Quantcast
Channel: Oppositeyes
Viewing all 13897 articles
Browse latest View live
↧

ရေခဲရေ(သို့) သေမင်း

$
0
0



လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။


နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။

ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။ သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ် ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။

ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီး ရောင်ခြင်းများ အပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။ လျှာနှင့်အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။

လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။

စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။ တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။ ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။

မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။ ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။

ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။ အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံ ပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။ ရေခဲမုန့်အပြင် ရေခဲရေပါ ပါသည့် အလှူများလည်း တွေ့ဖူးသည်။ အီဆိမ့်သော အစာများ တစ်ဝစားပြီးချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။

လူ၏ အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာချေသည့်မီး ရှိသည်။ ပါစကတေဇောဓာတ် ဟုလည်း ခေါ်ဆိုနိုင်လေသည်။ ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအချဉ်များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ အစာကြေလျှင် ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက် ဝေဒနာများ မဖြစ်နိုင်ပါ။

ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြိမ်းလိုက်သည်နှင့် သဏ္ဍာန်တူလေသည်။ မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါ ဝုန်းကနဲ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။

ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့ တက်လျှင် လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့ကို ရောက်မည် ဖြစ်သည်။ စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာလက ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက်မိသည်။

အသိတရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီး မောနေသည့်အချိန် ရေခဲရေ အေးအေးလေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချ လိုက်ရသည့် အရသာမှာ ကောင်းလှသည်။ ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ၏ လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာပြီး အနာဖြစ်လာသည်။ စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစား မစားနိုင်အောင် ဖြစ်ရသည်။ ရေခဲရေ၏ အကျိုးပင် ဖြစ်သည်။

ရေခဲရေသည် အစာအိမ်မှ ဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာ မကြေသမျှသည် အစာဟောင်းအိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သော ဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။ ဝမ်းကိုခက်ခဲစွာ သွားရသည်။ အပူနှင့်အအေးသည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။

အစာအိမ်အတွင်းတွင် အပူဓာတ် ရှိသည်။ ထိုအပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အစာအိမ်မှ အပူသည် အာခံတွင်းသို့ တက်သည်။ အာခံတွင်းတွင် ငုံထားလျှင် ပူနွေးလာသည်။ ဘုရားရှင် လက်ထက်က အဇာတသတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။ အနာ ပြည်ကိုက်သက်သာစေရန် ဖခင် ဗိမ္မိသာရ မင်းကြီးက အာခံတွင်းတွင် ငုံထားပေးသည်။ အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျိုချလိုက်သည်။ အာခံတွင်း အငွေ့၏ အစွမ်းကား အနာကိုပင် ပြည်ပေါက်စေသည်။

ဆရာဝန်တို့သည် လူနာ၏ ကိုယ်အပူချိန်ကို ပြဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။ ၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။ ကိုယ်တွင်းအပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်းအထိ ဖြစ်နိုင်သည်။

၁၀၇ ဒီဂရီဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင်ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်း ပါးစပ်ထဲသို့ ရေခဲရေ မတိုက်ရပေ။ အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။

တလောက အလွန်အပူကြီးချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးက ဘီယာဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။ အလွန်ပူသည့် အချိန်တွင် ဘီယာသောက်ခြင်းသည် အလွန်ကောင်းသည်ဟု ပြောသည်။ သဲကန္တာရတွင် လမ်းပျောက်နေသူ တစ်ဦးသည် ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။

ပညာရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊ သတိမမူ ဂူမမြင်ဟု ပြောရမည်လား။ အပူဒဏ် ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ညနေတိုင်း ဘီယာသွားသောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာရေးသူတွင် လည်ချောင်းနာပြီး အသံဝင်သွားသည်။ လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာသည် နောက်ပိုင်းရက်များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။

စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ်ချင်းမှာ ခြေထောက် မထောက်နိုင်၊ ယခင်ကရှိသော Gout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊ ဤကား ဘီယာသောက်ခြင်း၏ အကျိုးပင် ဖြစ်တော့သည်။ နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။

ရှေးက ဗမာကြီးများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ် ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်းခဲ့ကြသည်။ ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်း ကြေစေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။

ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အပူငြိမ်းသည်။ ကျောက်၊ ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုသည်။ ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။

လူ၏အသက်သည် ဝမ်းမီး ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာမကြေရောဂါနှင့် ဆီးချိုရောဂါ၊ ကိုယ်တွင် အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင် ဖြစ်ကြောင်း တွေ့ရသည်။ရေခဲရေကို နေ့စဉ် သောက်သုံးသူများသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။

မီးငြိမ်းသော မီးဖိုဖြင့် ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိဖို့ လိုသည်။ လွန်ကဲခြင်းသည် မည်သည့်အခါမျှ မကောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။ မြေသောက် ရေအိုးတွင် ထည့်ထားသော ရေအေးသည် သာမန်ရေအေး ဖြစ်သည်။ လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများက ဆိုသည်။

ရေခဲသေတ္တာထဲမှ ထွက်လာသော ပုလင်းများ၊ Water Cooler မှ ကျလာသော ရေတို့သည် သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။ ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲသဖြင့် တုန့်ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။

ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ လျှာအရသာ မတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျိုပြွန် ရောင်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ရခြင်း၊ တစ်ကိုယ်လုံး ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများထွက်ခြင်း၊ အပူဖုများ ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။

နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ-

၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။

၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။

၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။

၎။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။

၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။

၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။

၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။

၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တို စေနိုင်သည်ကို အထူးသတိပြုပါ။

Credit to
ကြည်လွင်မြင့်



↧

ကလိမ်ကညစ် ကုလသမဂ္ဂ

$
0
0

==== === ==== ===

ကုလသမဂ္ဂဆိုတာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါစ ၁၉၄၅ မှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုသျှ၊ တရုတ်ဆိုတဲ့ နိုင်ငံကြီးငါးနိုင်ငံ (ကြီးငါးကြီး) ဦးဆောင်ပြီး စတင်ဖွဲ့စည်းတည်ထောင်စဉ်ကတော့ ကမ္ဘာ့ ပြည်သူတွေ ကြည်ညိုလေစားထိုက်တဲ့ အဖွဲ့ကြီးပါပဲ။ ‘ဒါပေမဲ့ တစ်စတစ်စ နဲ့နိုင်ငံတွေ လွတ်လပ်လာကြလို့ အဖွဲ့ဝင်တွေ တိုးတက်များပြားလာတာနဲ့အမျှ ဖွတ် မိကျောင်းဖြစ် မြစ်မချမ်းသာ ဆိုသလို ဖွတ်တွေများ များလာတဲ့ ကုလသမဂ္ဂမြစ်ကြီးဟာ ဂုဏ်အသရေ မဲ့မဲ့လာတော့တယ်။


လွတ်လပ်လာခါစနိုင်ငံများဟာ ဆင်းရဲတဲ့နိုင်ငံများ ဖြစ်တယ်။ စက်မှု မထွန်းကား၊ စီးပွားရေးမဖွံ့ဖြိုးတဲ့နိုင်ငံများ ဖြစ်ကြတယ်။ သူတို့ကို တတိယ ကမ္ဘာနိုင်ငံများလို့ ခေါ်လေ့ရှိကြပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ဗမာကို တတိယ ကမ္ဘာထဲထည့်ရေလေ့ရှိပေမဲ့ များသောအားဖြင့် ဆင်းရဲတဲ့ အာရှ-အာဖရိက နိုင်ငံတွေပဲ တတိယကမ္ဘာ ခေါ်ကြပါတယ်။ မရှိ ခိုးနိုးနိုး ဗမာစကား ဆိုရိုးစကားရှိတဲ့အတိုင်း အဲဒီဆင်းရဲတဲ့ တတိယ နိုင်ငံက လူတွေဟာ ရရင် အကုန်ယူမယ်၊ အုပ်လိုက်မယ်၊ ၀ါးလိုက်မယ် စိတ်ထားမျိုး ကိုင်ဆွဲတဲ့ အကျင့်ပျက်တွေ များတယ်။ ဒီလူတွေလည်း ကုလသမဂ္ဂထဲရောက်ရော ကမ္ဘာပြည်သူ့ပိုက်ဆံ သူ့ယောက္ခမ နီဂရိုးမကြီး ပိုက်ဆံအောက်မေ့ကာ သောက်ဟယ် စားဟယ် လုပ်ပစ်ကြလို့ ငွေ စာရင်းစစ်တွေ ခဏခဏ ၀င်ရ၊ စုံစမ်းရေး အဖွဲ့တွေဖွဲ့ရ လုပ်ရတော့တယ်။ ကုသမဂ္ဂကို အများဆုံး ထောက်ပံ့တဲ့ (၂၂)ရာခိုင်နှုန်း အမေရိကန်က ၁၉၉၀ နှစ် တွေတုန်းက သူထောက်ပံ့နေတာကို ရပ်တန့်ပစ်လိုက်သေးတယ်။

ဒီလူတွေဟာ နေရာရအောင်ကလည်း အင်မတန် လုပ်တတ်တယ်။ ကုသမဂ္ဂကြီးရဲ့ လက်အောက်ခံ အဖွဲ့ခွဲ ဧဂျင်စီ အမျိုးးမျိုးရှိရာ အဲဒီ ဧဂျင်စီတွေမှာ သူတို့ပဲနေရာရအောင် အတင်းလုယက်ဝင်ကြတာပဲ။ နေရာလည်း ရရော ထင်ရာစိုင်းတော့တာပဲ။ လုပ်သင့်တာကို မလုပ်၊ ဖြစ်သင့်တာတွေ မဖြစ်၊ သူတို့စားပေါက်ကိုထွင်ကာ အုပ်ထည့်တော့တယ်။ ဒါကြောင့် ကနေ့ ကုလသမဂ္ဂက လုပ်တယ်ဆိုရာမှာ ရှေးယခင်ကလို ဖြစ်သင့်တာကို ချင့်ချင့်ချိန်ချိန် ဝေဖန်တိုင်းဆ ရွက်ဆောင်တာမျိုး မဟုတ်ဘဲ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတယ်။ ကျွန်တော်တို့ ဦးသန့် အတွင်းရေး မှူးချုပ်လုပ်စဉ်က စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာမျိုးလို လူသာဓုခေါ်၊ နတ်သာဓုခေါ် ရွက်ဆောင်မှုများမရှိတော့ဘဲ စိတ်ပျက်စရာတွေချည်း တွေ့ နေရတော့တယ်။

အခြားကိစ္စ မကြည့်နဲ့။ ကျွန်တော်တို့ တိုင်းပြည်နဲ့ ပတ်သက်တဲ့ ကိစ္စ ဒီလူတွေ ကိုင်တွယ်ထားကြပုံကိုပဲ ကြည့်လေ။ ဗမာပြည်မှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး။ ဘင်္ဂလားဒေသက ခိုးဝင်လာတဲ့ မွတ်စလင်တွေ ပဲရှိပါတယ်လို့ ကျွန်တော်တို့ အစိုးရကရော ပြည်သူကပါ တဖွဖွ ပြောနေတဲ့ ကြားထဲက ရိုဟင်ဂျာတွေဟာ ခေတ် အ ဆက်ဆက်ကပဲ ဗမာပြည်မှာ နေထိုင်လာ ခဲ့ကြတာပါ။ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ညှဉ်းပန်းမှု အခံရဆုံး လူမျိုးပါ (The most persecuted People In The World) ဘာညာနဲ့ အဲဒီ ကုလသမဂ္ဂဆိုသူတွေက အော်နေကြတယ်။ အခု နောက်ဆုံးမှာ ဗုဒ္ဓဘာသာ ရခိုင်တွေကသတ်လို့ ရိုဟင်ဂျာ ၄၈ ယောက် သေရပါတယ်၊ အခုထိ သေရသမျှ ၂၈၀ ကျော်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေး ရသူက ၂ သိန်းခွဲကျော်ပြီစသဖြင့် ဒီကုလသမဂ္ဂဆိုသူတွေက ပြောနေတယ်။

ဒီတော့ကာ မွတ်စလင်တွေကိုသတ်တဲ့ ဗမာတွေကို လက်စား ချေဖို့ဆိုပြီး အင်ဒိုနီးရှားက ဗမာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့သူ ပေါ်လာတယ်။ သက်ဆိုင်ရာ အင်ဒိုနီးရှား အာဏာပိုင်က အချိန်မီ ဖမ်းဆီး နိုင်ပြီး ထောင်ဒဏ် ခုနစ်နှစ်ချလိုက်တယ်။ အဲဒီငနဲက ထောင်ဆိုတာ ခဏပါ။ ထောင်က လွတ်လာရင်လည်း မွတ်စလင်တွေကို သတ်တဲ့ ဗမာတွေကို လက်စားချေဖို့ မိမိဆက်ပြီး ကြိုးစားဦးမယ်လို့ ကြုံးဝါးသွား တယ်။ သူကြုံးဝါးတာကို ကြောက်လို့တော့ မဟုတ်။ ‘ဒါပေမဲ့ ကျွန်တော်တို့ ဗမာတွေက လုပ်လည်းမလုပ်ရဘဲနဲ့၊ ဒီကုလသမဂ္ဂဆိုသူတွေက တာဝန်မဲ့ ပြောတဲ့အတွက် အဟုတ်မှတ်သွားကာ ကျွန်တော်တို့ကို ‘ဒုက္ခပေးဖို့ အကြိမ်းခံရတာကတော့ ဗလာချီ သက်သက်ခံရတာ ဖြစ်နေတယ်။ ဒီတော့ ဗုံးခွဲမယ် ကြိမ်းတဲ့လူမိုက်ထက် သူ့ကို ဒီလို အထင်အမြင်ဝင်အောင် လုပ်ပေးတဲ့ ကုလသမဂ္ဂဆိုသူ ကလေကချေတွေကိုပဲ ပိုလို့အပြစ်တင်ချင် တော့တယ်။

အခု နောက်ဆုံးရသတင်းအရ ‘ဒီသတင်း လုပ်ကြံတဲ့ ကုလသမဂ္ဂနဲ့ အင်ဂျီအိုတွေကို ဒေသခံတွေက ဆန္ဒပြပွဲ လုပ်ကြဖို့ စီစဉ်တာ ခွင့်ပြုချက် မရလို့ မလုပ်ဖြစ်ဘူးလို့ ကြားသိရတယ်။ မိမိတို့ဒေသမှာ ကုလသမဂ္ဂ ရှိတော့ အကူအညီမရဘူးလား မေးတော့ သူတို့က ဘင်္ဂါလီတွေဘက်က ပါတာပါလို့ ဒေသခံက ဖြေတယ်။

ကျွန်တော်တို့ ဗမာတွေက ရိုဟင်ဂျာမှမဟုတ် တိုင်းပြည်ထဲခိုးဝင် လာတဲ့ နိုင်ငံခြားသားမှန်သမျှကို မချစ်ပါဘူး။ အမြင်ကတ်ပါတယ်။ ဒါပေမဲ့ ငါးပါးသီလမှာ နံပါတ်တစ်ဖြစ်တဲ့ ပါဏာတိပါတကံကိုထိန်းသိမ်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြလေတော့ သတ်တဲ့အထိတော့ ဘယ်တော့မှ မရောက်ခဲ့ဘူး။ အရင်ခေတ်အဆက်ဆက်ကလည်း မသတ်၊ အခု ကျွန်တော်တို့ခေတ်မှာလည်း မသတ်ပါဘူး။ မတရားခိုးဝင်လာတဲ့ လူ တွေဟာ အချိန်ကာလကြာတော့ ဒေသခံတွေနဲ့ တစ်သွေးတစ်သားတည်း ဖြစ်သွားကာ တိုင်းရင်းသားဖြစ်သွားပါတော့တယ်။

ဗမာတွေရဲ့ ဗုဒ္ဓတရားကို အခြေခံတဲ့ ယဉ်ကျေးမှုကို နားမလည်တဲ့ သူတွေက ကိုယ်နဲ့နှိုင်း မရိုင်းဆိုသလို သူတို့လိုပဲလို့ အောက်မေ့ပြီး လူမျိုးခြားတွေကို ဗမာတွေက သတ်တယ်၊ သတ်တယ်လို့ အော်ဟစ်နေ ကြတာ ဖြစ်တယ်။ ရှေးဗမာဘုရင်တွေ လက်ထက်က ကျုးကျော်လာကြ တဲ့ နိုင်ငံခြားတပ်တွေကို ဗမာစစ်တပ်က တွန်းလှန်တိုက်ခိုက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ကျုးကျော်သူ ဂျွမ်းစစ်သည်တွေကို ကျန်စစ်သားနဲ့သူ့ ရဲဘော်တွေက တိုက်ထုတ်ခဲ့တယ်။ ကျုးကျော်လာတဲ့ တရုတ်စစ်တပ်ကြီးကို ခုခံတိုက်ခိုက်ပါသော်လည်း အင်အားချင်း မမျှလေတော့ ထွက်ပြေး ရသမို့ ပုဂံ နရသီဟပတေ့ဘုရင်ဟာ ''တရုတ်ပြေး မင်း''ဘွဲ့ရခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်တလေ တိုင်းပြည်ထဲရောက်လာတဲ့ နိုင်ငံခြားသားတွေ ကိုတော့ ဘုရင်ကလည်း ရန်မမူ၊ ပြည်သူကလည်း လက်ခံ-ဆက်ဆံခဲ့ လို့ တော်ကြာ တိုင်းရင်းသားဖြစ်သွားတာပါပဲ။

ပုဂံခေတ်က ပင်လယ်ထဲ သင်္ဘောပျက်ပြီး ရောက်လာတဲ့ စကင်ဒီနေဗီးယားက ဗျတ်ဝိ၊ ဗျတ္တညီအစ်ကိုကို ဘုရင်က သူ့အမှုတော် ထမ်းစေခဲ့ ပါတယ်။ ဥရောပတိုက်သားပီပီ ကာယဗလတောင့်တင်းပြီး ကျန်းမာ သန်စွမ်းလေတော့ ညီဖြစ်သူ ဗျတ္တဟာ ပုပ္ပားတောင်ကို မနက်တိုင်း ပန်းသွားခူးရတဲ့တာဝန်ကို ထမ်းဆောင်ရတယ်။ အစ်ကို ဗျတ်ဝိက စစ်မှု ထမ်းရင်း တိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတယ်။
ကျန်စစ်သားနဲ့ ကုလားစစ်သည် ရှစ်ကျိပ်လို့ သမိုင်းကဆိုရာ နိုင်ငံခြား သားစစ်သည် (အထူးသဖြင့် ဥရောပစစ်သည်)ကို ဆိုလိုကြောင်း နားလည် ရတယ်။ နှောင်းခေတ်တွေမှာလည်း ဗမာဘုရင်ဆီမှာ လာ ရောက်စစ်မှု ထမ်းတဲ့ နိုင်ငံခြားသားများရှိခဲ့ကြောင်း သမိုင်းမှာ တွေ့ကြရတယ်။ ဗမာတပ် တွေမှာ အမြောက်တပ်စသည်မှာ တာဝန်ယူသူတွေဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ ကုန်းဘောင်ခေတ်မှာ မွတ်စလင်တွေ များတယ်။

