Quantcast
Channel: Oppositeyes
Viewing all 13897 articles
Browse latest View live
↧

လူ ၂၆ ဦးအလောင်း ပေါ်ထွက်လာခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား တစ်ဦးနှင့် ထိုင်း ၃ ဦးကို ဖမ်းဆီး

$
0
0




ဘန်ကောက်၊ မေ ၅

မလေးရှားနိုင်ငံကို အဓိကလူကုန်ကူး လမ်းကြောင်းတွေဝင်တဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာ ပြည်နယ်မှာ မေလ ၁ ရက်နေ့က စွန့်ပစ် တောတွင်းစခန်းတစ်ခု ကနေ အလောင်း ၂၆ လောင်း တွေ့ရှိခဲ့တာကြောင့် ထိုင်းရဲက စုံစမ်းစစ်ဆေးနေရာမှာ မြန်မာနိုင်ငံသား စိုးနိုင်ဆိုသူ အပါအဝင် ထိုင်း ၃ ဦးကို ထိန်းသိမ်းထားတယ်လို့ BBC သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။


မလေးရှားနိုင်ငံထဲကို ခိုးဝင်တဲ့ ဒီလမ်းကြောင်းကို မြန်မာနိုင်ငံဘက်က လာတဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ သုံးကြတာလို့ ထိုင်း အဆင့်မြင့်ရဲအရာရှိကြီး တစ်ဦးက ဆိုပါတယ်။ဖမ်းဆီးခံထားရသူ စိုးနိုင် (ခေါ်) အန်နွာဟာ လမ်းစခန်းတွေကို အဓိကလည်ပတ်နေသူဖြစ်ပြီး ပြန်ပေးဆွဲငွေရှာမှုတွေလည်း လုပ်တယ်လို့ ထိုင်း ဒုတိယရဲမှူးကြီး အနုချွန်ချာမတ်က ပြောကြားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား သုံးဦးကတော့ ဆုန်ခလာပြည်နယ် ကောင်စီဝင်တစ်ဦး နဲ့ ရွာလူကြီး နှစ်ဦး တို့ဖြစ်ပါတယ်။လူကုန်ကူးဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေကို ထိုင်းဒေသခံ အာဏာပိုင်တွေက သိရှိပြီး အချို့ကိစ္စများ ဆိုလျှင် ပူးပေါင်းဆောင်ရွက်မှုများပင် ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ကာလရှည် ထောက်ပြ စွပ်စွဲနေကြတာပါ။

သေဆုံးသူ ၂၆ ယောက်ဟာ ရောဂါဘယ တစ်ခုခု သို့မဟုတ် အစာငတ်လို့ သေသွားကြတာလို့ ခန့်မှန်းကြပြီး နောက်ထပ် အစုလိုက်အပြုံလိုက် အလောင်းတွေ ထပ်တွေ့နိုင်သေးတယ်လို့ ထိုင်းမီဒီယာတွေက မျက်မြင်သက်သေ တွေကို ကိုးကားပြီး ရေးနေကြပါတယ်။

The Voice Weekly









↧

ဒေသခံများ၏ ထောက်ခံမှု လုံးဝမရှိတဲ့ AA လက်နက်ကိုင်များ

$
0
0



မေလ ၅ ရက်၊ ၂၀၁၅

Arakan Army ဟာ KIA ရဲ့ ထောက်ပံ့မှုနဲ့ လှုပ်ရှားနေပြီး ယခုအခါမှာ ဖုန်ကြားရှင်၏ လောက်ကိုင်မြို့သိမ်း တိုက်ခိုက်ရာ မှာလည်း ပါဝင်ကူညီတိုက်ခိုက်နေသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။


AA အမည်ဖြင့် လှုပ်ရှားနေပြီး အင်အား ၂၀၀ ခန့်ရှိသည်ဟု သိရှိရသည်။ ပြီးခဲ့သောလပိုင်းအတွင်း ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်ကာ တိုက်ပွဲများဖန်တီးခဲ့သော်လည်း တိုက်ပွဲတိုင်းတွင် AA လက်နက်ကိုင်များအား တပ်မတော်စစ် ကြောင်းများမှ အရှင်ဖမ်းဆီးရမိမှုများ ဖြစ်ပေါ်ခဲ့သည် ။

ကချင်ပြည်နယ်ရှိ AA လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများ၏ ပြောကြားချက်များအရ “ကျွန်တော်က ပေါက်တောမြို့၊နတ်တောင်ပြင်ရွာကပါ။ ဖားကန့်ဘက်မှာ အလုပ်လာလုပ်တာပါ။ ဒီရောက်လို့ ၄ လ လောက်ပဲ ရှိသေး တယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး ကေအိုင်အေက ဖမ်းပြီး AA ကိုပို့လိုက်တာ” ဟု ဆိုသည်။

AA ၏ စစ်သင်တန်းအား KIA နဲ့ ရခိုင်လက်နက်ကိုင်များမှ သင်ကြားပေးကာ ဝါးလုံးခင်း ဝါးခြမ်းကာထားသော တဲများ အတွင်းနေထိုင်စားသောက်ရပြီး သေနတ်အစား ဒုတ်များနှင့် သစ်သားသေနတ်များဖြင့်သာ လေ့ကျင့်ခဲ့ ရသည်။ ဇာတိတွင်နေစဉ်က ယခုကဲ့သို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရှိသည်ကို မကြားဖူးကြောင်း ပြောဆိုလာ သူက ဦးဖြူမောင် ဆိုသူပါ။ “ဇာတိကတော့ ပေါက်တောက။ ဒီအထဲရောက်နေတာတော့ ၂၀၁၁ မှာရောက်တယ်။ ကျောက်တူး ဖို့လာရင်း အဖမ်းခံရတာ။ အဖမ်းခံရတုန်းက ၄ ယောက်။ အခုအဲဒီအထဲက တစ်ယောက်က ဗိုလ်ဖြစ်ပြီး တရုတ်ဘက်ကအဖွဲ့တွေဆီ ရောက်နေတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည် ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးခြား ပဋိပက္ခများတွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ပဋိပက္ခများတွင် လည်းကောင်း AA အနေဖြင့် ရခိုင်လူမျိုးများဘက်မှ ကာကွယ်သည့်ဖြစ်ရပ်မရှိဘဲ တပ်မတော် ကိုတိုက်ခိုက်ပြီး KIA အတွက်သာ အသက်ပေးတိုက်ခိုက်နေသောကြောင့် မြန်မာပြည်သူများမှ AA ဆိုတာ Panasonic ကထုတ်တဲ့ နာရီဓါတ်ခဲ အသေးလေးလားဟု လှောင်ပြောင်သရော်မှုများ လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့နေခဲ့သည်။

“အလုပ်လုပ်ဖို့ ဒီကိုတက်လာခဲ့တာ။ အခုလက်နက်ကိုင် ဖြစ်မှန်းမသိဖြစ်သွား ပြီ။ ဖြစ်တော့လည်း ရခိုင်လူမျိုးကို ကာကွယ် ရမယ်ဆိုလို့ ဘင်္ဂလီနဲ့တိုက်ရမယ် ထင်နေတာ။ အခု ကေအိုင်အေနဲ့ ကိုးကန့်ကို လာတိုက်တဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ဖို့ တာဝန်ယူရတော့ အံသြတယ်” ဟု ကိုခိုင်မင်း မှ ပြောသည် ။
ဖုန်ကြားရှင်၏ MNDAA တပ်များဘက်မှ ဝင်ရောက်တိုက်ခိုက်ပေး ခဲ့သောကြောင့် လက်နက်နဲ့စစ်သုံးပစ္စည်းများ အကူအညီ ရခဲ့သောကြောင့် ရခိုင်ပြည်အတွင်းရှိ တပ်မတော်တပ်စခန်းများအား တိုက်ခိုက်ရန် ဝင်ရောက်လာခဲ့ သော AA ၏ ပထမဆုံး တိုက်ပွဲတွင်ပင် ဒေသခံရခိုင်တိုင်းရင်းသားများ၏ သတင်းပေးပို့မှုကြောင့် AA လက်နက်ကိုင်များအား တပ်မတော်စစ် ကြောင်းများမှ အရှင်ဖမ်းဆီးနိုင်ခဲ့သည် ။

ကျော်ထွန်းလှ






↧
↧

“ ၀ ” ဒေသက မူးယစ်ရာဇာတွေကို မြှောက်ပေးနေခြင်းက တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးမား

$
0
0


မေလ ၄ ရက်၊ ၂၀၁၅

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမှာ ကျင်းပနေတဲ့ စတုတ္ထအကြိမ်တိုင်းရင်းသားညီလာခံကနေ မူးယစ်ရာဇာ တွေရဲ့ မျက်နှာဖုံးအစစ်အမှန်ကို မြင်လိုက်ရပါပြီ။ တိုင်းရင်းသားညီလာခံကို ငြိမ်းချမ်းရေးလိုလား
သောအားဖြင့် ကျင်းပပေး သယောင်ယောင် အခုတော့ သူ့ကိုယ်ကျိုးအတွက်စကားသံထွက်လာပါရောလား။ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ဖို့ကြိုးစားလာတဲ့အပေါ် တိုင်းရင်းသားညီလာခံတက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ထောက်ခံခိုင်းတာဖြစ်ပါတယ်။

အဲဒီတိုင်းရင်းသားညီလာခံတက်တဲ့အထဲမှာ RCSS/SSA နဲ့ မိုင်းလားအဖွဲ့တွေလည်း ပါဝင်နေတာ ကြောင့် စိတ်ကသိက အောက်ဖြစ်မှာ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုတာ အခုမှမဟုတ်ပါဘူး။ တောက်လျှောက်တောင်းဆိုနေခဲ့တာဖြစ်ပြီး အဲဒီ “၀” ပြည်နယ်တောင်းဆိုမှု ကို RCSS/SSA က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ “၀” ပြည်နယ်ခွဲထွက်မှာကို ရှမ်းတိုင်းရင်းသားတွေက ခါးခါး သီးသီးငြင်းဆန်ခဲ့တာပါ။ ဒါကို သိသိကြီးနဲ့ “၀”က သူ့နယ်မြေထဲမှာ တိုင်းရင်းသားညီလာခံယောင်ပြလုပ်ပြီး “၀” ပြည်နယ်ခွဲထွက်ဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

“၀” ဒေသက မူးယစ်ရာဇာတွေရဲ့လုပ်ရပ်ကြောင့် တိုင်းရင်းသားအချင်းချင်းကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်
သလို အဲဒီလိုသာ သူတစ်လိုငါတစ်မင်းခွဲထွက်ကြမယ်ဆိုရင် တိုင်းပြည်အတွက် အလွန်ပဲ အန္တရာယ်ကြီးမားတယ်လို့ ဆိုချင်ပါ တယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ
မပြောနဲ့ ပြည်သူတစ်ဦးတစ်ယောက် ကမှလက်မခံနိုင်တဲ့ ကိစ္စဖြစ်ပါ တယ်။ “၀” ခေါင်းဆောင်တွေဟာ သူတို့အတွက်အကျိုးရှိမယ်ဆိုရင် တိုင်းပြည်ဘာဖြစ်ဖြစ်၊ ကိုယ်ပိုင်ပြည်နယ် ရဖို့ပဲ စဉ်းစားနေတဲ့
လူ့အတ္တသမားတွေဆိုတာ မြင်သာသွားပါတယ်။

“၀” ရဲ့ပြည်နယ်တောင်းဆိုမှုဟာ ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့၊ ကချင် ပြည်နယ်မှာ KIA အဖွဲ့၊ ရှမ်းမြောက်မှာ TNLA အဖွဲ့၊ ရခိုင်ပြည်နယ်မှာ AA တို့နဲ့ တပ်မတော် စစ်ကြောင်းတွေ တိုက်ပွဲဖြစ်ပွားနေမှုတွေကို ဆိုးကျိုးတွေထပ်ဖြစ်စေဖို့ပဲ ရှိပါတယ်။ ဒါကိုလုံးဝကန့်ကွက်ရှုတ်ချ ချင်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ပြည်သူတွေ ဘယ်လိုနေရတယ်ဆိုတာ အားလုံးမြင်တွေ့ကြားသိနေ ရတာပဲလေ။

ဒါပေမယ့် “၀” တွေကို အထင်ကြီးပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေ အသက်စွန့်ပြီး ထမ်းဆောင်နေတဲ့ တပ်မတော် သားတွေကို နှိမ့်ချပြီးတော့ အောက်ခြေတပ်မတော်သားတွေနဲ့ အထက်အရာရှိတွေကြားမှာ သွေးခွဲထားတဲ့ Status တစ်ခု ကို ဖတ်လိုက်ရတော့ တော်တော်လေးအံ့အားသင့်ရတယ်။ အဲဒီ Status ကို တင်တဲ့သူ ဘယ်သူမှန်း မသိပေမယ့်သူရေး ထားတဲ့ အရေးအသားတွေကိုကြည့်ရင် အတွေးချော်နေတဲ့ လူမှန်း သိသာပါတယ်။ ပြီးတော့သူဟာ သာမန်လူမဟုတ်နိုင်ဘဲ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲု့လုပ်ဆောင်ချက်မှန်သမျှကို အမြင်မကြည်လင်စွာဝေဖန် ပုတ်ခတ်ရေးသားနေတဲ့ ဆန့်ကျင်ဘက်လူတစ်ယောက်ဖြစ်မယ်လို့ လည်း ကောက်ချက်ချမိပါတယ်။

သူ့ရဲ့အရေးသားတွေဟာ “၀” တွေကို မြှောက်ပေးနေတဲ့သဘော သက်ရောက်ပါတယ်။ “၀” စစ်သား တွေဟာ တပ်မတော် လက်အောက်မှာ ဘယ်နေချင်ပါ့မလဲဆိုတဲ့စကားနဲ့ အစပျိုးထားတယ်။ ပြီးတော့ “၀” စစ်သားတွေကို အမွှန်းတင်ပြီး တပ်မတော်သားတွေဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး နိမ့်ချထားတယ်။ ပြီးတော့လက်အောက်ငယ်သားတွေနဲ့ အကြီးအကဲတွေကြားမှာစိတ်ဝမ်းကွဲအောင် သွေးခွဲထားတာတွေ့ရတယ်။ သူဘယ်လိုပဲ အပုတ်ချရေးနေပါစေ၊ ဒီကနေ့ နိုင်ငံတော်ကို ကာကွယ်နေတဲ့တပ်မတော်သားတွေအပေါ် အထင်မသေးဘူး၊ တပ်မတော်စတည်ထောင်ချိန်ကတည်းက ဒီနေ့ဒီအချိန်ထိ လက်အောက်ငယ်သားတပ်မတော်သားတွေနဲ့ အထက်အရာရှိတွေကြားမှာ သွေးကွဲတာမတွေ့ဖူး သေးဘူး။ အဲဒီလိုစိတ်ဓာတ်ကောင်းပြီး စည်းလုံး ညီညွတ်တာတပ်မတော်တစ်ခုပဲရှိပါသေးတယ်။

“၀” စစ်သားတွေဟာ အ၀တ်အစားတောက်ပြောင်အောင်ဝတ်နိုင်တာ ခေါင်းဆောင်တွေက မူးယစ်ဆေး နဲ့စီးပွားရှာ တာလေ။ တပ်မတော်သားတွေက ရတဲ့လစာနဲ့ ၀တ်ရတာ။ ဒါပေမယ့် “၀” စစ်သားတွေလို ဘိန်းစား ပြီးစစ်မတိုက်ဘူး။ တပ်မတော်အနေနဲ့ကလည်း တပ်မတော်သားတွေနဲ့ သင့်တင့်လျှောက်ပတ်တဲ့ စစ်ဝတ်စုံတွေ ဆင်မြန်းပေးထားပြီးသားပါ။ ပြီးခဲ့တဲ့ မတ်လတုန်းကလုပ်သွားတဲ့ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကိုပဲကြည့်လေ။တပ်မတော်သားတွေရဲ့ ဖျတ်လတ် တက်ကြွမှုပုံရိပ်တွေက ဘယ်လောက်တောင် ခေတ်မီနေပြီလဲလို့။ နှိုင်းယှဉ်ချင်ရင်လည်း ယုတ္တိရှိအောင်လုပ်စေ ချင်ပါတယ်။

ငါ့စကားနွားရဆိုပြီးဘိန်းစား “၀” တွေနဲ့တော့ တပ်မတော်သားတွေကို မနှိုင်းယှဉ်သင့် ဘူးလို့မြင်ပါတယ်။
ဘာပဲပြောပြော ယနေ့ ပြည်သူပြည်သားတွေ အေးချမ်းတည်ငြိမ်စွာနေနိုင်တာ တပ်မတော်သားတွေ ကြောင့်ပါ။ “၀” တွေကြောင့်မဟုတ်ဘူး။ နယ်စပ်မှာတိုက်ပွဲတွေဖြစ်နေတာကို တပ်မတော်သားတွေက ကာကွယ်ပေးတာ၊ “၀”တွေ မဟုတ်ဘူး။ အခုခင်ဗျား အထင်ကြီးတဲ့ “၀”က ပြည်နယ်လုပ်ဖို့ ကြံစည်နေပြီ။ ခင်ဗျားက မြန်မာနိုင်ငံသားဆိုရင် လူလိုအသိတရားရှိဖို့လိုတာပေါ့။ မတန်မရာ လာနှိုင်းနေသေးတယ်။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် တိုက်ပွဲ တွေမှာ တပ်မတော်သားတွေ အသက်တွေ ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေစွန့်လွှတ်နေတာ ခင်ဗျားမမြင်ဘူးလား။ ကိုယ့်တိုင်းပြည်ဒုက္ခရောက်အောင်ကြံစည်နေတဲ့ “၀” တွေကို အားပေးအားမြှောက်ပြုနေတဲ့ အဲဒီလိုလူတွေရှိနေလို့ ဒီနေ့ဒီအချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးမရသေးတာလို့ ပြောချင်တယ်ဗျာ။

ဝင်းအောင်ထွဋ်
↧

“ ၀ ” က စိန်ခေါ်လာပြီ

$
0
0


မေလ ၅ ရက်၊ ၂၀၁၅

“ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ၀ ပြည်နယ်အဖြစ် အသိအမှတ်ပြုဖို့ နေပြည်တော်အစိုးရကို တင်ပြထားပြီးဖြစ်ပြီး အခုညီလာခံကို တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကလည်း “ ၀ ” တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထားကို စာနာ၊ နားလည်၊ ထောက်ခံပေးဖို့ သူ့အနေနဲ့ မျှော်လင့်တယ်” လို့ ၆ ရက်ကြာ ကျင်းပနေတဲ့ ညီလာခံ ဖွင့်ပွဲမိန့်ခွန်းမှာ ၀ ခေါင်းဆောင် ပေါက်ယူချန်းက ပြောဆိုခဲ့ပါတယ်။

“ ၀ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၂ဖွဲ့ ပါဝင်သော စတုတ္ထအကြိမ် မြောက် တိုင်းရင်းသားညီလာခံ ကျင်းပလျက်ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်မှုနဲ့အတူ ဆက်လက်လုပ်ဆောင်မည့် အပစ်ရပ်ကိစ္စများအတွက် ဆွေးနွေးညှိနှိုင်းရန် “ ၀ ” ခေါင်းဆောင်များက လက်ခံကျင်းပပေးခြင်း ဖြစ်တယ်လို့သိရပါတယ်။

သို့သော် “ ၀ ” အနေနဲ့ စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံကို ကျင်းပပေးတာ ငြိမ်းချမ်းရေးလိုလားတာကြောင့်လို့ အသိ အမှတ်ပြုနိုင်ပေမယ့် ရာနှုန်းပြည့်ယုံကြည်ထောက်ခံဖို့တော့ စောနေသေးတယ်လို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားညီလာခံ သုံးကြိမ်စလုံးတွင် “ ၀ ” အဖွဲ့က တက်ရောက်ခြင်း မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

“ လောလောဆယ် ပန်ဆန်းမှာလုပ်နေတဲ့ တိုင်းရင်းသားညီလာခံဟာ အပစ်ရပ်ရေးကိစ္စတွေ ဆွေးနွေးတယ်လို့ သိရတယ်။ ဒါပေမယ့် “ ၀ ” က တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုခေါ်ပြီး ပူးပေါင်းလိုက်တဲ့သဘောပဲဗျ။ ပထမအကြိမ်ကို လိုင်ဇာမှာလုပ်တယ်၊ ဒုတိယအကြိမ်ကို လော်ခီးလာမှာလုပ်တယ်၊ တတိယအကြိမ်ကို လိုင်ဇာမှာပဲပြန်လုပ်တယ်၊ အဲဒီ သုံးကြိမ်စလုံး “ ၀ ” ကို ဖိတ်တာပဲ၊ သူမတက်ဘူးလေ၊ အခုလိုချက်ချင်းလက်ငင်းလက်ခံလိုက်တာ “ ၀ ” မှာ ရည်ရွယ်ချက် တစ်ခုခု တော့ရှိမှာသေချာတယ် ” ဟု “ ၀ ” အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောပါတယ်။

UWSA အဖွဲ့ဟာ ၁၉၈၉ ခုနှစ်က ဗကပမှခွဲထွက်ပြီး နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သောကြောင့် ယင်းအဖွဲ့အား အကြမ်းဖက်အဖွဲ့စာရင်းကနေ နိုင်ငံတော်မှ ဖြေလျော့ပေးခဲ့ကြောင်း၊ သို့သော် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးခဲ့မှု ကို အခွင့်ကောင်းယူကာ လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ်ကနေ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ထောက်ခံပေးဖို့ တောင်းခံလာတာပဲ ဖြစ်ပါတယ်။

"၀ "က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းတာကြာပါပြီ၊ သူတစ်ဖွဲ့တည်းတောင်းလာတာမရတဲ့အတွက် ဟို ၁၂ ဖွဲ့ကို လူမိုက်ငှားတဲ့သဘောပါ၊ အဲဒီ ၁၂ ဖွဲ့ရဲ့ ထောက်ခံမှုကို ရချင်တာ၊ အစောကတည်းကပြောပါတယ်၊ “ ၀ ”က သူ့အတွက် အကျိုးမရှိဘဲနဲ့ သူ့ဒေသမှာ တိုင်းရင်းသားညီလာခံ ကျင်းပပေးမှာမဟုတ်ဘူးလို့လေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းတာဟာ နိုင်ငံတော်အတွက်အရမ်း အန္တရာယ်များပါတယ်၊ “ ၀ ” က စိန်ခေါ်လာတဲ့သဘောပါ ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ နှစ်ပေါင်းနှစ်ဆယ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသော အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုပါ တယ်။

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့လုံးက ထောက်ခံခြင်း ရှိ၊မရှိ မသေချာသေးသော်လည်း တချို့တိုင်းရင်းသားအဖွဲ့များကမူ ယခင်ကတည်းက ပြည်နယ်တောင်းဆိုမှုကို ကန့်ကွက် ခဲ့ကြောင်း၊ “ ၀ ”ကိုသာ ကိုယ်ပိုင်ပြည်နယ်တည်ထောင်ခွင့်ပေးလိုက်လျှင် ပြည်ထောင်စုကြီး အစိတ်အစိတ် အမွှာမွှာပြိုကွဲ သွားနိုင်ကြောင်း၊ ယင်းလုပ်ရပ်ကို ရပ်တန်းကရပ်စေရန် အစိုးရက ကြည့်မနေသင့်ကြောင်း ဒေသခံရှမ်း တိုင်းရင်းသား ဦးစိုင်းဝေလင်းက ပြောပါတယ်။

“ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းတာကို အစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ မြင်တယ်၊ “ ၀ ” အဖွဲ့က တောက်လျှောက်တောင်းလာတာပါ၊ ရှမ်းတိုင်းရင်းသားတွေကလည်း တောက်လျှောက်ကန့်ကွက်လာကြတာ၊ ရှမ်း ပြည်နယ်ကို “ ၀ ” ပြည်နယ်အဖြစ်မခံနိုင်ပါဘူး၊ “ ၀ ” က အဲဒီကိစ္စရှေ့ဆက်တိုးမယ်ဆိုရင် အစိုးရအနေနဲ့ ထိထိရောက် ရောက်ကိုင်တွယ်ဖို့လိုတယ်၊ ရှင်းရှင်းပြောမယ်ဗျာ၊ “ ၀ ” ကို တိုက်သင့်ရင်တိုက်သာပစ်လိုက်တော့” ဟု ရှမ်းလူမျိုး စီးပွားရေးလုပ်ငန်းရှင် ကိုအိုက်ပီးကလည်း ပြောကြားသွားပါ တယ်။

“ ၀ ” ဒေသ ပန်ဆန်း၌ ကျင်းပလျက်ရှိသော တိုင်းရင်းသားညီလာခံသည် အပစ်ရပ်ကိစ္စများကို အသုံးချကာ “ ၀ ” အဖွဲ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ထူထောင်ရေးကြံစည်လာမှုအပေါ် KIO ဒုဥက္ကဋ္ဌ အင်ဘန်လနဲ့ UNFC လို အဖွဲ့ တွေကပါ မြှောက်ထိုးပင့်ကော်လုပ်နေတာကိုလည်း တွေ့ရတယ်လို့ သတင်းသွားရောက်ယူနေတဲ့ သတင်းထောက် အချို့ထံမှ သိရပါတယ်။

“ ၀ ” တွေ ဒီလိုလုပ်နေတာ အင်မတန်အန္တရာယ်များတယ်၊ CIA သတင်းထောက်တွေကလည်း အခုဆို ပန်ဆန်းအစည်း အဝေးအထိ ထိုးဖောက်သတင်းယူနေကြပါပြီ။ DEA ရဲ့ ၀ရမ်းနဲ့ တရားခံ ၈ ယောက် ဘယ်မှာနေတယ်ဆိုတာ စုံစမ်းနေ ကြတာပါ။ ဘယ်ပုံဘယ်နည်းနဲ့ ၀င်ဖမ်းမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ၀ ကလည်း မခေပါဘူး။ တရုတ်အားကိုးနဲ့ အခုဆိုရင် လက်နက်တွေတင်ဆောင်းထားတဲ့ ကွန်တိန်နာထရပ်ကား အစီး ၃၀၀ လောက်ကို တရုတ်ကနေတစ်ဆင့် ၀ယ်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်အနေနဲ့ကလည်း တစ်ချိန်မှာ သူတို့ဖက် ပြောင်းဝပြန်လှည့် လာမှာကို စိုးရိမ်တော့ `အကျ´ တွေပဲ ပေးမှာပေါ့။ ယခင်သတင်းများအရ ရဟတ်ယာဉ် ၄ စီး ၀ယ်ထားတယ်ဆိုတာ ကလည်း သူတို့ရဲ့ ပညာရှင်တွေလာနှိုးပေးမှ နှိုးလို့ရတယ်လို့ သိရတယ်။ ၀ ကတော့ Co.Pilot အနေနဲ့ လိုက်ရတယ်လို့ သိရတယ်။ ဒါတွေဟာ တကယ်တော့ တပ်ကို အံတုလာနေတဲ့ လုပ်ရပ်တွေပါ။ စဉ်းစားစရာက တပ်ကတိုက်နိုင်ရဲ့သားနဲ့ မတိုက်သေးတာပါဘဲ။ အစိုးရကလည်း မည်သည့် အရေးယူမှုမှ မလုပ်သေးတာ စဉ်းစားစရာ ပါဘဲ။

“ဒီကြားထဲမှာ သပ်လျှိုချင်နေတာက NCCT မှာ နေရာမရတဲ့ UNFC ဥက္ကဋ္ဌ အင်ဘန်လ ပါဘဲ။ အင်ဘန်လဆိုရင် “ ၀ ” ရဲ့ ကိုယ်ပိုင်ပြည်နယ်တောင်းတဲ့ကိစ္စ ထောက်ခံအားပေးနေတဲ့ သဘောပဲဗျ၊ သူတို့ KIO ကလည်း ၀မ်ပေါင်နိုင်ငံဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ရှိနေတော့ အားပေးအားမြှောက်ပြုတဲ့ သဘောပါ၊ UNFC ဆိုရင်လည်း သိသာလွန်းတယ်၊ တစ်ဖက်မှာတော့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်နေသလိုလိုနဲ့ တခြားတစ်ဖက်မှာ ကျတော့ “ ၀ ” ကို မြှောက်ပေးနေတယ်၊ ဒါတွေကမလုပ်သင့်တဲ့အရာတွေ၊ သူတို့မြှောက်ပေးတိုင်း “ ၀ ” က ကလာရင် ကမောက် ကမတွေ ဖြစ်လာနိုင်တယ်၊ အစိုးရက အချိန်မီသိဖို့နဲ့ ကိုင်တွယ်ဖို့လိုတာပေါ့ ” ဟု သတင်းဌာန တစ်ခုမှ အငယ်တန်းသတင်းထောက် တစ်ဦးကလည်း ပြောကြားသွားပါတယ်။

“ ၀ ”ဒေသ၊ ပန်ဆန်းက တိုင်းရင်းသားညီလာခံသည် တိုင်းရင်းသားအားလုံး၏ အကျိုးထက် “ ၀ ”၏ ကိုယ်ပိုင်ပြည်နယ် ထူထောင်ရေး အကျိုးဆီသို့သာ ဦးတည်လျက်ရှိရာ သူတော်ချင်းချင်းသတင်းလွေ့လွေ့ဖြစ်နေသော “ ၀”နှင့် အပေါင်းအပါ ၁၂ ဖွဲ့ကို အစိုးရအနေနဲ့ အချိန်မလွန်ခင် တိုင်းပြည်အကျိုးကို ရှေ့ရှုသောအားဖြင့် ထိရောက်ပြတ်သားစွာ ကိုင်တွယ် ဖြေရှင်း သင့်တယ်လို့ပဲ မြင်မိပါ တယ်။

နေမင်းဦး









↧

အီရတ်ရှိ အစ္စလာမ် မဟုတ်သော ရာဇီဒီလူမျိုး ၃၀၀ ခန့်ကို IS အုပ်စု ရက်စက်စွာ သတ်ဖြတ်

$
0
0


မေလ ၄ ရက်၊ ၂၀၁၅

အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့ အနောက်ဘက်တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများသည် ၎င်းတို့ဖမ်းဆီးထားသော ရာဇီဒီလူမျိုး ဘာသာခြား အမြောက်အမြားကို သတ်ဖြတ်ခဲ့ကြကြောင်း အီရတ်အရာရှိများ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။


ရာဇီဒီတိုးတက်ရေးပါတီ (YPP) က ထုတ်ပြန်လိုက်သော ကြေညာချက်အရ IS စစ်သွေးကြွများသည် ဖမ်းဆီးထိန်းသိမ်းထားသော ရာဇီဒီလူမျိုး ၃၀၀ ကို ပြီးခဲ့သည့် သောကြာနေ့တွင် သတ်ဖြတ်ခဲ့ကြသည်။
ရာဇီဒီလူမျိုးများကို မည်သို့သော ပုံစံမျိုးဖြင့် သတ်ဖြတ်ခဲ့သည်ကို မသိရသေးသလို မည်သည့်အကြောင်းရင်းကြောင့် သတ်ဖြတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
IS စစ်သွေးကြွများသည် အီရတ်နိုင်ငံ၏ လူနည်းစု ဘာသာခြားများ ဖြစ်သော (အစ္စလာမ် ဘာသာဝင် မဟုတ်သည့်) ရာဇီဒီလူမျိုးများကို ယမန်နှစ်က သတ်ဖြတ်ခဲ့ကြသလို ရာဇီဒီအမျိုးသမီးများကိုလည်း လိင်ကျွန်အဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။
ရာဇီဒီလူမျိုး အများစုမှာ မိုဆူးလ်မြို့၊ IS အုပ်စု၏ လက်ရှိခြေကုပ်ယူရာ အမာခံစခန်းတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု အီရတ်အာဏာပိုင်များက ဆိုသည်။

ရာဇီဒီလူမျိုးများသည် ၎င်းတို့နေထိုင်ရာ ဆင်ဂျာခရိုင်ကို IS စစ်သွေးကြွများ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အီရတ်မြောက်ပိုင်း ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ယခုနောက်ဆုံး လူ ၃၀၀ သတ်ဖြတ်ခံလိုက်ရမှုနှင့် ပတ်သက်၍ ရာဇီဒီတိုးတက်ရေးပါတီက “လူသားမဆန်သည့် လုပ်ရပ်” ဟု ရှုတ်ချပြောဆိုပြီး အီရတ်စစ်တပ် အနေနှင့် IS ထိန်းချုပ်မှုအောက်သို့ ရောက်နေသည့် နယ်မြေများ လွတ်မြောက်မှု ရရှိရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်ပေးရန် ဆော်သြလိုက်သည်။

IS အုပ်စုတို့ သိမ်းပိုက်ထားသော နယ်မြေအတော်များများသည် ယခုလပိုင်းအတွင်း အီရတ်မဟာမိတ် တပ်ဖွဲ့ဝင် များ လက်အောက်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သော်လည်း ရာဇီဒီလူမျိုးတို့၏ ကျေးရွာအချို့သည် IS တို့ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည်ဟု ယူဆရသည်။

အီရတ်နှင့် ကာ့ဒ်လူမျိုးစု လက်နက်ကိုင်များ ပူးပေါင်းထားသော မဟာမိတ်တပ်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ အနောက်မြောက်ဘက် ဒေသရှိ IS စစ်သွေးကြွများကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ ယခုဆိုလျှင် ၎င်းတို့၏ နယ်မြေအတော်များများကို ပြန်လည်ရရှိထားပြီ ဖြစ်သည်။
ရာဇီဒီလူမျိုးများသည် တစ်ဆူတည်းသော ဘုရားသခင်ကို ယုံကြည်သည့် အယူဝါဒရှိသူများ ဖြစ်ပြီး ၎င်းတို့၏ ဘာသာတရားမှာ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဂျူးဒစ်ဇင်ဘာသာတို့၏ လွှမ်းမိုးခြင်း ခံရသည်။

The Voice Weekly






↧
↧

မြန်မာနိုင်ငံသို့ ဓာတ်ဆီတင်ပို့ရန်လာသည့်သင်္ဘော မလက္ကာရေလက်ကြားတွင် ဓားပြတိုက်ခံရ

≫ Next: ကမာရွတ်မြို့နယ်၊ မြကန်သာအိမ်ရာကစားကွင်းတွင် အမည်မသိ အလောင်းအားတွေ့ရှိခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
$
0
0

မြန်မာနိုင်ငံသို့ ဓာတ်ဆီ များတင်ပို့ရန် သယ်ဆောင်လာ သည့် သင်္ဘောတစ်စီး မလက္ကာ ရေလက်ကြား၌ ပင်လယ်ဓားပြ တိုက်ခံရကြောင်း သတင်းရရှိ သည်။


Ocean Energy သင်္ဘော သည် မေလ ၂ ရက်က စင်ကာပူ နိုင်ငံမှထွက်ခွာလာစဉ် မလက္ကာ ရေလက်ကြားအရောက်၌ ပင် လယ်ဓားပြများတက်ရောက်လာ ပြီး သင်္ဘောသားများအားဖမ်းဆီး ချုပ်နှောင်ကာ သင်္ဘောပေါ်တွင် ပါရှိသည့် ဓာတ်ဆီ ၂,၀၂၃ တန် နှင့် သင်္ဘောပေါ်မှ ပစ္စည်းများ ယူ ဆောင်သွားကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ် သမားအဖွဲ့ချုပ်မှ ပြန်ကြားရေး နှင့်ဆက်သွယ်ရေး တာဝန်ရှိသူ ကပ္ပတိန် ဦးကျော်မြဦးက ပြော သည်။

‘‘စင်ကာပူကနေ ထွက်လာ ပြီးတော့ မလက္ကာရေလက်ကြား မှာ သင်္ဘောပေါ်ကို ပင်လယ်ဓား ပြတွေတက်လာပြီး သယ်လာတဲ့ ဓာတ်ဆီတွေယူသွားကြတယ်။ သင်္ဘောသားတွေကိုတော့ရန်မပြု သွားပါဘူး။ ဒီသင်္ဘောမှာ မြန်မာ သင်္ဘောသားဘယ်နှယောက်ပါ တယ်ဆိုတာတော့ စုံစမ်းဆဲပါ’’ဟု ဦးကျော်မြဦးကပြောသည်။

လက်ရှိတွင် ယင်းသင်္ဘော မှာ ရေကြောင်းသွား အထောက် အကူစက်ကိရိယာများပျက်စီး သွား၍ ပြင်ဆင်ရန် စင်ကာပူသို့ ပြန်လည် ထွက်ခွာသွားပြီး ပြင် ဆင်ရေးလုပ်နေကြောင်း သတင်း ရရှိသည်။

မလက္ကာရေလက်ကြား သည် ပင်လယ်ကူးသင်္ဘောများ မ ကြာခဏ လုယက်ခံရသည့်နေရာ ဖြစ်ပြီး Ocean Energy သင်္သော မှာ ဒုတိယအကြိမ် ပင်လယ်ဓား ပြများ၏ လုယက်မှုကိုခံရခြင်းဖြစ် ကာ ပြီးခဲ့သည့် ၂၀၁၄ စက်တင် ဘာတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်စဉ် လုယက်ခံရဖူး ကြောင်း သတင်းရရှိသည်။

7Day Daily






↧

ကမာရွတ်မြို့နယ်၊ မြကန်သာအိမ်ရာကစားကွင်းတွင် အမည်မသိ အလောင်းအားတွေ့ရှိခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

$
0
0


ရန်ကုန်၊ မေ ၆

၃၀.၄.၂၀၁၅ ရက်နေ့ ၁၀၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ မြကန်သာလမ်း
၊ မြကန်သာအိမ်ရာအားကစားကွင်း၊ အုတ်နံရံဘေး အမှိုက်ပုံ အနီးတွင် အမျိုးသားတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည့်ကို တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်းမှ (ပ)၂၃၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် လှစ်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။


အမှုမှ သေဆုံးသူ အမျိုးသားမှာ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းမှာ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ကိုချစ်ဝိုင်း၊ (၂၆)နှစ်ဖြစ်ကြောင်း ၁.၅.၂၀၁၅ ရက်နေ့က အတည်ပြုသိရှိခဲ့ရပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ စီစဉ်ညွှန်ကြား၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူ ချစ်ဝိုင်းမှာ လူငယ်(၄)ဦးနှင့်အတူ အင်းယားကန်ဘောင်တွင် ဂစ်တာတီးသီချင်းဆိုခဲ့ ကြောင်းသတင်းရရှိသဖြင့် ဆက်လက်စုံစမ်းရာ လူငယ်(၄)ဦးတွင်ပါဝင်သော လှိုင်မြို့နယ်နေ စောရန်နိုင်ဆိုသူအား ၄.၅.၂၀၁၅ ရက်နေ့တွင် အတည်ပြု စုံစမ်းဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ကျန်ပြစ်မှုကျူးလွန် ရာတွင်ပါဝင်သူ ရဲမာန်အောင်၊ ဇာနည်ဦး၊ ဝေယံပိုင်(ခ)ပိုင်ပိုင်တို့ကိုလည်း ဆက်လက်ဖမ်းဆီး ရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့(၄)ဦးသည် အခင်းဖြစ်ညက သေဆုံးသူ ချစ်ဝိုင်းနှင့်အတူ အင်းယား
ကန်ဘောင်တွင် ဂစ်တာတီးခဲ့ကြကြောင်း၊ ဇာနည်ဦး၏တယ်လီဖုန်းကို ချစ်ဝိုင်းမှ ခိုးယူဖျောက်ဖျက်ထားသည့်
ကိစ္စနှင့် ပတ်သက်၍ ချစ်ဝိုင်းအား ၀ိုင်းဝန်းရိုက်နှက်ရန်တိုင်ပင်ခဲ့ကြကြောင်း၊ အင်းယား ကန်ဘောင်ပိတ်ချိန်တွင် ချစ်ဝိုင်းနှင့် စောရန်နိုင်ပါ(၄)ဦးတို့သည် မြကန်သာ အိမ်ရာ ကလေးကစားကွင်းသို့ ရောက်ရှိလာကြပြီး အရက်အတူသောက် ခဲ့ကြကြောင်း၊ အရက်သောက်နေစဉ် စောရန်နိုင်ပါ(၄)ဦးမှ ချစ်ဝိုင်းအား ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး အလောင်းကို မြကန်သာအိမ်ရာ အားကစားကွင်း၊ အုတ်နံရံဘေး အမှိုက်ပုံအနီးသို့ ရွှေပြောင်းထားရှိခဲ့ကြကြောင်း ပေါ်ပေါက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်သည့် သက်သေခံပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူစိတ်ဝင်စားသည့် လူသတ်မှုအား (၅)ရက်အတွင်း ဖော်ထုတ်ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

Yangon Police






↧

""မြန်မာ့တပ်မတော် "၀"ကိုတိုက်နိုင်မလား""

≪ Previous: ကမာရွတ်မြို့နယ်၊ မြကန်သာအိမ်ရာကစားကွင်းတွင် အမည်မသိ အလောင်းအားတွေ့ရှိခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
$
0
0


မြန်မာ့တပ်မတော် အနေနှင့်ကိုးကန့် (ဖုန်ကြားရှင်) လို ရန်သူ ၂၀၀၀ / ၃၀၀၀ လောက်ကို ရင်ဆိုင်တိုက်ခိုက် ရာမှာ အကျအဆုံးတွေရှိနေတဲ့အတွက် ဝ လို အင်အား ၂၀၀၀၀ လောက် ရန်သူ (လက်နက်အင်အားဖုန်ကြားရှင် ထက်သာသူ ) ၊တိုက်ရည်ခိုက်ရည်ရှိပြီး သံချပ်ကာ လူသယ် ကင်းထောက်ယာဉ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံး ပိုင်ဆိုင်သူကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး လို့ ထင်နေကြသလို တိုက်ရင်လည်း အကျ အဆုံး သိပ်များ မယ်လို့ တွေးနေကြသူတွေ အများ ကြီးပါ ။တပ်မတော်သား တချို့ ကိုယ်တိုင် ဒီလိုတွေးမိနေကြပါ တယ်။
ကျွန်တော်က ဝ တောင်ပိုင်းဒေသ မိုင်းယွန်း ဟိုပန် ဟိုရွက် လွယ်ပန်ဖတ် ထင်းရူး တောင် မုန်းတော့ မုန်းထ ဒေသတွေ မှာ စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ရှမ်းလူမျိုး ဖြစ်တဲ့ အတွက် ရှမ်းစကား အတန်ငယ် တတ်လို့ ဝ တွေဆီမှာ ဆက်ဆံရေး အရာရှိ အနေနှင့်တွဲ ဖက် လုပ်ကိုင် ဖူး လို့ ဝ တွေ အကြောင်း ကောင်းကောင်း သိပါတယ် ။

သူတို့မှာအား သာ ချက်တွေရှိနေသလို အားနည်းချက်တွေလည်းရှိနေပါတယ်။
တချို့အားသာ ချက်တွေက တောင် အခုအချိန်မှာအား နည်း ချက်ဖြစ်လာ နေပါ ပြီ ။ဝ တွေက တိုက်ရည် ခိုက်ရည် ပြည့်ဝ တယ်ပြောပေမယ့် ဝ မျိုး ဆက်သစ်တွေ စစ်မတိုက်ရတော့ တာ ၁၅ နှစ် အနည်းဆုံးရှိပါပြီ ။ နောက်ဆုံးတိုက်ခဲ့တဲ့လွယ်မော်နှင့် တိုက်ပွဲ အပြီး ၁၉၉၆ မှာ အသက်၃၀ ရှိသူက အခု ၂၀၁၆ ဆို အသက် ၅၀ ပါ။

မြန်မာ့ တပ်မတော်ဟာ အမြဲတမ်းမျိုး ဆက်သစ် ရှိနေပြီး သူပုန်တမျိုး မဟုတ် တစ်မျိုး နှင့် အမြဲတိုက်နေရတာမို့လို့ တပ်မအဆင့် တပ်တော်စု အဆင့် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နေတာ မို့ စစ်ဆင်ရေးအတွက် အမြဲ အသင့် ဖြစ်ပြီး အတွေ့အကြုံ လဲ ပြည့်ဝ နေသူ များပါတယ်။သူပုန်တွေက စီးပွားရေးလုပ်ငန်းတွေ မဲလုပ်နေကြပြီး စစ်တိုက်ဖို့ ထက်ငွေရ ဖို့ အနေချောင်ဖို့ ဘိန်းစားဖို့လောက် ချောင်နေသူတွေများ ပြီး စိတ်ဓါတ် ပျက်နေသူတွေ တစ်နေ့ ထက် တစ်နေ့များလာတာပါ ။ဝ စစ်သားဘဝ က မြန်မာစစ်သား ထက် ပို ဖိနိုပ်ခံရ ပိုဆင်းရဲ ငတ်ပြတ် နေတာ ပါ။

စစ်တိုက်တယ်ဆိုတာ စစ်သား ချင်းတိုက်ယုံမက စစ်ခေါင်းဆောင် ချင်း လက်နက်ချင်း ထောက်ပံ့ ပို့ဆောင်ရေးချင်း စီးပွား ရေး အင်အားပါ ယှဉ်ရတာပါဝ ခေါင်းဆောင်ပိုင်းရဲ့ စီးပွားရေး တွေကို အစိုးရက တားဆီးပိတ်ဆို့ သိမ်းယူ နိုင်တဲ့ အနေအထား မှာရှိ သလို စစ်ဖြစ်တာ ကာလ ကြာတာနှင့် ဝ တွေ စီးပွားရေး လုပ်မရ သလို စစ်သုံးစားရိတ် ကြောင့် တောင့် ခံနိုင် ဖို့မလွယ်ပါဘူး ဝ ပြည်သူတွေလည်း လုပ်ကိုင် စိုက်ပျိုးစားမရ ပဲ ငတ်ကုန် မှာပါ။ ဝ တွေ ဆီမှာ ဆန်မလောက်လို့ ပြည်မက ဆန် တင်ပို့နေရတာပါ တရုတ်ပြည်က ဝယ်စားဖို့မလွယ်ပါ ဈေးကြီးလှပါတယ်။ဝ တွေက ကိုးကန့်သူပုန်နှင့်မတူ တဲ့အချက်က စစ်သားတွေနှင့် မိသားစု တွေ အတူနေကြသလို ဘယ်မှာနေ ကြတယ် ဆိုတာ ဖုံးကွယ်ထားလို့မရဘဲ မြန်မာ့ တပ်မတော်က နေရာ အတိအကျ သိပြီး ပစ်မှတ် မှတ်ပုံတင်ပြီးသားနေရာတွေပါ။

