![]()
=================================================
ယခုရက်ပိုင်းအတွင်း Boat People ခေါ် လှေပေါ်က ဘင်္ဂလီများ အကြောင်းသတင်းများကို အယ်လ်ဂျာဇီးယားနဲ့ ပြည်ပမီဒီယာ အတော် များများတွင် ဆက်တိုက်ဖော်ပြနေကြပါတယ်။ ဘင်္ဂလီတစ်ထောင်ကျော်လှေတွေနဲ့ ပင်လယ်ထဲမှာ တွေ့တယ်။ ထိုင်းကို ကပ်တယ်။ ထိုင်းက မောင်းထုတ်တယ်။ မလေးရှားကို ကပ်တယ်။ ရေတိုက်စားစရာပေးပြီး ပင်လယ်ထဲပြန်မောင်းထုတ်တယ်။ အင်ဒိုနီးရှားကို သွားပြန် ကပ်တယ်။ သူတို့ကလည်း ပြန်မောင်းထုတ်လိုက်တယ်။ နောက်ဆုံးတော့ ကမ္ဘာက သတိထားမိလာပြီး လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်တပ်ပြီး ဆွေးနွေးလာကြတဲ့အထိ ဖြစ်လာပါတော့တယ်။
မလေးရှာဒုတိယပြည်ထဲရေးဝန်ကြီးက ကျွန်တော်တို့နယ်နိမိတ်ကို ချိုးဖျက်ဝင်လာတဲ့ ဒီဘင်္ဂလီတွေကို
ကောင်းကောင်းမွန်မွန် လူသားချင်းဆန်ဆန်ဆက်ဆံခဲ့ပေမယ့် ကြိုဆိုမှာတော့ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းပြည်သူတွေရဲ့အခွန်တွေနဲ့ ဒီဘင်္ဂလီတွေကို ကယ်ဆယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး၊ သူတို့ကိုလက်ခံလိုက်ရင် နောင်အများကြီး ရောက်လာမယ်လို့ ပြောခဲ့တယ်။ အင်ဒိုနီးရှား စစ်ဦးစီးချုပ်က ဒီဘင်္ဂလီတွေ ကျွန်တော်တို့ပိုင်နက်ထဲမရောက်အောင် တားဆီးနိုင်ဖို့ ကြိုးစားသွားမယ် ဆိုပြီး ပြောခဲ့တယ်။
ဒီလိုနိုင်ငံ ၃ နိုင်ငံက အပြင်းအထန်ငြင်းနေတဲ့အချိန်မှာ အာရှဒေသ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီ ၃ နိုင်ငံရေတပ်အနေနဲ့ ဒီလို ပုတ်ထုတ်တာတွေရပ်သင့်တယ်၊ သူတို့တွေကို ကယ်ဆယ်သင့်တယ်လို့
ပြောလာတယ်။ တစ်ချိန်တည်းမှာပဲ ဒီဘင်္ဂလီတွေဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က လာတဲ့လူတွေဖြစ်လို့ အဲဒီအစိုးရတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဖိအားပေးလာတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ နိုင်ငံဧရိယာထက် လူဦးရေက ပိုများနေသလို ပြောလည်းလက်ခံမှာ မဟုတ်တဲ့အတွက် အားလုံးက မသိဟန်ဆောင်ပြီး
မြန်မာနိုင်ငံကို ၀ိုင်းပြီး ဖိအားပေးဖို့ လုပ်ဆောင်လာကြတယ်။ နောက်ဆုံး မြန်မာနိုင်ငံဟာ ဘင်္ဂလီတွေကို လူမျိုးတုန်းသုတ်သင်နေသကဲ့သို့ ပြုမူနေပါတယ်ဆိုပြီး သုတေသီတစ်ယောက်ရဲ့ သုံးသပ်ချက်တွေကို ဘီဘီစီလို သတင်းဌာနကနေ အချိန်ကိုက်ထုတ်ပြန်လာပါတယ်။
မြန်မာအစိုးရကတော့ အဲဒီဘင်္ဂလီတွေဟာ မြန်မာကပါလို့ သေချာသက်သေပြနိုင်ရင်တော့ စဉ်းစားလက်ခံပေး
မယ်လို့ ပြောပြီး အဲဒီ ဘင်္ဂလီတွေကို မြန်မာက မဟုတ်ကြောင်း ငြင်းတယ်။ ဘင်္ဂလီတွေနဲ့ပတ်သက်ပြီးလုပ်တဲ့ ဘယ်ဆွေးနွေးပွဲကိုမှ မတက်ဘူးလို့ အကြောင်း ပြန်ထားတယ်။ မြန်မာအစိုးရရဲ့ရပ်တည်ချက်
