Quantcast
Channel: Oppositeyes
Viewing all 13897 articles
Browse latest View live

နွားပလာတာ ကျွေးနေမယ့်အစား မာလာလာကိုပဲ ဦးညွတ်လိုက်ရအောင်

$
0
0


အသက်အငယ်ဆုံးနိုဘယ်လ်ဆုရှင်ဆိုတာနဲ့ မာလာလာကို အားလုံးပြေးမြင်မိကြမှာ ဖြစ်ပါတယ်။
နာမည်အပြည့်အစုံကတော့ မာလာလာ ယူဆွတ်ဖ်ဇိုင်ဖြစ်ပါတယ်။ သူမနေထိုင်ရတဲ့ အရပ်ဒေသက အစိုးရအာဏာစက် သက်ရောက်မှုအားနည်းပြီး တာလီဘန်သူပုန်တွေ ကြီးစိုးရာ နယ်စပ်
တောင်ကြားတစ်ခုကဖြစ်ပါတယ်။

သူမဟာ အစဉ်အလာအရ အမျိုးသမီးတွေကို အစွမ်းကုန်ဖိနှိပ်တဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအ၀ိုင်း
မှာ မွေးဖွားကြီးပြင်းလာရသူဖြစ်ပြီး လူမဆန်တဲ့ တာလီဘန်တွေရဲ့ မထင်ရင် မထင်သလို ရက်စက်စွာသုတ်သင်သတ်ဖြတ်မှုအောက်မှာ လူလားမြောက် ခဲ့သူ ဖြစ်ပါတယ်။

ဒီလိုအခြေနေမျိုးမှာတောင် မာလာလာဟာ မကြောက်မရွံ့ဘဲ ကလေးငယ်တွေရဲ့ ပညာရေးကိုအားမပေးတဲ့ တာလီဘန်အဖွဲ့ကို ဝေဖန်ခဲ့တဲ့အတွက် ၂၀၁၂မှာ ပါကစ္စတန်နိုင်ငံအခြေစိုက် တာလီဘန်အဖွဲ့က မာလာလာရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပြီး ၂၀၁၄မှာ နိုဘယ်လ်ဆုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မာလာလာရဲ့ သတ္တိဟာအင်မတန်ရဲရင့်သလို နိုဘယ်လ်ဆု ဆန်ကာတင်စာရင်းဝင် တုန်းက သူ့ထက်ထိုက်တန်
တဲ့သူတွေကို ပေးလိုက်ပါလို့ ပြောခဲ့တဲ့ စိတ်သဘောထားကလည်း အင်မတန် လေးစားစရာ ကောင်းပါတယ်။

သူ့အကြောင်းလေးစဉ်းစားမိတော့ (သူပုန်ကြောက်၊NLDကြောက်၊ထုတ်ဝေသူကြောက်၊ အယ်ဒီတာချုပ်ကြောက်နဲ့ )သမာသမတ်ကျမှုနဲ့ ကျင့်ဝတ်သိက္ခာတွေ လုံးပါးပါးပြီး ကုရာနတ္ထိဆေးမရှိ ရောဂါစွဲကပ်
နေတဲ့ ပြည်တွင်းမီဒီယာသမား အများစုအကြောင်း ဆက်စပ်စဉ်းစားမိပါတယ်။

ဒီလိုပြောလို့အထောက်အထားမဲ့စွပ်စွဲတယ်ဆိုရင် NLDမကောင်းကြောင်း ဖော်ပြထားတဲ့ဆောင်းပါး
တစ်ပုဒ်လောက် ပြပါ။ သူပုန်ကို သူပုန်လို့ ရေးသားဖော်ပြရဲပြီး သူပုန်မကောင်းကြောင်း ဝေဖန်ထားတဲ့ သတင်းလေး တစ်ပုဒ်လောက်ပြပါ။ အယ်ဒီတာချုပ်နဲ့ ထုတ်ဝေသူသြဇာကို မနာခံရဘဲ မိမိ ယုံကြည်ရာကို လွတ်လပ်စွာ ရေးသားတင်ပြခွင့်ရှိတဲ့ ဂျာနယ်တိုက် တစ်ခုလောက်ပြပါ ။(အဲ့သလို ပြနိုင်ဖို့ နေနေသာသာ ကိုယ်မှန်နေတာတောင်မှ ထမီစဆွဲပြီး မနဲတောင်းပန်နေရတယ် မဟုတ်လား။)

မြင်မြင်သမျှ ဂျာနယ်အများစုကတော့ အစိုးရနဲ့ တပ်မတော်အပေါ် အပုပ်ချတဲ့ စာနဲ့သတင်းတွေ ချည်း ဖြစ်နေပါတယ်။ဒီလိုပြောလို့လည်း ကောင်းကွက်တွေချည် ရှာရေးရမယ် မဆိုလိုပါဘူး။

ဒီဘက်ကိုလည်း ဝေဖန်ပါ။ဟိုဘက်ကိုလည်း ထောက်ပြပါ။ဒီဘက်ကကောင်းတာ
ရှိရင်လည်း ဖော်ပြပါ။ဟိုဘက်က ကောင်းတာရှိရင်လည်း ဖော်ပြပါ။ဒါမှ မျှတပြီး သမာသမတ်ကျတဲ့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။

ခုဟာက တရားစွဲခံရတာက မဟာအခွင့်အရေးကြီးကွလို့ ယူဆပြီး နာမည်မကြီးကြီးအောင်၊ ထောင်မကျကျအောင် အစိုးရနဲ့ တပ်မတော်အပေါ် နည်းအမျိုးမျိုးနဲ့ အပြစ်ရှာပြီး တမင်ထိုးနှက်လုပ်ဆောင်နေသလား ထင်ရလောက် ပါတယ်။ အတိုက်အခံနဲ့ သူပုန် အုပ်စုအပေါ်မှာတော့ ဖုံးဖုံးဖိဖိ ဖာဖာထေးထေး တမင်လော်ဘီ လုပ်ပေးနေသလား ထင်မှားလောက်ပါတယ်။အစိုးရနဲ့ တပ်မတော်ဘက်က ဘယ်အချိန် ရင့်ကျက်လာမလဲလို့ ဘယ်လောက်ပဲ စိတ်ရှည်စွာစောင့်ကြည့်နေနေ နွားပလာတာ ကျွေးသလိုဖြစ်နေပါတယ်။

အင်းပေါ့လေ။အစိုးရနဲ့ တပ်မတော်ဆိုတာ တရားဥပဒေဘောင်တွင်းကပဲ အကန့်အသတ်နဲ့သာအရေး
ယူနိုင်ပြီးသူပုန်နဲ့ကျန်အဖွဲ့အစည်းတွေလို တောတွင်းဥပဒေမှ မရှိဘဲ။နောက်ပြီး အစိုးရနဲ့ တပ်မတော်ကို များများဝေဖန် မြန်မြန်နာမည်ကြီးမယ် မဟုတ်လား။တရားစွဲ အရေးယူခံရရင်လည်း သူရဲကောင်းကြီးသဖွယ် အရောင်တင်ပေးခံရမယ် မဟုတ်လား။

လေးစားပါတယ် မာလာလာ။စိတ်ကုန်ပါတယ် မီဒီယာ။


အောင်ဇေ




ခြင်းကျား နှင့်အနာဂတ်

$
0
0




ယနေ့ လူမှုမီဒီယာ FB ပေါ်မှာ လောက်ကိုင်စစ်ပွဲနဲ့ပတ်သတ်လို့ရေပန်းစား နေတဲ့အကြောင်းအရာ ကတော့ ခြင်းကျားတပ်မတော်ဆိုတာပါပဲ။ တပ်မတော်သားတွေ ခြင်းတောင်းထဲပစ္စည်း ထည့် လွယ်တဲ့ပုံတွေ ကိုတွေ့လာတာနဲ့အမျှ FB သုံးစွဲသူတွေအကြားမှာ ဝေဖန်သံ လှောင်ပြောင်သံကရုဏာဒေါမသ နဲ့ပြောတာတွေ တစ်ဖက်က တပ်မတော်သားသုံးစွဲ သူတွေ က ကာကွယ်တုံ့ ပြန်ပြောဆိုမှု တွေ နဲ့ စီညံခဲ့ပါတယ်။

ဒီမှာတစ်ခုပြောလိုတာကတော့ တစ်ဖက်ကဝေဖန်သူတွေ ကြားမှာတမင် အဖျက်သဘောနဲ့လှောင်ပြောင် သူတွေရှိသလို နိုင်ငံရေး အောက်လုံးသဘောနဲ့ တပ်မတော်အပေါ် အပုတ်ချ မှုတွေ လည်းတွေ့ရပါတယ်။ သို့သော်လည်း အရပ်သားဖြစ်သော်ညား တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့တပ်မတော်ကိုအင်အား တောင့်
တင်းစေချင်တဲ့ တစ်လျောက်လုံး တပ်ဘက်က ရပ်တည်ခဲ့တဲ့ ကိုယ့် ထမင်းကိုစားပီးကြီးတော် နွား ကျောင်းခဲ့ကြတဲ့
အရပ်သားလူငယ်တွေကတော့အပြုသဘောတကယ်ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း ထောက်ပြမှုတွေရှိခဲ့ပါတယ်။
ဒီအပေါ်ကိုတစ်ဖက်က မခံချင်စိတ်မာန နဲ့ တုံ့ပြန်လိုက် တဲ့အခါဝါးလုံးရှည်နဲ့ သိမ်းယမ်းသလို ဖြစ်တာကြောင့် မိမိတို့ဘက်တော်သား ပြည်သူတွေရဲ့ စိတ်ကို ရိုက်ချိုးမိသလို ဖြစ်သွားတယ်ဆိုတာ သတိချပ်စေ
ချင်ပါတယ်။အများဆုံး တွေ့ရသောစကားလုံးကတော့ ကျည်လွတ်မြေ ကနေပီးလာမဝေဖန်နဲ့ဆိုတဲ့စကားပါတယ်
စစ်သားလောကမှာအထက်ကိုဝေဖန်ဖို့ဆိုတာအခွင့်အရေးနည်းလှပါတယ်။ မလုပ်သင့်တဲ့ အလုပ်လို့လည်း ယူဆထားပါတယ်။ အခုပြည်သူအချို့ရဲ့ အပြုသဘောဝေဖန်မှုတွေဟာ ကိုယ့်ကိုယ်စားပြောပေးနေပါလား
ဆိုလားကို နားလည်သင့်ပါတယ် လှောင်ပြောင်မှု အပျက်သဘောပြောနေတာတွေကိုတော့ မဆိုလိုပါဘူးဗျာ။

US မှာ RAND ဆိုတဲ့ Think Tank အဖွဲ့ရှိပါတယ် ရှင်းအောင်ပြော၇ရင်တော့ အမေရိကန်အစိုးရဲံ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတွေချမှတ်ရာမှာ အကြံပေးအဖွဲ့ ပေါ့ဗျာ စစ်နည်းဗျူဟာ စစ်မဟာဗျူဟာက အစ နောက်ဆုံးစစ်လက်နက်ပစ္စည်း တွေ ထုတ်လုပ်မှုအဆုံး RAND ဆီက အရင်းတည်လာ
တယ်လို့ဆိုလို့ရပါတယ်။ ထူးခြားတာက RAND မှာ Inservice စစ်မှု ထမ်းတစ်ဦးမှမပါတာ
ပါပဲ စစ်မှုထမ်းဟောင်းတွေ အရပ်သားပညာရှင်တွေ နဲ့ ဖွဲ့စည်းထားတာပါ။

စစ်သားသာစစ်ပညာကိုတတ်ကျွမ်းတယ်ဆိုတဲ့ အယူအဆကိုဖျောက်သင့်ပါပီ။ ကျတော်ကျုံခဲ့ဖူးသောအချို့သော အရပ်သားလူငယ်တွေဟာတပ်ထဲကအရာရှိအများစုထက်စစ်ပညာကိုပိုမိုစိတ်ဝင်စား လေ့လာကြတာတွေ့ရပါ
တယ်။သူတို့မှာလက်တွေ့မရှိတာပဲရှိပါတယ်။သူတို့ကိုတပ်မတော်အတွက် ဘယ်လိုအကျိုးရှိအောင်အသုံးချ ရမလဲဆိုတာကိုစဉ်းစားရပါမယ်။ သူတို့ကိုစိတ်ပျက်သွားအောင် စိတ်ကုန်သွားအောင်တော့မလုပ်သင့်ပါဘူး

စကားကချော်သွားပြန်တော့ ခြင်းကျားကိစ္စ ပြန်ဆက်လိုက်ရအောင် တစ်ဘက်ကကာကွယ်ရေးသားနေတဲ့ တပ်မတော်သားတွေရဲ့ မခံချင်စိတ်ကိုနားလည်ပါတယ်။ သို့သော် သူတို့ကိုယ်တိုင်ကရော ကိုယ့်စစ်သည်
တွေ ဒီလိုပုံမျိုး နဲ့ မြင်ချင်ပါ့မလား-----?

ဒီကိစ္စက မတတ်သာလွန်းလို့ အဆင်အပြေဆုံးနည်းလမ်းကို စစ်သားနည်းနဲ့ ဖြေရှင်းနေရတယ်တဆိုတာကို သဘောပေါက်ရမှာပါ။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း အထမ်းသမားတွေအသုံးပြုခွင့် မရတော့ကတည်းက
ပစ္စည်းများများဆန့် ပြီးအဆင်ပြေတဲ့ ခြင်းတောင်းတွေကိုတီထွင်လာခဲ့ကြတာပါကျတော် ၁၉၈၄ ကတည်းကတပ်
ထဲမှာမွေးတပ်ထဲမှာကြီးခဲ့တာ ၂၀၁၄ ခုနှစ်တပ်မတော်က အငြိမ်းစားယူတော့မှ တပ်နဲ့ကင်းကွာခဲ့တယ်လို့ ဆိုရမှာပါ ကျတော်ငယ်စဉ်က အဖေတို့ရှေ့တန်းသွားရင် ဒီခြင်းကျားဆိုတာတွေကို မတွေ့ခဲ့ဖူးပါ။
နောက်ပိုင်းကာလတွေမှတွေ့လာရတဲ့ တပ်မတော်ရဲ့ဒေသန္တရ ဖန်တီးမှုတစ်ခုပါပဲ။ဒါလဲ ခေတ်အခြေအနေရပေါ့ဗျာ

ဒီမှာတစ်ခုပြောလိုတာကစစ်နည်းဗျူဟာ အသုံးချမှု ကျတော်တို့က ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး
စစ်ပွဲကိုဆင်နွဲနေရတာပါ ယခင် ကရင်ပြည်နယ်စစ်ဆင်ရေးတွေမှကြတည်းက ရှေ့တန်းထွက်ရင် ကားလမ်း
ပေါက်တဲ့အထိပဲကားနဲံပို့ ကျန်တဲ့ ရည်မှန်းချက်ကို ခြေလျင်ချီတက်ကြရတာပါစစ်ကြောင်းကြီးတစ်ကြောင်း
မှာ လေးလံတဲ့ လက်နက်ကြီးတွေကို လူနဲ့သယ်ရပါတယ်ယခင်က လားတွေနဲ့သယ်ကြသော်လည်းနောက်ပိုင်း မှာတော့ မတွေ့ရသလောက်ဖြစ်လာပါတယ်အဲတော့ခြင်းကျားတွေနေရာယူလာတယ်ဆိုလဲမမှားပါခင်ဗျာ။

အမေရိကန်တပ်မတော်ရဲ့ ဗီယက်နမ်စစ်ပွဲ ဗြိတိသျှ တပ်မတော်ရဲ့ မလေးရှားကျွန်းဆွယ် ကွန်မြူနစ်သောင်းကျန်းမှု နှိမ်နင်းရေးစစ်ပွဲတွေမှာ အသုံးပြုခဲ့တဲ့နည်းဗျူဟာလေးတစ်ခုတင်ပြပါရစေ။
ပထမတပ်တွေရန်သူ့နယ်မြေကို Air Lift နဲ့ ချီတက်ပါတယ် အခိုင်အမာခြေကုပ်စခန်းတွေဆောက်ရန်သူ့ နယ်ကိုလွှမ်းမိုးတယ်။ တပ်မအဆင့်ထိစခန်းကြီးတွေ မှလြေယာဉ်ကွင်းတွေပါဖောက်တယ်
ကြီးမားတဲ့လက်နက်မှန်သမျှ လေကြောင်းကချတယ်။ ခြေလျင်နဲ့ချီတက်တာဆိုလို့ M-60 စက်လက် M-79 လောင်ချာသာအကြီးဆုံးတပ်ဆင်ထားတဲ့ Combat Patrol ခေါ် တိုက်ကင်းတွေ Search and destoryed Unit ရှာဖွေသုတ်သင်ရေးအဖွဲ့ ငယ်ပေါင်းများစွာဖြန့်ခွဲကာ နယ်မြေကိုပိုက်စိတ်တိုက်တယ် အဖွဲ့ငယ်တိုင်းမှာ ဆက်သွယ်ရေးစနစ်ကောင်းကောင်းတပ်ဆင်ထားတယ်။

ရွာတွေကိုကန့်သတ်ရွာလုပ်ပစ်တယ် ရွာတွေကိုသံဆူးကြိုးကာ ကင်းတွေချ အ၀င်အထွက်က အစ
စီစစ်တယ်။ရွာပုန်းမှန်သမျှ ရှင်း No manland လုပ်ပီး ရန်သူ့ကို အဘက်ဘက်ကဖြတ်တောက်တယ် လှည့်ကင်းတိုက်ကင်းငယ်တွေ ကလည်း ထိတွေ့မှုဖြစ်တာနဲ့ ဆက်သွယ်ရေးကတစ်ဆင့်
မြေပုံညွှန်းပေးတယ် လေယာဉ် သို့ အမြောက်နဲ့တစ်ခါတည်းခြေမှုန်းတယ်။ ဆိုတော့
Integrated combat units ဖြစ်ဖို့လိုပါတယ်ဒါ ။၁၉၆၉ လောက်ကပါကျတော်ဝေဖန်းခြင်းအပြစ်တင်ခြင်းမဟုတ်ပါ မလွယ်မှန်းသိပေမယ့် မလွယ်ဘူးဆိုပီးမလုပ်ရင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါ။ ကြိုးစားကြည့်ဖို့လိုပါမည် အရာရှိစစ်သည်အားလုံးအထိအခိုက်နည်းနိုင်သမျှနည်းဖို့ဘက်ပေါင်းစုံကစဉ်းစားရပါမည်။စေတနာမှန်ဖို့တော့လို
ပါမည်။

ကောင်းကျိုးရည်ကာ

သင့်

ကြယ်နီ

အကူအညီကို မျှော်လင့်နေ ရသည့် နီပေါ ကျေးရွာများ

$
0
0




ရဲလွင်အောင်

ငလျင် ဗဟိုပြု လှုပ်ခတ်ခဲ့ရာ နေရာနားရှိ ကျေးရွာ များသို့ ရောက်ရှိရန် ခတ္တမန္ဒူမှ ငါးနာရီလောက် ကြာအောင် ကားမောင်းသွား ရသည်။ လမ်းတစ်လျှောက်တွင် ရွှံ့ များ၊ ကျောက်တုံးကြီးများက ပိတ်ဆို့ နေသည်။ ကျေးရွာ များတွင် လူအများ အလုပ်များနေ ကြသည်။ သေသူများကို အချိန် မနှောင်းမီ မြုပ်နှံနေကြခြင်း ဖြစ်သည်။

တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ပါဘာတီ ဒါကယ်နှင့် အိမ်နီးချင်း များသည် ရုပ် အလောင်း (၁၁) လောင်းကို သယ်ယူပြီး တောနက်ထဲသို့ သွားရောက်ခဲ့ ကြသည်။ မြစ်ကမ်းနံဘေးတွင် ကျင်းတူပြီး ရုပ်အလောင်းတွေကို မြုပ်နှံကြသည်။ မြုပ်နှံမှု ပြုနေသူ များကို ကျေးရွာသား တစ်ဦးက လက်ညှိုး ထိုးပြီး ပြောပြနေသည်။ အဖေကို မြုပ်လိုက်ပြီ၊ အမေကို မြုပ်လိုက်ပြီ၊ ညီမကိုမြုပ်နေ တာပေါ့ ဟု နှုတ်က တစ်တွတ် တွတ်ရွတ် ပြောဆို နေသည်။ စနေနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်၏ ဗဟိုချက် ဖြစ်သော ဂေါ်ရခါး ကျေးရွာ ဆောင်ပါနီသို့ ပြန်ရောက်ချိန်တွင် ဒါကယ်က ခိုလှုံစရာလည်း မရှိဘူး။ စားစရာလည်း မရှိဘူး ရုပ်အလောင်း တွေလည်း ပြန့်ကျဲနေတာပဲ ဟု ပြောသည်။

နီပေါ၌ နှစ်ပေါင်း (၈၀) အတွင်း အဆိုးရွား အပြင်းအထန်ဆုံး ငလျင်ဟု ခေါ်ဆိုရမည့် စနေနေ့က ငလျင်ကြီး လှုပ်ခတ်ပြီး နှစ်ရက်အကြာ တွင် သေဆုံးသူဦးရေမှာ(၄၀၀၀) ကျော် သွားခဲ့ပြီဖြစ်သည်။ လူသားချင်း စာနာထောက်ထား အကူအညီများ မှာလည်း တဖြည်းဖြည်း ၀င်ရောက် လာနေပြီ ဖြစ်သည်။ ခတ္တမန္ဒူရှိ လေဆိပ်တွင် အကူအညီများနှင့် ခရီးသည်တင် လေယာဉ် များလည်း ပြည့်ကျပ် နေသည်။ ပြည်ပတွင် နေထိုင်သည့် နီပေါ နိုင်ငံသား များသည်လည်း မိခင်နိုင်ငံရှိ မိသားစုဝင်များကို ရှာဖွေရန် ပြည်တော်ပြန်လာကြသည်။

ကျေးရွာတစ်ရွာနှင့် တစ်ရွာကြား မြေ ပြိုမှု (၁၀) ခုထက် မနည်းရှိနေ သောကြောင့် အရေးပေါ် အကူအညီများ ကုန်းလမ်းမှ ပေးအပ်ရန် မဖြစ်နိုင် သေးကြောင်း ဂေါ်ရခါးများ နေထိုင်ရာ ခရိုင်ရှိ အကြီးအကဲ တစ်ဦး ဖြစ်သည့် အက်ဒက် တီမီစီနာက ပြောဆိုခဲ့သည်။ ငလျင် လှုပ်ခတ် ပြီးနောက်တွင် ၎င်းတို့ ၏ ဒုက္ခနှင့် ပတ်သက်ပြီး အခြားလူများ မသိရှိခဲ့ကြောင်း ငလျင်ဒဏ်အခံရဆုံး ကျေးရွာ များတွင် နေထိုင်သူ များက ပြောဆို ခဲ့သည်။ ဆောင်ပါနီ ကျေးရွာသား ပရာကက်ရှ် ဒါကယ်သည် ငလျင် လှုပ်ခတ်ချိန်တွင် ခတ္တမန္ဒူသို့ ရောက်ရှိနေခဲ့သည်။

လူသေတွေကိုမြုပ်ဖို့နဲ့ ရှာဖွေရေး လုပ်ဖို့ လူ(၂၅) ယောက်လောက် ကျေးရွာကို ပို့ပေးပါလို့ ခတ္တမန္ဒူက အာဏာပိုင်တွေကို ကျွန်တော် သွားပြော ပါတယ်။ အဲဒီမှာ သူတို့ က ခတ္တမန္ဒူက ဒဏ်ရာရသူတွေ ကိုတောင် မကယ်နိုင်သေးဘူး။ အခြားဒေသတွေဆို မပြောနဲ့ဦးလို့ ပြန်ပြောတယ်ဗျာ ဟု သူက ပြောသည်။

ငလျင်ကြောင့် ထိခိုက် ပျက်စီးမှုများကို သုံးသပ်မှု များလည်းရှိနေ ပါသည်။ ခတ္တမန္ဒူ ဒါဘာရင်ပြင်ရှိ ဘုရားကျောင်း အားလုံးနီးပါး ပြိုလဲ သွားပြီဖြစ်ကြောင်း ယူနက်စကို၏ အကြီးအကဲ အီရီနာ ဘိုကိုဗာက ပြောသည်။ သို့သော် ခတ္တမန္ဒူ တောင်ကြားရှိ ပါရှုပတီ ဘုရားကျောင်းနှင့် ဗုဒ္ဓ မွေးဖွားရ လုမ်္ဗိနီတို့ မှာမူ ပျက်စီးခြင်း မရှိခဲ့ကြောင်း သူက ပြောသည်။

