Quantcast
Channel: Oppositeyes
Viewing all 13897 articles
Browse latest View live

မြန်မာမြေငလျင်ပညာရှင်များ အစိုးရိမ်ဆုံးနေရာ

$
0
0

By
အောင်သစ်လွင်On
Wed, 2015-04-29 09:30Issue No.
အတွဲ (၁၄)၊ အမှတ် (၈)

၂၀၁၁ခုနှစ် မတ်လ၂၄ရက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား၇ရှိ တာလေငလျင်ကြောင့် တာလေမြို့ဝင်လမ်းမကြီး အက်ကွဲပျက်စီးနေစဉ် (ဓာတ်ပုံ−အားမာန်)


နီပေါနိုင်ငံ၌ အင်အားပြင်းငလျင်ကြောင့် လူထောင်ချီသေဆုံးပြီး အကြီးအကျယ်ပျက်စီးမှုကြုံခဲ့ပြီးနောက်
တွင် မြန်မာနိုင်ငံမှ မြေငလျင်ပညာရှင်များက စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ နှစ်ပေါင်းများစွာ မလှုပ်ခတ်ဘဲ ငြိမ်သက်နေသော အပိုင်းများ၌ ငလျင်များ လှုပ်ခတ်မည်ကို စိုးရိမ်နေကြလေသည်။

စစ်ကိုင်းပြတ်ရွေ့ကြောကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သည့် ငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက
မြန်မာနိုင်ငံ တောင်နှင့်မြောက်ဖြတ်သန်းသွားသည့် စစ်ကိုင်းပြတ်ရွေ့ကြောမှာ ၂၀၁၂ က နောက်ဆုံးလှုပ်ခတ်ခဲ့သည့် သပိတ်ကျင်းအပိုင်းမှလွဲ၍ ကျန်အပိုင်းများတွင် သတိပြုရန်လိုကြောင်း အကြံပြုသည်။ အဓိကအားဖြင့် ရန်ကုန်နှင့် အနီးဆုံးနေရာတွင်ရှိသည့် ပဲခူးဒေသအပါအဝင် ပြတ်
ရွေ့ကြော၏ တောင်ဘက် မလှုပ်ရှားသည်မှာ နှစ်ရှစ်ဆယ်ကျော်နေပြီ ဖြစ်သောကြောင့် ပြတ်ရွေ့ကြောများ၏ သဘာဝအရ အချိန်မရွေးလှုပ်နိုင်ခြေရှိကြောင်း ပြောသည်။

‘‘စစ်ကိုင်းပြတ်ရွေ့က မြောက်ပိုင်းလှုပ်ပြီးသွားပြီလေဗျာ။ သပိတ်ကျင်းဘက်မှာ။ တောင်ဘက်ကို နည်းနည်း
သတိထားဖို့တော့ လိုတယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးခွမြို့အနီးအထိ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ကြောကြီးနှင့် အချိန်မရွေး အသက်ဝင်လာနိုင်သည့် အခြားပြတ်ရွေ့ကြောများ
ရှိနေကြောင်း တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက ဒေါက်တာစိုးမင်းက နီပေါငလျင်နှင့်ယှဉ်၍ သတိပေးသည်။

‘‘မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့က အပိုင်းလိုက်ရှိနေတာ။ အထက်ပိုင်းရော၊ အောက်ပိုင်းရော။ လောလောဆယ် အစိုးရိမ်ဆုံးကတော့ ပဲခူးအပိုင်းပေါ့။ ၁၉၃၀ က လှုပ်ခဲ့တာဆိုတော့ မလှုပ်ဘဲ ငြိမ်နေတာက
နှစ်ရှစ်ဆယ်ကျော်နေပြီ’’ဟု တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်က
ထိက ဒေါက်တာစိုးမင်းကပြောသည်။


၂၀၁၂ နိုဝင်ဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ပြီးနောက် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပြိုကျနေစဉ် (ဓာတ်ပုံ − 7 DAY )

ဒေါက်တာစိုးမင်းက မြန်မာနိုင်ငံတွင် နှစ် ၈၀ နှစ်အထက်မှ နှစ်ရာချီ၍မလှုပ်ဘဲ အချိန်မရွေး လှုပ်ရှားနိုင်ခြေရှိ
သော ပြတ်ရွေ့ကြောများမှာ အပိုင်းလိုက်ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့ကြောအပြင် ရခိုင်ပြတ်ရွေ့ကြောနှင့် မေမြို့အနီးရှိ ကျောက်ကြမ်းပြတ်ရွေ့ကြောတို့ဖြစ်ကြောင်း ပြောသည်။ စစ်ကိုင်းပြတ်ရွေ့ကြောကြီးသည် ဟူးကောင်းတောင်ကြားမှစကာ မိုးကောင်း၊ အင်းတော်ကြီး၊ ထီးချိုင့်မြို့များမှ စစ်ကိုင်းမြို့သို့ ဖြတ်သွားသည်။ ထိုနေရာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်သား၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် ပျဉ်းမနား၊ ဖြူး၊ ပဲခူးမြို့၊ ထိုမှ ခရမ်းသုံးခွမြို့အနီးမှဖြတ်ကာ ကပ္ပလီပင်လယ်အတွင်း ထိုးဆင်းသွားကြောင်း ငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက အသေးစိတ်ရှင်းပြသည်။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုလည်း ဖြတ်သွားပြီး နေပြည်တော်-အမရပူရအပိုင်းသည် မလှုပ်ရှားဘဲ ငြိမ်နေသည်မှာ နှစ်ပေါင်းနှစ်ရာကျော်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် အင်အားပြင်းပြင်း လှုပ်သွားခဲ့သော အင်းဝ၊ ပဲခူးနှင့် စစ်ကိုင်းငလျင်များ၏ အဓိကလက်သည်တရားခံမှာလည်း ထိုပြတ်ရွေ့ကြောကြီးပင် ဖြစ်နေသည်။

‘‘အဓိက သတိပေးရရင်တော့ စစ်ကိုင်းပြတ်ရွေ့ပဲ။ စစ်ကိုင်းပြတ်ရွေ့မှာ အောက်မှာရှိတဲ့ ပဲခူးပိုင်း။ ပြီးတော့ ဖြူးပိုင်း။ ဆွာနဲ့ မြစ်ကြီးနား-ပူတာအိုပိုင်းပေါ့။ အဲဒီအပိုင်းကတော့ နှစ်ရှစ်ဆယ်ကျော်ပြီ မလှုပ်ဘဲရပ်နေတာ။ အဲဒီအထဲမှာမှ နေပြည်တော်နဲ့ အမရပူရအပိုင်းက မလှုပ်ဘဲနေတာ နှစ် နှစ်ရာကျော်ပြီ။ ဒါကြောင့် အချိန်မရွေး သတိထားရမယ့်အပိုင်းတွေ ဖြစ်နေတယ်’’ဟု ဦးစိုးသူရထွန်းက ပြောသည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် အင်အားပြင်းအဆင့်ဖြစ်သည့် ရစ်ခ်ျတာစကေး ၆ အထက်ကို စစ်ကိုင်းမြို့၊ တကောင်းမြို့နှင့် သပိတ်ကျင်းမြို့တို့ကို ဗဟိုပြု၍ ၁၉၅၆၊ ၁၉၉၀ နှင့် ၂၀၁၂ က လှုပ်ခဲ့သည်။ ထိုဖြစ်စဉ်များအရ စစ်ကိုင်းပြတ်ရွေ့ကြော၏အပိုင်းလိုက် လှုပ်ရှားမှုသည် နေရာဒေသလိုက်၍ အချိန်မရွေးသတိထားရန် လိုအပ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။

မြန်မာနိုင်ငံ မြေငလျင်အသင်းက မြန်မာနိုင်ငံရှိ ပြတ်ရွေ့ကြောများဖြတ်ရာ ဒေသများပြမြေပုံကို ထုတ်ဝေထားပြီး ငလျင်အန္တရာယ်အတွက် သတိပေးထားရာ ဒေသများတွင် အစိုးရဦးဆောင်၍ ငလျင်အန္တရာယ်အတွက် အသိပညာပေးသင့်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာဘူမိဗေဒဌာန ဧည့်ပါမောက္ခ ဒေါက်တာကျော်ထွန်းက အကြံပြုသည်။ ထို့ပြင် နီပေါငလျင်ဖြစ်စဉ်နှင့်ယှဉ်၍ ရန်ကုန်မြို့၌ ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေးကဏ္ဍ သင်ခန်းစာယူသင့်ကြောင်း ၎င်းက အလေးအနက်ပြောသည်။

‘‘နီပေါမှာ သူတို့ဆောက်ထားတဲ့ အဆောက်အအုံတွေက တကယ်အရည်အသွေးမီတဲ့ အဆောက်အဦမဟုတ်ဘူးလေဗျာ။ ဒါကြောင့်မလို့ ကျွန်တော်တို့ဆီမှာလည်း ငလျင်ကြောပေါ်ရှိနေတယ်။ အဲဒီဒေသတွေမှာ ငလျင်ဒဏ်ခံ အဆောက်အအုံအတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း
တွေနဲ့ ဆောက်သင့်တယ်။ အစိုးရက ပုဂ္ဂလိကကို ဆောက်လုပ်ခွင့်တွေ ဒလဟောပေးလိုက်တဲ့အချိန်မှာ ကန်ထရိုက်တိုက်တွေ အများကြီး ထွက်လာတယ်လေ။ တော်တော်များများက အရည်အသွေးမမီဘူး
လို့ ဝေဖန်ခံရတယ်လေ။ တကယ်လို့များ ပဲခူးငလျင်လိုမျိုးလှုပ်ခဲ့ရင် အများကြီးထိခိုက်နိုင်တယ်။ နောက်ဆောက်မဲ့ အဆောက်အအုံတွေအတွက် စနစ်တကျဖြစ်သင့်တယ်’’ဟု ဒေါက်တာကျော်ထွန်းကပြောသည်။

၂၀၁၄ က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲငလျင်ကြောရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်(အင်အားအနည်းငယ်)ဖြင့် တွံတေးမြို့အနီး ဗဟိုပြုလှုပ်ခဲ့သည်။ ရန်ကုန်မြို့တွင် သိသိသာသာ ခံစားလိုက်ရပြီး မြို့ခံလူထု စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ ပညာရှင်များကလည်း စစ်ကိုင်းပြတ်ရွေ့ကြော၏ ၎င်းတို့အစိုးရိမ်ဆုံးအပိုင်းဖြစ်သည့် ပဲခူးဒေသအပိုင်း လှုပ်ခတ်ပါက ရန်ကုန်တွင်ပါ သက်ရောက်နိုင်ကြောင်း မကြာခဏဆိုသလို သတိပေးနေသည်။ ၁၉၃၀ က လှုပ်ခဲ့သည့် ပဲခူးငလျင်ကလည်း ရန်ကုန်တွင်ပါ ခံစားခဲ့ရကာ လူသေဆုံးမှုနှင့်အတူ အဆောက်အအုံပျက်စီးမှုများ ရင်ဆိုင်ခဲ့ရဖူးသည်။ ပညာရှင်များ သတိပေးနေသည်မှာလည်း စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်ပဲခူးအပိုင်းလှုပ်ခတ်လျှင် ရန်ကုန်မြို့ကိုပါ ငလျင်သက်ရောက်လာနိုင်သည့် အန္တရာယ်ပင်။

သို့သော် လူနေသိပ်သည်းမှုအများဆုံးဖြစ်ပြီး အရည်အသွေးမမီသော အထပ်မြင့်အဆောက်အအုံများ
စွာရှိနေသည့် ရန်ကုန်တွင် အထပ်မြင့် အဆောက်အအုံများ ကြီးကြပ်ရေးကော်မတီမှအပ အစိုးရပိုင်းက မြင်သာထင်သာသော ငလျင်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ခြင်း
မရှိသေးပါ။ သမ္မတက ပထမဆုံးအကြိမ် ဖွဲ့စည်းစေခဲ့သည့် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည်လည်း သိသာထင်ရှားသော လုပ်ဆောင်ချက် ယနေ့အထိ မတွေ့ရချေ။

‘‘သဘာဝဘေးအန္တရာယ်အတွက် ကူညီလှုပ်ရှားပေးတဲ့ NGO တွေက ခုနေမှာ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ လူထုက ထလုပ်ဖို့ အသိပညာမှမရှိတာ မလွယ်လှပါဘူး။ စိတ်ပါဝင်စားမှုပိုင်း အားနည်းတာကလည်း စားဝတ်နေရေးအတွက် လုံးပန်းနေရလို့ပါ။ အစိုးရအနေနဲ့က မဖြစ်မနေလုပ်သင့်တယ်လို့ ပညာရှင်တွေ စတင်ရေးသားထားတာ စာတွေများများဖြန့်ဝေပေးသင့်တယ်။ အသိပညာတွေ ပေးသင့်တယ်။ social media တွေ၊ သတင်းဌာနတွေက အသိပညာများများဖြန့်ဝေပေးရပါမယ်။ အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေဆို မဖြစ်မနေ ဖြိုချပစ်ရပါမယ်။ စသဖြင့်ပေါ့။ သွေးအေးလို့ မနေသင့်ဘဲ လုပ်သင့်တဲ့အချိန် ရောက်နေပြီလို့ထင်ပါတယ်’’ဟု တောင်ဥက္ကလာပမြို့နယ်နေ ဒေါက်တာရီလွင်ကျော်ဇော်ကပြော
သည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်ကလည်း ငလျင်အန္တရာယ်နှင့်ပတ်သက်၍ ရန်ကုန်လိုမြို့တွင်သာမက နယ်ပေါင်းစုံရှိ ငလျင်ပြတ်ရွေ့ပေါ်မှ ဒေသခံများအနေဖြင့် နေအိမ်အဆောက်အအုံ တည်ဆောက်မှုအပိုင်းတွင် တစ်ဦးချင်းစီကြိုတင်သတိရှိရန်လိုကြောင်း ပြောသည်။

နီပေါနိုင်ငံတွင်တော့ ငလျင်၏ နောက်ဆက်တွဲအနိဋ္ဌာရုံ မြင်ကွင်းများက သွေးအလိမ်းလိမ်းဖြင့် လွှမ်းမိုးထားဆဲဖြစ်
သည်။ ပြတ်ရွေ့ကြောပေါ်ရှိနေသည့် မြန်မာနိုင်ငံကလည်း နီပေါနိုင်ငံသတင်းများကို ကြည့်နေရုံနှင့်မပြီးဘဲ သင်ခန်းစာယူကာ လိုအပ်ချက်များ အချိန်မီ ပြင်ဆင်နိုင်ရန် အရေးကြီးကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က အကြံပြုသည်။


7 Days







မိမိသမ္မတဖြစ်ဖို့ ပြည်သူကို ဆင်းရဲတွင်းထဲ တွန်းချတဲ့ ဒေါ်စု

$
0
0


နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့ UMFCCI ရုံးတွင် ကျင်းပသည့် အီးယူ-မြန်မာ စီးပွားရေးညီလာခံ(EU-Myanmar Task Force)တွင် ဥရောပကော်မရှင် ဒုတိယဥက္ကဌ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာအကြီးအကဲ Mrs. Catherine Ashton၊ ဥရောပသမဂ္ဂ ဒုတိယဥက္ကဋ္ဌ Mr. Antonio TAJANI၊ ဌာနအကြီးအကဲများ၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌနှင့် ဥရောပပါလီမန်အဖွဲ့ဝင်များ၊ ဥရောပ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊ ဥရောပနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြား
ရင်းနှီး မြှုပ်နှံမှုတွေလာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူ( ၄ ) ချက် ချမှတ်ပြီး ဆောင်ရွက်နေကြောင်း အဖွင့်မိန့်ခွန်းတွင် ရှင်းပြခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဆွေးနွေးမှုများ
ပြုလုပ်ခြင်းသည် အချိန်စောနေသေးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြီး (သို့မဟုတ်) အသစ်ပြန် လည်ရေးဆွဲခြင်း များ ဆောင်ရွက်ပြီးသည်အထိ ရင်းနှီးမြုပ်နှံမှုမလုပ်သေးဘဲ စောင့်ကြည့်နေ သင့်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ရင်းနှီးမြုပ်နှံမှုများ လုပ်ကိုင်စေလိုကြောင်း ဆွေးနွေးခဲ့သည်။

“၂၀၁၅ ဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒီမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတဲ့သူတွေ အသိအမှတ်ပြုထည့်သွင်းစဉ်းစားရမှာက အခုအချိန်အထိ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပြင်ဆင်ရေးကို မလုပ်နိုင်သေးဘူး ဆိုတာပါပဲ''ဟု ဆိုသည်။

ဒါ့အပြင် "နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လာရောက်ဖို့ ဖိတ်ခေါ်သူတွေဟာ အဲဒီလို ဖိတ်ခေါ်နေတဲ့ တစ်ချိန်တည်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လျစ်လျူမရှုသင့်ဘူး"ဟု ဆိုသည်။
ဒါ့အပြင် ဦးစိုးသိန်း၏ မနက်ပိုင်းမိန့်ခွန်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လုံးဝမပါသေးကြောင်း၊ ဦးစိုးသိန်းအနေဖြင့် မရှောင်လွှဲသင့်ကြောင်းလည်း ပုတ်ခပ်ပြောဆိုခဲ့သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှာမူ ယင်းအတွက် အချိန်ပိုထပ်မခံနိုင်ကြောင်း၊ ပြည်သူလူထု ပိုမိုကောင်းစားရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန် ရင်းနှီးမြှုပ်နှံမှု စိုးရိမ်ချက်သာရှိကြောင်း ချေပပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုသည် လွန်ခဲ့သောအနှစ် ၂၀ က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ခိုင်းသည့်လေသံနှင့် တစ်ထပ် တည်းဖြစ်နေပြီး ၎င်းသမ္မတဖြစ်မှ ဥရောပရင်းနှီးမြှုပ်နှံမှု များလာရောက် လုပ်ကိုင်ခိုင်းခြင်းသည် ပြည်သူထက် ကိုယ့်ကိုယ်ကို ပိုမိုဦးစားပေးသော အတ္တသမားတစ်ဦးအဖြစ် ထင်ရှား စေသည်။ အလားတူ စကားမျိုးကို ထိုင်းနိုင်ငံတွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်လည်း
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသည်။ လက်ရှိအချိန်သည် EU မှာ စီးပွားအကျပ်အတည်း
ဆိုက် ရောက်နေပြီး မြန်မာနိုင်ငံတွင်း စီးပွားရေးအဆောက်အဦများတည်ဆောက်ရန် အထူးစိတ်ဝင်စားလျက်ရှိပြီး အကောင်အထည်ဖော်ဖြစ်သွားပါက အလုပ်လက်မဲ့ မြန်မာပြည်သူပေါင်း သန်းနှင့်ချီကာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ တားမြစ်မှုကြောင့် ရင်းနှီးမြှုပ်နှံ မှုများ တုန့်ဆုတ်သွားနိုင်ကြောင်း ဒေါက်တာ နေဇင်လတ်က ဝေဖန်ခဲ့သည်။


ပြည်သူအတွက် အလုပ်လုပ်ရမည့် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့်
ပြည်သူလူထု ဘဝဆင်းရဲမွဲတေမှု လျှော့ချရေးရှေးရှုကာ ၎င်းကိုယ်တိုင်က အခွင့်အလမ်း များကို ဖိတ်ခေါ်ရ
မည့်အစား ယခုကဲ့သို့ တားဆီးပိတ်ဆို့နေခြင်းသည် နိုင်ငံရေးလုပ်ခြင်းနှင့်မတူပဲ ၎င်း၏ အကျိုးအတွက်
နိုင်ငံနှင့်ပြည်သူကို ဒုက္ခရောက်အောင် လုပ်နေသလိုဖြစ်နေသည်။ အတ္တသမား ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့မျက်နှာကိုမကြည့်ဘဲ မိမိသမ္မတဖြစ်ဖို့ ပြည်သူကို ဆင်းရဲတွင်းထဲ တွန်းချခြင်းမှာ အာဏာမက်မောသည့်ခေါင်းဆောင် (သို့) အာဏာရှင် လက်သစ်၏ လုပ်ရပ်သာ ဖြစ်နေပါ တော့သည်။



Rarzar





ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ အပေါ် သုံးသပ်ချက်

$
0
0

 မကြာခင်က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ အပေါ် အမြင်အမျိုးမျိုး ထွက်ပေါ် လာတာ တွေ့ရပါတယ်။ တချို့ ကလည်း အ ကောင်းမြင် ကြတယ်။ တချို့ ကလည်း ထင်ထား သလောက် လောက်လောက် လားလား ဖြစ်မလာဘူး ဆိုပြီး စိတ် ပျက်တဲ့ သဘောပြောကြ ရေးကြ တယ်။ ကျွန်တော်ကတော့ အစက တည်းက အများကြီး ထင်မထား ဘူး။ ဒါကြောင့် ဒီလို ရလဒ်မျိုး ထွက်လာတာ ကိုလည်း သိပ်တော့ မအံ့သြပါဘူး။ ပထမဆုံး ဘာ ကြောင့် သိပ် များများ မျော်လင့် မထားသလဲဆိုတာ တွက်ပြပါမယ်။ ကျွန်တော် ကတော့ ဒီခြောက်ပွင့် ကို ကြွေပစ်သလိုပဲ မျက်စိထဲမှာ မြင်နေမိတယ်။ ကြွေမှာလည်း တစ် စိတ်၊ တစ် ဗာယာ၊ တစ်ခြောက်၊ သုံးပေါက်၊ လေးပေါက် စသည် ဖြင့် ကြွေအမှောက် အလှန် ပေါ်မူ တည်ပြီး အပေါက်တွေ ရှိတယ် မဟုတ်လား။ အခု ခြောက်ပွင့် ကို ပဲ သင်္ချာနည်းနဲ့ Combination Permutation ပုံစံတွေ ဖွဲ့ပြီးတွက် ကြည့်မယ် ဆိုရင်လည်း ပုံစံအတွဲ အမျိုးမျိုး ထွက်လာပါလိမ့်မယ်။

