး ။ စစ်သား တစ်ယောက်နောက်မှာ လူ၁၀ ယောက် လောက်အလုပ် မလုပ်ပဲ စစ်တိုက်လို့မရဘူး ။ ဒီအုပ်ချုပ်မှု လုပ်ငန်း တွေ မလုပ်နိုင်တဲ့တပ် ဟာ ဒေသ တွင်း ပျောက်ကြား ထက်ပို ပြီး ဘာ မှ လုပ် လို့မရ ပါဘူး။

မြန်မာ့တပ်မတော် နဲ့ယှဉ်ယှဉ်ပြီး ပြော တဲ့အထူး သဖြင့် မီဒီယာ တွေ ပေါ့ ။ အဝေးကြီးအကွာကြီး ပါ ။ ကြိုက်သလို သုံးသပ် ကြည့်ပါ။မြန်မာ့တပ်မတော် ဟာ ဘယ်ဒေသ ပတ်ဝန်းကျင် ဘယ်နိုင်ငံ ကို မဆို နာရီပိုင်းအတွင် ချီ စစ် တိုက်စစ် ခံစစ် ဆင် လို့ ရပါတယ် ။

မြန်မာ နိုင် ငံရဲ့ သောင်းကျန်းသူ တွေ ထဲ မှာဘယ်သောင်းကျန်းသူ က နယ်စပ်က ကျော်ပြီး အထဲကို ဝင် လာ နိုင် တဲ့စွမ်းအားရှိ လည်း။ပြောပြကြည့်ပါ။

ဒါကိုနားမလည်ပဲ ဘာတပ်မတော် ညာတပ်မတော်မြန်မာ့တပ်မတော် ကမ္ဘာအဆင့် ၁၅အင်အားရှိတဲ့တပ်မတော် ကျ တော့ အစိုးရ တပ် တဲ့သူပုန်ကျ တော့ ဘာ တပ်မတော် ညာ တပ်မတော်တဲ့ခင်ဗျား တို့မီဒီယာ သမား တွေက ခွေးလောက်တောင် အသိဥာဏ် မရှိ ကြ တော့ဘူး။

ပြည်သူ ကို အမှန်အတိုင်း သုံးသပ် ရေးသားပြ ကြည့် လိုက် လေ ။ တပ်မတော် ဆိုတာကပါစပ်က
ခေါ်တိုင်း ဖြစ်တာ မဟုတ်ဘုး။တပ်မတော် တရပ် ဖြစ်ဖို့ ပြည့်စုံရမဲ့အချက်တွေ ရှိ တယ် ။ ဒါကို လည်း မီဒီယာသမားတွေ မလေ့ လာ ဘူး ။

အမြင့် ဆုံး လုပ်ဆောင် ချက်က သူပုန်နဲ့ဖုန်းချိတ်မယ် သူပုန် ပြောတာ ရေးမယ် ဒီထက်ပိုပြီး ဘာမှ သုံးသပ် ရေးသား နိုင် တာ မရှိ ဘူး။

ဒါကြောင့် လည်း ဒီဘက်ခေတ် မီဒီယာကိုပြည်သူ က သောက်ထင် မကြီး တာ ပါ။နောက်လည်း ဒီလို ရေးနေသ၍ ထောင်ထဲသာ ရောက်သွား မယ် ။ဘာစာနယ်ဇင်းလောကမှတိုး တက် လာ စရာ အကြောင်းမရှိပါဘူး။

အမှန်တရား မရှိ တဲ့အနောက်အုပ်စုဆိုလက်ဝှေ့ထိုး တာ တောင်မှ အနိုင်ရတဲ့သူကိုအရှုံး ဖြစ် အောင် လုပ် ပစ်ကြတာ ဒါဟာမဟာ အမေရိကန် လူမျိုးကြီးဝါဒ ပဲအဲ့လက်ဝှေ့ပွဲကို တကမ္ဘာလုံး ကြည့် နေတာ
လည်း သောက်ဂရုမစိုက် ဘူး။ သူတို့ အနိုင် ပဲ ။

အခုလာ ပြန်ပါ ပြီ မြန်မာနိုင် ငံကို ဘာသာရေးလွတ်လပ်ခွင့် မရှိ တဲ့ နိုင် ငံစာရင်းထဲထည့်ဖို့ တဲ့ ။

အမေရိကန်ရဲ့ ဝါရှင်တန် ဒီစီမြို့ကြီး မှာဗလီတစ်လုံး ပဲ ရှိပါတယ် ။ အဲ့အစ္စလန်ဘာသာကို လည်း ထောက်လှမ်းရေးအဖွဲ့တရားဝင် ထား ပါတယ် ။

အီရတ်စစ်ပွဲ အာဖဂန်စစ်ပွဲ တွေ မှာ လည်းအစ္စလန် ဘာသာဝင် သန်းနဲ့ချီပြီးသတ်ခဲ့တဲ့ အမေရိကန် နိုင် ငံ ဘာသာရေးလွတ်လပ်ခွင့် ထိပ်ဆုံး မှာ ထား ပါတယ် ။သောက်သုံးမကျတဲ့ မီဒီယာ တွေ သောက်သုံးမကျတဲ့ တိုင်းပြည်သစ္စာ ဖောက် တွေကြားမှာ မြန်မာ နိုင် ငံက ကြာ ရေမြုပ် လေပါပဲ ။မြန်မာပြည် ဒိထက် သာ ဘာသာ ရေးလွတ်လပ်ခွင့် ပေး လို့က တော့ တစ်နိုင် ငံလုံး ခွေးဘာသာဖြစ်သွား ဖို့ပဲ ရှိ တော့ပါတယ် ။
တကယ်တော့ အမေရိကန်ကလည်း အဲ့လိုဖြစ် စေ ချင် တာ ပါ ။ဒါက အမေရိကန်ရဲ့သူနဲ့အစဉ် မပြေ တဲ့ နိုင် ငံ တွေ အပေါ် မှာ ထားတဲ့နိုင်ငံရေးမူဝါဒ တွေ ဖြစ်ပါတယ် ။မိမိနိုင် ငံကလည်း သောင်းကျန်းသူ ပေါင်းစုံလူမျိုးစု အရေး လောက် ပဲရှေ့တန်း တင် အများစုပြည်သူ ကို မျက် ကွယ် ပြု ပြီး သောင်းကျန်းကြကြာ လေ တိုင်းပြည် နစ် လေပါ ပဲ ။

ဘယ် တော့ မှလည်း တိုးတက် လာ မှာ မဟုတ်ပါဘူးလူမျိုး တောင် ဝါးမျိုး ခံသွား ရ ပါ လိမ့်မယ် ။အဲတော့ ဗမာလူမျိုး မုန်းတီးတယ် တိုင်းရင်းသားညီအကို မဟုတ် ဘူး ဆို ရင် သူသေကိုယ်သေသတ်ဖို့ပဲ ရှိ တယ် ။ ဗမာ တွေထဲမှာ တိုင်းရင်းသားတွေ အများကြီး နေ နေ ကြတယ်။ တိုင်းရင်းသားကြား မှာ ဗမာ နေ လို့မရဘူး ။ ဒါက ဘာကို ပြနေသလဲ ဆို ရင် အစွန်း ရောက် လူမျိုးကြီးဝါဒတွေ ကို တိုင်းရင်းသား အချို့ လက်ကိုင်ထားနေ ကြ လို့ပဲ ။

ကို့အကြောင်း ကို မမြင်ပဲ သူများအကြောင်းလက်ညိုးမထိုး ချင် ကြနဲ့ ပညာ တတ်အောင် သင် အသိဥာဏ်ပွင့် လင်း အောင်လုပ် ဒီနေ့ခေတ်မှာလူမျိုး ရေးခွဲခြား မှု နဲ့ ဘာသာ ရေးခွဲခြားမှုဟာစစ်ပွဲတွေ ရဲ့ အဓိက အခြေခံပဲ ။
တိုင်းရင်းသား မှ သတ္တိ ရှိ တာ ရိုးသားတာလာမလုပ်နဲ့ သောက်ကျင့်မကောင်းတဲ့ တိုင်းရင်းသားတွေ
ဘိန်းလုပ် နေပြီး သောက် ကြောက်ကြီး တဲ့တိုင်းရင်းသား တွေ လည်း မရေမတွက် နိုင် အောင်တွေ့ ခဲ့ ဘုးပြီး ပြီ။

လူထဲက လူ တွေ ချင်း ပဲ လူ မျိုးစုံ ရှိ တယ် ။ဗမာ မို့ ကရင် မို့ ကချင် မို့ ရှမ်း မို့ဆိုတာမရှိဘူး။သောက်ကျင့် မကောင်းတဲ့ကောင် က ဘာလူမျိုးဖြစ်ဖြစ် သောက်ကျင့် မ ကောင်းဘူး ဆိုတဲ့ အမှန် တရား ကို မြင် အောင် သုံးသပ် ကြ။

ကျော်စွာ









↧

“နိုင်ငံတကာမီဒီယာများတွင် ရခိုင်သတင်းများကို ဘက်လိုက်ရေးသားမှုများရှိနေကြောင်း ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါ ဝေဖန်”

$
0
0


မင်းပြား၊ မေ ၅

အနောက်နိုင်ငံများ၏ ရခိုင်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာမှားယွင်းမှုများကြောင့် နိုင်ငံတကာမီဒီယာမျာတွင် တစ်ဖက်သတ် ဘက်လိုက်ရေးသားမှုများတွေ့နေရကြောင်း ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရောက်ရှိနေ
သည့် ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါက ပြောဆိုလိုက်သည်။


“ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ သမိုင်းကိုပြန်ကြည့်ရင် ရခိုင်တွေဟာ ဘင်္ဂလီတွေအများဆုံးရှိနေတဲ့ စစ်တ
aကာင်းဒေသကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ဖူးတယ်။ ဒါကြောင့် ရခိုင်တွေအနေနဲ့လည်း ကိုယ်ပိုင်အနာဂတ်ကို အကောင်းဆုံးဖန်တီးသွားနိုင်မယ်လို့ ယုံကြည်တယ်”ဟု ပြင်သစ်သမိုင်း
ပညာရှင် ဒေါက်တာဂျက်လိုင်ဒါက ဆိုသည်။

ရခိုင်သမိုင်းအားလေ့လာပြီး ဒေါက်တာဘွဲ့ရရှိထားသည့် ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါသည်
မေ ၁ ရက်မှ ၆ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြားမြိုနယ်များတွင် လာရောက်လေ့လာ
aနခြင်းဖြစ်သည်။