နီပေါ တပ်ဖွဲ့ များ၏ (၉၀) ရာခိုင်နှုန်း ဖြစ်သော တပ်သား (၉၀၀၀၀) ကို ကပ်ဘေး ကယ်ဆယ်ရေး အတွက် အသုံးပြု ထားကြောင်း ဗိုလ်ချုပ် ပိုခါရယ်က ပြောသည်။ တပ်ဖွဲ့ဝင် အများစုမှာ ခတ္တမန္ဒူတွင် စုပြုံ တပ်စွဲ ထားသည်။ စစ်တပ်တွင် တကယ်တမ်း အသုံးပြု နိုင်သော ရဟတ်ယာဉ်(၁၂) စင်း သာ ရှိနေသည်။ အိနိ္ဒယက ခြောက်စင်း လှူဒါန်းခဲ့သည်။ တောင်ကြော တစ်လျောက်ရှိ ကျေးရွာ ထောင်ပေါင်းများစွာ တို့အား စုစည်းစွာ ထားရှိ နိုင်ရေး အတွက် နီပေါအစိုးရ ကြိုးပမ်းခဲ့ဖူး သည်။ လမ်းစနစ်ကိုချဲ့ထွင်ပြီး ကျေးရွာသား များ မြို့ပြသို့လာရောက်ရေးကို ကြိုးပမ်းခဲ့ သော်လည်း ကျေးရွာသား များမှာ မြေ၀ယ်စရာငွေ မရှိသောကြောင့် အစိုးရ၏ အစီအစဉ်များ မအောင်မြင်ဘဲ ရှိခဲ့သည်။

လူဦးရေသည် ဗဟို အစိုးရနှင့် အဆက် ပြတ်လွန်းနေသည်။ အများစုမှာ နီပေါနိုင်ငံသား ကတ်ပြားပင် မရှိကြချေ။ ဒရောက်ဒီ မြစ်ကမ်းသို့ ရုပ်အလောင်းများကို သယ်ဆောင် လာသည့် ဆောင်ပါနီ ကျေးရွာနေ များက အဖြစ်ဆိုးကို ပြောပြ ကြသည်။ ငလျင် မလှုပ်ခတ်မီတွင် ဆောင်ပါနီတွင် နေအိမ် အလုံး(၁၃၀၀)ရှိခဲ့သော်လည်း ယခုအချိန် တွင် အိမ်အားလုံး ပြိုကျခဲ့ပြီ ဖြစ်ကြောင်း ကျေးရွာသား ရှန်ကာသာပါက ပြောသည်။

မည်သူသေမည် ရှင်မည်ကို ကံကဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသား များက ယုံကြည်နေသည်။ အသက် (၃၇) နှစ်အရွယ် ကျေးရွာ သား နာဘဟာဒူး နီပါလီက ကျေးရွာ တွင်း မင်္ဂလာဆောင် ကျင်းပနေ သောကြောင့် ကွင်းပြင်တွင် ရောက်ရှိနေ သဖြင့် မသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆို ခဲ့သည်။

ငလျင် ဗဟိုပြု လှုပ်ခတ်သွားသည့် တောင်တန်းများနှင့် တောင်ကြားများ တစ်လျှောက်တွင် ခတ္တမန္ဒူမှ ပြန်လာနေသူ များကို မြင်တွေ့ရမည် ဖြစ်သည်။ အားလုံး ပျက်စီး ကုန်ပြီ ဟု လန်တန် ကျေးရွာနေ တစ်ဦးက ပြောသည်။ အသက်(၂၇) အရွယ် ဒူလ်ဘာဟာဒါ ဂူရန်သည် ဘတ်စ်ကားဂိတ် ဆုံးမှ သူ့ရွာ ရန်ချော့ခ်သို့ ရောက်ရှိရန် သုံးနာရီခန့် လမ်းလျှောက်ခဲ့ ရသည်။ ကျေးရွာတွင် ရုပ်အလောင်း (၁၅) လောင်းကို ပြန်လည် ဆယ်ယူနိုင် ခဲ့ပြီး ဖြစ်သည်။ ငလျင် မလှုပ်ခတ်မီက အိမ်အလုံး (၁၅၀) ရှိခဲ့သည်ဟု ပြောကြသည်။ အခုတော့ ဘာမှမကျန်တော့ဘူး လို့ ပြောကြတယ်””ဟု သူက ပြောသည်။

Ref: Nepal Villages Cut Off by Earthquake Wait for Aid as Death Toll Passes 4,000 (New York Times)









သင့်ကြောင့် ရေမကုန်ပါစေနှင့်

$
0
0




ရေအသက် တစ်မနက် ဆိုသည့် စကားပုံ အတိုင်း ရေ ၇၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည့် လူ့ ခန္ဓာကိုယ်မှာ သောက်သုံးရေ မရသည်နှင့် တစ်မနက် အတွင်း အသက် ဇီဝိန် ကြွေလွင့်သွားနိုင် ပေသည်။

ထို့ကြောင့်ပင် ရေကို ခြိုးခြံချွေတာသည့်နည်း လမ်းပေါင်း များစွာကို နိုင်ငံတကာမှာ တီထွင် ကြံဆ အသုံးပြုနေ ကြပြီဖြစ်သည်။

ကမ္ဘာပေါ်မှာ ကုန်းတွင်းပိတ် နိုင်ငံများ၊ မြစ် ချောင်း ကဲ့သို့ ရေချို အရင်းအမြစ် ရှားပါးသော နိုင်ငံများ ရှိသကဲ့သို့ မြန်မာ ကဲ့သို့ မြစ်ချောင်းများ၊ မြေအောက်ရေ စသော ရေချို အရင်း အမြစ် ပေါများသော နိုင်ငံများလည်းရှိကြသည်။

သောက်သုံးရေ အတွက် ရေချိုရှားပါးသော နိုင်ငံများသည် ပြည်ပနိုင်ငံ များမှ ရေကို ဝယ်ယူ သုံးစွဲ၍ မှီခိုနေကြ ရသည်။ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ကမ္ဘာ့ရေ အရင်းအမြစ် အကြွယ်ဝဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည်၂ဝ၁၁ ခုနှစ်က အဆင့် ၁၄ နေရာတွင် ရှိခဲ့သည်။

ထိုသို့ ရေ အရင်းအမြစ် များစွာ ရှိနေသော် လည်း ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး မြို့နယ် အချို့ နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများ တွင် နွေအခါ ဆိုပါ က ရေပြတ်လပ်မှု ကို ကြုံတွေ့နေ ရဆဲ ဖြစ်သည်။

ရေချို အရင်းအမြစ်များ ပေါများနေသော မြန်မာနိုင်ငံ အနေဖြင့် လာမည့် ၂ဝ၅ဝ တွင် တိုး မြှင့်လာမည့် လူဦးရေ အချိုးအစားအရ လိုအပ် ချက် နှစ်ဆ ခန့်မြင့်တက် လာနိုင်သည်ဟု မြန်မာ နိုင်ငံရေ အရင်းအမြစ် ဆိုင်ရာ ကျွမ်းကျင်သူ အချို့ က သုံးသပ်သည်။

ယင်းသို့ မြင့်တက် လာနိုင်သည့် ရေလိုအပ် ချက်နှင့် ပတ်သက်၍ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး (ငြိမ်း) ဦးအုန်းမြင့်က ”အားလုံး စီမံခန့်ခွဲရေး ကဏ္ဍကို အထူးဂရုစိုက်သင့်ပြီ” ဟုမှတ်ချက်ပြုသည်။

မြန်မာ့ရေချိုသယံဇာတ

မြန်မာနိုင်ငံတွင် ရေချိုသုံးစွဲနိုင်မှု ထုထည် ဧက ပေပေါင်း ၈၇ဝ ကျော် ရှိပြီး တစ်ဧကပေလျှင် ရေဂါလန် နှစ်သိန်း ခုနစ်ထောင့်နှစ်ရာခန့်ရှိသည်။

ထို့ပြင် တစ်နေ့လျှင် မြေအောက်ရေ ဂါလန် တစ်သောင်းနှစ်ထောင်လောက် ယူသုံးနိုင်သည် ဟု လယ်ဆည် အငြိမ်းစား ဝန်ကြီး ဦးအုန်းမြင့်က ဆိုသည်။

တစ်ရက်လျှင် မြေအောက်ရေ ခြောက်ဂါလန် သာထုတ်ယူနိုင်သည့် အနေအထားကိုသာ မြေ အောက်ရေ နည်းပါးသည် ဟုခေါ်ဆိုနိုင်ပြီး မြန်မာနိုင်ငံ အနေဖြင့် နည်းပါး သည် ဆိုသည့်အနေအ ထားတွင် မရှိသေးပေ။

သို့သော် မိုးရာသီ၏ မိုးရေချိန်လက်မ မှာ အညာဒေသ များတွင် အလွန် နည်းပါးနေသည့်အ တွက် မြေအောက် ရေပမာဏ နည်းနေခြင်းဖြစ် ကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။

”အရေး အကြီးဆုံး အချက်ကမြေအောက် ရေက သုံးမကုန်ဖြုန်းမကုန် တဲ့ရေ မဟုတ်ဘူး။ သူ့ မှာ level အဆင့်ဆင့် ရှိတယ်။ အလွန်အကျွံ မသုံး စွဲရဘူး။ ရန်ကုန် မှာ မြေအောက် ရေသယံဇာတ နည်းလာပြီ”ဟု၎င်းက ထောက်ပြသည်။

ရေလိုအပ်ချက်ကို ဖြေရှင်းရန် အတွက် အဝီ စိတွင်းများ အများအပြား တူးယူ သုံးစွဲခြင်းသည် မြေအောက်ရှိ ရေသယံဇာတ ကို ထုတ်ယူသုံးစွဲခြင်း ပင်ဖြစ်ပေသည်။

ကမ္ဘာမြေကြီး သည် မြေလွှာ တစ်ထပ် ရေလွှာ တစ်ထပ် ကျောက်လွှာ တစ်ထပ် စသဖြင့် တည်ရှိ နေခြင်းကြောင့် ယင်းသို့ အလွန်အကျွံ ထုတ်ယူသုံး စွဲမည် ဆိုပါက မြေအောက် ရှိရေလွှာမှ ရေကုန်ခန်း သွားမည်ဖြစ်ပြီး မြေကျွံခြင်းများ ဖြစ်လာနိုင် ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ ဖြိုးတိုးတက်ရေး ဌာနမှ ညွှန် ကြားရေး မှူး ဦးသောင်း လွင်က ပြောသည်။

ထို့ပြင် တိုက်တာ အဆောက်အအုံများနှင့် ကွန်ကရစ် လမ်းမများ များပြားလာသည့် မြို့ပြ ဆန်လာမှုနှင့် အတူ မြေကြီး အတွင်းသို့ ရေစိမ့်ဝင် စီးဆင်းမှု အတွက် အဟန့် အတား တစ်ခု ဖြစ်လာ ခြင်းနှင့် ပတ်သက်၍ ”မိုးပေါ်ကရေတွေ မြေကြီး ထဲကိုဝင်ဖို့ နေရာ မရှိတော့ဘူး”ဟု လယ်ဆည် အငြိမ်းစား ဝန်ကြီး ဦးအုန်းမြင့်က မှတ်ချက်ပြု သည်။

မြင့်တက်လာတဲ့အပူချိန်နဲ့ ရေ

ယခုနှစ်နွေကာလ မှာ အပူချိန် မြင့်တက်လာမှု ကြောင့် သောက်သုံးရေ ကန်များ ခန်းခြောက်လာမှု နှင့် ရင်ဆိုင်နေရသည် ဟု သိရသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်း အမှတ်(၈) ရပ်ကွက် တွင်နေထိုင်သည့် အသက် ၂၇ နှစ် အရွယ် အမျိုး သမီး တစ်ဦး က ”အရင်က ဆို ကျွန်မ တို့ဘက်မှာ တစ်ခါမှ မခန်းဖူးတဲ့ မီးသတ် ကန်နှစ်ကန် ခန်း သွားတယ်”ဟုဆိုသည်။

အလားတူပင် ရေပတ်လည် ဝိုင်းရံလျက်ရှိ သော်လည်း သောက်သုံးရန် ရေရှားပါးသည့် ဒဏ် ကို နှစ်စဉ် ခံစားနေရသော ဒလမြို့နယ်သည် ရေကန်ကြီး များပေါ်တွင် အဓိက မှီခိုနေရသည်။

”နွေရာသီ ရေရှားပါးမှု ထဲမှာ အလိုလိုပါလာ တာ ဒလပါ။ သူက ရန်ကုန်မြို့ ဧရိယာထဲမှာ ပါပေမယ့် အစိုးရ ရေပေးဝေမှု စနစ်ထဲမှာ ဒီမြို့ ကမပါဘူး။ စီစဉ်မယ် ဆိုရင် မြစ်ကို ပိုက်လိုင်းဖြတ် ပြီး ရေပေးဝေလို့ ရပါတယ်”ဟု ဦးအုန်းမြင့်က ဆို သည်။

ထို့အတူ အင်းလေးကန်သည်ပင် ယခုနှစ် နွေရာသီတွင် ယခင်နှစ်ထက် ပေနှစ်သောင်းခန့် ပိုမိုလျော့ကျ သွားသည်ဟု အင်းလေးကန် ထိန်း သိမ်းရေးအဖွဲ့မှ သိရသည်။

အင်းလေးကန်သည် အပူချိန်မြင့်တက်လာမှု ကြောင့် ၂ဝ၁ဝ ခုနှစ်က ပြင်းပြင်းထန်ထန် ရေ ခန်းခြောက်မှုကို ခံစားခဲ့ရသည်။

၂ဝဝ၈ ခုနှစ်က ရေပြင်ဧရိယာ ၄ဝ စတုရန်း မိုင်ရှိခဲ့ရာက၂ဝ၁ဝ ခုနှစ်က ရေပြင် ၂၇ စတုရန်း မိုင်အထိလျော့ကျ သွားခဲ့သည်။

အသုံးနှင့်အဖြုန်း

လက်ရှိတွင် စည်ပင်သာယာရေး ကော်မတီ က ရန်ကုန်လူထု အတွက် ဖူးကြီး၊ ဂျိုးဖြူ၊ လှော် ကားနှင့် ငမိုးရိပ်ဆည် များမှ ရေပေးဝေနေပြီး လက်ရှိ လူဦးရေနှင့် ရေ လုံလောက်မှု မရှိသေးသည် ကို နွေရာသီရောက်သည့် အခါ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံကြ ရသည်။

”စည်ပင်ရေလည်း အားကိုးလို့ မရဘူး။ ရေ စက်ရှိတဲ့ သူတွေက ရေစက်မောင်းပြီးတော့ စည်ပင်ရေယူတဲ့ သူတွေကိုလည်း လိုက်လှူနေ ရတယ်” ဟု ထိုရေအလှူတွင် ပါဝင် ခဲ့သည့် ဒဂုံမြို့သစ်အ ရှေ့ပိုင်းမှ အမျိုးသားတစ်ဦးက ဆိုသည်။

ရေဘူးနှင့် ဖိနပ်မပါ နွေခါမှသိ ဆိုသလို နွေ ခါရောက်လျှင်ဖြင့် ရေတန်ဖိုးကို ပိုသိကြပေသည်။ ကြုံဖူးသူများ အတွက် နွေရာသီ၏ ရေဒုက္ခက မည်မျှ ကြီးမားသည်ကို ၄င်း အရပ်ဒေတွင် သူထိုင်သူများ မဟုတ်သူများ ထံသို့ပင် ကူးစက် သူစေနိုင်ပေသည်။ သို့သော် လက်ရှိ ရှိနေသော အရာသည်သာ မြဲ သည်ဟု ဆိုနိုင်သည် မဟုတ်ပါလား။

ရေကို အလွယ်ရရှိနေ သူများမှာလည်း နေ့ စဉ် ရရှိနေသော ရေကို တန်ဖိုးထား သုံးစွဲသင့်ပေသည်။ အလွယ်တကူ ရေရှိနေသော နေရာမှာ ရေကို ရေအမှတ် အဖြစ် သုံးဖြုန်း ကြသော်လည်း ရေရှားပါးဒေသမှ သူများ အတွက် လေလွင့်သွား သောရေများသည် သူတို့အတွက် ရွှေထက်ပင် တန် ဖိုးကြီးနေပေသည်။

ထို့ပြင် ရေပို့ပိုက်လိုင်းများ ပျက်စီးနေခြင်းနှင့် နေအိမ်များမှ ရေသွယ်တန်း ပိုက်ငယ်များ ပျက်စီးနေမှုကြောင့် တစ်နေ့ရေပေးဝေနေမှု ဂါလန် သန်း ၁၈ဝ ကျော် တွင် ရေလေ လွင့် ဆုံးရှုံးမှု ၄ဝ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ၂ဝ၁၂-၂ဝ၁၃ စာ ရင်း များအရ သိရသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ် သော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မြေအောက်ရေ ကုန်ခန်း လာခြင်းကြောင့် အနာဂတ်တွင် နိုင်ငံ အတွင်း စပါးစိုက်ပျိုး ထုတ်လုပ်မှု အတွက် ခြိမ်း ခြောက်မှုကြီး ဖြစ်လာနိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန အဖွဲ့ကြီးက ယခု နှစ်တွင် ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း စပါးစိုက်ပျိုးရာ ဒေသများကို စစ်ဆေး တိုင်းထွာခဲ့ရာမှ နှစ်စဉ် လေးပေမှ ငါးပေထိ ရေများ နိမ့်ဆင်း သွားခဲ့ပြီး အဓိက အကြောင်းရင်း မှာ ဆည်မြောင်း များမှ ရေ သွယ်ယူသုံးစွဲခြင်းများပြားလာခဲ့ခြင်းကြောင့် ဖြစ် ကြောင်း သိရသည်။

အဆိုပါနိုင်ငံ တွင် ၁၉၈ဝ ပြည့်နှစ်က အဝီစိ တွင်း ပေါင်း ၂၁ တွင်းမှ ရေဂါလန်ပေါင်း ၁ ဒသမ ၆၂ သန်းခန့် ထုတ်ယူ သုံးစွဲခဲ့ကြောင်း စစ် တမ်း များကဖော်ပြသည်။

ရေတိုက်ပွဲ

ကမ္ဘာ့ပထဝီ အနေအထားအရ ကုန်းပိုင်းနှင့် ရေပိုင်းနှစ်ပိုင်း ရှိသည့် အနက် ရေပိုင်းသည် ကမ္ဘာ့ ဧရိယာ၏ ၇၁ ရာခိုင်နှုန်း ခန့်ရှိသည်။

အဆိုပါရေ ဧရိယာ၏ ၉၇ ရာခိုင်နှုန်းမှာ ရေ ငန်များဖြစ် ကြပြီး ရေချိုရေသန့် မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ အဆိုပါရေချို များတွင် ထုတ်ယူ သုံးစွဲရန် လက်လှမ်းမီ သည့် ရာခိုင်နှုန်းမှာ ဝ.ဝဝ၂ ရာခိုင်နှုန်းသာ ရှိသည်။

ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်း လဲမှု များကြောင့် ကမ္ဘာပေါ်တွင် ရေချိုနှင့်သောက် သုံးရေ ရှားပါလာနိုင် သည်ဟု ပညာရှင်များက ထောက်ပြကြသည်။

လက်ရှိအချိန်အထိ ဘိန်း ၊ ကျောက်မျက်ရတ နာ၊ ရေနံ၊ စိန်၊ သစ်၊ သံမဏိ၊ ကော့ပါး၊ သဘာဝ ဓာတ်ငွေ့ စသည့် သယံဇာတများကြောင့် စစ် ဖြစ်ပွားသည့် နိုင်ငံ အများ အပြား ရှိကြသည်။

သို့သော် နောက်ပိုင်း ကာလ များတွင် ဖြစ်ပွားမည့် သယံဇာတ ပြဿနာများတွင် ရေ သယံဇာတ ကြောင့် ပြဿနာများ ဖြစ်ပွား လာနိုင်သည်ဟု စာရေးဆရာမ Dambisa Moyo ရေးသားသည့် Winner Take All စာအုပ်ထဲတွင် ဖော်ပြထား သည်။

ထို့အတူ မှတ်တမ်း မှတ်ရာများအရ ဘီစီ ၃ဝဝဝ ခန့်ကစ၍ ရေကြောင့်စစ် ဖြစ်ပွားခဲ့သည် မှာ၂ဝ၃ ကြိမ် အထိ ရှိခဲ့ကြောင်း သိရသည်။

ဘာလုပ်သင့်

ရေကို စီမံကွပ်ကဲသည့် ဌာနများ ရှိနေသော် လည်း လေ့လာ စောင့်ကြည့်မှု၊ စစ်ဆေးမှုပိုင်းတွင် အားနည်းနေကြောင်း ရေသယံဇာတ ရေးရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ် သည်။

”လ အလိုက်ရေ ခန်းခြောက်မှု ပမာဏ၊ လျော့ ကျလာမှု၊ လူဦးရေ တိုးပွားမှုနှုန်းကြောင့် ရေသုံးစွဲမှု များလာ သလား စသဖြင့် လေ့လာစောင့်ကြည့် စစ်ဆေးမှု မရှိ သလောက် အားနည်းတယ်”ဟု ၄င်းက ဆိုသည်။

ထို့ပြင် နှစ်စဉ် လူဦးရေ တိုးပွားနှုန်းနှင့် ရေချို အသုံးပြုမှု စစ်တမ်းကို အစိုးရမှ ကောက်ယူ ထားသင့်ပြီး မြေအောက်ရေနှင့် ပတ်သက်၍ ပြန်လည် ပြည့်ဖြိုးမှုနှင့် ထုတ်ယူ အသုံးချ မှုပမာဏ များကို အမြဲတမ်း အကဲဖြတ် လေ့လာမည့် အဖွဲ့အစည်း တစ်ခုကို ထားရှိသင့်ကြောင်း ရေသယံဇာတ ရေးရာ ကျွမ်းကျင်သူ ဦးချိုချို က အကြံပြုသည်။

‘မြန်မာပြည်က ရေပေါ များပါတယ်။ မိုးတွင်း အချိန်အခါဆို ဒီနေရာ ဒီကန် ဒီမြစ်တွေမှာ ရေပြန်ပြည့်မှာပဲ၊ အလွယ်တကူ သုံးနေနိုင်တာပဲ၊ ဘာစဉ်းစားနေစရာ လိုလဲလို့ သာမန် လူတွေ ယူဆ ကြတာက ပြဿနာ မရှိပေမယ့် ဒီအထဲမှာ အစိုးရ အဖွဲ့အစည်းတွေ မပါသင့်ဘူး”ဟု ၄င်းက သုံး သပ်သည်။

ထို့ပြင် နိုင်ငံရေး ပွင့်လင်းစ ပြုလာသည်နှင့် အမျှ အလုံးအရင်းနှင့် ဝင်ရောက်လာရန် စိုင်းပြင်း နေသည့် နိုင်ငံခြား ရင်းမြှုပ်နှံမှု များအကြား ဝန် ဆောင်မှု လုပ်ငန်းများ သာမ က စက်ရုံ အလုပ်ရုံ နှင့် ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းများလည်း ရေပန်းစားလျက် ရှိလေသည်။

ယင်းသို့ စက်မှုလုပ်ငန်းများ တိုးတက်လာ ခြင်းသည် ရေလိုအပ်ချက် များကို ဖြစ်ပေါ်လာစေ မည့် အချက် တစ်ခုပင်ဖြစ်သည်။

ခေတ်ကာလအရ လက်ရှိ ကျင့်သုံးနေသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့တွင် ရေ ဥပဒေ (water law) များရှိ သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ် ကြောင်း ၄င်းက ဆိုသည်။

”ဒါတွေက နှစ်ပေါင်းဆယ်စုနှစ် များစွာ ကြာ မြင့်ခဲ့တော့ အခု အခြေအနေ နဲ့ မကိုက်ညီတော့ ဘူး။ ပြင်သင့်တာပြင်ရမယ်”ဟု ၄င်းက မှတ်ချက် ပြုသည်။

ထို့ကြောင့် အနာဂတ်တွင် မြန်မာ့ရေသယံ ဇာတကို ဥပဒေဖြင့် ထိန်းချုပ်နိုင်သည် အထိ ပြုလုပ်ရန် လာမည့်နှစ်တွင် ရေဥပဒေသစ် ကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း သိရ သည်။

”သင်္ကြန်ကာလ ရေပြုန်းတီးမှုက အဆိုးဆုံး ပါပဲ။ ရေဥပဒေ အသစ် အလုပ်ဖြစ်ရင် ဘယ် လောက် ဘယ်လောက် အတိုင်းအတာထက် ပိုမသုံးရဘူး ဆိုတာကို ကန့် သတ်နိုင်မယ်”ဟု ဦးအုန်း မြင့်က ဆိုသည်။



Popular




ဗိုလ်ချုပ်ရုပ်ရှင်နောက်ကွယ်က အရှုပ်တော်ပုံများ (အပိုင်း - ၃)

$
0
0



===================================

သိက္ခာဆည်ရန်ကြိုးစားခြင်း
-
၂၀၁၅ ဖေဖော်ဝါရီ ၁၃ မှာပြဖို့စီစဉ်ထားတဲ့ ရုပ်ရှင်က၂၀၁၄ နှစ်ဝက်အထိ လုံးဝမရိုက်ရသေးပါဘူး။ ပြည်သူတွေ ကြားမှာလဲ ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။ ဗိုလ်ချုပ် အသက်တစ်ရာပြည့် မွေးနေ့မှာတောင် ဒီဇာတ်ကားက ရိုက်ဖြစ်ဦးမှာလား၊ ရိုက်မနေကြပါနဲ့တော့ဗျာ၊ ဗိုလ်ချုပ်ကို အိုးမည်းမသုတ်ကြပါနဲ့၊ ဗိုလ်ချုပ် ဒုတိယအကြိမ် အသတ်ခံရပြီဆိုတဲ့ ဝေဖန်လှောင်ပြောင်သံတွေ ပြည်သူ တို့ဆီက ထွက်လာပါတယ်။ ဧရာဝတီက ‘ဗိုလ်ချုပ် ရုပ်ရှင် အရုပ်ထင်ပါဦးမလား’ ခေါင်းစဉ်နဲ့ ဝေဖန်ခဲ့သလို WORLD TIME က ဆောင်းပါး တစ်ပုဒ်ထဲမှာလည်း ဗိုလ်ချုပ်ရုပ်ရှင်ကို ဝေဖန်ထားပါတယ်။