တချို့တွေ တွက်ကြသလို Us Vs Them ပုံစံနဲ့ အစိုးရ၊ အတိုက် အခံဆိုပြီး ကြည့်ရင်တော့ လေး အချိုးနှစ် ပုံစံ ထွက်လာမှာပါ။ အဲဒီ အခါကျရင် အစိုးရ (အာဏာရ) အုပ်စု က အားများလို့ အတိုက်အခံ တွေ Voice မရှိတဲ့ အတွက် မျှော် မှန်းတဲ့ရလဒ် မထွက်တာ ဆိုတဲ့ ကောက်ချက် ထွက်လာနိုင်ပါတယ်။ အစိုးရနဲ့ လွှတ်တော်ဆိုတဲ့ ပုံ စံနဲ့ အစု ဖွဲ့ကြည့်ရင်တော့ ခုနကနဲ့ ပြောင်းပြန် နှစ် အချိုး လေး ပုံစံ ထွက်လာပါလိမ့်မယ်။ အဲဒီအခါ ကျ တော့လည်း အားမျှခြေမညီ လို့ အ ပိတ် ကစားသွားတာ ဆိုတဲ့ တွက် နည်းပေါ်လာဦးမှာပါ။ ကျွန်တော်ကတော့ ဒီပွဲကို နှစ်ယောက်တွဲ၊ သုံးအုပ်စု တြိဂံ ပုံစံနဲ့ မြင်တယ်။ ရွေးကောက်ပွဲ မလွတ်လပ်မှာ ကို စိုးရိမ်တာ မရှိနိုင်ပါဘူး။ ဒီ လောက် နိုင်ငံတကာ နဲ့ ပြည်တွင်း က မျက်လုံး ဒေါက်ထောက်ပြီး ကြည့်နေကြတာ မဟုတ်တာ လုပ်ဖို့ ခက်မယ် ဆိုတာ သိပြီးသားပါ။ ပြည်ခိုင်ဖြိုး မှာက လာမယ့် ရွေးကောက်ပွဲ အတွက် ဂူတစ်ခု တည်း ခြင်္သေ့က နှစ်ကောင် ဖြစ် နေပြီ။ ဒါ့အပြင် ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုး မဲ ဘယ်လောက်ရ မယ်၊ မရ ဘူး ဆိုတာကလည်း သိပ် သေချာလှတာ မဟုတ်ဘူး ဆိုတော့ ရေရာ သေချာဖို့အတွက် ဆိုရင် စစ် တုရင် ကစားကွက်နဲ့ ”ခွချက်” လုပ် ထားဖို့တော့ လိုမှာပါ။ ဒီတော့ နိပါတ်တော် ထဲက ဆိတ် နဲ့ ခွေးတို့ မြက်ထုံးနဲ့ အမဲသားလဲ စားသလို အပြန်အလှန် မှီခို ပူးပေါင်း ဆောင် ရွက်ရတော့မှာပေါ့။ ဘယ်ပါတီ နဲ့မဆို ပူးပေါင်းဆောင် ရွက် မယ် လို့ ပြောထားတာလည်း ရှိတယ်လေ။

သို့သော်လည်း ဇာတ်ညွှန်းအ ရ လိုက်ပြီး ကကြဖို့ ဆိုရင် လိုနေ တာလေးတွေ ရှိလိမ့်မယ်။ ဘာတွေ လဲဆိုတော့ ဆွဲဆောင်မှု Incentive ပေါ့။ လွှတ်တော်မှာ တပ်က ယူ ထားတဲ့ ၂၅ ရာခိုင်နှုန်း ကို ဖြုတ်ပြီး တပ်မတော်သားတွေ စစ်တန်း လျား ပြန်စေချင်တယ် ဆိုရင် သူတို့ အေးအေးဆေးဆေး စိတ်ချ လက် ချ ပြန် ချင်အောင် အခြေအနေ ဖန် တီးပေးဖို့တော့ လိုပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ လစ်ဘရယ် ဒီမိုကရေစီ စံနှုန်း အပြည့်ကို အတင်း အကျပ် ချက်ချင်း လက်ငင်း မရမနေ ပေး ကိုပေးရမယ် ဆို ပြီး တောင်းဆိုနေမယ် ဆိုရင်တော့ ဈေးတည့်ဖို့ မလွယ်ဘူး လို့ပဲ မြင်မိ ပါတယ်။ အင်ဒိုနီးရှားလို တပ်နဲ့ လူထု အကြားမှာ ယုံကြည်မှု တည် ဆောက်ရေး ပြဿနာ ကြီးကြီးမား မား မရှိတဲ့ နိုင်ငံ၊ လက်နက်ကိုင် ပဋိပက္ခ များများစားစား မရှိတဲ့ နိုင်ငံတောင်မှ လွှတ်တော်ထဲက တပ်ခွဲတမ်း ကို ဖြုတ်ဖို့ ခြောက်နှစ် ကြာခဲ့သေးတယ်။ ဒါတောင်မှ ၂ဝဝ၄ ခုနှစ် မှာ အာချေးဒေသ ပဋိပက္ခဟာ ဆူနာမီ ရေဘေးဒဏ် ကြောင့် နှစ်ဖက်စလုံးက မလွှဲ မရှောင်သာ လျှော့ကြရပြီး ငြိမ်း ချမ်းရေး ရသွားတော့မှ တပ်အတွက် စိတ်ချ လက်ချ ဖြစ် သွားစေခဲ့တာပါ။ ဒါ့အပြင် အရပ် ဘက်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်ဘက် အကြားမှာလည်း ဆက်ဆံရေးက အတော် ကောင်းခဲ့တာ တွေ့ရပါ တယ်။ ကိုယ့်နိုင်ငံရဲ့ လက်ရှိ အခြေ အနေ ကတော့ သိတဲ့အတိုင်းပါပဲ။ အရှိကို အရှိအတိုင်း ထည့်သွင်း စဉ်းစားမှလည်း ဈေးတည့်အောင် ညှိလို့ရကြ လိမ့်မယ် ထင်ပါတယ်။


ခြောက်ပွင့်ဆိုင်ရဲ့ အလားအ လာကို မှန်းဆရမယ် ဆိုရင်-

၁။ ကြီးကြီးမားမား ရလဒ်တွေ ချက်ချင်း ထွက်လာဖို့ မလွယ်နိုင်ပါ။ ဘာကြောင့်လဲ ဆိုတော့ ပြဿနာ တွေက နက်နဲ ရှုပ်ထွေးလှပြီး လူ တိုင်း ကိုယ်စီမှာ နောက်ကွယ်က ရည်မှန်း ချက်တွေ အကျိုးစီးပွား တွေ ရှိနေနိုင်လို့ပါ။

၂။ ရွေးကောက်ပွဲက နီးလာပြီ ဆို တော့ ရွေးကောက်ပွဲ ငန်းဖျားရောဂါ Election Fever က ဆွေးနွေး မယ့်ကိစ္စ အားလုံး အပေါ်မှာ လွှမ်း မိုးနေဖွယ် ရှိပါတယ်။ ရွေးကောက် ပွဲရဲ့ သဘောက သူနိုင်ရင် ကိုယ်ရှုံး ရစမြဲ zero-sum game ဆိုတော့ တစ်ဖက်နဲ့ တစ်ဖက်အလျှော့ ပေး ညှိနှိုင်းဖို့ ပိုခက်ခဲနိုင်ဖွယ် ရှိပါ တယ်။ အချင်းချင်း တစ်ဦး နဲ့တစ်ဦး ယုံကြည်မှု အားနည်းတဲ့ Low Trust Society တွေမှာ ပိုဆိုးဖို့ပဲ ရှိပါတယ်။ မြန်မာ့ သမိုင်းအစဉ် အလာကို ပြန်ကြည့်ရင် ဘယ်တုန်း ကမှ ညီညွတ်တဲ့ Team Work နဲ့ မ လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ဒီအ ချိန်က မြန်မာ့ သမိုင်းမှာ သည်းခံမှု တွေနဲ့ အကောင်းဆုံး စုပေါင်း ဆောင်ရွက်မှုကို ပြသသင့်တဲ့ အချိန် ရောက်ပါပြီ။

၃။ ဘာပဲဖြစ်ဖြစ် ဒီလို အရေးပါ တဲ့သူတွေ ပုံမှန် တွေ့ဆုံနိုင်တာဟာ ကောင်းတဲ့ ကိစ္စပါ။ အနည်းဆုံး တော့ အားလုံး သဘောတူဖို့ လွယ် ကူတဲ့ ကိစ္စတွေ မှာ ကောင်းမွန် တဲ့ ရလဒ်တွေ ထွက်လာနိုင်မယ်လို့
မျှော်လင့်ပါတယ်။

၎။ အရေးကြီးပြီး အကဲဆတ်တဲ့ ကိစ္စကြီးတွေ မှာတော့ နှစ်ဦး နှစ် ဖက် သဘောထား ကြီးမှု၊ မိမိအ ကျိုး၊ မိမိပါတီ၊ အစုအဖွဲ့ အကျိုး ထက် ပြည်သူ လူထု အကျိုး၊ တိုင်းပြည် အကျိုးကို ပိုပြီး ဦးစား ပေး နိုင်မှု၊ ပုဂ္ဂိုလ်ရေးတွေကို ခဏ ဖြစ်ဖြစ် မေ့ထားနိုင်ပြီး စိတ်ရှည် သည်းခံနိုင်မှု၊ ရှေ့တွင်ရော နောက် ကွယ်ပါ အဖြောင့် အတိုင်း ပြောဆို လုပ် ကိုင်ခြင်းဖြင့် တစ်ဦး နဲ့ တစ်ဦး ယုံကြည်ချက် ခိုင်မာအောင် တည် ဆောက်နိုင်မှုတွေ ကပဲ အောင်မြင် မှုကို ဆောင်ကြဉ်းနိုင် ပါလိမ့်မယ်။

ကျွန်တော်တို့ သာမန်ပြည်သူ တွေ ကတော့လူကြီးတွေ ဒီလောက် စုံစုံညီညီ တွေ့ကြတဲ့ ခက်ခက်ခဲခဲ ပွဲမျိုးကို အလဟဿတော့ ဖြစ်မ သွားစေချင်ဘူး။ ဒါက နောင်မှာ သမိုင်း ဥဒါန်း တွင်မယ့် ကိစ္စပါ။ ဒီလူကြီးတွေ မညီညွတ်နိုင်လို့ ဘာမှ ဖြစ်မလာဘူး ဆိုရင်လည်း သမိုင်းက ဒီအတိုင်းပဲ မှတ်တမ်း ဝင်သွားမှာပါ။ လူကြီးတွေပီပီ သဘောထား ကြီးကြီး နဲ့ ညီညီညွတ် ညွတ် ညှိနှိုင်းပြေလည် ကြမယ်ဆို ရင် လူကြီး အားလုံးကို ပြည်သူအား လုံးက လှိုက်လှိုက် လှဲလှဲ ကျေးဇူး တင် ဝမ်းမြောက်ကြ မှာပါ။ သမိုင်း တစ်လျှောက်လုံး အကွဲအပြဲ ဇာတ်လမ်းတွေ၊ ပဋိပက္ခတွေ နဲ့ ဖုံးလွှမ်း နေတဲ့ ဒီနိုင်ငံမှာ ညီညွတ်ရေး စံနမူ နာတစ်ခု ပြနိုင်ခဲ့မယ် ဆိုရင် ဒီလူ ကြီးတွေ အားလုံးပြည်သူ့ သူ ရဲကောင်း တွေအဖြစ် မော်ကွန်းထိုးခံ ကြရမှာ ပါ။ ညှိမရလို့ လမ်းပေါ်ထွက် လိုက်၊ အဓိက ရုဏ်းတွေဖြစ်၊ စစ်တပ်က အာဏာပြန်သိမ်းလိုက် နဲ့ အဆိုး သံသရာ လည်ပြီး နေဦးမယ် ဆိုရင် ကျွန်တော်တို့ တစ်တွေ ကျောက်ခေတ် ကို ပြန်ရောက်သွား ဖို့ပဲ ရှိတော့တယ်။ ဒီလောက်ဆို တော်လောက် ပါပြီဗျာ။ လူကြီးတွေ ကို ကျေးဇူးတင်ဖို့ပဲ စောင့်နေပါ မယ်။ ။