“မြန်မာနိုင်ငံလို နိုင်ငံတာကာနဲ့အဆက်အဆံတွေကိုပိတ်ထားပြီးမှ ပြန်ပြီးဖွင့်လှစ်တဲ့နိုင်ငံတိုင်းလိုလိုမှာ နိုင်ငံတကာ
အဖွဲ့အစည်းတွေနဲ့ ပြဿနာတွေဖြစ်လာတာရှိတယ်။ နိုင်ငံတကာ UN အပါအဝင် INGO/ NGO အဖွဲအစည်းတွေဟာ ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံပေါင်းစုံကရလာတဲ့ အတွေ့အကြုံကို ဒီမှာစမ်းသုံးလေ့ရှိကြ
တယ်။ ဒေသခံတွေကို အလေးမထားကြဘူး။ ထိရောက်တဲ့စီမံချက်တွေဖြစ်အောင် ဒေသခံတွေကို သေ
ချာစစ်တမ်းကောက်ထားတာလည်း မရှိဘူး။ ဒါနဲ့ပဲ လုပ်ငန်းတွေက ဒေသမှာ မအောင်မြင်တော့ဘဲ
ပြဿနာတွေဖြစ်ရတယ်။”ဟု စစ်တွေမြို့တွင်ရောက်ရှိနေသည့် ဂျက်လိုင်ဒါကဆိုသည်။

လက်ရှိ ကုလသမဂ္ဂတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အလွတ်အကြံပေးအဖြစ် တာဝန်ယူထားသူ
ဒေါက်တာဂျက်လိုင်ဒါက ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားသော ရခိုင်ပြည်နယ်အရေးအခင်း၌ ကမ္ဘာ့နိုင်ငံပေါင်းများစွာ
တို့တွင်ပြောကြားနေသည့် ရိုဟင်ဂျာလူမျိုးဆိုသည်ကို ရခိုင်ဆိုင်ရာ သမိုင်းအထူးပြုလေ့လာခဲ့သည့်၎င်းအနေဖြင့် နားမလည်နိုင်ကြောင်း ပြောကြားလိုက်သည်။ “ကျွန်တော်က ဒီကဒေသခံတွေရဲ့ အဓိကခံစားချက်
တွေနဲ့ ပြောချင်တဲ့စကားတွေကို UN လိုအဖွဲ့အစည်းတွေကို ပြန်ပြောပြလို့ရအောင် လာရောက်တာဖြစ်ပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေထဲမှာမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးမယ့်အဖွဲ့တွေကို ရွေးချယ်ပေးတတ်ဖို့လိုတယ်”ဟု သမိုင်းပညာရှင် ဂျက်လိုင်ဒါက ဆိုသည်။

မင်းပြားမြို့ Public Center တွင် ဒေါက်တာဂျက်လိုင်ဒါသည် မင်းပြားမြို့ပေါ်ရှိ နိုင်ငံရေးပါတီများမှ ကော်မတီဝင်များ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ စီးပွားရေးသမားများအပါအဝင် လူ ၃၀ ခန့်တက်ရောက်ကာ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခြေအနေများအား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။



↧

စီးပွားဖြစ်တော်လှန် ရေး သမား များ

$
0
0

ကျနော် ဒီ post ကို မရေး ချင် ပါ ။ကျနော် အာဏာ ရှင် ကို အားပေးသူမဟုတ်ပါ။

ယခု fb သုံးနေသူ များ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကို မမှီသူ မရှိ လောက်ဘူးဟုယူ ဆ ပါ သည် ။ ကျနော်တို့ စစ်လော်ဘီဗိုလ်ချုပ်မှူး ကြီး သန်းရွှေ အကြောင်းမရေးရဲလို့ဟု ဆို ကြပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
အကြောင်း ကျ နော် တို့ မ ရေးပါ ။ ကျ နော် တို့ မ ရေးရ သော အကြောင်း အခိုင်အမာ ပြော နိုင်ပါသည် ။ သူ သည် ကျနော်တို့ကာ ချုပ် ဟောင်း ဖြစ်ပါသည်။ သူ့လက်ထက်တိုင်း ပြည် မတိုး တက် တာ မှန်ပါသည် ။

သို့သော် ယခု ဒီမိုကရေ စီ ခေတ် ထက်စာရင်များစွာ ငြိမ်း ချမ်း ခဲ့ပါသည်။kia မလှန်ရဲပါ ။TNLA မလှန်ရဲ AA ဆို တာ မြောင်းထဲ မှာပင်ရှိပါသည် ။ ဖုန် ကြား ရှင် ကိုးကန့်စိုင်းလင်းမိုင်း လား ပေါက်ယူ ချန်း ဝ လုံးဝ မလှုပ် ရဲခဲ့ပါ။
ထို ပြည် နယ် ထို ဒေ သမှ ဝန်ထမ်း ပြည်သူနားပြား အောင် အိပ် ရပါသည်။ ဘာစိုးရိမ် ပူ ပန်စရာ မှ မရှိ ခဲ့ ပါ ။ထိုအရာသည်အမှန် တရား ဖြစ်ပါသည်။

ယခု ဒီမိုကရေစီ ခေတ် ဖုန်းဆို ၁၅၀၀ အင်တာနက်ဆို ချွတ် ခနဲ သူပုန် အကုန်လုံး စာပွဲပေါ်ရောက်ခဲ့ပါသည် ။ ငြိမ်းချမ်းရေးက ရမလာခဲ့ပါ။ပြည်နယ် တိုင်း တွင် သူပုန် ထ နေ ပါသည်။သူပုန်သည် ဗိုလ်ချုပ်မှူးကြီကို တော့ ကြောက်ပါသည် ။ ဒီမို ကရေ စီ ကို တော့ လုံးဝ မကြောက်ပါ။ထို အချက်သည် မြင်သာ ထင်သာ အရှိဆုံး အချက်ဖြစ်ပါသည်။ ထို ခေတ်က လှုပ် တာနှင့် မြုပ် သွားမည် ဆို တာ သူပုန်တိုင်း သိ နေ၍ ဖြစ်ပါသည်။မီဒီယာ မလှုပ် ရဲပါ သူပုန် အကြောင်း အားပေးဖို နေ နေ သာသာ ဟ ပင် မဟ ရဲခဲ့ပေ။

တိုင်းပြည်အုပ်ချုပ် ဖို့ ပါရမီပါလာလို့ အုပ်ချုပ်နိုင် ခဲ့သူ ဘုန်းကံ ရှိ ခဲ့သူ မို့ ရပ်တည်နိုင်ခဲ့သူဖြစ် ပါသည်။ ကောင်းတာ ဆိုးတာသည် ကျနော်မပြော ပါ။မြန်မာ နိုင်ငံရဲ့အခြေ အနေ ကို သုံးသပ်၍ သောင်းကျန်သူ မှန်သမျှ ထ မလာ နိုင်အောင်စစ်အုပ်ချုပ် ရေး ဖြင့် ဖိနှိပ် ခြင်း သာ ဖြစ်ပါသည်။သူ့ ကြောင့် တိုင်းပြည် မြေ တစ်လက်မ ပင်
မလျော့ နည်း ခဲ့ပါ။

ထိုခေတ်ထိုအခါက မည့်သည့် နိုင် ငံ မည်သည့်မီဒီယာ မည်သည့် ကုလား ကိုမှ ဂရုစိုက်စရာလည်း မလို ခဲ့ပါ။

ယနေ့ fb သုံးသူ တို့ သူ့လက်ထပ်က ဆောက်လုပ် ဖောက်လုပ် ထားသည့် တံတားနှင့်လမ်းများ ပေါ်မှ ဖြတ်သန်း မသွားဖူးသူရှိပါသလား။

အဆိုးတွေ ရှိခဲ့ပါသည် သို့သော် ထို အဆိုးများသည် တပ်မတော် နှင့် မဆိုင် သော သူ၏ ပုဂ္ဂလိ က မိသားစု အဆိုး များ သာ လူကြီးမင်းတို့ တွေ့ရမည် ဖြစ် ပါသည်။

ပြည်သူ ဆင်းရဲ ခဲ့ပါသည် ။ တပ်မတော် သည်ခေတ်မှီ တပ်မတော် တစ် ခု အထိ တိုးတက်ခဲ့သလို တချိန် က အင်အား ထက် ၄ဆ တိုးပွားခဲ့ပါသည် ။တပ်မတော် သား မိသားစု ဆင်းရဲခဲ့ပါသည် ။

အကောင်း အဆိုးယှဉ် ပြောကြည် ကြပါ ။ သူသည် တိုင်း ပြည် ကို တောချစ်ခဲ့သည် ဆို သောအဖြေ မှာ ထင် ရှား စွာ တွေ့ နိုင် ပါသည်။

အာဏာရှင် စနှစ် ဖြစ် ၍ ခြစား မှု များရှိခဲ့ပါသည်။ရက်စက်မှု လည်း ရှိ ခဲ့ပါသည်။ ထို အချိန် ထိုသို့နှိပ်ကွပ် ထား ပြီး သူ သည် မြန်မာ ပြည်အားဒီမို ကရေစီ လမ်း ကို လျှောက် နိုင် ရန်လမ်းဖွင့် ပေး ခဲ့  ပါသည်။

သူသာ တိုင်းပြည်ကို မချစ် ခဲလျှင် မြောက်ကိုးရီးယား လို သူ ပြီး တော့ သူ မြေး အာဏာ လွှဲမွေးနိုင် ပါသည် ။ သူ မလုပ် ခဲ့ပါ။

ယခု ဘာဖြစ်တယ် ညာဖြစ် တယ် သူ့အားပြောဆို သူ များ ထို အချိန် က လု ဖြစ် လောက်ပြီထင် ပါသည် ။ ဘာ ကြောင် ယခု မှ သူ့အားပြော ရဲ သနည်း? သတ္တိ တွေ အခု မှ အရမ်းရှိနေ ပါသနည်း ။ခေတ် အခြေအနေအရ ယခု မှ ပြောလို့ရလို့ပြော ရဲခြင်း သာ ဖြစ်ပါသည်။ ks လို လူသည်ယခု မဟုတ်ရင် မဟုတ်ဘူး သာ ပြောမည်ဖြစ်
သည် ။ ထိုအချိန်ကလည်းမပြောခဲ့ ယခုလည်းမပြော ပါ။ ပြောလို့ရတဲ့ ခေတ်မှ ပြောရဲသည့်သူများ ထဲတွင် ks မပါ ပါ။