-
ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သိက္ခာဆည်ရန် တစ်ခုခုလုပ်ဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးပါတယ်။ အခြေအနေကိုထိန်းသိမ်းဖို့အတွက် ၂၀၁၄ အောက်တိုဘာမှာ TEASER နှစ်ခန်းရိုက်ပြီး သိက္ခာဆည်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ TEASER နှစ်ခန်းကို အဖြစ်ရိုက်ပြီး ပြခဲ့တာကြောင့် အားပေးသံမရခဲ့ဘဲ ဆဲဆိုသံပဲ ရခဲ့ကြပါတယ်။

-
“အရည်အသွေးသိပ်ကိုညံ့ပါတယ်။” ၊ “ဒီအတိုင်းထုတ်တာထက်စာရင် မထုတ်တာအကောင်းဆုံးပါပဲ။ သေချာတာ့လုပ်ကြပါ။” ၊ “ဗိုလ်ချုပ်ကား Teaser ကစတာနဲ့စိတ်ပျက်ဖို့ကောင်းတယ် ဆက်မရိုက်ပါနဲ့... နိုင်ငံ တကာကို ပြရမှာ.. ရှက်လို့ပါဗျာ..” ၊ “သိန်းထောင်ကျော် အလှူငွေက ဒီလောက်ပဲရသလား ကြည့်လဲစားကြ စားပိုးနင့်သေနေဦးမယ်” စတဲ့ မှတ်ချက်တွေပဲ ရခဲ့ပါတယ်။

-
၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အခမ်းအနားကို NLD ဦးဆောင်ပြီးကျင်းပခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဗိုလ်ချုပ်ရုပ်ရှင်ကတော့ မပြနိုင်ခဲ့ပါဘူး။

-
ဗိုလ်ချုပ်ရုပ်ရှင်ကပေးတဲ့ သင်ခန်းစာ
-
နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်ဦးဆောင်ပြီး နာမည်ကျော်ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ရှိနေ ပါလျက်နဲ့ ၃ နှစ်လုံးလုံးရိုက်နေတာ တစ်ခန်းမှမပြီးခြင်းဟာ များစွာရှက်ဖို့ကောင်းပါတယ်။ သမိုင်းတင်မယ့် ကား ဖြစ်တာကြောင့် သမိုင်းတင်မယ့် ရှက်ဖွယ်လိလိဖြစ်ပါတယ်။ ဒီဇာတ်ကားပေါ်လာပါက ဇတ်ကားကြည့်တိုင်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ရှက်စရာဖြစ်ရပ်တွေကို ပြန်အောက်မေ့ကြမှာ ဖြစ်ပါတယ်။

-
နိုင်ငံတစ်ခုတည်ဆောက်တာက ရုပ်ရှင်တစ်ကား ရိုက်တာထက် အဆပေါင်းများစွာ ပိုခက်ပါတယ်။ ဗဟိုဦးစီးမှုလွန်ကဲခြင်း၊ ပညာရှင်များနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများကို ပါဝါရှိသူက လွှမ်းမိုးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို ပါတီပိုင်ပြုလုပ်လိုခြင်းတို့ကြောင့် တန်ဖိုးရှိ သမိုင်းတင်မယ့် ကမ္ဘာကျော် ရုပ်ရှင်ကားကြီး တစ်ကားရိုက်ကူးရေးအစီစဉ်တွေ ပျက်ဆီးခဲ့ရပါတယ်။ အလားတူ နိုင်ငံတည်ဆောက်ချိန် မှာလည်း အထက်ပါ အားနည်းချက်တွေအတိုင်း တည်ဆောက်ရင် ဗိုလ်ချုပ်ရုပ်ရှင်လိုပဲ အရုပ်မထင်ဖြစ်သွားမယ်ဆိုတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်အားလုံး သတိပြုရမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

သူရမောင်မောင်






လောက်ကိုင်မှ သင်ခန်းစာ

$
0
0








ယနေ့ လောက်ကိုင်တစ်ဝိုက်တွင် ဖြစ်ပွားနေ သောတိုက်ပွဲများမှ သင်ခန်းစာအများ အပြား ပေါ်ထွက်
လျက်ရှိနေပါသည်။ ပြည်သူနှင့်တပ်မတော် နှစ်ဦးနှစ်ဖက်လုံး အတွက် သင်ခန်းစာများ ပေါ်ထွက်လာပါသည်။ ဤလောက်ကိုင် နယ်မြေ တိုက်ပွဲများတွင်မှာမှ တပ်မတော်ကလည်း မိမိဘက်မှ ထိခိုက်ကျဆုံးမှု စာရင်းကို သတင်းစာတွင် ပွင့်ပွင့်လင်းလင်း ကြေညာသမှုပြုလုပ်လာပါသည်။ ပြည်သူဘက်မှ လည်း ဤသတင်းများကို ဖတ်ရှုရသည့် အခါတွင်မှ အခြေအနေအမှန်ကို သုံးသပ်နိုင်လာပါသည်။

စစ်တပ်အစိုးရ အဆက်ဆက်၏ သတင်း အမှောင်ချထားခဲ့မှုက ပြည်သူများကို မျက်စိပိတ် နားပိတ်ဖြစ်စေခဲ့ပါသည်။ ပြည်သူများသည် စစ်ရေး စစ်ရာနှင့်ပတ်သက်၍ ယခင်က သတင်းစာများထဲ တွင် ဖတ်ရလျှင် ““သြော်၊ တိုက်ပွဲတွေဖြစ်နေကြ တယ်”” ဟူ၍လောက်သာ စိတ်ဝင်စားမှု ရှိခဲ့ကြပါသည်။ သတင်းစာအာဘော်များကလည်း အများ ပြည်သူ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးကြားလာစေရန် လှုံ့ဆော် ပေးသည့် အရေးအသားမျိုးမပါရှိပါ။

မကြာသေးသည့် ရက်ပိုင်းအတွင်းက ဂျာနယ် များ၌ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က အမျိုးသားစစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့် ကြောင်းကို လွှတ်တော်တွင် တင်ပြဆွေးနွေးသည် ဟု ဖတ်ရှုလိုက်ရပါသည်။ ဂျာနယ်အတော်များများ တွင် ဤတင်ပြချက်ကို အုတ်အော်သောင်းတင်း ၀ိုင်း ၀န်းရှုတ်ချကြခြင်း မရှိသည်ကိုလည်း စာရေးသူ သတိထားလိုက်မိပါသည်။ ဂျာနယ်များ၏ အာဘော် များမှာ အကြမ်းဖျင်းအားဖြင့် ထောက်ခံ ၃၀၊ ကန့် ကွက် ၇၀ ခန့်ရှိမည်ဟုထင်ပါသည်။ စာရေးသူ၏ ကိုယ်ပိုင်အမြင်ဖြစ်ပါသည်။

၂၀၁၁ နှစ်စပိုင်းလောက်က ဤစစ်မှုမထမ်း မနေရကိစ်္စ ပေါ်ပေါက်ခဲ့ဖူးပါသည်။ ထိုစဉ်က ဤကိစ်္စကို ပြင်းပြင်းထန်ထန် ၀ိုင်းဝန်းကန့်ကွက်ရှုတ် ချခဲ့ကြပါသည်။ ယခုတစ်ကြိမ်တွင်မူ ကန့်ကွက်သံ သည် ယခင်တစ်ကြိမ်ကလောက် သောသောမညံ တော့ပါ။ ပြည်သူများ ဗဟုသုတအမြင်ရှိစပြုလာပြီ ဟု ယူဆရနိုင်ပါသည်။ ကိုးကန့်သောင်းကျန်းသူ အဆင့်မျှကိုပင် ဤမျှတိုက်ခိုက်ယူနေရလျှင် ရန်ပြု လာမည့် ပြည်ပတပ်မတော်တစ်ခုနှင့်များ ရင်ဆိုင် ရမည်ဆိုလျှင် မိမိနိုင်ငံ၏ လူ/လက်နက်ယှဉ်ပြိုင် နိုင်မှုစွမ်းအားကို ပြည်သူများ ခန့်မှန်းတတ်စပြုလာ ကြပြီဟု သုံးသပ်၍ရနိုင်ပါသည်။ အမြင်ကျယ်စပြု လာပါပြီ။

ယခင်က ပြည်သူများအမြင်မကျယ်ခြင်းမှာ ပြည်သူများ၏ အပြစ်မဟုတ်ပါ။ တာဝန်ရှိသူအစိုးရ အဆက်ဆက်က မျက်စိပိတ်နားပိတ်ပြုလုပ်ထားခဲ့ ကြ၍သာဖြစ်ပါသည်။ ယခုလည်း ပြည်သူများ အမြင်ကျယ်စပြုလာခြင်း
သာဖြစ်ပါသည်။ လုံးဝ အမြင်မကျယ်သေးပါ။ ပြည်သူများ၏ ဝေဖန်သံကို စာရေးသူကြားနေရပါသည်။ ကွမ်းလုံတိုက်ပွဲကဲ့သို့ သော တိုက်ပွဲကိုပင် ရက်ပေါင်း ၄၀ နှင့်အပြီး သတ် နိုင်ခဲ့လျှင် ယခုလောက်ကိုင်
နယ်မြေဖြစ်စဉ်သည် ရက်ပေါင်းမည်မျှ ကြာနေပြီလဲဟူ၍လည်းကောင်း ပြည်တွင်းသောင်း
ကျန်းမှု ချေမှုန်းရေးတွင် လေယာဉ် သုံးစရာလိုလို့လားဟူ၍လည်းကောင်း ဝေဖန်ပြော ဆိုမှုများ ရှိနေပါသည်။

စစ်မြေပြင်တွင် စစ်တိုက်သည်ဆိုသည်မှာ သရေကျအောင်တိုက်သည်ဟူ၍မရှိပါ။ အနိုင်ရ အောင် တိုက်ကြစမြဲ
သာဖြစ်ပါသည်။ ပြင်သစ်စစ် ဘုရင် နပိုလီယံ၏ အဆိုအမိန့်မှာ ““မိမိ၏အင်အား အလွန်အမင်းသာလွန်နေမှုသည် မှားယွင်းသည်ဟု မည်သည့်အခါတွင်မျှ ပြော၍မရပါ”” (It is never wrong to be too strong) ဟူ၍ ရှိသကဲ့သို့ အင်္ဂလိပ် စကားလုံးတစ်ခုမှာ “ကျွန်ုပ်၏ နိုင်ငံ မှားမှား၊ မှန်မှန်၊ ကျွန်ုပ်အတွက်ကတော့ ကျွန်ုပ်၏နိုင်ငံအမြဲမှန်သည်”” (My country, right or wrong) ဒုတိယကမ္ဘာစစ်ကြီး အတွင်းက အမေရိကန်ဗိုလ်ချုပ်ကြီး ပက်တန်က လည်း ““ရန်သူကို မိမိ၏အဆမတန် သာလွန်သော စုစည်းအင်အားဖြင့် တစ်ဟုန်ထိုး တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို စောစီးစွာ အနိုင်ယူအပြီးသတ်လိုက်နိုင်ခြင်း သည် ရေရှည်စစ်ပွဲဖြင့် မိမိအကျအဆုံးများပြားမည်ကို ရှောင်ရှားရန်အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်သည်””ဟူ၍ ပြောကြားခဲ့ပါသည်။


အထက်က အဆိုအမိန့်များထဲမှ အင်္ဂလိပ် အဆိုကဲ့သို့ပင် မိမိနိုင်ငံ၏ အတွင်းရေးကိစ်္စကို မိမိ နည်းလမ်းဖြင့် ဖြေရှင်းခြင်းဖြစ်ပါသည်။ နပိုလီယံ၏ အဆိုအမိန့်ကဲ့သို့ပင် မိမိထံတွင်ရှိသော စွမ်းအား ဖြစ်သည့်
လေကြောင်းပစ်ကူစွမ်းအားကို အသုံးပြု ခြင်းဖြစ်ပါသည်။ ဤနေရာတွင် စစ်သားလုပ်ခဲ့ဖူး သော စာရေးသူအနေဖြင့် လောက်ကိုင်နယ်မြေတွင် ဗိုလ်ချုပ်ကြီးပက်တန်၏ နည်းနာကိုအပြည့်အ၀ အသုံးပြုခြင်းမရှိသေးဟု အငြိမ်းစားစစ်သည်ဟောင်း တစ်ဦးအနေဖြင့် ထင်မြင်ယူဆမိပါသည်။

အများ၏ ဝေဖန်မှုကို စစ်တိုက်ရာတွင် ဂရုစိုက် မှုလွန်ကဲမိပါက ဘာမျှလုပ်၍ရတော့မည်မဟုတ်ပါ။ အမေရိကန်သမ်္မတ ဘုရှ်သည် အီရတ်ကို ၀င်ရောက် တိုက်ခိုက်စဉ်က ဘုရှ်ကို တစ်ကမ်္ဘာလုံးနီးပါးက ၀ိုင်း ၀န်းရှုတ်ချခဲ့ကြပါသည်။ ဂရုမစိုက်ခဲ့ပါ။ ဗြိတိသျှ ၀န်ကြီးချုပ် မာဂရက်သက်ချာသည် ဖောက်ကလန် ကျွန်းကိစ်္စနှင့်ပတ်သက်၍ အာဂျင်တီးနားနိုင်ငံနှင့် စစ်ဖြစ်စဉ်က မာဂရက်သက်ချာကို အမေရိကန်က ပင် ဦးဆောင်၍ ကန့်ကွက်ခဲ့ပါသည်။ သက်ချာ ဂရုမစိုက်ခဲ့ပါ။ စာရေးသူဆိုလိုသည်မှာ အများ၏ ထောက်ပြဝေဖန်မှုကို လျစ်လျူရှုရမည်ဟု မဆိုလို ပါ။ သို့သော် အရာရာတိုင်းကို ဂရုစိုက်နေ၍မရပါ။

လောက်ကိုင်နယ်မြေဖြစ်စဉ် အစဦးပိုင်းတွင် တပ်မတော်ဘက်မှ ယာဉ်တန်းချုံခိုအတိုက်ခံရ၍ စစ်သည်
အများအပြား ကျဆုံးခဲ့ရပါသည်။ တပ်မ တော်စစ်ကြောင်းတစ်ကြောင်း ချီတက်လျှင် လက် နက်ကြီးနှင့် အရန်ကျည်များကိုပါ သယ်ဆောင်ရပါ သည်။ ရိက်္ခာနှင့် ဆေးသေတ်္တာများ၊ ဆက်သွယ်ရေး အားသွင်းစက်များကို ထည့်၍ မပြောသေးပါ။ ဤ ပစ်္စည်းများအားလုံးကို လွန်ခဲ့သည့် နှစ် ၂၀ လောက် အထိက အထမ်းသမားခေါ်ပေါ်တာများဖြင့် သယ် ပါသည်။ အထမ်းသမားပေါ်တာကိစ်္စကို ကမ်္ဘာက ကန့်ကွက်သည့်အပြင် ပြည်တွင်းရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်းမလိုလားကြတော့သဖြင့် ပေါ်တာခေါ်အထမ်းသမားအသုံးပြုသည့်စနစ်ကို တပ်မတော် အသုံးမပြုတော့သည်မှာ အနှစ် ၂၀ မျှရှိသွားပါပြီ။

ထိုအနှစ် ၂၀ ကာလအတွင်း အပစ်အခတ်ရပ် စဲနေသဖြင့်လည်း အထမ်းသမားမရှိတော့သည့် ပြဿနာမှာ အရေးမကြီးပါ။ မော်တော်ကားလမ်း အတိုင်း မော်တော်ကားများအပေါ်သို့ လေးပင် ပစ်္စည်းများတင်ဆောင်ပြီး သွားလာကြပါသည်။ မော်တော်ကားလမ်းကို စွန့်ခွာ၍ တောင်များပေါ် သို့ တက်ကြရသည့် အခါများတွင်လည်း လေးပင် ပစ်္စည်းများကို စစ်သည်များ အလှည့်ကျထမ်း၍ နားနားနေနေ တက်ကြပါသည်။ မိမိကို ပစ်မည့် ခတ်မည့်သူမရှိပါ။ ပြဿနာမရှိပါ။

ထိုအနှစ် ၂၀ မျှငြိမ်းချမ်းခဲ့သဖြင့် အရာရှိ/ စစ်သည်များမှာ မော်တော်ကားဖြင့် သွားလာသည့် ရောဂါစွဲကပ်
လာပါသည်။ ဆယ်ဘီးကား၊ ၁၂ ဘီး ကားများပေါ်ပေါက်လာသဖြင့်လည်း ၀င်ဆံ့မှုပို၍ ရှိလာသောကြောင့် မော်တော်ကားကြီးတစ်စီးတည်း အပေါ်သို့ အကုန်လုံးစုစည်းတက်ရောက်၍ သွား လာကြပါသည်။ ယခင်ကလို ၂ စီး ၃ စီး လူခွဲ၍ စီးရန်မလိုတော့ပါ။ တပ်မတော်သုံးငွေကြေးကန့် သတ်မှုကလည်းရှိလာသဖြင့် တစ်စီးတည်းကို ငွေ ချေရသည်က အကုန်အကျသက်သာပါသည်။ သို့ ဖြစ်၍ အရေးပေါ်ကာလဖြစ်လာသောအခါ အနှစ် ၂၀ ခန့်စွဲနေသော အမူအကျင့်အတိုင်း ယာဉ်တစ် စီးတည်းအပေါ်သို့ အကုန်လုံးတက်၍ ရန်သူ၏ သတ် ကွင်းအတွင်းသို့ တစ်စုတစ်စည်းတည်း ၀င်မိလျက် သား ဖြစ်ကုန်ပါသည်။ တောင်များပေါ်သို့တက် သည့်အခါတွင်လည်း ယခင်ကလေးပင်ပစ်္စည်းများကို အလှည့်ကျထမ်း၍ နားနားနေနေ တက်ကြပါသည်။ ယခုအခါ မိမိကိုပစ်မည့်သူ၊ မိုင်းတောင်မိုင်း ဆွဲမည့်သူများအကြားမှ တက်ကြရပါသည်။ စစ် သည်အင်အားအချို့မှာ ပစ်္စည်းထမ်း၍ ပြေးပြေး လွှားလွှား မြန်မြန်ဆန်ဆန် တောင်တက်နေရသဖြင့် မောပန်းနေကြပါသည်။ သို့ဖြစ်၍ ဥပမာပေးရလျှင် စစ်သည် ၁၀ ယောက်တွင် ၄ ယောက်မှာ ပစ်္စည်း ထမ်းရ၍ မောပန်းနေသောကြောင့် ၁၀ ယောက် သွားသော်လည်း တိုက်ခိုက်ရေးအင်အားမှာ ၆ ယောက်သာဖြစ်နေပါတော့သည်။

ဤသို့ဖြင့် ချီတက်နှုန်းများမှာ နှေးကွေးပြီး ခရီး လည်းမတွင်တော့ပါ။ သို့ဖြစ်၍ လေကြောင်းပစ် ခတ်မှု အကူများကို ရယူရပါသည်။ ဒဏ်ရာရစစ် သည်များကို လေကြောင်းဖြင့်ပြန်လည်၍ သယ် ထုတ်ရပါသည်။ ဒဏ်ရာရ အရာရှိ/စစ်သည်များကို ရဟတ်ယာဉ်ဆင်းကွင်းဖြစ်သော ရန်သူ၏ပစ်ခတ် မှုကင်းဝေးရာနေရာအထိ လူဖြင့် သယ်ထုတ်ရပါ သည်။ အထမ်းသမားမသုံးရသဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် စစ်သည်အချို့ကို ပြန်ခေါ်၍ လူနာထမ်းစေရပြန်ပါသည်။ တိုက်ခိုက်ရေးအင် အားထပ်မံလျော့ပြန်ပါသည်။ တိုက်ခိုက်ရေးအင် အားနည်းသည့်အခါ စစ်သည်အငယ်များမှာ ရှေ့ သို့တက်ရန် တွန့်နေတတ်သဖြင့် အရာရှိက ရှေ့မှ စံနမူနာပြဦးဆောင်၍ တက်ရပါသည်။ “တို့ဗိုလ်က ဓားကိုဆွဲလို့ ရှေ့ကတက်ပါတယ်””ဆိုသည့် စစ်ချီ သီချင်းအတိုင်း လက်တွေ့ကျင့်သုံးရပါသည်။ ထို အခါ အရာရှိ ကျဆုံး၊ ဒဏ်ရာရများပြားလားပါ သည်။


ခေါင်းဆောင်အရာရှိ ကျဆုံးဒဏ်ရာရသည့် အခါ စီမံကွပ်ကဲမည့်သူမရှိသဖြင့် စစ်သည်များ ရှေ့ဆက်လုပ်ရမည့် ကိစ်္စေ၀၀ါးသွားပါသည်။ ရည် မှန်းချက်အောင်မြင်ရန် ကြန့်ကြာသွားပါသည်။ ယနေ့ဒီမိုကရေစီစနစ်ဖြင့် ချီတက်နေချိန်တွင် လူ သားအခွင့်အရေး၊ လူသားချင်း စာနာထောက်ထား မှုများကို အလွန်အလေးထား နေရပါသည်။ ဖုန်ကြားရှင်ဘက်မှ ဥပဒေဘောင် ပြင်ပမှနေ၍ အထမ်းသမားကြိုက်သလိုသုံး၍ ယင်းအဖွဲ့မှဒဏ် ရာရသူများကို အနီးဆုံးနိုင်ငံမှ လက်တစ်ကမ်းရှိ ဆေးရုံများသို့ ပို့ဆောင်နေချိန်တွင် တပ်မတော်က မိမိတိုက်ခိုက်ရေးအင်အားထဲမှ ဖဲ့ထုတ်၍ ဒဏ်ရာ ရသူများကို ပထမအဆင့်အနေဖြင့် ထမ်းထုတ်ခါ တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ရန်စီစဉ်ကြရပါ သည်။ ဤသို့ရေးသားသဖြင့် အထမ်းသမားများပြန် ၍ သုံးစေလိုသောကြောင့် နှပ်ကြောင်းပေးနေခြင်း မဟုတ်ပါ။ မြေပြင်ရှိ ပကတိအခြေအနေကို ပြည်သူ အများသိသာမြင်သာရုံမျှသာ မျက်စိဖွင့်ပေးနေခြင်း ဖြစ်ပါသည်။

ကာတွန်းဆရာ အော်ပီကျယ်၏ ဟောပြော ပွဲတစ်ခုကို စာရေးသူက ရုပ်မြင်သံကြားတွင် နား ထောင်လိုက်ရပါသည်။ အော်ပီကျယ်ပြောသော ကာတွန်းတွင် ဖခင်ဖြစ်သူက ““ငါအင်အားရှိမှ မင်း တို့အင်အားရှိမယ်””ဟုပြောပြီး အကောင်းဆုံးဟင်း များကိုစားကာ မိသားစုအတွက် အရိုးအရင်းသာ ချန် ပါသည်။ ကာလရှည်ကြာလာသောအခါ ဇနီးဖြစ်သူ က လင်ယောက်ျားအား ““ရှင့်ရဲ့ဗလကို ထုတ်ပြစမ်းပါ”” ဟုတောင်းဆိုသည့်အခါတွင် ယောက်ျားဖြစ်သူက မတ်တတ်ထ၍ ဗလထုတ်ပြလိုက်ရာ လက်မောင်း
ကြွက်သားများမှာ ကွမ်းသီးလုံးခန့်သာရှိပြီး ၀မ်းဗိုက် ကြီးသာ ပူဖောင်းနေပုံကို ဟောပြောပါသည်။ ဤ သည်ကား ပြည်သူအများ၏ တပ်မတော်ဘတ်ဂျက် အပေါ် အမြင်ဖြစ်ပါသည်။ တပ်မတော်ကလည်း ဤ ကိစ်္စကို သတိရှိရန် လိုအပ်ပါသည်။ ပြည်သူ၏ သဒ်္ဓါ ရက်ရောမှုကို ရရှိနိုင်ရန် ကြိုးစားရပါမည်။

နှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်၏ စစ်လက်နက်ပစ်္စည်း အမျိုးအစား အတော်များများကို စစ်ရေးပြအခမ်းအနားတွင် ထည့် သွင်းပြသသွားပါသည်။ လက်ရှိတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်လက်ထက်တွင်မှစတင်လာသည့် အစီအစဉ်ဖြစ်ပါသည်။ ဤစစ်လက်နက်ပစ်္စည်းများ၏ ၇၅ ရာခိုင်နှုန်းမှာ မြန်မာပြည်လုပ်တစ်ခုမျှ မပါပါ။ ပြည်ပမှ ၀ယ်ယူခဲ့ရသည့်ပစ်္စည်းများချည်းသာဖြစ်ပါ သည်။ ဤလက်နက်များကို ထုတ်လုပ်သောနိုင်ငံမှ ထုတ်လုပ်ခဲ့သည့် ခုနှစ်များကိုလည်း တပ်မတော်နေ့ အခမ်းအနား
သို့တက်ရောက်လာကြကုန်သော နိုင်ငံ ခြားသား စစ်သံများအားလုံးလည်း မြင်ရရုံမျှဖြင့်သိရှိ ကြပါသည်။
မည်သည့် နိုင်ငံလုပ်များဖြစ်သည်ကိုလည်း နိုင်ငံအသီးသီးမှ စစ်သားအချင်းချင်း သိရှိကြပါသည်။ ထုတ်လုပ်ခဲ့သည့်ခုနှစ်အလိုက်ခေတ်မီမှုအတိုင်းအတာ အလိုက် ဤလက်နက်ကို မည်သို့တန်ပြန်ကျော် လွှား၍ ရနိုင်သည်ကိုလည်း သိရှိကြပါသည်။