အလင်းသစ်
Credit=Popular






မဏ္ဍိုင်5 ၏ သုံးသပ်ချက်

$
0
0


ယနေ့ ဖြစ်ပွားနေသော လောက်ကိုင်စစ်ပွဲ ကို ကျွန်ုပ်တို့ မဏ္ဍိုင်5 အနေ ဖြင့် ဤသို့ သုံးသပ်သည်။
~~~~~~~~~~~~~~~~~~~~~~~
ကိုးကန့်လက်နက်ကိုင်တို့ ၏ ခေါင်းဆောင်သည် တစ်ခါက ဖုန်ကြားရှင်ဖြစ်ခဲ့သော်လည်း ဥပဒေ အတိုင်း မလိုက်နာပဲ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို နှင့် အခြားမသမာမှုများ၊ လူသတ်မှုများ အာဏာဖီဆန်၊ ပုန်ကန်မှု အမျိုးမျိုးကို အကြိမ်ကြိမ် ကျူးလွန် ခဲ့သည့်အတွက် ရာဇ၀တ်သား ဖြစ်သွားပြီး ၄င်း နှင့် အဖွဲ့ အစည်း ၏ ရပ်တည်မှု က တရားမ၀င်တော့ပေ။ ဖုန်ကြားရှင်သည် ရာဇ၀တ်သားကနေ လွတ်ငြိမ်းချမ်းသာခွင့် ရထားသော အဆင့်သာ ရှိပါသည်။


လက်ရှိ ကိုးကန့် ဒေသတွင် ပြည်သူက ရွေးကောက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ ရှိပြီးဖြစ်ပါသည်။ ထို့ ကြောင့် ဖုန်ကြားရှင်သည် ပြည်ပအခြေပြု လက်နက်ကိုင် သောင်းကျန်းသူ ခေါင်းဆောင်သာ ဖြစ်ပြီး ကိုးကန့် ဒေသအတွင်းရှိ ဥပဒေ ဘောင်အတွင်း နေထိုင်သူများ အား ကိုယ်စားမပြုပါ။ ထို့ အပြင် ကိုးကန့် ဒေသကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်မည်ဟု တရုတ်မီဒီယာ များတွင် ကြေငြာပြီး မှ စစ်မက်ပြုတိုက်ခိုက်လာသည့်အတွက် ကျူးကျော်စစ်အဖြစ်သတ်မှတ်ရမည် ဖြစ်ပါသည်။ ၄င်းကျူးကျော်စစ်ကြောင့် ယခုအခါ မိမိဖက်မှ စစ်သားများ များစွာကျဆုံးပါသည်။ ယခင်ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရသူသည် ထပ်မံပြစ်မှုကျူးလွန်လျှင် ထပ်မံကျူးလွန်သော ပြစ်မှု အတွက် ထိုက်သင့်သောပြစ်ဒဏ်စီရင်ခြင်းခံရမည်သာဖြစ်သည်။

ကိုးကန့် ကျူးကျော်သောင်းကျန်းသူများ၏ နောက်ကွယ်တွင် မြန်မာပြည်တည်ငြိမ်အေးချမ်းပြီး ဖွံဖြိုးတိုးတက်မည်ကို မလိုလားသော ပြည်ပအဖွဲ့ အစည်းများ ၏ ထောက်ပံ့မှုများစွာ ပါဝင်နေသည် ကို လေ့လာတွေ့ ရှိရပါသည်။ အစိုးရ အနေဖြင့် ထို ပြည်ပအဖွဲ့ အစည်းများ ၏ ပါဝင် ပတ်သက်မှု များကို ဖော်ထုတ်ပြီး အများသိသာအောင် ရှင်းလင်းတင်ပြသင့်ပါသည်။

မေ လ ၁ ရက်နေ့ မှစတင် ကျင်းပပြုလုပ်မည့် ငြိမ်းချမ်းရေး၊ NCA ကိစ္စရပ်များဆွေးနွေးမည့် ပန်ဆန်း အစည်းအဝေးတွင် လက်ရှိ မြန်မာ့တပ်မတော် နှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ပြည်ပအခြေစိုက် ကိုးကန့်ကျူးကျော်သောင်းကျန်းသူ အဖွဲ့ဖြစ်သော MNDAA နှင့် ၄င်း ၏ မဟာမိတ် TNLA, AA တို့ ကို ဖိတ်ကြား ထားသည်ကိုတွေ့ ရှိရသည်။

ကိုးကန့်ဒေသတည်ငြိမ်အေးချမ်းရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာကိုးကန့်သောင်းကျန်း သူ များအားလုံး လက်နက်ချရန်သာဖြစ်ကြောင်း၊ ၄င်းတို့ နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မရှိကြောင်း သမ္မတရုံးမှပြောဆိုလိုက်သည်ကို သိရှိရသည်။ အစိုးရ၏ရပ်တည်မှုကို ကျွန်ုပ်တို့ မဏ္ဍိုင်5 မှ ထောက်ခံပါသည်။ အစိုးရသည် တိုင်းပြည်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် စစ်မှန်သောငြိမ်းချမ်းရေးကို ရှေးရှုပြီး ယခုထက်ပို၍ ပြတ်ပြတ်သားသားလုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။

အစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် မှ UWSA အနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရန်၊ ပြည်ပအခြေစိုက်ကျူးကျော်သောင်းကျန်းသူ MNDAA နှင့် ၄င်း ၏ မဟာမိတ် TNLA, AA တို့ အား ပန့် ဆန်းဆွေးနွေးပွဲတွင် လုံးဝလက်ခံခြင်းမပြုရန် တရားဝင် သတိပေးသင့်သည်။

အစိုးရ နှင့် ပြည်ထောင်စု လွှတ်တော် အနေဖြင့် ယူနန်ပြည်နယ်အစိုးရ အား လက်ရှိ မြန်မာ့တပ်မတော်ကို စစ်မက်ပြုတိုက်ခိုက်လျက်ရှိသော ဖုန်ကြားရှင်ကို မည်သည့် အတွက် အကာအကွယ်ပေး ထားသနည်း။ အထောက်အပံ့ပေးထားသနည်း ဟု မေးခွန်းထုတ်သင့်ပါသည်။ ထို့ အတူ တရုတ်ပြည်မကြီးအစိုးရကိုလည်း နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး နှင့် နှစ်နိုင်ငံရေရှည် အကျိုးစီးပွားအတွက် တရုတ်နိုင်ငံယူနန်ပြည်နယ် အခြေစိုက် ဖုန်ကြားရှင် ဦးဆောင်သော MNDAA သောင်းကျန်းသူ အဖွဲ့ အား နှိမ်နင်းရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုတိုက်တွန်းသင့်ပါသည်။

အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူတစ်ရပ်လုံးအနေဖြင့် လည်း MNDAA နှင့် ၄င်း ၏ မဟာမိတ် အဖွဲ့ များ ပန့် ဆန်းဆွေးနွေးပွဲတက်ရောက်ခြင်းနှင့် ကျုးကျော်သောင်းကျန်းသူ အဖွဲ့ အားကျောထောက်နောက်ခံပြုပေးထားသော ယူနန်ပြည်နယ်အစိုးရ အား ပြည်တွင်း၌ ထိရောက်စွာ ကန့် ကွက်ကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

အမှုဆောင်အဖွဲ့ 
မဏ္ဍိုင်5
Myanmar 5th Pillar (M5P)
နေ့ စွဲ ။ ။ ၂၀၁၅၊ ဧပြီလ ၂၉ ရက်

မိတ္တူကို
-နိုင်ငံတော်သမ္မတရုံး
-ပြည်ထောင်စုလွှတ်တော်
-ရုံးလက်ခံ






တန်ချိန်ထောင်ချီသော မူးယစ်ဆေးဝါးများ “ဖြစ်ရပ်မှန်လား---လုပ်ကြံပြောဆိုမှုလား” - အပိုင်း (၅- အဆုံး)

$
0
0



ကိုးကန့်တပ်ဖွဲ့
----------------------------
ယခင်နာမည်ကျော်ကြားသောကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့မှ ခွဲထွက်တိမ်းရှောင်ခဲ့သည့် အသက် ၈၄ နှစ်အရွယ် ကွန်မြူနစ်ဝါဒီ ဖုန်ကြားရှင်ခေါင်းဆောင်သောအဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး
လောက်ကိုင်မြို့အားသိမ်းပိုက်ရန် တိုက်ခိုက်ခဲ့ပါသည်။ လေကြောင်း တိုက်ခိုက်မှု၊ အမြောက်ပစ်ခတ်မှု များအပါအဝင် လှံစွပ်ထိုးတိုက်ခိုက်မှုများဖြင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး အစိုးရတပ်များကအရေးပါသော
တောင်ကုန်းများကို ပြန်လည်သိမ်းပိုက်ရယူခြင်းများဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံနယ်စပ်မှ မီတာ တစ်ထောင်ခန့်သာကွာဝေးသည့်နေရာများသို့တိုင် ရောက်ရှိခဲ့ပါသည်။

မြန်မာ့တပ်တော်နှင့် သောင်းကျန်းသူတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပမာဏအလွန်များပြား
သောမူးယစ်ဆေးဝါးမျိုးစုံ သိမ်းဆည်းရမိခဲ့သဖြင့် လူအများအံ့အားသင့်ခဲ့ရ ပါသည်။ ကိုးကန့်သောင်းကျန်းသူများသည် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း အသိစိတ်ပျောက်၍ မဆင်မခြင်လုပ်ဆောင်မှု များပြုစေရန်အတွက် ဆေးကျွေးထားခြင်းခံရကြောင်း စစ်မြေပြင်ရောက် မြန်မာ တပ်မတော်တပ်မှူးများက သုံးသပ်ခဲ့ကြပါသည်။

တိုက်ခိုက်မှုများသည် ၂ လခန့်ကြာမြင့်လာခဲ့ပြီး တန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများ သိုလှောင်ထားသည်
ဆိုသည့် ယုံကြည်နိုင်ဘွယ်မရှိသော သတင်းများထွက်ပေါ်လာ ပါသည်။ ပြင်းထန်စွာတိုက်ခိုက်မှုများနှင့် လှုပ်ရှားစစ်ကစားမှုများကြောင့် မိုင်းလားဒေသတွင် ကိုးကန့် သောင်းကျန်းသူများ(MNDAA) ၊ စိုင်းလင်းဦးဆောင်သော မိုင်းလားတပ်ဖွဲ့ ( NDAA) နှင့် “ဝ” တပ်ဖွဲ့တို့မှ ထုတ်လုပ်ထားသော ဘိန်းဖြူ၊ အဖက်တမင်း၊ မီသာအဖက်တမင်း၊ ရာဘ နှင့် Ice စသည့် တန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများပိတ်မိနေပါသည်။ “ဝ” တပ်ဖွဲ့အနေဖြင့် ထိုမူးယစ်ဆေးဝါး များကို မာကာအိုနှင့် ဟောင်ကောင်သို့ ပို့ရန်စီစဉ်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ထိုသောင်းကျန်းသူ အဖွဲ့များအနေဖြင့် တရုတ်နိုင်ငံ၊ ဟောင်ကောင်နှင့် မာကာအိုတို့တွင် လျှို့ဝှက်ငွေစာရင်းများစွာရှိပြီး မူးယစ်ဆေးဝါးမှရရှိသောငွေများကို ထိုငွေစာရင်းများဖြင့် သိမ်းဆည်းထားသည်ဟုလည်းသိရှိရပါသည်။ ၎င်းတို့အနေဖြင့် ငှားရမ်းထားသော ကြေးစားစစ်သားများအား အခကြေးငွေပေးရန်၊ တရုတ်နိုင်ငံ နယ်စပ်ရှိ နမ်ခမ်းဆေးရုံတွင် တက်ရောက်ကုသနေသော ကြေးစားစစ်သားများ၏ ဆေးကုသစရိတ်များ ပေးရန်အတွက် တန်ချိန်ထောင်နှင့်ချီရှိနေသော မူးယစ်ဆေးဝါးများကိုအရေးတကြီးရောင်းချရန် လိုအပ်လျက်ရှိသည်ဟု အထောက်အထားများအရ သိရှိရပါသည်။

ထိုတန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများကို ဖုန်ကျားရှင်၏သမက်ဖြစ်သူ ဦးစိုင်းလင်း နေထိုင်ရာ မိုင်းလားအထူးဒေသ-၄ နယ်မြေအတွင်းသိုလှောင်သိမ်းဆည်ထားခြင်းဖြစ်သည်ဟု သိရှိရ ပါသည်။ ထိုမူးယစ်ဆေးဝါးများကို ဖုန်ကျားရှင်၏ အစီအစဉ်ဖြင့် “ဝ” တပ်ဖွဲ့မှကူညီကာ ဖြန့်ခွဲသွားနိုင်ရေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမူးယစ်ဆေးဝါးများရောင်းဝယ်မှုမှရရှိမည့်ငွေများကိုလည်း လက်နက်များ
ထပ်မံဝယ်ယူရန်နှင့် မေလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တိုင်းရင်းသားလူနည်းစုများ အစည်းအဝေးကျင်းပရာတွင် အသုံးပြုရန်ရည်ရွယ်ထားကြောင်း ကိုလည်းသိရှိရပါသည်။

အကယ်၍သာ တန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများအားလုံးသိမ်းဆည်းရမိမည် ဆိုပါက သမိုင်း
တစ်လျှောက်အများဆုံးသော မူးယစ်ဆေးဝါးပမာဏဖြစ်ပေမည်။ မြန်မာနိုင်ငံအစိုးရနှင့် အတူ တရုတ်နိုင်ငံအစိုးရ၏ပူးပေါင်းပါဝင်မှု ကုလသမဂ္ဂဆိုင်ရာ မူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါသည်။

မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် ထိုကိစ္စနှင့်ပတ်သက်၍ လွန်စွာစိတ်ဝင်စား လျက်ရှိပြီး အခြားနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ အစည်းများပူးပေါင်းပါဝင်ပါက ထိုမူးယစ်ဆေးဝါးများကိုလျှင်မြန်စွာ ဖမ်းဆီးရမိနိုင်မည်ဖြစ်ပါသည်။

Credit-Aung Kyaw Nyunt











ဗိုလ်ချုပ်ရုပ်ရှင်နောက်ကွယ်က အရှုပ်တော်ပုံများ (အပိုင်း - ၁)

$
0
0

===================================
၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားတွင် နိုင်ငံတကာအထိ ရုံတင်ပြသဖို့ရည်ရွယ်ချက်နဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစတင်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဗိုလ်ချုပ်ရာပြည့်အခမ်းအနား ပြီးဆုံးလို့ ၂ လအကြာ အထိ အစအနပျောက်နေပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို
ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ အဖြစ်တာဝန်ယူ ဖွဲ့စည်းခဲ့ပါတယ်။

-
စတင်ဖွဲ့စည်းချိန်ကစပြီး ကမ္ဘာအရပ်ရပ်မှ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်တဲ့ ပြည်သူများက အလှူငွေများ ထည့်ဝင်ခဲ့ရာ ကျပ်ငွေ သိန်းပေါင်းများစွာ ရခဲ့ပါတယ်။ များစွာရခဲ့ပါတယ်။ ဒါ့အပြင် သီးသန့်အလှူခံပွဲတွေလည်း လုပ်ခဲ့ပါသေးတယ်။ ကော်မတီ စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက ရန်ပုံငွေပေါင်း သိန်း ၁၅၀၀ ထိရခဲ့ပေမယ့် စရိုက်မယ့်အချိန်မှာ သိန်း ၅၀၀ ကျော် ပျောက်ဆုံးခဲ့လို့ အလှူငွေ ထပ်ကောက်ခဲ့ရပါတယ်။ လက်ကျန်သိန်း ၁၀၀၀ ခန့်နဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန်အခက်အခဲဖြစ်ရကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီမှာ ဘဏ္ဍာရေးတာဝန်ယူထားတဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ပြောခဲ့ပါတယ်။

-
အလှူငွေများကို ထပ်မံကောက်ခံခဲ့ပြီး ဧရာဝတီဘဏ် စာရင်းရှင် နံပါတ် ၀၀၈၀ ၁၀၂၀ ၁၀၀၀ ၃၂၃၀ နှင့် စုငွေစာရင်းနံပါတ် ၀၀၈၀ ၂၀၂၀ ၁၀၀၂ ၂၆၈၉ သို့ လည်းကောင်း၊ ပြည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည် “Bogyoke Aung San Film Funding” သို့လည်းကောင်း လှူဒါန်းနိုင်တယ်လို့ ကြော်ညာထားပါတယ်။ တနိုင်ငံလုံးကလည်း အုန်းအုန်းကြွက်ကြွက်နဲ့ ၀ိုင်းဝန်းလှူဒါန်းခဲ့ကြ
ပေမယ့်အလှူငွေဘယ်လောက်ရပြီး ဘယ်အတိုင်းအတာထိ ရိုက်ပြီးလဲဆိုတာကိုတော့ ၃ နှစ်ကျော်တဲ့အချိန်ထိ ထုတ်မပြောနိုင်ခဲ့ပါဘူး။

-
ထိုအချိန်က နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ထဲ ပါတာ၊ မပါတာနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ပါသေးတယ်။ ဦးကျော်သူရဲ့ အဖေ ဦးစိန်တင်က သူပိုင်တဲ့ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်ဇာတ်ကား ရိုက်ဖို့ လှူဒါန်းခဲ့ ပါတယ်။

ဖြစ်ချင်တော့ ဦးကျော်သူ တို့ရဲ့ အမျိုးသား ရုပ်ရှင် ဆိုတာ အရင်က နှစ်စဉ် အခွန်ကြေး မပေးဆောင်တော့တဲ့ အတွက် အပိတ်ခံထားရတဲ့ ကုမ္ပဏီ တခုဖြစ်ပါတယ်။ ဦးကျော်သူတို့ရဲ့ အမျိုးသားရုပ်ရှင် အတွက် အရင်က မပေးဆောင်ခဲ့တဲ့ နှစ်အလိုက် အခွန်ကြေးတွေကို ကျပ်သိန်း ဆယ်ဂဏန်းကျော်ကို အလျော်ပေး
ခဲ့ရပြီး ပြည်သူတွေလှူဒါန်းခဲ့တဲ့ ပိုက်ဆံတွေကို အကြွေးဆပ်ခိုင်းလို့ ဦးကျော်သူကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေက ဝိုင်းပြီး အပြစ်တင်ခဲ့ကြပါသေးတယ်။

-
(ဆက်လက်ဖော်ပြပါမည်)
သူရမောင်မောင်






အမေရိကန်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မူးယစ်ရာဇာတွေ “၀” ဒေသမှာ မူးယစ်ဆေးဝါးများ တန်ချီ ထုတ်နေ

$
0
0



ဧပြီလ ၂၉ ရက်၊ ၂၀၁၅

လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းက ထိုင်း - မြန်မာ နယ်စပ်မှာ “၀” ဒေသထုတ် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၈) သိန်းကျော်ကို ထိုင်းဘက်မှ ဖမ်းဆီးရမိတဲ့သတင်း အွန်လိုင်းမှာ ဟိုးလေးတကျော် ပျံ့နှံ့လာတာတွေ့ရပါတယ်။ တစ်နေရာတည်းမှာ ဖမ်းမိတာတောင် စိတ်ကြွဆေးပြား ၈ သိန်းဆိုတော့ “၀” ဒေသတစ်ခုလုံးနဲ့ ယှဉ်ကြည့်ရင် တန်ချီထုတ်လုပ် ဖြန့်ဖြူးနေတယ်လို့ ဆိုနိုင်ပါတယ်။

“၀” ဒေသမှာ မူးယစ်ဆေးဝါးတွေ ယနေ့အချိန်ထိ ထုတ်လုပ်နေတယ်ဆိုတာ နယ်စပ်မှာအခုဖမ်းဆီးရမိတဲ့ ဆေးပြားတွေက သက်သေပြနေပါတယ်။ မူးယစ်ရာဇာတွေဟာ ဒီမူးယစ်ဆေးဝါးနဲ့ စီးပွားရှာနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်တစ်ချက်လို့ ပြောနိုင်ပါတယ်။ ဒီနေ့လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအားလုံးထဲမှာ UWSA အဖွဲ့ဟာ လူ၊ လက်နက်အင်အားရော စီးပွားဥစ္စာဓနအင်အားမှာပါ အတောင့်တင်းဆုံးလို့ သတ်မှတ်လက်ခံနေကြရပါပြီ။ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ၊ ဟိုတယ်လုပ်ငန်းတွေဟာ ယောင်ပြသာဖြစ်ပြီး နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးကိုသာ တစိုက်မတ်မတ် လုပ်နေတာဖြစ် ပါတယ်။

“ ထိုင်းဘက်က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေမှာ “၀” ဒေသထုတ် WY အမှတ်အသားပါတယ်လို့ ကြားတယ်၊ “၀” ဒေသကထုတ်တဲ့ WY တံဆိပ်က နာမည်ကြီးပဲလေ၊ မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက်မှာတော့ အဲဒီတံဆိပ်ပါတဲ့ ဆေးပြားက လူကြိုက်များတယ်လို့ သိရတယ်၊ ထိုင်းနဲ့ တရုတ်မှာဆိုရင် ဈေးမြင့်တယ်လို့ ပြောကြတာပဲ ” ဟု တာချီလိတ် မြို့ခံတစ်ဦးက ပြောပါတယ်။
“၀” ဒေသမှာ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဘိန်းစိုက်ပျိုးမှု မရှိတော့ဘူးလို့ ယင်းအဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ ဦးအောင်မြင့်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။ ဘိန်းမစိုက်ပေမယ့် မူးယစ်ဆေးဝါးတွေ ပိုပြီးထုတ်လုပ်နေ တာကိုတော့ ထိုင်း၊ တရုတ်နယ်စပ်တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားခံတွေက သက်သေပြနေပါတယ်။

“ အဲဒီလို ပြောကြတာပါပဲ၊ “၀” မှာ ဘိန်းမစိုက်တော့ဘူးဆိုတဲ့ စကားကို လက်ခံပေးလို့ရပါတယ်၊ ဒါပေမယ့် မူးယစ်ဆေးဝါး တွေ တန်နဲ့ချီပြီး ထုတ်နေတာကိုတော့ ပြောချင်ပါတယ်၊ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံကြီးတွေနဲ့ကို “၀” ခေါင်းဆောင်တွေ က စီးပွားဖြစ် ထုတ်လုပ်တာ၊ တာချီလိတ်နဲ့ မြ၀တီမြို့တွေကနေ အဲဒီ “၀” ခေါင်းဆောင်တွေ ဖြတ်သွားနေတာ တွေ့နေတာပဲ၊ တစ်ဖက်နိုင်ငံကို နယ်စပ်ကနေတစ်ဆင့် မူးယစ်ဆေးတွေ သွင်းနေတာလေ ” ဟု မြ၀တီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။