ထို အချက် ကို မယုံပါက ks တင် သောpostတွေ အစုံ လိုက် ဖတ် ကြည့် လိုက် ပါ တွေ့ပါလိမ်မည် ။

ယခု မှ ပုဆိုးခြုံ ပြီး သတ္တိ ပြ ရဲသူ မည်သူ့ကိုမှအထင် မကြီးပါ။ သောင်းကျန်းသူ ခြင်း အတူတူကို ပင် ထို ခေတ် ထို အခါက တိုက်ခိုက်ခဲ့သည့်ကရင် တိုင်းရင်းသား KNU အဖွဲ့ကိုသာ ရန်သူဖြစ် လင့် ကစား လေးစား သူဖြစ်ပါသည်။

ယခု ဒီမို ကရေစီ ခေတ် ကျ မှ တော် လှန်ရေးပါဟု အော် နေ သော kia TNLA AA ခွေးကြားရှင်လဝ ဘယ် အဖွဲ့ကိုမှ အထင် မကြီးပါ။

ထို အဖွဲ့များသည် ကိုယ်ကျိုးစီးပွားသာစဉ် ကဘာ တော်လှန် ရေးသမား မှ မဟုတ် စီးပွားရေးသမား များ ဖြစ် ပါသည်။ ယနေ့ ပြည်သူလူထုတင် မြှောက် မည့် ဒီမိုကရေစီ လက်ထက်မှတော် လှန် ရေး စကား ပြောသည့် စီးပွားဖြစ်တော်လှန် ရေး သမား များ ဖြစ်ပါ ကြောင်းရေးသား တင် ပြ လိုက် ပါသည်။

ဆဲမှသတ္တိ ထင် ရင် ဆဲ နိုင် ပါသည်။


ကျော်စွာ




↧
↧

ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခြင်း

$
0
0


တစ်နေ့က အွန်လိုင်းမီဒီယာတစ်ခုက တပ်မတော်ရဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ပတ်သက်တဲ့ ကြေညာချက်
အပေါ် အမြင်သိချင်လို့ အင်တာလာဗျူးတယ်။ ကျနော်က သတင်းစာဆရာဖြစ်တဲ့အတွက် သတင်းကျင့်ဝတ်အတိုင်း ရှုထောင့်နှစ်မျိုးနဲ့ အမြင်နှစ်မျိုးရှိတဲ့အကြောင်း ပြောပြီး နှစ်ဖက်စလုံး နားလည်မှု မလွဲစေနိုင်မယ့် နည်းလမ်းတစ်ခုပါ ထည့်ပြောလိုက်တယ်။ ဆိုလိုတာက နိုင်ငံတကာ စံနှုန်းနဲ့ ချဉ်းကပ်တာရယ်၊ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ မျက်မှောက် အခြေအနေအပေါ်မူတည်ပြီး တစ်ဖက်က ကြည့်နိုင်မြင်နိုင်တဲ့ ရှုထောင့်ရယ် အခြေခံပြီး လက်တွေ့လည်းကျ ဖြစ်နိုင်ချေလည်းရှိတဲ့ နည်းလမ်းပါ တွဲပြောလိုက်တယ်။ လာဗျူးတဲ့ သတင်းထောက်ကိုလည်း သေချာပြောလိုက်တယ်။ ပြောတာကို မျှတအောင်၊ လိပ်ပတ်လည်အောင် ထည့်ပေးဖို့။ သတင်းထောက်ကတော့ ဟုတ်ကဲ့လို့ ပြောသွားတာပဲ။ တက်လာတော့ သူတို့ လိုချင်တာပဲ ကွက်ယူပြီး တစ်ဖက်သတ် ပြောထားတာတွေ ဖြစ်နေတယ်။ ကျနော်တို့ သတင်းသမားတွေ၊ သတင်းမီဒီယာတွေကိုယ်တိုင် စိတ်ခံစားချက်သက်သက်နဲ့ တစ်ဖက်သတ် အဲလိုလုပ်နေရင် နကိုကတည်းက တစ်ဖက်က အမြင်စောင်းနေတာကို ဘယ်လိုလုပ် တည့်အောင် လုပ်ပေးလို့ရတော့မလဲ။ နောက်တစ်ခါ အဲဒီမီဒီယာက အင်တာလာဗျူးရင် ကျနော် ဘယ်ပြောရဲတော့မလဲ။

ကျနော် အဲဒီ သတင်းမီဒီယာကိုပြောချင်တာက တက်ကြွလှုပ်ရှားသူလုပ်ချင်ရင် အဖွဲ့အစည်းတစ်ခုခုကို ဒါမှမဟုတ် အာဏာရအစိုးရကို တစ်ဖက်သတ် ဝေဖန်ကန့်ကွက်ချင်ရင် အမြဲတမ်းအတိုက်အခံလုပ်နေချင်ရင် သတင်းသမား
မလုပ်ပါနဲ့။ ကိုယ်နဲ့ စိတ်တူ၊ ကိုယ်တူ၊ အရောင်အသွေးတူ၊ ခံစားချက်တူ၊ ရင်ခုန်သံချင်းတူတဲ့ အဖွဲ့အစည်းကိုဝင်ပြီး တက်ကြွလှုပ်ရှားသူအဖြစ်နေပါ။ သတင်းသမားစစ်စစ်ဖြစ်ချင်ရင် သတင်းစာကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာပြီး တတ်နိုင်သလောက် ဘက်မျှအောင် သတင်းဖော်ပြရတယ်။

သတင်းအတတ်ပညာမှာကိုက သတင်းသမားတစ်ယောက်က သတင်းတင်ပြတဲ့အခါ ကိုယ့်ရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်း စိတ်ခံစားချက်နဲ့ လိုချင်တဲ့ ရှုထောင့်တစ်ခုကနေ ကွက်ပြီး သတင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ အစိုးရတစ်ရပ်၊ ပါတီတစ်ခုကို အများအမြင်စောင်းသွားအောင် တမင်ရည်ရွယ်ပြီး မလုပ်ရဘူး။ ဒါ သတင်းသမားတိုင်း မဖြစ်မနေ လိုက်နာရမယ့် ကျင့်ဝတ်။ ဒီဘက်ခေတ်မှာတော့ အထူးသဖြင့် မြန်မာပြည်မှာ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်ပြောချင်တာ၊ ကိုယ့်အယူအဆ၊ အမြင်ရှုထောင့်တစ်ခုကနေ အထိုင်ချပြီး ဘက်လိုက်ပြီး မမျှတတဲ့ တင်ပြမှုတွေ၊ တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ကို အများအထင်လွဲသွားအောင်၊ အထင်ကြီးသွားအောင် တမင် နှိမ်ချ၊ မြှောက်ပင့်ပေးတဲ့ လုပ်ကြံ၊ လော်ဘီ တင်ပြမှုတွေ အတွေ့ရများလာတယ်။ ဒါကို သတင်းအတတ်ပညာထင်နေရင်တော့ သိပ်ကိုလွဲနေပြီလို့ပြောရမယ်။ ဒါမျိုးက မီဒီယာကို ကိုယ်ကျိုး၊အတ္တ၊ ကိုယ့်စိတ်ခံစားချက်နဲ့ လက်နက်လိုသုံးပြီး တိုက်ခိုက်၊ မြှောက်ပင့်ပေးနေတာပဲ။

ကျနော့်လိုပဲ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအရာရှိတွေ၊ ကုမ္ပဏီ လုပ်ငန်းရှင်တွေကိုရော အဲလိုလုပ်နေရင် မီဒီယာအပေါ်မှာ ယုံကြည်မှုကျသထက်ကျ သွားမှာပေါ့။ ယုံကြည်မှု မရှိရင် လေးစားမှုဘယ်လိုမှ မရနိုင်ဘူး။ အဲဒါဆို အာဏာရှင်စနစ်တစ်လျှောက်လုံးကနေ ဒီနေ့အထိ ပုံအဖျက်ခံထားရတဲ့ မီဒီယာတွေအပေါ် အမြင်စောင်းတာတွေ၊ အထင်သေးတာတွေ၊ ရန်လိုနေတာတွေက ဒီလို ကျင့်ဝတ်နဲ့ မညီတဲ့ သတင်းမီဒီယာအယောင်ဆောင်တွေကြောင့်လည်း ပါတယ်။ ဒီနိုင်ငံ၊ ဒီလူ့အဖွဲ့အစည်း ဖြတ်သန်းလာတဲ့ သမိုင်းကြောင်း၊ အာဏာတောက်လျှောက် ယူလာခဲ့သူတွေရဲ့ နောက်ကျောမလုံမှု၊ အာဏာ၊ စည်းစိမ် ကာကွယ်လိုမှု၊ ကြောက်စိတ်တွေနဲ့ မျက်မှောက် နိုင်ငံရေးအခင်းအကျင်းတွေကို အခြေပြုပြီး တတ်နိုင်သလောက် သိက္ခာရှိတဲ့ ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားတည်ဆောက်နေတဲ့ သတင်းသမားတွေ၊ မီဒီယာတွေကို ဒီလို စိတ်ဒဏ်ရာသင့်နေတဲ့ စုန်းပြူး မီဒီယာ အယောင်ဆောင်တွေ၊ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းအကြိုက် တစ်ဖက်သတ် ဝါဒဖြန့်ပေး၊ လှုံ့ဆော်သွေးထိုးပေးပြီး အာဏာရှင်စနစ်ရဲ့ သားကောင်ဖြစ်ခဲ့တဲ့ ပြည်သူအားလုံးကို ဒေါသနဲ့ စိတ်ခံစားချက်တွေကို ဖွဲမီးလို တစ်ငွေ့ငွေ့လောင်မြိုက်နေအောင် အဆိုးတွေကိုပဲ မီးမောင်းထိုးနေတဲ့သူတွေ ရှိနေသမျှ ကျနော်တို့ သတင်းမီဒီယာလောကအပေါ် အထင်လွဲခံနေရဦးမှာပဲ။