မြို့ပြတွေနှင့် အတည်တကျနေသူ တွေဖြစ်လို့ ချေမှုန်း ဖို့ပိုလွယ် သလို သူတို့ အဆုံး အရှုံး ပိုများ နိုင်ပါတယ်။သူတို့နယ်မြေထဲ မြန်မာ စစ်သားတွေ ဝင်မတိုက်ဘဲ အပြင်က ဝိုင်းပတ် ပိတ်ဆို့ ထား လိုက်တာနှင့်တင် အကြပ်အတည်းတွေ့ပြီး စီးပွား ပျက် အနေအစားပျက်ပြီး တောင့် ခံနိုင်ဖို့ ခက်ပါတယ်။ကာလ တစ်ခု အထိပဲတောင့် ခံနိုင်မှာ ပါ။တာဝေးပစ် 155 mm လို အမြောက် လက်နက်တွေ ဗုံးကျဲလေယာဉ်တွေက အထင်အရှား ပစ်မှတ်တွေ များတဲ့ ဝ မြို့ပြအဆောက် အဦတွေ လမ်းတံတား တွေ ကို ကောင်းကောင်း ခြေမှုန်း နိုင်ပါတယ် ကျည်ဆန်ကုန်ရ ကျိုး နပ် မည့် ပစ်မှတ် တွေပါ ။ဝ ဒေသ တချို့မှာ တင့်ကား စစ်ဆင်ရေး လုပ်လို့ ရ လို့ ဝ တွေက တင့်အတားအဆီး တွေ မြေ ကျော ဖြတ် တာတွေ လုပ်နေတယ် လို့သိထား ပါတယ် ။

ဒါပေမယ့် မြန်မာ့ တပ်မတော် သံချပ်ကာတပ်ဖွဲ့တွေက ဒီလောက်နှင့် ရပ်သွား မှာ မဟုတ်ပါဘူး လို အပ်ရင် လေယာဉ် ရဟတ်ယာဉ်တွေနှင့် သယ်ပို့ နိုင်အောင် စစ်ဆင်နိုင်စွမ်း ရှိနေ ပါပြီ။အခြားသော တာလတ်ပစ်ဒုံး တွေ အတွက်လည်း လေ့ကျင့်ရေးကွင်း လိုနေတာ အတော်ပဲဖြစ်သွား မှာပါ။ဝ တွေက တရုတ်ကို အားကိုးနေတယ် ဆိုပေမယ့် တရုတ်သြဇာ မခံချင်ပါဘူး ပြည်နယ်ခွဲထွက်ပြီး တရုတ် လက်အောက် နေတာထက် မြန်မာ အစိုးရ လက်အောက်က ပို အနေ ချောင်မှန်း သိထား ပါတယ်။ဝ တွေက ရမလား လို့ သွေးတိုး စမ်း နေ တာပါ ။အစိုးရနှင့် တပ်မတော် ဖက်ကသာ ပြောလို့မရရင် တိုက်မယ် ဆိုတဲ့ဆုံး ဖြတ်ချက် ချထားပြီး တိုက်ဖို့ စီမံချက် သေချာရေးဆွဲထားပြီး စကားပြောပါက ဝ တွေ လေသံပြောင်းသွား မှာပါ။

မလုပ်ရဲဘူးထင်နေတာပါ တကယ် လုပ်မှာသိရင် ဒီလို လေမကျယ်ရဲဘူး ဆိုတာ အသေ အချာပါပဲ ။ အခြားသုံးသပ်ပြစရာတွေလည်း ရှိပါသေးတယ် ဒါတွေက စစ်ဆင်ရေး ဆိုင်ရာ သုံးသပ် ချက်နှင့် လျို့ ဝှက် ကန့်သတ် အဆင့်တွေရှိ လို့ ချရေး မပြတော့ပါဘူး။နိုင်ငံတော် အုပ်ချုပ်တဲ့ အစိုးရပဲလေ သူပုန်ထက်ခေါင်းတစ်လုံး အမြဲပို တာပေါ့။ပြောချင်တာက မြန်မာ့ တပ်မတော်က ဝ အန္တရာယ် ကို မေ့လျော့ ပေါ့ဆပြီး နေ နေတာ မဟုတ်ပါဘူး ဖြေ ရှင်းနိုင်တဲ့ ဝှက်ဖဲတွေ ကိုင်ပြီး တက်ဖဲ နှင့် ပစ်ဖဲကို စောင့်ကြည့်နေတာပါ ။

အစိုးရပဲဗျာ ပိုကာ ကိုင်ပြီး ဒေါင်းဖို့ စောင့်နေတာ ဆိုတာ မမေ့ကြပါနဲ့။

Credit-Wunna Phay Thaw









↧

လုပ်ရဲရင် ခံ…ခံရဲရင် လုပ်

$
0
0

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ၃ရက်နေ့မှာ ကိုးကန့်သောင်းကျန်းသူအဖွဲ့
ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို သတင်းမီဒီယာတွေမှာ ထည့်သွင်းဖော်ပြခြင်းမပြုဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို လိပ်မူပြီး စာပို့ခဲ့တယ်။

ဒီစာနဲ့ပတ်သက်လို့ သတင်းနဲ့စာနယ်ဇင်းကျင့်ဝတ်တွေကို အတိအကျ လိုက်နာကျင့်သုံးပြီး ဆံချည်တစ်မျှင်မျှ ချွတ်ယွင်းမှုမရှိကြတဲ့ သိက္ခာ၊၀ါတော်ရ မီဒီယာသမားတချို့က မကျေနပ်ကြဘူး။

မဇ္ဈိမမှာစစ်တပ်ကမီဒီယာကိုအမိန့်ပေးနိုင်သလား ခေါင်းစဉ်နဲ့ မေးခွန်း
ထုတ်တယ်။ခေါင်းစဉ်မှာ မေးခွန်းထုတ်တာကိုက စမှားနေတယ်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပန်ဆန်း ညီလာခံမှာ တက်ရောက်နေတဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ နိုင်ငံတော်က မတရားအသင်း အဖြစ် သတ်မှတ်ကြေညာထားတာဖြစ်တဲ့အတွက် ယင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ မဖော်ပြဖို့ စာနယ်ဇင်းကောင်စီကို ညှိနှိုင်းအကြောင်းကြားအပ်ပါသည်လို့ စာပိုဒ်အဆုံးမှာ ရေးသားပေးပို့
ထားတယ်။ဒါဟာ အစိုးရအသိအမှတ် မပြုထားတဲ့ တရားမ၀င် သောင်းကျန်းသူအဖွဲ့နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ပြည်သူတွေ ယုံထင်ကြောင်ထင် ဖြစ်အောင် တရားဝင် မဖော်ပြဖို့ ၊အကယ်၍ ဖော်ပြလာခဲ့ရင် တရားစွဲအရေးယူရတဲ့၊နှစ်ဦးနှစ်ဘက် မျက်နှာပျက် ရမယ့် ကိစ္စမျိုးတွေ မဖြစ်ရအောင် ကြိုတင် အကြောင်းကြားတာ ညှိနှိုင်းတာသာ ဖြစ်တယ်။

ကြားဖြတ်အစိုးရဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်တယ်ဆိုတဲ့ ပေါ
တောတော ကြေညာချက်မျိုးကို သူတို့ပြောလို့ ကျွန်တော်တို့ သတင်းဦးအောင် တင်ရတာပါ ဆိုတဲ့ ဘိုင်မွန်းတည့်နေ ရဲ့ယုတ္တိမရှိ အကြောင်းပြချက်မျိုး ထပ်ထွက်လာမှာစိုးလို့ ကြိုတင် ဟန့်တားတာသာဖြစ်တယ်။အရေးမယူချင်လို့ ကြိုပိတ်တာ။ ဒါက ပြေပြေလည်လည် ရှင်းပြတာပါ။

ခပ်ပြတ်ပြတ် ရှင်းပြလို့လည်း ရတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အစိုးရက စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ထားတဲ့နေရာက ရန်ဘက်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ခွင့်ရှိတယ်။ အမိန့်ပေးခွင့်ရတဲ့ဒေသနဲ့ အမိန့်ပေးပိုင်ခွင့် ရှိတဲ့ အခြေနေမျိုးမှာ ပေးနိုင်တယ်လို့ ဖြေရမယ်။ဥပဒေကြောင်းအရ ပြောရင် မတရားအသင်း အက်ဥပဒေပုဒ်မ၁၇(၁)နဲ့ ငြိစွန်းတဲ့ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်အဖွဲ့စည်းကိုမဆို အရေးယူခွင့် ရှိတယ်။စစ်ခုံရုံးတင်ပြီးတော့တောင် တရားစီရင်ပိုင်ခွင့်ရှိတယ်။

ဒါပေမယ့် လတ်တလောအခြေနေမှာ လွှတ်ထားတာ အများကြီးပဲ။အရေးမယူဘဲ မသိကျိုးကျွံပြု ထားတာ အများကြီးပဲ။စစ်သတင်းနဲ့ ပတ်သက်လို့ တစ်ဘက်စောင်းနင်း ရေးနေကြတာတွေ၊ တပ်မတော်ကို အပုပ်ချပြီး သူပုန်ကို ချီးမွမ်းခံဖွင့်နေတာတွေ အများကြီးပဲ။ဒါကို တပ်မတော်လည်း သိတယ်။ဖတ်တဲ့ ပရိတ်သတ်လည်း သိတယ်။ အရေးယူမခံရဘဲ လွှတ်နေတဲ့ စစ်ပါရဂူ မီဒီယာ နွားတွေ အသိဆုံး။

ဒါကို လူ့အကြိုက် ဆယ်ခါလိုက်၊မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ တော့လာမလုပ်နဲ့။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ မီဒီယာတွေကပဲ ဖွခဲ့ဆွခဲ့တာ။မီဒီယာတွေရော ဥပဒေ အထက်မှာ ရှိသလား။မီဒီယာတွေကရော ကျင့်ဝတ်စောင့်ထိန်းမှုရှိသလား။ ဘက်မျှကြားကျမှု ရှိသလား။ဆင်ခြင်တုံတရားနဲ့ ကန့်သတ်ဆောင်ရွက်မှုရောရှိသလား။ ခုတောင် တပ်မတော်က ဘယ်ဥပဒေ၊ဘယ်ပုဒ်မကို ရည်ညွှန်းကိုးကားပြီး သတိပေးအကြောင်းကြားတယ်ဆိုတာ မသိဘဲနဲ့ ဗဟုသုတနုံနဲစွာ စစ်တပ်က မီဒီယာကို အမိန့်ပေးနိုင်သလား ခေါင်းစဉ်နဲ့ မေးခွန်းထုတ်တယ်။ စာဖတ်အားနဲ့လေ့လာမှု ဘယ်လောက်အားနည်းသလဲ၊ဥပဒေပိုင်း ဘယ်လောက် မကျွမ်းကျင် သလဲဆိုတာနဲ့ တတ်လို့မဟုတ်ဘဲ ငတ်လို့လုပ်စားနေတယ်ဆိုတာ ခေါင်းစဉ်မြင်တာနဲ့ သိတယ်။

မီဒီယာအမှားတွေ ထောက်ပြရင် ထောင့်တစ်ညပုံပြင် ရှုံးလိမ့်မယ်။အဲ့ဒီတော့ တပ်မတော်ဘက်က လိုအပ်လို့ ညှိနှိုင်းအကြောင်းကြားတယ်။မင်းတို့ မီဒီယာတွေ ဘက်ကလည်း လုပ်ရဲရင် ခံ၊ခံရဲရင် လုပ်။



အောင်ဇေ





↧
↧

စာမေးပွဲ အောင်ချက် မကောင်းတာ ဘယ်သူ့တာဝန်လဲဆိုတာ စဉ်းစားကြပါစို့

≫ Next: လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးအလောင်းအား အင်းတကော်မြို့ရွှေပြည်ဆည်သွားရာ ကားလမ်းနံဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား
$
0
0




တက္ကသိုလ်ဝင်တန်း အောင် ချက်မကောင်းပါက ဘယ်သူနဲ့ ဆိုင် တာလဲ။ ကျောင်းအုပ်နဲ့ ဆိုင်သလား၊ ဘာသာရပ်သင်ပြတဲ့ ဆရာ၊ ဆရာမ နဲ့ ဆိုင်သလား၊ ကျောင်းသားနဲ့ ဆိုင်သလား၊ ကျောင်းသားမိဘနဲ့ ဆိုင်သလား၊ ပတ်ဝန်းကျင်နဲ့ ဆိုင် သလား၊ ပညာရေးဝန်ကြီးဌာနနဲ့ ဆိုင်သလားဆိုတာကို ပြည်သူတွေ စဉ်းစားပေးစေချင်ပါတယ်။

တက္ကသိုလ်ဝင်တန်း အောင် ချက် မကောင်းတာဟာ ကျောင်း အုပ်နဲ့သာ ဆိုင်တယ်ဆိုပြီး ကျောင်း အုပ်ကိုပဲ အပြစ်ပုံချလို့ ရပါ့မလား။

ဒီလိုဆိုရင် တက္ကသိုလ်တစ်ခုမှာ အောင်ချက် မကောင်းရင် အဲဒီ တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ကိုပဲ အပြစ်ပုံချပြောရင်ရော ဘယ်လိုနေ မလဲ။ တက္ကသိုလ်ကျောင်းသား စာ မေးပွဲမအောင်တာနဲ့ ပါမောက္ခချုပ်နဲ့ ဘယ်လိုပတ်သက်ပါသလဲ။ တက္က သိုလ်တွေမှာ အောင်ချက်မကောင်း လို့ဆိုပြီး ပါမောက္ခချုပ်ကို အပြစ် ပုံချတာမျိုး၊ ဖြေရှင်းချက် တောင်း တာမျိုး တစ်ကြိမ်မျှ မကြားမိပါ။

ဒါဖြင့်ရင် အထက်တန်းကျောင်း အောင်ချက် မကောင်းတာကို ကျောင်း အုပ်ကိုသာ အပြစ်ပုံချမယ်ဆိုရင် တရားမျှတမှု ရှိပါသလား။ ပါမောက္ခ ချုပ်နဲ့ ကျောင်းအုပ် ဘာကွာသလဲ။

ပါမောက္ခချုပ်ဟာ တက္ကသိုလ်ရဲ့ အကြီးအကဲ၊ စီမံအုပ်ချုပ်သူ၊ ထို့အတူ အထက်တန်းကျောင်းအုပ်ကလည်း အထက်တန်းကျောင်းရဲ့အကြီးအကဲ၊ စီမံအုပ်ချုပ်သူမဟုတ်လား။

ကျောင်းသား


စာမလိုက်နိုင်တော့ ကျောင်း သားတွေက မကြာခဏ ကျောင်းပြေး ပြီပေါ့။ အဲဒီလိုကျောင်းသားတွေက နည်းမျိုးစုံနဲ့ ကျောင်းပြေးတာမှတော့ စာမေးပွဲ အောင်ပါ့မလား။ သူတို့ စာမေးပွဲကျတာနဲ့ ကျောင်းအုပ်ကြီး မှာ အပြစ်ရှိပါသလား။

တချို့ကျောင်းသားဟာ ဘဝ ပေးအခြေအနေအရ ကျောင်းပျက် ရတာတွေ ရှိပါတယ်။ မိသားစု ဆင်းရဲတော့ မိဘအလုပ် ကူလုပ် ပေးကြရတယ်။ တချို့က မိဘကို ဈေးကူရောင်းပြီးတော့မှ ကျောင်း တက်လာရတယ်။ တချို့က လယ် ထွန်နေတဲ့ ဖခင်ထံ အဆာပြေပို့ပေး ပြီးမှ ကျောင်းတက်ရတယ်လေ။

ဒီတော့ ကျောင်းနောက်ကျရပြန် တယ်။ ဘာကြောင့် ကျောင်းနောက် ကျရတာလဲဆိုတာ မမေးဘဲ ဘာ မပြော ညာမပြောနဲ့ အတန်းထဲမှာ အဆူခံရပြန်တယ်။ ကဲ …ဒီကျောင်း သား နောက်နေ့ မုန့်ရောင်းထွက် နေရလို့၊ မိဘနဲ့ ဈေးကူးရောင်းနေ ရလို့၊ လယ်ထွန်နေတဲ့ ဖခင်ထံ အဆာပြေပို့ သွားနေရလို့ ကျောင်း နောက်ကျရင် ကျောင်းကို လာရဲ တော့ပါ့မလားဗျာ။ ကျောင်းပြေးပြီ ပေါ့ဗျာ။ ကျောင်းမပြေးချင်ဘဲနဲ့ မလွှဲ မရှောင်သာလို့ ပြေးရတယ်ပေါ့ဗျာ။

ဘာကြောင့်ပြေးပြေး ဒီကလေး စာမေးပွဲအောင်ဖို့ လွယ်ပါ့မလား။ အဲဒီကျောင်းသား စာမေးပွဲကျတာနဲ့ ကျောင်းအုပ်ကြီးမှာ အပြစ်ရှိပါသလား။ ပြည်သူတွေပဲ စဉ်းစားပေးပါဗျာ။


ဆရာ၊ ဆရာမများ


ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထား ခံရတာဟာ ‘ဆရာ၊ ဆရာမ’တွေ ပါပဲ။ ယနေ့ ကျောင်းတွေမှာ ဘာသာ ရပ်ပြ ဆရာ၊ ဆရာမတွေဟာ မိမိ ဘွဲ့ရခဲ့တဲ့ ဘာသာတွေကိုပဲ သင်ပြ နေရပါသလား။ ဓာတုဗေဒနဲ့ ဘွဲ့ ရတဲ့ ဆရာ၊ ဆရာမဟာ ဥပမာ ကိုးတန်း၊ ၁ဝ တန်းတွေကို ဓာတု ဗေဒပဲ သင်ပြနေရပါသလား။ တခြား သော ဘာသာရပ် မြန်မာ၊ သင်္ချာ၊ ရူပ စသည့် ဘာသာရပ်ကိုပါ လိုအပ် ချက်အရ တွဲဖက်သင်ပြပေးနေရတာ ရှိပါသလား။ ကျွန်တော်
ကျေးလက် ဒေသတွေ တာဝန်အရ သွားလာတဲ့ အခါ သင်မယ့်သူ မရှိလို့ ပူးတွဲသင်ပြ နေရတာ
တွေ တွေ့ခဲ့ပါတယ်။ ဥပမာ ဓာတုဗေဒနဲ့ ဘွဲ့ရတဲ့ ဆရာမဟာ သင်္ချာဘာသာရပ်ကိုပါ ပူးတွဲသင်ပြ ပေး
နေရရှာပါတယ်။ သမိုင်းနဲ့ ဘွဲ့ ရတဲ့ ဆရာမဟာ အင်္ဂလိပ်စာ ဘာသာ ရပ်ကိုပါ ပူးတွဲသင်ပြပေးနေရရှာပါ တယ်။ ဒီလို သင်ကြားပေးတာမျိုး ဟာ ကျောင်းသားတွေအတွက် ဘာသာရပ်ထိရောက်မှု အားနည်း သွားနိုင်ပါတယ်။ အဲဒီလိုကျောင်း တွေရဲ့ အောင်ချက်ဟာ ကောင်းနိုင် ပါ့မလားဗျာ။ အဲဒီလို ကျောင်းတွေ အောင်ချက်မကောင်း
ရင် ကျောင်း အုပ်ကြီးမှာပဲ တာဝန်ရှိပါသလား။

ဘာသာရပ် သင်ပြတဲ့ ဆရာ၊ ဆရာမ တွေပဲ တာဝန်ရှိပါသလား။ ဘာသာ ရပ်ဆရာ၊ ဆရာမတွေ ပြည့်ပြည့်စုံစုံ ခန့်ထားပေးရမယ့် ပုဂ္ဂိုလ်တွေမှာ ရော တာဝန်မရှိဘူးလားဗျာ။ ပြည်သူ တွေ စဉ်းစားပေးပါဗျာ။

တကယ်တော့ ဆရာ၊ ဆရာမ တွေဟာ အတန်းထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ‘ဆရာ’ ဆိုတဲ့ မြင့် မြတ်လှတဲ့ ဂုဏ်ဒြပ်နဲ့အညီ အားသွန် ခွန်စိုက် သင်ကြားပေးနေကြတာပါ။ ဒါကိုလည်း ဝမ်းသာပီတိဖြစ်ရပါ တယ်ဗျာ။ တချို့က ပီတိကိုစား အားရှိ ပြောကြတယ်ပေါ့ဗျာ။ ကျွန် တော်ကတော့ ထမင်းကိုစား အား ရှိလို့ပဲ ပြောပါရစေဗျာ။ မိဘပြည်သူ တွေရော ပီတိစားပြီး အားရှိလာကြ တာလား၊ ထမင်းစားပြီး အားရှိလာ ကြတာလားဆိုတာ မေးပါရစေ။အဖြေကတော့ ပြည်သူတွေဖြေတာ အကောင်းဆုံး၊ အမှန်ဆုံးဖြစ်မှာပါ။

ကျောင်းသားမိဘများ

ကျောင်းသားမိဘများအနေနဲ့ ကိုယ့်သားသမီး ကိုယ့်အိမ်မှ ကျောင်း သို့ ထွက်သွားပြီဆိုတာနဲ့ တာဝန် ကျေပြီလား။ ကိုယ့်သားသမီး ကျောင်း ထဲကို တကယ်ရောက်မရောက် ဆိုတာကို တစေ့တစောင်း မလေ့ လာတော့ဘူးလား။ ကိုယ့်သားသမီး ဟာ ဘယ်သူတွေနဲ့ ပေါင်းသင်းနေ တာလဲ။ စာတော်တဲ့ သူတွေနဲ့ ပေါင်း သင်းနေသလား၊ ကျောင်းပြေးစာညံ့သူတွေနဲ့ ပေါင်းသင်းနေသလား၊ ဆေးလိပ်သောက်တတ်သူတွေနဲ့ ပေါင်းသင်းနေသလား၊ နံနက်ပိုင်း ကျောင်းတက်ပြီး နေ့လယ် ခေတ္တ မုန့်စားဆင်းချိန်မှာ အပြင်ထွက် လည်ပတ်သွားလာနေပြီး ညနေ ကျောင်းဆင်းတော့မှ အများနဲ့ရော နှောပြီး ပြန်လိုက်လာတာလားဆို တာတွေ မစိစစ်တော့ဘူးလား။ အကဲ မခတ်ကြတော့ဘူးလား။

မိဘတွေဟာ သွားရင်း၊ လာရင်း နဲ့ ဆရာ၊ ဆရာမတွေနဲ့ တွေ့တဲ့အခါ မှာလည်း အတန်းထဲမှာ မိမိတို့ သား၊ သမီး စာရရဲ့လား၊ စာကြိုးစားရဲ့ လား၊ လိမ္မာရဲ့လား၊ ဆရာ၊ ဆရာမ ဆုံးမတာကို နားထောင်ရဲ့လား စသဖြင့် မမေးမြန်းသင့်ဘူးလား။ မေးမြန်းပြီးတော့ မိဘတွေအနေနဲ့ လည်း တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုး၊ သွန်သင်ဆုံးမပေးဖို့ တာဝန်တွေ မရှိ ဘူးလား၊ ဗိုက်အောင့်လို့ ဆိုပြီး ကျောင်းမတက်ဘဲ အိမ်ကိုပြန်လာ တဲ့ ကိုယ့်သားသမီးတွေကို လှည့် မကြည့်ဘဲ ထားလိုက်တော့မှာလား၊ တကယ်ဗိုက်အောင့်လို့ ပြန်လာတာ လား၊ ကျောင်းမတက်ချင်
လို့ ပြန်လာ တာလား၊ ကျောင်းမှာ စာမေးပွဲ စစ်တာကို မဖြေချင်လို့ ပြန်လာတာ လား။ တစ်ဦးဦးနဲ့ ပြဿနာဖြစ်ပြီး
ပြန်လာတာလား၊ ကလေးစိတ် မမွေး ဘဲ ဟိုစိတ်၊ ဒီစိတ်၊ အချစ်စိတ်တွေ မွေးမိလို့ ပြန်လာရတာလားဆိုတာ
တွေကို လေ့လာ အကဲခတ်ဆန်းစစ် ကြဖို့ လိုမယ် မဟုတ်လားဗျာ။