အဲသလို ဘုရင်ဆီမှာ ပုံမှန်တပ်သားအဖြစ် အမှုတော်ထမ်းတာ မဟုတ်ဘဲ တစ်သီးတစ်ခြား တစ်ကိုယ်တော်စစ်သည်လာ လုပ်သူတွေကို ကြေးစား တပ်သား (Mercenary) လို့ ခေါ်တယ်။ တောင်ငူ ဘုရင်နတ် ရှင်နောင်ကို ၀ိုင်၊ ဘရန်ဒီ၊ ဥရောပ ယမကာ အကောင်းစားတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဗမာက ငဇင်ကာ ခေါ် ဖီးလစ်ဒီဘရစ်တို Philp de Britto ဟာ သံလျင်မှာ နေသွားတဲ့ ပေါ်တူဂီက ကြေးစားစစ်သည်တစ်ဦး ဖြစ်တယ်။ ဘုရင့်နောင်ဆီမှာတော့ ပေါ်တူဂီနဲ့ အခြား ဥရောပစစ်သား တွေက ပုံမှန်စစ်တပ်အဖြစ် ရှိနေတာဖြစ်တယ်။ ဘုရင်နောင် စစ်ချီရင် အဲဒီနိုင်ငံခြားသားတွေနဲ့ ချီတာ။ သံလျင်ကို ဘုရင့်နောင် တက်သိမ်းတော့ သူ ကွပ်ကဲလာတာ ဗမာစစ်သား တွေမဟုတ်၊ ပေါ်တူဂီတပ်သားတွေ ဖြစ်တယ်။

ဒီလိုနဲ့ ဗမာဘုရင်တွေဆီမှာ နိုင်ငံခြားသားစစ်သည်တွေ အမှု တော်ထမ်းခဲ့ကြတာ ပုဂံခေတ်ကနေ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ်အထိပါပဲ။ ဥရောပတိုက်သားတွေကို ဗမာက ကုလားဖြူလို့ ခေါ်တယ်။ အိန္ဒိယကလာသူတွေကို ကုလားမဲလို့ ခေါ်ကြတယ်။ မွတ်စလင်တွေ များတယ်။ ကုလားမဲတွေကို အမြောက်တပ်မှာ သုံးလေ့ရှိကြတယ်။ တချို့ ကုလားမဲတွေက စာပေယဉ်ကျေးမှု အနုပညာဘက်မှာ အမှုထမ်းကြတယ်။ ပုဂံကျောက်စာမှာ ''ကုလာ ပန်တျာသည်''လို့ ကုလား ဂီတ သမားတွေကို မှတ်တမ်းတင်ထားတာ တွေ့ကြရတယ်။ နှောင်းခေတ်တွေမှာ အဒူမင်းညို (Abdul Min Nyo) အမည်နဲ့ ကဗျာဆရာ၊ ဦးကုလား အမည်နဲ့ သမိုင်းဆရာ (ဦးကုလား ရာဇ၀င်တော်ကြီး)တို့ကို တွေ့ကြ ရတယ်။ ဗြိတိသျှခေတ်မှာ ဦးအလီဆိုတဲ့ သီချင်းကြီးသီချင်းခန့် အဆို တော်ကြီးတစ်ယောက်ပေါ်ပေါက်ခဲ့ဖူးတယ်။

ဒီတော့ကာ ခေတ်အဆက်ဆက်မှာ ဗမာတွေက နိုင်ငံခြားသား တွေကို၊ အထူးသဖြင့် မွတ်စလင်တွေကို ရန်မမူခဲ့ဘူး၊ သူကောင်းတောင် ပြုခဲ့သေးတယ်ဆိုတာ ထင်ရှားတယ်။ ကုလသမဂ္ဂဆိုတဲ့ လံကြုပ်သမားတွေ လက်ထက်ရောက်ခါမှ‘ဗမာက မွတ်စလင်ကုလားကို သတ်ပါတယ်´ လို့ ကြံဖန် စွပ်စွဲခံရတာ ဖြစ်တယ်။

မောင်သာနိုး
စောင့်ကြည့်ဂျာနယ် အတွဲ ၈ အမှတ် ၃၆
မှတ်ချက် - မူရင်းစာမူအတိုင်းဖြစ်သည်။









↧
↧

ဖေ့စ်ဘွတ်ခ်ပေါ်တွင် ချစ်ရေးဆိုကာ တရားဝင် ဇနီးသုံးဦး ပေါင်းသင်းခဲ့ သူကို အမှုဖွင့်

$
0
0



--------------------------------------
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကျောက်တန်းမြို့နယ်နှင့် ခရမ်းမြို့နယ်တို့တွင် နေထိုင်သော အသက် ၂ဝကျော်အရွယ် မိန်းကလေး သုံးဦးကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူပျိုလူလွတ်ဖြစ်ကြောင်းပြောဆိုပြီး ချစ်ရေးဆိုကာ တရားဝင်ဇနီးများအဖြစ် လက်ထပ်ခဲ့သော အသက် ၂၄ နှစ်အရွယ် လူငယ်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တန်းမြို့နယ် တံတားနယ်မြေ ရဲစခန်းထံမှသိရှိရသည်။


အမှုဖွင့်ခံထားရသူမှာ ခရမ်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် နေထိုင်ပြီး ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျောက်တန်းမြို့နယ်၊ တမံကြီးကျေးရွာ တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် မိန်းကလေးနှင့် ဖေ့စ်ဘွတ်ခ်တွင်တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နှစ်ဦးသဘောတူ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ယင်းလူငယ်က အခြားအမျိုးသမီးနှစ်ဦးနှင့် တရားဝင် လက်ထပ်ပေါင်းသင်းနေသူဖြစ်ကြောင်း မိန်းကလေး၏ မိသားစုဘက်မှ စုံစမ်းသိရှိခဲ့သဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း တံတားနယ်မြေ ရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းဝေက ပြောကြားသည်။

“ဖေ့စ်ဘွတ်ခ်မှာ လူပျိုဆိုပြီး မိန်းကလေးတွေကို ချစ်ရေးဆိုတယ်။ လက်ရှိ သုံးယောက်မြောက် မိန်းကလေးကို စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို ခိုးပြေး သွားတယ်။ ရပ်ကွက်ရုံးမှာ လက်ထပ်ခဲ့ပြီး အတူပေါင်းသင်းခဲ့ရာကနေမိန်းကလေးက မသင်္ကာလို့ သူ့နောက်ကြောင်းတွေ လိုက်လံစုံစမ်းရင်း သိခဲ့ရတာ။ အတိုင်ခံရသူကို မမိသေးပါဘူး” ၄င်းက ပြောကြားသည်။

အဆိုပါ အမျိုးသားမှာ ၂ဝ၁၅ခုနှစ်က ဖေ့ဘွတ်ခ်စာမျက်နှာတွင် ချစ်သူဖြစ် ခဲ့သော ခရမ်းမြို့နယ်နေသူ အသက် ၂၂နှစ် အရွယ် မိန်းကလေးနှင့်ကျောက်တန်းမြို့နယ်တွင် နေထိုင်သော အသက် ၂၅နှစ်အရွယ် မိန်းကလေးတို့ကို တရားဝင် လက်ထပ်ထားသူဖြစ်ကြောင်း၊ ယင်းအမျိုးသားကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း
ကျောက်တန်းမြို့နယ် တံတားနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။


The Voice Weekly



↧

အိုဘယ့်..လွှတ်တော် ဥက္ကဌ.

$
0
0



လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တဲ့လုပ်နည်း က

၁ ။ လှို့ဝှက်စွာစက်ခလုပ်နှိပ်မဲခွဲခြင်း (နှိပ်ပြီးရင်မီးငြိမ်းတယ်)

၂။စက်ခလုပ်နှိပ်၍ပြောင်ဆန္ဒမဲပေးခြင်း(ကိုယ်နှိပ်တဲ့ခလုပ်မီးဆက်လင်းနေတယ် ကိုယ်ဘာနှိပ်တယ်ဆိုတာဘေးလူမြင်ရတယ်)

၃ ။ အသံဖြင့်မဲခွဲခြင်း ( ခွင့်တိုင်တာဘာညာသိပ်အရေးမပါတဲ့ဆုံးဖြတ်ချက်မျိုး ဗလုံးပထွေးနဲ့ "ဘောတူပါ"ဆိုပြီးယောယောင်အော်ရတာ)

၎ ။ မတ်တပ်ရပ်ပြီး မဲခွဲတာ ( ဥက္ကဌက ညစ်ခြင်ရင်သုံး တယ် အရင်ကသုံးလေ့ရှိတယ် )

၅ ။ ဆန္ဒမဲလက်မှတ်ဖြင့်မဲပုံးအတွင်းထည့်၍မဲခွဲတာ
(သမ္မတရွေးတာလိုမျိုး ခြေ/ဥပြင်တာမျိုး အရေးအကြီးဆုံးကိစ္စမှာသုံးတယ်) ။

အဲလိုဥပဒေ ငါးမျိုးရှိပြီးသူ့နေရာနဲ့သူသုံးရတယ်။ ဥပမာ လွှတ်တော်ကိုယ်စားလှယ်များ ဒီနေ့ခွင့်တိုင်တာ
နဲ့ပါတ်သက်ပြီး သဘောတူမတူ လွှတ်တော်ကသဘောတူပါသလားခင်ဗျား လို့အသံနဲ့မဲခွဲရင်မြန်တာပေါ့ သိပ်အရေးမကြီးဘူးလေ အဲဒါကိုအသံနဲ့ဘဲမဲခွဲတာပေါ့ အဲဒါမျိုးကို ဆန္ဒမဲလက်မှတ်နဲ့ပေးတာတို့စက်
ခလုပ်နှိပ်တာတို့လုပ်နေရင် ဒီခွင့်တိုင်တဲ့ကိစ္စလေးနဲ့တင် တစ်နေကုန်သွားမှာပေါ့ ။ တစ်ခုရှိတာက
လွှတ်တော်ဥက္ကဌဆိုတာက ကိုယ်စားလှယ်တစ်ယောက်တစ်နေ့တာ ခွင့်တိုင်တဲ့ကိစ္စလေးကိုတောင်မှ မိမိသဘောနဲ့ပေးလို့မရပါဘူး "လွှတ်တော်က သဘောတူပါသလားခင်ဗျား "လို့ သုံးခါမေးပြီး "ဒီကနေ့ ခွင့်တိုင်ကြားမှု့ကို( လွှတ်တော်က) သဘောတူကြောင်း ကြေငြာအပ်ပါတယ် "ဆိုပြီး တူထု တာပေါ့ ။ လွှတ်တော်ကသဘောမတူရင်ခွင့်တောင်ယူလို့မရပါဘူး ဒါကြောင့်လွှတ်တော်ဥက္ကဌလုပ်တဲ့သူဟာ လုပ်ထုံးလုပ်နည်းဥပဒေတွေကို ဘိုင်ဟတ် ရနေသင့်တယ် ။

မနေ့ကပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်က အစည်းဝေးတက်တာ ၄၂၆ ယောက် မဲပေးတာ ၄၀၆ ယောက် ပျောက်နေတာ ၂၀ ယောက် တဲ့ ။ ပျောက်နေတဲ့သူတွေမဲမပေးတာဘာကြောင့်လည်း
ဆိုပြီးမေးတယ် ရေးရာကော်မတီအစည်းဝေးသွားရင်လည်းနေ့လယ် ၁၂ နာရီနောက်ပိုင်းမှသွားပါ လို့ သတိပေးတာကြားလိုက်တယ် ။ဒါတော့မဟုတ်သေးဘူးဗျ ။ စက်ခလုပ်မှာ ထောက်ခံ အစိမ်း ကန့်ကွက်
အနီ ကြားနေအဝါ ၃ ခုရှိပြီး လွှတ်တော် အစည်းဝေးခန်းထဲရှိနေပေမဲ့ ဘာမှစက်ခလုပ်
မနှိပ်တဲ့သူလည်းရှိတယ် ။ ဥပမာ(ဥပမာနော်) "မြစ်ဆုံဆည်ရပ်ရန်သဘောတူမတူ"မဲခွဲတယ်ဆိုပါစို့ အစိမ်းနှိပ်ရင် ရပ်ရန်သဘောတူတယ် ဆက်မလုပ်ဘူးဆိုတဲ့သဘောပေါ့ ။ အနီနှိပ်ရင် ရပ်ရန်သဘောမတူဘူး ဆက်လုပ်မယ်ပေါ့ ။

အဝါနှိပ်ရင်သာမန်အားဖြင့်ကြားနေမယ် ဆိုတဲ့သဘော ပါ ။ဒါပေမဲ့အဝါနှိပ်ရင် ထောက်ခံ
တာမဟုတ်လို့ မြစ်ဆုံကိုရပ်တံ့ဘို့ကိစ္စကို သဘောထားမတိုက်ဆိုင်ဘူး လို့ ယူဆနိုင်သလို အနီဘက်ကလူတွေကလည်းငါတို့ကဆက်လုပ်ခြင်တာ အဝါတွေက ဒို့ဘက်မပါဘူး လို့ ယူဆလို့ရတယ် ။ ထောက်ခံသူတွေကလည်းကြားနေကိုမနှစ်မြို့သလိုကန့်ကွက်သူတွေကလည်းကြားနေကိုမကြိုတ်ကြဘူး ။ ဒီတော့ ကိစ္စတစ်ခုဖြစ်လို့မဲခွဲရင် စိတ်ထဲကဘဝင်မကျဘူး အဆိုတင်သူကဘာရည်ရွယ်တာ
လည်းဆိုတာသဘောမပေါက်ရင် ဒီကိစ္စဘက်လိုက်မှု့နည်းနည်းရှိနေတယ်လို့သံသယဖြစ်မိရင် အထက်ပါတင်ပြခဲ့သလို ကြားနေကိုလည်းဘေးလူကသိပ်မကြည်တော့ ဘာမှခလုပ်မနှိပ်ဘဲနေငုတ်
တုပ်ထိုင်နေလိုက်တာပေါ့ လွှတ်တော်ထဲရောက်လာတဲ့အမတ်များဟာမဲခွဲတဲ့အခါ မဲပေးကိုပေးရမယ် ဆိုတဲ့ဥပဒေမရှိဘူး သင်မဲပေးလိုကပေးနိုင်သည် သင်မဲမပေးဘဲနေလိုကနေနိုင်သည် ဘဲဖြစ်တယ် ။

ဦးဝင်းမြင့်အနေနဲ့က မဲမပေးဘဲနေတဲ့လူ ၂၀ ကိုရမယ်ရှာလို့မရပါဘူး။ ဒါသူ့အခွင့်အရေးဘဲ နောက်ပြီး တချို့က ရေးရာကော်မတီအစည်းဝေးဆိုပြီး ခွင့်တိုင်ပြီး အိုင် ဆောင်တွေကိုသွားတာရှိတယ် ဒါပေမဲ့ လွှတ်တော်စပြီဆိုတာနဲ့ခွင့်ဘယ်လောက်ရှိတယ်။လာတက်တာဘယ်လောက်ဆိုတာသိပြီးဖြစ်လို့
ရေးရာကော်မတီသွားတဲ့သူ ဟာ voting ထဲမှာမပါဘူးဆိုတာသိပြီးသားဘဲ တခုရှိတာကမဲခွဲခါနီးမှာ
အပြင်ထွက်ဆေးလိပ်သောက်နေတာလား ဒီမိုခေတ်မှအချိန်မှီရောက်လာတဲ့ ကော်ဖီတစ်ခွက် ၉၀၀ တန် "ကီးစတုန်း"လက္ဘရည်ဆိုင်မှာသွားထိုင်နေကြတာလား ။ တစ်ခုခုပေါ့လေ ကျနော်တို့တက်ခဲ့တဲ့
အမျိုးသားလွှတ်တော်မှာတော့ ဦးခင်အောင်မြင့်က မဲခွဲဆုံးဖြတ်ခါနီးရင် ဘဲလ် တီးလိုက်ပါတယ် ဘဲလ် တီးသံကြားရင် အပြင်ကိုရှုးပေါက်သွားနေတာတို့ ဆေးလိပ်ထွက်သောက်နေတာ ကော်ဖီတစ်ခွက် ၁၅၀ တန်ဝန်ထမ်းသက်သာဆိုင်သွားနေတာ ဘာညာလူတွေအားလုံး ပြန်ဝင်ကြရပါတယ် ( ဥက္ကဌတစ်ယောက်
အနေနဲ့ ယ္ခင်ကကောင်းကွက်လေးတွေလေ့လာမှု့လေးလုပ်သင့်တယ် )


မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ထဲရောက်နေပြီး "မဲစက်ခလုပ်မနှိပ်ခြင်တဲ့လူကိုမင်းတို့လူ ၂၀ မဲမပေးလို့သတိပေးတယ်"ဆိုတာလုပ်လို့မရပါဘူး ။ မရတာသွားပြောတော့ ကိုယ်လေ့လာမှု့အားနည်း
နေတယ်ဆိုတာဖွင့်ပြသလိုဖြစ်တာပေါ့ ။ ကျနော့်စိတ်ထင် မနေ့ကမဲခွဲတဲ့ကိစ္စက "ဘိန်းခင်းသွားဖျက်
မယ့်ပြည်သူတွကိုအစိုးရကအကာအကွယ်ပေးဘို့ "ဆိုတဲ့အရေးကြီးအဆိုဖြစ်တယ် ဒီကိစ္စမှာမူလ
ကတည်းကပြဿ နာနည်းနည်းရှိတယ် ဥပမာ အဲ့အဖွဲသွားလို့မိုင်းထိရင်ဘယ်သူထောင်
တာဆိုပြီးပိုဇာတ်နာလာမယ် နောက်ပြီး ရှမ်းနီတွေကသူတို့ဟာဘဲ ကချင်တွေကလာဖျက်နေတယ် KIAကအကာအကွယ်ပေးထားတဲ့ ကချင်တွေစိုက်ထားတဲ့နေရာတွေကျ မပါဘူး ဒါကြောင့် သဘောမတူဘူးဆိုတဲ့ KIA နဲ့မတည့်တဲ့ ရှမ်းအုပ်စုရှိတယ် ဒါပေမဲ့ဘိန်းခင်းဖျက်တယ်ဆိုတာ
ကောင်းတဲ့ကိစ္စဖြစ်လို့ ကြားနေလိုက်ရင်လည်းအဆိုကိုမထောက်ခံရာကျမယ် ဒါကြောင့် ဘာစက်ခလုပ်မှမနှိပ်ဘဲငုတ်တုပ်ထိုင်မယ် ဆိုပြီး မဲမထည့်တဲ့လူ ၂၀ ဆိုတာပေါ်လာတာဘဲ ။

ပြီးခဲ့တဲ့ ၅ နှစ်မှာဒါမျိုးမကြာခနကြုံ ဘူးပါတယ် ဒါဘာကြောင့်လည်းလို့ကျနော်လည်းစဉ်းစားကြည့်မိတော့ ပယောဂနည်းနည်းရှိတဲ့ အဆိုတိုင်းမှာကြုံရတာတွေ့ရတတ်တယ် ဦးဝင်းမြင့်အနေနဲ့က "မဲမထည့်လို့မရဘူး လာတဲ့သူအကုန်မဲထည့်ရမယ် "ဆိုတဲ့သဘော သတိပေးလို့မရ ပါဘူး။ ပြီးခဲ့
တဲ့လွှတ်တော်မှာလည်း ကြားဖြတ်ကနေသူပါလာခဲ့တာဘဲ အဲ့တုံးကမလေ့လာလိုက်မိဘူး
ဗျာဆိုရင်လည်းခုလေ့လာလိုက်ပါလေ့လာမမှု့ရှိမှသာ မိမိပြောစကားအတိုင်း လဒလောက်လှ
တဲ့ငှက်တစ်ကောင်ဖြစ်လာပါလိမ့်မယ်ဆိုတဲ့အကြောင်းနဲ့ နောက်ဒါမျိုးတွေ မကြာခနလာပါလိမ့်ဦးမယ် ဆိုတဲ့အကြောင်း အပြုသဘော တင်ပြလိုက်ပါရစေ ဗျာတို့ရေ့  ။