နောက်တစ်ခါတော့ အဲဒီမီဒီယာမျိုးကို ကျနော် အင်တာဗျူးလက်ခံဖို့ တော်တော်ဝန်လေးသွားပြီလို့ပဲ ပြောချင်တယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတဲ့ကိစ္စက လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အထူးသဖြင့် ကျနော်တို့ လောကထဲမှာ ပိုဆိုးတာပေါ့။ ကျနော်ကတော့ ကျနော့်ကို ချစ်တာ၊ မုန်းတာ၊ ရန်လိုတာတွေကို ကြောက်ပြီး
ပြောသင့် ပြောထိုက်တာ မပြောမိရင် ကိုယ့်လိပ်ပြာကိုယ်တောင် မလုံဖြစ်မှာပဲ စိုးတယ်။ အဲဒီအတွက် ကျနော် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရတယ်။

လောလောဆယ်တော့ လုပ်ဖော်ကိုင်ဖက် မျိုးဆက်သစ်လူငယ် သတင်းသမားတွေ professional media နဲ့ activist media, propaganda media ကွာခြားချက် ကွဲပြားကြပါစေ။ ပြည်သူလူထုအပါအဝင် နိုင်ငံရေးပါတီတွေ၊ အာဏာသုံးရပ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးရဲ့ ယုံကြည်လေးစားအပ်တဲ့၊ သိက္ခာ သမာဓိရှိတဲ့ သတင်းသမားကောင်း ဖြစ်အောင် သင်ယူလေ့လာအားထုတ်ပြီး မိမိကိုယ်ကိုယ် တည်ဆောက် ပြုပြင်နိုင်ကြပါစေလို့ ဆုတောင်းပေးရုံမှ တစ်ပါး....။



ကျော်မင်းဆွေ





↧

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်လှနှင့် တွေ့ဆုံခြင်း

$
0
0

============================================

ရဲလွင် တွေ့ဆုံမေးမြန်းသည်။

မြန်မာအလုပ်သမားများကို အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းချနှိပ်စက်ခိုင်းစေနေကြောင်း အေပီသတင်းဌာန
၏ ရေးသားဖော်ပြမှုနောက်ပိုင်းတွင် အဆိုပါ အလုပ်သမားများကို ပြန်လည်ခေါ်ဆောင်ရန်အတွက်
ပြည်ထဲရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လဝကစသည့်ဌာနများပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလဒုတိယအပတ်တွင် အင်ဒိုနီးရှားသို့ သွားရောက်ခဲ့ကြသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မေလ ၃ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အတွက် ယင်းအဖွဲ့တွင်ပါဝင်သော မြန်မာနိုင်ငံ လူကုန်ကူးမှု
တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်လှကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

►လက်ရှိအင်ဒိုနီးရှားမှာရှိတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နောက် ဆုံး အခြေအနေလေး ပြောပြပေး ပါ။

လက်ရှိ မြန်မာလုပ်သား ၃ဝဝ ကတော့ အင်ဒိုနီးရှား အစိုးရရဲ့ စောင့်ရှောက် မှုအောက်မှာရှိနေပါတယ်။ ဘင်ဂျီးနားကျွန်းက ငါး ဖမ်းလှေတွေပေါ်မှာ ကျန်နေတဲ့ လုပ်သား ၁၉၉ ယောက်ကတော့ သိပ်ပြီး စိတ်ချရတဲ့ အခြေအနေ မရှိသေးဘူး။ လုံခြုံရေးစိတ်မချ ရသေးဘူး။ အဲဒီက ဒီကိစ္စက ကမ္ဘာကျော်ဖြစ် သွားတဲ့ကိစ္စဆို တော့ ဒီအလုပ်သမားတွေ အလုပ် လုပ်တဲ့ ကုမ္ပဏီတွေက အရင်လို ဆိုးဆိုးဝါးဝါး မဆက်ဆံရဲတော့ ဘူး။ အဲဒီက အလုပ်သမားတွေ ကတော့ ငါးဖမ်းစက်လှေနဲ့ ပဲ့နင်း တွေရဲ့ အောက်မှာရှိနေသေးတယ်။

►အလုပ်သမားတွေ ဖမ်းဆီး အ ကျဉ်းချခံရတယ်ဆိုတော့ ဒီလို အ ဖြစ်မျိုးကြုံတွေ့ခဲ့ရတဲ့ အလုပ်သ မားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဘာ တွေပြောင်းလဲသွားပါလဲ။

အလုပ်သမားတွေ အကျဉ်းချ နှိပ်စက်ခံရတယ်ဆိုတာတော့ အ ကုန်လုံးမဟုတ်ပါဘူး။ ပဲ့နင်းတွေ ဘာတွေနဲ့ အဆင်မပြေတဲ့သူတွေ ကို လုံခြုံရေးဝန်ထမ်းတွေနဲ့ ပေါင်း ပြီး ထိုးကြိတ်တာတွေရှိတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။ အလုပ်သမား ၅၃၅ ယောက်မှာ လေးယောက် ပြန်မလိုက်ဘူး။ တစ်ယောက်ကတော့ စိတ်ကစင့် ကလျားဖြစ်ပြီး ထွက်ပြေးသွားတယ် လို့သိရတယ်။ ကျွန်တော်တို့နဲ့ တော့ မတွေ့ဖြစ်လိုက်ဘူး။
နှစ် ယောက်ကတော့ မိသားစုရှိတဲ့ အတွက် ပြန်မလိုက်ချင်ဘူးပြော တယ်။
ကလေးတစ်ယောက်က တော့ မတွေ့ဖြစ်လိုက်ဘူး။ ကျန် တာကတော့ ဆိုးဆိုးဝါးဝါးမရှိပါ ဘူး။ ပြန်လိုက်မယ့်အထဲက တစ် ယောက်ကတော့ လမ်းလျှောက်ဖို့ နည်းနည်း အခက်အခဲ ဖြစ်နေ တယ်။ ရေခဲတွေထိတာများတော့ တာဝန်ရှိသူတွေနဲ့ ဆရာဝန်ကို သွားပြတော့
လေ့ကျင့်ခန်းလုပ်ရင် ပြန်ကောင်းသွားမှာပါလို့ ပြော တယ်။

►ပြန်ခေါ်လာမယ့်အလုပ်သမားတွေ ဘက်က ဘာတွေတောင်းဆိုတာ တွေရှိပါသလဲ။

မြန်မာလုပ်သားတွေဘက်ကတောင်းဆိုတာတော့ မရှိပါဘူး။ အင်ဒိုနီးရှားအစိုးရကတော့ သူတို့ မှာရှိတဲ့ လူကုန်ကူးရဲတပ်ဖွဲ့နဲ့ အဲ ဒီကိစ္စအပေါ် အရေးယူဖို့လုပ်နေ ပြီ။ သူတို့ဆီကရှေ့နေများအဖွဲ့က လည်း အခမဲ့ ရှေ့နေလိုက်ပေးမယ် လို့ ပြောတယ်။

►ဒီအလုပ်သမား ၅ဝဝ ကျော်ကို ဘယ်လို နည်းလမ်းတွေနဲ့ ပြန် ခေါ်လာဖို့ ရှိပါသလဲ။ ဘယ်နှ သုတ်ခွဲပြီး ပြန်ခေါ်လာမှာလဲ။

ကျွန်တော်တို့ ဒါကိုတော့ အတိအကျပြောဖို့ ခက်ပါတယ်။ ဘင်ဂျီးနားကနေ အမ်မွန်းထိ အင် ဒိုအစိုးရက တာဝန်ယူခေါ်မယ်။ ဂျကာတာကနေ မြန်မာနိုင်ငံ အထိကတော့ မြန်မာအစိုးရက တာဝန်ယူခေါ်မယ်။ အဲဒီကနေ ကျန်တဲ့ အပိုင်းကိုတော့ ပြည်တွင်း အဖွဲ့အစည်းတွေက တာဝန်ယူ မယ်။ ဒီလ ၁ဝ ရက်နဲ့ ၁၅ ရက် အတွင်းမှာ လေယာဉ်နှစ်စီးနဲ့ လူ ၂၄ဝ ၊ ၁၈ ရက်နဲ့ ၂၂ ရက်မှာ လေယာဉ်နဲ့ ၂၄ဝ။ အဲဒီလိုခေါ်ဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ အတိ အကျပြောဖို့ခက်တယ်။ ဘာလို့လဲ ဆိုတော့ သင်္ဘောနဲ့ခေါ်ရင် တစ် ခါတည်း
အားလုံးကို ခေါ်လို့ရ တယ်။ ကြာမယ်။ လေယာဉ်နဲ့ ခေါ်ရင် မြန်မယ်။ ဒီတော့ ဘာနဲ့ အဆင်ပြေဆုံးဖြစ်မလဲ ။ အားလုံး ကို တာဝန်ရှိသူတွေက ညှိနှိုင်းနေ တယ်။ ဘယ်အချိန်အပြီးဆိုတာ တော့ ပြောရခက်ပါတယ်။ ဟို ဘက် ဒီဘက် အစိုးရအဆင်ပြေတဲ့ အချိန်သယ်ရမှာလေ။ ဟိုမှာက မြန်မာအလုပ်သမား အများဆုံးပဲ။ ကျန်တဲ့ လူနည်းစု တခြားနိုင်ငံ သားတွေတောင် လာခေါ်ဖို့ မစီ စဉ်သေးဘူး။ကျွန်တော်တို့မှာလည်း အခက်အခဲတွေ အများကြီး ရှိ နေတယ်။









↧

တောထဲဝင်နေတဲ့ ကျားကို အမြီး မဆွဲနဲ့

$
0
0


အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ပြေးအပြီး ဂျပန်တပ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဦးဆောင်တဲ့ BIA၀င်လာတော့ တိုင်းပြည်က ခေတ်ပျက်နေပြီ။ သူခိုး၊ဓါးပြအလွန်ပေါသလို ရွာတွေဟာလည်း ကိုယ့်ရွာလုံခြုံရေးကို ကိုယ့်ဟာကိုယ် လုပ်နေကြရတယ်။ လူစိမ်းတယောက်ကို တွေ့ရင်ကို ဓါးတွေ လှံတွေနဲ့ ၀ိုင်းလိုက်ကြ၊ မမေးမမြန်းပဲ သတ်ကြ ဖြတ်ကြတာတွေအထိ ရှိခဲ့ဖူးတယ်။