ကျောင်းသား စာမေးပွဲနီးခါမှ (ပန်းဝင်ခါနီးမှ) တချို့မိဘ၊ အဘိုး၊ အဘွားတွေ ဘုရားဖူးထွက်
တဲ့အခါ ကျောင်းသားတွေကို ခေါ်ခေါ်သွား ကြတာတွေ မကြာခဏ တွေ့နေရပါ တယ်။ တချို့မိဘတွေကလည်း သားသမီးတွေ စာမေးပွဲဖြေခါနီးလာ ရင် ယတြာမျိုးစုံ ချေကြ၊ ဗေဒင် မေးကြ၊ နတ်မေးကြ၊ အဆောင်လက် ဖွဲ့တွေ လုပ်ပေးကြ၊ ဟိုဂါထာရွတ် ခိုင်း၊ ဒီဂါထာ ရွတ်ခိုင်း၊ ဟိုအထက် ဆရာဂိုဏ်း၊ ဘာဂိုဏ်း ညာဂိုဏ်း၊ ဂိုဏ်းပေါင်းစုံဆရာကြီးတွေထံ အကြိမ်ကြိမ် ချဉ်းကပ်ပြီး အဲဒီလို ကိစ္စတွေအတွက် နတ်ကွန်းမျိုးစုံ၊ ဘုရားအဆူဆူ၊ နတ်ကတော်အသီး သီး၊ အဘ အမျိုးမျိုးတို့ထံ သွားကြ၊ သွားတဲ့အခါမှာလည်း စာမေးပွဲဖြေခါ နီးနေတဲ့ ကျောင်းသားတွေကို ခေါ်ခေါ် သွားကြတာတွေ တွေ့နေ ရပါတယ်ဗျာ။ အဲဒီလုပ်ရပ်တွေ
က ကျောင်းသားပညာရေးအတွက် (စာမေးပွဲအတွက်) တကယ့် ‘ဆေး’ အစစ်ဟုတ်ရဲ့လားဆိုတာ ပြည်သူ တွေ စဉ်းစားပေးစေချင်ပါတယ်ဗျာ။

ပညာရေးဆိုင်ရာဦးစီးဌာန၊ ရုံးဌာနများ

ကျွန်တော်သည် တက္ကသိုလ် အသီးသီးမှ ပါမောက္ခ (ဌာနမှူး) အငြိမ်း စားများ၊ လက်ရှိ တာဝန်ထမ်းဆောင် နေသော ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများကို ဦးဆောင်စည်းရုံးပြီး ‘တက္ကသိုလ် ပညာဒါန (ရန်ကုန်)’ ဟူသော အမည် နဲ့ ၁ဝ တန်းကျောင်းသားရှိရာ ကျေး လက်ဒေသ နယ်မြေများသို့ ၂ဝဝ၇ ခုနှစ်မှ စပြီး ယနေ့ထိ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ နှစ်စဉ် ဘာသာစုံ အခမဲ့ ဟောပြော ပို့ချပညာဒါနပေးနေပါတယ်။ တက္က သိုလ်ပညာဒါန ဆရာ၊ ဆရာမတွေ ဟာ ကျေးလက်နဲ့ မြို့ပြပညာရည် ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု မရှိစေဖို့ သမ္မတကြီး မပြောခင်ကတည်းက ဆောင်ရွက်ပေးနေတာပါ။ တောင်သူ လယ်သမား၊ အလုပ်သမား၊ ဆင်းရဲ နွမ်းပါးသော သားသမီးများ၊ ၁ဝ တန်း အောင်ချက်ကောင်းပါစေဟူသော စေတနာနဲ့ အနီးကပ် အခမဲ့ ဟော ပြောပို့ချ သင်ကြားပေးနေပါတယ်။

အဲဒီမှာ တချို့ ကျောင်းအုပ်တွေ ပြောပြချက်အရ အောင်ချက်မကောင်း လို့ ထုချေလွှာတွေ၊ ဖြေရှင်းချက် တွေ အတောင်းခံရတယ်လို့ သိရှိရပါ တယ်။

အောင်ချက် မကောင်းတာကို ဖြေရှင်းချက်တောင်းတဲ့ ပုဂ္ဂိုလ်တွေ မှာရော တာဝန်မရှိဘူးလားလို့ မေး ပါရစေဗျာ။ အဲဒီဖြေရှင်းချက် တောင်း တဲ့ လူကြီးတွေအနေနဲ့ အောင်ချက် ကောင်းအောင် ဘယ်လိုစီမံဆောင် ရွက်ပေးထားပါသလဲ။ ဘာသာရပ် ဆရာ၊ ဆရာမတွေ စုံစုံလင်လင် ခန့်ပေးထားပါသလား၊ အကြောင်း အမျိုးမျိုးကြောင့် ဆရာ၊ ဆရာမ တစ်ဦး (ဥပမာ ပြောင်းရွှေ့၊ နုတ်ထွက်၊ ကွယ်လွန်၊ အငြိမ်းစား) သွားပါက အဲဒီနေရာကို ချက်ချင်းဖြည့်စွက် ခန့်ပေးပါသလား။

တချို့ကျောင်းမှာ ပင်စင်ယူသွားသူနေရာမှာ ရှစ်လ ကြာထိ၊ ၁ဝ လကြာထိ၊ တစ်နှစ် ကျော်ထိ လူစားမဖြည့်ပေးတာ တွေ့ ခဲ့ရပါတယ်ဗျာ။ ကျောင်းကလည်း မိုးလုံလေလုံ ရှိပါရဲ့လား။ ကျောင်းထဲ
ရေဝင်လို့ ကျောင်းပိတ်ထားရတာ တွေ သိပါသလား။ သိပြီးရင်လည်း ဘယ်လိုလုပ်ပေးထားပါ
သလဲ။ ရေ မြုပ်တဲ့ကျောင်း၊ လေထိလို့ အမိုး လန်တဲ့ ကျောင်း၊ ယိုင်နဲ့နေတဲ့ ကျောင်း၊ မိုးရေဖွေးနေတဲ့ လယ်ကွင်း ထဲက ကျောင်း၊ အဲဒီကျောင်းတွေကို ရောက်အောင်သွားပါသလား။ ဘယ် နှခါ သွားပါသလဲ၊ ဘယ်လိုလုပ်ပေး ခဲ့ပါသလဲဆိုတာတွေ ပြည်သူတွေ စဉ်းစားပေးစေချင်ပါတယ်ဗျာ။

အောင်ချက် မကောင်းတာနဲ့ ပတ် သက်လို့ ဒါတွေကိုလည်း ထည့် မတွက်တော့ဘူးလားဗျာ။ တကယ် တော့ ဒါတွေဟာ လွှတ်တော်အသီး သီးမှာမေးသင့်တဲ့ မေးခွန်းတွေလို့ ကျွန်တော်ထင်ပါတယ်။

နောက်တစ်ခုက ကျောင်းသား နဲ့ ဆရာအချိုး (Ratio) အမှန်တကယ် ညီညီမျှမျှ ရှိပါသလား။ ကျောင်းသား ဆရာ အချိုးတွက်ချက်ရာမှာ တစ် ပြည်လုံးမှာ ရှိတဲ့ အထက်တန်း ကျောင်းသား ဦးရေနဲ့ အထက်တန်းပြ ဆရာ၊ ဆရာမဦးရေနဲ့ အချိုးချတာ လား၊ တစ်ကျောင်းချင်းအလိုက် ဆရာ၊ ကျောင်းသား အချိုးချတာက သဘာဝကျမယ်။ မှန်ကန်မယ်လို့ ထင်ပါတယ်။ ကျောင်းသားပညာရေး အတွက်၊ အောင်ချက်အတွက် အကျိုးရှိမယ်ထင်ပါတယ်။ တကယ် တော့ ဒါတွေဟာ လွှတ်တော်အသီး သီးမှာ မေးသင့်တဲ့ မေးခွန်းတွေလို့ ထင်ပါတယ်။

ပတ်ဝန်းကျင် ဒီနေရာမှာ သတိပြုရမှာ တစ်ခု က ပတ်ဝန်းကျင်ကြောင့်လည်း ဂုဏ် တက်ရတယ်၊ ဂုဏ်ပျက်ရတယ် ဆိုတာပါပဲ။ မိမိတို့သားသမီးတွေကို မိဘတွေအနေနဲ့ စူစမ်းလေ့လာအကဲ ခတ်တာတွေမလုပ်သင့်ဘူးလားဗျာ။

ဒီတော့ကာ စာမေးပွဲ အောင် ချက်မကောင်းတာကို သူ့လွှဲချ၊ ငါ့လွှဲ ချ၊ ဖြေရှင်းချက်တွေတောင်း၊ ရာထူး အရ အပေါ်စီးနဲ့ ဆက်ဆံ၊ နေရာ တကာမှာ ငါသိ၊ ငါတတ်၊ ငါမြတ်၊ ငါ့စကားနားထောင်၊ ငါပြောတာ အမှန်၊ ငါ့ပြန်မပြောနဲ့ ဆိုတာမျိုးတွေ ဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ သဘောတွေပါ။ ဖြေရှင်းချက်တောင်း၊ သတိပေးတာနဲ့ အဲဒီကျောင်း အောင် ချက်ကောင်းလာမယ်ဆိုရင်ဗျာ ကျောင်းအုပ်တွေကိုသာ ဖြေရှင်း ချက်တွေပဲ ထပ်ခါတလဲလဲ တောင်း နေရုံပေါ့ဗျာ။

မိဘပြည်သူများခင်ဗျာ၊ ကျောင်း သားရှိလို့ ဆရာရှိတာပါ။ ကျောင်း သားမရှိရင် ဆရာမရှိနိုင်ပါ။ ဆန်ရှိလို့ ထမင်း ဖြစ်တာပါ။ ဆန်မရှိရင် ထမင်း မဖြစ်ပါဘူးဗျာ။

ကျောင်းသားနဲ့ ဆရာတွေရဲ့ ကိစ္စအဝဝ ဖြည့်ဆည်းပံ့ပိုးပေးဖို့ (စီမံ ခန့်ခွဲရတဲ့ အဖွဲ့၊ ရုံးအဖွဲ့၊ ဦးစီးဌာန အဖွဲ့) ဆိုတာတွေ ပေါ်ပေါက်လာရ တာပါ။ ဒါကြောင့် ပညာရေးဝန်ကြီး ဌာန အောက်ရှိ ရုံးဌာနအသီးသီး၊ တာဝန်ရှိသူ အသီးသီးဟာ ကျောင်း သားနဲ့ ဆရာ (ဆရာနဲ့ ကျောင်းသား) အဘက်ဘက်မှ အစစအရာရာ အဆင်ပြေ ချောမွေ့အောင် လိုအပ် သလို ကူညီ၊ ဖြည့်ဆည်း၊ စီမံ၊ ဆောင်ရွက်ပေးရတဲ့ အဖွဲ့လား သို့ မဟုတ် အထက်ကနေပြီး အပေါ်စီးနဲ့ အာဏာပါဝါပြရတဲ့ အဖွဲ့လားဆိုတာ ပြည်သူတွေ စဉ်းစားပေးပါဗျာ။

ဒါကြောင့် စာမေးပွဲအောင်ချက် မကောင်းတာ ဘယ်သူ့တာဝန်လဲ။ ပြည်သူတွေကို မေးပါရစေ။ ပြည်သူ ဖြေတာ အမှန်ဆုံးဖြစ်မှာပါ။

တက္ကသိုလ် အငြိမ်းစား ဆရာကြီး
↧

လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးအလောင်းအား အင်းတကော်မြို့ရွှေပြည်ဆည်သွားရာ ကားလမ်းနံဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား

$
0
0


ရွှေပြည်ဆည်သွားသည့် လမ်းနံဘေး၌ သေဆုံးသူအမျိုးသား နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့)
ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့တွင် လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမည်မသိ အမျိုးသားနှစ်ဦးအလောင်းကို လာရောက်စွန့်ပစ်မှု မေ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးမှာ အသက် ၄၀ ၀န်းကျင်ခန့်ရှိပြီး ၎င်းတို့ကို ပရိုဘောက်ယာဉ်အဖြူရောင်ဖြင့် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး-ရန်ကုန် ကားလမ်းမအတိုင်း ရန်ကုန်ဘက်သို့ ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိရသူ၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ရွှေပြည်ဟိုတယ်နှင့် မျက်နှာချင်းဆိုင် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းဘေး ပေ ၂၅၀ ခန့် အကွာ အင်းတကော်ကျေးရွာ အမှတ်(၂) ရပ်ကွက် ရွှေပြည် (၃) ဆည်သွားသည့် လမ်းနံဘေး၌ မေ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နံပါတ်မမှတ်မိသည့် ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် အမျိုးသားနှစ်ဦး အလောင်းအား လာရောက်ပစ်သွားကြောင်းကို ကျောင်းသူတစ်ဦးက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့၍ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူ အမျိုးသားနှစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံရပြီး လည်ပင်း၊ ရင်အုံ၊ ပေါင်၊ ကုပ်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

“လောလောဆယ်တော့ သေဆုံးသူ နှစ်ဦးက ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘူး။ အလောင်းလာပစ်တဲ့ယာဉ်က ရန်ကုန်ဘက်ကို ထွက်ပြေးသွားတယ်ပြောလို့ နယ်ထိန်းအဖွဲ့တွေက လိုက်ပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ နောက်ပြီး တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် စီအိုင်ဒီနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အင်းတကော်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်တင်ဦးက ပြောကြားသည်။

အဆိုပါလူသတ်မှုကို အင်းတကော်နယ်မြေရဲစခန်းမှ (ပ) ၅၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ- ၃၀၂/၂၀၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။


Writer:
ဉာဏ်ဝင်းရှိန်၊ အောင်မျိုးသန့်
↧

အစိုးရ အဖွဲ့  ဘာဆက်လုပ်မှာပါလဲ ???

≪ Previous: လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးအလောင်းအား အင်းတကော်မြို့ရွှေပြည်ဆည်သွားရာ ကားလမ်းနံဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား
$
0
0


မနေ့ က ညနေပိုင်း မှာပဲ …၀ အဖွဲ့ ဟာ …ရှင်းလင်း ပြတ်သားတဲ့  …သတင်းစကားတစ်ခုကို …
ပြည်ထောင်စု အစိုးရ ထံ ....ပေးပို့ လိုက်ပါတယ် …


ဗဟိုဦးစီးစနစ် ပြင်းထန်လွန်းပြီး …ခွင့်ပြုချက် မရရင် …ဘာတစ်ခုမှ လုပ်လို့ မရတဲ့  …၀ ဒေသ ပန်ဆန်းမှာ …
တိုင်းရင်းသား ထိပ်သီးညီလာခံ ကျင်းပနေတုန်း …တိုင်းရင်းသား လက်နက်ကိုင်တပ်များ စုစည်းပြီး …
တပ်မတော်ကို တိုက်ခိုက်ကြဖို့  …စာတမ်းကို ကိုင်ဆောင် …ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ် …

ဖုန်ကြားရှင် အဖွဲ့ တွေ …လောက်ကိုင်ကို ၀ိုင်းတိုက်တော့ …၀ ၊ မိုင်းလား နဲ့  ကေအိုင်အေ အဖွဲ့ တွေက …
နောက်ကွယ်က ၀ိုင်းပံ့ ပိုး …AA နဲ့ TNLA က ကိုယ်တိုင် ၀င်တိုက်ခဲ့ပါတယ် …

ပန်ဆန်းမှာ ညီလာခံကျင်းပမယ် လုပ်တော့ …အစိုးရက ဖုန်ကြားရှင် အဖွဲ့ ကို မဖိတ်ဖို့  …တောင်းဆိုခဲ့ပါတယ် …
ဝ က ခပ်တည်တည်ပဲ …အစည်းအဝေး ဆက်ဖိတ်ပါတယ် …

ဖိတ်ရုံမက …တပ်မတော်ကို ၀ိုင်းတိုက်ခိုက်ကြ ဆိုတဲ့  ....စာတမ်းကိုတောင်…
ကိုင်ဆောင် ဆန္ဒပြ လိုက်ပါသေးတယ် …

ကျွန်တော် မေးလိုတဲ့  မေးခွန်းက …တစ်ခုတည်းပါပဲ …

အစိုးရ အဖွဲ့  ဘာဆက်လုပ်မှာပါလဲ ???

ဘယ်လို တုန့် ပြန်မှာပါလဲ ???ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးတွေ …ပြုလုပ်ဖို့ အစီအစဉ် ရှိပါသလဲ … ???
ကျွန်တော်တို့ သိချင်ပါတယ် …..ကျွန်တော်တို့  စစ်ဝါဒီတော့ မဟုတ်ပါ …သို့ သော် စစ်တိုက်မှပဲ …
ဒီ ပြသနာတွေ ရှင်းတော့မယ်ဆိုလဲ …စစ်ပြန်တိုက်ကြဖို့  အသင့်ပါပဲ …

ကျွန်တော်တို့ စောင့်နေပါတယ် …အစိုးရ အဖွဲ့  ဘာလုပ်မှာပါလဲ ???


ရဲမိုး






↧

အိုင်အက်စ် ခေါင်းဆောင်များနှင့် ပတ်သက်ပြီး သတင်းပေးနိုင်လျှင် ဒေါ်လာ သန်း ၂၀ ပေးမည်ဟု အမေရိကန် ဆုကြေးထုတ်

$
0
0


(ဝါရှင်တန်)။ ။ အမေရိကန် အစိုးရက အိုင်အက်စ် ခေါင်းဆောင် လေးဦးနှင့် ပတ်သက်ပြီး သတင်းပေးနိုင်ပါက အမေရိကန် ဒေါ်လာ သန်း ၂၀ ဆုကြေးပေးမည်ဖြစ်ကြောင်း ဆုငွေထုတ်လိုက်သည်။

ယင်းအိုင်အက်စ် ခေါင်းဆောင် လေးဦးတို့မှာ အက်ဘ်အယ်ရက်မန်မူစတာဖာ၊ အဘူမိုဟာမတ်အယ်လ်
အက်ဒ်နန်နီ၊ တာခန်းတေယုမူရာဇိုဗစ်နှင့် တာရစ်ဘင်အယ်လ်တာဟာတို့ ဖြစ်သည်။


၎င်းတို့အား တရားစီရင်ရေး ပရိုဂရမ်ဆိုင်ရာ ဆုတော်ငွေအောက်တွင် သံသယစာရင်းဝင်များအဖြစ် ယခုကဲ့သို့ ဆုငွေထုတ်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ တက္ကဆက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် နောက်ကွယ်က ပါဝင်ကြိုးကိုင်ခဲ့ကြောင်း အိုင်အက်စ်တို့က အင်္ဂါနေ့က ကြေညာခဲ့သည်။

တိုက်ခိုက်မှုမှာ တမန်တော် မိုဟာမတ် ကာတွန်းပြပွဲကျင်းပရာ အနီးတွင် လက်နက်ကိုင်နှစ်ဦးက
သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က ကာလိဖိရ်(မွတ်စလင်နိုင်ငံတော်) စစ်သည်တော်များ ဖြစ်ကြသည်ဟု အိုင်အက်စ်အဖွဲ့က ပြောကြားခြင်း ဖြစ်သည်။ ယင်းလက်နက်ကိုင် နှစ်ဦးကို တာဝန်ရှိလုံခြုံရေး နှစ်ဦးနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ပစ်သတ်နိုင်ခဲ့သည်။

REF : BBC






↧
↧

တပ်မတော်မှာ မဟာဗျူဟာ အစီအစဉ်တွေ ရှိပြီးသား

$
0
0




စစ်တန်းလျားကို ပြန်သွားနိုင်ဖို့က P နှစ်လုံးက အရေးကြီးလာတယ်။ ဓာတ်ပုံ- သက်ဦးမောင်



တပ်မတော်ဟာ စစ်တန်းလျား ကို ဘယ်တော့ပြန်မှာလဲ။ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ရွေး ကောက်ပွဲရလဒ်အပေါ် မူတည်ပြီး အာဏာသိမ်းမှုတွေ ဖြစ်လာနိုင် သလား။ ဒီကြားထဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တစ်ချိန်ချိန်မှာ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက် လာခြေရှိတယ်လို့ ပြောဆိုနေတာ တွေက ရှိနေတော့ကာ တကယ်လို့ များ တပ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာခဲ့ရင် ဘယ်လိုဖြစ်ပေါ် ပြောင်းလဲမှုတွေ ဖြစ်နိုင်သလဲ။

ပြည်တွင်းစစ်နဲ့ အသားကျနေပြီ ဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေး တည်ဆောက်မှု အခြေအနေက ဘယ်လိုရှိနေပြီလဲ စတာတွေကို ဒီတစ်ပတ်ဆွေးနွေးပွဲမှာ ဆရာရဲမင်း နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါ တယ်။
ကျော်ခန့်။ ဆရာရဲမင်းရေ …မင်္ဂလာပါ။

ရဲမင်း။ မင်္ဂလာပါဗျာ။

ကျော်ခန့်။ လူတွေ တော်တော်များများ သိချင်တဲ့ မေးခွန်းတစ်ခုနဲ့အစပြုခွင့်ပြုပါ။

ရဲမင်း။ မေးပါ၊ မေးပါ။ ဖြေနိုင်ရင် ဖြေပါ့မယ်။

ကျော်ခန့်။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အိမ်စောင့်အစိုးရ၊ တော် လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ စတဲ့ အစိုးရ ငါးဆက်ကို မွေးထုတ်ပေးခဲ့တဲ့ မြန်မာ့တပ်မတော် က မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲမှာ ခြေတစ်လှမ်းဆုပ်လိုက်တာကတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲနောက် ပိုင်းမှာ စတင်လာခဲ့ပါတယ်။ အခု ၂ဝ၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ ရော မြန်မာ့တပ်မတော်က နိုင်ငံရေး နယ်ပယ်ထဲကို နောက်ထပ် ခြေ တစ်လှမ်းထတ်ဆုတ်ဖို့က ဘယ်လို အခြေအနေရှိပါသလဲခင်ဗျာ။

ရဲမင်း။စစ်တပ်က စစ်တန်းလျား ကို ပြန်ဖို့အရေးပေါ့။ စစ်တပ်က သူ့နေရာကို သူပြန်ဖို့ မေ့နေတာက နှစ်ပေါင်း ၅ဝ ကျော်သွားပြီလေ။ စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်း ခေါ်လာတာကလည်း နိုင်ငံရေး သမားတွေပဲလေ။ ဒီတော့ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ထဲကနေ ဆွဲထုတ် ဖို့ဆိုတာကလည်း နိုင်ငံရေးသမား တွေမှာပဲ တာဝန်ကြီးကြီးမားမား ရှိတယ်လို့လည်း ပြောရင်လည်း မလွန်ဘူးလို့ထင်တယ်။ သမိုင်းကို အသေအချာ ပြန်လေ့လာကြည့်ရင် စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲခေါ်တာ က စစ်တပ်ကိုယ်တိုင် မဟုတ်ဘဲ နိုင်ငံရေးသမားတွေ ဖြစ်တယ်ဆို တာကို သဘောပေါက်ဖို့ လိုမယ် ထင်တယ်။