သို့သော်လည်း မိမိတွင်လည်း အဆိပ်ရှိကြောင်း ကိုပြသသည်ကတော့ မှန်ကန်သည့် လုပ်ရပ်ဖြစ်ပါ သည်။ အာရှတောဘုရင်ကျားရဲသည်ကင်းမြီးကောက် ကလေးကို တောထဲ၌ မျက်နှာချင်းဆိုင်တွေ့လျှင် လမ်းဖယ်ပေး
ပါသည်။ အရွယ်ပမာဏနှင့်အင်အား သည် အရာရာတိုင်းတွင် အဓိကမဟုတ်ပါ။ အဆိပ် ရှိဖို့က အဓိကဖြစ်
ပါသည်။ သို့သော် ဤကင်းမြီး ကောက်သည် အိုမင်းမစွမ်းရှိလာသည့်အခါ ခေတ် သစ် ကင်းမြီးကောက်ငယ်က အစားထိုးနေရာယူပေး ရပါမည်။ လက်နက်ပစ်္စည်းသည်လည်း ခေတ်မမီ တော့လျှင် ခေတ်မီလက်နက်ဖြင့် အစားထိုးရပါမည်။ ထိုအခါ ငွေ/ဘတ်ဂျက်လိုလာပါမည်။

ဤသို့ဆိုလိုက်သည့်အတွက် စာရှုသူတို့ မျက် လုံးပြူးမသွားကြပါနှင့်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေး
ရရှိပြီးစအချိန်ကတည်းက လူသား အရင်းအမြစ်ကိုသာ အမာခံထား၍ရှိသည့် လက် နက်ဖြင့် နိုင်ငံတော်
ကိုကာကွယ်စောင့်ရှောက်ခဲ့ပါ သည်။ ““သူ့နိုင်ငံသား သံမှုန့်စားမှ တို့ဓားတုံးမည်”” ဟူသော အဆိုမှာ မြန်မာ့
တပ်မတော်၏ ဆောင်ပုဒ် တစ်ခုပင်ဖြစ်ပါသည်။ တပ်မတော်သည် ပြည်ထောင် စုသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်း
ထားသည့် လက်နက် ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ခါ မြန်မာနိုင်ငံ၏ ရေ မြေတောတောင်အနှံ့တွင် မတိုက်ခိုက်ဘူးသောနယ် မြေမရှိပါ။


စာရှုသူတို့သတိထား၍ ကြည့်လျှင် မြ၀တီရုပ် မြင်သံကြားအစီအစဉ်မှ တပ်မတော်နေ့ ဂုဏ်ပြုပြ သသွားသော ““ကွမ်းလုံရက်-၄၀””တိုက်ပွဲဇာတ်လမ်း တွင် ဗကပများ ၀တ်ဆင်ထားသော ယူနီဖောင်း သည် ထို ၁၉၇၁ ခုနှစ်က အိမ်နီးချင်းနိုင်ငံကြီး၏ တပ်မတော် ယူနီဖောင်းနှင့် ၉၀ ရာခိုင်နှုန်း တူညီ နေသည်ကို သတိပြုမိကြပါလိမ့်မည်။ သဘော ပေါက်ကြပါ။ တပ်မတော်သည် ခေတ်အဆက်ဆက် တွင်ရှိသည့် လက်နက်ဖြင့် ဗကပ/တရုတ်ဖြူ/ မူဂျာ ဟစ်/မျက်နှာဖြူ အကြံပေးများ ပါဝင်သော ကရင် လက်နက်ကိုင်အဖွဲ့များကို အနိုင်တိုက်ခဲ့ကြပါသည်။

သို့သော် ထိုအချိန်က ပြည်သူသည်တပ်မတော် အပေါ် အထူးသဖြင့် စစ်တိုက်နေရသည့် စစ်သား များအပေါ် ယနေ့ပစ်္စုပ်္ပန်ကာလထက်ပို၍ မုဒိတာ ပွားခဲ့ကြပါသည်။ ယနေ့ဒီမိုကရေစီခေတ်တွင်မူ တပ်မတော်သားများကို အာဏာရူးများ၊ မုဒိမ်း ကောင်များ၊ ဘတ်ဂျက်အိတ်ထဲထည့်သူများအဖြစ် အစဉ်စွပ်စွဲပြောဆိုနေခဲ့ကြပါသည်။
ပြည်သူများ၏ စွပ်စွဲချက်များသည် မှန်သည်များ လည်းရှိပါသည်။ သို့သော် လုံးဝဥဿုံမှန်ကန်မနေပါ။

ပြည်သူများက မေတ်္တာခေါင်းပါးလာသောအခါ ဘာမျှမဆိုင်သောရှေ့တန်းတိုက်ခိုက်ရေးတပ်များ၏ စိတ်ဓာတ်ကို ထိခိုက်လာစေပါသည်။ စာရေးသူတို့ အရာရှိငယ်ဘ၀က ““ငါတို့အပင်ပန်းခံ၊ အသေခံ ကာကွယ်စောင့်ရှောက်မှ မြို့ပေါ်က လူထုဘေးရန် ကင်းမယ်””ဟူသော ခံယူချက်လုံးဝရှိခဲ့ပါသည်။ ယခုမူ ငါတို့စွန့်လွှတ်စွန့်စား အသေခံတိုက်လည်း ပြည်သူက အသိအမှတ်ပြုတာမှ မဟုတ်ဘဲဟု မြင်လာလျှင် မကောင်းပါ။

အိမ်မှ သားသမီးကို အချိန်ပြည့်အပြစ်တင်နေ ပြီးမှ ၀မ်းနည်းစိတ်ဓာတ်ကျလာသော ကလေးကို စာမေးပွဲဖြေခိုင်းပြီး စာမေးပွဲမှာဂုဏ်ထူးမပါရကောင်း လားဟု ထပ်ဆင့်အပြစ်တင်သော မိဘကဲ့သို့ ပြည်သူ ကဖြစ်လာလျှင် မသင့်ပါ။ ယခုအခါ အချို့ဂျာနယ် များက ကွမ်းလုံတိုက်ပွဲကဲ့သို့သော တိုက်ပွဲကိုပင် ရက် ၄၀ နှင့်ပြီးပြတ်အောင် တိုက်ခဲ့ပြီး ယခုလောက်ကိုင် နယ်မြေတိုက်ပွဲမှာ ရက် ၄၀ မကတော့ဟု ဝေဖန် ရေးသားနေကြပြန်ပါသည်။ ဝေဖန်ရေးက လွယ်ပါ သည်။ မျှတသော ဝေဖန်မှုဖြစ်ဖို့တော့လိုအပ်ပါသည်။ မိမိဝေဖန်ပြောဆိုမည့် အကြောင်းအရာကိုလည်း အခြေခံမျှလောက်တော့ သိရှိရန် လိုအပ်ပါသည်။

ကွယ်လွန်သွားပြီဖြစ်သော စင်ကာပူဝန်ကြီးချုပ် လီကွမ်ယူသည် ၁၉၉၁ ခုနှစ်က ရုရှားနိုင်ငံတွင် ကွန် မြူနစ်ဝါဒကျဆုံးပြီး ရုရှားနိုင်ငံပြိုကွဲစဉ်က ““ဤမျှ ပညာရေးစနစ်ကောင်းမွန်ပြီး ထူးချွန်အားကစား သမားများ
ပေါ်ထွက်ရာ နိုင်ငံသည် ပြိုလဲမှုကြာရှည် မည်မဟုတ်ပါ။ မကြာမီအချိန်အတောအတွင်းမှာပင် ကမ်္ဘာ့အင်အားကြီးအဆင့်ဝင်နိုင်ငံတစ်ခုအဖြစ်သို့ ပြန် လည်ရောက်ရှိလာလိမ့်မည်””ဟု နိမိတ်ဖတ်ခဲ့
ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစနစ်နှင့် အားကစား အဆင့်ကို ကမ်္ဘာ့အဆင့်မဟုတ်ဘဲ အာရှအဆင့်ဖြင့် ပင် ပြန်လည်သုံးသပ်ရပါမည်။

စာရေးသူဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် အမျိုး သမီးဦးရေ ၅၁ ရာခိုင်နှုန်း အမျိုးသားဦးရေ ၄၉ ရာခိုင်နှုန်းရှိပါသည်။ အားကစားအဆင့်ဖြင့်ကြည့် လျှင် ဘောလုံး၌ အမျိုးသမီးအသင်းက အောင်မြင်မှု ရာခိုင်နှုန်းတွင် အမျိုးသားအသင်းထက် သာလွန်နေ ပါသည်။ တက်္ကသိုလ်ဝင်တန်းဂုဏ်ထူးအရေအတွက် တွင်လည်း ကျောင်း
သူက ကျောင်းသားဦးရေထက် များပါသည်။ ကာတွန်းမီဒီယာများတွင်လည်း ဇနီးက ခင်ပွန်းကို နိုင်နေ
သည်များသာ ရေးဆွဲကြပါသည်။ မိဘ မေတ်္တာဖော်ကျူးရာတွင်လည်း မိခင်မေတ်္တာကို သာ ရှေ့တန်းတင်ထားပြီး ဖခင်၏ ကဏ္ဍကို မှေးမှိန် ထားပါသည်။ ယောက်ျားလေးများသည် သနပ်ခါး လိမ်း၍ နားပန်းပန်ကာ
လက်ကြောမတင်းဘဲ သက် သာမှုဘက် လိုက်ရန် စိတ်ဓာတ်သာရှိသူများ ယခင် ကထက်များလာပါသည်။
မေမေ့သား ပူတူတူလေး များဖြစ်လာပါသည်။ ဒါမှ ယောက်ျား အဖေ့သားများ လျော့နည်း၍ လာပါသည်။ ဦးမန်ကံညွန့်၏ လွှတ် တော်တွင် တင်ပြသော အဆိုအတွက် ယောက်ျား လေးအများစုမှာ ဤအတိုင်းရှိ
နေကြပါသည်။ ကာတွန်းနှင့်ရုပ်ရှင် မီဒီယာများဇောင်းပေးမှုတွင် သတိ ရှိသင့်ကြပါပြီ။


မည်သို့ပင်ဆိုစေကာမူ လောက်ကိုင်နယ်မြေ တွင် ဖုန်ကြားရှင်ထ၍ ဆူပူလိုက်သဖြင့် မြန်မာ ပြည်သူလူထုအတွက် သတိဝင်ရန် အကြောင်း အချက်များစွာ ရရှိလိုက်ပါသည်။ စာရေးသူသည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်းက Hot News ဂျာနယ်တွင် ““စစ်အစိုးရ၊ စစ်တပ်နှင့် မြန်မာနိုင်ငံ”” ဆောင်းပါးအမှတ် (၁)နှင့် (၂)ကို ရေးသားခဲ့ဖူးပါ သည်။ တပ်မတော်မှ အရာရှိကြီး တော်တော်များ များ ဖတ်ရှုမိကြကြောင်း ပြန်လည်ကြားသိရပါသည်။ ထိုဆောင်း
ပါးနှစ်စောင်တွင် ရှေ့တန်းတွင် တိုက်ခိုက် နေရသည့် တပ်မတော်သားများ၏ ဘ၀ကို စာနာ နားလည်ပေးပါရန် ပြည်သူပြည်သားများကို ပန် ကြား ရေးသားခဲ့ဖူးပါသည်။ ယခုလက်ရှိဆောင်း
ပါး ဖြင့်လည်း ပြည်သူပြည်သားများကို ဒုတိယအကြိမ် ပန်ကြားလိုက်ပါသည်။

ပြည်သူပြည်သားများသည်လည်း ဒီမိုကရေစီ ကာလ လေးနှစ်ကျော်ကို ဖြတ်သန်းခဲ့ပြီးကြပြီ ဖြစ် သဖြင့် မျက်စိပွင့်နားပွင့် အတော်ပင်ရှိနေကြပါပြီ။ ယခုလက်ရှိ ဆောင်းပါးသည် ပြည်သူပြည်သားများ ၏ တပ်မတော်အပေါ် အမြင်ကို ပိုမိုနားလည်မှု ကျယ်ပြန့်လာစေလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါ သည်။

ပစ်တိုင်းထောင်






၂၀၇၀ တွင် အစ္စလာမ် ဘာသာဝင် လူဦးရေက ခရစ်ယာန်ကို ကျော်တက်သွားဖွယ်ရှိ

$
0
0

နယူးယောက်၊ ဧပြီ ၂၉

ကမ္ဘာပေါ်တွင် လက်ရှိ ဘာသာတရားများအနက် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်က အများဆုံးဖြစ်ကာ ၂၀၇၀ ခုနှစ်တွင် အစ္စလာမ် ဘာသာဝင်ဦးရေက ခရစ်ယာန်ကို ကျော်တက်သွားဖွယ် ရှိနေကြောင်း Pew သုတေသန အင်စတီကျုက ပြုလုပ်သည့် စစ်တမ်းတစ်ခုကို ကိုးကားလျက် VOA သတင်းက ဖော်ပြထားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော်က အစ္စလာမ်ဘာသာသည် ကမ္ဘာ့သာသနာများတွင် အသစ်ဆုံး ဖြစ်ခဲ့သော်လည်း ယခုရာစုတွင် သက်ဝင်သူ အများဆုံး ဘာသာတရားဖြစ်ရန် အလားအလာများ ရှိသည်။မွတ်ဆလင် အိမ်ထောင်စုများ၏ ကလေးမွေးနှုန်းနှင့် ဘာသာတရားကို လူငယ်များ ကြည်ညိုလာမှုတို့ကြောင့် ယင်းသို့ နောက်လိုက်နောက်ပါ များလာခြင်း ဖြစ်ဖွယ်ရှိသည်ဟု Pew Research ဌာနမှ လူဦးရေ၊ ယဉ်ကျေးမှုနှင့် နေထိုင်ရှင်သန်ရာတို့ကို အထူးပြုလေ့လာသူများက ကြိုတင်ဟောကိန်းထုတ်ကြသည်။
ကမ္ဘာလုံးဆိုင်ရာ ကလေးမွေးဖွားနှုန်းက အမျိုးသမီးတစ်ဦးလျှင် ၂ ဒသမ ၁ ဦးနှုန်းအထိ ကျဆင်းနေချိန်တွင် မွတ်ဆလင် အမျိုးသမီးများကိုသာ ကွက်ပြီးတိုင်းတာပါက အနည်းဆုံးတစ်ဦးလျှင် ကလေးသုံးဦး မွေး
ဖွားကြသည်ကို တွေ့ရသည်။

ထို့ပြင် မွတ်ဆလင် လူဦးရေ၏ သုံးပုံတစ်ပုံမှာ အသက် ၁၅ နှစ်အောက်များ ဖြစ်ကြသဖြင့် အလားအလာကောင်းများ ရှိသည်ဟု သုတေသနကို ဦးဆောင်ပြုလုပ်ခဲ့သည့် ပညာရှင် ကွန်ရတ်ဟက်ကက်က ဆိုသည်။မွတ်ဆလင် နိုင်ငံပေါင်းများစွာ ရှိသော အာဖရိကတိုက်၏ လူဦးရေသည်လည်း ၂၀၅၀ တွင် နှစ်ဆနီးပါးတက်မည်ဟု ခန့်မှန်းထားကာ အာဖရိက၏ လူဦးရေ တိုးတက်မှုနူန်းကလည်း အစ္စလာမ်ဘာသာဝင် များလာမှုကို အကျိုးပြုသည်။

အမေရိကန်ပြည်ထောင်စုတွင် မွတ်ဆလင်လူဦးရေသည် လက်ရှိ အနေအထားထက် ၁ ရာခိုင်နှုန်း ပိုမိုတိုးလာဖွယ်ရှိကာ ဥရောပတွင်လည်း ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တက်လာမည်ဖြစ်သည်။
ဟိန္ဒူနှင့် ဂျူးဝါဒ၊ ဒေသခံ နတ်ကိုးကွယ်သူများလည်း လူဦးရေများသည်နှင့်နည်းတူ များလာဦးမည် ဖြစ်ပေသည်။
ဗုဒ္ဓဘာသာ တစ်ခုတည်းသာ အရေအတွက် အလွန်များလာခြင်း၊ နည်းသွားခြင်းမရှိဘဲ ကိန်းသေသဘော ဆက်လက်ရှေ့ဆက်နေမည်ဟု အဆိုပါ သုတေသနက ခန့်မှန်းပေးထားသည်။

ဘာသာတရား ချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်နေမည် ဖြစ်သောကြောင့် မတူသည့် ဘာသာတရားများကြားတွင် ရင်းနှီးကူးလူး ဆက်ဆံညှိနှိုင်းမှုများ လိုအပ်ကြောင်း ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာဘိုင်ဒေးဗစ်စပါစတိန်းက မှတ်ချက်ပြုထားသည်။

‪#‎TheVoiceWeekly‬






ဒေါ်စု ကျရှုံးခဲ့တယ်ဆိုရင် ၃ နှစ်လုံး ထောက်ခံခဲ့သူတွေနဲ့ မျှော်လင့်ချက်ထားခဲ့သူတွေ အတွက် ဘယ်လိုပြန်ပေးဆပ်မလဲ (နိဂုံး)

$
0
0


၃ နှစ်ကျော်အတွင်း NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးဆန္ဒပြမှုများ ဒေသအလိုက်ပြုလုပ်ခဲ့ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တောင်သူလယ်
သမားတို့၏ ပြဿနာများ၊ အလုပ်သမားတို့၏ ပြဿနာများထက် (၄၃၆) ပြင်ဆင်ရေးကို ဦးစားပေးခဲ့ခြင်းကြောင့်
တောင်သူလည်သမားများနဲ့ အလုပ်သမားတို့ကလည်း ၎င်းတို့ ပြဿနာတွေ နောက်ထားပြီး ဒေါ်စုဆန္ဒကို ဦးစားပေးကာ ၄၃၆ ကို ဦးစားပေးခဲ့ကြရပါတယ်။

၃ နှစ်အတွင်း ပြည်ပနိုင်ငံအများအပြားသို့ ဒေါ်အောင်ဆန်းစုကြည် ကြိမ်ဖန်များစွာ သွားရောက်ခဲ့ခြင်း၊
ပြည်ပမှ ခေါင်းဆောင်အများအပြားမှလည်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာရောက်တွေ့ဆုံခြင်း များရှိခဲ့ပေမယ့် ပြည်ပရောက် မြန်မာအလုပ်သမားများ ဖိနှိပ်ခံရမှုအတွက် တောင်းဆိုပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ပြည်ပရောက် မြန်မာတို့ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်ထောက်ခံနေကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်မပါဝင်ခြင်း၊ ကျောင်းသားအရေး၊ မီဒီယာအရေး
တို့တွင် လစ်လျှူရှုခြင်းများ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ တခြားနိုင်ငံရေးဗျူဟာ တစ်ခုရှိလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ထောက်ခံခဲ့ကြပါတယ်။

အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုဆုံးဖြတ်ချက်များက တဖက်သက် ဘက်လိုက်တယ်ဆိုတာ သိကြပေမယ့် နားလည်သည်းခံကာ ဝန်းရံမပျက်ခဲ့ကြပါဘူး။

ယခု ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုရောက်ချိန်မှ ရွေးကောက်ပွဲကို သပိတ်မှောက်ချင်မှောက်မယ်
လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ၃ နှစ်အတွင်း မအောင်မြင်ခဲ့ခြင်းအားလုံးက အသုံးချခံရတာကြောင့်လို့ ပြည်ပနိုင်ငံရေးပညာရှင်တို့က သုံးသပ်တာ ခံလာရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ ခိုင်မှာတဲ့ မဟာဗျူဟာတစ်ခုလုံးဝမရှိတာကို နိုင်ငံရေး
ပညာရှင်တို့ တွေ့မြင်လာကြပါတယ်။ နိုင်ငံရေးလောကတွင် အသုံးချခံရသော နိုင်ငံရေးသမားမှာ အရည်အချင်းမရှိသော နိုင်ငံရေးသမားသာ ဖြစ်ပြီး အသုံးချခံရလို့ မအောင်မြင်သည်ဖြစ်စေ၊ အရည်အချင်းမရှိလို့ မအောင်မြင်သည်ဖြစ်စေ မအောင်မြင်ခြင်းက ရလဒ်သာဖြစ်ပါတယ်။ ၃ နှစ်အတွင်း မအောင်မြင်မှုများ
အတွက် ဒေါ်အောင်ဆန်းစုကြည်လုပ်ခဲ့သမျှ ထောက်ခံခဲ့သူတွေနဲ့ မျှော်လင့်ခဲ့သူတွေကို ဘယ်လို ပြန်လျှော်ပေးမလဲ၊ ဘယ်လိုပြန်ပေးဆပ်မလဲ ဆိုတာ မေးခွန်းထုတ်ဖို့လိုလာပါတယ်။ တစ်စုံတစ်ရာ
ပြန်လျှော်မပေးဘူးဆိုရင်တော့ ၃ နှစ်လုံး အချည်းအနှီးဖြစ်ခဲ့မှုကို သံဝေဂယူပြီး ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်ကြိမ် ထောက်ခံအုံးမလားဆိုတာ ပြည်သူတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

(ဒေါက်တာမျိုးချစ်)




ဘင်္ဂလီကို မြန်မာဌာနေလို့ပြောတဲ့ မီဒီယာတွေကို ရှုတ်ချကန့်ကွက်ကြဖို့လို

$
0
0


မေလ၃ ရက်၊ ၂၀၁၅

သောကြာနေ့က မလေးရှားနယ်စပ်အနီး ထိုင်နိုင်ငံပိုင် ဆုန်ခလာခရိုင် ဆခါအိုဒေသမှာ ရွှေ့ပြောင်းလုပ်သား အဖြစ် ခိုးဝင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိရတယ် ဆိုတဲ့ သတင်းထွက်ရှိလာပါတယ် ။


အဲဒီသတင်းကို VOA သတင်းမီဒီယာကနေ မြန်မာပြည်က ထောင်ချီတဲ့ရိုဟင်ဂျာလို့ သုံးနှုန်း ဖော်ပြခဲ့ပါတယ်။
မြန်မာအစိုးရရော မြန်မာနိုင်ငံသားတွေကပါ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး ။ ခိုးဝင်ဘင်္ဂလီတွေ သာရှိတယ်လို့ သတ်မှတ်ထားခဲ့ပေမယ့် ပြည်ပအခြေစိုက် VOA မီဒီယာကတော့ ယခုထက်ထိတိုင် ဘင်္ဂလီများ နဲ့ပတ်သက်လာလျှင် မြန်မာပြည်ကရိုဟင်ဂျာတွေလို့ပဲ အစဉ်တစိုက်သုံးစွဲဖော်ညွှန်းနေတာ ကြာခဲ့ပါပြီ။
တကယ် တော့ BBC မှမြန်မာပြည်က လှေစီးရိုဟင်ဂျာတွေလို့ စတင်သုံးစွဲခဲ့ပြီး BBC နဲ့VOA တို့က ယနေ့အထိ မြန်မာလိုရော အင်္ဂလိပ်လိုပါ ထုတ်လွှင့်တဲ့သတင်းတွေမှာ သုံးစွဲနေကြတာဖြစ်ပါတယ်။BBC နဲ့ VOA တို့ဟာ ဆိုရင် ရခိုင်ပြည်နယ်တွင်းမှာ ဘင်္ဂလီတွေရဲ့ မီးရှို့သတ်ဖြတ်တာ တွေကြောင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရိုဟင်ဂျာတွေဆိုတဲ့ အသုံးအနှုန်းနဲ့ ဖြစ်စဉ်ကို ပြောင်းပြန်လုပ်တဲ့ အရေးအသားတွေနဲ့ လုပ်ဆောင်ခဲ့တာ
မြန်မာနိုင်ငံသားများ အသိဖြစ်ပါတယ် ။

ဘယ်တုန်းကမှ မရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ လူတစ်မျိုးကို မြန်မာတွေ ပါးစပ်ထဲစွဲနေ အောင်လို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမျိုးကို မကြာခဏ သတင်းတွေမှာ သုံးစွဲပေးခဲ့တာဟာလည်း စိန်အဆိပ်ကို တစ်နေ့နည်းနည်း ကျွေးပြီး ကာလကြာရှည်အစီအစဉ်ဆွဲထားတဲ့ လုပ်ကြံမှုကြီးပါပဲ။ ဘင်္ဂလီတွေဟာ မီဒီယာကို အပိုင်ပေါင်းထား နိုင်ခဲ့ပြီးတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ ပြည်ပကလာတဲ့ ပရဟိတအဖွဲ့တွေဟာ ဌာနေရခိုင် တိုင်းရင်းသားတွေကို အမြင်စောင်းနေပြီး ရခိုင်ပြည်နယ်ဟာ ဘင်္ဂလီတွေရဲ့ ဌာနေဖြစ်တယ်လို့ စိတ်ဆွဲကုန်ကြ လို့ နိုင်ငံတကာအကူအညီပေးရေးတွေဆီကနေ ဘင်္ဂလီတွေဟာ အကျိုးအမြတ်များစွာ ရှရှိခဲ့နေတာပါ။