BIAတပ်တွေကပဲ ရောက်လေရာ အရပ်မှာ မြို့ပြအုပ်ချုပ်ရေးကို တာဝန်ယူရတယ်။ အဲလို တာဝန်ယူတော့ အင်္ဂလိပ်ခေတ်တုန်းက အင်္ဂလိပ်နဲ့ အကြောင်းအပေါင်းသင့်ပြီး ချမ်းသာလာသူတွေ အင်္ဂလိပ်လက်ထက်တုန်းက ရာထူးရာခံရှိသူတွေကပဲ မြို့ပြအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ကြတယ်။ တချို့ဒေသတွေမှာ BIAတပ်မှူးတွေကို ခါးပိုက်ထဲ ကောက်ထည့်လိုက်တဲ့ အထိ ရှိခဲ့တယ်။ နိုင်ငံရေးစားဖားကြီးတွေလို့ ဆိုရမယ်။ ငွေ၊ ဂုဏ်၊ အာဏာ အမြဲရှိကြတယ်။

မြန်မာပြည်ကို ၀င်လာတဲ့ ဂျပန်တပ်မကြီး၃ခုဟာ တိုက်ရည်ခိုက်ရည်နဲ့ ရဲရင့်မှုပြည့်ဝလှပေမယ့် အုပ်ချုပ်ထောက်ပံ့မှု ညံ့ဖျင်းမှုကြောင့် အိန္ဒိယနိုင်ငံ၊ အင်ဖာလွင်ပြင်မှာ စစ်ရှုံးတယ်။ နောက်တော့ မဟာမိတ်တပ်တွေ မြန်မာပြည်ကို ပြန်ဝင်လာတယ်။ ဂျပန်တွေ ယိုးဒယားနိုင်ငံထဲကို ဆုတ်ပြေးတယ်။ ၃ပုံ၁ပုံလောက်ပဲ ယိုးဒယားထဲကို ပြန်ရောက်တယ်။ ကျန်တာတွေက ဆုတ်ရင်း ပြေးရင်းနဲ့ စစ်တောင်းမြစ်ဝှမ်းမှာ သေကြတယ်။

အင်္ဂလိပ်တွေ(မဟာမိတ်တွေ)ပြန်ဝင်လာတော့လည်း မြို့ပြအုပ်ချုပ်ရေးကို ပြန်ထူထောင်ကြတယ်။ သူတို့ရဲ့ လူဟောင်းတွေကိုပဲ ရာထူး၊ရာခံပေးပြီး နေရာပေးတယ်။ အဲဒီလူတွေဟာ BIAခေတ်မှာလည်း နေရာရခဲ့ကြတယ်။ အင်္ဂလိပ်သခင်ကြီးတွေ ပြန်ဝင်လာတော့လည်း နေရာရတာပဲ။

တဖန် လွတ်လပ်ရေးရအပြီး ဖဆပလခေတ်မှာလည်း အဲဒီလူတွေက ရှင်သန်ပြန်တယ်။ တချို့ဆို ဖဆပလမှာ နေရာကောင်းတွေအထိ ရကြတယ်။

ပြန်ဖတ်ကြည့်အုံးနော်။ BIAခေတ်၊ အင်္ဂလိပ်ပြန်ဝင်လာတဲ့ခေတ်၊ လွတ်လပ်ရေးရအပြီး ဖဆပလခေတ်။.ခေတ်၃ခု ဆက်တိုက် ရှင်သန်ကြတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ်၆၀လောက်က အခြေအနေတွေ။ အခုကလည်း အဲလိုတွေ ရှိတာပဲ။

တပ်မတော်အစိုးရလက်ထက်မှာ တပ်နဲ့ အကြောင်းအပေါင်းသင့်ပြီး ချမ်းသာလာသူတွေ ဒုနဲ့ဒေးပဲ။ တပ်မတော်က အရပ်ဘက်အုပ်ချုပ်ရေးကို တာဝန်ယူတာမို့ BIAခေတ်တုန်းကလိုပဲ ခါးပိုက်ထဲ ကောက်ထည့်ခံလိုက်တဲ့ အရာရှိကြီးတွေလည်း အများကြီးပဲ။ ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးကို ဖျက်သိမ်းလိုက်တော့ ပိုဆိုးလာတယ်။ ၂၀၀၄နောက်ပိုင်းမှာ ပိုဆိုးလာတာပေါ့။ ခေတ်ပျက်သူဌေးတွေ ဒင်းကြမ်းပဲ။ ထောက်လှမ်းရေးပျက်တော့ ကြံ့ခိုင်ရေးအသင်းလည်း ပိုထိပ်ရောက်လာတယ်။ ပါဝါပိုမြင့်လာတယ်။ ကြံ့ခိုင်ရေးနဲ့လည်း ပေါင်းကြတာပဲ။

နောက်တော့ ၂၀၁၀ရွေးကောက်ပွဲ။ NLDက ရွေးကောက်ပွဲ သပိတ်မှောက်သမို့ နှစ်ဘက်ခွတာတွေ ဘာတွေ သိပ်မရှိကြသေးဘူး။ ရှိလာတာက ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကို NLD၀င်တော့ ရှိလာကြတာပဲ။ အရင်ခေတ်တုန်းက လာသမျှ တိုင်းမှူးရှေ့မှာ ဟုတ်ကဲ့ .. အဘဆိုပြီး လက်ကလေးနောက်ပစ်၊ ခါးညွတ်ခဲ့တဲ့လူတယောက်ဆို ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ NLDအောင်နိုင်ရေးအဖွဲ့ထဲ ပါလာတာကိုတောင် မြင်ဖူးသေးရဲ့။

ကြားဖြတ်ရွေးကောက်ပွဲကို NLDလည်း နေရာပြည့်နီးပါးနိုင်သွားကော NLDမှ NLDကြတယ်။ NLDရုံးဟူသမျှဟာ စည်းကားသိုက်မြိုက်နေတာပဲ။ အဲဒီလို ၀ိုင်းလာကြတဲ့ လူတွေထဲက တ၀က်လောက်က အရင်ခေတ်တွေတုန်းက တပ်နဲ့၊ ထောက်လှမ်းရေးနဲ့၊ ကြံ့ခိုင်ရေးနဲ့ ပေါင်းခဲ့၊ ချမ်းသာခဲ့ကြသူတွေပဲ။

တချို့ဒေသတွေဆို အတော်လေးကို ဆိုးဝါးတယ်။ အနှစ်၂၀လောက် ဘ၀ပျက်ခံ၊ ထောင်ကျခံပြီး NLDအတွက် အလုပ်လုပ်ခဲ့ကြသူတွေက ဘေးရောက်သွားပြီး ၂၀၁၂နောက်မှ ၀င်လာကြသူတွေက နေရာဝင်ယူကြလေရဲ့။ စိတ်မကောင်းစရာပါ။ အမတ်နေရာမှန်းနေကြသူတွေကလည်း ရိုက်သတ်လို့ မကုန်ဘူး။

အခုအတိုင်းက ဒေါ်အောင်ဆန်းစုကြည်ရှိနေတုန်းတော့ ထိန်းထားနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်မရှိတော့ရင်တော့ ကွဲကြ၊ ပြဲကြ၊ ဆဲကြ၊ ကလော်ကြပြီး NLDဟာ ပျက်စီးလိမ့်မယ်။

တကယ် စေတနာမှန်ကို ပြောရရင်တော့ NLDကို ဆက်လက်တည်တံ့နေစေချင်ပါတယ်။ ဒီမိုကရေစီသက်တမ်းရင့်မာလာတဲ့အခါမှာ အမေရိကားမှာလိုပဲ အဓိက အင်အားကြီး ပါတီကြီး၂ခု(ပြည်ခိုင်ဖြိုးနဲ့NLD)နဲ့ တခြားပါတီငယ်တွေ ရှိပေါ့။ ပြည်ခိုင်ဖြိုးတခုထဲ အင်အားကြီးပြီး ကျန်ခဲ့ရင်လည်း မကောင်းနိုင်ဘူးကိုး။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါအုံးမယ်။ NLDကို အဓိက မကြိုက်ရတဲ့အချက်က NLDက လူအများစုဟာ တပ်မတော်ကို သွားပြီး တိုက်ခိုက်နေတတ်တာကိုပဲ။

ဒါဟာ လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့နိုင်ငံရေးရဲ့ မဟာ့မဟာအလွဲကြီးပဲ။ အခုထိလွဲနေကြတုန်းပဲ။ တပ်မတော်အစိုးရအုပ်ချုပ်နေတုန်းက တပ်မတော်ကို တိုက်ခိုက်ကြတာကို လက်ခံပါတယ်။ ပြည်သူက ရွေးချယ်ထားတဲ့အစိုးရမဟုတ်ဘူးဆိုတဲ့ တချက်နဲ့တင် ငါနဲ့ပဲ ကိုင်တုပ်တုပ်၊ လက်နက်ကိုင် သူပုန်ထထ၊ ဆန္ဒပဲ ပြပြ၊ နိုင်ငံခြားမှာပဲ အတင်းပြောပြော၊ လက်ခံပါတယ်။

ဒါပေမယ့် အခုက ခေတ်ပြောင်းနေပြီလေဗျာ။ သေချာတွေးကြည့်ရင် ခေတ်ကို နောက်ပြန်ဆွဲနေကြတာက အဲဒီNLDက လူအများစုပဲ။

အခုက အရပ်သားအစိုးရအုပ်ချုပ်နေပြီ။ အရင်ခေတ်ကလို တပ်မတော်က အုပ်ချုပ်ရေးထဲ မပါတော့ဘူး။ ခင်ဗျားတို့ မျက်စိမှိတ်အော်မနေနဲ့။ ပတ်ဝန်းကျင်ကိုလည်း ကြည့်ကြအုံး။

ဥပမာပြောပြမယ်။ အရင်က ကန့်ဘလူကို တိုင်းမှူးလာတယ်ဆိုရင် အကုန်လုံး ပြာယာခတ်နေရတယ်။ တိုင်းမှူးယဉ်တန်းကလည်း တခမ်းတနားပဲ။

လွန်ခဲ့တဲ့ ၃နှစ်လောက်က ကား၃စီး မြို့လယ်လမ်းက ဖြတ်သွားတယ်။ ဘယ်သူပါလိမ့်လို့ တွေးနေတာ။ ညနေရောက်မှ အသိရဲတယောက်ကို အဲဒီကား၃စီးက ဘယ်သူတွေလဲလို့မေးတော့ တိုင်းမှူးတဲ့။