( မှတ်ချက် = လွှတ်တော်ထဲရောက်ရုံးထိုင်နေတဲ့NLDအနီးကပ် ဗြိတိန်သံရုံးက ဂျိုးဖစ်ရှာအကြောင်း
ထဲ့ရးရင်ရေးတဲ့ဖေ့ဘုတ်အကောင့်ပျောက်သွားတတ်တယ်ဆိုလို့ တကယ်ပျောက်မပျောက်
စမ်းကြည့်တာပါ )


လှဆွေ







↧

ရာထူးမှ ဆင်းပေးဖို့ ၅ ပတ်သာလိုချိန် အလုပ်အများကြီး လုပ်ဖို့အကြောင်းပြပြီး စိတ္တရမဟီ ပထမထပ်မှာ နေထိုင်ခွင့်တောင်းတဲ့ မီလီလျံနာဝန်ကြီး

≫ Next: မူးယစ်ဆေးဝါး ရောင်းသူထံမှ ဌာနဆိုင်ရာများသို့ လိုင်းကြေး သိန်း ၅၈၀၀ ကျော်ပေးခဲ့ရသည့် စာရင်းစာအုပ် သိမ်းဆည်းရမိဟု ဖားကန့် လွှတ်တော် ကိုယ်စားလှယ်ပြော
$
0
0


========================================
မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် ဝန်ကြီးတစ်ဦးဖြစ်ခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ အလုပ်အများကြီးလုပ်ဖို့ အကြောင်းပြကာ မန္တလေးမြို့က စိတ္တရမဟီ ပထမထပ်မှာ နေထိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးရာထူးကဆင်းပေးဖို့ ရက်သတ္တပတ် ၅ ပတ်သာလိုတော့ချိန်မှာ အခုလို တောင်းဆိုတဲ့ လက်ရေးမူတစ်ခု လူမှုကွန်ရက်ပေါ်ရှိ ဝန်ထမ်းများအကြား ပျံ့နှံ့ခဲ့ပြီး မီလီလျံနာတစ်ယောက် အနေနဲ့ ဆင်းခါနီးအထိ ရသမျှအကုန်ယူနေတာဖြစ်ကြောင်း ဝေဖန်ခံနေရပါတယ်။

စိတ္တရမဟီ အိမ်ရာစီမံကိန်းဟာ အမှန်တကယ် နေစရာလုံးဝမရှိတဲ့ ဝန်ထမ်းများစွာအတွက် ရည်ရွယ် ဆောက်လုပ်နေတာဖြစ်ပြီး ဦးစိုးသိန်းလို သန်းကြွယ်သူဌေးတစ်ဦးအနေနဲ့ နေစရာမရှိသည့် ဝန်ထမ်းများ ဆီက နေစရာလုယူခြင်းအပေါ် ဝန်ထမ်းအသိုင်းအဝိုင်းက ရှုတ်ချပြောဆိုနေကြောင်း သိရပါတယ်။

ဦးစိုးသိန်းရဲ့ သား/သမီးတွေ သာမက ဇနီးတွေအားလုံးဟာ နိုင်ငံခြားမှာနေကြပြီး သားဖြစ်သူ ဦးအေးချမ်း ဟာ စင်္ကာပူနိုင်ငံမှာနေကြောင်း သိရပါတယ်။ ဦးစိုးသိန်းရဲ့သမီး ဒေါ်သီတာအေးဟာ လက်ရှိအမေရိကန်မှာ နေထိုင်ပြီး ၎င်းရဲ့ခင်ပွန်းက အမေရိကန်နိုင်ငံသား ခံယူထားသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ ဦးစိုးသိန်း သမီးနောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရည်မွန်အေး ခင်ပွန်းက ဗြိတိန်နိုင်ငံသားဖြစ်ပြီး ယခု လင်မယား နှစ်ယောက်စလုံး အင်္ဂလန်မှာ နေပါတယ်။ ရန်ကုန်၊ နေပြည်တော်နဲ့ မြို့တချို့မှာ အိမ်အလွတ်ကြီးတွေ ရှိနေပြီး မန္တလေးမှာ အိမ်မရှိသေးလို့ ဝန်ကြီးပြုတ်ခါနီး ဆင်းခါနီးမှာ အရအမိ နှိုက်ယူနေတာ ဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ ယခင်စက်မှုဝန်ကြီးဌာနဝန်ကြီး လုပ်စဉ်ကလည်း ကိုယ်ကျိုးအတွက် နိုင်ငံပိုင်စက်ရုံများနဲ့ မြေနေရာတွေကို စံနှုန်းသတ်မှတ်ချက်မရှိဘဲ ငှားရမ်းတာတွေ၊ ရောင်းချတာတွေ လုပ်ခဲ့ပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေရမယ့် စီမံကိန်းတွေကို တင်ဒါမခေါ်ဘဲ နီးစပ်သူတွေဆီက သိန်းပေါင်းများစွာလာဘ်ယူပြီး အလွန် နည်းတဲ့ ဈေးနှုန်းတွေနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

စစ်အစိုးရလက်ထက် စက်မှု(၂)၀န်ကြီးဖြစ်စဉ်ကလည်း တရုတ်ပြည်က ကားတွေကို စက်မှု(၂)မှ ထုတ်၍ ရောင်းသည်ဟုပြောပြီး စက်မှု(၂)တံဆိပ်တပ်ကာ ရောင်းချတဲ့ WAGON ကား အစီး(၅၀၀၀)ကျော်ကို တင်သွင်းပေးတဲ့ ကုမ္ပဏီတွေဆီက တစ်စီးကို ဒေါ်လာ(၃၀၀၀) ဝန်ကြီးအတွက် သီးသန့် လာဘ်ယူခဲ့ ပါတယ်။ ဒါ့အပြင် စက်မှုဇုန်ကားထုတ်လုပ်ခွင့် လိုင်စင်ချပေးတိုင်း တစ်စီးကိုကျပ်ဆယ်သိန်း တောင်းခဲ့ပါ တယ်။ ဦးစိုးသိန်းလက်ထက်မှာ အစီးရေ ၃၀၀၀ ကျော် လိုင်စင်ထုတ်ပေးပြီး တရားမ၀င် တင်သွင်းလာတဲ့ ကားတွေ ကို စက်မှုဇုန်လိုင်စင်ရအောင် လုပ်ပေးခဲ့ပါတယ်။ နိုင်ငံတော် ဘက်ဂျက်များစွာဆုံးရှုံးခဲ့ပေမယ့် ဦးစိုးသိန်း ကတော့ အချမ်းသာဆုံးစာရင်းဝင် ထိပ်တန်းသူဌေးတစ်ဦးဖြစ်သွားပါတယ်။ တချို့ဝန်ကြီးဌာနမှာ ရှိကြတဲ့ ဝန်ထမ်းတွေဟာ ဦးစိုးသိန်းကို (ဦးခိုးသိမ်း)ဆိုပြီး ခေါ်ကြလောက်အောင်အထိ သူ့ရဲ့ မကောင်း သတင်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်ထားခြင်းခံရသော်လည်း ငွေကြေးအရှုပ်တော်ပုံတွေကြောင့် ဥက္ကဋ္ဌရာထူးက ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီလိုအကျင့်ပျက်မှုပေါင်းများစွာ၊ လာဘ်စားမှုပေါင်းများစွာနဲ့ နာမည်ကြီးပြီး ထိပ်တန်း သူဌေးစာရင်းဝင် ဖြစ်နေတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ယောက်က အိမ်တစ်လုံးကို တခြားနေရာမှာ ကိုယ့်ဘာကိုယ် မဝယ်ဘဲ နေစရာမရှိတဲ့ ဝန်ထမ်းတွေဆီက ကြားဖြတ်လုယူနေတာကို အခြေခံဝန်ထမ်းအသိုင်းအဝိုင်းက အပြစ်တင် ခဲ့ကြပြီး ဦးစိုးသိန်းနဲ့ ၎င်းမိသားစုဝင်များရဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးဖို့ တောင်းဆိုမှုတွေ ရှိနေကြောင်း သိရပါ တယ်။

ဒီမိုပလူတို
--------
https://www.facebook.com/profile.php?id=1000122097464406



↧
↧

မူးယစ်ဆေးဝါး ရောင်းသူထံမှ ဌာနဆိုင်ရာများသို့ လိုင်းကြေး သိန်း ၅၈၀၀ ကျော်ပေးခဲ့ရသည့် စာရင်းစာအုပ် သိမ်းဆည်းရမိဟု ဖားကန့် လွှတ်တော် ကိုယ်စားလှယ်ပြော

$
0
0



■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
ကချင်ပြည်နယ် ဖားကန့်ဒေသမှ မူးယစ်ဆေးဝါး ရောင်းချနေသူ ဟု နာမည်ကြီးနေသူ ၏ နေအိမ်အား လူထုအခြေပြု မူးယစ်ဆေးဝါး နှိမ်နင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေစဉ် wy ဆေးပြား သုံးသိန်းကျော် ဘိန်းဖြူများနှင့်အတူ ဌာနဆိုင်ရာများအား ၅၈ ရက်စာအတွက် ကျပ်သိန်းပေါင်း ၅၈၀၀ ကျော် ပေးခဲ့ကြောင်း အမည်စာရင်း အတိအကျ ရေးထားသည့် စာအုပ်ပါ သိမ်းဆည်း ရမိခဲ့ကြောင်း ဖားကန့်ဒေသ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ပြောသည်။


အဲဒီလူက တစ်ရက်ကို သိန်း ၃၀၀ ကျော်ဖိုး ရောင်းရတယ်လို့ ပြောတယ် ဌာနဆိုင်ရာတွေ လိုင်းကြေးက တစ်ရက်ကို သိန်း ၁၀၀ ကျော်လောက် ပေးရတဲ့ သဘောဖြစ်တယ် ဟု ၄င်းက ဘိန်းတိုက်ဖျက်သူများအား အစိုးရက ကာကွယ် စောင့်ရှောက်ပေးရန် ကြိုဆို ထောက်ခံရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှုပေးရန် ခေါင်းစဉ်ဖြင့် အရေးကြီးအဆိုကို ဆွေးနွေးစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လတ်တလော ကာလအတွင်း ကချင်ပြည်နယ်၌ ဧက ထောင်နှင့်ချီသည့် ဘိန်းခင်းများကို ဒေသခံများ စုပေါင်းထားသည့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့မှ ဖျက်ဆီးရန် ကြိုးပမ်းနေပြီး ဘိန်းခင်း တိုက်ဖျက်သူများအား တိုက်ခိုက်မှုများလည်း ပေါ်ပေါက်နေပါသည်။

The Ladies News



↧

RCSS/SSA တပ်များ ပြန်ဆုတ်ရန် တပ်မတော် သတိပေး

≪ Previous: မူးယစ်ဆေးဝါး ရောင်းသူထံမှ ဌာနဆိုင်ရာများသို့ လိုင်းကြေး သိန်း ၅၈၀၀ ကျော်ပေးခဲ့ရသည့် စာရင်းစာအုပ် သိမ်းဆည်းရမိဟု ဖားကန့် လွှတ်တော် ကိုယ်စားလှယ်ပြော
$
0
0

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည် ပြန်
လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့များကို မူလနေရာသို့ ပြန်လည်ဆုတ်ခွာရန် တပ်မတော်က သတိပေး အကြောင်းကြားလိုက်သည်။


အဆိုပါ သတိပေးချက်ကို ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ယခုလ ၂၃ ရက် နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သီးသန့်တွေ့ဆုံ၍ အကြောင်းကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က “JMC (ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) မှာ တပ်နေရာချထားရေး ဘာညာလုပ်တော့ သူတို့ RCSS က တောင်ပိုင်းတပ်လေ။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေမှာ သူတို့ အဲဒီနေရာထဲမှာ လက်ရှိ ပဋိပက္ခ ဖြစ်တဲ့နေရာမပါဘူး။ မပါတော့ အဲဒီကနေ ထွက်ပေးပြီးတော့မှ သူတို့ သတ်မှတ်ထားတဲ့ နေရာကို ပြန်ဆုတ်ပေးပါ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

RCSS/SSA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၆၀၀ ကျော် အိုးအိမ်စွန့်ခွာ၍ စစ်ဘေး ခိုလှူံနေကြရသည်။

တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေမှုတွင် တပ်မတော်အနေဖြင့် ချက်ချင်း ဝင်ရောက်ခြင်း မရှိသည်မှာ ပဋိပက္ခကို ပိုမိုကြီးထွားသွားမည်ကို စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း၊ တိုင်းရင်းသား နှစ်ဖွဲ့အကြား ညှိနှိုင်းမှု အဆင်ပြေမည်ဟု တွက်ဆ ထားသည့် အတွက် ကနဦးပိုင်းက ဝင်ရောက်ခဲ့ခြင်း မရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တပ်မတော်အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ထိုးထားပြီး ဖြစ် သည့် RCSS/SSA နှင့် အချင်းချင်း တိုက်ပွဲမဖြစ်ပွားစေလိုသည့် အကြောင်းအရင်းလည်း ပါဝင်သည်ဟု ပြောဆိုသည်။

“TNLA ကတော့ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့မဟုတ်တဲ့ အတွက်ကြောင့် ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာ တရားဝင်တယ် ပေါ့နော်။ မမှားဘူးပေါ့။ RCSS နဲ့ကြတော့ ထိတွေ့မှု မဖြစ်ချင်ဘူးပေါ့။ အဲဒီလို ဦးယွက်စစ်ကို လာပြီးတော့ ညှိတာပေါ့။ သူတို့ TNLA နဲ့ ညှိပါမယ်တဲ့ ညှိပြီးတော့မှ စိတ်မပူပါနဲ့တဲ့ သူတို့ ထွက်ပေးပါ့မယ်တဲ့။ ကျနော်တို့ကတော့ ချက်ချင်းထွက်ပေးဖို့၊ တရက် နှစ်ရက် အတွင်း ထွက်ပေးဖို့ ပြောတာပေါ့”ဟု ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဧရာဝတီကို ပြောသည်။

RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ ၎င်းတို့အနေဖြင့် PSLF/TNLA နှင့် အရင်ညှိနှိုင်းဦးမည်ဖြစ်ကြောင်း ပြန်ပြောသည်ဟု ဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ RCSS/SSA တာဝန်ရှိသူများထံ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိကြပေ။

အဆိုပါဒေသတွင် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် PSLF/TNLA အနေဖြင့်လည်း ယင်းဒေသရှိ ရှမ်းရွာများ အတွင်းမှ ထွက် ပေး ရမည်ဖြစ်ကြောင်း အကယ်၍ မထွက်လျှင် စစ်ရေးအရ ဖိအားပေးရလိမ့်မည်ဟု ဆိုသည်။

ယနေ့ထုတ် အစိုးသတင်းစာတွင် “ဒို့တာဝန် အရေး သုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန် အတွက် တပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ်များတွင် ရှင်းလင်းလျက်ရှိ”ဟု သတင်းတွင် ဖော်ပြထား သည်။

ယခုလ ၁၂ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး က RCSS/SSA အဖွဲ့မှ JMC-S ဒု ဥက္ကဋ္ဌ (၁) ဦးစိုင်းအောင်မြ ထံသို့ RCSS/SSA အား မူလ သဘောတူ သတ်မှတ်ထားသောနေရာကို ပြန်လည်ထွက်ခွာရန်နှင့် နယ်မြေ ကျော်လွန်ဝင်ရောက်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း RCSS/SSA အဖွဲ့မှ ပြန်လည်ထွက်ခွာမည် မဟုတ်ကြောင်း အကြောင်းပြန်ခဲ့ပြီး လက်နက်ကိုင် အင်အားများ ပိုမိုဖြည့်တင်းလာခဲ့သည်ဟု ဆိုသည်။

တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ နယ်မြေခံတပ်များဖြင့် အဆိုပါ ဒေသအတွင်း ရောက်ရှိ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ရှင်းလင်းလျက်ရှိသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန က သတင်း ထုတ်ပြန်ထားကြောင်း အစိုးရသတင်းစာက ရေးသားသည်။


ကျော်စွာ








↧

နိုင်ငံခြားသား Expert ဆိုတိုင်း..အထင်မကြီးဖို့..

$
0
0

၁၉၉၄-ခုနှစ်ထဲမှာ..အမေရိကန်ထောက်လှမ်းရေးအဖွဲ့.စီအိုင်အေရဲ့ဌာနချုပ်..လန်ဂလေကိုသွားခဲ့တယ်
(တာဝန်အရသွားရတဲ့အတွက်..မြန်မာသံအမတ်ကြီး ဦးသောင်းလည်းပါသပေါ့).ကိစ္စက.ကုလသ
မဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးဖြစ်သူ..မီးစ် မက်ဒလင်းအောဘရိုက်က..မြန်မာနိုင်ငံအပေါ်.. ကမ္ဘာမှာဘိန်းထုတ်လုပ်မှုအများဆုံးနံပါတ်(၁)ဆိုတဲ့စွပ်စွဲချက်ကို..တွင်တွင်ပြောနေတဲ့အတွက်(မကျေနပ်လို့)
ဖြေရှင်းဘို့သွားခဲ့တာ..မြန်မာဖက်က ၂-ယောက်ထဲတက်ခဲ့ပေမဲ့..စီအိုင်အေဖက်ကတော့..အာရှ/ပစိဖိတ်
ဒေသတာဝန်ခံ မစ္စတာ ဖလိုက်ပေ့စ်မန်း(Floyd Paceman)ကိုယ်တိုင်ခေါင်းဆောင်ပြီး ၈-ယောက်တက်ခဲ့တယ်..ကျနော့်ကို..စားပွဲခုံထိပ်စည်းမှာထိုင်ခိုင်းတယ်..


တိုတိုပြောရရင်..ဘယ်လိုအထောက်အထားနဲ့..သည်ဂလိုကမ္ဘာ့နံပါတ်(၁)ဖြစ်အောင်စွပ်စွဲတာလဲလို့.
.စ,ပြီးဗြောင်ချဲတဲ့အခါ..သူတို့ရဲ့ဘိန်းကျွမ်းကျင်သူExpert တွက်ချက်ရရှိတဲ့..ကိန်းဂဏန်း(Data)အချက်အလက်တွေအပေါ်မှီးပြီး.ထုတ်ပြန်ရတာပါလို့ဖြေတယ်..

ဒါနဲ့.အဲဒီတွက်ချက်တဲ့ကျေးဇူးရှင်(ကျွမ်း ကျင်သူ)ကိုခဏလောက်တွေ့ပါရစေလို့တောင်းဆိုတာကြောင့်..ခဏအကြာမှာ..အသက်၂၇-၂၈နှစ်အရွယ်..ချာတိတ် တကောင်..ယောင်တောင်ပေါင်တောင်နဲ့ အစည်းဝေးခန်းထဲဝင်လာတယ်.

ဘသူလဲမေးကြည့်တော့..သူကိုယ်သူExpertတဲ့..

သြော်..Expert တဲ့လား?ဘယ်တက္ကသိုလ်ကဆင်းတာပါလိမ့်မေးတော့.. မစ်ရှိဂန်ပြည်နယ်တက္ကသိုလ်ဖက်
ကဆင်းလာတာဆိုလားဘဲ..ကြာပြီလားဆိုတော့၅-နှစ်လောက်ဘဲရှိသေးသတဲ့..ဘိန်းခင်းထဲ ရောရောက်ဖူး
သလား/ဘိန်းပင်ကိုရောတွေ့ဖူးမြင်းဖူးသလားဆိုတော့..ဓာတ်ပုံထဲမှာဘဲတွေ့ဘူးသတဲ့..မြန်မာပြည်ဘယ်
ဂလောက်ကျယ်သလဲသိလားဆိုတော့..မသိဘူး..