ဒါကြောင့် ရိုဟင်ဂျာဆိုတာကို မြန်မာသမ္မတကိုယ်တိုင် ဘယ်တုန်းကမှ မရှိတဲ့လူမျိုးလို့ အကြိမ်ကြိမ်ပြောဆိုနေခဲ့ တာတောင် ၊ ခိုးဝင်လူမျိုးစုက ဌာနတိုင်းရင်းသားညီအကိုတွေနေရာကို ကုလားအုတ်တဲထဲဝင်တဲ့ပုံပြင်လို့ ကျင့်ကြံလာနေတာကို မြန်မာတိုင်းရင်းသားများအားလုံးက လက်မခံတာတောင် အခု VOA လို မီဒီယာတွေက ဘာကြောင့် မကြာခဏသုံးစွဲနေရတာပါလဲ ဆိုတာ စဉ်းစားဖို့ကောင်းနေပါပြီ။ ဒီလိုဆင်ကြံကြံနေတဲ့ VOA လို အမျိုးဖျက်မယ့် မီဒီယာတွေလို ဆူးကို အနာ မရင်းခင်၊ ပြည်မတည်ခင်မှာ နှုတ်ဖို့လုပ်ပါတယ် ၊ ကန့်ကွက်ကြရ မယ်၊ ပြင်းထန်စွာ ရှုတ်ချကြဖို့လိုပါပြီ ။

Kyaw Yarzar






ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

$
0
0


မေလ၃ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦး သည် ဧပြီလ ၃၀ ရက်နေ့၌ တောင်ယာ လုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေ လည်း စိတ်ပူနေကြတာပေါ့၊ တိုက်ပွဲတွေပြန်ဖြစ်လာလို့ စီးပွားရေးက အဆင်မပြေတဲ့ကြားထဲ သူတို့က လူဖမ်းပြီး ငွေနဲ့လာရွေး ခိုင်းတော့ အကုန်လုံးဒုက္ခရောက်ကုန်တာပေါ့ ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာတော့ ကျွန်တော်တို့မှာ တော်တော်လေး ဒုက္ခရောက်ကြပါတယ်၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံ ၃ ဦး မှာ မောင်ဖောင်ယော၊ မောင်ဆွမ်ခေါ၊ မမဒိန် တို့ဖြစ်ပြီး မေလ ၁ ရက်နေ့တွင် ရပ်ကွက်(၁)နေ ရပ်မိရပ်ဖများဖြစ်ကြသော ဦးဒါရှီကူးနှင့် ဦးဂွမ်ယော်တို့မှ ငွေကျပ် ၁၅ သိန်းဖြင့် သွားရောက် ခေါ်ဆောင် ခဲ့ကြောင်းသိရသည်။

“ဗဟိုဌာနချုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြောပြီး ပြန်မလွှတ်ပေးဘူး၊ ကလေးတွေကို ချုပ်နှောင် ထားတာကို မြင်ခဲ့ရတာ တကယ်စိတ်မကောင်းဘူး၊ မရှိဆင်းရဲသားဒေသခံပြည်သူတွေကို ဖိနှိပ်နေတဲ့ KIA အဖွဲ့ ရဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် အဖွဲ့အစည်းမရှိတော့ဘူးလား မသိပါဘူး၊ တကယ်ဆိုရင် ဒီဒေသမှာ အဲဒီ KIA အဖွဲ့ ရှိကိုမရှိသင့်တာပါ ” ဟု သွားရောက်ခေါ်ယူခဲ့သူ တစ်ဦးမှလည်း ပြောကြားသွားပါသည်။

ဇော်မိုင်









အမေရိကန်တွင် အစ္စလာမ်မစ် ဆန့်ကျင်ရေး ကာတွန်းပြပွဲတစ်ခု အပြင်ဘက်၌ ပစ်ခတ်မှုဖြစ်ပွား

$
0
0



တိုက်ခိုက်သူများ၏ မော်တော်ကားအနီး တွေ့ရှိရသည့် ရဲအရာရှိတစ်ဦး/Dailymail


အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် ပြုလုပ်နေသည့် အစ္စလာမ်မစ် ဆန့်ကျင်ရေး ကာတွန်းပြပွဲ တစ်ခု၏ အပြင်ဘက်၌ သေနတ်ဖြင့် ရမ်းကားပစ်ခတ်နေသူ နှစ်ဦးကို ရဲများက အသေပစ်ခတ် နှိမ်နင်းခဲ့ရကြောင်း သိရှိရသည်။

အစ္စလာမ်မစ် ဘာသာရေး၏ တမန်တော် မိုဟာမက်ကို ရည်ရွယ်ရေးဆွဲသည့် ကာတွန်းပြပွဲ တစ်ခု၏ အပြင်ဘက်တွင် မေ ၃ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒဲလက်စ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် သေနတ်သမား နှစ်ဦး၏ ကိုးကွယ်ယုံကြည်မှုနှင့် ၎င်းတို့ကို ပစ်မှု ကျူးလွန်စေသည့် အကြောင်းရင်းတို့ကို တိတိကျကျ မသိသေးဟု ရဲများက ဆိုသည်။


ဇန်နဝါရီလက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ Charlie Hebdo မဂ္ဂဇင်းတိုက်ကို အစ္စလာမ်မစ် အစွန်းရောက်ဝါဒီများက ဝင်ရောက်စီးနင်း ပစ်ခတ်ပြီး လူ(၁၂)ဦး သေဆုံးသည့် ဖြစ်ရပ်နှင့် အလားသဏ္ဍန်တူစွာ ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Charlie Hebdoသည် သရော်စာ မဂ္ဂဇင်း တစ်ခုဖြစ်ပြီး တမန်တော် မိုဟာမက်နှင့် ပတ်သက်၍ ကာတွန်းရေးဆွဲ လှောင်ပြောင်မှုများ ပြုလုပ်လေ့ ရှိခဲ့သည်။

အမေရိကန်တွင် နောက်ထပ် အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်လာသည့်နောက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် တစ်ပါးသူ၏ ကိုးကွယ်ယုံကြည်မှုအပေါ် ရန်စလှုံ့ဆော်မှုတို့အပေါ် သဘောထားရေးရာ ကွဲလွဲမှုများ တစ်ကျော့ပြန် အရှိန်ကောင်းလာသည်။

အမေရိကန် လွတ်လပ်ခွင့် ကာကွယ်မှု ပမာဏ ခြေလှမ်း အဖွဲ့အစည်းမှ ဥက္ကဋ္ဌ ပမ်ဂယ်လာက “အစ္စလာမ်မစ် ဂျီဟတ်ဝါဒီတွေဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖို့ ကြိုးစားနေတာပါ။ သူတို့ဟာ ပဲရစ်နဲ့ ကိုပင်ဟေဂင်တို့မှာ အဲဒီလို လုပ်ရပ်တွေ ကျူးလွန်ခဲ့ပြီးပြီ။ အခုတစ်ခါ တက္ကဆက် ပြည်နယ်ကို ရောက်လာပြန်ပြီ”ဟု ရှုတ်ချ ပြောကြားခဲ့သည်။

ကာတွန်းပြပွဲကို ဦးတည် တိုက်ခိုက်သူ နှစ်ဦးသည် မြောက်ပိုင်းဂါလန်ရှိ ပြပွဲကျင်းပနေရာ ကားတစ်ကူလ်ဝဲလ် စင်တာသို့ ကားတစ်စီးဖြင့် ရောက်လာခဲ့သည်။ ၎င်းတို့၏ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ လုံခြုံရေးဝန်ထမ်း ဘရုစ်ဂျွိုင်နာသည် ခြေကျင်းဝတ်တွင် ဒဏ်ရာရခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူခဲ့ရသည်။ ဂါလန်ရဲတပ်ဖွဲ့သည် ဒဏ်ရာရခဲ့သည့် လုံခြုံရေး ဝန်ထမ်းကို အကူအညီ ပေးခဲ့ပြီး သေနတ်သမား နှစ်ဦးကို တုံ့ပြန်ပစ်ခတ် သုတ်သင်နိုင်ခဲ့သည်။

“သံသယတရားခံ ပထမတစ်ယောက်က ပွဲချင်းပြီး သေပါတယ်။ နောက်တစ်ယောက်က ဒဏ်ရာရသွားပြီး သူ့ကျောပိုးအိတ်ကို လက်လှမ်းဖို့ ကြိုးစားနေသေးတဲ့အတွက် ထပ်အပစ်ခံရတာပါ”ဟု ဂါလန်မြို့တော်ဝန် ဒေါက်ဂလက်စ် အက်သက်စ်က CNNသို့ ပြောကြားခဲ့သည်။ အပြန်အလှန် ပစ်ခတ်မှုသည် (၁၅)စက္ကန့်မျှ ကြာမြင့်ခဲ့ပြီး မြန်မြန်ဆန်ဆန် ပြီးဆုံးသွားကြောင်း သိရသည်။ တိုက်ခိုက်မှု ကျူးလွန်သူ နှစ်ဦးကို မည်သူမည်ဝါ ဖော်ထုတ် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဟုလည်း ဆိုသည်။

မေ ၄ ရက်၊ နံနက်ပိုင်းတွင် FBI ထောက်လှမ်းရေး ဌာနမှ တာဝန်ရှိသူများသည် တိုက်ခိုက်သူနှစ်ဦး မောင်းယူလာသည့် မော်တော်ကားတွင် ဖောက်ခွဲရေး ပစ္စည်းများ ရှိမရှိ စစ်ဆေးနေပြီး ပတ်ဝန်းကျင် ဧရိယာကို ပိတ်ဆို့ထားသည်။ သို့သော်လည်း ယင်းနေရာ တစ်ဝိုက်တွင် နောက်ထပ် တိုက်ခိုက်မှု ဖြစ်လာနိုင်သည့် အခြေအနေ မရှိဟုလည်း စုံထောက်တစ်ဦးက ပြောကြားသွားသည်။

_Ref: CNN



၂၀၁၅ မှာ အမျိုးသားပါတီ အောင်နိုင် မလား?

$
0
0




လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားရေးပါတီ (National Party) အမည်ဖြင့် ပါတီအသစ်တစ်ခု ၀င်ပြိုင်မည့် သတင်းသည် ပြည်သူလူထုအကြား စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။ အမည်များစွာဖြင့် ပါတီများစွာ ရှိသည့် မြန်မာနိုင်ငံတွင် ပါတီသစ်တစ်ခုထပ်ပေါ်လာခြင်းသည် ထူးထွေဆန်းပြားသည့် သတင်းမဟုတ်
သော်လည်း ပါတီ၏ အမည်၊ ဦးဆောင်သူနှင့် ပါတီဝင်များအတွက် ကန့်သတ်ချက်က အမျိုးသားရေးပါတီအပေါ် စိတ်ဝင်စားစေသည့် အကြောင်းများ ဖြစ်ခဲ့သည်။ အမျိုးသားရေးပါတီအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ
တွင် အောင်နိုင်မှုရရှိနိုင်မလား၊ လူထုအားပေးထောက်ခံမှု မည်မျှ ရရှိနိုင်မည်နည်း စသည်တို့ကို ဆွေးနွေး တင်ပြသွားပါမည်။

ဆောင်းပါးရှင်သည် မည်သည့်ပါတီဝင်မျှ မဟုတ်သလို ယခုရေးမည့်အကြောင်းအရာများသည် လည်း အမျိုးသားရေးပါတီအတွက် မဲဆွယ်ပေးခြင်း မဟုတ်ကြောင်း ရှေးဦးစွာ ပြောလိုပါသည်။ လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားရေးနှင့် ပတ်သက်သည့် ပါတီသစ်တစ်ခု ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသော သတင်းသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီနာယက အဖြစ် အစိုးရနှင့် ပတ်သက်သည့် ထင်ရှားသူတစ်ဦးက ဦးဆောင်မည်ဖြစ်ပြီး အမျိုးသားရေးတက်ကြွသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။ မကြာသေးမီက သမ္မတပြော ခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်၏

‘‘ဒေါက်တာ နေဇင်လတ် ပါတီ ထောင်လိုက်ပြီဖြစ်တဲ့ အတွက် သမ္မတအကြံပေးအဖြစ် ကနေ အနားယူခွင့်ပြုလိုက်ပါပြီ။ ဒီနေ့ ဧပြီ ၃၀ ရက်မှာပဲ အနားယူ ခွင့်ပြုလိုက်တာပါ။ အကျိုးစီးပွား ချင်း ငြိနိုင်လို့ အနားယူဖို့ပြော လိုက်တာပါ’’
ဆိုသော ပြောဆိုချက်က ထိုသတင်းများကို အတည်ပြုပေးခဲ့သည်။
အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည် ပါတီအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမျိုးသား အကျိုးစီးပွားအတွက်...အမျိုးသားရေးပါတီ

ပါတီအမည်....အမျိုးသားရေးပါတီ
ပါတီအမှတ်တံဆိပ်....ရွှေရောင်ကဒေါင်း
ပါတီကန့်သတ်......ကုလားပါဝင်ခြင်းမရှိ
ပါတီ နာယက.....သမ္မတကြီး၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်
ပါတီဖွဲ့စည်းမှု. ...လူမှုစီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းမှ ထူးချွန်ထက်မြက်သည့် နိုင်ငံရေး မဟာသိပ္ပံကျောင်းသားများနှင့် နာမည်ပျက်မရှိသည့် စစ်မှုထမ်းဟောင်းအချို့
ပါတီရည်မှန်းချက်.... အမျိုးသားအကျိုးစီးပွားနှင့် လူသားအရင်းအမြစ်များတိုးတက်ပြီး ခေတ်မီတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရန်......
အမျိုးသားအကျိုးစီးပွားအတွက် ရွှေရောင်ကဒေါင်း တို့ လာပြီလေ........

အမျိုးသားရေးပါတီကို ဒေါက်တာ နေဇင်လတ် က ဦးဆောင်ပြီး ပါတီဖွဲ့စည်းမှုတွင် ယခင် န၀တလက်ထက်မှ စစ်ဗိုလ်ချုပ် ကြီးနှင့် ၎င်း၏အဆက်အနွယ်များ ပါဝင်ကြောင်း သတင်းများအပေါ် ပါတီတည်ထောင် သူများအနက် တစ်ဦးဖြစ်သည့် ဦးပိုက်တင်က ငြင်းဆိုလိုက်ပြီး သာမန် တပ်မတော်သားတစ်ဦး နှစ်ဦးခန့်သာ ပါဝင်ခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ပါတီတွင် မည်သူတွေ ပါဝင်သည် ဖြစ်စေ မပါဝင်သည် ဖြစ်စေ အဓိကမဟုတ်ပါ။

အမျိုးသားရေးပါတီထွက်ပေါ်လာခြင်းသည် အများပြောဆိုနေသကဲ့သို့ NLD ကို ယှဉ်ပြိုင်ရန် ထွက်ပေါ်လာခြင်း ဖြစ်သည် ဆိုသည့်ဝေဖန်ပြောဆိုနေမှုများအပေါ်တွင်လည်း မည်သည့်မှတ်ချက်မျှ မပေးလိုပါ။ သို့သော် အမျိုးသားရေးပါတီ ထွက်ပေါ်လာဖို့ အကြောင်းတရားများသည် မြန်မာနိုင်ငံတွင်
ဖြစ်ပေါ်ခဲ့သည်။ အမျိုးသားရေးအင်အားစုများ ကြီးထွားလာပြီး အမျိုးသားရေးစိတ်ဓာတ်ထွန်းကားလာမှုက အမျိုးသားရေး ပါတီ ဖြစ်ပေါ်လာဖို့ အကြောင်းတရား တစ်ခုဖြစ်နိုင်သည်။


အမျိုးသားရေးပါတီသည် ပါတီဝင်အင်အားများပြားသလို တစ်နိုင်ငံလုံးနီးပါးကို ကွန်ရက်ဖြန့်ကျက်ထားနိုင်သည့် လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုး၊ နာမည်ကြီး အတိုက်အခံပါတီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ တို့ကို ၂၀၁၅ တွင် မည်ကဲ့သို့ ယှဉ်ပြိုင်မည်နည်း ဆိုသည့် မေးခွန်းသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ အမျိုးသားရေးပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၂၅၀ မှ ၄၀၀ ကြား ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြိုးစားနေကြောင်း သိရှိရသည်။ ထိုအင်အားသည် မနည်းလှဟု ဆိုရပေမည်။ သို့သော် လူဘယ်လောက်များများ ၀င်ရောက်ယှဉ်ပြိုင်ပါစေ ပြည်သူလူထောက်ခံမှုမရလျှင် တစ်ယောက်မျှ အရွေးမခံရခြင်းလည်း ဖြစ်နိုင်သည်။ အမျိုးသားရေးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု ရရှိနိုင်သလား ဆိုသည်အပေါ် အချက်တစ်ချက်ချင်းစီဖြင့် ရှင်းပြသွားပါမည်။

အမျိုးသားရေးလား၊ အကျိုးစီးပွားရေးလား?

မြန်မာလူမျိုးများသည် သမိုင်းကြောင်းများအရ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူများဟု ဆိုရပေမည်။
လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေတွင် ယခင်ဒီမိုကရေစီ အုပ်စုများသာ ကြီးစိုးရာမှ အမျိုးသားရေးအုပ်စုများပါ ထွက်ပေါ်လာသည်။ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူများနှင့် ကြုံတွေ့လိုက်ရသော နာမည်ကြီးအတိုက်အခံပါတီသည်လည်း ယခင်က လူကြိုက်များလှသော်လည်းယနေ့အခြေအနေ
တွင် လူထုထောက်ခံမှု ကျဆင်းသည်အထိ ရင်ဆိုင်ခဲ့ရသည်။ ယင်းအခြေအနေများကို အခွင့်ကောင်းယူ၍ အမျိုးသားအကျိုးစီးပွားနှင့် လူသားအရင်းအမြစ်များတိုးတက်ပြီး ခေတ်မီတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသားရေး ဆိုသော အမည်ဖြင့် ပါတီထွက်ပေါ်လာသည်။ လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားရေးပါတီသည် လူထုထောက်ခံမှု အများဆုံး မဟုတ်တောင် အထိုက်အလျှောက်ရရှိမည်မှာ သေချာပေသည်။ ခြင်္သေ့မကြိုက်၊ ဒေါင်းမကြိုက် ကြားနေသူများနှင့် အမျိုးသားရေးစိတ်ဓာတ်ရှိသူများသည် တတိယပါတီတစ်ခုကို ရွေးချယ်ရန် ပြင်ဆင်နေချိန်တွင် ထိုပါတီက ၎င်းတို့အတွက် ထောက်ခံစရာ တတိယပါတီ တစ်ခု ဖြစ်လာနိုင်သည်။ သို့သော် အမျိုးသားရေး အမည်ခံပြီး အကျိုးစီးပွားရေးကို ဦးတည်လာပါက ထိုထောက်ခံမှုများက တစ်ရှိန်ထိုး ကျဆင်းသွားမည်သာ ဖြစ်သည်။

ပါတီကွန်ရက် ဖြန့်ကျက်နိုင်မှု

လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားရေးပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ၂၅၀ မှ ၄၀၀ ကြား
ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည် ဟုဆိုသည်။ ထိုအရေအတွက်အရ ပါတီ၏ ဓနအင်အား မသေးသလို နိုင်ငံအနှံ့တွင်လည်း ကွန်ရက်ဖြန့်ကျက်ထားနိုင်မှု ရှိကြောင်း ယူဆရသည်။ ထိုအခြေအနေများက အင်အားကြီးပါတီများအား ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည်။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးမှုကာလ၌ အမျိုးသားရေးပါတီအနေဖြင့် ပြည်သူလူထုအား ယုံကြည်မှုရှိလာအောင် မဲဆွယ်စည်းရုံးနိုင်ပါက
နေရာတော်တော်များများတွင် အောင်မြင်မှု ရရှိနိုင်သည်။

ဘယ်လောက်ထိ စည်းရုံးနိုင်မည်နည်း

ပြည်သူတို့သည် ရွေးကောက်ပွဲ မ၀င်ခင် ပါတီများ၏ ဘာလုပ်ပေးမည် ဘာဖြစ်စေရမည် ဆိုသည့် ကတိပေါင်းစုံ ပေးခဲ့ခြင်းကို ခံခဲ့ရပြီး ထိုကတိပေးသူ လွှတ်တော်တွင်းရောက်သွားသောအခါ ကတိပြောနှင့် အလုပ်သဘောမကိုက်ညီမှုများကို ကြုံခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂိုလ်ခင်၍ မဲပေးခြင်းမျိုး မဖြစ်ဘဲ တကယ်အလုပ်လုပ်မည့် သူကိုသာ မဲပေးမည် ဆိုသော အသိစိတ်သည် ပြည်သူများ၏ စိတ်တွင်
အထိုက်အလျောက် ရရှိခဲ့ပြီး ဖြစ်သည်။ ထိုအခြေအနေတွင် ပါတီ၏ မူဝါဒနှင့် အညီ တကယ်လက်တွေ့လုပ်ဆောင်နိုင်မည့် အရည်အချင်းရှိ ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍက မဲဆွယ်ရာတွင် အရေးပါလာသည်။ အမျိုးသားရေးပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ၂၅၀ မှ ၄၀၀ ကြား
ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည် ဟုဆိုသည်။ ထိုသို့ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်း
များသည် ပြည်သူအပေါ် ဆွဲဆောင်နိုင်မှု အရည်အချင်း၊ ပါတီ၏ မူဝါဒကို ပြည့်စုံအောင် အကောင်အထည်ဖော်နိုင်မည့် အရည်အချင်းများ ရှိဖို့လိုသည်။ထိုအချက်များနှင့် ပြည့်စုံ
သူဖြစ်ပါက တတိယပါတီအတွက် ထောက်ခံမှုက ရည်မှန်းထားသလောက် ရရှိသွားနိုင်သည်။

ခြင်္သေ့မကြိုက်၊ ခွပ်ဒါင်းမကြိုက်သူများ

လက်ရှိနိုင်ငံရေးအခြေအနေတွင် လူထုကို ကတိပေးသလောက် မလုပ်ပြနိုင်ခြင်း၊ အမျိုးသားရေးကို မျက်ကွယ်ပြုလွန်းခြင်း၊ အပြောနှင့် အလုပ်ကွာခြားခြင်းများက ပြည်သူများအား တတိယပါတီတစ်ခုအား
မျှော်မှန်းသည့် ဘ၀သို့ ရောက်ရှိသွားစေသည်။ ထိုအခြေအနေတွင် ချမှတ်ထားသည့် ပါတီရည်မှန်းချက်အား
လက်တွေ့ကျကျအကောင်အထည် ဖော်နိုင်ပြီး၊ ပြည်သူလုထုကျေနပ်လောက်သည့် စည်းရုံးမှုများဖြင့်
မဲဆွယ်နိုင်သူက ရွေးကောက်ပွဲတွင် ထောက်ခံမှုများရနိုင်ပေမည်။

ဦးဆောင်သူအပေါ် ယုံကြည်မှုရှိခြင်း

ပါတီနာယက အဖြစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးဟောင်း ဒေါက်တာ နေဇင်လတ်
က ဦးဆောင်မည်ဖြစ်သည်။ ဒေါက်တာနေဇင်လတ်၏ နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံ၊
လက်ရှိအစိုးရအဖွဲ့တွင် သမ္မတ၏ အကြံပေးအဖြစ် တာဝန်ယူခဲ့မှုများက ပြည်သူလူထု၏ ယုံကြည်
မှုအပေါ် အထောက်အကူ ပြုသွားပေလိမ့်မည်။