အဲဒီလို ပြောင်းလဲနေပါပြီ။ တပ်ဟာ အရပ်ဘက်နဲ့ လုံးဝ ကင်းကွာသွားပါပြီ။

နိုင်ငံရေးသမားတွေရဲ့ ပန်းတိုင်ဟာ တိုင်းပြုပြည်ပြုလုပ်ဆောင်ဖို့ မဟုတ်ပဲ .. တပ်မတော်ကို တိုက်ခိုက်ဖို့ပဲ ဖြစ်နေကြတာကို ပြင်သင့်ပြီ။

တောထဲ ပြန်ဝင်သွားနေတဲ့ ကျားကို အမြှီးလိုက်မဆွဲကြပါနဲ့။

ဥက္ကရွှေဝင်း







↧

သင်မသိသေးသော မြောက်ကိုရီးယားမှ အံ့သြဖွယ်ရာများ

$
0
0


...
(၁) ရာမ ခေါ် စိတ်ကြွရူးသွပ်ဆေးပြားများကို မြောက်ကိုရီးယားနိုင်ငံအနှံ တရားဝင်နီးပါး အသုံးပြုကြပါတယ်။ အမောခံနိုင်ဖို့၊ အလုပ်ထဲမှာ စိတ်ကြည်ဖို့၊ အအေးဒဏ်ခံနိုင်ဖို့ နဲ့ အစာရေစာရှားပါးနေချိန်တွေမှာ အဆာခံနိုင်ဖို့ မြောက်ကိုရီးယားတွေဟာ ရာမကို ရေနွေးကြမ်းထဲမှာ ထည့်သောက်ကြပါတယ်။


(၂) မြောက်ကိုရီးယားမှာ ဆံပင်ပုံစံကို မိမိစိတ်ကြိုက်ထားလို့ မရပါဘူး။ အမျိုးသားတွေရော အမျိုးသမီးတွေပါ အစိုးရကသတ်မှတ်ပေးထားတဲ့ ဆံပင်ပုံစံ(၂၈)မျိုးထဲက မိမိနှစ်သက်ရာတစ်မျိုးကို ရွေးထားရပါတယ်။ ဆံပင်ပုံစံတွေကို comment မှာဖေါ်ပြထားပါတယ်။

(၃) မြောက်ကိုရီးယားသတင်းစာတွေမှာတော့ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ
ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်ကြောင်း အမြဲတစေဖေါ်ပြပါတယ်။

(၄) မြောက်ကိုရီးယားမှာ နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုရှိပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကြယ်တစ်ပွင့်သာ ရရှိပါတယ်။

(၅) မြောက်ကိုရီးယားအစိုးရဟာ ယင်းတို့ရိုးရာစားသောက်ဆိုင်တွေကို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ခဲ့ပြီး အစိုးရအတွက်ဝင်ငွေရှာနေရပါတယ်။

(၆) ဆွေသုံးဆက်မျိုးသုံးဆက်အပြစ်ပေးခြင်း (Three Generations of Punishment) ဆိုတဲ့ပြစ်ဒဏ်ဟာ မြောက်ကိုရီးယားဥပဒေမှာရှိနေပြီး အဆိုပါအပြစ်ဒဏ်ချမှတ်ခံရသူဟာ ကိုယ်တိုင်သာမက သူ့ရဲ့မိသားစု(မြေးအထိ) ထောင်ထဲမှာ အသက်ဆုံးသည်အထိ နေထိုင်သွားရမှာဖြစ်ပါတယ်။

(၇) မြောက်ကိုရီးယားပြည်သူတွေဟာ တပါတ်မှာခြောက်ရက် အလုပ်လုပ်ကြရပြီး ကျန်တဲ့တစ်ရက်ကတော့ ပြည်သူ့တာဝန် (အမှိုက်ကောက်ခြင်း၊ မြောင်းတူးခြင်း၊ စစ်ရေးပြကျင့်ခြင်း စသဖြင့်) ထမ်းဆောင်ရမှာဖြစ်လို့ အားလပ်ရက်ဆိုတာ မရှိပါဘူး။

(၈) ဆေးခြောက်ကို တရားဝင်အသုံးပြုကြပြီး အစိုးရကိုယ်တိုင်က ကျန်းမာရေးအတွက်သင့်တော်သော
ဆေးလိပ်အစားထိုးပစ္စည်းအဖြစ် အသုံးပြုပါတယ်။ နိုင်ငံအနှံ့မှာလည်း ဆေးခြောက်ပင်တွေကို လမ်းဘေးမှာတင် တွေ့နိုင်ပါတယ်။

(၉) ကင်ဂျုံအီရှိစဉ်က မြောက်ကိုရီးယားသတင်းစာတွေမှာ ကင်ဂျုံအီအကြောင်းကို နတ်ဘုရားတစ်ပါးလို ဖေါ်ပြခဲ့ပြီး သူဟာ အသက်သုံးပါတ်မှာ လမ်းလျှောက်ကြောင်း၊ အသက်ရှစ်ပါတ်မှာ စကား စပြောကြောင်း၊ တက္ကသိုလ်တက်နေစဉ် သုံးနှစ်တာကာလအတွင်း ကမ္ဘာ့အဖိုးတန်ဆုံးစာအုပ် (၁၅၀၀)အုပ်ရေးသားခဲ့ကြောင်း၊ ကင်ဂျုံအီရေးသားတဲ့ပြဇာတ်တွေဟာ ကမ္ဘာ့အကောင်းဆုံးပြဇာတ်တွေဖြစ်ခဲ့ကြောင်း၊ ကင်ဂျုံအီဟာ (၁၉၉၄)က
နိုင်ငံအတွင်းရှိ တစ်ခုတည်းသော ဂေါက်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂေါက်သီးကစားခဲ့ကြောင်း၊ အဆိုပါဂေါက်သီးကစားစဉ် (၁၁)ကြိမ်တိတိ တချက်တည်းနှင့် ကျင်းဝင်ခဲ့ကြောင်း၊ ဒါ့ကြောင့် (ဂေါက်သီးရိုက်တာဟာ သူ့အတွက် လွယ်လွန်းနေတာကြောင့်) နောက်ထပ်မကစားတော့ကြောင်း စသဖြင့် နေ့စဉ်ဖေါ်ပြနေခဲ့ပါတယ်။

(၁၀) မြောက်ကိုရီးယားမှာ ကျောင်းဆရာ၊ ဆရာမတွေဟာ အကော်ဒယံတီးခတ်တတ်ရမှာဖြစ်ပြီး အကော်ဒယံမတီးတတ်ရင် (ဘယ်တက္ကသိုလ်ကပဲ ဘာဘွဲ့ရရ) ကျောင်းဆရာလက်မှတ် ထုတ်မပေးပါဘူး။

(၁၁) နယ်စပ်မှာတော့ တောင်ကိုရီးယားဘက်က အထင်ကြီးအောင် တည်ဆောက်ထားတဲ့ မြို့အတုကြီးတစ်ခုရှိနေပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးမရပေမယ့် အဆိုပါမြို့အတုကြီးကိုတော့ မီးတွေထိန်နေအောင်
ထွန်းထားပါတယ်။ အလုပ်သမားတွေနဲ့ နေ့စဉ်နဲ့အမျှ သန့်ရှင်းရေးလုပ်နေပြီး တဖက်နယ်စပ်ကကြည့်ရင်
မြောက်ကိုရီးယားတွေ အရမ်းချမ်းသာနေပြီလို့ ထင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အားကောင်းတဲ့ အဝေးကြည့်မှန်ပြောင်းတွေ ပေါ်လာချိန်မှာတော့ အိမ်တွေမှာ လူမရှိတာတွေ၊ ပြတင်း
ပေါက်တွေက အသေတွေဖြစ်နေတာတွေနဲ့ အချို့အိမ်တွေဟာ အခန်းမရှိပဲ ကွန်ကရစ်တုံးကြီးကို အမိုးမိုးထားတာတွေကို တောင်ကိုရီးယားတွေ သိသွားကြပါတယ်။

(၁၂) မြောက်ကိုရီးယားရဲ့အိမ်တိုင်း၊ ဆိုင်တိုင်း၊ ရုံးခန်းတိုင်းမှာ ခေါင်းဆောင်ကြီးတွေပုံ မချိတ်မနေရချိတ်ဆွဲရပြီး အစိုးရကထုတ်လွှင့်တဲ့ရေဒီယိုအစီအစဉ်ကို မဖွင့်မနေရ ဖွင့်ထားရပါတယ်။ အဆိုပါရေဒီယိုအစီအစဉ်ကို ပိတ်လိုက်လို့မရပါဘူး။ အသံတိုးလို့သာရပါတယ်။

(၁၃) အိမ်မီးလောင်ရင် ခေါင်းဆောင်ကြီးတွေပုံကို ဦးစားပေး(၁) သယ်ထုတ်ရမှာဖြစ်ပါတယ်။

(၁၄) အခုနှစ်ဟာ မြောက်ကိုရီးယားအတွက် (၂၀၁၅)ခုနှစ် မဟုတ်ပါဘူး။ ကင်အီဆွန်း မွေးဖွားတဲ့
အချိန်ကစပြီး မြောက်ကိုရီးယားအမျိုးသားပြက္ခဒိန်ကို စတင်ခဲ့တာဖြစ်လို့ အခုနှစ်ဟာ မြောက်ကိုရီးယား
သက္ကရာဇ်(၁၀၄)ခုနှစ် ဖြစ်ပါတယ်။

(၁၅) ကင်အီဆွန်း လို့ ရေးသားနိုင်သူတိုင်းကို စာတတ်သူအဖြစ် သတ်မှတ်ပါတယ်။

(၁၆) မြောက်ကိုရီးယားဥပဒေမှာ မော်တာဗုံးသီးနှင့် ပစ်ခတ်သေဒဏ်ပေးရန် (Execution by Mortar Shell) ဆိုတဲ့ အပြစ်ဒဏ်လည်း ရှိပါတယ်။

(၁၇) မြောက်ကိုရီးယားအခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်း လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ တောင်းဆိုခွင့် ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

(၁၈) အခြေခံဥပဒေအရ မြောက်ကိုရီးယား မြို့တိုင်းမှာ (၅)နှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ပါတယ်။ အရွေးခံမယ့် ကိုယ်စားလှယ်ကတော့ တစ်ဦးတည်းသာဖြစ်ပါတယ်။

(၁၉) တနိုင်ငံလုံးမှာ အင်တာနက်အသုံးပြုသူ (၆၀၅)ဦးသာ ရှိပါတယ်။ Window နဲ့ Apple Operation System တွေကို အသုံးပြုခွင့်မရှိပဲ မြောက်ကိုရီးယားတွေတီထွင်ထားတဲ့ Red Star OS ကိုသာ သုံးရပါတယ်။

(၂၀) ရုရှားပြည်ရဲ့ အန္တရာယ်များပြားတဲ့ သစ်ထုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ မြောက်ကိုရီးယား
အလုပ်သမားတွေကို မြောက်ကိုရီးယားအစိုးရကိုယ်တိုင်က အခကြေးငွေနဲ့ ရောင်းချပါတယ်။

(၂၁) အစိုးရရုံးတွေမှာ နိုင်ငံအနှံ့က စုစည်းထားတဲ့ အလှမယ်လေးများရှိပြီး ယင်းတို့ဟာ ခေါင်းဆောင်ပိုင်းတွေကို လိင်ပိုင်းဆိုင်ရာ ပြုစုရပါတယ်။




ကိုကိုဦး




↧
↧

အပစ်ရပ်စာချုပ်မှာ “၀” နဲ့ မိုင်းလား လက်မှတ်မထိုးချင်တာ ဘာ့ကြောင့်လဲ?