တစ်ဖက်ကလည်း စစ်တပ် အနေနဲ့ နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ပါလာတာကလည်း ဝင်ပါချင်လို့ ဝင်လာရတာ မဟုတ်ဘဲ ဝင်မပါချင် သော်လည်း ဝင်လာရတဲ့ သဘော တွေ၊ လောဂျစ်တွေလည်း ရှိတယ်။

ဒါကိုလည်း လက်မခံချင်တဲ့သူ တွေလည်း ရှိတာပေါ့။ စစ်တပ်ကို ကိုယ့်နေရာကို ကိုယ်နေစမ်းပါကွာ လို့ ရိုးရိုးရိုင်းရိုင်းလေးနဲ့ ပြောချင်တဲ့ သူတွေလည်း ရှိမှာပေါ့။

ဒီတော့ စစ်တပ်ကို စစ်တန်းလျား ကို ပြန်သွားနိုင်ဖို့က P နှစ်လုံးက အရေးကြီးလာတယ်။ Push နဲ့ Pull ဗျူဟာပေါ့ဗျာ။ စစ်တန်းလျားကို ပြန်ဖို့က တွန်းတာတစ်ခုတည်းနဲ့ မရသလို ဆွဲတာတစ်ခုတည်းနဲ့ မရ ပြန်ဘူး။ ပြီးတော့၊ ဒီနေရာမှာ လုံးဝ အရေးကြီးတာက စစ်တပ်သည် စစ်တန်းလျားကို မပြန်ချင်လို့ နိုင်ငံ ရေးပါဝါဇာတ်ခုံမှာ အကြောင်းမရှိ၊ အကြောင်းရှာပြီး ပေကပ်ပြီး ကျောက် ချနေတာမဟုတ်ဘူးဆိုတာပဲ။ သူတို့ ရဲ့အကျိုးစီးပွား၊ သူတို့ရဲ့ လုံခြုံရေး အပြင် နိုင်ငံတော်ပေါ်မှာ သူတို့အနေ နဲ့ ရိုးရိုးသားသား စိုးရိမ်ပူပန်မှုတွေ ရှိနေလို့လည်း ဖြစ်တယ်ဆိုတာကို တော့ သဘောပေါက်ဖို့ လိုမယ် ထင်တယ်။ ဒီလိုမျိုး ပူပန်မှုတွေရှိနေ သမျှ သူတို့သည် စစ်တန်းလျားကို စိတ်ချလက်ချပြန်မှာ မဟုတ်ဘူး ဆိုတာကို သဘောပေါက်ဖို့ လိုမယ် ထင်တယ်။
ကျော်ခန့်။ ဆရာ ခုနက ပြောသွားတဲ့ Push နဲ့ Pull က ဘာတွေတုန်း ဆရာ။

ရဲမင်း။ စစ်တပ်ကို စစ်တန်းလျား ပြန်ဖို့အတွက် တပ်မတော်အစိုးရ လက်ထက်မှာ Push သဘောပါတဲ့ Sanction တွေကို ကမ္ဘာ့နိုင်ငံကြီး တွေက ချမှတ်ခဲ့တယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေလည်း လုပ်ခဲ့တယ်။

ဒါပေမယ့် မအောင်မြင်ဘူး။ ဒါဆိုရင် Pull နဲ့ ရော အဆင်ပြေမလား မေး ပြန်ရင် Pull ရဲ့ အဓိက Tool တွေက Incentives တွေပဲလေ။ Incentive ဆိုတဲ့ နေရာမှာလည်း ကိုယ်က သူ့ ကို ပေးနိုင်တဲ့အရာကိုမှ Incentive လို့ မခေါ်ဘူးလေ။ ကိုယ့်ရဲ့တောင်း ဆိုချက်ကို တစ်ထစ်လောက် လျှော့ ပေးလိုက်တာကလည်း Incentives ပေါ့ဗျာ။ လွယ်လွယ်ပြောရရင် Discount ပေါ့ဗျာ။ ဒီလိုပြောပြန် ရင်လည်း အညံ့ခံ၊ လက်နက်ချ ရမယ်လို့ ပြောချင်တာတော့ မဟုတ် ဘူး။ အဲဒီလို ပြောပြန်ရင်လည်း လက်တွေ့ မြန်မာ့နိုင်ငံရေး အခြေ အနေနဲ့လည်း ဘယ်လိုမှ ရာနှုန်းပြည့် အဆင်မပြေနိုင်ဘူး။

ကျော်ခန့်။ ရွေးကောက်ပွဲနှစ် ဖြစ်တဲ့ ဒီနှစ်ပိုင်းကနေစလို့ လက်ပံ တန်းအရေးဖြစ်လာတာရပ်၊ လောက် ကိုင်ဒေသက ကိုးကန့်စစ်မီးတောက် လောင်မှုတွေရယ်ကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ လိုချင်တဲ့ရလဒ်ကို မရရင် အာဏာသိမ်းနိုင်သလား။

ရဲမင်း။ အာဏာသိမ်းတယ်ဆို တာက နိုင်ငံရေးအရ ရူးသွပ်မိုက်မဲမှု တစ်ခုပဲ။ ပြီးတော့ အာဏာဟာ သိမ်း ရတာ လွယ်ကောင်းလွယ်ပေမယ့် အာဏာကို ထိန်းသိမ်းရတာကတော့ ပိုခက်ခဲတယ်။

အခု ၂ဝ၁၅ ရွေးကောက်ပွဲရလဒ် အပေါ်မူတည်ပြီးတော့ အာဏာသိမ်း ဖို့ လမ်းတော့မမြင်ဘူး။ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကလည်း ပြောဖူး တယ် မဟုတ်လား။ အာဏာမသိမ်း ချင်လို့တာ ဒီအခြေခံဥပဒေ၊ ဒီရွေး ကောက်ပွဲပေါ်လာတယ်ဆိုတာလေ။

လွန်ခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာ ဘာသာရေး၊လူမှုရေးအကြမ်းဖက်မှု ပဋိပက္ခတွေ၊ လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် နောက်ကြောင်း ပြန် လှည့်မလားဆိုတဲ့ တွေးပူမှုတွေ ရှိခဲ့ တယ်။ ဒီတွေးပူမှုတွေကို ကောက် ချက်ဆွဲပြီးတော့ အာဏာသိမ်းရင် တောင် နှစ်မျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာရှိတယ်။

တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ပြီး အာဏာသိမ်းရင် ခဏပဲ ကြာမယ်။ ပြီးရင် အာဏာလွှဲရမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရပေါ့။ ဒါမှမဟုတ် အခြား ခေါင်းဆောင်တစ်ဦးဦး အာဏာသိမ်း ရင်တော့ အာဏာပြန်လွှဲဖို့ဆိုတာ တစ်သက်စာလောက်ကို ကြာသွား နိုင်တယ်လို့ သုံးသပ်တာတွေ ရှိ တယ်။

ဒါပေမယ့် ကျွန်တော်ယုံကြည် ပါတယ်။ စစ်တပ်ဟာ ဘယ်လိုနည်း နဲ့မှ အာဏာမသိမ်းနိုင်တော့ဘူး။ ကျွန်တော့အကြောင်းပြချက်က တော့ ရှင်းပါတယ်။ သမိုင်းသင်ခန်း စာအရ တပ်မတော်က မနိုင်ဝန်ကို မထမ်းချင်တော့တာက အမှန်ပဲ။

ပြီးတော့ တပ်မတော်မှာက ရေရှည်အတွက် မဟာဗျူဟာ အစီ အစဉ်တွေ ရှိပြီးသားဗျာ။

ကျော်ခန့်။ လက်ရှိတပ်ချုပ်က အရင်တပ်ချုပ်နဲ့ ဘာကွာခြားချက် တွေရှိသလဲလို့ ထင်သလဲ။

ရဲမင်း။ အသက်ချင်းကွာတာ ပေါ့။ ဝါစဉ်ရော၊ သမိုင်း၊ စနစ် ဖြတ်သန်းမှုရော ကွာခြားတာပေါ့။

တူတာ တစ်ခုက တပ်ချုပ်ဖြစ်ခြင်း တစ်ခုတည်းမှာပဲ တူတယ်။ လက်ရှိ တပ်ချုပ်က တပ်မှုရေးရာကို ပိုပြီး အချိန်ပေးနိုင်၊ အာရုံစိုက်နိုင်ခွင့်ရှိ တယ်။ ပြီးတော့ နိုင်ငံရေးစနစ် အကူးအပြောင်းကာလမှာ ပေါ်ပေါက် လာတဲ့ အခင်းအကျင်းအရကိုပဲ၊ တပ်ချုပ်က မီဒီယာနဲ့ ဆက်ဆံရေး၊ တပ်မိသားစုဝင်နဲ့ ဆက်ဆံရေးက ပိုပြီး မြေကြီးနဲ့ နီးစပ်လာတယ်။

နောက်ပြီး နိုင်ငံရေးရည်မှန်းချက် ရှိပုံရတယ်လို့ အချို့က ယူဆတယ်။

တပ်ချုပ်ကို နိုင်ငံရေးရည်မှန်းချက် ရှိတယ်လို့ ယူဆချက်အပြင် တပ်ချုပ် ကို သမ္မတလောင်းလျာဖြစ်သင့် တယ်လို့ ဗြောင်ဖွင့်ရေး၊ ဖွင့်ပြောပြီး တိုက်တွန်းတဲ့ သူတွေလည်း ရှိလာ တယ်။ ဆိုလိုတာက သူ့တပ်ကို သူနိုင်အောင်ထိန်းနိုင်တဲ့ ဖြစ်ရပ်တွေ က ‘ကျ’လောက်တဲ့ အရည်အချင်း တစ်ခုပဲလေ။

ကျော်ခန့်။ တပ်ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတဖြစ် လာနိုင်သလား။ ဖြစ်လာရင်ရော ဘာတွေဖြစ်လာနိုင်မလဲ။

ရဲမင်း။ ဒါက ပြောဖို့စောသေး တယ်လို့ ပြောရမလား။ ဒါမှမဟုတ် ပြောဖို့ပဲ အချိန်တန်ပြီလားဆိုတဲ့ ကိစ္စမှာတောင် ဝေခွဲရခက်တယ် ဗျာ။ သူ့ကို ဗျူးတဲ့ အင်တာဗျူး တချို့ မှာ တပ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲ မှာ ဝင်ရောက်နိုင်သလားမေးတိုင်း သူ့ဘက်က ယတိပြတ်ကြီးကို လုံးဝ၊ လုံးဝဆိုပြီး အပြတ်အသတ် ငြင်း ဆန်တာမျိုးတော့ မရှိဘူး။ လုပ်မယ် လို့ပြောတာလည်း မရှိသေးဘူး။ ဒါပေမယ့်လည်း မလုပ်ဘူးလို့လည်း ယတိပြတ်ငြင်းထားတာလည်း မရှိ ပြန်ဘူး။

သမ္မတအဖြစ် တစ်ပြေးနေတဲ့ ခေါင်းဆောင်တွေကို ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်မှာက ကျန်းမာရေး အားနည်းချက်ရှိတယ်။ သူရဦးရွှေ မန်းမှာကလည်း တပ်အပေါ်မှာ ဖိအားပေးတဲ့ ဆောင်ရွက်ချက်တွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကျတော့ ပုဒ်မ ၅၉ (စ) တံတိုင်းက လည်း ရှိနေသေးတယ်။ အဖြစ် နိုင်ဆုံးက ရွေးကောက်ပွဲအလွန်မှာ Speaker ပဲလေ။

ခေါင်းဆောင်မှု လေဟာနယ်က ၂ဝ၁၅ အလွန်မှာ ဖြစ်ကို ဖြစ်မှာ။ ဒီတော့ စိန်၊ စု၊ မန်း ကြားထဲမှာ ကြားချလို့ရတယ် ‘မင်းအောင်လှိုင်’ ပဲ ရှိတယ်။ ဒီတော့ ဒီလိုယူဆချက် နဲ့ဆိုရင် တပ်ချုပ်က သမ္မတလောင်း လျာ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ မရပြန်ဘူး။

လောလောလတ်လတ်တော့ တပ်ချုပ်က တပ်တော်တည်ဆောက် ရေး၊ တပ်တော်ခေတ်မီရေးကိုပဲ စူးစူး စိုက်စိုက် လုပ်ချင်ပုံပဲ။ သူ့လက် ထက်မှာ သူ့စွမ်းသလောက်ကို လုပ် သွားချင်တယ်ဆိုတာကတော့ ယုံမှား သံသယရှိစရာမလိုဘူး။

တပ်ချုပ်က သမ္မတဖြစ်လာရင် တော့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ပိုင်းမှာလည်း စိတ်ချနိုင်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးအပိုင်း ကလည်း ခုလည်းပဲ မကြာခဏ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့သွားနေတာပဲ လေ။ နောက်ပြီး ဒီမှာ စကားလမ်း သင့်လို့ ပြောချင်တာက စစ်တပ်က နိုင်ငံရေးပိုင်းမှာ ဝင်ပါတာကို သိပ် ပြောစရာ မရှိပေမယ့်၊ ဗျူရိုကရေစီမှာ စစ်တပ်က ဝင်ရောက်စိမ့်ဝင်လာ တာပဲ။

ကျော်ခန့်။ ဆရာက တပ်ချုပ်ကို appreciate ဖြစ်နေတော့ သူ့ကို ဘာ credit ပေးချင်လဲ။

ရဲမင်း။ ဒါတော့ ခွင့်လွှတ်ဗျာ။ ကျွန်တော်က သူ့ကို Lobby လုပ်ပေး နေသလို ဖြစ်သွားလား မသိဘူး။ နိုင်ငံရေးသမားတွေကိုပဲ ဒီမေးခွန်း သွားမေးပါလား။

ကျော်ခန့်။ အခုလက်ရှိ တပ် မတော်ရဲ့ စစ်ရေးတည်ဆောက်မှုကို ရော ဘယ်လိုသုံးသပ်ပါသလဲ။

ရဲမင်း။ဒါကလည်း စစ်ရေးကျွမ်း ကျင်သူတွေ သွားမေးပါလား။ အနီး စပ်ဆုံး Building the Tatmadaw စာအုပ်ရေးတဲ့ ဆရာမောင်အောင် မျိုးတို့၊ အရပ်ဘက်-စစ်ဘက် ဆက် ဆံရေးမှာ ဆရာတစ်ဆူလို့ သတ်မှတ် နိုင်တဲ့ ဆရာတင်မောင်မောင်သန်း တို့၊ ကြည်း(သု)ထွက် ဦးကိုကိုလှိုင် တို့ကို သွားမေးတာ ပိုကောင်းမယ် ထင်တယ်။

ကျော်ခန့်။ အခုတပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ အားလုံးကို ချေမှုန်းနိုင် တဲ့ အင်အားကို တည်ဆောက်ပြီးပြီလို့ ကြားရတယ်။ အဲဒီအပေါ်မှာ …

ရဲမင်း။ ဒါက မဟာဗျူဟာ အယူ အဆတစ်ခုအပေါ်ကို အခြေခံထား တယ်လေ။ အင်အား ဆတူနေရင် တော့ ဘယ်တော့မှ အပေးအယူ လုပ်လို့မရ၊ ဖိအားပေးလို့မရဘူးဆို တဲ့အပေါ်မှာ အခြေပြုထားတာ။

အနားယူသွားတဲ့ တပ်ချုပ်ကြီး က သူ့လက်ထက်မှာ စစ်လက်နက် တွေကို အောတိုက်ဝယ်ခဲ့တယ်။ အဲဒီ တုန်းကတော့ ဝေဖန်ပြစ်တင်မှုတွေ သောသောညံပေါ့လေ။ ဒါပေမယ့် သူ့လည်း သူ့အမြော်အမြင်နဲ့ ဒီ မဟာဗျူဟာအယူအဆကို ကျင့်သုံး အကောင်အထည်ဖော်ခဲ့တာပဲ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တန်ပြန်နိုင် တဲ့ အင်အားရှိတယ်ဆိုတာကတော့ ကျွန်တော့်တစ်ဦးတည်း အမြင်အရ ‘မလွမ်းလောက်ပါဘူး’ဗျာ။

ဖြစ်သင့်တာက အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နောက်ပြီး အင်အားကြီးနိုင်ငံတွေဖြစ် တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ပခုံးချင်းယှဉ်နိုင်တဲ့ စစ်ရေးစွမ်းရည် ရှိလားဆိုတာက ပိုပြီး အရေးကြီး တာပါ။

ကျော်ခန့်။ အချိန်လည်း မနည်း တော့ဘူးဆိုတော့ ဆရာ့အမြင်တွေ ကို ပြန်ပြီး အကျဉ်းချုပ်ပေးပါဦး။

ရဲမင်း။ အရပ်ဘက်အုပ်ချုပ်ရေး အောက်ကို စစ်တပ်ပြန်ရောက်ဖို့ ဆိုတာက ငြိမ်းချမ်းမှ အိမ်ပြန်မယ်။

မငြိမ်းချမ်းရင် အိမ်မပြန်ဘူးဆိုတာ ရှိတယ်။ တစ်ဖက်ကလည်း စစ်တန်း လျားပြန်မှ ငြိမ်းချမ်းမယ်ဆိုတာ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

စစ်တပ်က အာဏာသိမ်းဖို့ လမ်း မမြင်ဘူး။ အကြောင်းက အာဏာ မသိမ်းချင်တော့လိုကိုပဲ လမ်းပြမြေပုံ တို့။ အခြေခံဥပဒေတို့၊ ရွေးကောက် ပွဲတို့ဖြစ်လာတာကိုပဲ ကြည့်။

တပ်ချုပ် သမ္မတဖြစ်လာခဲ့ရင် ထိုသို့ဖြစ်ခြင်းက နိုင်ငံရေးအဖြေ၊ ထွက်ပေါက်ပဲ ဖြစ်သင့်တယ်။ နိုင်ငံ ရေး မီးစ မဖြစ်သင့်ဘူး။

စစ်ရေးတည်ဆောက်မှုကတော့ စစ်ရေးကျွမ်းကျင်သူ မဟုတ်တော့ ကျွန်တော့ကို လက်ရှောင်ခွင့်ပြုပါ။ သမ္မတနဲ့ တပ်ချုပ်ပြောလေ့ရှိ တာက gradual change ပဲ။ ဒါက လည်း mature ဖြစ်မဖြစ် ဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ်။

ကျော်ခန့်

↧

စစ်သွေးကြွများ လက်မှ ပြန်လည်ကယ်ဆယ်နိုင် ခဲ့သည့် အမျိုးသမီးများအနက် အနည်းဆုံး ၂၁၄ ဦးတွင် ကိုယ်ဝန်ရှိနေကြောင်း ကုလသမဂ္ဂ ပြောကြား

$
0
0

အဘူဂျာ ၊ ၆-၅-၂၀၁၅

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မကြာသေးမီက ဘိုကိုဟာရမ် စစ်သွေးကြွများ လက်မှ ပြန်လည် ကယ်ဆယ် နိုင်ခဲ့သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် များအနက် အနည်းဆုံး ၂၁၄ ဦးမှာ ကိုယ်ဝန် ရှိနေကြောင်း ကုလသမဂ္ဂ အဖွဲ့က မေ ၄ ရက်တွင် ထုတ်ပြန်ချက်ကို Press TV တွင် ရေးသား ဖော်ပြ ထားသည်။


အဆိုပါ အမျိုးသမီး များနှင့် မိန်းကလေးများ အနက် အချို့မှာ ကိုယ်ဝန်ရှိကြောင်း မြင်သာသည့် အခြေအနေတွင် ရှိနေပြီး အချို့မှာမူ ကိုယ်ဝန်ရှိကြောင်း ယခုမှ စမ်းသပ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၄င်းတို့တွင် HIV နှင့် AIDS ရောဂါပိုးများ ကူးစက်ခံ ထားရခြင်း ရှိ၊ မရှိ ကိုလည်း စမ်းသပ် ပေးထားပြီး ဖြစ်ကြောင်း ကုလ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ညွှန်ကြားရေးမှူး ဘာဘာတွန် ဒီအိုဆိုတွန် မေဟီ က ထုတ်ပြန်ချက် တွင် ပြောကြား ခဲ့သည်။

ထို့ပြင် အမျိုးသမီး များနှင့်အတူ စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို ခံရသည့် ကာလအတွင်း မွေးဖွားခဲ့သော ကလေးများလည်း ပါဝင်ခဲ့ကြောင်း၊ ယင်း ကလေးငယ် များမှာ အစိုးရ တပ်ဖွဲ့ဝင် များ၏ ကယ်ဆယ် ခြင်းကို မခံရမီ ကာလပတ်လုံး တောတောင်ထဲ တွင်သာ နေထိုင်ခဲ့ ရကြောင်း ၄င်းက ထပ်လောင်း ပြောကြား ထားသည်။

နိုင်ဂျီးရီးယား အစိုးရ၏ ထုတ်ပြန်ချက် အရ ၄င်းတို့၏ တပ်ဖွဲ့ဝင် များသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဘိုကိုဟာရမ် စစ်သွေးကြွ များ၏ လက်အတွင်းမှ ဖမ်းဆီးခံ အမျိုးသမီးနှင့် မိန်းကလေးငယ် စုစုပေါင်း ၇ဝဝဝ နီးပါး ခန့်ကို ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ခြင်း ခံရသူများ အနက် အများစုမှာ မာဒါဂါလီမြို့ နှင့် အနီးတစ်ဝိုက် ရှိ ဒေသများမှ ဖြစ်ကြောင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ပါရှိသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သည် ယခုအခါ လက်နက် အင်အားနှင့် လောင်စာများ ပြတ်လပ်လျက် ရှိပြီး အဖွဲ့အတွင်းမှ ခေါင်းဆောင်များ နှင့် သာမန် အဖွဲ့ဝင် စစ်သွေးကြွများ အကြား တွင်လည်း တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ယင်း စစ်သွေးကြွ များ လက်မှ ပြန်လည် လွတ်မြောက် လာသူများက ပြောကြား ထားကြောင်း သိရသည်။

‪#‎PyiChitThar‬








↧

တတိယအင်အားစုပေါ်လာဖို့ မလွယ်ဘူးလို့ ကျွန်တော်တော့ ထင်တယ်

$
0
0




တတိယအင်အားစု နာမည်သတင်းပြေးနေသည့် National ပါတီ MDRI မှာ နိုင်ငံရေး စီမံခန့်ခွဲမှု မဟာတန်း ကျောင်းသား ၆ဝ ခန့် ပါဝင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအကြံပေး၊ MDRI ကျောင်းအုပ်
ဒေါက်တာ နေဇင်လတ်က ပါတီနာယကအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

လက်ရှိ တတိယအင်အားစုလို့ နာမည်ကြီးနေတဲ့ နိုင်ငံရေးပါတီအပေါ် မှာ ဘယ်လိုမြင်ပါသလဲ။


ပါတီမူဝါဒတွေကိုတော့ ကျွန် တော်တော့ မသိသေးဘူး။ ပါတီ နာမည်တောင် မသိသေးဘူး။ ပါတီ ထောင်မယ့်လူတွေ၊ ပါတီကိုမှတ်ပုံ တင်မယ့်လူတွေကိုပဲ သိတာကိုး။ ပါတီရဲ့ရည်ရွယ်ချက်၊ မူဝါဒတွေ ကိုတော့ တရားဝင်ထုတ်ပြန်ပြီးမှ သိမှာကိုး။ ဒါပေမယ့်လည်း ယေဘု ယျအားဖြင့်တော့ လက်ရှိ အာဏာရ ပါတီနဲ့လက်တွဲသွားမယ်လို့ ပြောတဲ့ အတွက် တတိယအင်အားစုလို့ မမြင်ဘူး။