ကတော့ ပြတ်သားပါတယ်။ ရန်ကုန်မှာလုပ်တဲ့ဆွေးနွေးပွဲမှာ ဦးရဲထွဋ်က မြန်မာအစိုးရကို အပြစ်တင်နေမယ့်အစား ဒီပြဿနာကို ပူးပေါင်းဖြေရှင်းသင့်တယ်လို့ ပြောခဲ့ပါတယ်။
တစ်ချိန်တုန်းက ဘင်္ဂလီဆိုတာ လှေငယ်လေးတစ်စီးကို ရအောင်လုမယ်၊ ၀ယ်ချင်လည်း ၀ယ်မယ်။ ပင်လယ်ထဲကိုရောက်လို့ သနားပြီး ကယ်တဲ့ လှေကြီးကြီး ဒါမှမဟုတ် သင်္ဘောတစ်စီးပေါ်ရောက်ရင် အဲဒီသင်္ဘောကိုလုပြီး အခြေချနိုင်တဲ့ နေရာအထိ ခရီးဆက်တတ်ကြတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူတွေလို့ အကုန်သိထားကြပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေ ဘာလုပ်ခဲ့တယ်ဆိုတာလည်း မြန်မာ
တစ်နိုင်ငံလုံးက အော့နှလုံးနာပြီး အ မှတ် ရနေဆဲပါပဲ။
အခုလို မွတ်ဆလင်နိုင်ငံတွေကတောင် လက်မခံတဲ့ ဘင်္ဂလီနဲ့ပတ်သက်ပြီး အစိုးရတွေအားလုံးက
ငြင်းဆန်နေကြပေမယ့် အန်အယ်လ်ဒီ ပါတီရဲ့ ရပ်တည်ချက်ကတော့ ကြောက် ဖို့ကောင်းလွန်းလို့ အထူးခြားဆုံးသတင်းအနေနဲ့ ပြည်ပမီဒီယာတွေက ဖော်ပြနေကြပါတယ်။
အန်အယ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မွတ်ဆလင်လှေစီးဘင်္ဂလီတွေဟာ လူ့အခွင့်အရေးခံစားခွင့် ရှိတယ်၊ မြန်မာအစိုးရအနေနဲ့ အဲဒီဘင်္ဂလီတွေကို နိုင်ငံသားအဖြစ်လက်ခံဖို့ တိုက်တွန်းတယ်၊ သူတို့ကို နိုင်ငံသားအဖြစ် လက်မခံနိုင်တာနဲ့ မြစ်ထဲ ပင်လယ်ထဲကို မောင်းမထုတ်နိုင်ပါဘူး၊ လူတွေဖြစ်လို့ လူ့အခွင့်အရေးရှိပါတယ်လို့ ပြောသွားပါတယ်။
(ပြည်တွင်း မီဒီယာများက ဖော်ပြခြင်းမရှိတာကြောင့် မဟုတ်ဘူးလို့ ထင်နေမှာစိုးလို့ AFP, TheNation တို့က သတင်းကို ကူးပြီးဖော်ပြပေးလိုက်ပါတယ်။ တဖြည်းဖြည်း လည်း ပိုသဘောပေါက်လာပါတယ်။)
Also on Monday, Nyan Win, a spokesman for National League for Democracy (NLD), made a strikingly bold comments on the issue. He said Muslim boat people fleeing dire conditions in Myanmar are entitled to "human rights", according to a report by AFP.
NLD leader Aung San Suu Kyi has faced criticism for not speaking strongly on the issue, as surging Buddhist nationalism has deepened the desperation of a group largely viewed as illegal immigrants from Bangladesh.
But her party spokesman took the highly unusual step Monday of urging Myanmar to give stateless Muslims in the country a chance to get citizenship.
"If they are not accepted (as citizens), they cannot just be sent onto rivers. Can’t be pushed out to sea. They are humans. I just see them as humans who are entitled to human rights," Nyan Win told reporters on the sidelines of a meeting between political parties and President Thein Sein in Yangon.
ဦးဦးတိမ်