$
0
0




........



မေလ ၁၀ ရက်၊ ၂၀၁၅

ပန်ဆန်းညီလာခံအပြီးမှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိစ္စ အသံပြန်ထွက်
လာပါ တယ်။ “၀” ဒေသ၊ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေမှာလည်း အပစ်ရပ်လက်မှတ်ထိုးဖို့ကိစ္စကို ထည့်သွင်းဖော်ပြထားတာ
တွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းထားတာကလည်း အကောင်းဘက်ကို ဦးတည်နေတာလို့ ပဲ ပြောချင်ပါတယ်။

အဲဒီလို အပစ်ရပ်ကိစ္စကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့ “၀” အဖွဲ့က ကမကထပြု ကျင်းပပေးခဲ့တာဖြစ်ပြီး မိုင်းလားအဖွဲ့ကလည်း ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။ ဒါဖြင့်ရင် “၀”နဲ့ မိုင်းလားဟာ အပစ်ရပ်ကိစ္စတွေကို ထောက်ခံကြိုဆိုပြီး လက်မှတ်ထိုး တဲ့အခါမှာလည်း ပါဝင်လိမ့်မယ်လို့
မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် မေ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပပြု လုပ်ခဲ့တဲ့ တိုင်းရင်းသား
ညီလာခံအပြီးမှာတော့ အဲဒီနှစ်ဖွဲ့လုံးက အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးဘူးလို့ သတင်းမီဒီယာ
တွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အပစ်ရပ်စာချုပ်မှာ “၀” နဲ့ မိုင်းလားက လက်မှတ်မထိုးဘူးဆိုတာ သူတို့က ၁၉၈၉ ခုနှစ်လောက်ကတည်းက ငြိမ်းချမ်းရေး ယူထားပြီးသားဖြစ်လို့ဆိုပြီး အကြောင်းပြတယ်။ ဒါပေမယ့် အပစ်ရပ်ကိစ္စအတွက် ပန်ဆန်းမှာ ညီလာခံကျင်းပခွင့်ပေး တယ်။ အပစ်ရပ်စာချုပ်မှာကျတော့ လက်မှတ်မထိုးဘူးဆိုတော့ ဘာသဘောလဲ
၊ ကြေညာချက်တွေ ဘာတွေတောင် ထုတ် ထားသေးတာပဲ၊ အဲဒီနှစ်ဖွဲ့က သိပ်ပြီးတော့ မူမမှန်ဘူးလို့မြင်တယ်” ဟု ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားစွာ လေ့လာစောင့် ကြည့်နေသူ ပြည်သူတစ်ဦးက ဆိုပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “၀” အဖွဲ့မှ ဦးအောင်မြင့်က “ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်တာမဟုတ်ဘူး၊ နိုင်ငံရေး၊ ဆွေးနွေးမှုကသာ တိုင်းပြည်နဲ့ ငြိမ်းချမ်းရေးရဲ့ အခြေခံဖြစ်တယ်၊
နိုင်ငံရေးဆွေးနွေးမှု မအောင်မြင်ရင် တိုင်းပြည် ရဲ့ ငြိမ်းချမ်းရေးကအောင်မြင်မှာ မဟုတ်ဘူး၊ နိုင်ငံရေးဆွေးနွေး
မှုမှာတော့ တက်တက်ကြွကြွနဲ့ နှစ်ဖွဲ့လုံးပါဝင်မှာပါ” ဟု သတင်းမီဒီယာများအား ပြောဆိုခဲ့ပါတယ်။

အပစ်ရပ်ကိစ္စများကို ဆွေးနွေးခဲ့သည်မှာ မှန်သော်လည်း ညီလာခံတက်ရောက်လာသော ခေါင်းဆောင်များမှာ “၀” အဖွဲ့၏ အသုံးချခံလိုက်ရကြောင်း၊ ညီလာခံထုတ်ပြန်ကြေညာချက်(၁၂)ချက်တွင် “၀” ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်း ဆိုမှုကို စာနာနားလည်ထောက်ခံကြောင်း တိုင်းရင်းသားလက်နက်
ကိုင်ခေါင်းဆောင်များမှ ထည့်သွင်းပေးခဲ့ရသည်ဟု သိရ ပါတယ်။

ယင်းညီလာခံသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက “ အားလုံး နားလှည့်ပါးလှည့် လုပ်ခံလိုက်ရတော့ အတော်လေးစိတ်ပေါက်သွားကြတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ညီလာခံကျင်းပပေးတာ နာမည်ခံသက်သက်ပါ၊ တကယ်တမ်းက “၀”ပြည်နယ်တောင်ဆိုရေးကို ခေါ်ပြီးထောက်ခံခိုင်းတာ ပါ၊ အခုအပစ်ရပ် စာချုပ်မှာ “၀” က လက်မှတ်မထိုးဘူးလို့ ပြောလာတယ်၊ ဒီကိစ္စတွေ စိတ်မ၀င်စားဘဲနဲ့ သူတို့ဒေသမှာ ညီလာခံဘာလို့ ကျင်းပပေးတာလဲ၊ တော်တော်လေးအံ့အားသင့်ဖို့ ကောင်းပါတယ်” ဟု ပြောဆိုသွားပါတယ်။

“၀”နှင့် မိုင်းလားအဖွဲ့သည် အပစ်ရပ်ကိစ္စများကို တိုင်းရင်းသားလက်နက်ကိုင်များကိုယ်စား ဆောင်ရွက်နေသော NCCT အဖွဲ့မှာလည်း ယခင်ကတည်းက ပါဝင်ထားခြင်းမရှိကြောင်း တွေ့ရပါတယ်။ ပြည်နယ်တောင်းဆိုဖို့နဲ့ အထူးသဖြင့် ကိုးကန့်ဒေသကို အစိုးရတပ်များ စစ်ဆင်နေတာကို ရပ်တန့်သွားဖို့ အင်အားယူတဲ့အနေနဲ့ NCCT ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး ညီလာခံလုပ်ပေးခဲ့ပေမယ့် အခုသူ့အကျိုးစီးပွားမပါသော NCCT နဲ့ အစိုးရတို့ဆွေးနွေးရာ မှာလည်း မပါဘဲနေခဲ့တာဖြစ်ပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က ခေါင်းဆောင်တွေ အသုံးချခံလိုက်ရတာ၊ NCCT ရဲ့ လုပ်ဆောင်မှုတွေမှာ သူတို့ ၂ ဖွဲ့မပါဘူးလို့ ပြောလိုက်တဲ့ သဘောပဲလေ၊ ဒါပေမယ့် “၀” က ကိုယ်ပိုင်ပြည်နယ်ရဖို့ အဲဒီ ၁၂ ဖွဲ့ကို စည်းရုံးလိုက်တာပါ။ “၀” ပြည်နယ်ပေးဖို့ ကျွန်တော်တို့ ရှမ်းတွေတင်မကပါဘူး၊ လားဟူ၊ ပအိုဝ့်၊ ပလောင်နဲ့ ရှမ်းပြည်နယ်မှာ မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသားအများစုတွေကလည်း လက်နက်အားကိုနဲ့တော့ အချိန်အခါစောင့်ပြီး အခွင့်အရေးတောင်းတဲ့ သဘော ကို ထပ်ပြီးကန့်ကွက်သွားမှာပါ။ “၀” နဲ့ မိုင်းလားအဖွဲ့ လက်မှတ်မထိုးတာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို မလေးစားရာကျတာပေါ့ဗျာ၊ ပြီးတော့ တိုင်းပြည်အတွက်လည်း အရမ်းအန္တရာယ်ကြီးပါတယ်၊ ဒီအတိုင်း လွှတ်မထား သင့်ဘဲ မပြတ်စောင့်ကြည့်နေဖို့ လည်း လိုတာပေါ့” ဟု ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောကြားသွားပါတယ်။

နေ၀င်းအောင်



↧

ကျေးဇူးမတင်ချင် နေပါ၊ လူပါးမ၀ ပါနဲ့.