ဒါဖြင့်မြန်မာပြည်ရဲ့ဘိန်းထွက်နှုံးကိုဘယ်လိုတွက်ထားတာတုန်းဆက်မေးတော့..ဂြိုလ်တုဓာတ်ပုံကနေတွက်
ချက်တာတဲ့..ဘိန်းပင်နဲ့ပန်းနှမ်း/နေကြာ/မုံညှင်းပင်ဘယ်လိုခွဲလည်းမေးတော့.မဖြေဘူး..Colour Temperature နဲ့ခွဲ တာလား..Hue နဲ့လား…Field Texture နဲ့ခွဲတာလားမေးတော့လည်း. .မဖြေနိုင်ဘူး..Synthetic Aperture နဲ့ရိုက်တာလား..False Color ရောပါသေးလား...ြ၈ိုလ်တုဓာတ်ပုံ/ကောင်းကင်
ဓာတ်ပုံသင်တန်းတက်ဖူးလားဆို..ဘာမှမသိ..ဘာမှ
မတက်ဖူးပြန်ဘူး..

ဒါနဲ့ဘဲ..ကျနော်က..

“မင်းက ဘိန်းExpert သာဆိုတယ်.ဘာ Professional Qualification.. ဘာ Proper Method မှလည်းမသိပါလား..မင်းတွက်ထားတဲ့ဘိန်းထွက် ပမာဏက..မြန်မာပြည်တနိုင်ငံလုံး..အိမ်သာနဲ့
မော်တော်ကားလမ်းဘေးမကျန်..အိမ်ရှေ့မျက်ခင်းပြင်မကျန်စိုက်တာတောင်..အဲဒီကိန်းဂဏန်းကိုမမှီသေးဘူး
ကွာ-မင်းသိရဲ့လား”-လို့ပြောလိုက်တော့..ချာတိတ်ရော..ကျန်သူ အားလုံးပါခေါင်းငုံ့သွားတယ်..ပြီးတော့မှတိုးတိုးလေးရေရွတ်တယ်..Sorry တဲ့..

တဆက်တည်းကျနော်ကပြောပြတယ်..ဒီမှာငါ့ညီ..ငါက.နယ်သာလန်နိုင်ငံ..အိုင်တီစီ (International Training Center) ကျောင်းဆင်း..၁၉၈၀-ခုနှစ် ကထဲက.ကောင်းကင်ဓာတ်ပုံဘာသာနဲ့
ဘွဲ့လွန်ဒီပလိုမာယူထားကြောင်း.. တခါ ၁၉၈၂-ခုနှစ်ထဲမှာထပ်ပြီး..မင်းတို့.ဒီအီးအေ(DEA, Drug Enforcement Agency)ကပေးတဲ့..ဘိန်းခင်းဆိုင်ရာဂြိုလ်တုဓာတ်ပုံဘာသာပြန်(Satellite Photo Interpretation)သင်တန်းကိုလည်းတက်ရောက်အောင်မြင်ထားကြောင်း..ဒါကြောင့်..မင်းတို့တွက်ချက်ရရှိ
ထား တာတွေအားလုံးတလွဲတွေဆိုတာ..အတိအကျပြောနိုင်ကြောင်း..မင်းတို့သံအမတ်ကြီးပြော
တဲ့ကိန်းဂဏန်းတွေကို..ငါသဘောမတူတဲ့အပြင်..ငါ့တိုင်းပြည်အပေါ်မဟုတ်တရုတ်စွပ်စွဲထားတာတွေကို
လည်းလက်မခံနိုင်ကြောင်း..ကမ္ဘာမှာ ထိပ်တန်းထောက်လှမ်းရေးအဖွဲ့ကြီး/စီအိုင်အေအဖွဲ့ကြီးဆိုပြီး ကြွားနေတဲ့သူတွေကိုယ်တိုင်က..ဒီ Data သောက်တလွဲအမှားတွေကို လက်ခံပြီး.. လူကြီးတွေဆီပို့နေတာရှက်ဖို့ကောင်းကြောင်း.. ဒါကြောင့်. .အမြန်ပါယ်ဖျက်ပြင်ဆင်ပေး
ဘို့တောင်းဆိုကြောင်း-စသဖြင့်ခပ်မာမာပြောပြလိုက်ပါတယ်.. (ဖလိုက်ပေ့စ်မန်းရော..ရန်ကုန်က စီအိုင်အေတာဝန်ခံ ဘရောင်းရောက..ခင်မင်ရင်းစွဲရှိပြီးသားမိတ်ဆွေတွေ ဆိုတော့..ပြောမနာ ဆိုမနာပါ)

သည်တော့မှ..သူတို့ခေါင်းဆောင်က..အားလုံးအတွက်တောင်းပန်ကြောင်း..သူတို့စီအိုင်အေဌာနဆိုတာ.
.နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်တဲ့အတွက်..နိုင်ငံရေးအရ.သူတို့ခိုင်းသလို လုပ်ရခြင်းဖြစ်ကြောင်း. .နောင်ကို.မြန်မာပြည်အပေါ်..ဒီလိုမျိုးစွပ်စွဲပြောဆိုသံ..မထွက်စေဘို့အာ
မခံကြောင်း..စီအိုင်အေကြောင့်..မြန်မာနိုင်ငံဒုက္ခမရောက်ဖို့..ဂတိပေးကြောင်း...မိတ်ဆွေအဖြစ်ဆက်လက်
လက်တွဲလိုပါကြောင်း..စသဖြင့်ပြောခဲ့ပါသဗျာ..

ဒါကြောင့်.ကျနော်အခုပြောချင်တာက.နိုင်ငံခြားသား အိတ်စ္စပါတ် (Experts)တွေဆို
တိုင်း..စွတ်ရွတ်အထင်မကြီးကြဘို့ပါ.ဒါပါဘဲ..

(အဲဒီနောက်ပိုင်း..ဘယ်တော့မှ..မြန်မာပြည်ကိုမစွပ်စွဲတော့ဘူး..ခုထိ)

(ကြုံရင်နောက်ထပ်အတွေ့အကြုံတွေရေးပြပါဦးမယ်)

(အခုတလော..လွှတ်တော်ထဲကို..နိုင်ငံခြားသားတွေ..စွတ်သွင်းနေတယ်ကြားလို့ဗျာ)

(လေးလွင်)






↧

တန်ဖိုးထားတတ်ကြပါစေ..

$
0
0


ဖတ်စေချင်လို့ တင်ပေးတာပါ။ မအားလည်း ဖတ်ဖြစ်အောင် ဖတ်ပါ။ Shareပေးဖို့လည်း မမေ့ပါနဲ့။

ပိုက်ဆံအရမ်းချမ်းသာတဲ့သူဌေးကြီးတစ်ယောက်ရှိတယ်။သူဘာလိုချင်လဲ၊ လိုချင်တဲ့အရာမှန်သမျှဘာမှမစဉ်းစားဘဲ ၀ယ်လိုက်နိုင်တယ်။

ဒါပေမယ့် သူ့ကိုယ်သူ ဘာလိုအပ်နေလဲမသိဘူး၊ တစ်ခုခုလိုအပ်နေသလိုခံစားနေရတယ်၊ ဘယ်လိုနေနေ လူ့ဘ၀ကြီးက ပျော်စရာမကောင်းဘူး၊

ဒါနဲ့ပဲ သူ အကြံတစ်ခုရသွားတယ်၊

အိမ်မှာရှိသမျှ အဖိုးတန်ရွှေငွေရတနာတွေအားလုံးကို အထုပ်ကြီးတစ်ထုပ် ထုပ်ပြီး အရပ်လေးမျက်နှာကို စတင်ထွက်ခွာလာတယ်၊

သူဆုံးဖြတ်ထားတာ သူ့ကို ပျော်ရွှင်စေနိုင်တဲ့နည်းလမ်းပြောပြနိုင်တဲ့သူကို ဒီရတနာထုပ်ကြီးပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့၊

ရွာရိုးကိုးပေါက် သူ တွေ့သမျှလူတိုင်းကို လိုက်မေးခဲ့တယ်၊

ဒါပေမယ့် ဘယ်သူမှမဖြေနိုင်ဘူး၊

တစ်နေ့ကျတော့ လမ်းမှာတွေ့တဲ့ ရွာသားတစ်ဦးက သူ့ကိုအကြံပေးလိုက်တယ်၊

“ ရွာစပ်နားက ရသေ့အဘိုးအိုကြီးဆီမှာ သွားမေးကြည့်ကြည့်ပေါ့၊ တကယ်လို့ သူမှ မပြောပြနိုင်ရင် ခင်ဗျား ဒီ့ထက်ခြေတိုအောင်လျှောက်လည်း ဘယ်သူမှဖြေနိုင်မှာမဟုတ်တော့ဘူး” လို့ပြောလိုက်တယ်၊

ဒီလိုနဲ့ ကွပ်ပျစ်အထက်မှာ မျက်လုံးမှိတ်ပြီး တ၇ားကျင့်နေတဲ့ ရသေ့ကြီးရှေ့ကို သူဌေးကြီးတစ်ယောက် ယောင်နနနဲ့ ရောက်လာလေသည်၊ ပြီးနောက် တည်ငြိမ်သောလေသံဖြင့် ရသေ့ကြီးကို တစ်လုံးချင်းဆီမေးလိုက်သည်၊

“ ကျနော် တစ်သက်လုံးရှာဖွေထားတဲ့စည်းစိမ်ဥစ္စာတွေ ဒီအထုပ်ကြီးထဲမှာထည့်ထားပါတယ်၊ တကယ်လို့ ကျနော့်ကို လူ့ဘ၀ရဲ့ ပျော်ရွှင်မှုအဓိပ္ဗါယ်ကို ပြောပြနိုင်ရင် အသင်ရသေ့ကြီးကို ဒီရတနာထုပ်ကြီးလှူဒါန်းပါ့မယ်” လို့ ပြောလိုက်တယ်

အပြင်မှာ မိုးလည်းအတော်ကြီးကို မှောင်နေပြီ။

ရသေ့ကြီးက ထိုင်ရာမှထလာပြီး သူဌေးကြီးအရှေ့မှာချထားတဲ့ ရတနာထုပ်ကြီးကို မ,ကာ အလစ်သုတ်ပြေးလေသည်။

သူဌေးကြီးက စိတ်လည်းလော၊ အော်လည်းအော်၊ ငိုလည်းငိုပြီး ရသေ့ကြီးအနောက်မှ ထပ်ကြပ်မကွာလိုက်လေသည်။ ပါးစပ်မှလည်း

“ သူခိုးဗျို့.. သူခိုး.. ကျနော့်ရတနာထုပ်ကြီးကို ယူပြေးသွားပြီ.. လုပ်ကြပါဦး … ” လို့ တတွတ်တွတ်အော်ကာလိုက်လေသည်။

တခဏအတွင်း နယ်ခံလည်းဖြစ်၊ လမ်းလည်းပိုကျွမ်းသော ရသေ့ကြီးက သူဌေးကြီးကို မျက်ခြေဖြတ်လိုက်နိုင်သည်။

သူဌေးကြီးက အနောက်မှာ အော်ငိုရင်း “ သွားပြီ၊ ငါ အလိမ်ခံသွားရပြီ၊ တစ်သက်လုံးရှာထားသမျှ ဖွေထားသမျှတွေ ဒီလိုနဲ့ အလကားလူယုတ်မာလက်ထဲရောက်သွား၇ပြီ ” လို့ ညဉ်းတွားရင်း ကျန်ခဲ့သည်။

သိပ်မကြာလိုက်ဘူး၊

ရသေ့ကြီးက ပြန်လှည့်လာပြီး ရတနာထုပ်ကြီးကို သူဌေးကြီးအရှေ့ကို ပစ်ချလိုက်သည်။

သူဌေးကြီးက ၀မ်းသာရင်း ရတနာထုပ်ကြီးကို ပွေ့ကာ … “ ဟာ.. ငါ့ရတနာလေးတွေ….တော်သေးလို့ပေါ့… ကွာ. ” ဟုညဉ်းတွားလေသည်

ထိုအခါ ရသေ့ကြီးက သူ့ကိုမေးသည်၊

“မင်းအခု ပျော်ရွှင်မှုကို ခံစားမိလား.. ”

“ အင်း.. ခံစားမိတယ်၊ ကျနော်အခု အရမ်းပဲပျော်နေတယ် .” လို့ သူဌေးကြီးက ပြန်ဖြေသည်၊

ရသေ့ကြီးက တဟားဟားရယ်ပြီးဆက်ပြောတယ်၊

“ ဒါဘာအထူးအဆန်းကြီးမှ မဟုတ်ဘူး၊ လူတွေဟာ သူတို့လက်ဝယ်ပိုင်ဆိုင်နေတဲ့အရာကို စိတ်ထဲမှာ ဘာမှမဟုတ်ဘူးလို့ ထင်မှတ်ထားကြတယ် ၊ ဒါနဲ့ပဲ ပျော်ရွှင်တယ်လို့ မခံစားရဘူး၊ ဒါပေမယ့် တစ်ကြိမ်လေးဆုံးရှုံးမိတာနဲ့တပြိုင်နက် အရင်က ကိုယ်ပိုင်ဆိုင်ဖူးတဲ့အရာဟာ ဘယ်လောက်တန်ဖိုးကြီးသလဲဆိုတာ အလိုလို နားလည်သွားကြတယ်၊

တကယ်တော့ မင်းစောနက ငါ့ကိုပေးမယ်လို့ပြောတဲ့အထုပ်နဲ့ မင်းခုနဆုံးရှုံးသွားတဲ့အထုပ်နဲ့ အခုမင်းရင်ထဲမှာပွေ့ထားတဲ့အထုပ်သုံးထုပ်က တစ်ထုပ်ထဲပဲလေ… မင်းငါ့ကို အဲဒီအထုပ်ပေးမယ်လို့ပြောထားတာလေ..

ဆုံးရှုံးသွားတာနဲ့ စိတ်ထဲမှာ အကြိမ်ကြိမ်တမ်းတလို့ မဆုံးဘူး၊ ကိုယ့်လက်ထဲရောက်သွားတာနဲ့ ဘာမှမဟုတ်ဘူးလို့ ပြန်မြင်သွားတယ်၊ ရှိတယ်လို့တောင် မထင်ဘူး၊ ပိုင်ဆိုင်နေတာကိုပြန်မေ့သွားတယ်၊

လူတွေဟာ ဆုံးရှုံးသွားတဲ့ပစ္စည်းကိုဂရုစိုက်ပြီး ကိုယ်တကယ်ပိုင်ဆိုင်နေတဲ့အရာကိုတန်ဖိုးမထားဘူး၊ ဒီ့အပြင် မပိုင်ဆိုင်သေးတာကို မျှော်တွေးပြီး မပိုင်ဆိုင်မိမှာစိုးရိမ်ပူပန်နေကြသေးတယ်… အခုလက်ရှိကိုယ်ဟာ ဘယ်လောက်တောင်ကံကောင်းနေသလဲဆိုတာကို ကိုယ့်ကိုယ်ကိုမသိတတ်ကြဘူး၊

ဆုံးရှုံးသွားမှ နောင်တရတာ တန်ဖိုးထားတတ်တယ်မှမခေါ်တာ၊

မရသေးခင်လိုချင်တာ တကယ်လိုအပ်တာမှမဟုတ်တာ” ဟုဆိုကာ အခန်းထဲသို့ လှည့်ဝင်သွားလေသည်။

( Edited from chiese stroy _ )
Credit @ စာပေ






↧
↧

ဗုဒ္ဓဘာသာ (၅)မျိုးအကြောင်း သိကောင်းစရာ

$
0
0


********************************
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။


ဒီလိုအခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။

အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁) ကုလ ဗုဒ္ဓဘာသာ

(၂) လာဘ ဗုဒ္ဓဘာသာ

(၃) ဘယ ဗုဒ္ဓဘာသာ

(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ

(၅) ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ

ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။

မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။

ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ

လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။

အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ဥာဏ်၊ဝီရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။

ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ

ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။

ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစ္စလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။

ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အနိမ့်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။

ခန္ဓာမှာ အသိ၊ဘာသာရေးအသိ ဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်း နေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရား
လည်းကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။

ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။ စဉ်းစားပါ။ဝေဖန်ပါ။သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။

ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး (၂)မျိုးရှိပါတယ်။

သမ္မာသဒ္ဓါ

မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။

ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်။

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ
မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။

ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။

ပိဋကသုံးပုံကိုသံဃာတော်တွေကစောင့်ရှာက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါယုံကြည်မှု။

မိစ္ဆာသဒ္ဓါ

ယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ။

အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ

သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည်။

သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။

ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့သဒ္ဓါ၊ဖြစ်ပျက်မြင်တာက ပညာ။

ထိုကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။

တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။

သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဖို့လည်း လိုပါတယ်၊
သဒ္ဓါလွန်ကဲ ပညာနည်းပြန်ရင် (နှလုံးလှ လူမိုက်ကြီး)သူတော်ကောင်းလူအကြီးဖြစ်
သွားပါတယ်၊

ဆင်ခြင်တုံတရားနည်းပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။

သဒ္ဓါနည်းပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဖို့ပါဘဲ။
________________________________________
http://buddhismworld.ning.com/၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

credit to မြတ်ဗုဒ္ဓသာသနာ

မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားနိုင်ကြပါစေခင်ဗျာ)






↧

ဒေါ်စုကြည် သမ္မတ ဖြစ်မှပဲတိုင်းပြည်တိုးတက်တော့မှာလား....!!!!!!