နောက်တစ်ခုကတော့ ငါးနှစ် တာ ကာလအတွင်းမှာ နိုင်ငံရေးကို တစ်စုံတစ်ရာထက်သန်တဲ့သူတွေ အင်အားစုက သီးခြားပါတီတစ်ရပ် ထောင်တဲ့သဘောလို့ မြင်ပါတယ်။

တကယ်တမ်းက လက်ရှိမှာ အင်အားကြီးနိုင်ငံရေးပါတီက နှစ်ရပ် ရှိတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်ပါတီ ကိုပဲကြည့်ကြည့် သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံရေးပလက်ဖောင်းတူတဲ့သူတွေ က ဒီပါတီကြီးနှစ်ခုစလုံးထဲကို ဝင်လို့ မရတဲ့ အနေအထားတွေ ဖြစ်နေ တယ်။ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ဖွံ့ ဖြိုးမှုအနေအထားကို ပြန်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ ဥပမာ ၈၈ မျိုး ဆက်ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပါ တော့။ ကျွန်တော်ထင်ခဲ့တာက အင်န် အယ်လ်ဒီပါတီနဲ့နီးစပ်တယ်။ အင်န် အယ်လ်ဒီပါတီထဲကို ရောက်နိုင်တယ် လို့ တွေးထင်ထားခဲ့တာပေါ့။ ဒါပေ မယ့် ခုထက်ထိ ၈၈ မျိုးဆက် အင်အားစုတွေနဲ့ အင်န်အယ်လ်ဒီ ပါတီတို့ တရားဝင်ပေါင်းစည်းတာ မတွေ့ရသေးဘူး။ ပါတီတွေအနေနဲ့ ကိုယ့်နဲ့အယူအဆတူတယ်၊ အသွေး အရောင်တူတဲ့သူတွေကို လက်ကမ်း ကြိုဆိုတဲ့အနေအထားသာရှိရင် ဒီလိုသီးခြားပါတီတွေ ထွက်ပေါ်လာ စရာအကြောင်းရှိမှာ မဟုတ်ဘူး။

တတိယအင်အားစုလို့ ဖြစ်မြောက် ဖို့ ဘယ်လို အင်္ဂါရပ်တွေရှိရမလဲ။

နိုင်ငံရေးမှာ ယေဘုယျအားဖြင့် ဘက်နှစ်ဖက်တော့ရှိတာပေါ့ဗျာ။

ဘက်တစ်ဖက်မှာ ပြည်ခိုင်ဖြိုး ပါတီရှိတယ်။ အာဏာရပါတီလည်း ဖြစ်တယ်။ အရင်စစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေ ဦးဆောင်တဲ့ပါတီ တွေဖြစ်တယ်။ ကျန်ဘက်တစ်ဖက် ကလည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေပါဝင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ရှိတယ် ပေါ့။ အဲဒီနိုင်ငံရေးပါတီ နှစ်ခုစလုံးနဲ့ မတူတဲ့ ဒီပါတီတွေရဲ့ရည်ရွယ်ချက် တွေနဲ့ မတူတဲ့ နိုင်ငံရေး ပလက် ဖောင်း၊ မူဝါဒတွေ ရှိရင်တော့ တတိယအင်အားစုလို့ပြောလို့ ရနိုင် တယ်။ ဒါပေမယ့်လည်း ပြဿနာက ပုဂ္ဂိုလ်ရေးအမြင်အားဖြင့် မတူသော် လည်း မူဝါဒအားဖြင့် နည်းနည်းလေး သိပ်မကွဲတာတာတွေကလည်း မြန်မာ့နိုင်ငံရေးမှာ တစ်ခါတလေ တွေ့ရတာမျိုးတွေ ရှိတာပေါ့။

ဥပမာအားဖြင့် အင်န်ဒီအက်ဖ်တို့၊ ဦးသိန်းညွန့်တို့ ဦးဆောင်တဲ့ အင်န် အင်န်ဒီပီပါတီတွေက အင်န်အယ်လ် ဒီပါတီကြီးကနေ လွင့်စဉ်ထွက်လာ တဲ့ပါတီတွေပဲ။ သူတို့တွေရဲ့ ပါတီ ကိုကြည့်လိုက်ရင် ဒီမိုကရေစီ တည် ဆောက်ရေးကို ဦးတည်တယ်။

ကြိုးပမ်းတယ်။ စစ်အစိုးရလက်ထက် မှာ ဒီမိုကရေစီအရေးအတွက် ကြိုး ပမ်းလာတဲ့သူတွေပဲ။ ဒါပေမယ့် လည်း ၂ဝ၁ဝ ရွေးကောက်ပွဲရောက် လာတော့ ပုဂ္ဂိုလ်ရေး အမြင်မတူတာ တွေရှိတယ်။ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေ မတူတာ တွေဖြစ်လာတော့ သီးခြားပါတီတွေ ဖြစ်လာတဲ့သဘော တွေ့ရပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တတိယပါတီလို့ တကယ်တမ်းဖြစ် ဖြစ်မြောက်မြောက်ဖြစ်လာဖို့ ခဲယဉ်း မယ့်အနေအထားမှာ ရှိတယ်လို့ ပြောလို့ရနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရေချိန်နဲ့ နိုင်ငံရေးရေခံမြေခံတွေက တတိယအင်အားစုကို လက်ခံနိုင်တဲ့ အနေအထားမရှိသေးဘူး ဖြစ်နေ တယ်။ အဲဒါဘာကြောင့်ဖြစ်သလဲ ဆိုတော့ ကျွန်တော်တို့က နိုင်ငံရေးကို စဉ်းစားရင် ‘ဘက်’ ကိုပဲစဉ်းစားတာ ကိုး။ ဒီလိုဘက်ကို ဦးတည်စဉ်းစား လေ့ရှိတဲ့အခါကျတော့ တတိယ အင်အားစုပေါ်လာဖို့ မလွယ်ဘူးလို့ ကျွန်တော်တော့ ထင်ပါတယ်။ လော လောဆယ်အခြေအနေမှာပေါ့။

၂ဝ၁ဝ ရွေးကောက်ပွဲ ကာလ ဝန်းကျင်တုန်းက မြန်မာအီးဂရက်စ်က တိုက်ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်သော်လည်းကောင်း အင်န်ဒီအက်ဖ် ကို ရွေးကောက်ပွဲမှာ ပါဝင်ကူညီပေး ခဲ့တယ်။ ခု ၂ဝ၁၅ ရွေးကောက်ပွဲကာလ နီးကပ်လာတော့ အင်န်ဒီအာအိုင်က ကျောင်းသားတွေ နိုင်ငံရေးပါတီ တစ်ခုထူထောင်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်နှစ်ခုစလုံး မှာ ဘယ်လိုကွာခြားချက်တွေရှိမယ် လို့ ထင်ပါသလဲ။

ဖြစ်စဉ်ကတော့ တူတယ်လို့ တော့ ပြောလို့ရတယ်။ ဖြစ်ပုံက တော့ လူအများနားလည်နေသလို မျိုးတော့ မဟုတ်ဘူးလို့ ထင်တယ်။ ၂ဝ၁ဝ မတိုင်ခင်မှာ နိုင်ငံရေးသင် တန်းတွေ မြန်မာအီးဂရက်စ်ကဖွင့် တယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ လူငယ် တော်တော်များများက နိုင်ငံရေးဆို တဲ့ အတွေးအခေါ်၊ အယူအဆတွေ ကို စူးစမ်းလာတဲ့ လူငယ်ထုတစ်ရပ် ပေါ်လာတယ်ပေါ့။ ဒီလူငယ်ထုက ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အခါကျတော့ လူငယ်တွေရဲ့ နိုင်ငံ ရေးရည်မှန်းချက်၊ အာသီသတွေကို ပိုပြီးတော့မှ ပြင်းထန်လာတဲ့အချိန် မှာ အင်န်ဒီအက်ဖ်ပါတီပေါ်လာတဲ့ အချိန်မှာ လူငယ်တွေခြေစုံပစ်ဝင် လာတဲ့သဘောဖြစ်သွားတယ်။ ဆိုလို တာကတော့ဗျာ။ မြန်မာအီးဂရက်စ် က အင်န်ဒီအက်ဖ်ပါတီကို တိုက်ရိုက် ထောင်ပြီးတော့မှ ရွေးကောက်ပွဲကို ဝင်တာမဟုတ်ပေမယ့်၊ မြန်မာအီး ဂရက်စ်က မွေးထုတ်ပေးလိုက်တဲ့ သင်တန်းသားတွေအများစုက
နိုင်ငံ ရေးအာသီသတွေ ပြင်းထန်လာပြီး တော့မှ နိုင်ငံရေးပါတီတစ်ရပ်ရပ်ရဲ့ အောက်ကို ခြေစုံပစ်ဝင်လိုက်တဲ့ သဘောဖြစ်လိမ့်မယ်နဲ့တူတယ်။

ခုဖြစ်တဲ့ ဖြစ်စဉ်ကလည်း အလား တူပါပဲ။ အင်န်ဒီအာအိုင်အဖွဲ့က ဒီပါတီကြီးကို ထောင်တာလို့ ကျွန် တော်တော့ မထင်ဘူး။ အင်န်ဒီအာရ် အိုင်ကို ကျွန်တော်နားလည်ထားတာ က ဥာဏ်ကြီးရှင်အဖွဲ့၊ သုတေသန အင်စတီကျူးရှင်အဖွဲ့ တစ်ခုပါပဲ။

တစ်စုံတစ်ရာအားဖြင့် သမ္မတရုံးနဲ့ နီးစပ်တယ်။ သမ္မတအကြံပေးတွေ ဦးဆောင်နေတဲ့ အင်စတီကျူးရှင်း တစ်ခုပါပဲ။ ဒီအင်စတီကျူးရှင်းကနေ ပြီး ပါတီထောင်တယ်လို့တော့ ကျွန်တော်တော့ မမြင်ဘူး။ ဒါပေမယ့် အင်န်ဒီအာရ်အိုင်ကဖွင့်တဲ့ သင်တန်း တွေကတော့ အမျိုးမျိုးရှိတာပေါ့ ဗျာ။ သင်တန်းတွေမှာ တက်လာတဲ့ သင်တန်းသားတွေထဲမှာ သူတို့ပဲ ပါတဲ့ နိုင်ငံရေးပါတီတစ်ရပ်ရှိနိုင်ရင် ကောင်းတယ်ဆိုတဲ့ ဒီပါတီကို ထူ ထောင်လိုက်တယ်လို့ ထင်တယ်။

မြန်မာအီးဂရက်စ်ကလည်း ပါတီ ထောင်ခဲ့တာမဟုတ်ဘူး။ အင်န်ဒီ အာရ်အိုင်ကလည်း ပါတီထောင်တာ မဟုတ်ဘူး။ ဒါပေမယ့်လည်း မြန်မာ အီးဂရက်စ်က မွေးထုတ်ပေးလိုက်တဲ့ သူတွေက ဒီပါတီတွေမှာ ပါခဲ့တယ်။ အင်န်ဒီအာရ်အိုင်က မွေးထုတ်ပေး လိုက်တဲ့ ဒီလူတွေကလည်း အခု အသစ်ထောင်မယ့်ပါတီမှာ ပါမယ့် သဘောတော့ ရှိပါတယ်။ ဒီလိုဖြစ်စဉ် ပုံသဏ္ဌာန်ကတော့ တူပေမယ့် လူ အများထင်သလို ဒီအဖွဲ့အစည်းတွေ၊ ဒီအင်စတီကျူးရှင်းတွေက ပါတီတွေ ထောင်တယ်လို့တော့ ကျွန်တော် တော့ မမြင်ဘူး။

အသစ်ပေါ်လာတဲ့ပါတီက ဘယ် လိုသောမူဝါဒ၊ ဘယ်လိုအကောင် အထည်ဖော်ချပြမှ တတိယအင်အားစု လို့ ပြောလို့ရနိုင်မလဲ။

ခုက နည်းနည်းလေး အကြမ်း ဖျင်းပြောပြီးပါပြီ။ ရှိပြီးသားပါတီတွေ နဲ့ ပလက်ဖောင်းမတူတဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေရှိရမှာပေါ့။ ပြဿနာက မြန်မာ့နိုင်ငံရေးမှာ တတိယအင်အား စုပေါ်ပေါက်လာဖို့က သိပ်တော့မဖြစ် နိုင်ဘူး။

ဥပမာတစ်ခုပြောမယ်ဗျာ။ အနောက်တိုင်းအယူအဆပေါ့ဗျာ။ အင်္ဂလန်မှာဆိုရင် ကွန်ဆားဗစ် တစ်ပါတီရှိတယ်။ တစ်ဖက်ကွန် ဆားဗစ်တစ်ပါတီကို ဆန့်ကျင်တဲ့ လေဘာပါတီလည်းရှိတယ်။ ဘာကွာ လဲဆိုတော့ ကွန်ဆားဗစ်တစ်ပါတီက သက်ဦးဆံပိုင်ခေတ်ကတည်း မှူးကြီး မတ်ရာ၊ အထက်တန်းလွှာတွေနဲ့ နီးစပ်တယ်ပေါ့။ နောက်ပိုင်းအရင်း ရှင်ခေတ်မှာ ချမ်းသာကြွယ်ဝတဲ့သူ တွေနဲ့ နီးစပ်လာတာပေါ့ဗျာ။ အဲဒီ ပါတီရဲ့မူဝါဒက ဘာလဲဆိုတော့ အစိုးရက စီးပွားရေးလုပ်ငန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပါနေတာကို သဘောမကျဘူး။ ဆိုပါတော့ အလုပ် ရှင်နဲ့အလုပ်သမားတို့ ပြဿနာဖြစ် ရင် ကွန်ဆားဗစ်တစ်ပါတီက အလုပ် ရှင်ဘက် အလေးသာတဲ့မူဝါဒတွေ ထားတယ်။ သူနဲ့ဆန့်ကျင်ဘက်က လေဘာပါတီဆိုတဲ့ လက်ဝဲဆန်တဲ့ ပါတီပေါ်လာတယ်။ ဒီပါတီက အလုပ်သမားဆိုတဲ့ လူတန်းစားရဲ့ ထောက်ခံမှုကို ရတယ်။ အလုပ် သမားတွေ၊ သာမန်ပြည်သူလူထု တွေကို ပိုပြီးတော့မှ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီးပေးရမယ်။

ပညာရေး ထောက်ပံ့မှုတွေပေးရ မယ်။ အဲဒီပါတီနှစ်ခုစလုံးနဲ့ မတူတဲ့ လစ်ဘရယ်ပါတီဆိုတာ ပေါ်လာပါ တယ်။ အဲဒီလစ်ဘရယ်ပါတီ ဘာ ကြောင့် ပေါ်လာလဲ ဆိုတော့ အင်္ဂလန် လူ့အဖွဲ့အစည်းမှာ အင်မတန်ချမ်း သာတဲ့လူတွေချည်းပဲ ရှိတာမဟုတ် ဘူး။ သိပ်ပြီးဆင်းရဲတဲ့ အောက်ခြေ နင်းပြားပဲရှိတာမဟုတ်ဘူး။ ပညာ တတ်တွေရှိတယ်။ လူလတ်တန်းစား ရှိလာတယ်။ အဲဒီပညာတတ်တွေက ဆင်းရဲသားတွေကို သိပ်ပြီးငွေကြေး ပံ့ပိုးနေတဲ့ မူဝါဒကိုလည်း သိပ်ပြီး မကြိုက်ဘူး။ သူဌေးတွေကိုအားပေး တဲ့မူဝါဒကိုလည်း မကြိုက်ဘူး။

ဟိုဘက်ကိုရော ဒီဘက်ကိုပါ မျှမျှ တတ စဉ်းစားတဲ့ လစ်ဘရယ်ပါတီ ဆိုတဲ့ တတိယအင်အားစု၊ တတိယ ပါတီ ပေါ်လာတယ်။ ခုလက်ရှိ အင်္ဂလန်မှာတော့ လစ်ဘရယ်ပါတီနဲ့ ကွန်ဆားဗစ်တစ်ပါတီတို့ ပေါင်းပြီး တော့ ညွန့်ပေါင်းအစိုးရဖွဲ့နေတာ ပေါ့။ သူဌေးတွေကိုအားပြုတဲ့၊ သူဌေး တွေရဲ့ အကျိုးစီးပွားကိုဖော်ဆောင် ပေးတဲ့ ကွန်ဆားဗစ်တစ်ပါတီက နည်းနည်းလေးတော့ အလယ်လေး ကို ရွေ့လာတဲ့ သဘောပေါ့။

ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့ ရေ ခံမြေခံ၊ လက်ရှိအခြေအနေအရ လူ တန်းစားအကျိုးစီးပွားကို ဖော်ဆောင် တဲ့ ပါတီတွေမရှိဘဲနဲ့ ခေါင်းဆောင် လုပ်သူတွေရဲ့ အမြင်သဘောထား၊ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ ဦး ဆောင်မှုနောက်ကိုပဲ လိုက်နေတဲ့ နိုင်ငံရေးပါတီက သိပ်ကိုများနေတဲ့ အခါကျတော့ နိုင်ငံရေးအတွေး အခေါ်ကို အခြေခံတဲ့၊ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးပါတီမျိုးက ဒီနိုင်ငံရေး ရေခံမြေခံမှာ မရှိနိုင်သေး တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း အင်န် အယ်လ်ဒီပါတီကိုပဲ ကြည့်ကြည့်၊ ပြည်ခိုင်ဖြိုးပါတီကိုပဲ ကြည့်ကြည့် ဘယ်လူတန်းစားရဲ့ အကျိုးစီးပွားကို ဖော်ဆောင်မှာလဲ၊ ဘယ်သူတွေရဲ့ ထောက်ခံမှု
ရယူမှာလဲပြောရင် ပြတ် ပြတ်သားသား မရှိဘူး။ ဆိုလိုတာက တော့ ပါတီတွေရဲ့မူဝါဒက
ခေါင်း ဆောင်လုပ်သူတွေရဲ့ သဘောထား၊ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ နှုတ် ထွက်စကားတွေကပဲ။ ပါတီရဲ့ မူဝါဒ သဘောထားမျိုးဖြစ်နေတာကို တွေ့ ရတယ်။ ဒါကြောင့် တတိယအင် အားစုရယ်လို့ ပီပီပြင်ပြင်ပေါ်လာဖို့ ကတော့ လက်ရှိ ရေခံမြေခံမှာတော့ မလွယ်တဲ့အနေအထားမျိုးလို့ ထင် ပါတယ်။

ကိုဇန်
↧

“၀” က ပြည်နယ်လိုချင်သတဲ့လား ?

$
0
0


ပန်ဆန်းညီလာခံကျင်းပပေးခြင်းရဲ့ အဓိကရည်ရွယ်ချက်က တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကိစ္စကို တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့လို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် တကယ်တမ်းလက်တွေ့ အကောင်အထည်
ဖော်ချင်တာက “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုရေးကိစ္စဖြစ်နေတာကို တွေ့ရပါတယ်။ “၀” ခေါင်း
ဆောင်တွေရဲ့ အကြံအစည် အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့လုံး အရူးလုပ်ခံလိုက်ရတာပါပဲ။ ဒါပေါ့ဗျာ…လူဆိုတာ ကိုယ့်အကျိုးစီးပွား မရဘဲနဲ့ သူတစ်ပါး အကျိုးစီးပွားကို အလကားမကူညီဘူးဆိုတာလေ။ “၀” က သူ့အကျိုးစီးပွားအတွက် တိုင်းရင်းသား ညီလာခံကို အသုံးချလိုက်တာလို့ ပြောချင်ပါတယ်။

“၀” ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင် အသိအမှတ်ပြုထားပြီးဖြစ် တယ်လို့ သိရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ဒေသတွေလည်း ရှိနေပါ သေးတယ်။ “၀” ဒေသနဲ့အတူ ကိုးကန့်၊ ပအို့ဝ်၊ ပလောင်၊ ဓနု၊ နာဂ ဒေသတို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေ ဟာ သူတို့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကို ဒီနေ့အထိ ကြိုးစားဆောင်ရွက်နေကြတာ မြင်တွေ့နေရပါတယ်။ “၀” လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုတာ မကြားဖူးသေးပါဘူး။ ဒါဖြင့်ရင် “၀” တစ်ဖွဲ့တည်း ဘာဖြစ်လို့ တောင်းဆိုတာလဲလို့ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။

ဒီနေ့လက်ရှိအချိန်မှာတော့ “၀” အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးထဲမှာတော့ လူ၊ လက်နက်၊ အင်အားအတောင့်တင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သူရဲ့စီးပွားရေးလုပ်ငန်းတွေဟာ ပြည်တွင်း မှာရော ပြည်ပမှာပါ ရှိနေပြီဖြစ်တဲ့အတွက် သွေးတိုးစမ်းလာတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမယ့် “၀” ရဲ့ စီးပွား ရေးလုပ်ငန်းတွေဟာ သမရိုးကျ လည်ပတ်နေတာမဟုတ်ဘဲ အစကတည်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက် ဆက်နွှယ်နေခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုကနေ “၀” ခေါင်း ဆောင်တွေ ကြီးပွားချမ်းသာလာတာ မြန်မာမပြောနဲ့ ကမ္ဘာ ကပါ သိနေတဲ့ကိစ္စ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက ဝေရှောက်ခန်ကို ဖမ်းမိရင် ဒေါ်လာ ၂ သန်းအထိ ဆုချီးမြှင့်မယ်လို့ ၂၀၁၂ ခုနှစ် အတွင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။ အလားတူ သမ္မတဘုရှ်လက်ထက် ၂၀၀၅ ခုနှစ်တုန်းကလည်း ဝေရှောက်ခန်တို့ ညီအစ်ကို ၃ ဦးနဲ့ ပေါက်ယူချန်းတို့ ၅ ဦးကို ဘိန်းရာဇာစာရင်းမှာ ထပ်မံကြေညာခဲ့ပါတယ်။ မူးယစ်ရာဇာတွေအဖြစ် ဖမ်းဝရမ်း ထုတ်ခြင်းခံရတဲ့ “၀” ခေါင်းဆောင်တွေကြောင့် “၀”ဒေသဟာ မူးယစ်ဆေးဝါးအရိပ်မည်းကြီးနဲ့ ဖုံးအုပ်ခံခဲ့ရတာ ယနေ့အချိန်ထိ အောင်ပါပဲ။ “၀” ဒေသခံပြည်သူတွေရဲ့ဘ၀ဟာ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ပါဘဲနဲ့ ခေါင်းဆောင်တွေကြောင့် ဒုက္ခ ဆင်းရဲတွင်းထဲက ရုန်းထွက်လို့မရသေးတာ တွေ့ရပါတယ်။

“၀” ခေါင်းဆောင် ပေါက်ယူချန်းအပါအ၀င် မူးယစ်ရာဇာ ၈ ဦးဟာ နာမည်ဆိုးဖြင့် ကျော်ကြားနေဆဲဖြစ်ပြီး မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုစတဲ့လုပ်ငန်းတွေနဲ့ စီးပွားရှာနေကြတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေးယူစဉ်က ပြည်နယ် တိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုပေးထားခဲ့တာ ရှိပါတယ်။ အဲဒီငြိမ်းချမ်းရေးကို ဗန်းပြပြီး “၀” ခေါင်းဆောင်တွေက မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ မြို့ပေါ်မှာ စီးပွားရှာခဲ့ကြပါတယ်။