“၀” ဒေသမှ UWSA ခေါင်းဆောင်များသည် မူးယစ်ဆေးဝါးနာမည်ဆိုးဖြင့် ကျော်ဇောမှုကြောင့် အမေရိကန်နိုင်ငံကတောင် မူးယစ်ရာဇာတွေအဖြစ် သတ်မှတ်ပြီး သူတို့ကို ဖမ်းမိရင် အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မယ်ဆိုပြီး ၂၀၁၀ ခုနှစ်အတွင်း က ဖမ်းဝရမ်းထုတ် ကြေငြာခဲ့တာဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်ခံထားရတဲ့ မူးယစ်ရာဇာတွေဟာ ယနေ့အချိန်ထိ မူးယစ် ဆေးဝါးလုပ်ငန်းနဲ့ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ( Drug Enforcement Administration – DEA )ရဲ့ အစီရင်ခံစာ တစ်ခုမှာ “၀” အဖွဲ့ဟာ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံး မူးယစ်ဆေးကုန်သွယ်နေတဲ့ အဖွဲ့ ဖြစ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံများမှတစ်ဆင့် သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေး အချိတ်အဆက်ကွန်ယက်တွေ ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။
“ “၀” ဒေသကနေ မူးယစ်ဆေးဝါးတွေ တန်ချီရုံတင်မကလို့ ဘယ်လောက်ပဲ ထုတ်နေပါစေ UWSA ခေါင်းဆောင်ပိုင်းတွေပဲ ချမ်းသာနေကြတာလေ၊ အောက်ခြေတပ်ဖွဲ့ဝင်တွေက ဆင်းရဲတွင်းထဲကနေ ရုန်းမထွက်နိုင်ဘူး၊ ဘာထူးလို့လဲ ဒေသခံတွေလည်း ဒုက္ခဆင်းရဲမျိုးစုံ ကြုံနေရတာပါ၊ မူးယစ်ဆေးဝါးတွေ ဒီဒေသမှာ ပပျောက်စေချင်ပါပြီ ” ဟု “၀”ဒေသခံ ပြည်သူတစ်ဦးက ဆိုပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုကနေရတဲ့ အကျိုးအမြတ်တွေကိုတော့ ခေါင်းဆောင်ကြီးတွေကပဲ ခံစားနေရတာပါ၊ မူးယစ်ဆေးဝါးကြောင့် “၀” ဒေသ ပြည်သူတွေကတော့ ဒုက္ခဆင်းရဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို ခေါင်းဆောင်ကြီးတွေက မသိသလို လုပ်နေကြပါတယ်။ ပြည်သူတွေတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မူးယစ်ဆေးဝါးကိစ္စတွေမှာ အသက်နဲ့ ရင်းပြီး လုပ်ပေးနေကြရတဲ့ လက်အောက်ငယ်သားတွေဟာလည်း စီးပွားရေးကြပ်တည်းပြီး လူနေမှုဘ၀နိမ့်ကျလွန်းနေ တယ်လို့ United Nations High Commissioner for Refugees (UNHCR) ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားတယ်လို့ လည်း သိရှိရ ပါတယ်။

‪#‎မြင့်မောင်မောင်‬








WC မှသည် FRC သို့ … မဖြစ်စေလိုပါ

$
0
0


ပြီးခဲ့သည့် ဧပြီလ ၄ ရက် စနေနေ့တွင် ထွက်ရှိသည့် နိုင်ငံပိုင်ကြေးမုံသတင်းစာကြီး၏ အတွင်းစာမျက်နှာ (၁၁) တွင် မထင်မရှား သတင်းတစ်ပုဒ်ပါလာပါသည်။ သတင်းမှာ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် (၃၁/၂၀၁၅) ဖြစ်သည်။ မထင်မရှားဟု ဆိုရခြင်းမှာ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ ဆိုသည်မှာ နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ထုတ်ပြန်ပေးရသော ကြော်ငြာစာဖြစ်သည်။

ပုံမှန်အားဖြင့် သတင်းစာများ၏ ရှေ့မျက်နှာဖုံး သို့မဟုတ် နောက်ကျောဘက် စာမျက်နှာများတွင်သာ
ဖော်ပြလေ့ရှိပြီး အခြားနိုင်ငံတော်အဆင့် အရေးကြီးသတင်းများ ဖော်ပြရန်ရှိ၍ နေရာမလောက်ငှမှသာ အတွင်းစာမျက်နှာတွင် ရိုက်နိုပ်ဖော်ပြပြီး သတင်းခေါင်းစဉ်အား မာတိကာတွင် ထည့်သွင်းလေ့ရှိပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာထုတ်ပြန်သည့် သတင်းအား မာတိကာ တွင်လည်း ထည့်သွင်းထားခြင်း
မရှိပါ။ ရှေ့မျက်နှာဖုံးတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ဘိုးအင်းလေယာဉ် ၁၀ စင်း ငှားရမ်းပြေးဆွဲမည့်သတင်း၊ နောက်ကျောဘက်တွင် အာစင်နယ်နည်းပြ ဝင်းဂါးနှင့် ကစားသမား ဝဲလ်ကော့၏ သတင်းများကိုတော့ စားလုံးကြီးများနှင့် အသားပေးဖော်ပြ ထားသည်ကို တွေ့ရပါသည်။

အတွင်းစာမျက်နှာ၌လည်း အမိန့်ကြော်ငြာစာပုံစံဖြင့်မဟုတ်ပဲ အဖွဲ့ဝင် (၉) ဦး ပါဝင်သော ယာယီသက်သေခံလက်မှတ်နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာ
သုံးသပ်အကြံပြုရေးကော်မရှင် ဖွဲ့စည်းကြောင်းကို တစ်ကော်လံခွဲစာ သတင်းတိုပုံစံတစ်ခု အနေနှင့်သာ ဖော်ပြထားသည်။

ထိုကော်မရှင်အဖွဲ့ဝင် (၉) ဦးမှာ မည်သူမည်ဝါမှန်း ကျွန်ုပ်တို့မသိ၊ တာဝန်နှင့် လုပ်ပိုင်ခွင့် မည်ကဲ့သို့ခွင့်ပြုထား
သည်ကိုလည်း ကျွန်ုပ်တို့မသိ၊ အချိန်ကာလအားဖြင့် မည်သို့ သတ်မှတ်ထားသည်ကိုလည်း ကျွန်ုပ်တို့မသိ၊ ဘာမှရေရေရာရာမသိရပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အာဏာသုံးရပ် အပြန်အလှန်ထိန်းကျောင်း
သည့် ခေတ်ကြီးတွင် အစိုးရနှင့်လွှတ်တော် အပြိုင်အဆိုင် ကော်မတီ/ကော်မရှင်ဖွဲ့တမ်း ကစားနေကြသလားဟု ထင်မှတ်ရအောင်ပင် ကော်မတီ/ကော်မရှင်များက ပေါများလှပါသည်။

ကျွန်ုပ်တို့ပြည်သူများအနေဖြင့် အဆိုပါ ကော်မတီ/ကော်မရှင်များ၏ တာဝန်ယူမှု တာဝန်ခံမှုများ
အပေါ် ပြန်လည်ဆန်းစစ်ကြရမည့် အချိန်သို့ ရောက်ရှိလာပြီဟု ယူဆမိပါသည်။ လက်တွေ့အားဖြင့် ယာယီသက်သေခံလက်မှတ်နှင့် ပတ်သက်၍ (၉) ဦး ကော်မရှင်ပင် ဖွဲ့နေစရာမလိုပါ။

ပြည်ထောင်စုရှေ့နေချုပ်ရုံး ရှိသည်၊ ကဏ္ဍအသီးသီး အတွက် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့များရှိသည်။ ဒါ သူတို့လုပ်ရမည့် အလုပ်ပင်ဖြစ်သည်။ပထမဦးဆုံးသိရှိလိုသည့် အချက်မှာ ကျွန်ုပ်တို့ ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်အတွင်းတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ မည်မျှရှိသနည်း -

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လွှတ်တော်သို့တင်ပြချက်အရ မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ၈ ဒဿမ ၅ သိန်းကျော်ရှိသည်ဟု ဆိုသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အရ လက်ရှိ မြန်မာနိုင်ငံအတွင်း အသက် (၁၈) နှစ်ပြည့်ပြီး ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ၅ သိန်း ၉ သောင်း ၁၆ ယောက်ရှိသည်ဟု ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုး၏ ပြောကြားချက်အရ ရခိုင်ပြည်နယ်တစ်ခုတည်းတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ခုနစ်သိန်းနီးပါးရှိသည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ ၁၉/၂၀၁၅ အရ အဆိုပါယာယီသက်သေခံ လက်မှတ်များ၏ သက်တမ်းကုန်ဆုံးမည့်ရက်မှာ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ဖြစ်၍ ပြန်လည်
အပ်နှံရမည့် နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ဖြစ်ပါသည်။

“ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံခြင်း”
---------------

၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကာလသည် ယာယီသက်သေခံလက်မှတ်များ ပြန်လည်အပ်နှံရမည့်ကာလဖြစ်သည်။ နည်းဥပဒေတွင် သက်တမ်းကုန်ဆုံးပြီး ၇ ရက်အတွင်း ပြန်လည်အပ်နှံရမည်ဟု ပြဋ္ဌာန်းထားသော်လည်း နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အရ အချိန်ကာလ ၂ လ ပေးထားသဖြင့် လုံလောက်မှုရှိသည်ဟု ယူဆပါသည်။

သို့ရာတွင် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံရေးလုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုရှိပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရန်တော့ လိုအပ်ပါသည်။ ထိုသို့ညီညွတ်စေရန်မှာ
ပြန်လည်အပ်နှံသူနှင့် ပြန်လည်လက်ခံသူ နှစ်ဦးနှစ်ဘက်လုံးတွင် တာဝန်ရှိပါသည်။ ဤအချက်များကိုလည်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လိုအပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပါ ပြဋ္ဌာန်းချက်မှာ -

၆။ (၁) မည်သူမဆို -
(က) ဤအက်ဥပဒေ ကိစ္စများအလို့ငှာ အကြောင်းအရာတစ်ခုခုကို ဖော်ပြရာ၌ သိလျက်နှင့်ဖြစ်စေ၊ အရမ်းမဲ့ဖြစ်စေ အရေးကြီးသောအချက်၌ မဟုတ်မမှန်သော အကြောင်းအရာ တစ်ခုခုကို ဖော်ပြလျှင် သော်လည်းကောင်း။

(ခ) လိမ်လည်ရန် အကြံအစည်နှင့် -

(၁) မိမိသည်၊ သိုတည်းမဟုတ် အခြားသူတစ်ဦးတစ်ယောက်သည် သက်သေခံကတ်ပြားတွင် ဖော်ပြထားသူဖြစ်သည်ဟု မဟုတ်မမှန် ဖော်ပြလျှင်သော်လည်းကောင်း။

(၂) ဤအက်ဥပဒေနှင့်အညီ ပြုလုပ်သည့် နည်းဥပဒေများအရ မိမိကိုယ်တိုင် ထိန်းသိမ်းထားရန် တာဝန်ရှိသော သက်သေခံကတ်ပြားကို အခြားသူတစ်ဦးတစ်ယောက်အား လက်ရှိထားခွင့်ပြုလျှင်သော် လည်းကောင်း။

(၃) သက်သေခံကတ်ပြားနှင့် အထင်မှားစေလောက်အောင် ဆင်တူရိုးမှား ပြုလုပ်ထားသော စာရွက်စာတမ်း တစ်ခုခုကို လက်ရှိထားလျှင်သော်လည်းကောင်း။

ထိုသူသည် ဤအက်ဥပဒေအရ ပြစ်မှုကျူးလွန်သည်။

(၂) မည်သူမဆို ဤအက်ဥပဒေအရ နည်းလမ်းတကျ ဆင့်ဆိုသည့်အတိုင်း လိုက်နာရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ဤဥပဒေအရပြုလုပ်သည့် နည်းဥပဒေတစ်ခုခုကို ကျူးလွန်လျှင်၊ သို့တည်းမဟုတ် နည်းဥပဒေအတိုင်း လိုက်နာရန် ပျက်ကွက်လျှင်ဖြစ်စေ ထိုသူသည် ဤအက်ဥပဒေအရ ပြစ်မှု ကျူးလွန်သည်။

(၃) ဤအက်ဥပဒေအရ ပြစ်မှုကျူးလွန်သူတိုင်းကို ပြစ်မှုထင်ရှား စီရင်သောအခါ နှစ်နှစ်ထက် မပိုသော အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေငါးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ရမည်။

သို့သော် ရာဇဝတ်ကျင့်ထုံးဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ထိုပြစ်မှုကျူးလွန်သူကို အကျဉ်းစစ်ဆေး၍ ပြစ်မှုထင်ရှားစီရင်သောအခါ ခြောက်လထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေနှစ်ရာထိ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ စီရင်ရမည်ဟူ၍ ဖြစ်ပါသည်။

“ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံခြင်းမရှိသူများ”
----------------

၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ နောက်ပိုင်းကာလတွင် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံသူနှင့် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံခြင်းမရှိသူဟူ၍ နှစ်မျိုးကွဲသွားနိုင်ပါသည်။ သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း ပြန်လည်အပ်နှံခြင်းမရှိသော ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် သူများသည် နည်းဥပဒေပါပြဋ္ဌာန်းချက်ကို ဆန့်ကျင်သူများဟု မှတ်ယူရမည်ဖြစ်ပါသည်။

နည်းဥပဒေ ပုဒ်မ ၃၁ တွင် -

မည်သူမဆို၊ ဤနည်းဥပဒေများပါ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို ဆန့်ကျင်လျှင်၊ ထိုသူသည် အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၂) အရ တရားဆွဲဆိုခြင်းခံရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံသူများအား နိုင်ငံသားစိစစ်မှု ပြုလုပ်ရမည်ဖြစ်ပါသည်။

နိုင်ငံသားဖြစ်ခွင့် ပေးမည်လော
----------------

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်လျင် ပေးနိုင်ပါသည်။ နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဤနေရာတွင် အကျယ်တဝင့်မဖွင့်ဆိုတော့ပါ။ အဓိကအားဖြင့် ကျွန်ုပ်တို့ဝေဘန်ထောက်ပြလိုသည်မှာ နိုင်ငံသားအရည်အချင်းမပြည့်မီသောသူများ၏ အရေးကိစ္စပင်ဖြစ်ပါသည်။

နိုင်ငံသားအရည်အချင်းမပြည့်မီသူသည် ဥပဒေအရ နိုင်ငံခြားသားဟုပင် သတ်မှတ်ရမည်ဖြစ်ပါသည်။ အဆိုပါနိုင်ငံခြားသားများအား မည်သို့ဆောင်ရွက်မည်နည်း။

အမြဲနေထိုင်ခွင့် ပေးမည်လော
----------------

ယခုအစိုးရသစ်လက်ထက်တွင် ဒုသမ္မတတစ်ဦးမှ ဦးဆောင်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေအရ အမြဲနေထိုင်ခွင့်လျှောက်ထားနိုင်သော နိုင်ငံခြားသားများမှာ

(၁) မြန်မာနိုင်ငံသားဟောင်း၊
(၂) ကျွမ်းကျင်ပညာရှင်၊
(၃) စီးပွားရေးလုပ်ကိုင်လိုသူ၊
(၄) မြန်မာနိုင်ငံသားနှင့်ဆက်စပ်သူ နိုင်ငံခြားသား

ဟူ၍ အမျိုးအစားလေးမျိုးခွဲခြားသတ်မှတ်ထားသည်။

အဆိုပါပုဂ္ဂိုလ်များသည် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်လျှင် အမြဲနေထိုင်ခွင့်ကို လျှောက်ထား နိုင်မည်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်အားလုံးနှင့် သက်ဆိုင်သောပြဋ္ဌာန်းချက်များအနက် နည်းဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ -

နည်းဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ (ဂ) သက်တမ်းရှိသော တရားဝင်နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားစာရွက်စာတမ်း အထောက်အထားမူရင်းနှင့် မိတ္တူ (တစ်မျိုးထက်ပိုသော နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပါက ယင်းနိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူတို့ကိုပူးတွဲဖော်ပြရန်)၊

နည်းဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ (ဃ) အမြဲနေခွင့်လျှောက်ထားသူ၏ မူရင်းနိုင်ငံမှနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသော အသိအမှတ်ပြု အထောက်အထား၊
အထက်ဖော်ပြပါ နည်းဥပဒေကောက်နှုတ်ချက်အရ သက်တမ်းရှိ တရားဝင်နိုင်ငံကူးလက်မှတ် မရှိသော နိုင်ငံခြားသားသည်လည်းကောင်း၊ မည်သည့်နိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသောအထောက်အထား မရှိသည့် နိုင်ငံခြားသားသည်လည်းကောင်း အမြဲနေထိုင်ခွင့်ကို လျှောက်ထားနိုင်မည်မဟုတ်ပါ။

အမြဲနေထိုင်ခွင့် လျှောက်ထားခွင့်မရှိသော နိုင်ငံခြားသားများအား မည်သို့ဆုံးဖြတ်မည်နည်း
----------------

အဆိုပါကိစ္စသည် ကျွန်ုပ်တို့နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍတို့နှင့် တိုက်ရိုက် သက်ဆိုင်နေသော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ လက်ရှိယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ အများစုမှာ ရခိုင်ပြည်နယ်မှဖြစ်သည်။ ၄င်းတို့နှင့်အတူ အငြင်းပွားဖွယ်ရာ လူမျိုးစုပြဿနာကိုလည်း ကျွန်ုပ်တို့ရင်ဆိုင်နေရသည်။

ထိုလူမျိုးစုနှင့်ပတ်သက်၍ သမ္မတက မရှိပါဟုဆိုသည်။ ဘူးသီးတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ရှိပါသည်ဟုဆိုသည်။ ပြည်တွင်း၊ ပြည်ပမီဒီယာတွေကိုပြောသည်။ နိုင်ငံတကာအဖွဲ့အစည်းများကို ပြောသည်။
နောက်ဆုံး နိုင်ငံတကာလွှတ်တော်အဖွဲ့အစည်း ညီလာခံသို့ပင် တက်ရောက်ပြောကြားသည်။ ပြောယုံနှင့်မပြီး မည်သို့မည်ပုံ အခွင့်အရေးများ ချိုးဖောက်ခံနေရပါကြောင်းကို နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုမထောက် အပြစ်တင်သည်။ လွှတ်တော်ဥက္ကဋ္ဌက မသိချင်ယောင် ဆောင်နေသည်။

ဤသည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခြေခံမူ၌ပါရှိသော မဏ္ဍိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းခြင်းကို ဖော်ဆောင်နေသည်လောဟု မေးခွန်းထုတ်လိုပါသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်မှာ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့အတူ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ပါတီကိုယ်စားပြု ဝင်ရောက်ယဉ်ပြိုင်ရန် ပါတီမှရွေးချယ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါပုဂ္ဂိုလ်၏ ပြောဆိုချက်၊ လုပ်ဆောင်ချက်များအပေါ် ၄င်း၏မိခင်ပါတီ ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားကိုလည်း ကျွန်ုပ်တို့သိရှိလိုပါသည်။

အဆိုပါအငြင်းပွားဖွယ်ရာ လူမျိုးစုနှင့်ပတ်သက်၍ သမ္မတက မရှိပါဟုဆိုသောအခါ သမ္မတကြီး ပြတ်သားသည်ဟု အချို့ကဆိုသည်။ ကျွန်ုပ်တို့အနေဖြင့် ပြတ်သားသည်ဟု မရှုမြင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပို၍ပြတ်သားသောကြောင့် ဖြစ်သည်။

အဆိုပါလူမျိုးစုသည် ၄င်းတို့နိုင်ငံသားမဟုတ်ကြောင်းကို Citizenship Order in 1982 ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဥပဒေတွင် ပြင်ဆင်ထည့်သွင်း ပြဋ္ဌာန်းလိုက်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံ၏ လူဝင်မှုသမိုင်းတွင် လူမျိုးတစ်မျိုးအားဦးတည်၍ နိုင်ငံသားဖြစ်ခွင့်အား ဥပဒေဖြင့် တားဆီးပိတ်ပင်ခြင်းမျိုး မည်သည့်အချိန်အခါကမျှ မရှိခဲ့ပါ။

ယနေ့ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အမေရိကန်ပြည်ထောင်စု လူဝင်မှုသမိုင်းတွင်ပင် ၄င်းတို့နိုင်ငံအမျိုးသားလုံခြုံရေးအတွက် လူမျိုးတစ်မျိုးအား ဦးတည်၍ တားဆီးပိတ်ပင်သော ဥပဒေပြဋ္ဌာန်းခဲ့သည့် သာဓကများရှိခဲ့ပါသည်။