$
0
0


လွတ်တော်ထဲမှာ နိုင်ငံခြားသားတွေ တရုန်းရုန်းဖြစ်နေတဲ့ကိစ္စ၊ သင်တန်းပေးတဲ့ကိစ္စတွေ အပေါ်မှာ အမေက ကောင်းမယ်ထင်လို့ လုပ်တာပဲ ပြသနာမရှိပါဘူးဆိုတဲ့အမြင်တွေ၊ထောက်ခံမှု့တွေကြောင့် တိုင်းပြည်မှာ၊ဆိုးကျိုး မဖြစ်ပါစေနဲ့ လို့ပဲ မျှော်လင့်ရတော့မှာပဲ၊


လက်တွေ့ဆန်တဲ့ အမြင်တွေပျောက်နေပြီး ဒေါ်စုကြည် ဘာပဲလုပ်လုပ်၊မှန်တယ်လို့ လှေနံဓားထစ်၊မျက်စိမှိတ် ယုံကြည်နေသူတွေ အများအပြားရှိနေတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အခုထိမသေချာသေးဘူး၊ စိုးရိမ်ရမယ့် အနေအထားမှာရှိနေပါတယ်။

NLD ရဲ့ လုပ်ရပ်တွေဟာ မေးခွန်းထုတ်စရာတွေဖြစ်လာတာနဲ့အမျှ ၊လက်ရှိအနေအထားကို စောင့်ကြည့်နေတဲ့တပ်မတော်နဲ့ အချို့သဘောထားတင်းမာသူတွေရဲ့ မကျေလည်မှု့တွေဟာ တိုင်းပြည်ရဲ့ကံကြမ္မာကို အချိန်မရွေး ပြောင်းအလဲ ဖြစ်သွားနိုင်တယ်။

NLD ထောက်ခံသူတွေ ဝန်းရံသူတွေ တခုသတိထားသင့်တာက၊ စစ်အာဏာရှင်စနစ် မကောင်းတာ၊ ကြံခိုင်ရေး အစိုးရလက်ထက်မှာ ပြောစရာအမှားတွေ အများကြီးဖြစ်ခဲ့တာ လူတိုင်းသိတဲ့ ကိစ္စတွေပါ၊ မဆန်းတော့ပါဘူး။
သို့သော်.. အရင် နအဖ အစိုးရ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဘူးတဲ့ဦးသိန်းစိန်ကို ကြားနေသာမန်အရပ်သားတွေထဲကထောက်ခံသူ အများအပြားရှိလာတာဟာ၊NLD အတွက် စိုးရိမ်စရာပဲ။ မဟုတ်ပါဘူး၊ မဖြစ်နိုင်ပါဘူးဆိုပြီးမျက်စိမှိတ် ဘူးခံငြင်းမယ်ဆိုလည်း ပြသနာမရှိပါ၊အချိန်က သက်သေပြပါလိမ့်မယ်၊လက်တလော ထင်ရှားစေခဲ့တာကတော့၊အတိုင်းအတာတခုအထိ.သန့်ရှင်းပြီး တရားမျှတပါတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကရော အတိုက်အခံတွေကပါ လက်ခံထားတဲ့၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ရခဲ့တဲ့ မဲအရေအတွက်ဟာ NLD လောက်မရပေမယ့် ပါတီမှာ ထောက်ခံသူ အများအပြားရှိတယ်ဆိုတာ အထင်အရှားပါ၊ လက်မခံရင် မဲစာရင်းတွေပြန်ကြည့်လို့ရပါတယ်။

အငြင်းပွားဖွယ်ရာ လုပ်ရပ်တွေလုပ်လာနေတဲ့ NLD ပါတီဟာ ၁၉၉၀ တုန်းကလိုမျိုးး ထောက်ခံမှု့မျိုးကို မျော်လင့်ထားရင်မှားပါလိမ့်မယ်၊ အမေစု ဘာလုပ်လုပ်မှန်တယ်လို့ ယုံကြည်ပြီး ဝေဖန်ထောက်ပြလာကြတဲ့ ကြားနေသူ သာမန်အရပ်သားတွေကို တိုက်ခိုက်နေကြရင်တော့ဖြင့် NLD ဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးလိမ့်မယ်။

အခုလို ထောက်ခံမှု့ ကျဆင်းနေတဲ့ရလာဒ်ဟာ၊မဝေးတော့တဲ့ ကာလမှာ ၅၉ (စ) ကို လွတ်တော်လမ်းကြောင်းအရ ဖြစ်ဘို့ဖြစ်နိုင်ခြေနည်း နေပြီဖြစ်တဲ့အတွက် ပြည်သူ့အားနဲ့ ဖိအားပေးပြင်ဘို့ကြိုးစားလာရင်တော့ ထိုင်းမှာလို ရှပ်နီ ရှပ်ဝါ ပြသနာမျိုးတွေ ဖြစ်လာနိုင်ခြေ အများအပြားရှိစေတာပါပဲ။ NLD အနေနဲ့ ဟိုတုန်းကလို အာဏာပိုင်အဖွဲ့အစည်းတခုတည်းကို ရင်ဆိုင်ရမှာ မဟုတ်တော့ပဲ၊ ပြည်သူတွေထဲကပါ ဆန့်ကျင်သူတွေနဲ့ ထိပ်တိုက်တိုးတော့မှာဖြစ်ပြီး တပ်မတော်ကတော့ အခြေအနေဆိုးလာရင် ၂၀၀၈ ဖွဲ့စည်း ပုံအတိုင်း တိုင်းပြည်အာဏာကို တရားဝင် ရယူပါလိမ့်မယ်...

နိဂုံးချုပ်ရရင်တော့ လူတစ်ဦးတစ်ယောက် သမ္မတ ဖြစ်ရေးနဲ့ တိုင်းပြည်ရဲ့ရှေ့ရေးလဲမှာလား
ဆိုတဲ့ မေးခွန်းပါပဲ။

ဒေါ်စုကြည် သမ္မတ ဖြစ်မှပဲတိုင်းပြည်တိုးတက်တော့မှာလား....!!!!!!

မင်းခန့်

Photo Credit: Google.com





↧

"အစ္စလာမ့် အန္တရာယ် ကြောက်မက်ဖွယ်"

$
0
0

*******************************************
လူမျိုး အသီးသီး ဘာသာအသီးသီးမှာအပြစ်မဲ့ညီအကိုမောင်နှမများ မွတ်ဆလင်တို့ ရဲ့ သတ်ဖြတ်ခြင်းမှကင်းဝေးကြပါစေဟု ရှေးဦးစွာ ဆုတောင်းချင်ပါတယ်။
ပြောချင်တာက မွတ်ဆလင်တွေကို သတ်ပစ်ရမယ် လို့ ပြောနေတာမဟုတ်ဘူး။
ကျွန်ုပ်တို့အားလုံး မိမိနိုင်ငံ ၊ မိမိလူမျိုး မိမိဘာသာတရားတွေကို Islamization
ကနေကာကွယ်ဖို့ အချိန်ကျရောက်နေပြီ။ အခုအချိန်ဟာဆေးမှီသေးတယ်။နောက်မကျသေးဘူး။
တစ်ချိန်ကျရင်ဘာမှလုပ်လို့ မရတော့ပဲ ထိုင်ကြည့်ပြီးငိုနေရတဲ့ဘ၀ရောက်လာလိမ့်မယ်။
ကျွနုပ်တို့ အတွက်မဟုတ်ဘူး။ကျွန်ုပ်တို့ အားလုံးရဲ့  သားမြေးတွေလက်ထက်ကျရင်
ခံရ မှာ။ ဒါကြောင့်ပြောနေတာ။ ကျွန်တော်တို့ လူသားမျိုးနွယ်အားလုံးရဲ့အဓိကရန်သူဟာ islam အယူဝါဒဖြစ်ပါတယ်။ မွတ်ဆလင်တွေဟာအစ္စလာမ်မကောင်းဆိုးဝါးအယူဝါဒရိုက်သွင်းခြင်းခံထားရတဲ့သူတွေပါ။ စာရေးသူဟာ Islamization ရဲ့ကြောက် စရာကောင်းပုံကိုမီးမောင်းထိုးပြရုံသာဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာနဲ့တူသလဲဆိုတော့ ဘာမှမသိဘဲအေးအေးချမ်းချမ်း အစာစားနေတဲ့ သိုးအုပ်တစ်အုပ်၊ သို့တည်းမဟုတ် အေးအေးဆေးဆေး စိတ်ချလက်ချ အိပ်ပျော်နေတဲ့ သိုးအုပ်တစ်အုပ်နဲ့တူနေပြီး ထိုသိုးအုပ်ကို အစ္စလာမ်နဲ့တူတဲ့ မြေခွေးကြီးက စားဖို့ချောင်းနေတာကို ကိုယ်နဲ့ မဆိုင်သလို အေးအေးဆေးဆေးနဲ့ မသိချင်ယောင် ဆောင်နေတဲ့ သိုးအုပ်ကလေးလိုပါပဲ။ ထိုမြေခွေးဆိုးတို့သည် တခြားအရပ်က သိုးအုပ်ကလေးတွေကို လည်းဒီလိုပဲ စားလာခဲ့ပြီးပါပြီ။ ဒီတော့ စာရေးသူက အဲဒီ သိုးအုပ်ကလေးကို မြွေခွေးကြီးလာနေတဲ့အကြောင်း။
ဘယ်လိုရက်စက်စွာ သတ်ဖြတ်တယ် ဆိုတဲ့အကြောင်း။ မြွေခွေးကြီးဟာ ဘယ်လိုဘယ်ပုံနည်းနဲ့ လုပ်တတ်ကြောင်း။ သူ့ကြောင့် သိုးအုပ်ကလေးတွေအများကြီးသေသွားပြီဖြစ်ကြောင်း။ ညီိညီညွတ်ညွတ် စည်းစည်းလုံးလုံး ခုခံသင့်ကြောင်း ၊မီးမောင်းထိုးပြောပြတဲ့သူတစ်ယောက်သာဖြစ်ပါတယ်။

သိုးအုပ်ထဲမှာ ဝိဝါဒတွေကွဲပြားနေတာ....
တစ်ချို့ သိုးက မယုံတာ ။
တစ်ချို့သိုးတွေက....ဟာအဝေးကြီးလိုသေးတယ်ဆိုပြီး အေးဆေးနေတာ....
တစိချို့သိုးတွေက.....ဟာမဖြစ်နိုင်တာဆိုပြီးလက်မခံတာ...
တစ်ချို့သိုးတွေက .....ဒီမြေခွေးကဒီလောက်မရက်စက်ပါဘူးကွာ။
ချဲ့ကားပြောနေတာပါလို့ပြောကြတာ....
တစ်ချို့သိုးတွေက ....ကိုယ်လွတ်ရာလွတ်ကြောင်းအေးဆေးရှောင်သွားတာ.......
တစ်ချို့သိုးတွေက......ငါနဲ့မဆိုင်ဘူဆိုပြီးနေတာ....
တစ်ချို့သိုးတွေက......ကြောက်လန့်ပြီးအိမ်ထဲမှာပုန်းနေတာ......
တစ်ချို့သိုးတွေက......ဒီမြေခွေးကိုသူတပါးအသက်သတ်တာ မကောင်းကြောင်း
တရားချလိုက်မှာပေါ့လို့ကြံရွယ်နေတာ.....
တစ်ချို့သိုးတွေက.......ပရိတ်ရွတ်နေပါကွာ.....ပရိတ်တန်ခိုးနဲ့တို့ကိုစားနိုင်မှာမဟုတ်ပါဘူးဆိုပြီး ပရိတ်ရွတ်နေတာ
တစ်ချို့သိုးတွေက.......ရန်ကိုရန်ချင်းမတုံ့ပြန်ပါနဲ့ကွာ.....ဒီမြေခွေးကို
ငါတို့က ဘာမှမလုပ်ရင်သူကငါတို့ကိုဘာမှလုပ်မှာမလုပ်လောက်ပါဘူးဆိုပြီးမျှော်လင့်နေတာ.....

ဒါတွေအားလုံးဟာသိုးအုပ်တွေအားလုံးရဲ့အပိုင်းဖြစ်သွားပါပြီ။

စာရေးသူတာဝန်ကတော့ .......ဒါတွေဒီလိုရှိကြောင်း ။
မြေခွေးကြီးဟာဒီလိုသိုးအုပ်တွေပေါင်းမြောက်များစွာကိုမျိုးဖြုတ်လာခဲ့ပါပြီ
ဖြစ်ကြောင်း.......ဒီထက်မကအင်အားကြီးမားတဲ့သိုးအုပ်ကြီးတွေကိုတောင် ၀ါးမျိုသွားပြီဖြစ်ကြောင်း
မကြာမီ ဒီမြန်မာနိုင်ငံရှိ သိုးအုပ်ကိုလည်းဝါးမျိုတော့မှာဖြစ်ကြောင်း သတိပေးပြီးပါပြီ။
Turkey (တူရကီနိုင်ငံ) မူလက ခရစ်ယာန်နိုင်ငံ
Indonesia (အင်ဒိုနီးရှား) မူလကဗုဒ္ဓဘာသာနိုင်ငံ
Malaysia(မလေးရှား) မူလကဗုဒ္ဓဘာသာနိုင်ငံ
Afganistan (အာဖဂန်နစ်စတန်) မူလကဗုဒ္ဓဘာသာနိုင်ငံ
Parkistan( ပါဂစ်စတန်) မူလက ဟိန္ဒူနိုင်ငံ
Bangladesh(ဘင်္ဂလားဒေ့ရှ်) မူလက ဟိန္ဒူနိုင်ငံ စသည်ဖြင့်
မြန်မာနိုင်ငံထက်ပိုကြီးပြီး လူဦးရေပိုများတဲ့နိုင်ငံတွေတောင် မြေခွေးမိစ္ဆာတို့၏ ဝါးမျိုတဲ့ ဒဏ်ကို
မခံနိုင်ဘဲ လူမျိုး လည်းပျောက်၊ ဘာသာလည်းပျောက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များလည်း စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးများမှာ ဆက်လက်ပြီး အိပ်ပျော်နေဦးမည်။ ဆက်လက်ပြီး အေးအေးဆေးဆေး ကြောင့်ကြမဲ့ နေကြဦးမည်ဆိုပါလျှင်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အရှင်နာယက-ဗုဒ္ဓတက္ကသိုလ်



↧

ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်လေရော့သလား

$
0
0



============================
လာမယ့် မတ်လ ၁၇ ရက်နေ့တွင် ဒုသမ္မတလောင်းအမည်စာရင်းတွေ တင်သွင်းကြရတော့မှာမို့ အဲဒီရက် ရောက်လာမှာကိုတွေးပြီး စိတ်ကူးထဲပုံဖော်ကြည့်မိတယ်၊ ဘယ်သူတွေဖြစ်လာကြမလဲ။ ပြောချင်တာကတော့ အရည်အချင်း၊ အတွေ့အကြုံတွေအပြင် နိုင်ငံတော်ကိုသစ္စာရှိဖို့ပါ လိုလိမ့်မယ်ထင်ပါတယ်။ သစ္စာတရားက အလွန်ပဲအရေးကြီးပါတယ်။ အထူးသဖြင့် နိုင်ငံတော်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်များမှာအရမ်းအရေးကြီးတယ်။ ပါးစပ်က အမြဲတမ်းပြောနေတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသား၊ ပြည်သူလူထု အကျိုးစီးပွားအတွက် အဓိကထားဆောင်ရွက်မယ် ဆိုတာ သစ္စာတရားပါပဲ။

တစ်နေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်တို့ နေပြည်တော်၊ ပေါင်းလောင်း ရိပ်သာမှာ တွေ့ကြတယ်လို့သိရပြီး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ကြတယ်။ ဘာပဲပြောပြော ဒီလိုတွေ့ဆုံမှုက ဒီထက်မကတဲ့ တပ်မတော်နဲ့ NLD ကြားမှာ နက်ရှိုင်းတဲ့တန်းဘိုးရှိတဲ့ ဆွေးနွေးမှုတွေလည်းရှိနိုင်တာပေါ့။ ဘယ်လိုဖြစ်ဖြစ်ပါ ဒီလိုမျိုးတွေ့ဆုံမှုကြောင့် တိုင်းပြည်ရဲ့အနာဂတ်က ဖြောင့်ဖြူးလာမယ်လို့ ထင်မိတဲ့အတွက် ၀မ်းသာကြည်နူးပီတိဖြစ်ရပါတယ်။ ဒါပေမယ့် လည်း နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ရုံးမှာ ကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များသို့ ရှင်းလင်းတင်ပြမှုဆိုပြီး Facebook တို့ Internet တို့မှာ ဖတ်လိုက်ရတယ်။ ဦးရွှေမန်းတို့ ကော်မရှင်အဖွဲ့တွေက Projector Power Point တွေနဲ့ ရှင်းနေကြတာ ဓာတ်ပုံတွေမှာ ကြည့်လိုက်ရတယ်။

အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးဖြစ်တဲ့ ဦးမန်းဝင်းခိုင်သန်းနဲ့ ဦးဝင်းမြင့်တို့ပါ ဦးရွှေမန်း နဲ့ တစ်တန်းတည်းထိုင်ပြီးနေကြတာ အားကျဖွယ်တွေ့လိုက်ရသေးတယ်။ ကော်မရှင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ တပည့်ကျော် ဦးကိုကိုနိုင်၊ ဦးတင်မောင်ဝင်းတို့က မတ်တပ်ရပ်ပြီး ရှင်းပြနေတာလည်း တွေ့လိုက်ရတယ်။ စိတ်ထဲမှာတော့ မရှင်း၊ မရှင်းပေါ့။ ၁၇ ရက်နေ့တုန်းက သတင်းထုတ်ပြန်ခဲ့တဲ့ကိစ္စနဲ့ ၁၈ ရက်နေ့ကိစ္စက ဘယ်လို ရည်ရွယ်ချက် လဲပေါ့။ စဉ်းစားမိတာပါ။ ဦးရွှေမန်းကတော့ ယနေ့အခြေအနေ နဲ့ အချိန်အခါသည် မိမိအကျိုး စီးပွား၊ ပါတီအဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို အဓိကထား ဆောင်ရွက်ရ မယ့် အချိန်ဖြစ်တယ်လို့ ပြောသွားတာတွေ့ရတယ်။ လွှတ်တော်အသစ်စတာ ၂ ပတ်သာသာပဲရှိသေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေတောင် အခုမှ ပြည်ပက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သင်တန်းတွေပို့ချနေ တုန်းလေ။ နိုင်ငံတော်နဲ့ နိုင်ငံသား၊ ပြည်သူတွေဆိုပြီး ပါးစပ်က တတွတ်တွတ် ပြောနေတာတွေ့ရတယ်။ အကြံ အစည်တစ်ခုခုတော့ ရှိလိမ့်မယ် ဆိုတာတွေးမိပါရဲ့ စိတ်ပျက်ဖို့တော့ ကောင်းနေပြီ။

တပ်ကလူတွေက မြေတောင်မြှောက်ပေးခဲ့၊ ဘွဲ့တံဆိပ်တွေကလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အသက်၊ သွေး၊ ချွေး ရင်းနှီးပေးအပ်ပြီးမှ ရခဲ့တာ၊ ဆိုလိုတာက ကိုယ်ရဖို့သူများတွေက စတေးခဲ့တာလေ။ စစ်သည်တွေရဲ့ ကျေးဇူးတရားကလည်း ကြီးမားပါတယ်။ ဒါတောင်မှ သူလုပ်ရက်တယ်၊ သူသိမှာပါ…။ အခုလည်း နိုင်ငံတော်၊ နိုင်ငံသားပြည်သူတွေဆိုပြီး တဖွဖွတော့ပြောနေပြန်ပြီ။ ဘယ်တော့ သစ္စာတရားပျက်ယွင်းမလဲတော့ မသိနိုင် ဘူး။ ကိုယ်ကျိုး၊ သားသမီးတွေအကျိုးစီးပွားတွေနဲ့ယှဉ်လာရင်တော့ ဘယ်လက်ခံလိမ့်မလဲဗျာ။ စောင့်ကြည့်ကြ တာပေါ့…။

လုပ်ချင်တာကတော့ နိုင်ငံရေးစင်မြင့်ထက်မှာ သမ္မတ၊ ဖြစ်နေတာကတော့ NLD က ဒေါ်အောင်ဆန်းစုကြည် သနားလို့ ကော်မရှင်ဥက္ကဋ္ဌပေးထားတာလေ။ ပြည်သူကလက်မခံလို့ လွှတ်တော်ထဲ ပြန်မရောက်တာကို မရ ရအောင်ဝင်၊ အိမ်ဦးနဲ့ကြမ်းပြင်လိုသဘောထားပြီး နေနေတာ၊ အကာအကွယ်ယူနေတာ၊ ယောက်ျားတန်မဲ့ ရှက်စရာပါ။ ဒေါ်စုကြည်ကိုလည်း ငယ်ပေါင်းကြီးဖော်ကြီးလို သဘောထားပြီး ရင်းရင်းနှီးနှီးနဲ့ ပေါင်းသင်း လုပ်ကိုင်နေတာတွေ့ရတော့ တရားကျမိပါရဲ့၊ လူတွေများ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ သူများထမီနားခိုစားဖို့ ၀န်မလေးဘူးဆိုတာ မှန်နေမှာ။ ရိုးရိုးလေးပြန်တွေးကြည့်ရင် ဦးရွှေမန်းဟာ နှစ်ပေါင်း ၃၀ လောက် လက်တွဲ လုပ်ကိုင်လာခဲ့ကြတဲ့ မိတ်ဆွေတွေကို လက်တွဲဖြုတ်ပြီး အခု ၄/၅ နှစ်အတွင်း ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှ စတင်လက်တွဲရတဲ့လူတွေနဲ့ ဆက်လက်လုပ်ကိုင်နေ တယ်ဆိုတာ သဘာဝတော့ သိပ်မကျပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို သံယောဇဉ်လွန်းတင်ပြီးတော့ ဟန်ဆောင်ကူညီနေတာကို ပြည်သူတွေကတော့ သိမြင်နေကြပါပြီ။