ပါတီရည်မှန်းချက်

အမျိုးသားရေးပါတီအနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် လူသားအရင်းအမြစ်များတိုးတက်ပြီး ခေတ်မီတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရန် ဆိုသည့် ရည်မှန်းချက်ဖြင့် တည်ထောင်သည်ဟု ဆိုသည်။ လက်ရှိနိုင်ငံရေးတွင် လူထု၏ ဆန္ဒကို ဆန်းစစ်ကြည့်လျှင် အမျိုးသားအကျိုးစီးပွားအတွက် အကာအကွယ်ပေးစေလိုမှုများ မြင့်တက်နေသည်ကို တွေ့ရှိရသည်။
ပြည်တွင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ အနောက်ဘက်နှင့် မြောက်ဘက်မှ အန္တရာယ်များအပေါ်
ပြည်သူလုထုမှ စိုးရိမ်နေကြပြီး အမျိုးသားအကျိုးစီးပွားကို ထိထိရောက်ရောက်လုပ်ပေးစေလိုကြသည်။
မြန်မာတွင်သာမက မည်သည့်နိုင်ငံမဆို အမျိုးသားအကျိုးစီးပွားကိုသာ အဓိကထားစေလိုကြသည်မှာ မငြင်းသာပေ။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအရင်းအမြစ်သည်လည်း အဓိကလိုအပ်ချက် ဖြစ်သည်။ ထိုလိုအပ်ချက်များကို လုပ်ဆောင်ပေးမည်ဟု ပါတီ၏ ရည်မှန်းချက်အဖြစ် ထားရှိလိုက်ခြင်းသည် ထိရောက်ပြောင်မြောက်လှသည့် မဲဆွယ်စည်းရုံးမှု တစ်ခုပင် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် အမျိုးသားရေးပါတီသည် မူဝါဒ အရ တတိယပါတီကို မျှော်မှန်းနေသူများအား
ဆွဲဆောင်သွားနိုင်မည်ဟု ယူဆရသည်။ သို့သော် နိုင်ငံရေးသဘောတရားသည် မှန်းဆရခက်သည်။
ယနေ့ထောက်ခံမှု ရနိုင်ပေမဲ့ နောက်နေ့ ထောက်ခံမှု ရချင်မှ ရရှိပေလိမ့်မည်။ မည်သို့ပင်ဆိုစေ
အမျိုးသားရေးအင်အားစုများအတွက် အမျိုးသားရေးပါတီသည်
အားကိုးယုံကြည်စရာ ပါတီတစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ မည်မျှ အားကိုးယုံကြည်ရပြီး၊ အမှန်တကယ် အမျိုးသားအကျိုးစီးပွားအတွက် စွမ်းဆောင်နိုင်မလား ဆိုသည်မှာ ကဒေါင်းလေးတစ်ကောင်၏ လှပသည့် ကကြိုးကဟန်များဖြင့် ပြည်သူ့အပေါ် မည်မျှထိဖျော်ဖြေမှုပေးနိုင်မည်နည်းဆိုသည့်အပေါ် စောင့်ကြည့်သွားရမည် ဖြစ်သည်။

သီဟမြင့်အောင်









လက်ညှိုးထိုးပွဲလား လက်ဆွဲနှုတ်ဆက်ပွဲလား

$
0
0




မြန်မာ့နိုင်ငံရေးကို အကွဲကြောင်းမပါဘဲနှင့် ခရီးမဆက်တတ်ဟု ကရုဏာဒေါသောဖြင့် ပြောသူကပြောသည်။ စိတ်ဆိုးရခက်၊ လက်ခံရခက်ဖြစ်၏။ ဟုတ်တော့လည်း ဟုတ်နေသလိုဖြစ်၍ ခပ်ပြတ် ပြတ်
လည်း ပြန်၍မတုံ့ပြန်နိုင်။ လွတ်လပ်ရေးမရခင် အချိန်ကသာ ညီညွတ်ခဲ့သလို ရှိသော်လည်း လွတ်လပ်ရေးရပြီး မကြာမီမှာပင် အ ကွဲအပြဲဇာတ်လမ်းကစခဲ့သည်။ သေသေချာချာ သမိုင်းလေ့လာခဲ့သူ တစ် ဦးက ရဲဘော်သုံးကျိပ်ကို နှစ်အုပ်စုမှ နှစ်ဖွဲ့ ခွဲ၍စေလွှတ်ခြင်းကိုကပင် တစ်စုတစ်စည်း တည်း မရှိ သည်ကို ပြသပါသည်ဟု ထောက် ပြ သူတို့က ထောက်ပြခဲ့သည်။ ဆိုရသော် လွတ်လပ်ရေးမရမီကပင် အက်ကွဲကြောင်း မကြီးသော်လည်း အက်ကွဲကြောင်းေ သးဖြင့် စခဲ့ သည်ဟုဆို၍ ရသလိုဖြစ်ခဲ့သည်။

ပါလီမန် ဒီမိုကရေစီဆိုသည်က ကွဲပြားခြားနားနိုင်သည်ဖြစ်၍ ထိုအချိန်ကပင် မြန်မာတို့ပျော်ပျော်ကြီး ကွဲပြားခဲ့ကြသည်။ ကျောက်တောင်ကြီးတမျှ ခိုင်ခံ့၍နှစ် (၄ဝ) မျှ မြန်မာ့နိုင်ငံရေးကို ဦးဆောင်သွားမည်ဟူသော ဖဆပလကြီးသည်ပင်လျှင် နှစ်ခြမ်း မှလေးစိတ်၊ ထိုမှအမြွှာများအဖြစ် ကွဲပြားခဲ့ သေးလျှင် ထိုခေတ်မှသည်ယနေ့ထိ ဖ ဆပလ လောက် လူထုထောက်ခံမှုနှင့် အခြေအနေ ၏ ပံ့ပိုးမှုကိုမရနိုင်ခဲ့ကြသော မည်သည့်ပါတီ မဆို စကတည်းက ယဉ်သကို ဖြစ်ရန် သိမ် မွေ့ခဲယဉ်း လှသည် ဟု မြင် မိပါသည်။ ထို ခေတ်ထိုအခါက ဖဆပလကြီးမှာ သူ့ကျွန် ဘဝလွတ်မြောက်ရေးကြိုးပမ်းမှုတွင် လူထု ၏စုစည်းမိသောစိတ်ဓာတ်၊ ဦးဆောင်ကြ သူတို့၏ခေါင်းေ ဆာင် မှုကောင်း၊ လွတ်လပ် ရေးရနိုင်ရန် ပေးလာသောအခြေအနေ၊ အခြားတစ်ဖက်ကမ္ဘာကြီးတွင် ဒုတိယကမ္ဘာ စစ်၏ ဖိအားကြောင့် အင်္ဂလိပ်တို့များစွာ အားနည်းခဲ့သည့် အချိန် စသော တိုက်ဆိုင် မှုများကြောင့် သမိုင်းတွင် စည်းရုံးမှုအား အကောင်းဆုံးဖြစ်ခဲ့ပါ၏။

ထိုမှလွန်သော လွတ်လပ်ရေးရပြီးချိန် ၌ ‘လွတ်လပ်ရေးရပြီ’ ဟူသောအသိ၊ ကျင့် သုံးသော ပါလီမန်ဒီမိုကရေစီ၏ လွတ်လပ် စွာ ကွဲပြားနိုင်သော နိုင်ငံရေး ယဉ်ကျေး မှု၊ နိုင်ငံရေးသမားများ၏ အကျိုးစီးပွားအခြေ ခံသော အားပြိုင်မှုများကြောင့် ဖဆပလ ဟူသော ကျောက်တောင်ကြီး အရည်ပျော် ခဲ့ပါသည်။ အကွဲအပြဲ ယဉ်ကျေးမှုတွင် သန္ဓေအဖြစ် ကပ်ပါလာသော မြန်မာ့နိုင်ငံရေးသည် တော်လှန်ရေးကောင်စီလို ခေတ်မျိုးမှာပင် ‘အောင်ကြီး…
မင်းထွက်မလား၊ ငါထွက် ရမလား…’ ဟူ၍ ဖြစ် ခဲ့ရပြန်သေး သည်။ တော်လှန်ရေးကောင်စီမှ မြန်မာ့ဆိုရှယ် လစ်ခေတ်ဦးတွင် ပါတီထိပ်ပိုင်းခေါင်း ဆောင်များအတွက် ဆန္ဒမဲပေးရာ၌ မထင် သူထက် ထင်သူမဲနည်းခဲ့သဖြင့် ပါတီသန့် စင်ရေး ဆောင်ရွက်မှုက လှုပ်လှုပ်ခါခါဖြစ် ခဲ့ရပြန်ပါသေးသည်။ အကွဲဇာတ်လမ်း အပေါ် သံယောဇဉ်ကြီးဆဲ မြန်မာတို့ပေ၊၊

အစဉ်အလာကိုဆက်၍ထိန်းသိမ်းသည်

ကောင်းသော ယဉ်ကျေးမှုများတွင် မြန်မာတို့အစဉ်အလာကို မည်သို့ဆက် လက်ထိန်းသိမ်းခဲ့ကြသည်တော့ မသိ၊ မကောင်းသောယဉ်ကျေးမှုတို့၌မူ မြန်မာ တို့အနေဖြင့် အစဉ်အလာကို ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းနိုင်ကြသည်ကတော့ အမှန်ဖြစ်သည်။ရှစ်လေးလုံးသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင်အထင်
ကရဖြစ်သည်။ ရှစ်လေး လုံးကြောင့် တစ်ပါတီစနစ်မှ ပါတီစုံစနစ် လမ်းကြောင်းပေါ်သို့ ရောက်ခဲ့ကြသည်။ ၁၉၉ဝ ရွေးကောက်ပွဲအတွက် ပါတီများ တည်ထောင်ခဲ့ကြ၏။ ရေပန်းအစားဆုံး သော ပါတီမှာ ကြီး (၃) ကြီး စုစည်းထား သည့် ‘အောင်၊ စု၊ တင်’ ဖြစ်သည်။ တော် လှန်ရေးကောင်စီခေတ်က မြန်မာနိုင်ငံတွင် ဒုတိယသြဇာအကြီးဆုံးဖြစ်သော ဗိုလ်ချုပ် အောင်ကြီး၊ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
သမီးဒေါ်စု၊ ကာ ကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးတို့ (၃)ဦး ပူးပေါင်းထားသော အဖွဲ့ ကြီးဖြစ်၍ သည်ဘက်ခေတ်တွင် အတောင့် တင်းဆုံးအစုအဖွဲ့ကြီးဖြစ်ခဲ့သည်။ အားလုံး က မော်မကြည့်ရဲခဲ့သော အဖွဲ့အစည်းဟု တင်စားလျှင်ပင်ရလောက်သော အခြေအ နေဖြစ်သည်။ သို့သော်လည်း များများ သက်တမ်း မရှည်လိုက်ခဲ့ပါ။ အပြန်အလှန် လက်ညှိုးထိုးမှုများဖြင့် ‘အောင်၊ စု၊ တင်’ တစ်စခန်းရပ်သွားခဲ့သည်။

၁၉၉ဝ-ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။ NLD ပြတ်ပြတ်သားသား နိုင်ခဲ့သည်။ ၁၉၄၈-ရှေ့ပိုင်းကာလမျိုး၏ နိုင်ငံရေး မျက်နှာသာပေးမှုကို ကောင်းစွာရခဲ့ပါ သည်။ သို့သော် လည်း ရွေးကောက်ပွဲရလဒ် ရေစုံမျောသွားခဲ့ပါ၏။ ‘၈၈’ ကာလက ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့ပြီး ကျောင်းသား သမဂ္ဂကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ် ချပါမည် ဟုဆိုသည်ကိုပင် တစ် မိနစ်၊ တစ်စက္ကန့်မျှမစောင့်နိုင်ခဲ့သော မြန်မာ့ နိုင်ငံရေးသည် ထိုစဉ်က ဦးဆောင်သူတို့ အခြေအနေကို မထိန်းသိမ်းနိုင်ခဲ့သော ကြောင့် သို့မဟုတ် အတွက်အချက်မှားယွင်းမှုမှ မထိန်းသိမ်းချင်သောကြောင့် တပ်မတော်မှ ဝင်ရောက်ထိန်းသိမ်းခြင်းကို ခံလိုက်ရသည်။
ဒေါက်တာမောင်မောင်၏စကားကို လက် ခံကြသူများရှိခဲ့သလို လက် မခံကြသော သူများဟူ၍ ကွဲပြားခဲ့ကြသည်။ မည်သို့ဆိုစေ ခေါင်းဆောင်မှုအပိုင်း၌ ရှိ ကြသူတို့၏ မြော်မြင်မှုအား တစ်စုံ တစ်ရာ ကောင်း မွန်ခဲ့ လျှင် ကောင်းသောအခြေအ နေတစ်ခုရရှိနိုင်ခဲ့ကြပါလျက်နှင့် ဆန့်ကျင် ဘက် အခြေအနေသို့ ရောက်သွားခဲ့ကြရသည်။ သင်ခန်းစာသည် ထိုနှင့်မျှမပြီးတော့။ ၁၉၉ဝ-ရ လဒ်ကို ချက်ချင်းအကောင်အ ထည်ဖော်ရန်နှင့် မလိုအပ်သော စကားသံ တို့ကြောင့် ထိုခရီးဝေးခဲ့ကြရပြန်သည်။ ဤ တွင်လည်း မြော်မြင်နိုင်ကြ သူများက တစ် မျိုးတွေး ၍ ပျော့ပျောင်းလိုခဲ့ကြသော်လည်း မြော်မြင်မှုနည်းပါးသူများ၊ ရန်လိုအားကြီး သူများနှင့် အယူအဆမတူ ကွဲပြားခဲ့ကြ သည်။ ဒုတိယအုပ်စု အားကောင်း ခဲ့ေ သာ ကြောင့် ထိုခရီး ဝေးသွားခဲ့သည်ဟုဆို လျှင် မှားအံ့ မထင်၊ ကြီးကြီးမားမား ယူဖို့ ကောင်းသော သင်ခန်းစာဟု မြင်သည်။

မြန်မာ့နိုင်ငံရေး ရိုးရာမပျက်

၂ဝ၁၁-တွင် ဗဟိုဦးစီးစနစ်မှ မဏ္ဍိုင် (၃) ရပ်သို့ အာဏာဖြန့်ခွဲသော ဒီမိုကရေစီ ယဉ်ကျေးမှုလမ်းကြောင်းသို့ မြန်မာ့နိုင်ငံ ရေးရောက်လာခဲ့သည်။ ကြားဖြတ်ရွေး ကောက် ပွဲဖြင့် NLDလွှတ်တော်ထဲ ရောက်လာခဲ့သည်။ အကြောင်းများစွာရှိ၍ သူ့ ဘက်ကိုယ့်ဘက် မဆိုချင်။ တစ်အူထုံ့ဆင်း ခဲ့သောလွှတ်တော်နှင့် အစိုးရပွတ်တိုက်မှု များ ကြီးကြီး ကျယ်ကျယ်ရှိခဲ့ပြန်သည်။ အံ့ သြဖွယ်ကောင်းလှသည်။ ယဉ်ကျေးမှုသစ်ကို စတင်ကျင့်သုံးစကပင် အခြေခံဥပဒေ ခုံရုံး စွပ်စွဲ ပြစ်တင်ခံရ သည်က မြန် မာ့နိုင်ငံ ရေး သမိုင်း အ မည်းစက် ဖြစ်ခဲ့ရသည်။ မဏ္ဍိုင်တစ်ခုနှင့်တစ်ခု လက်ညှိုးထိုး ကြသည်။ လက်ဆွဲနှုတ်ဆက်ရသောမြငေညွောန ဖြစ်ရမည့်အစား လက်ညှိုးထိုး ကစားပွဲ (Blame Game) ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါ၏။ မြန်မာ့နိုင်ငံရေး ရိုးရာအစဉ်အလာ မပျက်ခဲ့ပြန်ချေ။

နောက်ဆုံးဖြစ်ပျက်မှုတွင် အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးက အတော် များများ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ကျောင်းသားနှင့် အစိုးရကြား အမြင်မတူ ခဲ့။ ဥပဒေပြဋ္ဌာန်းသည်က လွှတ်တော်။ ထားတော့။ အစိုးရနှင့်ကျောင်းသား ခေါင်း ဆောင်များ စိန်ရတုခန်းမတွင် တွေ့ဆုံညှိ နှိုင်းခဲ့သည်။
တွေ့ဆုံညှိနှိုင်းသည်နှင့် သပိတ် ရပ်နားထားရန် ကနဦး သဘောတူ ညီချက်ရှိခဲ့သော်လည်း စိန်ရတုခန်းမတွင်း က ကျောင်းသားခေါင်းဆောင်များ၏ ကတိကဝတ်ကို သပိတ်စစ်ကြောင်းမှကျောင်း သားခေါင်းဆောင်များက သပိတ်ရပ်နား ရန် လက်မခံဟုဆိုသည်။ ခေါင်းဆောင်မှုအ ပေါ်၌ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မည်သို့ဆိုစေ
ကျောင်းသားခေါင်းဆောင် များကြား ကွဲပြားခြားနားမှု ရှိနေသည်ကတော့ သိသာမြင်သာပါသည်။

ကျောင်းသားသပိတ် စစ်ကြောင်းများ ရန်ကုန်ဝင်ရန်ကြိုးစားကြသည်။ ရန်ကုန် တိုင်းအတွင်း အုပ်ချုပ်သူတို့ကလည်း အဝင်မခံ။ ပြတ်ပြတ်သားသား ကြေညာ ထားသည်။ ပင်မသပိတ်စစ်ကြောင်းက လက်ပံတန်းတွင် ခေတ္တရပ်နားသည်၊ ကျန် စစ်ကြောင်း များက တွေ့ဆုံဆွေးနွေးရေးအ ပေါ် လက်ခံ၍စစ်ကြောင်းများ ရုပ်သိမ်း သွားခဲ့သည်။ ဆက်လက် စစ်ကြောင်းချီ လိုသူနှင့် တွေ့ဆုံဆွေးနွေးရေးကို လက်ခံ ၍ စစ်ကြောင်းရုပ်သိမ်းသူတို့ တစ်သဘော တည်း အဘယ့်ကြောင့် မဖြစ်ကြရပါသနည်း။ အစဉ် အ လာကို ထိန်းသိမ်းလိုသော ကြောင့်သာ ဖြစ်ပါလိမ့်မည်။

ပင်မစစ်ကြောင်း ရန်ကုန်သို့ဆက်လက် ချီတက်ရေးတွင် ဆက်သွားလိုသူနှင့် ရပ် တန့်လိုသူတို့ ဝိဝါဒကွဲပြားကြပြန်၏။ ကြား တွင်လည်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လူစုလူဝေး ဖြစ်သဖြင့် တာဝန်ရှိသူတို့က ပဋိပက္ခ ဖြိုခွဲလိုက်ရပြန်သေးသည်။ ‘အ ကြမ်းဖက်ဖြိုခွင်းသည်’ ‘အင်အားအလွန်အ ကျွံသုံးသည်’ ဟု လက်ညှိုးထိုးကြသည်။ လူစုလူဝေးကို အင်အားမသုံးဘဲ ဖြိုခွင်း၍ ရသည် မဟုတ်ပါ။ နည်းပါးသောအင်အား ကို အသုံးပြုခဲ့လျှင် ဆက်နွယ်အကျိုးတရား များ ဘာဖြစ်လာနိုင်ပါသနည်း။ တစ်ဖက် နှင့် တစ်ဖက် တိုက်ခိုက်မှုများ ဖြစ်လာပါက ထိခိုက်ဒဏ်ရာရမှုများ ပိုများလာနိုင်ပါ သည်။ ဤအချိန်မျိုးတွင် ရွှေပြည်အေး တရားဖြင့် လူစုခွဲ၍ရသည်မဟုတ်ပါ။ ဤတွင် ပုဒ်မကြီးကြီးတပ်ပြီး နိုင်ငံရေးလှုံ့ဆော် လိုသူများ၏ အကြမ်းဖက်ဟူသော အသုံး အနှုန်းသည် များစွာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် ဆန္ဒပြ မှုကို အချိန်နေရာ တောင်းခံကြရ ပါ၏။ ခွင့်ပြုချက်မရဘဲ အဓမ္မပြုလျှင် ‘အကြမ်းဖက်’ ဟူ၍ ပုဒ်မတပ်ရပါမည်လား။ ဤသို့ လက်ညှိုးထိုးအပြစ်တင်မှုကို သာ နှစ်ဖက် ကပြု လုပ်နေကြပါလျှင် မြငေညွောန နှင့်ဝေးနေပါလိမ့်ဦးမည်။ ကြီးသည့်အမှု ငယ် စေ၊ ငယ်သည့်အမှုပပျောက်စေဟူသော ထုံးကိုသာနှလုံးမူသင့်သည်ဟု ယူဆပါသည်။

လက်ပံတန်းတွင် စာမေးပွဲများ မတိုင် မီ တစ်ရက်အလို၌ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ လက်ညှိုးထိုးပွဲ ဖြစ်ခဲ့ပြန်ပါသည်။ ရှုထောင့် အစုံမှ မှတ်တမ်းတင်ရိုက်ထားသော ဗီဒီယို ကလစ်များ ထွက်လာသည်။ အားလုံးကို သေသေချာချာ ကြည့်လျှင် အဖြေတစ်ခု ပေါ်လာနိုင်ပါသည်။ ထားတော့။ လက် ညှိုးထိုးပွဲကိုသာ တွင်တွင်လုပ်နေကြပါ လျှင် ဤပွဲမျိုး မည်သောအခါမျှ နိဂုံးချုပ် နိုင်လိမ့်မည် မဟုတ်။ သူ့နေရာမှာ ကိုယ် သာဆိုလျှင်ရော… ဟူ၍ နားလည်ပေး ကြပါလျှင်လည်း အကျယ်အကျယ် မငြိမ်း ဖွယ် ဖြစ် မည်မဟုတ်ပြန်ချေ။ မိဘကလည်း သားသမီးများ နေရာတွင် ကိုယ်ချင်းစာ တတ်ရသလို၊ သားသမီးကလည်း မိဘနေ ရာတွင် ကိုယ်ချင်းစာတတ်ရန် လိုသည်ဟု မြင်သည်။ ဤတွင်လူငယ်များ မှားယွင်း သည်ထက် နိုင်ငံရေးသမားများ၏ ရပ် တည်ချက်က ပို၍ အရေးပါသည်ဟု မြင် သည်။ သြဇာတစ်စုံ တရာရှိကြသော နိုင် ငံ ရေး သ မားများ၏ နှုတ်ထွက်စကားက ဖြေ လျှော့နိုင်
သလို၊ သွေးဆူမှုကိုလည်း ဖြစ် စေနိုင်ပါသည်၊ သူတို့၏ရင်ထဲက စေတနာ နှင့် ရည်ရွယ်ချက်ပေါ်မှာသာ မူတည် သည်ဟု ဆိုချင် သည်။ ဦးဆောင်ကြသူတို့ က လက်ညှိုးထိုးပွဲကို အလေးပေးလျှင် လူ ငယ်များက ပို၍ လက်ညှိုးထိုးပွဲကို ခုံမင် ကြမည်သာဖြစ်သည်။ ဦးဆောင်ကြသူ တို့က လက်ဆွဲနှုတ် ဆက်မှုအပေါ် ရပ် တည်ကြလျှင် လူငယ်များကလည်း လိုက် ပါကြမည် ဖြစ်သည်။

လက်ညှိုးထိုးခြင်းက လွယ်ကူသော အလုပ်သာဖြစ်သည်။ လက်ညှိုးထိုးခြင်းက ကွဲပြားခြားနားမှု၏ အရင်းခံဖြစ်ပြီး ထိုမှ တိုးတက်လာသောအခါ အက်ကွဲကြောင်း ကြီး များကိုဖြစ်စေပါသည်။ မကောင်း သော အစဉ်အလာကို စွန့်ခွာရန် အချိန် တန်ပြီဟု မြင်ပါသည်။ Blame Game ကို တတ်နိုင်သလောက် စွန့်ပယ်ကြပြီး Brain Game ဘက် အလှည့်ပေးကြပါဟုသာ တိုက်တွန်းလိုပါသည်။

နေဇင်လတ်









ရမ်ကျမ်းကို ပထမဆုံးအကြိမ် ဖတ်မိပြီးသည့်နောက် ချက်ချင်းပင် အစ္စလာမ်ကို စွန့်ခွာခဲ့သည့် အမျိုးသမီးတစ်ယောက်အကြောင်း

$
0
0


ဂိုသင်ဘတ်၊ ဆွီဒင် —

မိုနာ ဝေါ်လတာ (Mona Walter) သည် မစ်ရှင်တစ်ခုကို ထမ်းဆောင်နေသည်။ သူမ၏မစ်ရှင်မှာ မူဆလင်များ ကိုရမ်ကျမ်းထဲတွင် မည်သို့ပါရှိသည်ကို သိစေရန်ပညာပေးခြင်းဖြစ်သည်။ ကိုရမ်ကျမ်းထဲ၌ မည်သို့ပါရှိသည်ကို မူဆလင်များ ပိုမိုသိရှိလာကြလျှင် မူဆလင်များ အစ္စလာမ်ကို ပို၍ပို၍ စွန့်ခွာသွားကြလိမ့်မည် ဟု သူမက ပြောကြားခဲ့သည်။


ဝေါ်လတာသည် အသက် ၁၉ နှစ် အရွယ်တွင် စစ်ဘေးဒုက္ခသည်တစ်ယောက်အနေနှင့် ဆိုမာလီယာမှ ဆွီဒင်သို့ စတင်ရောက်ရှိလာခဲ့သည်။ အမျိုးသမီးများ၏ အခွင့်အရေးကို ယောက်ျားများနှင့်တန်းတူပေးထားသော ဆွီဒီသို့ရောက်ရသည်ကို သူမစိတ်လှုပ်ရှားမိသည်။ သို့သော် မူဆလင်အမျိုးသမီးငယ်တစ်ယောက်အနေနှင့် သူမကြုံတွေ့ရသော ဆွီဒင်က ဤသို့မဟုတ်ပါချေ။