နှစ်နိုင်ငံနယ်စပ်မျဉ်းတစ်ဝိုက်တွင် နေထိုင်ကြသော လူမျိုးစုတစ်စုသည် တစ်ဖက်နိုင်ငံတွင် လုံးဝမရှိ၊ အခြားတစ်ဖက်နိုင်ငံတွင်မူ ရှိကိုရှိရမည်ဆိုသည့် အူကြောင်ကြောင်အယူအဆသည် နိုင်ငံတကာ လိမ်ဆင်သာဖြစ်သည်။
တစ်နည်းအားဖြင့် ကျွန်ုပ်တို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကား နေခြင်းသာဖြစ်သည်။

အကယ်၍ ၄င်းတို့ဆိုသည့်အတိုင်း တစ်ဖက်နိုင်ငံတွင်မရှိ အခြားတစ်ဖက်တွင် ရှိကိုရှိရမည်ဟုဆိုပါလျှင် ဖြစ်နိုင်ခြေမှာ အဆိုပါလူမျိုးစုသည် နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်သော သဘောတူစာချုပ် ချုပ်ဆိုအပြီးမှသာ ပေါ်ပေါက်လာသော လူမျိုးစုအသစ် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ပါးစပ်ပြောဖြင့် လူပြိန်းကြိုက် စည်းရုံးဆောင်ရွက်မှုများကို မလိုလားပါ။

ကျွန်ုပ်တို့နိုင်ငံသမိုင်းတွင်လည်း ခေါင်းဆောင်အချို့၏ မိမိအာဏာနိုင်ငံရေးအတွက် လူပြိန်းကြိုက် ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကျိုးဆက်ဆိုးမွေများကို ယနေ့ထက်တိုင် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး ခါးစည်းခံနေရဆဲဖြစ်သည်။ လက်ရှိသမ္မတက မရှိပါဟုပြောသည် နောင်တက်လာမည့် သမ္မတက မသိချင်ယောင်ဆောင်နေလျင် နစ်နာမည်မှာ နိုင်ငံတော်နှင့် ကျွန်ုပ်တို့တိုင်းရင်းသားများသာ ဖြစ်ပါလိမ့်မည်။

ဤနေရာတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှစ်ရပ်နှင့် နည်းဥပဒေတစ်ရပ်ကို ဖော်ပြလိုပါသည်။ ၄င်းတို့မှာ

၁၈၆၄ ခုနှစ် နိုင်ငံခြားသားများအက်ဥပဒေ၊
၁၉၄၀ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေ နှင့်
၁၉၄၈ခုနှစ်နိုင်ငံခြားသားများမှတ်ပုံတင်ရေးနည်းဥပဒေ
တို့ဖြစ်သည်။

အစိုးရအနေဖြင့် အဆိုပါတည်ဆဲဖြစ်နေသေးသော ရှေးဟောင်းဥပဒေကြီးများကို ပြန်လည်မွမ်းမံပြင်ဆင်၍ ထုတ်ယူသုံးစွဲ လာမည်ကို အထူးစိုးရိမ်မိပါသည်။ ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများအရ ထုတ်ပေးခဲ့သော ယာယီသက်သေခံလက်မှတ်များသည် အဆိုပါ နည်းဥပဒေ ပုဒ်မ ၃၃ ပုဒ်မခွဲ (က)၊ (ခ) တို့အရ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားမှတ်ပုံတင် နည်းဥပဒေများအရ မှတ်ပုံတင်ထားသော နိုင်ငံခြားသားများပါ အကျုံးဝင်ပါသည်။

ယခုတစ်ဖန် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများအရ ထုတ်ပေးခဲ့သော ယာယီသက်သေခံလက်မှတ်များကို ရုတ်သိမ်း၍ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေအရ နိုင်ငံခြားသားလတ်မှတ်များ ပြန်လည်ထုတ်ပေးမည်ဆိုပါက ကုလားကြီးအား အရာကြီးဟု ပြောင်းခေါ်စေဆိုသည့် သဘောမှလွဲ၍ မည်သို့မျှထူးခြားမည်မဟုတ်ပါ။

သို့ဖြစ်ပါ၍ ယာယီသက်သေခံလက်မှတ် ပြန်လည်ရုတ်သိမ်း၍ နိုင်ငံသားအရည်အချင်း မပြည့်မီသူများအား နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ပြန်လည်ထုတ်ပေးမည့် WC မှသည် FRC အစီအစဉ်မျိုးအား မပြုလုပ်မိစေရန် ကျွန်ုပ်တို့ Myanmar 5th Pillar (မဏ္ဍိုင်-5) မှ နိုင်ငံတော်အစိုးရအား လေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

မှတ်ချက်။ အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မဏ္ဍိုင်-5 ၏ အကြံပြုသုံးသပ်ချက်များအား “ပြုပြင်ပြောင်းလဲသင့်သော မြန်မာနိုင်ငံလူဝင်မှုအခန်းကဏ္ဍ” ဟူသည့်ခေါင်းစဉ်ဖြင့် သီးခြား တင်ပြပေးသွားပါမည်။

အမှုဆောင်အဖွဲ့

Myanmar 5th Pillar (မဏ္ဍိုင်5)

နေ့ စွဲ။ ။ ၂၀၁၅ ဧပြီလ ၂၇ ရက်

မိတ္တူကို

-နိုင်ငံတော်သမ္မတရုံး
-ပြည်ထောင်စုလွှတ်တော်
-ရုံးလက်ခံ












ဗျူဟာသစ်နဲ့ ချဉ်းကပ်မယ် ဆိုတဲ့ ပါတီသစ်

$
0
0


သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဦးနေဇင်လတ် နာယက အဖြစ် ပါဝင်တဲ့ ပါတီသစ် တစ်ခု မကြာခင် ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

အမျိုးသားရေး စိတ်ဓါတ်နဲ့ အမျိုးသား အကျိုးစီးပွားကို လုပ်ဆောင်မယ် ဆိုတဲ့ အဲဒီ ပါတီသစ်ကို အမျိုးသား ပါတီ National Party လို့ နာမည်ပေးထားကြောင်း ပါတီ တည်ထောင်သူတွေ ထဲက တစ်ယောက် ဖြစ်တဲ့ ဦးပိုက်တင်က ဘီဘီစီကို ပြောပါတယ်။


MDRI Myanmar Development Resources Institute ကျောင်း မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ မဟာတန်း တက်နေစဉ် နိုင်ငံရေး အကြောင်းတွေ ဆွေးနွေးမိကြပြီး လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေအရ နိုင်ငံရေး ပါတီ တစ်ခု ထူထောင်ရင် ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါတီသစ်ကို စတင် ထူထောင်ဖို့ ပြင်ဆင်ခဲ့လို့ ဦးပိုက်တင်က ပြောပါတယ်။

လောလောဆယ် ပါတီ မှတ်ပုံတင် ခွင့်ပြုချက် မကျသေးတဲ့ အတွက် ပါတီဥက္ကဌ၊ အတွင်းရေးမှူး တို့ကို တာဝန် မပေးရသေးပေမယ့် ပါတီမှာ အဓိက တာဝန်ယူမယ့် သူတွေက လက်ရှိ မဟာတန်း ပြီးတော့မယ့် ကျောင်းသား အများစု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမျိုးသား ပါတီမှာ တပ်မတော်က အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေနဲ့ မဆလ ခေါင်းဆောင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေ ပါဝင်တယ် ဆိုတာ မဟုတ်ကြောင်းနဲ့ လောလောဆယ် အငြိမ်းစား ဗိုလ်မှူးကြီး တစ်ယောက်နဲ့ ဗိုလ်မှူး တစ်ယောက်ပဲ ပါတယ်လို့ သူက ပြောပါတယ်။

သူတို့ ပါတီ အနေနဲ့ ပြည်ထောင်စု အကျိုး အတွက်ဆိုရင် ဘယ်သူနဲ့မဆို၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်း ဆောင်ရွက်ဖို့ မူဝါဒ ချမှတ်ထားတယ်လို့လည်း ဦးပိုက်တင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်စားလှယ် ၂၅၀ ကနေ အများဆုံး ကိုယ်စားလှယ် ၄၀၀ အထိ ဝင်နိုင်အောင် ကြိုးစားမယ်လို့ သူက ပြောပါတယ်။

BBC









ဘာလ်တီမိုးအကြမ်းဖက်မှု၊ အကူးအပြောင်းတို့၏ သဘောသဘာဝနှင့် မြန်မာ့တန်ဖိုး

$
0
0

(မှူးဇော်)

ဘာလ်တီမိုး အကြမ်းဖက်မှု

နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ လတ်တလော နေရာယူလာနေတာက ဘာလ်တီမိုးဆန္ဒ ပြမှု သတင်းတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာဟာ ဖာဂူဆန်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက လူမည်းတွေကို အလွန်အကျွံ နှိမ်နင်းခဲ့တယ် ဆိုတဲ့ စွဲချက်တွေရဲ့ နောက်ဆက်တွဲရိုက်ခတ်မှု လို့ လေ့လာသူတွေက ဆို ပါတယ်။ ဘာလ်တီမိုးမှာ ဖမ်းဆီးထားတဲ့ လူမည်းအမျိုးသား ဖရက်ဒီဂရေး သေဆုံးသွားရာကနေ ဘာလ် တီမိုးတစ်မြို့လုံး ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဖရက်ဒီဂရေးသေဆုံးသွားမှုဟာ တဖြည်း ဖြည်းချင်း ပြိုကွဲနေတဲ့ အမေရိကန်လူ့အဖွဲ့အစည်းအတွင်းက လူမည်းပြည်သူတွေကို ဒေါသအထွဋ် အထိပ် ရောက် ရှိလာစေခဲ့ပါတယ်။ မော်တော်ကားတွေကို ဖျက်ဆီးကြ၊ စတိုးဆိုင်တွေကို ဖျက်ဆီးကြ၊ မီးရှို့ကြနဲ့ လူအုပ်စု ကြီးမားလာခြင်းရဲ့ သဘောသဘာဝနဲ့ အညီ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသမားတွေ အကြမ်းဖက် ဖျက်ဆီးမှုတွေ ပြုလုပ်နေတာကို ရပ်ကြည့်နေခဲ့ရတဲ့ အခြေအနေကို
ရောက်ရှိလာခဲ့ပါတယ်။ ဒီနောက်မှာတော့ အရေးပေါ်အခြေအနေ ကြေညာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဘာလ်တီမိုးအာဏာပိုင်တွေဟာ အရေးပေါ်အခြေအနေ ကြေညာပြီးတဲ့နောက်မှာ အမျိုးသားလုံခြုံရေး အစောင့်တပ်တွေကို ထုတ်သုံးလာခဲ့ရပါတယ်။

ဘာလ်တီမိုးမှာ မြင်တွေ့ရတဲ့ ထူးခြားတဲ့ မြင်ကွင်းတစ်ခုကတော့ Community Leaders လို့ ခေါ်တဲ့ ပြည်သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်မရှာဖို့၊ အကြမ်းဖက်လုပ်ဆောင်မှုတွေ ထိန်းသိမ်း နိုင်ဖို့ ရန်လိုနေတဲ့ ဆန္ဒပြသမားတွေကို ကြားဝင်တားဆီးမှုတွေ ပြုလုပ်ခဲ့တဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ မှာ ဒီမိုကရေစီဆိုတာနဲ့ ချက်ချင်း ပြေးမြင်တတ်ကြတဲ့ အမေရိကန်နိုင်ငံမှာ ဒီလိုမျိုး ဖြစ်စဉ်ဖြစ်ရပ်တွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေလည်း အမျိုးမျိုးထွက်ပေါ်လာလျက် ရှိပါတယ်။ ဖာဂူဆန်မြို့ ကိုင်တွယ်ထိန်းသိမ်းမှုမှာ ဝေဖန်ပြစ်တင်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဘာလ်တီမိုးမှာ ရပ် ကြည့်ရတဲ့ အခြေအနေကို ရောက်ရှိသွားစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးမျက်နှာ စာမှာ အားနည်းချက်တွေ ဖြစ်ပေါ်လာစေခဲ့တယ် လို့ ဆိုကြသူတွေလည်း ရှိနေပါတယ်။

ဒါဟာ ဒီမိုကရေစီမဟုတ်ဘူး၊ ဒါဟာ ဆန္ဒပြတောင်းဆိုမှု မဟုတ်ဘူး၊ ဒါဟာ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်သာ ဖြစ်တယ် ဆိုတဲ့ ဝေဖန်သူတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မျက်နှာဖုံး စွပ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပေါက် ရန်ပြုနေတဲ့ သားဖြစ်သူကို မြင်လိုက်ပြီး မှတ်မိလိုက်တဲ့ မိခင် လူမည်းအမျိုးသမီးတစ်ဦးဆိုရင် ဆန္ဒပြတဲ့နေရာကို ရောက်ရှိလာပြီး သူ့သားကို ရိုက်ပုတ်ဆုံးမတဲ့ မြင် ကွင်းတစ်ခုလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အကြမ်းဖက်ရန်လိုစွာ ပြုမူနေတဲ့ သားဖြစ်သူအတွက် အရှက် ရပြီး ကိုယ့်သားကို ကိုယ့်ဘာသာ ထိန်းသိမ်းဖို့ ကြိုးစားခဲ့တဲ့ လူမည်းမိခင်ဟာလည်း အမေရိကန်ပြည်သူ တွေအကြားမှာ ချီးကျူးပြောဆိုစရာ ဖြစ်လာခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ သမ္မတ အိုဘားမားကိုယ်တိုင် အိမ်ဖြူတော်မှာ ဘာလ်တီမိုးအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ သဘောထားကို ထုတ်ဖော်ကြေညာခဲ့ရပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လုပ် ဆောင်သူတွေဟာ ဆန္ဒပြမှုကို အခွင့်ကောင်းယူပြီး ဥပဒေမဲ့ဆောင်ရွက်ခဲ့ကြတယ် လို့ အိုဘားမားက ဆို ပါတယ်။ မြင်တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို ခွင့်မလွှတ်နိုင်ဘူး၊ သည်းခံနိုင်စရာအကြောင်းမရှိဘူး၊ ဒီလုပ်ရပ်တွေဟာ ဆိုကျိုးတွေကို ဖြစ် ပေါ်စေပါတယ် လို့လည်း အိုဘားမားက ယတိပြတ်ပြောကြား ခဲ့ပါတယ်။ “ဆန္ဒပြတဲ့သူတွေ စတိုးဆိုင် တံခါးတွေ ဖောက်ထွင်းတယ်၊ ပစ္စည်းတွေ ယူငင်ကြတယ်၊ ဒါဟာ ဆန္ဒ ထုတ်ဖော်နေတာ မဟုတ်ဘူး။ အဆောက်အဦတွေကို မီးရှို့ကြတဲ့အခါမှာတော့ ဒါဟာ ကိုယ့်လူ့ အသိုင်းအ၀ိုင်းရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အခွင့် အလမ်းတွေကို ဖျက်ဆီးနေကြတာ” လို့လည်း အိုဘား မားက ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပါတယ်။ “ရဲတပ်ဖွဲ့ဝင်အချို့ဟာလည်း လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့ကြဘူး။ ဒါ့ကြောင့်မို့ ခုလို ဆက်ပြီး ဖြစ်နေတာ။ ခုမှ အသစ် ထဖြစ်တာမဟုတ်ဘူး” လို့လည်း ဖာဂူဆန်အရေးအခင်းကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။ အိုဘားမားဟာ ဆန္ဒပြသူတွေကို အခွင့် ကောင်းယူတဲ့ “သပ်”တွေ ဆိုပြီးလည်း ရည်ညွှန်း ပြောကြားခဲ့ပါတယ်။

ဘာလ်တီမိုးအရေးအခင်းနဲ့ပတ်သက်ပြီး အိုဘားမားရဲ့ ရှေ့နေချုပ်အသစ်ဖြစ်တဲ့ လော်ရတ်တာ လင့်ခ်ျက ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုနဲ့ အကြမ်းဖက်မှုအကြားမှာ သိသာတဲ့ ကွာခြားချက်ရှိနေ တယ်၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို သည်းခံနိုင်စရာ မရှိဘူး လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

အခွင့်အရေးနဲ့ တာဝန်

ဒီဓါတ်ပြားဟောင်းကြီးပဲ ညွှန်းဆိုနေတယ် လို့ ထင်ကြပါလိမ့်မယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု ဟာ ဥပဒေနဲ့အညီ ဖြစ်ဖို့ လိုပါတယ်။ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့ ဆန္ဒပြမှုတွေဟာ ပရမ်းပတာ ဖြစ်နိုင် ပါတယ်။ ဆန္ဒပြ လူအုပ်ကြီးတွေ ထူထပ်များပြားလာတဲ့အချိန်မှာတော့ ရင့်ကျက်ပြီးဒီမိုကရေစီလို့ ဆိုကြ တဲ့ အမေရိကန်နိုင်ငံမှာတောင် ထိန်းမနိုင်သိမ်းမရတွေ ဖြစ်လာခဲ့တာ အထင်အရှားပဲ ဖြစ်ပါတယ်။ နိုင်ငံ သားတိုင်းဟာ လွတ်လပ်စွာ ဆန္ဒပြခွင့်ကို ရယူနိုင်ရမှာ ဖြစ်သလို ဒီအခွင့်အရေးအတွက် လိုက်နာရမယ့် တာဝန်တွေ ရှိနေပါတယ်။ ဥပဒေတစ်ရပ်ဟာ မပြင်ဆင်နိုင်သေးချိန်မှာတော့ ဒီတည်ဆဲဥပဒေကိုပဲ လေး စား လိုက်နာကြဖို့ လိုပါတယ်။ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ အသွင်ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံတွေ မှာ ဆိုရင် ဒီထက်ပိုပြီး သတိကြီးကြီး ထားဖို့ လိုပါတယ်။

Public Order ဆိုတာ အဓိက ကျပါတယ်။ အများပြည်သူ ပုံမှန်သွားလာလုပ်ကိုင်မှုတွေကို ပျက် ပြားစေပြီ ဆိုရင်တော့ ဒါဟာ Public Order ပျက်ပြားသွားခြင်းပဲ ဖြစ်ပါတယ်။ တံခါးဖွင့်လိုက်တဲ့အချိန်မှာ အနှစ်နှစ်အလလ မျိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ ပေါက်ကွဲထွက်တတ်တာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒါ ကြောင့်လည်း Gradual Change ဆိုတာကို အလေးထား စဉ်းစားလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ မူလ အထိုင် တစ်ခုကနေ ပိုပြီးလွတ်လပ်ပွင့်လင်းတဲ့ အထိုင်တစ်ခုကို ကူးပြောင်းတဲ့အချိန်မှာ “အထိန်း”တစ်ခု လိုပါတယ်။ ဒီအထိန်းကတော့ “ဥပဒေ”ပဲ ဖြစ်ပါတယ်။ ဒီအထိန်း ဥပဒေဆိုတာက ကူးပြောင်းမှုရဲ့ စည်း မျဉ်းစည်းကမ်းလို့ ဆိုနိုင်ပါတယ်။

လူနေမှုစနစ်၊ ပညာရေးရေချိန်၊ လွတ်လပ်ပွင့်လင်းမှု၊ နည်းပညာ စသည်အားဖြင့် အဖက်ဖက်က မြင့်မားနေတယ် လို့ ဆိုနိုင်တဲ့ အမေရိကန် လူ့အဖွဲ့အစည်းမှာ Social Divide ဟာ ကြီးကြီးမားမား တည် ရှိနေတာကို မြင်တွေ့နိုင်ပါတယ်။ ဒီဖြစ်ရပ်ကို အကျယ်ချဲ့ပြီး တွေးကြည့်ရင် လူမည်-လူမည်း ခွဲခြားမှုတွေ ကို တော်လှန်ခဲ့ရာမှာ မာတင်လူသာကင်းတို့လို သူရဲကောင်းတွေ စတေးခဲ့ရပါတယ်။ ဂျွန်အက်ဖ်ကနေဒီ လို ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တွေ ပေးဆပ်ခဲ့ကြရပါတယ်။ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ တဲ့ အမေရိကန် လူ့အဖွဲ့အစည်းဟာ နိုင်းအလဲဗင်း ဖြစ်ရပ်ပြီးတဲ့နောက်မှာ လူမှုကွဲပြားမှုတွေ မြင့်မား ပြင်း ထန်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။

ဒီနေ့ လူမည်းသမ္မတ အိုဘားမားခေတ်မှာတော့ လူ့အဖွဲ့အစည်းအတွင်းပိုင်းမှာ နက်ရှိုင်းစွာ တည်ရှိနေတဲ့ လူမှုအကွဲအပြားတွေ ထွက်ပေါ်လာခဲ့တာပဲ လို့လည်း လေ့လာသူတွေက ဆိုကြပါတယ်။ လူမည်းသမ္မတ ဖြစ်နေတဲ့ အိုဘားမားအတွက်လည်း ရပ်တည်ချက် တစ်စုံတစ်ရာ မှားယွင်းသွားတာနဲ့ လူထုထောက်ခံမှု တစ်မဟုတ်ချင်း ပြုတ်ကျသွားနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါကို ကိုယ်ရေး နောက်ကြောင်းနဲ့ တွဲဆက်နေတဲ့ ရှုမြင်ချက် Bonded Perspective လို့ အမည်တပ်ခဲ့ကြပါတယ်။ ဒီနှစ်ခု ကြားထဲမှာ ဟန်ချက်ညီမျှပြီး အလယ်လမ်းကြောင်းမှာ လျှောက်နိုင်အောင် အတော်ကြီးကို ကြိုးစားအား ထုတ်နေရတဲ့သဘောမျိုးလည်း မြင်တွေ့ရပါတယ်။ ဒီနေရာမှာ လက်ကိုင်ထားတဲ့ မှီငြမ်းကိုးကားမှုက တော့ ဥပဒေစမိုးမိုးမှု ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ လူမည်းဖြစ်စေ၊ လူဖြူဖြစ်စေ၊ ဆန္ဒပြသူဖြစ်စေ၊ လုံခြုံ ရဲတပ်ဖွဲ့ဝင်ဖြစ်စေ ဥပဒေနဲ့အညီသာ ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီရဲ့ အသက် ၀ိဥာဉ်ဟာ ဥပဒေစိုးမိုးရေး Rule of Law လို့ ဆိုကြတာ ဖြစ်ပါတယ်။

အကူးအပြောင်းတို့၏ သဘောသဘာဝ

လက်ရှိမြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းစ၊ ဖိထားရာက စတင်ပြီး ကြွလာကာစ အနေ အထားမှာပဲ ရှိပါသေးတယ်။ အထွေထွေ အဆင်မပြေမှုတွေ၊ အဆက်ဆက်ခံစားချက်တွေ၊ ဆင်းရဲနွမ်း ပါးမှုတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံနေရတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအပြောင်းအလဲကို စတင်လိုက်တာနဲ့ မှော်ဆန်ပြီးလှပတဲ့ မြေပဒေသာပင်တွေ တစ်ပင်ပြီး တစ်ပင် ပေါက်လာမှာ မဟုတ် ပါဘူး။ ကာလရှည်ကြာ အသားကျနေခဲ့တဲ့ စနစ်၊ ယန္တရား၊ စိတ်ဓါတ်တွေကို ပြုပြင်ပြီး အပြောင်းအလဲတွေ ဖန် တီးဖော်ဆောင်ရာမှာ အကူးအပြောင်းတွေရဲ့ သဘောသဘာဝကို နားလည်သိမြင်ကြဖို့ လိုပါတယ်။