အခုလည်း လွှတ်တော်တောင် အထိုင်မကျ၊ ဒုသမ္မတတွေတောင် မရွေးချယ်ရသေးတဲ့အပြင် အစိုးရတောင် မဖွဲ့ စည်းပေးနိုင်သေးတဲ့အချိန်မှာ ကော်မရှင်၏ ဆောင်ရွက်ချက်များဆိုပြီး အလုပ်လုပ်ပြနေတာဟာ တစ်မျိုးပဲ၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် လွှတ်တော်တောင်မတက်နိုင်ဘဲ နှစ်ဦးသားငြိမ်ကုပ်နေကြတာ။ ဆင်ကြံတော့ကြံ နေကြလိမ့်မယ်ထင်ပါရဲ့။ ဒါမှမဟုတ် ထိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ်လေရော့သလားပေါ့။ စဉ်းစားစရာပါ…။

ဖေကံကောင်း






↧
↧

ကိုဖေချစ်တို့ ...လုပ်ချလိုက်ပုံကတော့

$
0
0


-
February 25, 2016

ကျွန်တော်တို့နိုင်ငံရဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတက်ရောက်နေတဲ့ လွှတ်တော်အမတ်တွေကို လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ဆိုပြီး Sky Net က လွှတ်တော် Channel မှာ ၁၅-၂-၂၀၁၆ ရက်နေ့က ဖွင့်ပွဲပြုလုပ်မှုကို ထုတ်လွှင့်သွားတာတွေ့လိုက်ရတယ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချ ဆွေးနွေးခြင်းများကို လွှတ်တော်အတွင်းမှာ အဖွဲ့လိုက်ဆောင် ရွက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

ဒီသင်တန်းနဲ့ပတ်သက်လို့ နိုင်ငံခြားသားလွှတ်တော်ကိုယ်စားလှယ်ဆိုသူတွေက မြန်မာနိုင်ငံက လွှတ်တော် အမတ်တွေကို သင်တန်းလာပို့ချတယ်ဆိုတော့ စိတ်ဝင်တစားနဲ့ မေးမြန်းကြည့်လိုက်တော့ ပြည်ထောင်စု လွှတ်တော်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ အပြည်ပြည်ဆိုင်ရာလွှတ်တော်များအဖွဲ့(IPU)တို့ ပူးပေါင်း ပြီး လွှတ်တော်အမတ်များကို ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ၊ ဒီမိုကရေစီ၊ လူထုခေါင်းဆောင်မှုနဲ့ ကိုယ်စား လှယ်တွေရဲ့ အခန်းကဏ္ဍ၊ အာဏာခွဲဝေခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်း၊ မဲဆန္ဒနယ် ကိုယ်စားပြုခြင်း၊ ဥပဒေပြုရေး၊ အမျိုးသမီးကိုယ်စားလှယ်တွေအတွက် အောင်မြင်မှုနည်းလမ်း တွေကို နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ပြည်ပကလွှတ်တော်ကိုယ်စားလှယ်တွေ လာရောက်သင်ကြားပေးတာ လို့ သိရပါတယ်။

နိုင်ငံတစ်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုမယ့် ဥပဒေပြုမယ့်သူတွေကို တခြားနိုင်ငံကလာပြီး သင်တန်းပို့ချ နေတာ လူကြားလို့မှကောင်းရဲ့လား၊ ကျွန်တော်တို့မြန်မာနိုင်ငံက အမတ်တွေအနေနဲ့ ဒီလောက်တောင် အရည်အချင်း တွေ ညံ့ဖျင်းနေကြပြီလားဗျာ၊ လွှတ်တော်မစတင်မီကလည်း ကုလား ကိုနီဆီမှာ သင်တန်းတွေ တက်ခဲ့ရပြီးပြီ၊ အခုလည်း မျက်နှာဖြူတွေလာပြီးပို့ချနေကြပြန်ပြီ ကိုယ့်နိုင်ငံကလွှတ်တော်အမတ်တွေ အရည်အချင်းမမီလို့ များလားဗျာ၊ လာပြီးပို့ချတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ဟောင်ကောင်က ဒိတ်ဒိတ်ကြဲမဂ္ဂဇင်းနှစ်ခုရဲ့ မျက်နှာဖုံးမှာ ကိုယ်တုံးလုံးနဲ့ ဓာတ်ပုံဖော်ပြခဲ့ပြီး ရှေ့နေလိုင်စင် တစ်နှစ်ဆိုင်းငံ့ ခံထားရဖူးတဲ့ Paul Tse wail-chan လို လူမျိုးတွေလည်း တွေ့ရပြန်တယ်။

အဲဒီထဲမှာမှ ကျွန်တော်နဲ့ တစ်နယ်ထဲသား ကိုဖေချစ်ကြီးကလည်း ၁၇-၂-၂၀၁၆ ရက်နေ့ တတိယနေ့ ဆွေးနွေး ပွဲမှာ မဲဆန္ဒနယ်ကိုယ်စားပြုခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အပြန် အလှန် ဆွေးနွေးခဲ့တယ်လို့သိရတယ်၊ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းကြီးက ခေသူမဟုတ်ဘူး၊ ဆွေးနွေးရတဲ့ ခေါင်းစဉ်နဲ့ ဘာမှမသက်ဆိုင်တဲ့အကြောင်းအရာတစ်ရပ်ကို သူထမေးတယ်လို့သိရတယ်။ သူမေးတာက လွှတ်တော်မှာ ပြည်သူကဆန္ဒမဲမပေးဘဲ တပ်မတော်မှ ကိုယ်စားလှယ် ၂၅ % ရောက်ရှိနေကြောင်း၊ အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်များကို နောက်ကြောင်းပြန်အရေးယူခြင်း မရှိစေရ ဆိုတဲ့ ဥပဒေလည်း ပြဋ္ဌာန်းထားခြင်း ရှိ/မရှိ သိရှိလိုကြောင်းဆိုပြီး မေးပါလေရောဗျာ။ အဲဒါနဲ့ပဲ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်တဲ့ UNDP က ဦးအောင်မျိုးမင်းက အဲ့ဒီမေးခွန်းကိုတော့ အရင်နေ့က Check and Balllence စောင့်ကြည့် အကဲခတ်ခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးရမှာဖြစ်ပြီး ခေါင်းစဉ်နဲ့ အကျုံးမ၀င်တဲ့ အတွက် ဖြေကြားရန်မရှိကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ကြားသိလိုက်ရပါတယ်။

အဲဒီလိုမျိုး အဓိပ္ပာယ်သက်ရောက်မှုရှိတဲ့ အကြောင်းအရာကို ဖွင့်ပွဲနေ့ကပဲ ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ Han. Raza Rabbani က ပြောခဲ့တယ်လို့သိရတယ်၊ ၎င်းတို့ ပါကစ္စတန်နိုင်ငံ ဘနာဇီယာဘူတို လက်ထက် ကြုံတွေ့ရသည်များနှင့်တူကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယခုအချိန်မှာ ငြိမ်းချမ်းစွာအသွင် ကူးပြောင်းနေခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု၊ ဥပဒေများခိုင်မာ အားကောင်းအောင်ဆောင်ရွက်ရန် လိုကြောင်း၊ အာဆီယံနိုင်ငံများထဲမှာ အင်ဒိုနီးရှားနိုင်ငံတွင်လည်းရှိခဲ့ကြောင်း၊ အချိန်ကာလတစ်ခုအထိ တပ်မတော်အနေနဲ့ ပါဝင်နေအုံးမယ်ဆိုတာကိုလည်း လက်ခံရမှာဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို စည်းလုံး ညီညွတ်မှုအပြောင်းအလဲဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း ပြောကြားပါတယ်ဗျာ။ ကိုဖေချစ်ကြီးကတော့ ထုံးစံအတိုင်း အိပ်ငိုက်နေပြီး ဘာမှသိလိုက်တဲ့ပုံမပေါ်ပါဘူး။

ဇာတ်လိုက်ကျော် ကိုဖေချစ်ကြီးက တပ်အပေါ် အမြင်မကြည်လင်တဲ့သူတစ်ဦးပါ၊ အမြင်မကြည်လင်ရတဲ့ အကြောင်းရင်းကလည်း သူတပ်ထဲကို မ၀င်ခင်တုန်းက မော်လမြိုင်တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့(ပထ၀ီ)နဲ့ ဘွဲ့ရ ပြီးမှ ကျွန်တော်တို့နဲ့အတူ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄၃)မှာ သင်တန်းတက်ခဲ့ကြတာ။ ကျောင်းဆင်းပြီး ခလရ(၂)၊ ဗိုလ်/ဗိုလ်ကြီးဘ၀နဲ့ ခလရ(၇၈)မှာ တာဝန်ထမ်းဆောင်နေတုန်း ပဲခူးဘူတာ လုံခြုံရေးတာဝန်ယူနေ တဲ့အချိန်မှာ သူ့ပစ္စတိုနဲ့ ကျည်ဆံတွေပျောက်သွားလို့ တိုင်းမှူးရဲ့ ပြစ်တင်ရှုတ်ချဒဏ် ချမှတ်ခံခဲ့ရဘူးပါတယ်။ အမှန်တကယ်ဆို ကျွန်တော်တို့ တပ်မတော်မှာ လက်နက်နဲ့စစ်သားဟာ လင်မယားလို တတွဲတွဲရှိနေရမှာ။ ကိုယ်ကမေ့လို့ ထားခဲ့တယ်ဆိုရင်တောင် နောက်ပါတပည့်တွေက သတိပေးတာတွေ၊ သိမ်းဆည်းပေးတာတွေ လုပ်ပေးကြတာပါ။ သူက လက်အောက်ငယ်သားကို ရဲဘော်ရဲဘက်စိတ်မရှိဘဲ ခေါင်းဆောင်မှုညံ့ဖျင်းလို့သာ ဒီလိုဖြစ်ရတာပါ။

ကိုဖေချစ်အနေနဲ့ ခေါင်းဆောင်မှုတင် ညံ့ဖျင်းတာလားဆိုတော့ တပ်ထဲမှာနေတုန်း တက်ခဲ့တဲ့ သင်တန်းတွေ ပြန်ကြည့်ရင်လည်း ထူးထူးချွန်ချွန်မဟုတ်ပါဘူး။ တပ်ပိုင်းဆိုင်ရာမှာ အလေးထားတက်ရောက် ကြရတဲ့ ခြေလျင် တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းတွေမှာ ထူးထူးချွန်ချွန်မဟုတ်ဘဲ သာမန်အဆင့်နဲ့ပဲ ဆင်းခဲ့တာပါ။ အဲ စစ်ဆင်ရေး မှာတော့ အများနဲ့ရောပြီး မကောင်းတတ်လို့ပေးလိုက်တာလားတော့ မပြော တတ်ဘူး။ ခလရ(၁၁) မှာ တပ်ရင်းက အခြားအရာရှိ၊ စစ်သည်တွေနဲ့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်း လက်မှတ်ကို ရခဲ့ဘူးတာရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်ရေးရာဇ၀င်မှာ ဖြည့်စွက်ထားတဲ့ သူရဲ ကောင်းဘွဲ့ဆိုတာ မဟုတ်ပါဘူး၊ နောက်ပြီး ယာယီတပ်ရင်းမှူးလည်း မဟုတ်ပါဘူး၊ ဒုတိယတပ်ရင်းမှူးပါ၊ မှားပြီးဖြည့်တာလား၊ တမင်သက်သက်လားဆိုတာ ကာယကံရှင်မှဘဲသိတော့မှာပါ။

အဲလိုနဲ့ ခလရ(၆၅)မှာ ဒုတိယတပ်ရင်းမှူးတာဝန်ထမ်းဆောင်တဲ့အချိန် မိုင်းတုံနယ်မြေ ပါချီးဒေသမှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်တော့ အပြောအဆိုကမတတ်၊ ထုံးစံအတိုင်း နိုင်ငံတော်နဲ့ တပ်မတော်အကြီး အကဲတွေအပေါ် မဟုတ်မမှန်ဝေဖန်ပြောဆိုခဲ့တဲ့အတွက် သူ့လက်အောက်က တပ်ခွဲမှူး ဗိုလ်မှူးတွေ၊ ဗိုလ်ကြီး တွေ၊ ဆရာတွေက သတင်းပို့ခဲ့လို့ တပ်မတော်ကနေပြီး အငြိမ်းစားပေးခဲ့ရသူဖြစ်ပါတယ်။

ဒီလိုစိတ်ဓာတ်ရှိတဲ့သူဟာ အခုတော့ မူလ “ ဗီဇ ” ပေါ်လာပြီး လွှတ်တော်စွမ်းရည်မြှင့်သင်တန်းမှာ တပ်မတော် ကို ထိပ်တိုက်ဝေဖန်တဲ့ မေးခွန်းတွေမေးလာခဲ့ပါတယ်၊ သူ့အနေနဲ့ ထူးခြားတဲ့သူရဲကောင်း တစ်ဦး(Hero) အဖြစ် ဖောက်ထွက်ချင်နေတာပါ၊ ဒါပေမယ့် ရာဇ၀င်မကောင်းခဲ့သူတစ်ဦးဖြစ်နေလို့.. ခွေးမြီးကောက်ကို ကျည်တောက် စွပ်ပေးလဲ မထူးခြားပါဘူး။ ကျည်တောက်ပြန်ချွတ်ရင် နဂိုအတိုင်းပဲ ပြန်ဖြစ်နေအုံးမှာပါ။ ကိုယ့်လက်အောက် ငယ်သား အပေါ်မှာတောင် မျှတတဲ့ခေါင်းဆောင်မှု မပေးနိုင်ခဲ့တဲ့သူ၊ သံယောဇဉ်ဆိုတာ မသိတဲ့သူက ပါတီထဲ မှာလည်း ဦးဆောင်မှုပေးနိုင်ပါ့မလား၊ ကြောက်စရာတော့ ကောင်းသား ခင်ဗျ။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြမယ်ဆိုတဲ့ အာဏာရ ပါတီနဲ့ တပ်မတော်ကြားမှာထားရှိတဲ့ အခြေအနေကောင်းတွေဟာ ကိုဖေချစ်တို့လို တပ်မတော်မှာ ကိုယ်ကျင့် တရား၊ စိတ်ဓာတ်ညံ့ဖျင်းလို့ ပစ်ဖဲဖြစ်နေတဲ့သူ၊ အမတ်တွေကြောင့် နားလည်မှုတွေ၊ အထင်အမြင်တွေ လွဲမှား သွားစေနိုင်တယ်ဆိုတာ အာဏာရပါတီအနေနဲ့ သဘောပေါက်သင့်ပါတယ်၊ ဘာပဲပြောပြော ခုလို အကူး အပြောင်းကာလမှာ အင်မတန်မှဂရုစိုက်ရမယ့် အချိန်ကာလဖြစ်နေလို့ပါ၊ ဒီလိုပါပဲ ကိုဖေချစ်လို လူစားတွေကို ခွင့်လွှတ်ပေးထားမယ်၊ ထိန်းကျောင်းမှုမရှိဘူးဆိုရင်တော့ ရှေ့လျှောက်ပြီး ဆက်ဆံရေးတွေ ဘယ်လိုဖြစ်လာ မလဲ ဆိုတာတော့ မခန့်မှန်းနိုင်ဘူး၊ မတွေးဝံ့တော့ပါဘူး။

အခုလို ဆွေးနွေးပြောဆိုမှုတွေဟာ အာဏာရပါတီထဲမှာ အငုတ်တစ်ခုပေါ်ထွက်လာတာပဲဖြစ်တယ်လို့ မြင်ပါ တယ်၊ အဲဒီအငုတ်ကတော့ ရှင်သန်ကြီးထွားပြီး ဖူးပွင့်ဝေဆာလာမဲ့အငုတ်တော့ မဖြစ်နိုင်ဘူး၊ အန္တရာယ်ဖြစ် စေမယ့် ဆူးညှောင့်ခလုပ် အငုတ်သာဖြစ်ပါတယ်၊ ဒီအငုတ်ကို ရှင်းသင့်တယ်လို့မြင်ပါတယ်၊ ဒါမှမဟုတ် ဒီလို မေးခွန်းတွေကို ဘယ်သူကမေးမြန်းခိုင်းတာလဲ၊ ပါတီကလည်း မခိုင်းဘူး၊ သူသဘောနဲ့သူ မေးတာဆိုရင်တော့ ဘယ်လို လုပ်ကြမှာလဲ၊ အန္တရာယ်အငုတ်နော်၊ ဒါကြောင့်မို့ ကိုဖေချစ်တို့ လုပ်ချလိုက်ပုံကတော့ ဦးနှောက်မရှိသူ တစ်ဦးလို၊ ဇီကာဗိုင်းရပ်စ်ကူးစက်ပြီး မွေးဖွားလာတဲ့ ကလေးတစ်ဦးလို ဖြစ်နေပါ တယ်လို့ ...။
-
ဗိုလ်ထိန်(၄၃)
-
(အဆိုပါ ဆောင်းပါးသည် နေ့စဉ်သတင်းထံသို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်)



↧

ဓားဒဏ်ရာ ၁၄ ချက်နဲ့ မြေမြှုပ်ခံလိုက်ရတဲ့ မွေးစကလေးငယ် အသက်ရှင်ဆဲ

$
0
0




ဘာသာပြန်၊ ဖေဖော်ဝါရီလ(၂၅) ။ ။ ထိုင်းနိုင်ငံ ခွမ်းကန်မြို့ ဝမ်ရိုင်အုပ်စု နွန်းဆဝမ်ကျေးရွာမှာ ဖေဖော်ဝါရီလ (၂၃)ရက်က ဓားနဲ့ထိုးသတ်ပြီး မြေမြှုပ်ခံထားရပေမဲ့ မသေသေးတဲ့ မွေးစကလေးငယ်ကို ဒေသခံတွေက ခွမ်းကန်ဆေးရုံကို ချက်ချင်းပို့ပေးပြီး ကလေးကို ကယ်တင်လိုက်နိုင်ပါတယ်။

ကလေးငယ်ဟာ မွေးပြီးရက်ပိုင်းသာ ရှိဦးမယ့် သားယောက်ျားလေးဖြစ်ပြီး အသားဖြူဖြူနဲ့ ကိုယ်အလေးချိန်က (၂.၇၅၀)ရမ်ရှိတယ်လို့ သိရပါတယ်။ ဒီကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ (၁၄)ချက်ကို တွေ့ရတယ်လို့ ဆရာဝန်တွေဆီက သိရပါတယ်။

"ကလေးကို တွေ့တဲ့နေရာက ယူကလစ်ခြံထဲမှာ ဆိုင်ကယ်နဲ့ ခြေရာတွေကို တွေ့တယ်။ သွေးပေနေတဲ့ တီရှပ်အင်္ကျီပန်းရောင် တွေ့တယ်။ ကလေးရဲ့လည်ပင်းမှာလည်း ပလပ်စတစ်အိတ် နဲ့ ရစ်ပတ်ထားတယ်။ ကလေးကို မြှုပ်ထားတဲ့တွင်းက (၂၀)စင်တီမီတာလောက်ရှိတယ်။ ကလေးရဲ့ ရင်ဘတ်မှာလည်း ဓားဒဏ်ရာ (၁၄)ချက်ရှိတယ်။ ကလေးကို ရွာသားတွေတွေ့ပြီး အသက်ဘေးက လွတ်မြောက်သွားခဲ့တယ်”လို့ နွန်းဆဝမ်ရွာသူကြီးက ပြောပါတယ်။