“၀” အဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့အတွက် အမေရိကန်က ထိန်းချုပ် မှုတွေ၊ ဆက်သွယ်တားမြစ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ပိတ်ဆို့တားမြစ်ခံရတဲ့ “၀” ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ဟုန်ပန်းကုမ္ပဏီလုပ်ငန်းစုအောက်က ဟုန်ပန်းအမည်နဲ့ လျှပ်စစ်ပစ္စည်း၊ ကျောက်မျက် တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်းစု၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေးထုတ်ကုန် လုပ်ငန်းများ၊ စင်္ကာပူနဲ့ မြန်မာမှာရှိတဲ့ တက်ခမ်းဆောက်လုပ်ရေးကုမ္ပဏီ၊ တက်ခမ်းကျောက်မျက်ကုမ္ပဏီ၊ ရန်ကုန် အဲဝေးလေကြောင်းလိုင်း၊ Vest Spectrum (s)pte.Ltd၊ တရုတ်နိုင်ငံမှ Dehong Thailong Hotel Co,Ltd၊ ထိုင်း နိုင်ငံမှ Sangsiri Kankaset Compang Lamited နဲ့ Khum Thaw Compang Limited တို့ ပါဝင်ကြောင်း သိရပါတယ်။

“ ၀ ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေက နည်းတာမှမဟုတ်တာ၊ အဲဒီလုပ်ငန်းတွေက ရတဲ့ငွေတွေ ဘယ်မှာ သွားသုံး နေမှန်း မသိဘူးလေ၊ ခေါင်းဆောင်တွေကတော့ မြို့ကြီးတွေပေါ်မှာ သိန်းထောင်ချီတန်တဲ့ အိမ်တွေ ခြံတွေနဲ့ ဇိမ်ခံနေကြ တယ်။ အောက်ခြေ “၀” စစ်သားတွေကတော့ စုတ်ပြတ်နေတာပဲ၊ အောက်ခြေမှာ စားသောက်ရေးကအစ ခက်ခဲရုန်းကန် နေရတယ်၊ ကိုယ်ပိုင်ပြည်နယ် တောင်းတာကလည်း လူတစ်စု
ခေါင်းဆောင်ပိုင်း အကျိုးစီးပွားရေရှည်တည်မြဲဖို့ပါ” ဟု တရုတ်-မြန်မာနယ်စပ်မှ အလွတ်တန်းသတင်း ထောက်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

ဒါ့ပြင်“၀”ခေါင်းဆောင်များသည်“၀”ကလေးငယ်များအား ပညာသင်ခွင့်မပေးဘဲ စစ်သင်တန်းများ တက်ရောက် စေကာ ကလေးစစ်သားများအဖြစ် အသုံးပြုနေပါတယ်။ “၀”ကလေးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက် ခံနေရပြီး “၀” ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် စစ်တိုက်ရန်ရည်ရွယ် အသုံးချခံနေရမှုတွေဟာ အလွန်စိတ်ပျက်ဖို့ ကောင်း နေပါတယ်။ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
ပေးထားတာကိုတောင် “၀” ခေါင်းဆောင်တွေက ဒေသခံ“၀” ပြည်သူတွေ၊ ကလေးငယ်တွေ၊ အောက်ခြေစစ်
သားတွေအပေါ် နိုင်ထက်စီးနင်းဆက်ဆံနေတာ ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးလိုက်ပါက ပိုပြီးဆိုးရွားသွားမှာ ဖြစ်သလို “၀” ခေါင်းဆောင်တွေကို မျိုးနွယ်စုအလိုက် ကြီးစိုးရေး၊ အခွင့်အရေး ပေး
သလို ဖြစ်သွားနိုင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကလည်း ဆိုပါတယ်။

“၀” ရဲ့ ပြည်နယ်တောင်းဆိုမှုဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးမားပြီး အခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီတော့ “၀”ပြည်သူအကျိုးထက် “၀”ခေါင်းဆောင်တွေရဲ့ အကျိုးကို သက်ဆိုးရှည်စေမယ့် ကိုယ်ပိုင်ပြည်နယ်တောင်းဆိုမှုကို လုံးဝခွင့်မပြုသင့်ပါကြောင်းနဲ့ အချိန်မီ တားဆီးသင့်ပါကြောင်း မြန်မာ ပြည်သူအားလုံးရဲ့ ကိုယ်စား တောင်းဆိုလိုက်ရပါတယ်။

ဝေဖြိုးအောင်






↧
↧

သမ္မတ အကြံပေးမှ နုတ်ထွက်၍ နိုင်ငံရေး ပါတီထောင်သူ ဒေါက်တာ နေဇင်လတ် နှင့် တွေ့ဆုံ မေးမြန်းခြင်း

$
0
0





နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တစ်ဦး ဖြစ်သော ဒေါက်တာနေဇင်လတ် သည် အကြံ ပေး အဖွဲ့မှ မိမိ ဆန္ဒအလျောက်နုတ် ထွက်၍ နိုင်ငံရေး ပါတီ တစ်ခုဝယ် နာယက အဖြစ် တာဝန်ယူလိုက် သည်။ ယင်းပါတီကို ပူးပေါင်းတည် ထောင်ရာတွင်လည်း ပါဝင်နေပြန် သည်။ ပြည်သူ အများ မျှော်လင့် စောင့်စားနေကြသော ၂ဝ၁၅ ရွေး ကောက်ပွဲ ကျင်းပရန် လအနည်း ငယ်မျှ အလိုတွင် ပါတီတစ်ခု ယခု ကဲ့သို့ ဗြုန်းစားကြီး ပေါ်ပေါက်လာ သဖြင့် အားလုံး စိတ်ဝင်စားကြ သည်။ သို့လော သို့လောတွေလည်း တွေးကြ ပြောကြသည်။ တီးတိုး တီးတိုး သဖန်းပိုးလေးတွေ လည်း ရှိကြသည်။ အဆိုပါ သို့လော သို့ လောများ၊ တီးတိုး တီးတိုး သဖန်းပိုး များ ဘ ဝင်နှင့် အမြင်ရှင်းသွားစေ ရန်အတွက် လည်းကောင်း၊ မိမိတို့ ထင်ထားသည်တို့နှင့် ကာယကံ ရှင်၏ဖြေကြားချက်များ မည်မျှတိုက် ဆိုင်မှုရှိသည်ကို စာဖတ်ပရိသတ် ကြီး သိရှိစေရန် အတွက် လည်း ကောင်း ဒေါက်တာ နေဇင်လတ်ကို စာဖတ် ပရိသတ် သိချင်ကောင်း သိချင်ကြမည့် စိတ်ဝင်စားဖွယ်မေး ခွန်းများအား Popular News ဂျာနယ် အယ်ဒီတာ အဖွဲ့က အား မနာတမ်း မေးမြန်းထားပါသည်။

ဆရာတို့ တည်ထောင်တဲ့ ပါတီနာ မည်လေး သိပါရစေ။ တစ်ဦးတည်း ဦးဆောင် တည်ထောင်တာလား အဖွဲ့ရှိပါသလား။ ဘယ်ရန်ပုံငွေနဲ့ ရပ်တည်မှာလဲ။


‘အမျိုးသားပါတီ’ ( National Party) ပါ၊ နိုင်ငံရေး စီမံခန့်ခွဲမှု၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု၊ စီးပွား ရေး စီမံခန့်ခွဲမှုက သင်တန်းသား အများစုနဲ့ ဖွဲ့စည်းထားပါ တယ်၊ လောလော ဆယ်တော့ ရန်ပုံငွေကို အဖွဲ့ဝင်တွေက နိုင်သလောက် စိုက် ထုတ်ကြတယ်၊ လုပ်ငန်းရှင် တချို့ ကတော့ ပိုပြီးထည့်ကြတယ်ပေါ့။

ပါတီရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ် ချက်ကို အကျဉ်းသဘော သိပါ ရစေ။ ဘယ်လို လူမှု လူတန်းစားကို ကိုယ်စားပြုတဲ့ ပါတီဖြစ်ပါသလဲ။ ပန်းရောင်နိုင်ငံသား ကတ် မ ကိုင် ဆောင်သူတွေ ကိုရော ပါတီဝင်ခွင့် ပြုမှာလား။

ပါတီရဲ့အမည် ကပါတီရဲ့ ဦး တည်ချက်၊ ရပ်တည်ချက်ကို ကိုယ် စား ပြုထားပါတယ်။
- အမျိုးသားအားလုံးရဲ့ အကျိုး စီးပွား အပေါ် အခြေခံ သွားမှာပါ၊ တချို့က ‘အမျိုးသား’ ဆိုတဲ့ စကား လုံးကြောင့် တစ်ဖက်စွန်း ဖြစ်မလား လို့ ဝေဖန်ကြတယ်၊ ‘အမျိုးသား နေ့’ ဆိုတဲ့ အသုံး အသုံးအနှုန်းနဲ့ ယှဉ်တွဲသတိရလိုက်ရင် ရှင်းသွားပါ လိမ့်မယ်၊ အမျိုးသားထုတစ်ရပ်လုံး ရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ် ထားပါတယ်။
- လူတန်းစား အားလုံးကို ကိုယ် စားပြုသွားမှာပါ၊ အခြေခံ လူတန်း စားဖြစ်တဲ့ တောင်သူ လယ်သမား၊ အလုပ်သမားတွေကိုတော့ ပိုပြီး အလေး ထားရမှာပေါ့၊

- ပါတီဝင်အဖြစ်ကတော့ ဥပဒေ က ခွင့်ပြုထားတဲ့အတိုင်း ဆောင် ရွက်သွားပါ့မယ်။

ဆရာက ပါတီမှာ ဘယ်နေရာက ပါဝင်ပြီးဘယ်လို တာဝန်ကို ယူထား တာပါလဲ။ ကိုယ်တိုင်ဝင် အရွေးခံဖို့ အစီအစဉ်ရော ရှိပါသလား။

ကျွန်တော်က လောလော ဆယ် နာယကပါ၊ မူဝါဒ (Policy) နဲ့မဟာဗျူဟာ (Strategy) အပိုင်း ကိုပဲတာဝန်ယူ သွားမှာဖြစ်ပါတယ်၊ ကိုယ်တိုင် ဝင်အရွေးခံဖို့ အစီအစဉ် မရှိပါဘူး၊ Capacity မြှင့်ထားပြီးတဲ့ ပါတီဝင်တွေ အတွက် အထောက် အပံ့ပေးသွားဖို့ ရည်ရွယ်ပါတယ်။

ဘာဖြစ်လို့ ပါတီ ထောင်တာပါလဲ။ ဒီအစီအစဉ်ကို ကြိုတင်ပြင်ဆင် ထားတာ အချိန်ဘယ်လောက် ကြာ ခဲ့ပါပြီလဲ။

ဒီဘက်ခေတ်မှာ လူ့အရင်း အမြစ်ဖွံ့ဖြိုးရေး ( Human Re- source Development) အတွက် သင်တန်းတွေ ဖွင့်ခဲ့တာ ၃ နှစ် ကျော်ခဲ့ပြီ၊ နိုင်ငံရေး၊ ပြည်သူ့ရေးရာ၊ စီးပွားရေး စီမံခန့်ခွဲမှု သင်တန်း တွေကို Certificate, Diploma, Master Courses တွေ အထိဖွင့်ခဲ့ တာ အခုဆိုရင် လူနှစ်ထောင်ကျော်၊ သုံးထောင်လောက် မွေး ထုတ်ပေး ခဲ့ ပြီးပြီ၊ အဲဒီထဲကမှ အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးက တစ်ဆင့်ဖြတ်သန်းရ မှာမိုလို့ ပါတီ တည်ထောင် ကြတာ ပါ၊ သင်တန်း တက်ကြတဲ့ အထဲက သူတို့မှာ အစီအစဉ် နဲ့ ရည်ရွယ် ချက်တွေ ရှိနေကြပါလိမ့်မယ်။

သမ္မတ အကြံပေး အဖြစ်ကနေ တောင်နုတ် ထွက်ပြီး ပါတီထောင် တာဟာ လက်ရှိ အာဏာရပါတီကို မယုံကြည်လို့လား။ အားမရလို့ လား။ ဒါမှမဟုတ် အတိုက်အခံ ပါတီ ဆီ ရောက်သွားဖို့သေချာတဲ့ အင်အားတွေ မဲတွေကို အမှည့်ခြွေ ခြွေယူဖို့ အသစ်ဆွဲလိုက်တဲ့ အာ ဏာရ ပါတီရဲ့ ကစားကွက်ကို ဖော် ဆောင်ပေးတာလား။

ကျွန်တော်တို့ ပါတီက အား လုံးကို ကြိုဆိုသွားမှာ၊ မူဝါဒတူပြီး လိုအပ်ရင် ဘယ် အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်း သွားနိုင်မှာ ဖြစ်ပေ မယ့် ဘယ်ပါတီ တစ်ခုခုရဲ့ သြဇာ ခံမှ မဟုတ်လို့ ဘယ်သူ့အတွက်ကို မှအကွက် ဖော်ပေးမှာ မဟုတ်ပါဘူး။ ကိုယ့်မူဝါဒ၊ ကိုယ့်ရပ်တည်ချက် အရပါပဲ။ အာဏာရပါ တီရော၊ အတိုက်ခံ ပါတီရောက သူတို့ ယုံ ကြည်ရာ နည်းလမ်းနဲ့တော့ လျှောက် လှမ်းနေကြတာပဲလေ။ သူများကို ကျွန်တော် မဝေဖန်ချင်ဘူး။ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ဖို့ပါပဲ။

ဘာဖြစ်လို့ ပြည်ခိုင်ဖြိုး၊ NLD တို့နဲ့ မပူးပေါင်းတာလဲ။

ပြည်ခိုင်ဖြိုး၊ NLD ၊ တပ်မတော် ဆိုပြီး ခွဲခြားထားတဲ့ မူဝါဒ မရှိပါဘူး၊ နိုင်ငံ အေးချမ်းပြီး တိုးတက်အောင် လုပ်နိုင်မယ့် အဖွဲ့အစည်း အားလုံး ကိုကြိုဆိုပါတယ်။ တိုးတက်အောင် လုပ်ဆောင်ရာ မှာတော့ ချဉ်းကပ် တဲ့ မူဝါဒနဲ့ မဟာဗျူဟာ ကို တော့ လေ့လာညှိနှိုင်းရမှာပေါ့။

၂ဝ၁၅မှာ လက်ရှိ အာဏာရ ပါတီ အခြေအနေ မကောင်းနိုင်တာ သေ ချာလို့ အတိုက်အခံဆီ ကို မဲတွေ အကုန်စု မသွားနိုင်အောင် လုပ် တာလား။

၂ဝ၁၂- ကြားဖြတ် ရွေး ကောက်ပွဲမှာ ဖြစ်လာမယ့် ရလဒ်ကို ကျွန်တော် ကြိုတင် ခန့်မှန်းပေးခဲ့ပြီး အဲဒီ အတိုင်း ပဲဖြစ်လာခဲ့တယ်။ ပါတီ ကြီးနှစ်ခု ရဲ့အခြေအနေ က အ တက် ဘက်မှာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေး အနေနဲ့ အလွန် ရုန်း ကန်ရလိမ့်မယ်။ NLD လည်း အ တက်ဘက်မှာ မဟုတ်ပြန်ဘူး။ ပုံ ရိပ်ကောင်းတဲ့တတိယ အင်အားစု ကို ပြည်သူတွေ မျှော်နေတာ တစ် နှစ်လောက် ရှိသွားပါပြီ။ ဒါကြောင့် မဲပြန့်သွားတာ၊ မဲစု သွားတာတွေကို ကျွန်တော်တို့ အာရုံစိုက်စရာ မလို ပါဘူး။ အခုပြန် လာတဲ့ ခရီးစဉ် အ တွေ့အကြုံအရမှာပဲ ‘အမျိုးသား ပါတီ’ အပေါ် မျှော်လင့်တာထက် အများကြီး ပိုနေတာ အံ့သြစွာတွေ့ လိုက်ရတယ်။ ကိုယ့်ပါတီကိုယ်စိတ် ကုန်ပြီး ကျွန်တော် တို့ ‘အမျိုးသား ပါတီ’ကို ဝင်လာဖို့ ကမ်းလှမ်းထား တာတွေလည်း အများကြီးပါပဲ။ ကျွန်တော့် တပည့်တွေကို စင်တစ်ခု ဆီ ကျွန်တော် ထမ်းတင်ပေးသွား မှာပါ၊ ပြီးရင် ဘာသာရေး ဘက် အချိန်ပေးနိုင်အောင်လို့ နိုင်ငံရေး ထဲက ထွက်မယ့် အစီအစဉ်လည်း ရှိထားလို့ အကုသိုလ် အလုပ်ကို ကျွန်တော်လုပ်မှာ မဟုတ်ပါ ဘူး။ ပြော ရရင် အမျိုးသား အကျိုးစီးပွား အတွက် လုပ်ပေးနိုင်မယ့် တပည့် တွေအတွက် အုတ်မြစ်ချပေးလိုက် တာ။ ရွေးကောက်ပွဲပြီးရင် ပါတီ အမွေဆက်ခံမယ့် လူငယ် မျိုးဆက် သစ် ၂ ဆက်စာလောက်ကို ပြည် သူတွေဆီ ချပြပေးသွားပါဦးမယ်။

ပါတီက ကိုယ်စားလှယ် အတော် များများအနိုင်ရရင် ဘာလုပ်မလဲ၊ ရှုံးရင်ဘာဆက်လုပ်မလဲ။

အနိုင်ရမယ့် ကိုယ်စားလှယ် အရေအတွက်ပေါ် မှာ မူတည်ပြီး ဘယ်လောက်ရရင် ဘာလုပ်နိုင် တယ်ဆိုတဲ့ မဟာဗျူဟာ ရှိထားပြီး သားပါ။ ထုတ်ပြောဖို့ စောနေသေး ပါ တယ်။ ဘယ်ပါတီ ဘယ်လောက် ရနိုင်တယ် ဆိုတဲ့ ခန့်မှန်းတွက်ချက် မှုမျိုးအထိ လေ့လာ ထားပါတယ်။ ပြီးတော့ ဖြစ်လာနိုင်တဲ့ မြန်မာ့ နိုင်ငံရေးမြင်ကွင်း ၃ မျိုးလောက် ကို လည်း မျှော်မှန်းထားပါတယ်။

လက်ရှိသမ္မတ အပါအဝင် အစိုးရ အဖွဲ့ထဲက လူတွေ ကူးပြောင်း အားဖြည့်လာနိုင်ခြေ ရှိပါသလား။

CECç EC စာရင်းကို အချိန် တန်လို့ ထုတ်ပြန်ပေးတဲ့ အခါမှာ အဲဒီမေးခွန်းကို ဖြေပြီးသား ဖြစ် သွားပါလိမ့်မယ်။ ပါတီရဲ့ ထိပ်ပိုင်း နေရာတွေမှာ ပညာရှင်တွေ နဲ့ စီး ပွားရေး လုပ်ငန်းရှင်တွေ ချည်းပဲ ဆိုတာ တွေ့လာမှာပါ။

လက်ရှိ အစိုးရရဲ့ပါတီခွဲ တစ်ခုလို့ သတ်မှတ်ကြတယ် ဆိုရင် ဆရာ့အ နေနဲ့ ဘာများပြောစရာရှိပါသလဲ။

လူတွေကတော့ တချို့လည်း အခုလိုမြင်နိုင် ကြမှာပဲလေ။ အဲဒါ က သူတို့ရဲ့ အခွင့်အရေးပဲ။ လက် ရှိအစိုးရ ရဲ့ ပါတီခွဲ တစ်ခုဆိုရင် သူ့ ပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်နဲ့ ကျွန်တော် တို့ရဲ့ မူဝါဒ၊ ရပ်တည် ချက်တွေ တူကြရမှာပေါ့။ အခုမတူ ပါဘူး၊ ရပ်တည်ချက် တူတဲ့ အခြား မည်သည့် ပါတီနဲ့ မဆို ပူးပေါင်း၊ မဟာ မိတ်ပြုနိုင်ဖို့ ကျွန်တော်တို့ မူချ ထားတယ်။ သီးခြားလွတ် လပ်စွာ ရပ်တည် ပါတယ်။ ရန်ပုံငွေ တောင် ကျွန်တော်တို့ အခုမှစပြီး စုစည်းနေ ရပါတယ်။

PNews အဖွဲ့ တွေ့ဆုံမေးမြန်းသည်









↧

သင်တို့ရော... ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် တောင်းဆိုပြီးပြီလား(Satire)

$
0
0


ယခုတလောတွင်တော့ ပြည်နယ်တောင်းသည့် ကိစ္စခေတ်စားနေပြန်သည်။

ဝ ဆိုသည့် လူမျိုးတွေက သူတို့ကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်သည်။ ၀ တွေ ဦးစီးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတွင် တောင်းဆိုခြင်းဖြစ်ပြီးတတ်ရောက်သည့် အဖွဲ့အစည်းတွေ
ကလည်း လက်ခံကြသည်ဟု ဆိုသည်။

ထိုသတင်းကို ရွာကလူတွေကို ပြောပြတော့.... “ကောင်းတာပေါ့...။ သူတို့တောင် ပြည်နယ်တောင်းတာ ငါတို့လည်း ပြည်နယ်တောင်းရမယ်” တဲ့။

ပြည်နယ်နာမည်ကိုတောင် သူတို့က စဉ်းစားပြီးလေပြီ။ ဘာတဲ့... “ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” ဆိုလား။


သူတို့က ငွေဆောင်အစိုးရ အုပ်ချုပ်မှုအောက်မှာ မနေချင်တော့ဘူးတဲ့လေ။ လေလံတွေ မြို့တက်ပြီး ဆွဲရတာကိုလည်း မကြိုက်ဘူးတဲ့။ အမှုဖြစ်ရင်လည်း မြို့တတ်ပြီး ရှင်းရတာ မကြိုက်ပြန်ဘူး။ တခုခုဆိုရင်
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဆိုတော့ ကိုယ့်အရပ်ဒေသမှာပဲဖြေရှင်း။ အချိန်မကုန်တော့ဘူးဆိုပဲ။
အဲ့မှာ စိုပြေရောက်နေတာကြာပြီဆိုတော့လည်း စိုပြေ့ကို ပြန်ကြားရေးအရာရှိအဖြစ် ခန့်မယ်တဲ့။

လောလောဆယ်တော့ သူတို့ ကညင်ကွင်းကို ပြည်နယ်အဖြစ် တောင်းဆိုဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာ စိုပြေ့ကို စုံစမ်းခိုင်းလိုက်သည်။ အဲ့တော့ စုံစမ်းရသပေါ့လေ။

“ပြည်နယ်တောင်းမယ်ဆိုရင် လူမျိုးတမျိုးတော့ ရှိရမယ်ဗျ။ ခင်ဗျားတို့က ဘာလူမျိုးလဲ” ဟု စိုပြေ ပြန်မေးရသည်။

“ရခိုင်ရော။ ကရင်ရော ဗမာရော။ မွန်ရော...။ ဟိုးဘုရင့်နောင်ခေတ်က ပါလာတဲ့ ယိုးဒယားတွေတောင် ရှိတယ်ဟ။ အခုတော့ အကုန်လုံး သွေးရောပြီး ကပြားတွေ ဖြစ်ကုန်ပြီ” ဟု ရွာလူကြီးက ပြန်ပြောသည်။