ပိတ်ထားတဲ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့အခြေအနေတစ်ရပ်ကို ပို့ဆောင်ရာမှာ လူထုအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့သူတွေဟာ အဓိကကျပါတယ်။ ဦးဆောင်သူနောက် လိုက်ပါတတ်ကြတဲ့ မြန်မာ့ လူ့ အဖွဲ့အစည်းမှာဆိုရင် ပိုပြီး ဆိုးပါတယ်။ အပြောင်းအလဲတွေကို စီမံခန့်ခွဲရာမှာ အရေးကြီးဆုံးကတော့ ဟန်ချက် မပျက်စေရေးနဲ့ အရွေ့ရှိနေရေးပဲ ဖြစ်ပါတယ်။ ရင့်ကျက်ပါပြီ၊ ခိုင်မာပါပြီ ဆိုတဲ့ အမေရိကန်လို ဒီမိုကရေစီနိုင်ငံမျိုးမှာ ရင်ဆိုင်နေရတဲ့ ဘာလ်တီမိုးအကြမ်းဖက်မှုဟာဆိုရင် သင်ခန်းစာယူစရာတွေ အများကြီး ရှိပါတယ်။ ဖာဂူဆန်အရေးအခင်းမှာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှုဟာ ပြင်းထန်လွန်းတယ် ဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ဘာလ်တီမိုးမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီး အကြမ်း ဖက်နေတာတွေကို ရပ်ကြည့်နေခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မြင်တွေ့ခဲ့ကြရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စနစ် တကျ ကြားဝင်ထိန်းသိမ်းမှု မရှိခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေဟာ အကြမ်းဖက်လူအုပ်စု ကြီးကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ လက်ပိုက်ကြည့်နေခဲ့ကြရတဲ့ အနေအထားမှာ ရှိခဲ့ကြပါတယ်။ ဒီနေရာမှာ ပြည်သူတွေအကြားကပဲ အကြမ်းဖက်မှုတွေကို တားဆီးမှုတွေ ပြုလုပ်လာကြသူတွေ ထွက်ပေါ်လာခဲ့ပါ တယ်။ အကြမ်းဖက်မှုတွေမှာ ပါဝင်နေတဲ့ သားဖြစ်သူကို ရိုက်ပုတ်ထိန်းသိမ်းခဲ့တဲ့ မိခင်တစ်ဦး ထွက်ပေါ် လာခဲ့ပါတယ်။

Public Order ပျက်ယွင်းသွားတဲ့အချိန်မှာ လူထုထဲက မှန်ကန်စွာ ရှုမြင်သုံးသပ်နိုင်တဲ့ လူထု ကိုယ်တိုင် ပြန်ပြီး ထိန်းသိမ်းလာရတဲ့အနေအထား ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီ ဆိုတာ ဥပဒေမဲ့၊ စည်းမဲ့ ကမ်းမဲ့ လုပ်ချင်ရာ လုပ်ခွင့် ပေးထားတာ မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာ အကွပ်မဲ့ အတားအဆီးမဲ့ ထင်ရာစိုင်းဖို့ မဟုတ်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းမှာဆိုရင် စာသင်ကျောင်းတွေကစလို့ “စည်းကမ်း သည် လူ၏တန်ဖိုး” ဆိုပြီး ထားရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတွေရဲ့ လူမှုအရင်း Social Capital ပဲ ဖြစ်ပါတယ်။ သာရေးနာရေး ပရဟိတအရေး ဆိုရင် ၀ိုင်းကြ၀န်းကြ ကူညီခဲ့ကြတဲ့ မြန်မာ့စိတ် ရင်းဟာ အခုနောက်ပိုင်းမှ ရေပန်းစားလာတဲ့ Civil Society တွေ မပေါ်ခင် ရှေးပဝေသဏီကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။

“မြန်မာ့တန်ဖိုး” လို့ ဆိုနိုင်တဲ့ အချင်းချင်းရိုင်းပင်းကူညီမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ လှိုက်လှဲပျူငှာမှု တွေဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေကနေ လွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေကြပြီ ဖြစ်ပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ အမေရိကန်လူ့အဖွဲ့အစည်း မဟုတ်သလို ဗြိတိန်လူ့အဖွဲ့အစည်းလည်း မဟုတ်ပါ ဘူး။ ရှိရင်းစွဲ တန်ဖိုးတွေကို ဆက်လက်ထိန်းသိမ်းပြီး အနောက်တိုင်းဒီမိုကရေစီတန်ဖိုးတွေနဲ့ သဟဇာတ ဖြစ်အောင် ဆောင်ကြဉ်းကြဖို့ လိုပါတယ်။ ရှေးရိုးစွဲ ၀ါဒကို မြှင့်တင်ဖို့ မဟုတ်ပေမယ့်လည်း အနောက် တန်ဖိုးတွေနဲ့ ယှဉ်နိုင်တဲ့ မြန်မာ့တန်ဖိုးတွေကိုလည်း ထည့်သွင်းတွက်ချက် ထိန်းသိမ်းကြဖို့ လိုအပ်မယ် ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းဟာ မိမိတို့လူ့အဖွဲ့အစည်း တစ်ရပ်လုံး သာယာဝပြောရေးကို ရှေ့ရှုပြီး ဆောင်ရွက်ကြရာမှာ နိုင်ငံရေးစနစ်အမျိုးမျိုး ကွဲပြားလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အေးချမ်း သာယာတဲ့ လူ့ပတ်ဝန်းကျင်ကို လိုချင်ကြပါတယ်။ လူတိုင်းဟာ မပူမပင် မတောင့်မတ ပြည်စုံတဲ့ လူနေမှု ဘ၀တွေကို လိုချင်ကြပါတယ်။ ဒီလိုလိုအင်ဆန္ဒတွေ ဘယ်ပုံဘယ်နည်းနဲ့ ဖြည့်ဆည်းနိုင်ကြမလဲ ဆိုပြီး စီမံဆောင်ရွက်ကြရာကနေ နိုင်ငံရေးစနစ် အမျိုးမျိုး ကွဲပြားလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယူနီဗာဆယ်ဒီမိုကရေစီဆိုတာနဲ့ မြန်မာနဲ့ ကိုက်ချင်မှ ကိုက်ပါလိမ့်မယ်။ ကိုယ့်အရပ်နဲ့ ကိုယ့် ဇာတ်မှာ မြန်မာပုံစံ၊ မြန်မာမော်ဒယ်သည်သာ အလိုက်ဖက်ဆုံး ဘ၀၊ သဟဇာတလူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အစဉ်တစိုက် လေ့လာပြီး အားသာချက်၊ အားနည်းချက်တွေ ဖော်ထုတ်နေကြပြီ ဖြစ်ပါတယ်။ ၂၁ ရာစု ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေမှာ မြန်မာနိုင်ငံဟာ အကူးအပြောင်းဆိုင်ရာ မော်ဒယ်တစ်ခု ဖြစ်လာနေပြီ ဖြစ်ပါ တယ်။ အကူးအပြောင်းချောမွေ့ ညင်သာမှုကို အမှတ်အပြည့်ပေးထားပြီးတဲ့နောက် အကူးအပြောင်းရဲ့ အောင်မြင်မှုကို ဆက်လက်စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာ့ဒီမိုကရေစီအကူး အပြောင်း အောင်မြင်မှုမှာ အခရာကျမယ့် “မြန်မာ့တန်ဖိုး”ကို ရှာဖွေဖော်ထုတ်ကြမှာ ဖြစ်ပါတယ်။ ဒီတန်ဖိုးဟာ လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းလက်ဝယ်မှာပဲ တည်ရှိနေပါကြောင်း မီးမောင်းထိုး တင်ပြ လိုက်ရပါတယ်။

[Democracy Today Daily, 30 April 2015]



White Card တွေ ပြန်အပ်နေတာ သိန်းနဲ့ချီရှိ

$
0
0


မြန်မာ တစ်နိုင်ငံလုံး White Card တွေကို ပြန်လည် သိမ်းဆည်း နေရာမှာ အပ်နှံသူ အရေအတွက် သိန်းဂဏန်းနဲ့ ချီပြီး ရှိသွားပြီ ဖြစ်ပါတယ်။

ဒီနှစ် မတ်လ ၃၁ ရက်နေ့ ကစလို့ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တဲ့ White Card လို့ လူသိများတဲ့ ယာယီ သက်သေခံ ကတ်ပြားတွေကို သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး ဌာနကနေ ပြန်လည် သိမ်းဆည်းနေရာမှာ မိမိသဘောနဲ့ လာရောက် အပ်နှံတဲ့ White Card အရေအတွက်ဟာ တစ်နိုင်ငံလုံး အနေနဲ့ သုံးသိန်းကျော်သွားပြီ ဖြစ်ပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ ကိုင်ဆောင်သူ အရေအတွက် ၇၆၁၀၆၄ ရှိပြီး ၃၂၁၈၁၄ အပ်နှံထားပြီ ဖြစ်တယ်လို့ နေပြည်တော်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးတင်ချယ်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မှာတော့ အများဆုံးဖြစ်ပြီး White Card ကိုင်သူ စုစုပေါင်း ၆၆၆၃၈၁ ရှိတယ်လို့ သူကပြောပါတယ်။

အဲဒီ အထဲက ၃၀ဝ၄၃၂ ကတ်ကို အပ်နှံပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

White Card တွေ ပြန် အပ်နှံပြီးတဲ့ နောက်မှာ White Card ကိုင်ဆောင်သူတွေရဲ့ အရေးနဲ့ ပတ်သက်လို့ အသစ် ဖွဲ့စည်းထားတဲ့ လေ့လာ သုံးသပ်ရေး အကြံပြုချက် ကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ဆောင် သွားမယ်လို့ ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောပါတယ်။

အခု လောလောဆယ်မှာ နိုင်ငံသား အဖြစ် လျှောက်ထားလိုသူတွေ အနေနဲ့ လျှောက်ထားနိုင်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေနဲ့ စစ်ဆေးပေးနေတယ်လို့ ပြောပါတယ်။

White Card ဟာ မြန်မာနိင်ငံမှာ ဘယ်လိုမှ အသုံးပြုလို့ မရတော့တဲ့ အတွက် မေလကုန်မှာ အားလုံး ပြန်အပ်ကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း လဝက ညွှန်မှူး ဦးတင်ချယ်က ပြောပါတယ်။

BBC Burmese






ဆက်ကြေးကောက်ခံနေသောTNLAကို တပ်မတော် သွားရောက်ရှင်းလင်း၊ လက်နက်များသိမ်းဆည်းရမိ

$
0
0


 ဇေဝေယံ ရန်ကုန်- ဧပြီ ၃၀

TNLA ၏ဆက်ကြေးကောက်ခံမှုကြောင့်တပ်မတော်နှင့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးလက်နက်များ
သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ယခုလ ၂၉ ရက်နေ့နံနက်ပိုင်းတွင် TNLAလက်နက်ကိုင်များသည်ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်-နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိနမ့်ဖလွန်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်တွင်သွားလာသောယာဉ်များအား ယာဉ်ကြီးတစ်စီးလျှင်ကျပ် ၃ သိန်းမှ ၅ သိန်းနှင့်ယာဉ်ငယ်များအားတစ်စင်းလျှင်ကျပ် တစ်သောင်းမှနှစ်သောင်းထိ TNLA အဖွဲ့အင်အား ၅၀ ခန့်မှကောက်ခံခဲ့ကြောင်းသိရသည်။
 
 "ဒီလိုကောက်ခံတဲ့သတင်းကြားလို့ တပ်မတော်စစ်ကြောင်းကသွားရှင်းတာ အဲ့မှာအပြန်အလှန်ပစ်မှုဖြစ်တာပါ။
သူတို့ ဘက်ကလက်နက်တွေတော့သိမ်းဆည်းရမိခဲ့တယ်၊ကျွန်တော်တို့ တပ်မတော်ဘက်ကရဲဘော်အချို့ လည်းဒဏ် ရာရရှိခဲ့ပါတယ်"ဟုတပ်မတော်မှအကြီးတန်းအရာရှိတစ်ဦးကပြောသည်။

တပ်မတော်မှသိမ်းဆည်းရမိခဲ့သောလက်နက်များမှာ M(21) သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄ တောင့်တို့ဖြစ်ကြောင်းသိရသည်။ ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် TNLA အဖွဲ့ များမှာ ဟိုဖျက်ကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ပြီးတပ်မတော်မှအဆိုပါTNLAများနောက်သို့ လိုက်လံရှင်းလင်း
လျက်ရှိကြောင်းသိရသည်။

popular news









တာချီလိတ်တွင် “၀”ဒေသ၊ ပန်ဆန်းမှလာသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

$
0
0


ဧပြီလ ၃၀ ရက်၊ ၂၀၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ်တွင် အေပြီ ၂၉ ရက်နေ့က “၀”ဒေသထုတ် WY အမှတ်အသားပါ စိတ်ကြွရူး သွပ်ဆေးပြားအမြောက် အများကို ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ တာချီလိတ်မြို့၊ဆေးခမ်းရပ်ကွက်၊ ကိုးမြို့ရှင်လမ်းရှိ
နေအိမ်တစ်အိမ်အား ၀င်ရောက်ရှာဖွေရာ ဆေးသုံးစွဲသူနှစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးထံ မှ သိရသည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်က ဆေးခမ်းရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိရတယ်လို့ ကြားတယ်၊ သုံးတဲ့လူ နှစ်ယောက်ကိုလည်း မိထားတယ် လို့သိရတယ်၊ အဲဒီမူးယစ်ဆေးဝါးတွေဟာ “၀”ဒေသ၊ ပန်ဆန်းက လာတဲ့ မူးယစ်ဆေး တွေပါ၊ ဘာဖြစ်လို့လဲဆိုတော့ တာချီလိတ် ကနေ နယ်စပ်ကို သွင်းနေတဲ့ ဆေးပြားတွေနဲ့ မူးယစ်ဆေးမှန် သမျှ ပန်ဆန်း ကနေ လာ လို့ပါ ” ဟု မြို့ခံတစ်ဦး က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် လွန်ခဲ့သောရက်ပိုင်းက “၀” ဒေသထုတ် WY အမှတ်အသားပါစိတ်ကြွရူးသွပ်ဆေးပြား များကို ထိုင်းလုံခြုံရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး မကြာမီရက်ပိုင်းမှာပဲ တာချီလိတ်မြို့ပေါ်၌ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ထိုင်းနဲ့တရုတ်နယ်စပ်တွေမှာ မူးယစ်ဆေးဝါးတွေသွင်းမရဘဲ ပိတ်မိနေ တယ်လို့ကြားတယ်၊ ကြားရတဲ့သတင်း အရတော့ မူးယစ်ဆေးတွေ တန်ချီပြီးတောင်များတယ်လို့သိရတယ်၊ ထိုင်းနဲ့တရုတ်ဘက်ကလည်း မူးယစ်ဆေးတွေ ၀င်မလာအောင် တားဆီးနှိမ်နှင်းတာတွေ လုပ်နေတော့ အဲဒီပိတ်မိနေတဲ့ မူးယစ်ဆေးတွေက ဒီဘက်ထဲပြန်ဝင် လာပုံရတယ်” ဟု ထိုင်း-မြန်မာ နယ်စပ်မှ အလွတ်သတင်းထောက်တစ်ဦးက ဆိုသည်။

နယ်စပ်တစ်လျှောက်တွင် ပိတ်မိနေသော မူးယစ်ဆေးဝါးများသည် “၀” ဒေသ၊ ပန်ဆန်းမှ UWSA အဖွဲ့၊ NDAA (မိုင်းလား) အဖွဲ့၊ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့တို့ တရားမ၀င်မှောင်ခိုလမ်းကြောင်းဖြင့် တင်သွင်းနေသော ဆေးဝါးများ သာဖြစ်ကြောင်းနှင့် ယင်းအဖွဲ့များသည် မူးယစ်ဆေးဝါးလုပ်ငန်းကို ပူးပေါင်းလုပ်ဆောင် စီးပွားရှာနေကြ ကြောင်း လည်းသိရသည်။
“ ထိုင်းနယ်စပ်မှာမိတဲ့ ဆေးပြား ၈ သိန်းကျော်က “၀”ဒေသ၊ ပန်ဆန်းကလာ တယ်ဆိုတော့ UWSA အဖွဲ့ ပိုင်တာပေါ့၊ ကိုးကန့်တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေဟာ ၇၉ ဘီလီယံကျော်တန်ဖိုးရှိတယ်လို့ သိရတယ်၊ အဲဒါက ဖုန်ကြားရှင်အဖွဲ့ရဲ့ လက်ချက်ပါ၊ ဟိုတလောကလည်း ကြားလိုက်ရပါတယ်၊ တစ်ဖက်နိုင်ငံကို သွင်းမရလို့ တန်ချီတဲ့ မူးယစ် ဆေးဝါးတွေ မိုင်းလားနယ်မြေထဲကို ပြန်ဝင်လာတယ်လို့သိရတယ်၊ ဒီနယ်စပ်တစ်လျှောက်မှာတော့ မူးယစ် ရာဇာတွေ ခြေရှုတ်နေသမျှ မူးယစ်ဆေးတွေက ဖမ်းမိနေဦးမှာပဲဗျ” ဟု တာချီလိတ်မြို့ခံသတင်းထောက် တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်ဖောက်ကားမှု
ပြဿနာသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် သက်ဆိုင်သော နိုင်ငံ တကာပြဿနာဖြစ်သောကြောင့် အစိုးရအနေနဲ့ ယင်းပြဿနာကို ကြည့်မနေသင့်ဘဲ ပြတ်ပြတ် သားသား အရေးယူသင့်သည်ဟု မြင်ပါသည်။
“မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပပျောက်စေချင်တယ်ဆိုရင် ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ လိုတယ်၊ မူးယစ်ဆေးသုံးတဲ့လူပဲဖြစ်ဖြစ်၊ ရောင်းဝယ်တဲ့လူပဲဖြစ်ဖြစ်၊ ဖမ်းမိရင်ဒီနိုင်ငံရဲ့ ဥပဒေအရ ထောင်ဒဏ်ပဲချ မှတ်တာလေ၊ ပြန်လွတ်လာရင် အဲ့ဒီအလုပ်ပဲပြန်လုပ်စားကြတာ၊ သံသရာလည်နေဦးမှာပဲ၊ ရှင်းရှင်းပြောရင် အင်ဒို နီးရှားလို မူးယစ်ဆေးနဲ့ ပတ်သက်ရင် တရားခံတွေကို သေဒဏ်ပေးလိုက်တာ အကောင်းဆုံးပဲ၊ အဲဒါမှ နောက်လုပ်စား လို့မရတော့မှာ ”ဟု ဒေသခံ အကြီးတန်းရှေ့နေတစ်ဦးက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်နှင့် ရှမ်းပြည်နယ်တစ်ခုလုံးတွင် ယနေ့အချိန်ထိစိတ်ကြွရူးသွပ်ဆေးပြားနှင့် မူးယစ်ဆေးဝါးများ
ရောင်းဝယ်ဖောက်ကားနေမှုများအား ဖမ်းဆီးရမိနေခြင်းမှာ မူးယစ်ဆေးဝါးကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူး နေသော “၀”ဒေသ၊ မိုင်းလားဒေသနှင့် ဖုန်ကြားရှင်အဖွဲ့တို့၏ လုပ်ရပ်များကို မတားဆီးနိုင်၍ဖြစ်ကြောင်း၊ သို့အတွက် မူးယစ်ဆေးဝါးများကို စီးပွားဖြစ် တန်နဲ့ချီထုတ်လုပ်ရောင်းချနေသော UWSA အဖွဲ့၊ မိုင်းလားအဖွဲ့၊ ကိုးကန့် သောင်းကျန်းသူအဖွဲ့များအား နိုင်ငံတော်အစိုးရမှ တရားဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူသင့်ကြောင်း ရှမ်းပြည် နယ် တရားရုံးမှ တရားသူကြီး တစ်ဦးကလည်း ပြောကြားသွားသည်။

ဇော်မင်း









ရခိုင်ပြည်နယ်အတွင်း AA သောင်းကျန်းသူများ ၀ှက်ထားသော KIA အဖွဲ့ကိုင်ဆောင်သည့် လက်နက်များ ဖမ်းဆီးရမိ

$
0
0


ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA သောင်းကျန်းသူတို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း AA တပ်ဖွဲ့ဝင်များ သိုဝှက်ထားသော KIA/KIO တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က ယမန်နေ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ကလည်း AA မှ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် မတ်လ ၂၉ ရက်နေ့မှ စ၍ AA နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ထိတွေ့မှု ၁၀ ကြိမ်ခန့်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်တို့ KO တံဆိပ်ကတော့ KIA တပ်ဖွဲ့ဝင်တွေ သုံးတဲ့ လက်နက်တွေမှာ တံဆိပ်သေးသေးလေး တွေ ရေးထားတာရှိတယ်။ ဒါပေမဲ့ တပ်မတော်ကလည်း KIA ကရထားတဲ့ လက်နက်တွေကော အခြားပစ္စည်းတွေကော ရှိတာပဲလေ။ KIA ကလည်း တပ်မတော်ဘက်က လက်နက်တွေ ရထားတာ ရှိတာပဲလေ"ဟု KIA/KIO နည်းပညာအဖွဲ့မှ ဦးဒေါင်ခါးက The Messenger Media သို့ပြောသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ် ကုလားကျကျေးရွာ ပတ်ဝန်းကျင်အားဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တပ်မတော်စစ်ကြောင်းများက အသေးစိတ်ဖြန့်ခွဲရှင်းလင်းခဲ့ရာကုလားကျကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ သဘာဝ ကျောက်လှိုဏ်ဂူအတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထား
သော အမ် ၂၂ ပုံစံ သေနတ်(၅) လက်၊အမ် ၂၅ ပုံစံ သေနတ်(၄)လက် စုစုပေါင်း (၉) လက် ထပ်မံ
သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်တို့ အဲဒီသတင်းတော့ မကြားသေးဘူးခင်ဗျ"ဟု AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က The Messenger Media သို့ပြောသည်။

ထို့ပြင် သိမ်းဆည်းရမိသော လက်နက်မျိုးစုံ (၁၉)လက်အား အသေးစိတ်စိစစ်ခဲ့ရာ တစ်ဖက်နိုင်ငံထုတ် လက်နက်ပုံစံအမျိုးအစားဖြစ်ပြီး လက်နက်များ၏ ကိုယ်ထည်တွင် စက်ဝိုင်းအတွင်း ထောင့်ခုနစ်ထောင့် ပုံ ကြယ်ပါ ရှိသည့် သင်္ကေတ၊ M-22၊ M-25 စသည့် သေနတ်အမျိုးအစား စာသားနှင့် KIA(ကချင်)အဖွဲ့ ကိုင်ဆောင်အသုံးပြုသည့် လက်နက်များ၏ သင်္ကေတဖြစ်သော KO အက္ခရာပါရှိသည့် သေနတ်နံပါတ်များ ရိုက်နှိပ်ထားကြောင်းနှင့် AA သောင်းကျန်းသူများ သိုဝှက်ထားသည်ကို သိရှိရကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် နယ်မြေအတွင်း AA တပ်ဖွဲ့ဝင်များ ခိုအောင်းနေထိုင်ခြင်း မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့် အတူ ပူးပေါင်း၍ သတင်းထုတ်ဖော်ရှင်းလင်း လျက်ရှိကြောင်း ဖော်ပြထားသည်။ AA သည် ရခိုင်ပြည်နယ်အတွင်း မလှုပ်ရှားခင်က KIA/KIO လှုပ်ရှားရာ ဒေသအတွင်းတွင် လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

The Messenger









ဒေါ်စု ကျရှုံးခဲ့တယ်ဆိုရင် ၃ နှစ်လုံး ထောက်ခံခဲ့သူတွေနဲ့ မျှော်လင့်ချက်ထားခဲ့သူတွေ အတွက် ဘယ်လိုပြန်ပေးဆပ်မလဲ (အပိုင်း-၁)

$
0
0

-
Reuters သတင်းဌာနက Andrew R.C. Marshall နဲ့ Simon Webb တို့မှ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး
လှည့်ကွက်ထဲမှာ ကျရှုံးခဲ့ပြီလို့ ဧပြီလ ၁၀ ရက်နေ့က ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။
နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်မှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် နိုင်ငံရေး စွမ်းဆောင်ရည် ရှိမရှိဆိုတာကိုမေးခွန်းထုတ် ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလှည့် ကွက်ထဲမှာ ကျရှုံးခဲ့ပြီလို့ စာရေးသူများက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် အရေးပါတဲ့ အမှားတခု ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ အသုံးချမှုကို ခံလိုက်ရကြောင်း၊ ၄ နှစ်အတွင်း သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာ များစွာ အသိအမှတ်ပြုခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ထင်သလောက် မရခဲ့ကြောင်း နိုင်ငံရေးပညာရှင်တချို့ရဲ့ အမြင်များနဲ့ သုံးသပ်ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျရှုံးခဲ့တယ်ဆိုရင် ၃ နှစ်လုံးလုံး ဒေါ်စုလုပ်သမျှ ထောက်ခံသူတွေအတွက် ဘယ်လိုပြန်ပေးမလဲဆိုတာ မေးခွန်းထုတ်သူတွေရှိလာပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်ချိန်က ဒေါ်စုထောက်ခံသူအားလုံးကလည်း လိုက်ပါ သပိတ်မှောက်ခဲ့ကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် မဝင်ခင်က သပိတ်မှောက်ခဲ့ကြသလို
ဒေါ်အောင်ဆန်းစုကြည် ဝင်ချိန်မှာ ထောက်ခံခဲ့ကြရပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ နှင့် ၂၀၁၂ အတွင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့သော်လည်း ၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ရွှေဂုံတိုင် ကြေညာချက်ကိုသာ ဆုတ်ကိုင်ခဲ့ပြီး ဒုတိယ ပင်လုံကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂ နှစ်အတွင်း ခရီးသွားခြင်း၊ ဗြိတိန်နိုင်ငံမှ လာရောက်လည်ပတ်သော သားနှင့် အတူ အပျော်ခရီးထွက်ခြင်း၊ အဆိုတော် သရုပ်ဆောင်များနှင့်
တွေ့ဆုံခြင်း၊ ဈေးရောင်းပွဲများပြုလုပ်ခြင်းနှင့် အခါအားလျှော်စွာကျင်းပနေတဲ့ နှစ်ပတ်လည် နှစ်ပြည့်ပွဲများမှာ မိန့်ခွန်းပြောခြင်းတွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ ဒေါ်စုထောက်ခံသူ ပြည်သူများကလည်း လက်ချင်းချိတ်
ကာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက ကမ်င်အဲရစ်ကိုပါ ဝန်းရံခဲ့ကြရပါတယ်။

၂၀၁၁ ခုနှစ် နှစ်ကုန်တွင်ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစည်းအဝေးတစ်ခုမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ကန့်ကွက်သူမရှိဆုံးဖြတ်ခဲ့ကြရာ အသုံးချခံရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်
တစ်ဦးတည်းမဟုတ်ဘဲ NLD ထိပ်ပိုင်းခေါင်းဆောင်အားလုံးလို့ ဆိုနိုင်ပါတယ်။ အဲဒီနောက် ၂၀၁၁ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်
မှတ်ပုံတင်ခဲ့ပါတယ်။
-
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်မှ ဝင်ပြိုင်ခဲ့ပြီးနောက် မေလ ၂ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်
ပါမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ လူထုခေါင်းဆောင်တစ်ဦး လွှတ်တော်အမတ်ဖြစ်လာခြင်းအတွက် ပြည်သူအများမှ မျှော်လင့်ချက်ကြီးစွာထားခဲ့ကြပါတယ်။

အောက်စဖို့တက္ကသိုလ် ဟူ့စ်ကောလိပ်မှ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိခဲ့တဲ့ လူထုခေါင်းဆောင်တစ်ဦး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခြင်းကြောင့် မြန်မာ့ပညာရေးတိုးတက်မှုအတွက် ပြည်သူအများ မျှော်လင့်ချက်ကြီးစွာထား
ခဲ့ကြပေမယ့် ၃ နှစ်အတွင်း အခြေခံလူတန်းစားတို့ရဲ့ ပညာရေးအခက်အခဲများကို ဒေါ်အောင်ဆန်း
စုကြည် ဖြေရှင်းပေးနိုင်စွမ်းမရှိခဲ့ပါဘူး။

(ဒေါက်တာမျိုးချစ်)

အပိုင်း - ၂ (နိဂုံး)










အနာဂတ် တိုင်းပြည်သားကောင်း ရတနာ ကလေးငယ်များပြုစု ပျိုးထောင်ရေး

$
0
0



ကလေးများဟာ တိုင်းပြည်ရဲ့ အနာဂတ် မျှော်လင့်ချက်ပဲဖြစ်တယ်။ ၂၁ ရာစု ကလေးများ အတွက် ပြဿနာက မိဘများရဲ့ လိုအင်ဆန္ဒတွေ ဖြည့်ဆည်းဖို့အတွက် ဖိနှိပ်ချုပ်ချယ်ခံရမှုနဲ့ မိဘနှစ်ပါး စွန့်ပစ်ခြင်းခံရတဲ့ ကလေးများရဲ့ သွန်သင် ဆုံးမမှုမဲ့ခြင်းတို့ ဖြစ်တယ်။ ကလေးတွေဟာ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်ပဲဖြစ်တယ်။ ကလေးများ မိမိကိုယ်မိမိ ယုံကြည်မှု ရှိလာစေရန်၊ ထက်မြက်သွက်လက်စေရန် ပြုစုပျိုးထောင်မှု နည်းများကို မိဘတွေက သိရှိဖို့လိုတယ်။ ကလေးများကို နားလည်ဖို့ ကြိုးစားရမယ်။ နားလည်ဖို့ဆိုရင် နား ထောင်ဖို့လည်း လိုအပ်တယ်။ ကလေးပြောတာနားထောင်မှ မိဘက ကလေးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်။

ကလေးနဲ့မိဘ နွေးထွေးစွာနေတဲ့ အချိန်တွေမှာ ယုံကြည်မှုရှိအောင်၊ ထက်မြက်အောင်၊ သွက်လက်အောင် ဘယ်လိုပြုစု ပျိုးထောင်ရမလဲဆိုတာကို သိရှိနိုင်ဖို့လိုတယ်။ ကလေးနဲ့နေရတဲ့ အချိန်မှာ ကလေးပေါ်မှာသာ အာရုံထားရမယ်။ မအားတဲ့ကြားထဲကပဲ ကလေးအတွက် အချိန်ပေးရမယ်။ ကလေးနဲ့နေရတဲ့အချိန်ကို ဘာနဲ့မှမလဲဖို့ လိုတယ်။

ကလေးတွေကို အားပေးရမယ်။ ဖိအားမပေးရဘူး။ မှန်ကန်တဲ့ အပြုအမူနဲ့ လုပ်ရပ်အပေါ်မှာ အသိအမှတ်ပြုရမယ်။ အသိအမှတ်ပြု ခံရတဲ့ကလေးဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အားကောင်းလာစေမှာ ဖြစ်တယ်။ ကလေးနဲ့ စကားပြောရမယ်။ ကလေးနဲ့ ကစားရမယ်။ ကလေးနဲ့ စာဖတ်ရမယ်။ ကလေးကို ပုံပြောပြရမယ်။ ကလေးနဲ့အတူတူ စားရမယ်။ ကလေးပြုစုရာမှာ မိခင်နဲ့ဖခင် ရှေ့နောက်ညီဖို့လိုတယ်။ ကလေးကို ပြုစုပျိုးထောင်ရေး စီမံကိန်းကို မိဘနှစ်ပါးက တိုင်ပင်ပြီး ဆောင်ရွက် ဖို့လိုတယ်။ ဘယ်ကလေးကိုမဆို ကျောသားရင်သား မခွဲခြားဘဲ သာတူညီမျှချစ်ဖို့လိုတယ်။ အကြီးဆုံးဖြစ်လို့၊ အလတ်ဖြစ်လို့ အငယ်ဆုံးဖြစ်လို့၊ တစ်ဦးတည်းသောသား သို့မဟုတ် သမီးဖြစ်လို့ ချစ်တာမျိုးရှောင်ရမယ်။ ကလေးကို သူ့လွတ်လပ်ခွင့်အတိုင်း စိတ်လွတ် ကိုယ်လွတ်ထား ရင် ကောင်းကျိုးအနေနဲ့ အကင်းပါးတဲ့ကလေး၊ ဖျတ်လတ်တဲ့ကလေး၊ ဥာဏ်ထက်မြက်တဲ့ ကလေးဖြစ်လာနိုင်သလို၊ ဆိုးကျိုးအနေနဲ့ ကလေးဟာ ထော်လော်ကန့်လန့် လုပ်လာမယ်။ ထောင့်မကျိုးတဲ့ကလေး ဖြစ် လာမယ်။

ကာကွယ်နည်းများအနေနဲ့ ဘာသာတရား အဆုံးအမကို ခံယူစေရမယ်၊ ဘုရားတရား အဆုံးအမတွေကို ရှင်းပြရမယ်။ လူ့ကျင့်ဝတ်ဆိုင်ရာတွေကို ရှင်းပြရမယ်။ မိဘကိုယ်တိုင် စံပြနေထိုင်ပြရမယ်။ ဒါမှကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ ယုံကြည်မှုပြည့်တဲ့ ဖျတ်လတ် တက်ကြွဥာဏ်ရည် ထက်မြက်တဲ့ အနာဂတ် ကလေးများ ဖြစ်လာစေနိုင်ပါလိမ့်မယ်။ ကလေးများအတွက် လှုံ့ဆော်မှုကောင်းတဲ့ ပတ်ဝန်းကျင် ဖြစ်စေရမယ်။ ကလေးများရဲ့ တိုင်ပင်ပြောပြတာကို နားထောင်ပေး ရမယ်။ ကလေးအတွက် အချိန်ပေးရမယ်။ သီးခြား အစီအစဉ်နဲ့ ကလေးငယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ အပန်းဖြေမှု၊ အိပ်ချိန်၊ စားချိန်၊ စာကျက်ချိန်ကအစ ဦးဆောင်သွားရမယ်။ ကလေးငယ်အပေါ် ချမှတ်ထားတဲ့ စည်းကမ်း မလိုက်နာလို့ ပြင်းပြင်းထန်ထန် အပြစ်ပေးတာမျိုး ဆင်ခြင်ရမယ်။ ကလေးငယ်နဲ့ ဆက်သွယ် မှု ချောမွေ့ရမယ်။ မိဘနှစ်ပါးရန်ဖြစ်ရင်တောင် ကလေးရှေ့မှာ မဖြစ်ဖို့လိုတယ်။ ကလေးငယ်ဟာ အတုမြင်အတတ်သင် ဖြစ်တဲ့အတွက် စော်စော်ကားကား နင့်နင့်သီးသီး စကားတွေကို မခံစားနိုင်ဘူး။ ဒါကြောင့် ကလေးမရှိတဲ့အချိန်မှ ရန်ဖြစ်သင့်တယ်။ ဒါမှမဟုတ် ကလေးမကြားတဲ့ နေရာသွားပြီးမှ ခွန်းကြီးခွန်း ငယ် ပြောသင့်တယ်။ ကလေးငယ်အပေါ် ချစ်တဲ့အချစ်ဟာ ရေရှည်အချစ်ဖြစ်ပြီး နွေးထွေးတဲ့ ပြုစုစောင့်ရှောက်မှု ပေးရမယ်။ သိမ်မွေ့တဲ့ ကလေးငယ်တိုင်း ညီတူညီမျှ ချစ်ကြရမယ်။

ကလေးငယ်အပေါ် အများကြီး မျှော်လင့်တာမျိုး မဖြစ်သင့်ဘူး။ ဆရာဝန်ဖြစ် စေချင်တာနဲ့ စာကျက်မှတ်ကြိုးစားစေတာ ကောင်းပေမဲ့ကလေးက မလိုက်နိုင် ရင် လောဘကြီးတဲ့ မိဘကို ကလေးက အကောင်းမမြင်တော့ဘဲ အမုန်းပွားစရာတွေ ဖြစ်လာနိုင်တယ်။ ''ကိုယ်ရော ဆရာဝန် ဖြစ်ခဲ့ရဲ့လား''ဒါမှမဟုတ် ဖြစ်ချင်တာတွေ အားလုံး ဖြစ်ခဲ့ရဲ့လား ဆိုတာကို မေးခွန်းထုတ်ပြီး ကိုယ်ချင်းစာစိတ်နဲ့ ကလေးကို ဖေးမ တွဲခေါ်ညွှန်ပြသွားဖို့သာ လိုတယ်။ ကိုယ့်သားဟာ ကိုယ့်သားပါပဲလို့ တွက်ရမယ်။



မြ၀တီ


အတိုက်အခံတို့ လှော်နေသည့် လမ်းကြောင်း

$
0
0


ဗီယက်နမ် စစ်ပွဲအတွင်းမှာ အမေရိကန်တပ်တွေက ဗီယက်နမ်တွေထက် အဆပေါင်းများစွာသာတဲ့.. စစ်ဝတ်စုံတွေ ၊ စစ်လက်နက်ပစ္စည်းတွေ နဲ့တိုက်ပွဲဝင်ခဲ့ကြတယ် ။ ဒါပေမယ့်.. အမေရိကန်တပ်တွေ အောင်မြင်မှု မရခဲ့ဘူး...

ဘာကြောင့်လည်း ဆိုတော့ အမေရိကန်ပြည်သူလုထု ရဲ့ ထောက်ခံမှု မရရှိခဲ့လို့ပဲ.. စစ်ပွဲတစ်ပွဲမှာ ပြည်သူလူထု ထောက်ခံအားပေးမှု ဆိုတာလျစ်လျူရှုထားလို့ မရတဲ့ အချက်တစ်ချက် ။
ဒါကြောင့်လည်း.. စစ်အောင်ရာသောအကြောင်းကြီးများ ရဲ့ နောက်ဆုံးအချက်မှာပြည်သူတစ်ရပ်လုံး
ထောက်ခံအားပေးမှု ရရှိခြင်းဆိုပီး ထည့်သွင်းသတ်မှတ်ခဲ့ကြတာ ..

အခုလက်ရှိ ကိုးကန့်စစ်ပွဲမှာ အကြမ်းဖျဉ်းကောက်ချက်ဆွဲကြည့်ရင် ပြည်သူလူထု ရဲ့ထောက်ခံအားပေးမှုက တပ်မတော်အပေါ် မှာအားသာချက် ရှိတယ် ။ အဲ့ဒီ ရလဒ်ကို ကြည့်ပီးတီ ကောင် ဆားတို့ ခံရသလို ဖြစ်နေကြတာကအတိုက်အခံ အုပ်စုတွေ..

ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တပ်မတော်မုန်းတီးရေး ဘရိန်းဝပ်ခ်ျ လုပ်လာကြတဲ့ အတိုက်အခံတွေ အနေနဲ့.. ဒီ စစ်ပွဲ အတွင်း ထွက်ပေါ်လာတဲ့ လူထုထောက်ခံမှု နဲ့ ပါတ်သက်လို့ စပ်ဖျဉ်းဖျဉ်း ဖြစ်နေကြတာက ငြင်းလို့ မရနိုင်တဲ့အချက်တစ်ခုပဲ ။

ဘာကြောင့် ဒီလို ရလဒ် ထွက်ပေါ်လာရသလဲဆိုရင် လက်ရှိ ကိုးကန့်စစ်ပွဲ အပေါ် လူထုအမြင်နဲ့ ကချင်ပြည်နယ်တွင်း စစ်ပွဲ အပေါ်မှာမြင်တဲ့ အမြင်ဟာ မတူဘူး.. ဒါကို အတိုက်အခံဆိုတဲ့ အမျိုးကောင်းသားများ သိကြတယ်..တိုက်ပွဲဝင် စစ်သားတစ်ယောက်အတွက် လူထုအားပေးမှု ဟာ သိပ်အရေးကြီးတယ်.. ဘယ်လောက်ကောင်းတဲ့ Supporting တွေ ရရှိနေပါစေ.. စိတ်ဓါတ်ခွန်အား ကပဲ တိုက်စွမ်းရည် ကိုအတက်အကျမောင်းနှင်ပေးနိုင်တာ...

ကိုးကန့်စစ်ပွဲဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း အများကြီး သက်ဆိုင်တယ်.. ဒီစစ်ပွဲ မှာအောင်မြင်မှု မပေးနိုင်ရင် လူထုရဲ့ တပ်မတော်အပေါ်သဘောထားက အနှုတ်ရလဒ်နဲ့ တသက်လုံး နလန်မထူ ဖြစ်သွားလိမ့်မယ် ။

ဒါကို အတိုက်အခံ အုပ်စုတွေကောင်းကောင်းသိထားကြတယ် .. အဲ့ဒီအတွက် UNFC ရဲ့သဘောထားကြေငြာချက်ကို သံယောင်နင်းပီး ကိုးကန့်စစ်ပွဲကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ဖိအားတွေ
ပေးလာကြတာ ။ နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းလို့ ဖုန်ကြားရှင် တောင်းဆိုချက်အတိုင်း အစိုးရက လက်သင့်ခံလိုက်ရင် လက်ရှိလူထုရဲ့တပ်မတော်အပေါ် အားထားမှု အမြင်အပြင်.. တိုက်ပွဲအတွင်း အသက်စွန့်သွားကြတဲ့စစ်သည်တွေရဲ့ မိသားစုဝင်တွေ ၊ အသက်ရှင်ကျန်ရစ်နေဆဲ တပ်မတော်သားတွေရဲ့
တပ်မတော်အပေါ် သစ္စာစောင့်သိမှုတွေပါ စုန်းစုန်းမြုပ်ကုန်မှာ.. တိုက်ခိုင်းလိုက် ၊ ငြိမ်းချမ်းရေး ရှန်ပိန်ခွက်တိုက်လိုက် နဲ့ ပေးဆပ်ထားရတဲ့စစ်သားတွေ ဟာ တန်ပါရဲ့လား ဆိုတဲ့ အတွေးဝင်ပြီး အခန့်မသင့်ရင် တပ်တွင်းပုန်ကန်မှု အချို့တောင် ဖြစ်ပေါ်လာနိုင်တယ် ။

ဒီကြားထဲမှာ ဘယ်ကမှန်းမသိတဲ့ အကြားအမြင်နဲ့ ကိုးကန့်စစ်ပွဲအတွင်း စစ်အသုံးစရိတ် US $1.5 ဘီလီယံ ကုန်ကျဆိုပဲ ။ အခွန်ဆောင် ပြည်သူကို နိုင်ငံ့ဘဏ္ဍာ ဆိုတာနဲ့ ဇဝေဇဝါ ဖြစ်အောင် ပြန်လှည့်တိုက်တာ ။ စစ်အသုံးစရိတ်တွေများ လို့ ပြည်သူလူထု မကြည်ဖြူရင်တပ်မတော် အကြပ်ရိုက်သွားမယ့် နည်းလမ်း..

အတိုက်အခံ အုပ်စုတွေ ခင်းကျင်းတာ ဒီလမ်းကြောင်းပဲ...

နောက်တနည်းက.. လက်ရှိတိုက်ပွဲဝင် စစ်သည်တွေ ရဲ့ တိုက်စိတ်ခိုက်စိတ် ကို ချိုးဖျက်တဲ့ ဒိုင်ဗားရှင်း... ။ အပေါ်မှာ လူကြီးတွေ က ကားအကောင်းစားနဲ့ ၊ ထောက်ပို့က ဘယ့်နှယ်ထောနေတာ.. GE က ဘယ်လိုကောင်းစားနေတာမင်းတို့ တကယ်တိုက်ပွဲဝင်နေရတဲ့ အောက်ခြေကတော့ ခြင်းတောင်းကြီး နဲ့ စုတ်ပြတ်သပ်လို့အစရှိသဖြင့်... တကယ့်တိုက်ပွဲဝင် စစ်သည်တွေရဲ့ အတွေးထဲ ငါတို့ နိုင်ငံတော်ကာကွယ်ရေး
တာဝန်ထမ်းဆောင်တာ တန်ဖိုးမှ ရှိရဲ့လား ဆိုတဲ့ အတွေးမျိုး ဝင်သွားပီး စိတ်ဓါတ်ဖျက်ဆီး တဲ့ဆိုက်ဝါး တစ်မျိုး သွတ်သွင်းပေးတာပဲ ။ ပြည်သူလူထု အမြင်ကိုတော့ လူတန်းစားခွဲထုတ်ပေးလိုက်တာ...

ယနေ့ မြန်မာ့တပ်မတော်ရဲ့ Supporting တွေ ၊Equeiments တွေ .. ခေတ်နဲ့အညီ လျော်ညီမှုမရှိတာ အားလုံးသိပီးသားပါ .. တပ်မတော်အကြီးအကဲတွေ ကိုယ်တိုင်လည်း သိတယ် .. ။တဖြည်းဖြည်းချင်း အချိန်ယူ ဖြည့်တင်းရမယ့်အုပ်ချုပ်မှု ကိစ္စရပ်တွေ... ဖြစ်နိုင်ရင် အခု တာဝန်ထမ်းဆောင်နေတဲ့ စစ်သားအားလုံး အမေရိကန်ထက် ဆယ်ဆ သာတဲ့ စစ်ဝတ်စုံတွေ ၊ ဖက်ဆယ်လတီတွေ လိုချင်တာပေါ့... မလိုချင်တဲ့
စစ်သား ဘယ်ရှိမလဲ ။

ဒါကို ရမယ်ရှာပြီး မင်းတို့ ဝတ်စုံတွေက စုတ်ပြတ်သပ်နေတာပဲကွာ.. တိုက်မနေပါနဲ့ လို့ တကယ့်မြေပြင်က တိုက်ပွဲဝင် စစ်သားတစ်ယောက် ကိုသွားပြောကြည့်ပါလား.. အဲ့ဒါဆို ကျုပ်က ဒီအတိုင်း ငုတ်တုတ်အသေခံရမှာလား လို့ ပြန်မေးလိမ့်မယ် ။ စစ်မြေပြင်မှာ သူ့အသက် ၊ ကိုယ့်အသက်လုကြရတယ်.. အသက်နဲ့ ချိန်ထိုးရင်ကျန်တဲ့အရာတွေ ဟာ အပရိက ဖြစ်သွားပါတယ်

ဒါကြောင့်လည်း.. မနေ့က post နဲ့ ပါတ်သက်လို့လတ်တလောမဖြစ်လာနိုင်သေးတဲ့ အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်အပေါ်မှာ မူတည်ပီး စစ်သားက တိုက်ပွဲအောင်မြင်အောင် မတိုက်ရတော့ဘူးလား လို့ မေးခဲ့တာပဲ ။

ဒီ စစ်အသုံးအဆောင်ကိစ္စရပ်နဲ့ ပါတ်သက်လို့ရေးနေ ပြုနေကြသူ တွေမှာသဘောထားတစ်ခုဟာ အပြုသဘောဆောင်၏ ...မဆောင်၏ ဆိုတာကို .. ကာယကံရှင်တွေ ကိုယ်တိုင်ပဲသိပါလိမ့်မယ်...

ရေပေါ်ဆီ ဝေဖန်ချက်တွေလောက်နဲ့တော့မြန်မာ့တပ်မတော် ကို အလဲထိုးဖို့ ကြံစည်လို့မရဘူး ဆိုတာ အတိုက်အခံ အမျိုးကောင်းသားများ သဘောပေါက်ကြစေဖို့ ပါ .. ။။။



လင်းသူ





အမျိုးသမီး ၃၀၀ ခန့်ကို စစ်သွေးကြွအဖွဲ့ထံမှ နိုင်ဂျီးရီးယားစစ်တပ် ကယ်တင်

$
0
0




ဧပြီလ ၂၉ ရက်၊ ၂၀၁၅