လက်ရှိမှာတော့ ကလေးကို အောက်စီဂျင်နဲ့ အသက်ရှုရအောင် လုပ်ပေးထားပြီး ဝမ်းဗိုက်ကိုလည်း ခွဲစိတ်ကုသထားတာကြောင့် ကလေးမှာ နို့တော့ စို့လို့မရသေးဘူးလို့ သိရပါတယ်။

အခုလို ကလေးငယ်ကို ရက်ရက်စက်စက်လုပ်သူကို ခွမ်းကန်ရဲတပ်ဖွဲ့က အမြန်ဆုံး ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

ဘာသာပြန်။ ။ ‪#‎နန်းမောက်ကွမ်‬
Ref; Ref; sanook,
Photo: tototoomtam8



↧

အစိုးရသစ်ရင်ဆိုင်ရမည့် ပရိုဂျက်ကြီးများစွာ (ဇီးသီးဗန်းများ) မကြာမီရောက်လာတော့မည်၊

$
0
0



25-2-2016

လွှတ်တော်အသစ် ခေါ်ယူတဲ့ ဖေဖေါ်ဝါရီ (၁)ရက်မှာ ကုက္ကိုင်းခုံးကျော်တံတားကို ဖွင့်လှစ်လိုက်တဲ့အတွက် ကားကျပ်နေတဲ့ ရန်ကုန်မြို့သားများအတွက် ဝမ်းသာစရာသတင်းပါပဲ။ နောက်တစ်နေ့မှာပဲ အဲဒီနေရာမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ သတင်းရပါတယ်။
ခုံးကျော် တံတားများ အမြန်ဆုံး ဆောက်လုပ်ခြင်းကြောင့် ကားကြပ်မှုများ အဆင်ပြေသလိုဖြစ်ပေမဲ့ မလိုလားအပ်ပဲ နိုင်ငံဘဏ္ဍာငွေ အမြောက်အများကို ဆင်းရဲတဲ့မြန်မာပြည် လက်ရှိအခြေအနေမှာ သုံးစွဲနေခြင်းကို ဆင်ခြင်ဖို့ဖြစ်ပါတယ်။

ရန်ကုန်မြိ့မှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ခုံးကျော်တံတား ၇ စင်း တည်ဆောက်နေပါတယ်။ လက်ရှိ အသုံးပြုလျက်ရှိသည့် လှည်းတန်းတံတား အတွက် ကျပ် ၁၄.၄၈၇ ဘီလီယံ၊ ဘုရင့်နောင်တံတား ၂ စင်း ကျပ် ၂၆.၆၆ ဘီလီယံ၊ မြေနီကုန်း တံတား ကျပ် ၁၅.၉၇၁ ဘီလီယံ၊ ရွှေဂုံတိုင် တံတား ၁၇.၄၄၁ ဘီလီယံနှင့် ဆောက်လုပ်ဆဲဖြစ်သည့် ၈မိုင် တံတားအတွက် ကျပ် ၂၅.၈ဘီလီယံ၊ တာမွေ တံတားကျပ် ၂၂.၅ ဘီလီယံ၊ ကုက္ကိုင်းတံတား ကျပ် ၁၃.၉၇ ဘီလီယံဖြင့် အသီးသီး သုံးစွဲထားကြောင်း သိရသည်။
ယခင် စစ်အာဏာရှင်စနစ်ထက် ပိုမိုပွင့်လင်းစွာ ကုန်ကျငွေများကို ဖေါ်ပြထားပါတယ်။ ဟိုက်ဝေးလမ်း၊ လမ်းတံတား၊ ခုံးကျော်တံတား၊ မြစ်ကူးတံတား ကုန်ကျစရိတ်များမှာ နိုင်ငံခြားကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတဲ့အတွက် ပြည်တွင်း ခရိုနီကုမ္ပဏီများက အဆမတန်ဈေးနှုန်းများနဲ့ ယခင်က ဖေါင်းပွ ကုန်ကျစရိတ်များစွာ ဆီးသီဗန်းမှောက်ခဲ့ကြပေမဲ့ ယခုခေတ်မှာတော့ ပုဂ္ဂလိက ကုမ္ပဏီများ အရင်လို မလုပ်နိုင်တော့ပါ။ မြေနီကုန်းတံတား၊ ရွှေဂုံတိုင် တံတားနှင့် ကုက္ကိုင်းတံတား(ဆောက်လုပ်ဆဲ) တို့ကို Capital Development ကုမ္ပဏီ၊ ဘုရင့်နောင်တံတား စီမံကိန်းကို FMI ကုမ္ပဏီ၊ လှည်းတန်းတံတားနှင့် တာမွေ(ဆောက်လုပ်ဆဲ) တံတား စီမံကိန်းတို့ကို ရွှေတောင်ကုမ္ပဏီနှင့် ၈မိုင် ခုံးကျော်တံတား စီမံကိန်းကို Crown Advanced ဆောက်လုပ်ရေး ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်ပါတယ်။

တကယ်တော့ လမ်းတံတားဌာ၊ ဆည်မြောင်းဌာန၊ မြူနီစပယ်ဌာန တွေမှာ ပရိုဂျက်ကြီးတွေ အမြောက်အများရှိပါတယ်။ အဂတိမလိုက်စားတဲ့ အသက်၃၀အောက် တတ်သိပညာရှင်များစွာ လိုအပ်လျှက်ရှိပါတယ်။
ကားကြပ်တဲ့ ပြသနာအတွက် ရေတိုစီမံကိန်းအဖြစ် ခုံးကျော်တံတားစနစ် သာမက ဘတ်စကားစနစ်၊ တက္ကစီစနစ်၊ ကိုယ်ပိုင်ကားစနစ်၊ လမ်းဘေးဈေးသည်စနစ်၊ မြို့ပတ်ရထားစနစ် များကိုလည်း ပြုပြင်ရပါမယ်။ မြို့ကြီးတိုင်းမှာရှိတဲ့ မြေပေါ်၊ မြေအောက် လမ်းများကို ရေရှည်စီမံကိန်းအဖြစ် စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်။

ဆောက်လုပ်ခ ၅၀% ပိုမိုကုန်ကျနေခြင်း

ကုန်ကျစရိတ် ဥပမာ တစ်ခု တင်ပြလိုပါတယ်။ ခုံးကျော်တံတား ဆောက်ခြင်းကုန်ကျစရိတ်ကို အင်တာနက်မှာရှာရင် အမေရိကန် FDOD ဖလော်ရီဒါ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အမြင့်မားဆုံးကုန်ကျစရိတ်အရ ကုက္ကိုင်းခုံးကျော်တံတားအတွက် တစ်စတုရန်းပေကို ဒေါ်လာ၂၀၀ နှုန်းတွက်ချက်ရင် ကျပ် ၁၀ ဘီလျံ လောက်ပဲ ကုန်ကျမှာဖြစ်ပေမဲ့ လက်ရှိသုံးစွဲခွင့်ငွေကတော့ ၁၃.၉၇ဘီလျံ လို့ရေးထားပါတယ်။ အပိုကုန်ကျငွေတွေနဲ့ပေါင်းရင် နောက်ထပ် ၂၀%လောက် ပိုကုန်မှာဖြစ်ပါတယ်။ အရေးပေါ် အမြန်တည်ဆောက်ရတဲ့အတွက် ၅၀% မက ပိုပြီးကုန်ကျပါတယ်။ ခုံးကျော်တံတား အရည်အသွေးကိုတော့ စစ်ဆေးမဲ့သူ မရှိဖြစ်နေပါတယ်။

ကုက္ကိုင်းခုံးကျော်တံတားက ကန်ဒေါ်လာနဲ့တွက်ရင် US$10 million လောက်ပဲ ကျသင့်တယ်ဆိုတော့ နိုင်ငံ ပရိုဂျက်ကြီးတွေနဲ့ ယှဉ်ကြည့်ရင် ဘာမှမပြောပလောက်ပါဘူး။ လက်ရှိ ရန်ကုန်ကားကြပ်ခြင်းကို ခုံးကျော်တံတား အမြန်ဆောက်နည်းနဲ့ ဖြေရှင်းပြီး ဘဏ္ဍာငွေများစွာ သုံးစွဲနေပါတယ်။ ပြေလည်သွားရင် ကောင်းပေမဲ့ တခြားနည်းလမ်းများ ရေရှည်အတွက် ရှာဖွေနေကြပါတယ်။ မြန်မာပြည်အစိုးရလူကြီးအချို့ အဂတိလိုက်စားမှုကြောင့် မြန်မာပြည်မှာ လုပ်ငန်းလုပ်ရတာ ဈေးအရမ်းကြီးနေခြင်း ဖြစ်ပါတယ်။

http://www.dot.state.fl.us/planning/policy/costs/Bridges.pdf
အနာဂါတ် နိုင်ငံခြားကုမ္ပဏီများ၏တင်ဒါ
ကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ပရိုဂျက်များစွာ မြန်မာအစိုးရအတွက် တည်ဆောက်နေဆဲ၊ တည်ဆောက်လာလတ္တံ အခြေအနေများစွာ ရှိပါတယ်။
ပြည်တွင်းကုမ္ပဏီများက ပွင့်လင်းမြင်သားမှုမရှိတဲ့ တင်ဒါစနစ်နဲ့သုံးစွဲလာတာ ကြာပီဖြစ်ပါတယ်။ အစိုးရဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ ဆည်မြောင်း၊ ကွန်ပြူတာအီလက်ထရွှန်းနစ်စက်ကရိယာများ ၊ ပညာရေး-ကျန်းမာရေး သုတေသနပစ္စည်းကရိယာများ၊ …စတဲ့ နိုင်ငံပိုင် ဝန်ကြီးဌာနအသီးသီးက သုံးစွဲနေကြတာ စာရင်းစစ်အဖွဲ့တွေ့ရှိချက်က ကမောက်ကမဖြစ်နေပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် အစိုးရက ပြည်ပစာရင်းစစ်အဖွဲ့များ ၂၀၁၆ အထိ လာရောက်ဖို့ မဖြစ်နိုင်သေးကြောင်း အစောကြီးကတည်းက ပြောရှာပါတယ်။

ပုဂ္ဂလိက စက်ရုံနဲ့ကုန်ထုတ်လုပ်ငန်းကို Zero Factory ပရိုဂျက်နဲ့လုပ်ဆောင်နေပြီး၊ အစိုးရက အခွန်ကောက်ရုံပဲ လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ပုဂ္ဂလိက လုံးဝမလုပ်ချင်တဲ့ စက်ရုံကြီးပေါင်းများစွာ ရှိပါတယ်။ ဒေါ်လာ ဘီလျံချီတဲ့ မြင်းခြံ သံမဏိစက်ရုံစီမံကိန်းလို စက်ရုံမျိုးတွေ အဟောင်းဈေးနဲ့ပဲ ပုဂ္ဂလိကကို ရောင်းထုတ်ရုံပဲ ရှိပါတော့တယ်။ လုံးဝရပ်နေတဲ့ သာပေါင်းပျော့ဖတ်စက်ရုံ၊ ပုသိမ်မှန်စက်ရုံ တွေလို အမြောက်အများရှိနေပါသေးတယ်။ အဟောင်းဈေးနဲ့ပဲ ရောင်းချဖို့ ယခင် စက်မှုဝန်ကြီး ကွယ်လွန်သူ ဦးအောင်သောင်း ရှိရင်တော့ စက်မလည်ပဲနဲ့ အမြက်ထွက်အောင် လုပ်နိုင်မလားမသိပါ။ ဒီစက်ရုံများက ဝန်ထမ်းပညာတတ်တွေကို အသုံးချဖို့လဲ ရှိပါတယ်။

နောက်နောင် အစိုးရ ပရိုဂျက် တင်ဒါများကို စီစစ်ဖို့ ပရိုဂျက်စီမံခန့်ခွဲရေးနိုင်ငံခြားကုမ္ပဏီ၊ ပြည်တွင်းကုမ္ပဏီ များနဲ့ အကြီးစားစက်မှုလုပ်ငန်း ပရိုဂျက်များကုန်ကျငွေများကို စီစစ်ရပါတော့မယ်။ မြန်မာပြည်အစိုးရက ဆက်သွယ်ရေး အော်ပရေတာ ၂ခု (တယ်လီနော နဲ့ အော်ရီဒူး) ကိုရွေးချယ်ခဲ့တဲ့ အတွေ့အကြုံ ရှိပါတယ်။ ဒါမျိုး တင်ဒါရွေးချယ်ရေးအဖွဲ့က စနစ်တကျ နိုင်ငံဘဏ္ဍာများ သုံးဖို့ ၊ ဒေါက်တာအောင်ထွန်းသက် ဖွဲ့စည်းနေတဲ့ မြန်မာပြည်မှာ MDI Myanmar Development Institute အနေနဲ့ အလွယ်တကူ လုပ်နိုင်မယ် ဖြစ်ပါတယ်။
အင်န်အယ်ဒီနဲ့တပ်မတော် ညွန့်ပေါင်းအစိုးရရဲ့ စီးပွားရေးပေါ်လစီ နံပါတ်(၁) ကတော့ အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးများ ရပ်ဆိုင်းပါမည်။ အခွန်ရှောင်မှုများကို နှိမ်နင်းပြီး အခွန်အခများ အပြည့်အဝရအောင် ဆောင်ရွက်သွားပါမယ်။ ဝန်ကြီးဌာနများရဲ့ မလိုအပ်တဲ့အသုံးစရိတ်များကို လျှော့ချသွားပြီး၊ ပြည်သူ့ အတွက်လိုအပ်တဲ့ လူမှုကိစ္စများအတွက် အသုံးချသွားဖို့ ဖြစ်ပါတယ်။

အထူးသဖြင့် လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး ပရိုဂျက်များမှာ တရုပ်ချေးငွေများရဲ့ အတိုးနှုန်းမြင့်မားစွာ ယူထားခြင်းအတွက်လည်း ညှိနှိုင်းဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် လျှပ်စစ်ဝန်ကြီးဌာနအဖို့ ဘယ်တော့မှ အမြတ်စွန်းရမှာမဟုတ်ပါ။ တရုပ် လျှပ်စစ်ဓါတ်အားထုတ်စက်တွေကို အကုန်ဖျက်သိမ်းပြီး ဂျာမဏီ၊ ဂျပန် ချေးငွေနဲ့ မဟာလျှပ်စစ်ဓါတ်အားထုတ် စက်တွေ ပြန်တည်ရမှာဖြစ်ပါတယ်။ အခု လက်ရှိ တရုပ် လျှပ်စစ်ဓါတ်အားစက်တွေ ပြင်ဆင် ထိန်းသိမ်းစရိတ်က အလွန်အကုန်ကျများလွန်းလို့ မြင်းခြံသံမဏီစက်ရုံ (အီတလီနိုင်ငံလုပ်စက်ရုံ) လိုပဲ အလဟသ ဘဏ္ဍာငွေတွေ ဖြုန်းတီးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ခုနှစ် မုံရွာမြို့မှာ ပြောခဲ့တာကို အခုထိ မှတ်မိနေပါတယ်။ ဒီမိုကရေစီ ရဖို့ထက် ရပြီးသား ဒီမိုကရေစီကို ထိန်းသိမ်းဖို့က ပိုပြီး ခက်ခဲလှပါတယ်လို့ ပြောပါတယ်။ အလာတူပါပဲ နည်းပညာနဲ့စက်ရုံများကို ဝယ်တာက ပိုက်ဆံချေးပြီး ဝယ်လို့ရပါတယ်။ ဒါပေမဲ့ တကယ်အကျိုးရှိမှာလား၊ အနှစ်၂၀ ပြုပြင်ထိန်းသိမ်းရေး က ဘယ်လိုလဲ ဆိုတာ ရေရှည်စိမံကိန်းနဲ့ စဉ်းစား ရင်းနှီးမြှတ်နှံရမှာ ဖြစ်ပါတယ်။ အစိုးရသက်တမ်းက (၅)နှစ်ဆိုတော့ ငါ့လက်ထက်မှာ ကောင်းနေရင်ပီးရော ဆိုပြီး လုပ်စားနေတဲ့ နိုင်ငံရေးသမား၊ တကမ္ဘာလုံးက ဝိသမစိးပွားရေးသမားတွေ အလွန်မြောက်များစွာ မြန်မာပြည်ထဲ ရောက်နေပါတယ်။

ဘုရားမလို့ပဲ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ခေါင်းဆောင်ခွင့် ရထားပါပီ။ မေတ္တာနဲ့ မြန်များလူထု တိုးတက်ရေးအတွက် လုပ်စရာတွေ အမြောက်အများရှိနေပါတယ်။
အစိုးရသစ်အတွက် နိုင်ငံတော်စီမံကိန်းများ
အခုအစိုးရသစ်အတွက် စီးပွားရေးတိုးတက်ဖို့ နှစ်ရှည်စီမံကိန်းနဲ့ ချေးငွေများစွာ ရရှိဖို့ အလားအလာကောင်းပါတယ်။ နိုင်ငံခြား ပရိုဂျက်များကို မြန်မာပြည်အတွက် တင်သွင်းလာရာမှာ နိုင်ငံခြားမှာ မသုံးတော့တဲ့ နည်းစနစ်နဲ့စက်များကို ဈေးကြီးစွာနဲ့ ညာပြီး ရောင်းချမဲ့အလားအလာ တွေရှိပါတယ်။ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ အိုင်အမ်အက်ဖ် ချေးငွေ ဆိုပြီး ရတိုင်း ယူလို့မရပါ။ ချေးငွေတိုင်းမှာ အကန့်အသတ်တွေ ရှိပါတယ်။ ဒီစက်ပစ္စည်းကိုမှ ဝယ်ရမယ်ဆိုတဲ့ စာချုပ်များရှိပါတယ်။ စက်ပစ္စည်းကို လေ့လာသုံးသပ်ဖို့ နှစ်ရှည်အသုံးပြုနိုင်ဖို့ နည်းပညာနဲ့ ပညာရှင်မွေးထုတ်ရေး စီမံကိန်းများကိုလည်း လေ့လာရမယ်ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံပိုင် ပရိုဂျက်ကြီးတွေ (ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင်) MDI Myanmar Development Institute လို အဖွဲ့အစည်းတွေနဲ့ စီမံခန့်ခွဲရပါမယ်။ အဓိကတော့ တတ်ကျွမ်းတဲ့ အစိုးရဘက်သား ပညာရှင်များရှိဖို့ပါ။ ဝန်ကြီးဌာနတိုင်း ဥပမာ ငွေကြေးများစွာသုံးစွဲမဲ့ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာနတွေမှာ တင်ဒါတွေ စနစ်တကျ စီစစ်မဲ့အဖွဲ့ အရေးတကြီးလိုအပ်နေပါတယ်။ အဂတိလိုက်စားလို့ အရေးယူခြင်းထက် အဂတိ မလိုက်စားနိုင်အောင် ငွေကြေးကုန်ကျစရိတ်ကို ပွင့်လင်းမြင်သာစွာ တင်ဒါလုပ်နိုင်ဖို့ လိုပါတယ်။
FDOD ဖလော်ရီဒါ ဆောက်လုပ်ရေးကုမ္ပဏီ လိုပဲ စက်ရုံဆောက်လုပ်ရေး၊ ဓါတ်အားပေး၊ ဆက်သွယ်ရေး ကမ္ဘာ့ ကုမ္ပဏီများစွာ တင်ဒါတောင်းခံနိုင်ပါတယ်။ အခက်အခဲကတော့ တင်ဒါ ဘယ်လိုတောင်းရမလဲ၊ ဘယ်လို စီစစ်ရွေးချယ်ရမလဲ ဆိုတာ နားလည် အတွေ့အကြုံရှိတဲ့ မြန်မာပညာရှင်များစွာ လိုပါတယ်။