ဆွီဒင်တွင် ပထမဆုံး သူမ နိစ္စဒူဝ တွေ့ကြုံရသည်က အစွန်းရောက်အစ္စလာမ်သာဖြစ်သည်။

"ကျွန်မ အစ္စလာမ်ကို ဆွီဒင်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆိုမာလီယာမှာဆိုရင်တော့ ကျွန်မတို့က ကိုရမ်ဆိုတာမဖတ်ဖူးတဲ့ မိဘရိုးရာမူဆလင်ပဲလေ။ ဒါပေမယ့် ဆွီဒင်ကိုရောက်လာတော့ ကျွန်မတို့ ဗလီကိုသွားရတယ်။ ဗလီမှာ ကိုရမ်ရှိတယ်လေ။ သူများအပြောအဆိုလွတ်အောင် ကာဗာယူတာပေါ့လေ။။ ကိုယ့်ကိုယ့်ကို မူဆလင်ကောင်းတစ်ယောက်ဆိုတာအဖြစ် ဒီလိုလုပ်ရတယ်။

ဆိုမာလီယာတွင် တစ်ကြိမ်တစ်ခါမျှ ကိုရမ်ကို မဖတ်ဖူးဘဲ ကြီးပြင်းလာခဲ့သည်ဟု ဝေါ်လတာက ပြောကြားသည်။

"ကျွန်မကိုယ်ကျွန်မ ဘယ်လိုအတန်းအစားဝင်ဖြစ်နေပြီလို့တောင် မသိခဲ့ဘူး။ မိုဟာမက် ဘယ်သူဆိုတာ မသိဘူး။ အလ္လာဟ် ဘယ်သူဆိုတာ မသိဘူး။ သူတို့ဘာတွေဆိုတာ ကျွန်မသိလိုက်ရတော့ ကျွန်မတော်တော် စိတ်ပျက်သွားတယ်။ ကျွန်မ ဝမ်းလည်းနည်းတယ်။ ပြီးတော့ စိတ်လည်းကုန်တယ်"ဟု သူမက အတိတ်ကို ပြန်ပြောပြသည်။

ဆွီဒင်ရောက်လာပြီးသောအခါ အလ္လာဟ်ဆိုသည်မှာ 'အမုန်းနတ်ဘုရား'၊ အစ္စလာမ်ဆိုသည်မှာ ငြိမ်းချမ်းသောဘာသာမဟုတ်ဟု သူမရှာဖွေတွေ့ရှိခဲ့ကြောင်း ဝေါ်လတာက ပြောကြားသည်။

"ကိုရမ်မှာက အမုန်းတရားတွေ၊ အစ္စလာမ်နှင့်သဘောထားမတူသူတွေကိုသတ်မယ် ဆိုတာတွေချည်းပဲ။ စစ်တိုက်ပြီးအောင်ပွဲခံတာတွေပဲ ပြည့်လို့။ မိုဟာမက်က အကျင့်စာရိတ္တအင်မတန်သိမ်ဖျင်းသူပဲ။ သူက သွေးဆာနေတဲ့သူကြီး။ တော်တော့ကို ဆိုးတဲ့သူတစ်ယောက်။ မူဆလင်တွေ သူဘယ်လို ဂျူးတွေကို ပြုမူခဲ့တာ၊ အမျိုးသမီးတွေကို ဘယ်လိုသတ်ခဲ့တာ၊ သူဘယ်လို လူတွေကိုသတ်ခဲ့တာတွေကို သူ့အကြောင်း အထ္ထုပတ္တိမှာ ဖတ်ကြည့်လို့ရတယ်။ ကျွန်မဆိုလိုတာက သူက သူနှင့် သဘောမတူညီတဲ့သူတိုင်းကို သတ်ပစ်ခဲ့တယ်"ဟု သူမက ရှင်းပြခဲ့သည်။

သတ္တိမွေးပြီးနောက် ဝေါ်လတာသည် အစ္စလာမ်ကိုစွန့်ခွာကာ ဘာသာမဲ့ ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သမ္မာကျမ်းစာအားဖတ်ပြီးနောက် ခရစ်ယာန်သို့ ပြောင်းလဲခဲ့သည်။

သူမသည် ကိုရမ်ကို လေ့လာဖတ်ရှုပြီး ကိုရမ်စာပိုဒ်များကို ကူးယူကာ လမ်းများထက်တွင် မူဆလင်အမျိုးသမီးများကို လက်ကမ်းဝေသည်။

"တစ်ခါတစ်လေ သူတို့နားထောင်ကြပါတယ်။ တစ်ခါတစ်လေ သူတို့တော်တော် စိတ်ပျက်သွားကြတယ်။ ကျွန်မသူတို့ကို ပြောတယ်။ "ရှင်တို့ယောက်ျားတွေခိုင်းတဲ့အတိုင်း ရှင်တို့ကမလိုက်နာဘူးဆိုရင် သူတို့က ရှင်တို့ကို ရိုက်နှက်ခွင့်ရှိတယ်၊ အဲဒါသိလား'လို့။ သူတို့က ဖြေပါတယ်။ 'မဟုတ်ဘူး၊ အဲလိုဆိုမထားဘူး'တဲ့။ ကျွန်မက ပြန်ပြောတယ်။ "ဆိုထားတယ်။ ကိုရမ်မှာ ဒီလိုဆိုထားတယ်"ဆိုပြီးတော့။ အကယ်၍ ကျွန်မသာ သူတို့တွေကို မိုဟာမက်အကြောင်း၊ ကိုရမ်အကြောင်း၊ လူသတ်တဲ့၊ အငြိုးကြီးကြီးအမုန်းတရားပွားတတ်တဲ့၊ မိန်းမတွေကို ခွဲခြားတဲါ အစ္စလာမ်ဘုရားအကြောင်း ပြောလိုက်ရင် သူမတို့တွေ ရွေးချယ်စရာဖြစ်လာပြီး အစ္စလာမ်ကို စွန့်ခွာသွားလိမ့်မယ်လို့ ကျွန်မထင်တယ်"ဟု သူမက ရှင်းပြခဲ့သည်။

http://www.cbn.com/…/Ex-Muslim-Koran-Revealed-a-Religion-I…/
ဒို့မြန်မာ









၂၀၁၅ ရွေးကောက်ပွဲနှင့် အလားအလာ

$
0
0




ဒေါက်တာနေဇင်လတ်

၂၀၁၅ ပထမလေးလပတ် ကုန်ဆုံးလာခဲ့ပြီ ဖြစ်၍ နှစ်ကုန်ကာနီး ကျင်းပမည်ဟု ဆိုသော ရွေးကောက်ပွဲ အပေါ် လူထု၏ စိတ်ဝင်စားမှု မြင့်တက် လာသည်။ သင်္ကြန် မတိုင်မီက ကျင်းပခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး ကလည်း မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ များကို တစ်စုံတစ်ရာ အရှိန်မြင့်မား စေသည်။

လွှတ်တော် အနေဖြင့် တွေ့ဆုံ ဆွေးနွေးရေးကို တိုက်တွန်းခွင့်ရှိ သော်လည်း ဘယ်နှပွင့် တွေ့ဆုံရမည် ဟူသော လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပ်နှင်းမထား။ Technical ကိစ္စရပ် များသည် အုပ်ချုပ်ရေး ကဏ္ဍ အလုပ်သာ ဖြစ်၏။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး လုပ်ငန်း သဘော သဘာဝ များကို ပြန်လည် သတ်မှတ်ချိန်ညှိရန် လိုသည်ဟု မြင်သည်။ ထားတော့။

(၃-၄-၁၅) နေ့တွင် ရိုက်တာ သတင်းဌာနနှင့် မေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏
ဖြေကြားမှုက မြန်မာ့နိုင်ငံရေးကို ရှုထောင့် အမျိုးမျိုး က ဂယက်ငယ် ထသွားစေခဲ့သည်။ အကောင်းမြင်သူ၊ အဆိုးမြင်သူ၊ မည်သည့် ရည်ရွယ်ချက်ကို ရည်စူးသည် ဆိုသည့် အပေါ် နားမလည်နိုင် ကြသူ အများအပြား ထွက်ပေါ်လာ ခဲ့သည်။ ဒေါ်စု၏ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက် နိုင်သည် ဆိုသော အချက်နှင့် ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းက ရွေးချယ်စရာလမ်း တစ်ခု ဖြစ်သည် ဟု ထုတ်ဖော် ပြောဆို လိုက်ခြင်းသည် လူအတော်များများကို မသက်မသာ ဖြစ်စေသည် ကတော့ အမှန်။ မကြာမီ မှာပင် NLD ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၂၀၁၅-ရွေး ကောက်ပွဲကို NLD ပါဝင်ပါမည် ဟု ပြောခဲ့ပြန်သည်။

ဒေါ်စု၏ စကားနှင့် NLD ပြောရေး ဆိုခွင့်ရှိသူ တို့၏ စကားသည် တစ်ခုနှင့် တစ်ခု အပံ့အပိုး မဖြစ်ကြသည် ကတော့ အမှန်ပင်။ ဒေါ်စု၏ လွန်ထွက် သွားသော စကားကို ပြန်၍ဖာထေး လိုက်သည်လား၊ သို့မဟုတ် ပြန်၍ ထိန်းကျောင်းပေး လိုက်သည် လားဟု မေးခွန်းထုတ်ခဲ့ ကြသည်။ ဒေါ်စု၏ ပြည်သူများသို့ ပြောခဲ့သော စကား၊ နိုင်ငံတကာတွင် ပြောခဲ့သော စကားများကို လေ့လာလျှင် စိတ်ခံစားမှုနောက် လိုက်ပါမှု အားကောင်းသည် ကို တွေ့ရသည်။

အတိုက်အခံ အနေဖြင့် အာဏာရ အစိုးရကို ချိန်ညှိထောက်ပြ ရမည်ထက် တစ်ခါတစ်ရံ ပိုလွန်နေသည် များကို တွေ့ရတတ်သည်။ အစိုးရ သက်သက်ကို သာမက နိုင်ငံတကာသို့ တုံ့ပြန်မှု အချို့၊ သံတမန်များ အပေါ် တုံ့ပြန်မှု အတော်များများတွင်လည်း ပွင့်လင်းသည်ထက် ခံစားမှု အခြေခံက ပိုလွန်သည် ဟူသော ဝေဖန်သံများကို တိုး၍ကြား လာသည်။

သူတို့က (အနောက်ကမ္ဘာ) ပြုပြင်ပြောင်းလဲရေး ပိုလုပ် လာအောင် အမှန်တကယ် အားပေး တာလား၊ ဒါမှမဟုတ် ပိုပြီးကျေနပ် ရောင့်ရဲလာ အောင် လုပ်နေတာ လားလို့ ကျွန်မ မေးရပါ လိမ့်မယ်“ သိမ်မွေ့ရှုပ်ထွေး နက်နဲသည့် နိုင်ငံရေး သဘာဝက ဒေါ်စုကို မျက်စိလည်စေသည်ဟု ယူဆရ သည်။

အမေရိကန်နှင့် အနောက်နိုင်ငံတွေက ယေဘုယျအားဖြင့် အရမ်းအကောင်းမြင်နေ ကြတယ်။ မှန်ကန်တဲ့ သံသယ အနည်းငယ်ထားရှိ ခြင်းက လူတိုင်း အတွက် အဆင်ပြေ စေဖို့ အထောက်အကူ ဖြစ်စေပါ လိမ့်မယ် အနောက်အုပ်စု၏ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှု အပေါ် အကောင်းမြင်မှုကို ဒေါ်စု အနေဖြင့် လက်ခံ ထားသည့် သဘောနှင့် ထိုအကောင်းမြင်မှု အပေါ် မချင့်မရဲ ဖြစ်ပုံ ရသည်။ ထူးခြားသည်မှာ “သံသယ“ အနည်းငယ်ထား ရှိခြင်းကို လက်ခံထားသည့် သဘော ဖြစ်သည်၊ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု အခြေခံ ထားသော လမ်းကြောင်းတွင် မှန်ကန်သော သံသယ ဖြစ်စေ၊ မှားယွင်းသော သံသယဖြစ် စေထား ရှိခြင်းက အရွှေ့တစ်ခု အတွက် အကောင်းဘက်ထက် အဟန့်အတား ဖြစ်စေ နိုင်သော အသုံးအနှုန်း ဖြစ်သည် ဟု ယူဆရဖွယ်ရာ ရှိသည်။ ဤသို့ တဲ့တိုး ပြောဆိုမှုကို ပွင့်လင်းသည်ဟု ယူဆ၍ သဘောကျ သူများ ရှိနိုင်သလို၊ နိုင်ငံရေးသမားများ အနေ ဖြင့်မူ ဤသို့သော အသုံးအနှုန်း က အထောက်အပံ့ ဖြစ်စေသည်ထက် ဆန့်ကျင်ဘက် အကျိုးဆက် သို့ပို၍ ရှေးရှုသွား နိုင်သည်ဟု သုံးသပ်သူများလည်း ရှိလာသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နန်စီပလိုစီနှင့် ပရက်ဆီလာ ကလပ်တို့ လာရောက် တွေ့ဆုံခဲ့ပါသည်။ အမေရိကန်၏ သဘောထား ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ အမေရိကန် အနေဖြင့် မည်သည့် ပါတီ အနိုင်ရပါစေ ဟူသော ဆန္ဒမျိုး မရှိဘဲ လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဖြစ်ရန်နှင့် အားလုံးပါဝင်သော နိုင်ငံရေးဖြစ်ရန် ကိုသာ အလေးအနက် ထားကြောင်း ဆိုသွား ပါသည်။ ဒေါ်စု၏ ထုတ်ဖော်မှုသည် နန်စီပလိုစီနှင့် တွေ့ဆုံပြီးမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၏ ရပ်တည်မှုကို အားမလို အားမရ ဖြစ်ဟန် ရှိသည်ဟု သုံးသပ် ရသည်။ ဖိအားတော့ ဖိအားပဲ..ဒါပေမဲ့

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု တစ်ခု မဟုတ်သော်လည်း နည်းလမ်းတစ်ခု အဖြစ် စဉ်းစားထားသည်ဟု ဒေါ်စုဆို ခဲ့သည်။ အလကား ပြောခြင်း မဟုတ်သည် ကတော့ သေချာသည်။ ဖိအားတစ်ခုအဖြစ် ထုတ်ဖော်မှုနှင့် ပို၍ နီးစပ်သည်။ ရည်ရွယ်ချက် အစစ် အမှန်ကို ကာယကံရှင် ကိုယ်တိုင်မှ တစ်ပါး အခြားသူ အနေဖြင့် အတိ အကျ မသိနိုင်။ ဖိအားဟုဆို ခဲ့သော် မည်သူ့ အပေါ်ပေးသည့်ဖိအား ဖြစ်ပါမည် နည်း၊ အစိုးရကို ပေးလိုသည့် ဖိအားလား၊ ဖြစ်နိုင်ခြေရ ပါသော်လည်း ရာနှုန်းပြည့်ဟု မယူဆပါ။ ဒေါ်စု တောင်းဆို ခဲ့သော လေးပွင့်ဆိုင်ကို ဒေါ်စုနှင့် ရင်းနှီးလွန်သည့် လွှတ်တော်မှ ခြောက်ပွင့်ဆိုင် ဟူ၍ စီစဉ်ပေးခဲ့ ပါသည်။ ခြောက်ပွင့်ဆိုင်လည်း ပထမအကြိမ် ဆွေးနွေးခဲ့ ပြီးပါပြီ။

ဒေါ်စု အနေဖြင့် ဆန္ဒစော၍ တစ်ဝက်မျှသာ ကျေနပ်နိုင် သော်လည်း အခြားငါးဦးမှာ တစ်ဝက်ထက်ပိုသော ကျေနပ်သံဖြင့် အင်တာဗျူးများပေး ခဲ့ပြီး ဖြစ်သည်။ သို့ဆိုလျှင် ဖိအားသည် အစိုးရ အပေါ် မသိမသာ ပေးသည့် ဖိအားဖြစ်နိုင် သော်လည်း အမေရိကန်ကို ပို၍ ရည်ရွယ်သော ဖိအား သို့မဟုတ် သူမ အပေါ် ယခုအခြေအနေထက် ပို၍ထောက်ခံရန် သွယ်ဝိုက်သည့် ဖိအားက ဖြစ်နိုင်ခြေ ပို၍များပါ လိမ့်မည်။

အမေရိကန် သဘောထား ဖြစ်သော အားလုံးပါဝင်သည့် နိုင်ငံရေး” ကို သပိတ်မှောက်ခြင်းဖြင့် အားလုံးပါဝင်သည့် နိုင်ငံရေး မဖြစ်အောင် လုပ်ပြ နိုင်သည် ဟူသော အရိပ်အယောင်ပြ မိတ္တူပေး လိုသည်က ပိုသည်ဟု ယူဆနိုင်ပါသည်။ သူမ၏ နောက်ဆက်တွဲ ဖြစ်သည့် အမေရိကန်နှင့် အနောက် နိုင်ငံတွေက အကောင်းမြင်လွန်းနေသည် ဟူသော စကားက ဤအယူအဆကို ပံ့ပိုးပေးနေပါ လိမ့်မည်။ ကွဲပြား ခြားနားသော နောက်ယူဆချက် တစ်ခု လည်းရှိနေပြန် ပါသေးသည်။ ဆိုရလျှင် ပရယ်တိုး သဘောတရားအရ အစိုးရ အတွက် (၂၀)ရာခိုင်နှုန်းနှင့် အနောက် အုပ်စုအတွက် (၈၀) ရာခိုင်နှုန်း ဖိအားဟု ယူဆနှိုင်ဖွယ်ရာ ရှိသည်။ Reverse Theory ရှုထောင့်က ဆိုလျှင် မြန်မာပြုပြင် ပြောင်းလဲရေး အပေါ် အနောက်ဘက်က အကောင်းမြင် ပိုသည် နှင့် ဆန့်ကျင်ဘက်ကို စိတ်ဝင်စားမှု လျော့ကျတတ်သည်မှာလည်း သဘာဝ ဖြစ်ပြန်ပါသည်။

NLD ပါသော-မပါသော နိုင်ငံရေး

မြန်မာ့နိုင်ငံရေး အချိုကြိုက် သလား၊ အခါးကြိုက်သလား ဟူ၍ သိရှိရန် လိုကြောင်း ဆောင်းပါး အချို့ ရေးခဲ့ဖူး ပါသည်။ မြန်မာ့နိုင်ငံရေး အခါးကြိုက်သည့် သဘာဝကို နှစ် (၇၀) ကျော် အတွင်း တစ်ခါဖူးမျှ မတွေ့ခဲ့ရ ဘူးပါ။ ၂၀၁၀-တွင် NLD သပိတ်မှောက်ခဲ့ ပါသည်။၂၀၁၁ တွင် အစိုးရသစ် ဖွဲ့ခဲ့ပြီး NLD မပါသော လွှတ်တော် အသက်ဝင်ခဲ့ ပါသည်။

သမ္မတကြီး ဦးသိန်းစိန်၏ အားလုံး တိုင်းရင်းသားတွေ ချည်းပဲကွာ၊ သူလည်း ဗိုလ်ချုပ်သမီးပဲ ဟူသော သဘောထားဖြင့် ၂၀၁၂ တွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ အခြေအနေ အရပ်ရပ်ကို မည်သူက မည်သို့ စတင်ခဲ့မှန်း ဒေါ်စု သိပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်စု က သပိတ်မှောက် လမ်းကြောင်းကို ရွေးချယ်ရန် အခွင့်အလမ်းလွန်စွာ နည်းပါး လှသည်ဟု မြင်သည်။ နည်းပါးသော လမ်းကြောင်းကို ဒေါ်စုက ရွေးချယ် ခဲ့သည် ဆိုငြားအံ့၊ အားလုံး ပါဝင်သော နိုင်ငံရေး ဖြစ်လာမည် မဟုတ်ပါ။ သို့သော်လည်း မည်သည့် ဆက်နွယ် သက်ရောက်မှုများ ရှိလာပါမည်နည်း။ ထိုသက်ရောက်မှု များက ၂၀၁၅ လွန် အစိုးရကို မည်မျှထိခိုက် လှုပ်ခါနိုင်ပါမည်နည်း။

သပိတ်မှောက်ခြင်းဖြင့် ဖြစ်ပေါ် လာမည့် အကျိုးအပြစ်များ၊ ရွေးကောက်ပွဲ ၀င်ခြင်းဖြင့် ရရှိလာမည့် အကျိုးအပြစ်များကို မည်မျှ ကုန်စင်အောင် တွက်ချက် ထားပြီးပါ သနည်း။ မည်သည့် နည်းလမ်းကို ထောက်ခံသည် ဟူသော သုံးသပ်မှုမျိုး မဟုတ်ပါ။နောက်တစ်ခုမှာ NLD သည် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်မျိုး၊ ၂၀၁၂ ရွေးကောက်ပွဲ ရလဒ်မျိုး ထပ်မံရနိုင်ခြေရှိ- မရှိသည် အလေးအနက်ထား စဉ်းစားရမည့် အချက်တစ်ခု ဖြစ်လာ ပါသည်။ ယခု လေးနှစ်တာ ကာလတွင်း လူအတော် များများသည် နိုင်ငံရေး အသိအမြင် များစွာ ပို၍ကြွယ်ဝလာခဲ့ ကြပြီး ပြည်တွင်း နိုင်ငံရေးထက် လွန်၍ ကြည့်နိုင် စဉ်းစားနိုင်ကြသော သူများ အတော်အတန် ထွက်ပေါ်လာ ခဲ့သည်ကို တွေ့ရပြန်သည်။

လွတ်လပ်စွာ ပြောဆိုဝေဖန် နိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ တည်ထောင် နိုင်ခွင့်၏ နောက်အစိုးရ၏ တုံ့ပြန်မှုများအပေါ် သံသယကင်းသည့် သဘောထားရှိသူ များမှ တည်ထောင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီသစ် များမှာ အရည်အချင်းရော၊ အရေအတွက်ပါ အတော် များပြား လာမည် ဖြစ်၍ ၂၀၁၅ ရွေး ကောက်ပွဲရလဒ်မှာ ရှုထောင့်တစ်မျိုးမှ မှန်းဆ၍ ရနိုင်သော်လည်း မည်သည့် ပါတီ မည်မျှ မဲဆန္ဒနယ်မြေ များတွင် အောင်နိုင်မည် ဟူသော ရှုထောင့်မှာမူ အတော် မှန်းဆရခက်ခဲမည့် သဘော ရှိလာပါ လိမ့်မည်။ ထို့ထက်ပိုသော စဉ်းစားဖွယ်ရာများ အများအပြားရှိနေပါ သေးသည်။

တိုင်းရင်းသား ပါတီများ အင်အားကောင်း လာခြင်းသည် ပြည်မ ပါတီများ ထဲမှ မဲအတော်များများကို ရယူသွားမည်က သေချာပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းသစ်သည် ပြီးခဲ့သော ၂၀၁၀-၂၀၁၂ ရွေးကောက်ပွဲ အခင်းအကျင်းနှင့် များစွာ ကွာခြားပါ လိမ့်မည်။ ရလဒ်အား ဖြင့်လည်း ကွာခြားပါလိမ့်မည်။ မိမိအနေဖြင့် တစ်နိုင်ငံလုံး နီးပါးသို့ အဖွဲ့ပေါင်း(၄၀) ကျော်ဖြင့် တစ်လကြာ ကောက်ခံခဲ့သော စစ်တမ်း၏ ညွှန်းကိန်း အတော်များများ အရ မြင်ကွင်းသစ်ကို ဆုံတွေ့ရန် ဖြစ်နိုင်ခြေ ပို၍များပြားနေသည်ဟု ယူဆရဖွယ်ရှိနေပြန် ပါ၏။ ထို့ထက်ပို၍ စဉ်းစားနိုင်ကြ သူများမှာ ပြည်တွင်း နိုင်ငံရေး ထက်လွန်သော ပထ၀ီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း အရွှေ့အပြောင်း၊ မည်သည့် ဗဟိုပြု နိုင်ငံရေးမှသည် မည်သည့် ဗဟိုချက်သို့ ရွှေ့ပြောင်း လာခြင်း ဟူသော Pradigm Shift ကို မြင်အောင် ကြည့်ရှုနိုင်ခြင်း ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံရေးလားရာနှင့် ရေစီးကြောင်း အပြောင်းအလဲ ဖြစ်လာနေ ပါသည်။ ဤအချက်သည် နိုင်ငံတိုင်း၏ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်ကို အနည်းအများ ရိုက်ခတ် သက်ရောက်မှု ရှိနေ ပါသည်။ ဤအချက်သည် ငြင်းပယ်၍ မရသော အချက် ဖြစ်ပါသည်။ Balanced Perspective ကို ရရှိသူ၊ သို့မဟုတ် နိုင်ငံရေးပါးဝသူ၊ သို့မဟုတ် နိုင်ငံရေးပညာ မြင့်သူများ၏ ရှုမြင်ချက်နှင့် သာမန်နိုင်ငံရေး ထိတွေ့နေသူ တို့၏ ရှုမြင်မှု မတူနိုင်ပါ ချေ။

မြန်မာ့နိုင်ငံရေး လားရာနှင့် ဦးတည်ချက်၊ နိုင်ငံရေး အခြေအနေ တစ်ခု၏ ဖြစ်တည်ပုံ၊ ဖြစ်နိုင်ဖွယ်ရာသော အလားအလာများကို ကောင်းစွာ တွက်ဆ တတ်ရန် လိုပါ လိမ့်မည်။ နိုင်ငံရေးသည်များစွာ ရှုပ်ထွေး၊ နက်နဲ၊ သိမ်မွေ့လှ ပါသည်။ အဓိက မောင်းနှင် အားနှင့် သာမန်အားများကို ကွဲပြားစွာ ခွဲခြားသိနိုင်သင့်သည်ဟု ယူဆပါသည်။ ထည့်သွင်း စဉ်းစားရန် လိုအပ်သော ဖက်တာများ အနက် အခြေအနေနှင့် အချိန်အခါ၊ နိုင်ငံရေး ရေစီးကြောင်း အပြောင်းအလဲ ကိုလည်း ကောင်းစွာ ထည့်သွင်း တွက်ချက် တတ်ရန် လိုပါလိမ့်မည်။