နိုက်ဂျီရီးယား စစ်တပ်က အမျိုးသမီး ၃၀၀ နီးပါးကို ဘိုကိုဟာရမ်အဖွဲ့ လက်ကနေ ကယ်ထုတ်နိုင်ခဲ့ပေမယ့် ချီဘွတ်ရွာက ကျောင်းသူတွေ မပါဘူးလို့ စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။


မိန်းကလေးငယ် ၂၀၀ နဲ့ အမျိုးသမီး ၉၃ ယောက်ကို စစ်ဆင်ရေးတခုအတွင်း ကယ်တင်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဟာ မနှစ်က ချီဘွတ်ရွာက ကျောင်းသူ ၂၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာ နိုင်ငံတကာရဲ့ အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ဟာ အနောက်တိုင်း ပညာရေးကို ဆန့်ကျင်တဲ့အဖွဲ့ဖြစ်ပြီး နိုင်ငံ မြောက်ပိုင်းမှာ ၆ နှစ်တာ ဆူပူသောင်းကျန်းနေကြတာကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၁ သန်းခွဲလောက် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ဒီနှစ်အစောပိုင်းမှာတော့ နိုက်ဂျီးရီးယား စစ်တပ်နဲ့ အိမ်နီးချင်း နိုင်ငံတွေက တပ်တွေ ပူးပေါင်းပြီး ဘိုကိုဟာရမ်ရဲ့ ခြေကုပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

မနှစ်မေလက ဘိုကိုဟာရမ်အဖွဲ့က အကျဉ်းသား လဲလှယ်ရေး အစီအစဉ်ကို တောင်းဆိုခဲ့ပေမယ့် အစိုးရက ပယ်ချခဲ့ပါတယ်။

သမ္မတ ဂွတ်လပ် ဂျိုနသန် လက်ထက်မှာ ဘိုကိုဟာရမ်အဖွဲ့နဲ့ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ငြိမ်းချမ်းရေးရတဲ့အဆင့်ကို မရောက်ခဲ့ပါဘူး။

စစ်တပ်က ကယ်ထုတ်လာတဲ့ အမျိုးသမီးတွေဟာ ပြန်ပေးဆွဲခံရသူတွေလား၊ ဒါမှမဟုတ် ဘိုကိုဟာရမ်အဖွဲ့ဝင်တွေနဲ့ လက်ထပ်ထားသူတွေလား ဆိုတာကို စစ်ဆေးသွားမယ်လို့ ထောက်လှမ်းရေး အရာရှိတဦးက ပြောပါတယ်။

DVB











ဗိုလ်ချုပ်ရုပ်ရှင်နောက်ကွယ်က အရှုပ်တော်ပုံများ (အပိုင်း - ၂)

$
0
0

သရုပ်ဆောင်နှင့် ဒါရိုက်တာများ နှုတ်ထွက်ခြင်း
-
၂၀၁၂ ဇူလိုင် (၂၀)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ဖို့ ရန်ကုန် ကမာရွတ်မြို့နယ်က ကိုကျောက်ခဲနဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုကျော်ကျော်မျိုးတို့ကို ရွေးချယ်လိုက်သလို ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ ပုသိမ်မြို့က မဇာခြည်လင်းနဲ့ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က မသင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးအဆင့် ရွေးချယ်လိုက်ပါတယ်။ သခင်သန်းထွန်းနေရာအတွက် သရုပ်ဆောင် နေမင်း၊ ဒေါက်တာဘမော် နေရာအတွက် သရုပ်ဆောင် ရန်အောင် စသဖြင့် ရွေးခဲ့ကြပါတယ်။

-
အဲဒီနောက် အဓိကသရုပ်ဆောင် ကိုကျောက်ခဲကို NLD ပါတီဝင်များက ကန့်ကွက်တာကြောင့် ၂၀၁၂ သြဂုတ်လမှာ သရုတ်ဆောင်ပြန်ရွေးကြပြန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဟာ NLD ကင်းလွတ်နယ်မြေဖြစ်ရမယ်လို့ မူလကတည်းကသဘောတူထားပေမယ့် အနုပညာရှင်များအနေနဲ့ NLD ရဲ့ ပါဝါကို အန်မတုနိုင်လို့ ပြန်ရွေးလိုက်ရပါတယ်။

-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟိုချုပ်ကိုင်မှု၊ NLD ပါတီဝင်များရဲ့ ဗိုလ်ချုပ်ကို ပါတီပိုင်အသက်သွင်းလိုမှု၊ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်အချင်းချင်း ပြိုင်ဆိုင်မှုတွေကြောင့် တစ်ယောက်ပြီးတစ်ယောက် အဖွဲ့က နှုတ်ထွက်သွားပါတယ်။ ပထမဆုံး အဓိကသရုပ်ဆောင် ကိုကျောက်ခဲ နှုတ်ထွက်သွားပါတယ်။ ဒုတိယကတော့ ဒါရိုက်တာ စနိုးဝှိုက် မောင်မောင်ဦးနဲ့ ဇာတ်ညွှန်း ကိုလွင်တို့ ထွက်သွားကြပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ရပ်တန့်သွားပါတယ်။

-ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ဖျက်သိမ်းရန် စီစဉ်ခြင်း
-
အချိန်အတော်ကြာ ရပ်တန့်နေပြီးမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်းမှာ ဆရာဦးကြည်စိုးထွန်း၊ ဆရာဦးချစ်ဦးညို၊ ဆရာမြမြင့်မိုရ်တို့နဲ့ ဦးစိမ်းနီ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးမျိုးမင်း၊ ဦးဇော်သက်ထွေး၊ ကိုဝိုင်း၊ ကိုဝေဠုကျော်၊ ကိုသူရကျော်၊ ဒေါ်အိအိခိုင်၊ မထွန်းအိန္ဒြာဗိုလ်တို့တွေ့ဆုံပြီး အပြီးသတ်တည်းဖြတ်ထားတဲ့ ဇာတ်ညွန်းနှင့်ပတ်သက်လို့ ဆွေးနွေးခဲ့ကြ ပါတယ်။ အချောသတ်ပြီးစီးသွားတဲ့ ဇာတ်ညွှန်းကို အင်္ဂလိပ်ဘာသာပြန်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် ခဲ့ကြပါတယ်။

-
ဆရာချစ်ဦးညို၊ ဆရာကြည်စိုးထွန်းနဲ့ ဆရာမြမြင့်မိုရ်တို့ ပေါင်းပြီးရေးလိုက်တဲ့ စာမျက်နှာ ၄၀၀ ကျော် ရှည်သော ဇာတ်ညွှန်းကြီးပြီးသွားချိန်မှာ ဇာတ်ညွှန်းကြီးကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြရပါတယ်။ အစပိုင်းမှာ အဖွဲ့ဝင်တွေက အနုပညာအလုပ်ဖြစ်လို့ ကိုယ့်ဘာကိုယ်ပဲ ဆက်လုပ်ဖို့ စဉ်းစားကြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျော်ပြီးလုပ်နိုင်စွမ်း ဘယ်ဒါရိုက်တာ၊ ဘယ်မင်းသား၊ မင်းသမီးမှ မရှိကြပါဘူး။ နောက်ဆုံးသွားပြတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုသွားပြလို့ပဲ ပြောလိုက် ပါတယ်။ အဲဒီအချိန်မှာ ဦးခင်အောင်မြင့်ကိုသွားပြချင်တဲ့အဖွဲ့နဲ့ မပြချင်တဲ့အဖွဲ့နှစ်ခု ထပ်ကွဲသွားပြန်ပါတယ်။ မပြချင်တဲ့လူကများပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ခိုင်းတာဆို လုပ်ကိုလုပ်ရမယ်ဆိုတဲ့ နာဇီအတွေး အခေါ် အကြွင်းအကျန်တွေ ရှိနေသေးတော့ သွားပြကြရပါတယ်။

-
ကနေဒါလူမျိုး ရုပ်ရှင်ထုတ်လုပ်သူ Niv Fenchman ရောက်လာချိန်မှာတော့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကြီးကို ဖျက်သိမ်းပစ်လိုက်ဖို့ဆိုတဲ့အထိ ဖြစ်သွားပါတော့တယ်။ Niv Fenchman က ရုပ်ရှင်တစ်ကားရိုက်ဖို့ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့တာကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ဖျက်သိမ်းဖို့ ပြောပါတယ်။

-
ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါပရိုဂျူဆာရဲ့စကား အတိုင်း အကောင်အထည်ဖော်ဖို့ ချက်ချင်းစီစဉ်ပါတယ်။ ဒါရိုက်တာတစ်ဦးကိုပဲ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တာဝန်ပေးဖို့ ရှာဖွေချိန် မှာ ဘယ်ဒါရိုက်တာကမှ ဗိုလ်ချုပ်ရုပ်ရှင်ကို မရိုက်ချင်ကြတော့ပါဘူး။ ဒါရိုက်တာ ကိုယဉ်အောင်(မန္တလေး)ကို ကိုဇာဂနာက ကမ်းလှမ်းချိန်မှာ ကျန်းမာရေးအကြောင်းပြပြီး ငြင်းခဲ့ပါတယ်။ ဆရာကြီး ဦးဝင်းဖေကို ကမ်းလှမ်းတော့လည်း သူ့အသက်အရွယ်ကို အကြောင်းပြပြီးငြင်းပြန်ပါတယ်။ ဝါရင့်ပညာရှင်တွေက တစ်ယောက်မှ လက်မခံကြပါဘူး။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ‘အမိုးမရှိတဲ့ကောင်းကင်’ ဇာတ်ကားနဲ့ ဝေဖန်ခံနေရတဲ့ ဒါရိုက်တာ မင်းဒင်ကိုကိုကြီးကို ရွေးချယ်လိုက်ပါတယ်။ ဒီကိစ္စကို နာမည်ကျော်ဒါရိုက်တာ မောင်မျိုးမင်းနဲ့ ဒါရိုက်တာဝိုင်းတို့က ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ကြပါတယ်။ ဇာတ်ညွှန်းတာဝန်ခံကိုလည်း ရုပ်ရှင်နဲ့ တစ်စက်မှမရင်းနှီးတဲ့ ကိုမော်လင်းကို ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးခဲ့ပါတယ်။ အဖွဲ့ဝင်အားလုံးက လုံးဝမကျေနပ်ကြပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ယောက်မှ ပြန်မပြောရဲကြပါဘူး။
နာမည်ကြီး သရုပ်ဆောင် ကိုဇင်ဝိုင်းနဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် အရိုင်းတို့က ထွက်စာတွေ တင်ကြပါတယ်။ ကိုဇော်သက်ထွေးကလဲ ထွက်ဖို့လုပ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ထွက်စာမတင်ဘဲ ထွက်တဲ့ လူကထွက်၊ ထွက်စာတင်တဲ့လူကတင် လုပ်ကြပါတယ်။ ဦးမိုးသူတို့ ဦးစိမ်းနီ တို့ဆိုရင်ရုံးကို လုံးဝ မလာတော့ပါဘူး။
-
(ဆက်လက်ဖော်ပြပါမည်)
သူရမောင်မောင်









အပေါ်စီးက ကြည့်တော့

$
0
0


ဝေဿန္တရာ ဇာတ်တော်မှာ သားတော် သမီးတော်တွေကို ဇူဇကာပုဏ္ဏားဆီ လှူတော်မူပြီး တဲ့နောက် ”ငါ့ သားတော် သမီး တော်တို့သည် ကျွန်အဖြစ် မှတော် လှန် လိုသော် ရွှေပိဿာ မည်ရွေ့ မည်မျှပေးစေ”လို့ ဝေဿန္တရာ မင်းကြီးပြောခဲ့တဲ့ စကားကို အခြေ ခံပြီးတော့ကာ အဖြစ်ဟောင်း ကနေ အဖြစ်သစ်ကို ကူးပြောင်းရေး လို့ အဓိပ္ပာယ် ရတဲ့ အင်္ဂလိပ် ဝေါဟာရ Revolution ဆိုတာကို ‘တော်လှန် ရေး’ လို့ ဦးသိန်းဖေမြင့် က အစော ဆုံး မြန်မာမှုပြုခဲ့တယ်ဗျ။

သူ့မူရင်း အဓိပ္ပာယ် အပြည့် အစုံ ကတော့ ပြည်သူတွေရဲ့နေထိုင် မှုစနစ်၊ ကုန်ထုတ်လုပ်မှု စနစ်တွေ လုံးလုံးလျားလျားကြီး ရုတ်ချည်း ပြောင်းလဲခြင်း ပါပဲ။ ဒီတော့ကာ စနစ် တစ်ခု ကနေ အခြားတစ်ခု ကို ပြောင်းလဲဖို့ ကြိုးစား အားထုတ် တာတွေကို တော်လှန်ရေး လို့ ခေါ် ကြတာဟာ သဘာဝ ကျပါတယ်။ ခေါ်လည်း ခေါ် ထိုက် ပါ တယ်။ မြန် မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အာဏာရှင် စနစ်က နေ ဒီမိုကရေစီ စနစ်ကို ရလာအောင် ဘယ်လို ကြိုးစား အားထုတ်ခဲ့ ကြရ တယ်တော်လှန်ခဲ့ ကြရတယ် ဆိုတာ တွေကိုလည်း အားလုံးအသိပါပဲ။

သို့သော် ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းနေတဲ့ ခရီးမှာ အ ပြောင်းအလဲတွေ ဖြစ်အောင် ကြိုး စား အားထုတ်ဖို့ရာ မှာတော့ တော် လှန်ရေးလုပ်သလို လုပ်နေလို့ မရ တော့ ဘူးခင်ဗျ။ ဒီမိုကရေစီ စနစ် ကို ကျင့်သုံးနေတဲ့ အခါမှာ ပေါ် ပေါက်လာတဲ့ ပြောင်းလဲမှုတွေဟာ တော်လှန်ရေး နည်းကျ ပြောင်းလဲ မှုဖြစ်စဉ်တွေ မဟုတ်ဘူးခင်ဗျ။

ဒီမိုကရေစီ စနစ်ကို ကျင့်သုံး နေဆဲမှာ ဖြစ်လာတဲ့ ပြောင်းလဲမှု တွေကိုတော့ အင်္ဂလိပ်အသုံးအနှုန်း အားဖြင့် Evolution လို့ခေါ်ကြ တယ်ဗျ။ အဆင့်ဆင့် ပြောင်းလဲသွား တဲ့ဖြစ် စဉ်ပေါ့ခင်ဗျာ။ တစ်စတစ်စ တိုးတက်ပြောင်းလဲမှု လို့ မြန်မာမှု ပြုကြပါတယ်။ မျောက်ကနေ လူ ဖြစ်လာ ရတာဟာ တော်လှန်ရေး လုပ်လို့ ပြောင်း သလို ဖြုန်းခနဲ ကြီး ပြောင်း လဲ သွားတာ မဟုတ်ဘူးဗျ။ နှစ်ပေါင်းများစွာ အချိန်ယူပြီး တစ်စ တစ်စ ပြောင်းလဲခဲ့တာ။ ဇီဝဗေဒ ဆိုင်ရာ ကိစ္စတွေ မှာတော့ ဆင့်ကဲ ဖြစ်စဉ် လို့ ခေါ်ကြ ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်လေ ပြောင်း လဲမှု တစ်ခုခုကို အခြေခံပြီး ထပ်ဆင့် ပြောင်းလဲမှု ဖြစ်လာမယ်၊ အဲဒီထပ် ဆင့် ပြောင်းလဲမှုကမှ တစ်ဆင့် နောက်ထပ် ပြောင်းလဲမှုတွေ ထပ် ဖြစ်လာ တာဟာ ဒီမိုကရေစီ စနစ်ရဲ့ ပြောင်းလဲမှု သဘောတရားပါပဲ။ တချို့ကတော့ Evolutionary Process လို့ခေါ်ကြတယ်ဗျ။ တစ်စ တစ်စ တိုးတက်ပြောင်း လဲမှု ဖြစ်စဉ် လို့ မြန်မာလိုပြောနိုင်ပါတယ်။

မျောက်ကနေလူဖြစ်ဖို့ ပြောင်း လဲရာမှာ ပြောင်းလဲမှုဟာ နောက် ကြောင်းပြန်မလှည့်ခဲ့ လို့သာလျှင် လူ ဖြစ်လာကြရသလိုပဲ သာယာဝ ပြောတဲ့ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဖြစ် လာရေးမှာလည်း ပြောင်းလဲမှုတွေဟာ ယာယီသဘော မဖြစ်ဖို့၊ ပြိုပျက်မသွားဖို့ အင်မတန် အရေး ကြီးတယ်ခင်ဗျ။ ပြောင်းလဲမှု တစ်ခု ကိုအခြေခံပြီး မှနောက်ထပ် ဆင့်ကဲ ပြောင်းလဲမှုက ဖြစ်လာမှာကိုးဗျ။ ပြောင်းလဲ မှုတော့ ဖြစ်ပါရဲ့ ခဏ လေးပြောင်းပြီး ဒုံရင်းပြန်ဖြစ် သွားလို့ကတော့ သူ့ကို အခြေခံပြီး ဖြစ်လာမယ့် ဆင့် ကဲပြောင်းလဲမှု ဟာ ဘယ့်နှယ်လုပ်ပေါ်နိုင်စရာရှိ တော့မှာလဲ ခင်ဗျာ။

အဓိက,က နောက်ကြောင်း ပြန်မလှည့်ဖို့ပဲခင်ဗျ။ နောက်ကြောင်း ပြန်တယ် ဆိုရာမှာလည်း အစိုးရ ရော ပြည်သူက ပါနောက်ကြောင်း ပြန်သော အတွေးအခေါ်တွေ မတွေး ကြ ဖို့၊ နောက်ကြောင်း ပြန်စေနိုင် သော လုပ်ရပ်တွေ မလုပ်ကြဖို့ လို တယ်ခင်ဗျ။ တိုးတက်သော နိုင်ငံ ရေး အသိရှိကြဖို့ လိုတယ်ခင်ဗျ။

ပြောသာ ပြောရတာ နိုင်ငံရေး လုပ်ဖို့မပြောနဲ့ လေ့လာဖို့ သင်ယူဖို့ ဆိုတာကိုတောင် နှစ်ပေါင်းများစွာ ပိတ်ပင်ခံရတဲ့နောက်တော့ နိုင်ငံ ရေး ဗဟုသုတပိုင်းမှာ အားနည်း ကြတာ ကိုလည်း အပြစ်ဆိုလို့ မရဘူး ခင်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးသိန်းဖေမြင့် တို့မျိုးဆက် နောက် ပိုင်းမှာ နိုင်ငံရေးသမား မျိုးဆက် ပြတ်ခဲ့တာဟာ ခုချိန်ထိ ပဲလို့တောင် ဆိုနိုင်တယ်ဗျ။ ပြီးတော့ကာ စာအုပ် စာတန်းတွေ ကလည်း ရှားပါးလှတယ်။ ရှိတဲ့ စာအုပ်လေးတွေလည်း ပြဿနာအရှာခံ ရမှာစိုးလို့ အိမ်မှာ ရဲရဲသိမ်းမထားရဲ ခဲ့ဘူး ဗျ။ ခုခေတ်မှ သာ ဟိုတုန်းက စာအုပ်တွေကို ပြန် ပြီး ပုံနှိပ်ခွင့်ရကြလို့ ကနေ့ လူငယ် တွေ အနေနဲ့ ဗိုလ်ချုပ် တို့ခေတ်က နိုင်ငံရေး သမိုင်းကြောင်း အထွေ ထွေ ကို ပြန်လေ့ လာနိုင်ကြတယ် ဗျ။ နည်း နာနိဿယတွေကိုလည်း လေ့လာ နိုင်ကြတယ်ဗျ။ အင်တာနက် ပိတ်ဆို့မှုတွေ မရှိတော့တာ ကြောင့်လည်း နိုင်ငံတကာနဲ့ စိတ်ချ လက်ချ ဆက်သွယ် လေ့လာနိုင်တာ ဘာကြာသေးလို့လဲဗျ။ အလွန်ဆုံးရှိ လှ ၅ နှစ်နီးပါးပေါ့။ ခုမှပဲ သင် တန်းတွေအမျိုးမျိုးပေးပြီး နိုင်ငံရေး သမားတွေကို ပိုးမွေးသ လို မွေး မြူလာကြတာ ကိုလည်း တွေ့လာရ တယ်ဗျ။ သို့သော် အရှင်မွေး နေ့ ချင်းကြီး ဆိုတာကတော့ ဘယ် လွယ်ပါ့မလဲလေ။

ဖတ်ခဲ့ဖူးတဲ့ ဗဟုသုတအရ ပြောရရင်တော့ သိပ္ပံပညာရှင်တွေ လိုပဲ အင်မတန် ရှားပါးလှတဲ့ နိုင်ငံ ရေး သမားတွေကို ဗြိတိသျှ ကိုလိုနီ တွေကတောင် အလေး ထားခဲ့တယ် ဗျ။ ထောင်ချ ရင်တောင် နိုင်ငံရေး သမားဟာ သာမန် ရာဇဝတ်သားနဲ့ မတူတဲ့ အထူး အခွင့်အရေးတွေ ခံစားရအောင် စီစဉ်ပေးခဲ့တယ်ဗျ။ ပိတ်ပင်တာ၊ တားမြစ်တာတွေ ရှိခဲ့ သလို ခွင့်ပြုထား တာတွေလည်း ရှိခဲ့တယ်ဆိုတာကို စာအုပ်စာတန်း တွေအရ သိနိုင်ပါသဗျာ။ ကျွန်တော် တို့ဆီမှာတော့ နိုင်ငံရေး အကျဉ်း သား ဆိုတဲ့ ဝေါဟာရကို ပုံနှိပ်ဖော် ပြခွင့်ရတာတောင် ဘာကြာသေး လို့လဲ။ အစိုးရသစ် လက်ထက်မှာ အပြောင်းအလဲတွေ ဖြစ်လာမှသာ ဒါတွေကို ရေးခွင့် သားခွင့် ရလာခဲ့ တာပါ။ အရင်က အသံတောင် ကျယ်ကျယ် မပြောရဲ ခဲ့တာတွေကို စာအုပ် စာတန်းတွေ ဆောင်းပါး တွေရေးနိုင်လာကြတယ် ဆိုတာ ကို တော့ ဘယ်သူမှငြင်းလို့မရပါဘူး။

ဒီတော့ကာ ဘယ်ဘက်ကိုမှ မလိုက်ဘဲ မြင်တဲ့အတိုင်း ပြောရ ရင်တော့ ဒီမိုကရေစီစနစ်ကို ကျင့် သုံးစပြုနေပြီဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်စတစ်စ တိုး တက် ပြောင်းလဲနေတာတွေ ကတော့ သေချာသဗျ။ အပြောင်းအလဲတွေ မဖြစ်ဘူးလို့ မျက်စိစုံမှိတ်ပြီး ပြော နေကြတာတွေ ဟာလည်း မှားသ ဗျ။ ဒေါ်အောင်ဆန်း စုကြည်တောင် လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ တာဟာ အင်မတန် ထင်ရှားတဲ့ အ ထောက်အထားပဲဗျ။ ဒီနှစ်ရွေး ကောက်ပွဲ မှာ သမ္မတတောင် ဝင် အရွေးခံရင် ခံဦး မှာလေ။ အရင် အစိုးရ လက်ထက်က မြန်မာနိုင်ငံ ကို ရောက်မလာခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လည်း အတော် လေးရောက် လာကြပြီ။ နိုင်ငံတကာ အကူ အညီတွေ လည်း အများကြီး ပို ရောက်လာကြပြီ။ ယုတ်စွအဆုံး အိုဘားမားတောင် အလည်နှစ် ခေါက် ရောက်ခဲ့ပြီဗျ။ ဒါတွေ အား လုံးဟာ တစ်စ တစ်စ တိုးတက် ပြောင်းလဲ မှု ဖြစ်စဉ် အရ ဖြစ်နေ တာတွေ ချည်းပါပဲဗျ။ လက်ရှိ ပြောင်းလဲမှုတွေကို အခြေခံပြီး ထပ်ဆင့် ပြောင်းလဲမှုတွေ လည်း တိုးတက် ဖြစ်ပေါ် လာဦးမှာပဲဗျ။

ရူပဗေဒ သဘောတရား အရ တော့ ဝန်ကို ဘယ်လောက် ထမ်း ထမ်း အရွေ့ရှိမှ အလုပ် လုပ်တယ် လို့ပြောကြတယ်။ အရွေ့မရှိရင် အလုပ် မဖြစ်ဘူးပေါ့ဗျာ။ ထမ်းရတဲ့ ဝန်နဲ့ အရွေ့ဟာ အလုပ်ပဲဗျ။ အဲသ လို ရွေ့ဖို့ဆိုတာ အားလုံး တက်ညီ လက်ညီ ဝိုင်းလုပ်ကြဖို့ လိုတယ်ဗျ။ ပြိုင်တူ တွန်းရင် ရွေ့တယ်ဆိုတာ ကလည်း ဘက်တစ်ဖက် တည်း ကနေ ပြိုင်တူ တွန်းကြရမှာခင်ဗျ။ ဆန့်ကျင်ဘက်နှစ်ဖက် ကနေ ပြိုင် တူတွန်းနေလို့ ကတော့ အားချင်း တူနေရင် ဘယ်လိုမှ ရွေ့မှာမဟုတ် ဘူးဗျ။ တစ်ဖက်က အား ပိုကောင်း ရင်တောင် နှေးနှေးပဲ ရွေ့မှာခင်ဗျ။ ဒီတော့ကာ အလုပ်လည်း ဖြစ်မှာ မဟုတ်ဘူးဗျ။ အလုပ်ဖြစ်သည့် တိုင်အောင် တွင်ကျယ်မှာလည်း မဟုတ်ဘူးခင်ဗျ။

ဒီတော့ကာ အစိုးရရော လွှတ် တော်ရော၊ ပြည်သူရော၊ အတိုက် အခံရော အားလုံးဟာ သူ့ကို ကိုယ်က အပြစ်တင်၊ ကိုယ့်ကို သူကအပြစ်တင် လုပ်မနေဘဲ အရာ ရာကို အမြင် ကျယ်ကျယ်နိုင်ငံရေး အသိရှိရှိနဲ့ အလုပ်ဖြစ်အောင် ဝိုင်း လုပ်ကြဖို့ လိုအပ်ပါကြောင်း ခင် ဗျား။

ဟက်ကာ









Viewing all 13897 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>