$
0
0


အခု နောက်ပိုင်း အတွေ့ များလာတဲ့  …အယူအဆ တစ်ခုက …ပြည်သူ့  လစာစားတယ် …ပြည်သူ့ အတွက် အလုပ်လုပ်ရမယ် …သူ့  အလုပ် သူလုပ်တာ …ဘာမှ ထူးပြီး ကျေးဇူးတင်စရာမလို ဆိုတဲ့  …အယူအဆ ပဲ …

ခက်တော့ ခက်တယ် …သာမန် အားဖြင့်တော့ …ဘာမှ ပြန်ပြောစရာ အကြောင်းမရှိ …ဘယ်သူ့ ဘယ်သူမှလဲ ထူးပြီး …ကျေးဇူးတင်ခံချင်တယ် မဟုတ် …

သို့ သော် ဒီ ကွန်မြူနစ် သူငယ်နာမစင် သယောင် ….အနောက်တိုင်း လျောမွေး အယူအဆယောင်ယောင် ကို အခြေခံပြီး …တစ်ဖက်သားကို စော်ကားမော်ကားပြောတာလေးတွေ …တွေ့ ရဖန်များလာတဲ့  အခါမှာ …
အနည်းအကျဉ်းတော့ ၀င်ပြောစရာ ဖြစ်လာခဲ့တယ် …

အလုပ်ခွဲဝေမှု စနစ်အရ …စစ်သားက စစ်တိုက်တယ် …ဆရာဝန်က ဆေးကုတယ် …
ကျောင်းဆရာက စာသင်တယ် …စီးပွားရေးသမားက စီးပွားရေး လုပ်တယ် …ဒီအထိ ဘယ်သူ့ ဘယ်သူမှ ကျေးဇူးတင်စရာ မလို ….ဘယ်သူ့ ဘယ်သူမှ ဂုဏ်ပြုစရာ မရှိ …ဒါ ရှင်းတယ် …

သို့ သော် လူတွေဟာ …ခံယူချက် ၊ စိတ်ဓာတ် ၊ လုပ်ကိုင်ဆောင်ရွက်ပုံ …စေတနာ ... အနစ်နာခံမှု စတဲ့  အချက်တွေမှာ …တစ်ယောက်နဲ့  တစ်ယောက် …တူမှ မတူညီကြပဲ …

ကျွန်တော်တို့  တိုင်းပြည်ဟာ …ဖွံ့ ဖြိုးဖို့  ရုန်းကန်နေရဆဲ ...တိုင်းပြည်တစ်ခု ဖြစ်တယ် …ကဏ္ဍတိုင်းမှာ အစစ အရာရာ လိုအပ်ချက်တွေ …မပြည့်စုံမှုတွေ ရှိနေဆဲပဲ …

ဒီလိုတိုင်းပြည် တစ်ခုကို …ဘယ်လိုလူတွေနဲ့ ကြိုးစားပြီး …Running လုပ်နေရသလဲဆိုတော့ …ခုနကပြောတဲ့ …
အလုပ် ခွဲဝေမှု စနစ်ထဲမှာ …ကိုယ့် ၀ါသနာ …ကိုယ့် ရွေးချယ်ထားတဲ့  …အသက်မွေးဝမ်းကြောင်း ပညာကို အခြေခံပြီး …တိုင်းပြည်ချစ်စိတ် … အနစ်နာခံစိတ် …စွန့် လွှတ်စွန့် စားတဲ့ စိတ် …စတဲ့  စိတ်ရှိတဲ့  သူတွေနဲ့  …
ကြိုးစား လည်ပတ်နေရတယ် …

မလောက်ဌ တဲ့  လစာ အနည်းအကျဉ်း …မပြည့်စုံတဲ့  ထောက်ပံ့ မှုစနစ် …လိုအပ်ချက်တွေ ရှိနေတဲ့  ကိရိယာ တန်ဆာပလာတွေ …ဒီလိုအခက်အခဲပေါင်း သောင်းခြောက်ထောင်ကြားမှာ …ရှိတဲ့ လူလေးနဲ့  ရအောင် ဖြစ်အောင် ...နေ့ ရောညပါ အလုပ်လုပ်နေကြတဲ့  လူတွေ …မရေမတွက်နိုင်အောင် ရှိနေကြတယ် …

ဆရာဝန် တစ်ယောက်ဟာ ….သူ့ ကို တစ်ချိန်လုံး လှမ်းခေါ်နေတဲ့  …ပြည်ပဆေးရုံတွေကို လစ်လျူရူပြီး …
ကိုယ့်တိုင်းပြည်က …မပြည့်မစုံ ဆေးရုံတွေမှာ ၀င်ပြီးလုပ်နေတာ …ခင်ဗျားတို့ ပြောပြောနေတဲ့  …
ပြည်သူ့  လစာဆိုတာကြီးကို မက်နေလို့ မှ မဟုတ်ပဲ …

စစ်သားတစ်ယောက်ဟာ …ကိုယ်တိုင်ယက် ပလိုင်းတစ်ခုကို လွယ် …ရှိသမျှ အလေးအပင်တွေ ခွဲဝေထမ်းပိုး …
တစ်တောဝင် တစ်တောင်ထွက်နဲ့  …တစ်နှစ်ကို ကိုးလ ရှေ့ တန်းထွက်နေရတာ …ခင်ဗျားတို့ ပြောပြောနေတဲ့  …
ပြည်သူ့  လစာဆိုတာကြီးကို မက်နေလို့ မှ မဟုတ်ပဲ …

တာဝန်ကျတဲ့  နေရာရောက်ဖို့  …သုံးရက်လောက် လမ်းလျောက် …ရှိတဲ့  အဆောက်အဦးနဲ့  …
ရတဲ့  မြေဖြူခဲ နဲ့  ….ဖြစ်အောင် တတ်အောင် စာသင်နေကြတဲ့  ..နယ်စွန်နယ်ဖျားတွေက ကျောင်းဆရာမလေး တစ်ချို့ ဟာ …ခင်ဗျားတို့ ပြောပြောနေတဲ့  …ပြည်သူ့  လစာဆိုတာကြီးကို မက်နေလို့ မှ မဟုတ်ပဲ …

မတူညီတဲ့  ကွဲပြားခြားနားတဲ့ …ကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်ပုံတွေ …အများကြီး ရှိနေနိုင်တာကို ထည့်သွင်းမစဉ်းစား …စေတနာရယ် ပျူဌာတာရယ် …ကူညီချင်စိတ်ရှိတာရယ်ကို အခြေခံတဲ့  …မြန်မာ့ လူမှုပတ်ဝန်းကျင်ကို ထည့်မစဉ်းစား …

ပြည်သူ့ လစာကို စားရင် …ပြည်သူ အတွက် လုပ်ရမယ် …ဒီလို ၀င်ရင် ဒီလိုလုပ်ရမှာပဲ …
မလုပ်ချင်ရင် မ၀င်နဲ့  …မင်း သောက်လုပ် မင်းလုပ်တာ …ဘာမှ ကျေးဇူးတင်စရာ မလို ဆိုတဲ့  စကားလုံးတွေကို …အမြဲတန်း ပြန်မဖြေရှင်းမိပေမယ့် …တစ်ခါတစ်လေတော့လဲ …အတော် အသဲ ပေါက်မိတယ် …

ကိုယ့်သောက်လုပ် ကိုယ်လုပ်တာ မှန်တယ် …ဒါပေမယ့် …အဲဒီ ကိုယ့်သောက်လုပ်ဆိုတာကြီးကို…
တိုင်းပြည် ချစ်စိတ်နဲ့  …စေတနာရော အချိန်ရော မိသားစု ပါပေးပြီး …လူ့ သက်တမ်း တစ်လျောက်လုံး …
ဝန်ထမ်း ဘ၀ထဲမှာ ...အရိုးဆွေးအောင် မြုပ်နှံထားတဲ့  သူတွေ ….မရေမတွက်နိုင်အောင် အများကြီးရှိတယ် ….

ပြည်သူ့ လစာစားပြီး …တာဝန်မကျေရင် …တစ်ဦးချင်း တစ်ယောက်ချင်း ထောက်ပြခွင့် ရှိတယ် …

သို့ သော် …ငါက ပြည်သူ ငါက မင်းကျေးဇူးရှင်ဆိုတဲ့  ..၀ါးလုံးရှည် နဲ့  ရမ်းတဲ့  …ကျပ်မပြည့်တဲ့  သောက်ပေါက်တွေ …တွေ့ ပါ မြင်ပါ များလာတော့ …ခင်ဗျားတို့ က လူပါးဝ လာလွန်းတယ်လို့ ပဲ …မှတ်ချက်ပေးချင်မိတော့တယ် …

ပြောချင်တာကတော့ …ထူးပြီး ကျေးဇူးတင်စရာမလို …သို့ သော် …ထူးပြီး လူပါးဝ ...စော်ကားမော်ကားလာလုပ်တာကိုလဲ …ငုံ့ ခံနေစရာ အကြောင်းမရှိ …

ကျုပ်တို့  ကိုယ်တိုင်လဲ ...ပြည်သူတွေပဲ ဖြစ်ကြောင်း …ထောက်ပြချင်တာ ဖြစ်တယ် … ။ ။

( ရဲမိုး )









↧

KIA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထင်းခွေသွားသော ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

$
0
0


မေလ ၁၁ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ ထင်းခွေ သွားသော ဒေသခံတစ်ဦးသည် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင

့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မေလ ၇ ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေး ရွာ၊ အောင်မင်္ဂလာ ရပ်ကွက်နေ ဦးနော်နန်၊ အသက် ၆၅ နှစ်၊ ကချင်/ ခရစ်ယာန်၊ တောင် သူနှင့် ဒေါ်ဂျာနန် အသက် ၆၃ နှစ်၊ ကချင်/ ခရစ်ယာန် တို့ ၂ ဦးသည် မဖိန်းကွင်းတောအတွင်းသို့ ထင်းခွေ သွားရောက်ချိန်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးနော်နန်မှာ ၀မ်းဗိုက်၊ လက်မောင်းနှင့် ခြေထောက်နေရာများတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးနော်နန်အား ဆားမှော်တိုက် နယ်ဆေးရုံ သို့ ပို့ဆောင်ပြီး ဆေးကုမှုခံယူ လျက်ရှိကြောင်းနှင့် KIA ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မိုင်းတန်ဖိုးငွေ ၃ သိန်းအား မေလ ၁၀ ရက်နေ့နောက်ဆုံး ပေးလျော်ရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံ KIA အဖွဲ့မှ စာပို့ထားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးမှ ပြောပြပါသည်။

“KIA မိုင်းထောင်မှုကြောင့် ဆားမှော်ကျေးရွာမှာ ဒေသခံ ၄ ယောက်ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး တနိုင်းနဲ့ ဖားကန့်ဒေသဘက်မှာလည်း ထိခိုက်ဒဏ် ရာရသူများမှာ အယောက် ၂၀ ကျော်ရှိသည်”ဟု မြစ်ကြီးနားမြို့ရှိ ကချင်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ယခုရက်ပိုင်းအတွင်း KIA အဖွဲ့မှ တရားမ၀င်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံ သားများအား အခကြေးငွေ ရယူကာ သစ်များခုတ် ယူခွင့်ပြု ထားသောကြောင့် သစ်ခိုးထုတ်သူများအား လိုက်လံ ဖမ်းဆီးသော အစိုးရ တပ်များနှင့် KIA အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းမှ ဆက် လက်ပြောပြပါသည်။

အောင်ကျော်မိုး( မြစ်ကြီးနား)









↧
Viewing all 13897 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>