အင်အားကြီး ပါတီများ အနေဖြင့် အစိုးရဖွဲ့နိုင်လျှင် သက်တမ်း တစ်ခုလုံး အတွက် ဘာလုပ်မည် ဟူသော National Agenda ရှိထား ရမည် ဖြစ်သလို၊ ရွေးကောက်ပွဲ အနိုင်မရခဲ့ လျှင်လည်း မည်သို့သော အနေအထားဖြင့် အတိုက်အခံ ပြု၍ ရပ်တည်မည် ကိုလည်း ပြင်ဆင်ထား ကြရန် လိုပါ လိမ့်မည်။

အားလုံးထဲတွင် အသေချာဆုံး အချက် တစ်ခုမှာ နိုင်ငံရေးသည် အတက်အကျ ရှိသော ကစားပွဲ၊ တစ်ခါ ကျပြီး ခဲ့လျှင် ထပ်၍ ရေမပေါ် နိုင်သော သဘာဝနှင့် ကိုယ့်ပါတီသည် အတက်ဘက်လား၊ အကျဘက်လား ဟူသည်ကို မှန်မှန်ကန်ကန် လေ့လာ သုံးသပ်မိရန် ဖြစ်သည်။ မည်သို့ဆိုစေ၊ လူ့သဘာဝအရ ကိုယ့်ကိုယ်ကိုယ် သာသာ ထိုးထိုးတွက်ဆ၍ သူများကို လျော့ပေါ့တွက်ချက်မှုသည် နိုင်ငံရေး ခေါင်းဆောင်များ၏ သုံးသပ်မှုကို တစ်စုံ တစ်ရာ အတိုင်းအတာ အထိ အထူအပါးရှိ နိုင်သည်ကို အလေးအနက် သတိပြုရန် ဖြစ်ပါသည်။







မြန်မာ့မီဒီယာ

$
0
0


၂၀၁၁ ခုနှစ် နောက်ပိုင်း ထွက်သမျှ ဂျာနယ်တွေ၊ ပုဂ္ဂလိက သတင်းစာတွေ မှာ သတင်းခေါင်းစဉ်နဲ့ သတင်းအမျိုးအစားသာ ကွဲသွားတယ် သတင်းရဲ့ အာဘော်ကတော့ တစ်ခုတည်းပဲ။အစိုးရ မကောင်းကြောင်း ၊ အုပ်ချုပ်မှုပိုငိး ၊ စီမံခန့်ခွဲမှုပိုင်း ၊ညံ့ဖျင်းကြောင်း ၊တရားဥပဒေ စိုးမိုးမှု မရှိကြောင်း ၊ တရားစီရင်ရေးမဏ္ဏိုင် စုတ်ပြတ်သတ်နေကြောင်း ၊ လွှတ်တော်အမတ်တွေ ဘာမှမလုပ်ဘဲ အိပ်ငိုက်နေကြောင်း ၊ ( NLD ပါတီ အမတ်တွေတော့ မရေးရဲဘူး ) ၊ တပ်မတော်က မြေယာတွေသိမ်းပြီး ပြည်သူတွေအပေါ် နှိပ်စက်ဗိုလ်
ကျနေကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ် ရန်လိုတိုက်ခိုက်နေကြောင်း ၊ တပ်မတော်သားတွေ အခွင့်ထူးခံနေကြပြီး အာဏာမက်မောနေကြောင်း ၊ ခရိုနီတွေ ကပြည်သူတွေအပေါ် ဂုတ်သွေးစုတ်အမြတ်ထုတ်နေကြောင်း ဒါတွေပဲ ထပ်တလဲလဲရေးသားနေတာ တွေ့ရတယ် ။ နောက်တစ်ခုက အတိုက်အခံပါတီ ( NLD )က ဘာလုပ်လုပ် မြှောက်ထိုးပင့်ကော် ရေးသားမှုတွေ ၊ NLD ရဲ့ အရှုပ်ထုပ် အပုတ်ထုပ်တွေ ကိုဖုံးဖိဖာထေး ရေသားမှုတွေ ၊ကျောင်းသားထု ၊ လယ်သမားထု ၊အလုပ်သမားထု ၊ ပြည်သူလူထု အမည်ခံ NLD ပါတီက လက်သပ်မွေးထားတဲ့ ခေါင်းဆောင်ပိုင်းနဲ့ နေ့စားဆန္ဒပြစားနေတဲ့သူတွေ အကြောင်းကိုပဲ အမွှမ်းတင်ရေးသားနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ် ။


ဂျာနယ်တွေ ၊ပုဂ္ဂလိက သတင်းစာတွေမှာ တစ်ခါမှ မရေးဘူး တဲ့ အကြောင်းတွေကတော့
ကုလားမကောင်းကြောင်း ဘယ်နှခါရေးဖူးလဲ ။ဒေါ်စုမကောင်းကြောင်း ၊ NLD မကောင်းကြောင်း ပါဖူးသလား ။ သူတို့ရေးတဲ့တိုင်းရင်းသားလက်နက်ကိုင် (သူပုန် ) မကောင်းကြောင်း ပါဖူးသလား ။ဖုံးဖိထားရမယ့် သတင်းဖြစ်တဲ့ ဒေါ်စု ဗလီဆရာကို ကန်တော့ နေတဲ့ပုံ ကို သတိလက်လွှတ်ဖြစ်ပြီး
တင်လိုက်မိလို့ တောင်းပန်နေလိုက်တာများ လူကြားလို့မကောင်းဘူး။

ဒီနေရာမှာ ကျွန်တော်ဖတ်ဖူးတဲ့ ဆရာကြီးသော်တာဆွေ ရဲ့ အကြောင်းလေးတင်ပြချင်ပါတယ်။တစ်နေ့ ဆရာကြီးသော်တာဆွေဆီ လူတယောက် ရောက်လာပြီး ဆရာ ကျွန်တော်နဲ့မတည့်တဲ့လူတစ်ယောက်
အကြောင်းကို အဲဒီလူ မကောင်းဘူးဆိုတာ တေ လာကလုးသိအောင်ရေးပေးပါ လို့ ပြောတယ်။ အဲဒီအခါ ဆရာကြီးက ဒီမှာ ကိုယ့်လူ ခင်ဗျား မကျေနပ်ရင် ဓားနဲ့ သွားထိုး ၊ တန်ဖိုး ရှိတဲ့ စာရွက်တွေ အကုန်မခံနိုင်ဘူး ။လို့ပြောလွှတ်လိုက်တယ်။

ဒီလိုပါပဲ ဒီကနေ့ရေးနေကြတဲ့ ခပ်ညံ့ညံ့ မီဒီယာတွေကိုပြောချင်တာက ခင်ဗျားတို့မကျေနပ်ရင် အဲဒီ ခရိုနီတွေ ၊စ်အာဏာရှင်တွေ ဓားနဲ့သွားထိုး။ ခင်ဗျားတို့ မျက်နှာလိုမျက်နှာရ လုပ်ချင်ရင် ဒေါ်စု တို့ ၊ ကုလားကြီးတို့ ၊ သူပုန်တွေ ဆီမှာ ကျွန်သွားခံကြ ။ကျုပ်တို ပြည်သူတွေ ဆီက တန်ရာတန်ကြေးယူပြီးရင် သတင်းအမှန်တော့ရေး။ ကျုပ်တို့ ချွေးနဲစာ နဲ့ ဝယ်ရတဲ့ငွေနဲ့ ကိုယ်ကျိုးစီးပွားမရှာကြနဲ့ ။့




Phyo Wann






RCSS/SSA အဖွဲ့မှ ဒေသခံရွာသား ၅၀ ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

$
0
0


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ လွိုင်ချိုကျေးရွာအုပ်စု၊ ၀မ်းနားကျေးရွာအုပ်စုနှင့် ဆွမ်မရမ်း ကျေးရွာ
အုပ်စုများမှ ဒေသခံ ရွာသား ၅၀ ဦးအား မေလ ၃ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။


အဆိုပါ ကျေးရွာအုပ်စုများအတွင်းနေထိုင်သော ရွာသားများအား RCSS/SSA အဖွဲ့မှ စစ်သင်တန်း တက်ရောက်ပြီးသူများဟု အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ စစ်သင်တန်း တက်ပြီးတာမဟုတ်ပါဘူး၊ ၁၂ လပိုင်းတုန်းက ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် လွယ်တိုင်းလျှံကို ရွာသား တွေသွားရတာရှိတယ်၊ အဲ့ဒီတုန်းက အတင်းအကြပ် သင်တန်းတက်ခိုင်းပြီးတော့ နာမည်စာရင်း ကောက်ထားလိုက်တာ” ဟု ရွာခံတစ်ဦးက ပြောသည်။

အဆိုပါ အဖွဲ့သည် ရွာသား ၅၀ ဦးအား ၎င်းတို့အဖွဲ့တွင် တာဝန်ထမ်းဆောင်ခိုင်ရန် ခေါ်ဆောင်သွားခြင်း ဖြစ်၍ ကျန်ရစ်သူမိသားစုများမှာ စိုးရိမ်သောကဖြစ်နေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုး၏ ပြောပြချက်အရ သိရသည်။

“ တစ်ရွာကို ၁၅ ယောက်လောက် ပါသွားတယ်၊ အဲ့ဒီလိုသာ အကြောင်းအမျိုးမျိုးပြပြီး ခေါ်နေရင် ရွာတွေမှာ ရွာသားတွေ ဆက်ပြီးနေဖို့ အခက်အခဲဖြစ်နေတယ်၊ တချို့ကတော့ ထိုင်းဘက်ကိုသွားပြီး အလုပ်လုပ်နေကြပြီး၊ မန္တလေးဘက်ကို ထွက်သွားတဲ့လူတွေလည်းရှိတယ်”ဟု ကျေးရွာအုပ်ချုပ်မှူးက ပြောကြား သွားသည်။

စိုင်အောင်ခမ်း






ရှုံးပွဲမရှိ စံချိန်ထပ်တင်နိုင်ခဲ့သည့် မေဝဲလ်သာအပေါ် ဝေဖန်မှုများမြင့်တက်

$
0
0


အမေရိကန်နိုင်ငံ၊ လက်စ်ဗေး ဂတ်မြို့တွင်ထိုးသတ်ခဲ့သည့် ပေါင် သန်း ၃ဝဝ တန် စိန်ခေါ်ထိုးသတ်ပွဲ တွင် ဒိုင်လူကြီးသုံးဦးစလုံး၏ တညီ တညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် အ နိုင်ရရှိခဲ့သည့် အမေရိကန် လက်ဝှေ့ ကျော် မေဝဲလ်သာ၏ နိုင်ပွဲနှင့်ပတ် သက်၍ ကမ္ဘာ့လက်ဝှေ့ ပရိသတ်ကြား တွင် အငြင်းပွားဖွယ်ရာ ရလဒ်အဖြစ် ဝေဖန်လျက်ရှိပြီး ထိုးသတ်စင်ပေါ် တွင် ပတ်ကွီအို၏ထိုးသတ်မှုကို ခံ စစ် အသာပေး ပြန်လည်ရင်ဆိုင်ခဲ့ ခြင်းအပေါ်လည်း ပရိသတ်များ မှ မေးခွန်းထုတ်လျက်ရှိသည်။


မေဝဲလ်သာနှင့် ပတ်ကွီအိုတို့ သည့် ပွဲချီ ၁၂ ချီစလုံး ထိုးသတ်ပြီး နောက် အဖြေမပေါ်သဖြင့် ဒိုင်လူ ကြီးများ၏ဆုံးဖြတ်ချက်အား ခံယူခဲ့ ရာတွင် ဒိုင်လူကြီးသုံးဦးစလုံးမှ ၁၁၈-၁၁ဝ၊ ၁၁၆-၁၁၂၊ ၁၁၆-၁၁၂ ဖြင့် အမေရိကန်လက်ဝှေ့ကျော် မေ ဝဲလ်သာအား အနိုင်သတ်မှတ်ပေးခဲ့ သည်။ ယင်းအတွက်ကြောင့် ဗြိတိန် နာမည်ကြီး သတင်းစာ တစ်စောင် ဖြစ် သည့် ဒေးလီးမေးလ်သတင်းစာ က မေဝဲလ်သာအနေဖြင့် အမေရိ ကန် နာမည်ကြီးအဆိုတော် ဘရူနို မတ်စ်၏ပုံစံအတိုင်း ထိုးသတ်စင် ပေါ်တွင် လုပ်ပြနိုင်ခဲ့ကြောင်း၊ ပေါ့ အဆိုတော်တစ်ဦးဖြစ်သည့် အရီယာ နာဂရန်ဒီ၏ ကဟန်အတိုင်း ပက်ကွီ အို၏ထိုးသတ်မှုများ အား ရှောင်တိမ်း နိုင်ခဲ့ကြောင်း ဝေဖန်လှောင်ပြောင် ဖော်ပြခဲ့ကြသည်။

ကစားသမားဘဝ ၄၈ ပွဲဆက် တိုက် ရှုံးပွဲမရှိ စံချိန်တစ်ရပ်တင် ထားနိုင်ခဲ့ပြီဖြစ်သည့် မေဝဲလ်သာက နိုင်ပွဲအတွက် ဘုရားသခင်နှင့် ပရိ သတ်များကို ကျေးဇူးတင်ကြောင်း၊ ပက်ကွီအိုအနေဖြင့် အကောင်း ဆုံးလက်စွမ်းရှိနေခဲ့သော်လည်းအ ကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်ခဲ့ ကြောင်းထုတ်ဖော်ပြောကြားသွားခဲ့ သည်။

Ref : ‪#‎Democracytodaynewspaper‬






အချိန်၏ တန်ဖိုး

$
0
0


ကျွန်တော်သည် ၂ဝ၁၄ ခုနှစ်တွင် နေပြည်တော် ကောင်စီမှ ဦးစီးကျင်းပသော အဋ္ဌမအကြိမ် သတ္တသတ္တာ ဟ တရားစခန်းသို့ သင်္ကြန်ပိတ်ရက်အတွင်း တရားစခန်း ဝင်ခဲ့ပါသည်။ နေပြည်တော်ကောင်စီမှ စီစဉ်ပေးသည် ဖြစ်၍ အလွန်တန်ဖိုးရှိလှသော အစီအစဉ်တစ်ခုဖြစ် ပါသည်။ နေပြည်တော်တွင် ရှိသော နိုင်ငံ့ဝန်ထမ်း ပြည်သူများ
သာမက တစ်နိုင်ငံလုံးရှိ တရားစခန်း ဝင်လိုကြသော နိုင်ငံ့ဝန်ထမ်း ပြည်သူ ပြည်သားများကို တစ်လလျှင် တစ်ကြိမ်တရားစခန်းဖွင့်လှစ်ပေးမည် ဆိုလျှင် အဆောက် အအုံများ ဆောက်လုပ် လှူဒါန်းထား ကြသော အလှူရှင်များ၊ ဆွမ်းကပ်၊ ဝေယျာဝစ္စပြုလုပ်ဒါန ပြုလိုကြသော မိဘပြည်သူများအတွက် အလွန်အကျိုးရှိ မည်ဖြစ်ပါသည်။

တရားစခန်းအတွင်းလာရောက် တရားပြသကြ သော ဆရာတော်၊ သံဃာတော်များမှာလည်း ကမ္ဘာ ကျော် ပထမလယ်တီဆရာတော်ကြီး၏ မူအတိုင်း ဆောင်ရွက်သွားကြသဖြင့် တရားစခန်းလာရောက်ကြ သူ ယောဂီ ၂ဝဝ ခန့်မှာ ဝမ်းသာပီတိဖြစ်ရပါသည်။ ခုနစ်ရက် တရားစခန်းအတွင်း ကိုးပါးသီလစောင့်ကြရပြီး အရုဏ်နှင့် နေ့ဆွမ်းများမှာ သက်သတ်လွတ် ဆွမ်း၊ ဘောဇဉ်များဖြစ်ပါသည်။ သို့သော် စီစဉ်သူများက တစ်ရက်နှင့်တစ်ရက် မထပ်ရအောင် စီစဉ်ထားကြသဖြင့် အလွန်ကောင်းမွန်လှပါသည်။
ကျွန်တော့အနေဖြင့် ပြောလိုသည်မှာ ငါးပါးသီလ၊ ကိုးပါးသီလစောင့်ရင်း အဒိန္ဒာဒါနာ ဝေရာမဏိ သိက္ခာ ပဒံ သမာဒိယာမိ (သူတစ်ပါးပစ္စည်း ဥစ္စာများကို မသိ စေဘဲ၊ မပေးဘဲယူခြင်းမှ ရှောင်ကြဉ်ပါ၏) ဆိုသော သီလပါ။ ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေဖြင့် တွေးမိ နေသည်မှာ ပစ္စည်းထက် အလုပ်လုပ်ချိန်ကို ပြည့်ပြည့် ဝဝ ထမ်းဆောင်နေပါ သလားဟု ပြန်လည် သုံးသပ် နေပါသည်။ မိမိနှင့်အတူတူ လက်အောက် ငယ်သား များကရော အချိန်ပြည့် ထမ်းဆောင်နေပါသလားဟု စဉ်းစားသုံးသပ်နေမိပါသည်။

လူတိုင်းကိုတော့ မဆိုလိုပါ။ တချို့မှာ တစ်နည်းအား ဖြင့် အချိန်ခိုးနေကြ သလားဟု ပြန်လည်သုံးသပ်ရန် လိုပါသည်။ အချို့ဝန်ထမ်းများမှာလည်း သတ်မှတ်ထား သည့် အချိန်ထက် အခွင့်အရေးမရဘဲ ပိုလုပ်နေရတာ ရှိပါလိမ့်ဦးမည်။ သီတဂူဆရာတော်ကြီး၏ တရားပွဲတစ်ခု တွင် ထင်ပါသည်။ သတ်မှတ်ထားသော အချိန်ထက်လျှော့ အလုပ်လုပ်တာလည်း အဒိန္ဒာဒါနာ မြောက်သည်ဟူ၍ ဟောကြားသည့် တရားနာဖူးပါသည်။

နမူနာ တစ်ခုကျွန်တော်တင်ပြလိုပါသည်။ ဂျာမနီ နိုင်ငံတွင် ကျွန်တော်ပါရဂူ ဘွဲ့ယူစဉ်ကာလက ကျွန်တော်၏ ကြီးကြပ်ဆရာ ပါမောက္ခ (Supervisor and Professor) တွင် အတွင်းရေးမှူးအဖွားကြီး (Secretary) ရှိပါသည်။ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈နာရီ ဆိုလျှင် ရုံးသို့ ရောက်နေပါပြီ၊ ညနေ ၅နာရီဆိုလျှင် ရုံးဆင်းပါပြီ၊ ကျွန်တော့်ဆရာကမူ နံနက် ၇နာရီခွဲ ရုံးရောက်၍ ည ၉နာရီ ၁ဝ နာရီမှ ရုံးကပြန်ပါသည်။ စက်ဘီးနှင့် ရုံးတက် ပါသည်။

အတွင်းရေးမှူးအဘွားကြီးသည် သူတစ်ယောက် တည်း လက်နှိပ်စက် စာရေးအလုပ်၊ စတိုမှူးအလုပ်၊ ဆရာ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူအလုပ်၊ ရုံး၏ ဘဏ္ဍာ ရေးမှူးအလုပ်၊ စာပေးစာယူ ရုံးအကူအလုပ် အကုန်လုပ် သည်။ အင်္ဂလိပ်လိုလည်း ပြောတတ်၊ ဆရာကိုယ်စား ကွန်ပျူတာရိုက်၊ e-mail ပို့စသည်ဖြင့် အမျိုးစုံလင်လှပါ သည်။ ကျွန်တော်တို့နိုင်ငံမှာ ဝန်ထမ်း ငါးဦးလုပ်ရမည့် အလုပ်ကိုသူတစ်ဦးတည်း လုပ်ပါသည်။ ကျွန်တော် ဝန်ခံပါသည်။ လခကတော့ ကျွန်တော်တို့ထက်ပိုပါသည်။

ကျွန်တော်တို့ နိုင်ငံသားတွေမှာတော့ လခတိုးပေးလျှင် သူ့လိုလုပ်နိုင်ပါ မည်လား၊ ယခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အစိုးရအလုပ်နှင့် ပုဂ္ဂလိကအလုပ်ဆို လျှင် ပုဂ္ဂလိကအလုပ်ကို ရွေးကြပါ သည်။ ရေဆင်း စိုက်ပျိုး ရေးတက္ကသိုလ်မှ ဘွဲ့ရသွားသော ကျောင်းသား ကျောင်းသူများပင် ပုဂ္ဂလိကစိုက်ပျိုးရေးဆေး၊ မြေသြ ဇာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (eg. IRRI. FAO. etc) စသည်ဖြင့် လခကောင်းကောင်း ရကြ၍ အလုပ်လုပ်ကြပါသည်။ သို့သော် မိမိရိုးသားမှုမရှိပါက လည်းကောင်း၊ မိမိ၏လုပ်ရည်ကိုင်ရည် စွမ်းဆောင် နိုင်မှုကို မကြိုက်ပါက လည်းကောင်း၊ ယနေ့ မကြိုက် လျှင် မနက်ဖြန် အလုပ်ပြုတ်ပါလိမ့်မည်။

ကျွန်တော်ပြောလိုသည်က အစိုးရအလုပ်ပဲလုပ်လုပ်၊ ပုဂ္ဂလိက အလုပ်ပဲ လုပ်လုပ် သတ်မှတ်ထားသော အချိန် အတိုင်း ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် အင်တိုက် အားတိုက် အလုပ်လုပ်ရပါမည်။ ဤကဲ့သို့ စွမ်းဆောင် ရည် မရှိပါက ဘုရားဟော အဒိန္ဒာဒါနာနှင့် မညီညွတ် နိုင် ပါကြောင်း ရေးပြ ချင်သော အတွေးတစ်စဖြင့် ရေးသားလိုက်ရပါသည်။

ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)









အာကာသအတွင်းစိုးမိုးမှုရယူနိုင်ရန် မြောက်ကိုရီးယားက ဂြိုဟ်တုများထပ်မံလွှတ်တင်သွားမည်ဟု ကင်မ်ဂျုံအွန်ပြောကြား

$
0
0








ဆိုးလ် ၊ ၅-၅-၂ဝ၁၅

မြောက်ကိုရီးယား နိုင်ငံသည် နျူကလီးယား ဒုံးကျည်များ ပစ်လွှတ် စမ်းသပ်မှု များကြောင့် နိုင်ငံတကာ အသိုက်အဝန်း ၏ ပြစ်တင်ရှုတ်ချမှု များစွာ ခံနေရစဉ် အာကာသ အတွင်း စိုးမိုးနိုင်ရေး အတွက် ဂြိုဟ်တု အများအပြား ကိုထပ်မံ လွှတ်တင် သွားဦးမည် ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန် က ပြောကြား ခဲ့သည်။

ကင်မ်ဂျုံအွန် သည် နိုင်ငံအတွင်း အသစ် တည်ဆောက် ထားသော ဂြိုဟ်တု ထိန်းချုပ်ရေး စင်တာသို့ သွားရောက်စဉ် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အာကာသ အတွင်း စိုးမိုးနိုင်ရန် အတွက် တီထွင်မှုများကို ကြိုးစား လုပ်ဆောင် ပေးကြရန် သိပ္ပံပညာရှင် များအား တိုက်တွန်း ပြောကြားခဲ့သည်။

ယခု မြောက်ကိုရီးယား၏ အာကာသ စိုးမိုးရေး အစီအစဉ်ကို မလိုလားသူများ ရှိမည် ဖြစ်သော်လည်း ၄င်းတို့ကို လျစ်လျူရှုကာ ဆက်လက် လုပ်ဆောင် သွားမည်ဟု ကင်မ်ဂျုံအွန် က ပြောကြား ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်း ဌာနက ဖော်ပြခဲ့သည်။ ထို့ပြင် လက်ရှိ တည်ဆောက် ထားသည့် မီတာ ၁၃၇၇ဝ ပတ်လည် ကျယ်ဝန်းသော အာကာသ ထိန်းချုပ်ရေး စင်တာသည် အမျိုးမျိုးသော ဂြိုဟ်တုများ လွှတ်တင်ရေး အတွက် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ထပ်လောင်း ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံသည် ၂ဝဝ၆ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်တွင် နျူကလီးယား ဒုံးကျည် စမ်းသပ်ခဲ့ မှုကြောင့် ကုလသမဂ္ဂ က ပိတ်ဆို့မှုများ လုပ်ဆောင် ပြီးနောက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် အာကာသ အတွင်းသို့ ဂြိုဟ်တုတစ်စင်း လွှတ်တင် ခဲ့သည်။ သို့သော် ယင်း လွှတ်တင်မှုသည် တိုက်ချင်းပစ် ဒုံးပျံကို စမ်းသပ် လွှတ်တင်ခြင်းသာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချ ခဲ့သည်။

#PyiChitThar






Viewing all 13897 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>