“ဒါဆို ရောတိရောရာ လူမျိုးလို့ လုပ်မယ်လေ”

ဒီလိုနှင့် လူမျိုးကိစ္စကတော့ အဆင်ပြေပြီ။ ရောတိရောရာ လူမျိုးများရှိရာ ကညင်ကွင်းပြည်နယ်ပေါ့။ တိုင်းရင်းသား ၁၃၅ မျိုးတွင် တမျိုးထပ်တိုးခြင်းပင်။

“နောက်တခုက လက်နက်ကိုင်ရမယ်ဗျ။ အခု ပြည်နယ်တောင်းတဲ့လူတွေက လက်နက်ကိုင်ပြီးမှ တောင်းတာ
ဆိုတော့... လက်နက်က အရေးကြီးတယ်”

“ဘာလက်နက်ကိုင်မလဲဟ...။ လှော်တတ်တွေ။ အုန်းခုတ်ဓားတွေ ပဲရှိတာ”

“ရှိတာကိုင်ပေါ့ဗျာ....။ လက်နက်ဖြစ်ဖို့ပဲ အရေးကြီးတာ...။ နောက်ပြီး မိန်းခလေး ချောချောလေးတွေလည်း ပါပစေနော်။ နောက်ပြီး လက်နက်ကိုင် ခေါင်းဆောင်ကို ခပ်ချောချောလေးခန့်”

“လက်နက်ကိုင်တာပဲ ချောတာနဲ့ ဘာဆိုင်လို့တုန်းကွ”
“ဆိုင်တာပေါ့ သူကြီးရယ်....။ ကောင်မလေးချောချောလေးတွင်မြင်ပြီး ကိုယ့်ရန်သူတွေ ကိုယ့်ဘက် ပါလာလိမ့်မယ်။ ခေါင်းဆောင်ချောချောဆိုရင် ရန်သူဘက်က မိန်းမတွေ ကိုယ့်ဘက် ပါလာမှာပေါ့။ ခေတ်သစ်ဗျူဟာလေ..”
ဒီလိုနှင့် သက်ကြီးရွယ်အိုများကို တပ်သား။ ငယ်ငယ်ချောချောများကို ခေါင်းဆောင်။ ကောင်မလေးတွေကို မလုံ့တလုံဖြင့် လှော်တတ်သိုင်းသင်ပေး။
ရန်ကုန်က မိတ်ကပ်ပညာရှင်ခေါ် အလှပြင်ခိုင်းပြီးမှ ဓါတ်ပုံရိုက်ကာ အွန်လိုင်းပေါ်တင်ရန် စဉ်းစားထားကြသည်။

“အားလုံး စီစဉ်ပြီးပြီ ဆိုတော့....။ ဘေးနားက ရွာတွေ အကုန်လုံးကို အစည်းအဝေး ခေါ်လိုက်မယ်”

“ဘာလုပ်ဖို့လည်းဟ”

“ကညင်ကွင်းကို ပြည်နယ်အဖြစ် တောင်းတာ သူတို့ကို ထောက်ခံခိုင်းဖို့လေ”

“ဟ... သူတို့က ထောက်ခံပါ့မလား”

“ထောက်ခံပါတယ်ဗျာ။ သူတို့ရွာကိုလည်း ပြည်နယ်အဖြစ် တောင်းဆိုဖို့ မြှောက်ပေး။ လက်မခံတဲ့ ရွာကို လက်နက်ပြပြီး ချိန်းခြောက်လိုက်”

ရွာနီးခြုံစပ်ကို အစည်းအဝေးခေါ်တော့ သူတို့လည်း အထူးအဆန်းဖြစ်ကာ လာကြသည်။ ဒီကိစ္စကို တတိုင်းပြည်လုံး သိအောင်လုပ်ရမည်ဆိုတော့ သတင်းထောက်တွေကိုလည်း ခေါ်မှ ဖြစ်မည်။
ဟိုမေးဒီမေး သတင်းထောက်တွေကို ခေါ်လို့မဖြစ်။ ခပ်တုံးတုံး သတင်းထောက်အချို့ကိုပဲခေါ်လိုက်သည်။ သတင်းထောက်ကလည်း ကမ်းခြေကို ရောက်မည်ဆိုတော့ နန့်နန့်တတ်ရောက်လာကြသည်။

ဒီလိုနှင့် ကညင်ကွင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အသိအမှတ်ပြုဖို့ အစည်းအဝေးတွင် မုန့်ကျွေးသင့်သူကို မုန့်ကျွေးပြီးထောက်ခံခိုင်း။ အရက်တိုက်သင့်သူတိုက်။
လက်နက်ပြသင့်သူကို ပြ။ မြှောက်ပေးသင့်သူကို မြှောက်ပေး။

အချို့ကလည်း အားတတ်သရောထောက်ခံကြပါသည်။ အနီးနားရွာတွေတော့ သိပ်မကြည်လင်။ ကညင်ကွင်းကို ပြည်နယ်ဖြစ်မှာ နာလိုပုံမရ။ သို့သော်လည်း ရွာထဲက မထွက်ခင် လှော်တတ်နှင့် ရိုက်မှာ ကြောက်ရသဖြင့် ထောက်ခံကြသည်။

သတင်းထောက်တွေကလည်း ထုံးစံအတိုင်း ထုတ်ပြန်ချက်တွေကို သတင်းရေး။ ရွာသူကြီး ရှီုးသမျှရေး။

ကညင်ကွင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ခွင့်ပြုရေးကိုတော့ တောင်းဆိုလို့ ပြီးသွားချေပြီ။
သို့သော်လည်း ဘာသံမှတော့ မကြားရသေး။ အစိုးရအဖွဲ့တွေ ညှိုနှိုင်းတုန်းထင်သည်။

ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းဆိုပြီး တပတ်တောင် မကြာသေး။
အနီးနားရွာတွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုလာကြသည်။ ဂျိုင်လယ်ပြည်နယ်။ ကံကြီးပြည်နယ်။ သဇင်ပြည်နယ်။ ဗူးကွဲပြည်နယ်။ ဖုန်းဆိုးကြီးပြည်နယ်။ ဖုန်းမောင်ကြိုင်ပြည်နယ်။

အနီးနားက ရွာတွေတင်မဟုတ်...။ ခပ်ဝေးဝေးက ရွာတွေကလည်း ပြည်နယ်အဆင့်
တိုးမြှင့်ပေးရန် တောင်းဆိုကြပြန်သည်။
ကညင်ကွင်းကို အားကျကာ နီးစပ်ရာ လက်နက်များကို ဆွဲကိုင်ကြသည်။ လယ်ယာစိုက်သူတွေက တံစဉ်တွေ ပေါက်ပြားတွေ ကိုင်ကြသည်။

သစ်ခုတ်သူများသည့် ရွာတွေက ဓားတွေ၊ ရဲဒင်းတွေ။ ချိန်းဆောတွေ ကိုင်ကြသည်။
လက်နက်ကိုင် ကောင်မငယ်လန်းလန်းလေးတွေနှင့်ပေါ့။

ကညင်ကွင်းကတော့ အေးဆေးပင်။ ပထမဆုံးတောင်းဆိုခဲ့သူတွေ မဟုတ်လား။

နောက်တော့ သတင်းများ ကြားရပြန်သည်။
အလုပ်အကိုင်အလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းဆိုကြသည်။
အထည်ချုပ်ပြည်နယ်။ သူတို့က အပ်တွေကို လက်နက်။
ဈေးသည်ပြည်နယ်။ ဈေးဗန်းတွေက သူတို့လက်နက်
ဝန်ထမ်းပြည်နယ်။ စာရွက်က သူတို့ လက်နက်။
သူတောင်းစားပြည်နယ်။ ခွက်က သူတို့ လက်နက်
သတင်းထောက်ပြည်နယ်။ ကင်မရာက သူတို့လက်နက်။
စုံလိုပင်။
အလုပ်အကိုင်မရှိသူများကလည်း အလုပ်လက်မဲ့ပြည်နယ်။ သူတို့ကတော့ လက်နက်မဲ့။
မပါမဖြစ် အရက်သမား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်လည်း ပါလိုက်သေး။ သူတို့ကတော့ လက်နက်အဖြစ် ပုလင်းကို ဆွဲကိုင်သည်။
အော်... မေ့တော့မလို့။ ဘုန်းကြီးတွေကလည်း သပိတ်ကို လက်နက်အဖြစ် ဆွဲကိုင်ပြီး ပြည်နယ်တောင်းဆိုပြန်သည်။ ဘုန်းကြီးပြည်နယ်။

ဒီလိုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ်တောင်းသည့် ပြည်နယ်ပေါင်း သိန်းချီသွားသည်။

ဘာပဲဖြစ်ဖြစ်.... လူတွေကတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တောင်းဆိုကြလေပြီ။
အစိုးရအနေဖြင့် ခွင်ပြုမည်လား ခွင့်မပြုဘူးလားတော့ မပြောတတ်သေး....။
ခွင့်ပြုလျှင်တော့ အမြတ်ပေါ့လေ။ သင်တို့ရော...
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် တောင်းဆိုပြီးပြီလား။ မတောင်းဆိုရသေးလျှင် တွေ့ရာလက်နက်ဆွဲကိုင်ပြီးတောင်းဆိုလိုက်ပါ။

စိုပြေ
3:52 PM 5/7/2015






↧

လောက်ကိုင် သို့မဟုတ် နိုင်ငံရေးအထုံးတစ်ခု

≫ Next: ရွေးကောက်ပွဲတရားမျှတရေးအတွက် သတင်းမီဒီယာနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုမှုအား အပြည့်အဝလက်မခံနိုင်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)တုံ့ပြန်
$
0
0



ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေးကြေညာကြောင်း အမိန့်၊ ကြေညာချက်များအား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားစဉ်။ ဓာတ်ပုံ- သက်ဦးမောင်

လောက်ကိုင်တိုက်ပွဲဖြစ်စဉ်မှာ အစိုးရနဲ့တပ်မတော်ဘက်ကို သိသိ သာသာရော၊ မသိမသာပါ ထောက်ခံ ရေးသားတဲ့ မီဒီယာတွေ များလာ တာကိုတွေ့ရပြီး စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်တဲ့သူတွေတောင် တပ်မတော်ကို အားပေးထောက်ခံ လာတာကို တွေ့လာရတာဟာ ၂ဝ၁၁ ခုနှစ်ပိုင်း ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်တွင်း စစ်မီး တစ်ကျော့ပြန် ထတောက် လောက်တဲ့နောက်ပိုင်းမှာ ဒါဟာ တော်တော်လေးကို ထူးဆန်းလှတဲ့ အလှည့်အပြောင်းတစ်ခုလို့တောင် ဆိုနိုင်တယ်။ ဘာကြောင့် ဒီလို အလှည့်အပြောင်း ဖြစ်လာရတာ လဲ။ ဒါ့ပြင် အစိုးရတပ်နဲ့ အခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာ တိုက်ပွဲထိတွေ့မှုတွေ ဒီ အစိုးရလက်ထက် လေးနှစ်တာ ကာလအတွင်း ဖြစ်ပျက်ခဲ့တာတောင် မှ အစိုးရနဲ့ တပ်မတော်တို့ဟာ အတော် လေး tolerance ဖြစ်တဲ့ အသွင် ပေါက်ခဲ့ပေမယ့်၊ ဒီ လောက်ကိုင် အရေးကျတော့ super active ဖြစ်တာ ဘာကြောင့်လဲ။

အရင်တုန်းက KIA, TLNA တို့ နဲ့ တိုက်ပွဲထိတွေ့မှု ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် ဒါတွေဟာ သူ့ရန်သူ့ စခန်း၊ ကိုယ့်စခန်းတွေကို သွား ရောက်ထိပါး တိုက်ခိုက်ကြတာတွေ ပဲဖြစ်ပါတယ်။

သို့သော် တစ်ခါမှ မြို့သိမ်းတိုက် ပွဲဆင်နွှဲတာမျိုးကို အခြားလက်နက် ကိုင် အဖွဲ့အစည်းတွေက မလုပ် ဆောင်ခဲ့ဘူး။ ဒါပေမယ့် ဒီ လောက် ကိုင်ဖြစ်စဉ်မှာတော့ လောက်ကိုင် မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲ လာတာမို့ ဒါကို အချုပ်အခြာအာဏာ စိုးပိုင်မှုကို ခြိမ်းခြောက်တယ်လို့ မှတ်ယူတဲ့အပြင် တိုက်ခိုက်ခံရတဲ့ စခန်းကလည်း ကိုးကန့်ဒေသအစိုးရ အဖွဲ့ အခြေစိုက်ရာလည်းဖြစ်၊ တပ် မတော်ရဲ့ စစ်ဌာနချုပ်တစ်ခုကိုလည်း လာရောက် ကျူးကျော်ရန်စတဲ့ အတွက် ဒါဟာ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ ဘယ်လိုမှ သည်းခံခွင့်လွှတ်လို့ ရတဲ့ အရာ မဟုတ်တဲ့အတွက် ဒီ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်ကို အခြားတိုက်ပွဲ ဖြစ်စဉ်နဲ့တော့ သွားပြီး မျဉ်းပြိုင်ဆွဲ လို့ မရနိုင်ဘူး။ ဒါကြောင့် ဘယ် လက်နက်ကိုင်အဖွဲ့အစည်းမဆို နယ်မြေသိမ်းတိုက်ပွဲ ဆင်နွှဲလာရင် အစိုးရနဲ့ တပ်မတော်ရဲ့ အပြင်းထန် ဆုံးသော တုံ့ပြန်မှု ရနိုင်တယ်ဆိုတဲ့ သင်ခန်းစာပါပဲ။

လောက်ကိုင်ကို လာရောက် တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းဟာ ယခင်တပ်မတော်အစိုးရ လက်ထက်မှာ ဗွေဆော်ဦး အပစ် အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ အဖွဲ့ အစည်းဖြစ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာ ကံမကောင်းအကြောင်းမလှစွာနဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ထုတ် လုပ်ရောင်းချမှုတွေကြောင့် ဒီအဖွဲ့ အစည်းကို တပ်မတော်အစိုးရက တိုက်ခိုက်ချေမှုန်းခဲ့ရပါတယ်။

ဒီအဖွဲ့အစည်းက ၂ဝဝ၉ ခုနှစ် နောက်ပိုင်း နယ်မြေဒေသတစ်ခုမှာ အခြေစိုက်ပြီး လူသူ၊ လက်နက် အင်အား ပြန်လည်စုဆောင်း လေ့ ကျင့်ပြီး လေးနှစ်ကျော် ငါးနှစ်ကြာမှ မိမိတို့ရဲ့ ဘိုးဘွားမြေကို ပြန်လည် ရယူသိမ်းပိုက်မယ်ဆိုတဲ့ ဟစ်ကြွေးမှု နဲ့အတူ မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲတဲ့ အဖွဲ့အစည်းကို အခြား မဟာမိတ်အဖွဲ့အစည်း နှစ်ခုလောက် က အားပေးကူညီတာမျိုးလည်း ရှိပြန် တယ်။ ဒါအပြင် ကိုးကန့်တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းက UNFC မှာ ပါဝင်တဲ့ အဖွဲ့ဝင် ဖြစ်ပြန် တယ်။ ဒီကာလအတွင်းမှာပဲ UNFC ကနေ နုတ်ထွက်ခဲ့တဲ့ KNU နဲ့ DKBA တို့ကပါ လိုအပ်ရင် တပ် မတော်နဲ့ ပူးပေါင်း တိုက်ခိုက်သွား မယ်လို့ သတင်းတွေကလည်း ထွက် ပေါ်ခဲ့ပြန်တယ်။

ဒီသတင်းထွက်ပေါ်လာတဲ့အခါ မှာ ဘာကြောင့်များ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းချင်း အတူတူဖြစ်ရဲ့သားနဲ့ အစိုးရဘက် ကို ပင်းပြီး အစိုးရဘက်တော်သား ပုံစံပေါက်ရတာလဲလို့ မေးချင်စရာရှိ တယ်။ တကယ်တမ်း သမိုင်းနောက်ခံ ကိုပြန်လိုက်ကြည့်ရင် အစဉ်အလာ ရှိ အစဉ်အလာကြီးမားခဲ့တဲ့ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေအချင်းချင်း ကြားမှာလည်း အကျိုးစီးပွား ပဋိပက္ခတွေ ရှိခဲ့ကြ တာပဲ။ တစ်ခေတ် တစ်ခါတုန်းက (တပ်မတော် အစိုးရလက်ထက်) အစိုးရနဲ့ အဓိက ရန်သူတော်ဟာ KNU ပါ။ အဲဒီတုန်းက ကေအိုင်အေ တို့၊ ဦးဖုန်ကြားရှင်တို့ ဆိုတာက အစိုးရနဲ့ အလွမ်းသင့်ဆုံး အဖွဲ့ အစည်းတွေ ဖြစ်ခဲ့ပါတယ်။ ဒီဘက် ပိုင်းမှာတော့ KNU နဲ့ အစိုးရတို့ဟာ ဆက်ဆံရေး အလွမ်းသင့်ဆုံး ဖြစ်လာ ပြီး အရင်တုန်းက အစိုးရနဲ့ ရွှေလက် တွဲဖော်တွေဖြစ်ခဲ့တဲ့ ကေအိုင်အေနဲ့ အခြားအဖွဲ့အစည်းတွေက အဓိက ရန်သူတော်တွေ ဖြစ်လာခဲ့ကြတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ KNU က တကယ့် leadership role နေရာမှာ ရှိခဲ့ပြီး အခုအချိန်မှာတော့ ကေအိုင် အေက ဒီ role မှာ ရှိနေပုံရပါတယ်။

ဒါကြောင့် လောက်ကိုင်အရေး မှာ တပ်မတော်ကို ပါဝင်ကူညီအား ဖြည့်ပေးမယ်လို့ ဆိုလာတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေပေါ်လာတာက သိပ်တော့ မဆန်း လှသလို မြန်မာ့နိုင်ငံရေး ရေစီး ကြောင်းမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ faction ကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ထုံးစံ လိုကို ဖြစ်နေပါပြီ။

ဒီလောက်ကိုင်ဖြစ်စဉ်မှာ အစိုးရ နဲ့တပ်မတော်ဘက်ကို သိသိသာသာ ရပ်တည်ပေးလာတဲ့ မီဒီယာတွေရှိ လာတာက စဉ်းစားချင့်ချိန်စရာပါပဲ။

ဘာကြောင့် ဒီလိုပြောင်းလဲ ရပ်တည်လာတာလဲ။ အစိုးရနဲ့ တပ် မတော်ကို မဝေဖန်မတိုက်ခိုက်ရရင် စားမဝင်အိပ်မပျော်လေ့ရှိတဲ့ မီဒီယာ တော်တော်များများကတောင် အစိုးရ နဲ့ တပ်မတော်ဘက်ကို သိသိသာသာ ရော မသိမသာပါ ထောက်ခံရေးသား မှုတွေရှိလာတယ်။ လူထုကို idea shaping လုပ်တဲ့နေရာမှာ အား အကြီးဆုံးဖြစ်တဲ့ မီဒီယာတွေမှာ တောင် ဘာကြောင့် ဒီလိုပြောင်းလဲ ရေးသားမှုတွေ ရှိလာတာလဲ။ ဖြစ်နိုင် ခြေအရှိဆုံးအဖြေတစ်ခုက လောက် ကိုင်အရေးက တစ်မျိုးသားလုံး၊ အမျိုး သားလုံခြုံရေးကို ထိခိုက်စေတဲ့ အရေး၊ ကျူးကျော်စစ်ဆင်နွှဲတာလို့ သဘောပေါက် လက်ခံထားကြလို့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်မှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့အဖွဲ့က ပစ်မှတ်ကြီး လုံးလုံး ဖြစ်သွားခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူး။

တစ်ဖက်ကလည်း ဦးဖုန်ကြား ရှင်နဲ့ ပတ်သက်လို့ ပြည်မပေါက် လူတွေရဲ့ perception ကလည်း အတော် အရေးကြီးပုံပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့် ဒေသကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားပေ မယ့် ကိုးကန့်လူမျိုးသည် တရုတ် ပြည်မကြီးနဲ့ ပိုမိုနီးစပ်တဲ့လူမျိုးလို့ သတ်မှတ်ထားမှုတွေ ရှိနေပြန်ပါ တယ်။ ဒါ့ပြင် ဒီဇင်ဘာလနှောင်းပိုင်း မှာ လောက်ကိုင်မြို့ကို ပြန်သိမ်းမယ် လို့ အတိအလင်းကြေညာခဲ့တဲ့ ဦးဖုန် ကြားရှင်ရဲ့ အင်တာဗျူးကို ဖော်ပြ ပေးခဲ့တာကလည်း တရုတ်အစိုးရရဲ့
mouthpiece ဖြစ်တဲ့ သတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပြန်တယ်။

လောက်ကိုင်တိုက်ပွဲဖြစ်စဉ် ဒါမှ မဟုတ် လောက်ကိုင်အရေးကို ဘက် ပေါင်းစုံကနေ လေ့လာကြည့်ရင် ကြည့်သလို ကျွန်တော်တို့ရဲ့ လူထု ကြား အဖွဲ့အစည်းတွေမှာ ဘယ်လို ရပ်တည်မှုတွေ၊ သဘောထားတွေ ရှိနေ၊ လည်ပတ်နေ၊ ကိန်းအောင်း တည်ရှိနေသလဲဆိုတာလည်း သိနိုင် တယ်။

တပ်မတော်ဟာ ဦးဖုန်ကြားရှင် တို့အဖွဲ့အစည်းကို အပြင်းထန်ဆုံး သော ချေမှုန်းမှုမျိုးကို ဆက်လုပ်ပါ လိမ့်မယ်။ ဒါဟာ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တစ်ဖက် အိမ်နီးချင်းနိုင်ငံကြီးကိုပါ မဖြစ်မနေ ပေးပို့ရမယ့် အလုပ်နဲ့ သက်သေပြရမယ့် သတင်းစကား ဖြစ်နေလို့ပါပဲ။

လောက်ကိုင်တိုက်ပွဲကို ခြုံငုံ ကြည့်ရင် နယ်သိမ်း၊ မြို့သိမ်းတိုက် ပွဲတွေ လာမလုပ်နဲ့၊ မီးပွင့်သွားမယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ တကယ့် အကွဲအပြဲရှိနေတယ်။

အနေအထိုင်မတတ်၊ ဆုံးဖြတ် ချက် တစ်ချက်လေး မှားယွင်းသွား တာနဲ့ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်မှာ အဓိက ရန်သူအဖြစ် ပုံဖော်ခံသွားနိုင်တယ်။

တရုတ်နဲ့ နီးစပ်တဲ့အဖွဲ့အစည်း တွေ၊ အုပ်စုတွေအပေါ်မြင်တဲ့ အမြင် ဟာ တရုတ်နိုင်ငံအပေါ်ကို မြင်တဲ့ အမြင်နဲ့ အခါခပ်သိမ်း တူညီတတ် ကြတယ်။

လောက်ကိုင်အရေးက စစ်ရေး အရ ပြတ်ပြတ်သားသားဖြေရှင်းရမှာ ဖြစ်သလို နိုင်ငံရေးအရရော နိုင်ငံ တကာဆက်ဆံရေးအရပါ ဇာတ်ကို နိုင်အောင် ကနိုင်မှ အဆင်ချောလိမ့် မယ်။

ရဲမင်း
↧
Viewing all 13897 articles
Browse latest View live