ပြည်တွင်း ကုမ္ပဏီများက တင်ဒါ ၅၀% လောက် ပိုပြီးတင်ပြတာထက် ပိုဆိုးတဲ့ နိုင်ငံခြားကုမ္ပဏီများစွာ မကြာခင်ရောက်လာတော့မယ် ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရခေတ်မှာ ဌာနဆိုင်ရာများက တောင်းရမ်းခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းတွေကြောင့် နိုင်ငံခြား ကုန်ထုတ်လုပ်ငန်းများ အထူးသဖြင့် ထိုင်းနိုင်ငံရင်းနှီးမြှတ်နှံမှုတွေ မလာနိုင်သေးပါဘူး။ အခု အင်န်အယ်ဒီနဲ့တပ်မတော် ညွန့်ပေါင်းအစိုးရလက်ထက်မှာ စစ်မှန်တဲ့ရင်းနှီးမြှတ်နှံမှုတွေ ရောက်လာပါမယ်။ ကုမ္ပဏီ ဆိုတာ စီးပွားရေးလာလုပ်တဲ့အတွက် မြန်မာအစိုးရ ပညာရှင်များက အဂတိမလိုက်စားပေမဲ့ ပညာမကျွမ်းကျင်ဘူးဆိုရင် နိုင်ငံတကာမသုံးတဲ့ စက်ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ ရောင်းချနိုင်ပါတယ်။
နိုင်ငံခြားကုမ္ပဏီများနဲ့မြန်မာနိုင်ငံသားများ ဖက်စပ်လုပ်ကိုင်တဲ့ စာချုပ်များ တရားမျှတရေးအတွက် လုပ်ကိုင်ပေးဖို့ ရှေ့နေနဲ့အဖွဲ့အစည်းတရပ် လိုအပ်ပါတယ်။ ဆင်းရဲသားလူထုကိုလဲ ငွေ၊အာဏာ ဥပဒေနဲ့အနိုင်ကျင့်သလို မလုပ်ဖို့လဲ လိုပါတယ်။ ဥပမာ ကုမ္ပဏီများက ငွေ၊ အာဏာနဲ့ဥပဒေ လက်တလုံးခြားလုပ်ပြီး လယ်ယာမြေတွေ သိမ်းယူနေလို့ ကန့်ကွက်တဲ့ပြသနာများ၊ တယ်လီနော၊ အော်ရီဒူးတို့ ရပ်ရွာလူကြီး၊ တတ်သိပညာရှင်များကို ဖိတ်ခေါ်မတင်ပြပဲနဲ့ ရပ်ရွာသဘောမတူပဲ တာဝါတိုင်များစိုက်ထူလို့ ကန့်ကွက်မှုများ၊ နောက်ဆုံး မြို့မငြိမ်း မိသားစုရဲ့ တူးပို့ တံဆိပ်ကို ငွေ၊အာဏာ အလွဲသုံးပြီး ဘီယာတံဆိပ်အဖြစ် သုံးနေတာမျိုး ငွေ၊ အာဏာသုံးပြီး ဆင်းရဲနွမ်းပါးတဲ့ လူထုကို အနိုင်ကျင့်မှုတွေ နည်းပါးစေဖို့ မီဒီယာနည်းထက်၊ အစိုးရကိုယ်တိုင်က ဥပဒေနဲ့ လူထုကို အကာကွယ်ပေးရမှာဖြစ်ပါတယ်။

ဗီယက်နမ်၊ တရုပ်၊ မလေးရှား စတဲ့ နိုင်ငံများနဲ့ စင်ကာပူလိုနိုင်ငံမှာတောင် အစိုးရကို လိမ်ညာပြီး တန်ဖိုးကြီး စက်ပစ္စည်းတွေ ရောင်းချတာမျိုး ရှိပါတယ်။ အစိုးရကလဲ ရှုံးနေတဲ့ လုပ်ငန်းကို အစိုးရငွေ (ပြည်သူလူထုစုဆောင်းငွေတွေ) ထပ်ထည့်ပြီး လိမ်လက်စနဲ့ ဆက်လိမ်ရပါတယ်။ ဥပမာ .. CSM, REC, POSH ..စတဲ့ ကုမ္ပဏီများ ပြည်သူလူထုထံက စတော့ရှယ်ရှာ လက်တလုံးခြားလှည့်ရောင်းပြီး ရံပုံငွေရှာတဲ့နည်း တနည်းအားဖြင့် IPO Listing လုပ်နည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီနည်းလမ်းနဲ့ မြန်မာလူထုဆီက အရင်းနှီးတွေကို အသစ်ဖွင့်မဲ့ စတော့ရှယ်ယာဈေးကွက်မှာ လုပ်စားဖို့ ချောင်းနေတဲ့ ဝိသမလောဘသမားတွေ ရှိနေပါတယ်။ (စကားချပ်)
အဂတိကင်းရှင်းရေး
တိုးတက့်နိုင်ငံများမှာ အဂတိ နည်းပါးပါတယ်။ အဂတိနည်းပါးတဲ့နိုင်ငံကို နိုင်ငံခြားရင်းနှီးမြှတ်နှံမှု မြောက်များစွာ ဝင်လာလေ့ရှိပါတယ်။ စင်ကာပူနိုင်ငံ စတင်အုပ်ချုပ်သည့် ခေါင်းဆောင်ကြီး လီကွမ်းယူက အဂတိလိုက်စားမှုကို ဘယ်ကဲ့သို့ တိုက်ဖျက်ခဲ့ကြောင်း အာဏာရှင်ဆန်ဆန် လုပ်ဆောင်ရပါတယ်။ စင်ကာပူနိုင်ငံ ထူးတောင်တဲ့ ခရီးစဉ်မှာ အဂတိလိုက်စားမှုကြောင့် အစိုးရအရာရှိကြီးများကို အရေးယူ အလုပ်ထုတ် ထောင်ချ လုပ်ခဲ့ရပါတယ်။ အင်န်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောစကားများနဲ့လက်တွေ့အကောင်ထည်ဖေါ်နိုင်ဖို့ အထူးမျှော်လင့်ပါတယ်။

အဂတိကင်းရှင်းရေး ဆိုတာကို အဓိပ္ပါယ်ဖွင့်ရရင် အုပ်ချုပ်သူခေါင်းဆောင်များက ဘုရားမကြိုက်တာတွေ မလုပ်ဖို့ဖြစ်ပါတယ်။ လူတွေ မွဲတေငတ်မွတ် မတရားခံနေရတာများစွာ ဘယ်ဘုရားမှ မကြိုက်ပါဘူး။ အခွန်နင်းကန်ကောက်ပီး အုပ်ချုပ်သူတွေပဲ ဇိမ်ခံသုံးစွဲနေခြင်း၊ ပြီးတော့ အစိုးရခေါင်းဆောင်များကို လာဘ်ပေးသူ ခရိုနီ၊ ဝိသမလောဘသမားများနဲ့ ကင်းရှင်းဖို့ အစိုးရခေါင်းဆောင်ကအစ ကြောက်နေရမဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့အစည်း လိုပါတယ်။ ဝိသမလောဘသမားများက မြန်မာပြည်ရဲ့ အိမ်ခြံမြေ လယ်ယာ တောတောင်တွေကို အစိုးရအရာရှိတွေနဲ့ ခွဲဝေသိမ်းပိုက်ခြင်းက အိမ်ခြံမြေဈေး ကမ္ဘာ့ ဈေးအကြီးဆုံး ဖြစ်သွားရတာလဲ အဂတိ၊ ဝိသမ လုပ်ရပ်ပါပဲ။ မြေယာမြောက်များစွာရှိတဲ့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကြီးမှုကို ဖြေရှင်းလို့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအဆင့် တန်ဖိုးနည်းအိမ်ယာများစွာ ပေါ်လာပီ ဖြစ်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာတော့ အတိုက်ခံခေါင်းဆောင် Kim Dae-jung (1998-2003) ရွေးကောက်ပွဲနိုင်ပီး သမ္မတကြီး အသက် ၇၀ ကျော်မှာ နိုင်ငံတော်သမ္မတဖြစ်လာခဲ့ပါတယ်။ သူ့လက်ထက်မှာ နိုင်ငံရေး၊ လူမှုရေး၊ အိုလံပစ်၊ ကမ္ဘာ့ဖလာဘောပွဲ စသဖြင့် များစွာလုပ်ပေးခဲ့ပါတယ်။ အကြီးများဆုံးလုပ်ရပ်ကတော့ အစိုးရကိုယ်တိုင် အင်တာနက်ဝက်ဆိုက်တစ်ခုကို တည်ဆောက်ပြီး လပ်စားမှုတွေကို ပွင့်လင်းစွာ တိုင်ကြား၊ မှတ်လောက်အောင် အရေးယူ၊ မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်ပါတယ်။ လာဘ်စားမှု လုပ်တဲ့လူကို အချက်အလက်တိကျစွာနဲ့ တိုင်ကြားခြင်းများကို မြန်မာပြည်လက်ရှိဖေ့ဘုတ်လို နောက်တလကြာတဲ့အခါ ပြန်ရှာလို့မရ ဖြစ်မသွားတော့ပါဘူး။ လာဘ်စားသူကို ပွင့်လင်းစွာ မှတ်တမ်းတင်ထားလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်အစိုးရသစ်မှာလဲ အသစ်ဖွဲ့စည်းမဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့က တောင်ကိုးရီးယား နမူနာယူပြီး ဒါမျိုး အစိုးရဝက်ဆိုဒ်တစ်ခု လုပ်နိုင်မှာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ခေတ်မှာ အကြီးတန်းအစိုးရ အရာရှိကြီးများစွာ တောင်ကိုးရီးယားကို ကောင်းတာတွေနမူနာယူဖို့ လေ့လာရေးလွှတ်ပီး ဖြစ်ပါတယ်။
Ref: http://www.8iacc.org/papers/yjkim.html

အရှေ့တောင်အာရှမှ အင်ဒိုနီးရှား အရပ်သားသမ္မတဖြစ်သူ ဂျိုကိုဝီရန်ဒို အာဏာရရှိလာပြီး ၂နှစ်ကြာတဲ့အခါ တိုးတက်မှု သိပ်မရှိလို့ ဆိုကြပါတယ်။ အစိုးရအဖွဲ့အပေါ် သမ္မတ ဂျိုကိုဝီရန်ဒို သြဇာသိပ်မရှိတာလဲ တစ်ကြောင်းဖြစ်မှာပါ။ မြန်မာပြည်ကတော့ အစိုးရအဖွဲ့ကို ပြည်သူထောက်ခံတဲ့ အင်အယ်ဒီပါတီက သြဇာကြီးလှတဲ့အတွက် ထူးခြားတဲ့ အဂတိတိုက်ဖျက်ရေးများ မြင်တွေ့လာရမှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော် စီမံကိန်းများအတွက် ပရိုဂျတ်၊ ဘတ်ဂျတ်လေ့လာ သုံးသပ်၊ ဆုံးဖြတ်ဖို့ မြန်မာပညာရှင်များသာ အကောင်းဆုံးဖြစ်ပါတယ်။ လူငယ်သွေးသစ်များစွာနဲ့ MDI Myanmar Development Institute အမြန်ဆုံး အောင်မြင်ပါစေ။

ဇော်အောင်(မုံရွာ)/မိုးမခ



↧

လူမျိုးရေးပဋိပက္ခဆီသို့..ဦးတည်နေသော ပက်ဂျိဆန် (PJS)

$
0
0




PJS အဖွဲ့မှ အပြစ်မဲ့ ဝေမိုးရွာသားများကို ဥပဒေမဲ့ ဖမ်းဆီးရိုက်နှက်နေစဉ်




မြန်မာနိုင်ငံ နဲ့ ဘိန်းပြဿနာ


မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့နောက် သူတလူငါတမင်းနဲ့ အချင်းချင်းလက်နက်ကိုင်ကြတဲ့ အကွဲအပြဲတွေရဲ့ နောက်ဆက်တွဲမှာ ဘိန်းတွေနေရာယူလာတပဲ ဖြစ်ပါတယ်။ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ကြရင်း စေ့စပ်မရအောင် ကွဲပြဲခဲ့တဲ့အကွဲအပြားတွေကြားမှာ လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ
ကို မွေးဖွားပေးခဲ့တယ်။ဒီလက်နက်ကိုင်အဖွဲ့တွေကို အစိုးရနဲ့တပ်မတော်ကနည်းပေါင်းစုံနဲ့ နှိပ်ကွပ်ခဲ့တယ်။ဒီတော့ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ရပ်တည်နိုင်မှု၊စားဝတ်နေရေးအားလုံးဟာအခက်အခဲဖြစ်
လာတဲ့ အခြေအနေမှာလက်နက်ကိုင်အဖွဲ့တွေဟာ ငွေလဲရ လက်နက်လဲအင်အားလည်းပိုစုဆောင်းနိုင်
မယ့် ဘိန်းတွေကို အရှိန်အဟုန်နဲ့ကိုစိုက်ပျိုးလာပါတယ်။ဘိန်းနဲ့ပတ်သတ်ရင် ယခင်တုန်းက
ရွှေတြိဂံဒေသဆိုတာ ကမ္ဘာပေါ်မှာနာမည်ကြီးပါ။ကမ္ဘာ့ဘိန်းထုပ်လုပ်မှုရဲ့ ၉၀%ကျော်ကိုသူကတာဝန်
ယူထားတာဖြစ်ပါတယ်။ရွှေတြိဂံကထွက်တဲ့ဘိန်းတွေကိုအမေရိကန်စစ်တပ်ပို့ဆောင်ရေးယဉ်တွေနဲ့သယ်ယူခဲ့
တယ်ဆိုတဲ့အကြောင်းတွေ၊ ခွန်ဆာဆီကိုCIA အဖွဲ့တွေမကြာခဏ၀င်ထွက်သွားလာနေတဲ့
အကြောင်းတွေကိုကြုံတွေ့ဖူးတဲ့သူတွေရေးတာတွေလည်းဖတ်ကြရမှာပါ။၁၉၉၀ နောက်ပိုင်းအထိ ရွှေတြိဂံဒေသဟာ ကမ္ဘာ့ဘိန်းထုပ်လုပ်မှု ၉၀ % ကို ဦးဆောင်နိုင်တုန်းပါပဲ။နောက်ပိုင်းတော့ ဘိန်းဘုရင်ခွန်ဆာလက်နက်ချပြီးတဲ့အခါမှာ ရွှေတြိဂံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၅% အထိ ၀ပ်ဆင်းသွားခဲ့တာဖြစ်ပါတယ်။ယခင်ရွှေတြိဂံ ဒေသ၏ အောင်မြင်မှုစံချိန် ၉၀%အား အာဖဂန်နစ္စတန်မှ သိမ်းယူသွားခဲ့ပါတယ်။ဒီတော့ ပြောချင်တာ မြန်မာနိုင်ငံမှာ ဘိန်းနှိမ်နှင်းရေးမအောင်မြင်ခဲ့ဘူးလို့ ပြောကြတဲ့ နိုင်ငံရေးသမားတွေကိုပါ။သူတို့ပြောသလို နှိမ်နှင်းမှုမအောင်မြင်ခဲ့ဘူးဆိုရင် ဘာကြောင့် ၉၀ % ကနေ ၅ % အထိ ထုပ်လုပ်မှုလျော့ချနိုင်ခဲ့ရတာပါလဲ။ဒါဟာမေးခွန်း
ထုတ်စရာပါ။

အမေရိကန်သံအမတ်အသစ် မြန်မာနိုင်ငံမရောက်သေးသော်လည်း ကချင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့



PJS အဖွဲ့ ဆိုတာ...


အခုဘိန်းဆိုတာနဲ့ ပတ်သတ်လို့ PJS ဆိုတာ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့လို့ နာမည်ခံ အရေခြုံထားတဲ့ဥပဒေမဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရပါသလဲ။ဘိန်းခင်းဖျက်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပါ ထောက်ခံပါတယ်။ဒါပေမယ့် KIA , တို့ ၀ တို့ စိုက်ထားတဲ့ ဘိန်းခင်းတွေကို မဖျက်ဆီးပဲနဲ့ စားဝတ်နေရေးအတွက် ဘိန်းစိုက်နေတဲ့ ဂျိန်းဖောမဟုတ်တဲ့ ကချင်တွေနဲ့ရှမ်းနီတွေရဲ့ ဘိန်းပင်ကိုမှ ဖျက်ချင်နေတာတွေ့ရပါလိမ့်မယ်။ဒီအဖွဲ့တွေဟာ KIA ,KBC အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ၊ ဂျိန်းဖောမဟုတ်တဲ့ အခြားမျိုးနွယ်ဝင်တွေဖြစ်တဲ့ ရ၀မ်/ လချိတ် / ရှမ်းနီ တွေကိုနှိပ်ကွပ်ဖို့သက်သက်သာဖွဲ့စည်းထားတဲ နိုင်ငံရေးအမြတ်ထုတ်မယ့်အဖွဲ့အစည်းဖြစ်တယ်။ပြီးတော့ဒီအဖွဲ့အစည်းရဲ့နောက်မှာ အနောက်နိုင်ငံတွေက များစွာသောအထောက်အပံ့တွေပေးထားပါတယ်။လက်ရှိ အမေရိကန်သံအမတ်အသစ်ဟာ မြန်မာနိုင်ငံကို
မရောက်သေးတာတောင် ကချင်တွေနဲ့ အရင်တွေ့တဲ့ ကိစ္စတာဟာ အမြင်သာဆုံးပါပဲ။နောက်ကွယ်မှာ သူတို့ ရှိနေတယ်။
PJS အဖွဲ့မှ အပြစ်မဲ့ ဝေမိုးရွာသား တစ်ဦးကို ဥပဒေမဲ့ ဖမ်းဆီးရိုက်နှက်ဖမ်းဆီးသွားစဉ်


ဘိန်းစိုက်သူများ ပြဿနာ..


ဘိန်းစိုက်သူတွေအနေနဲ့အထူးသဖြင့် လက်ရှိ PjS အဖွဲ့ရဲ့ဦးတည်ချက်
ဖြစ်တဲ့ KIA နဲ့ မတည့်သော ကေအိုင်အေရဲ့ရန်သူတော် ဦးစခုန်တိမ်ယိမ်းတို့ နယ်မြေထဲက ဘိန်းခင်းတွေရယ်၊ဂျိမ်းဖော မဟုတ်တဲ့ အခြားသောလီဆူး၊ ရဝမ်၊ ရှမ်းနီ စတဲ့ တိုင်းရင်းသားတွေရဲ့ ဘိန်းခင်းတွေရှိတာ မှန်တယ်။ဒီဒေသခံတွေရဲ့ ထုတ်ဖော်ပြောဆိုမှုအရ ဒီဘိန်းခင်းတွေ
ကိုဖျက်မယ်ဆိုရင်အစိုးရ ကဖြစ်စေ၊တပ်မတော်က ဖြစ်စေ လာဖျက်ပါ။လက်ခံပါတယ်။ပြီးရင်တော့ သူတို့တွေအတွက်စားဝတ်နေရေးဆိုင်ရာတွေကိုထောက်ပံ့ပေးပါလို့ဆိုတယ်။ဒါဟာသူတို့ဘက်က
တောင်းဆိုချက်ပါ။ဒါကြောင့်လည်း ဘိန်းအစားထိုးသီးနှံဆိုတဲ့ နာမည်ရလာခဲ့တာဖြစ်တယ်။သူတို့အတွက် စားဝတ်နေရေးအခက်အခဲရှိနေပါတယ်။ဒီအတွက် တပ်မတော်ကလည်းPJS က ဖျက်ဆီးတဲ့ ဘိန်းခင်းအဖျက်ခံရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးရတာဖြစ်တယ်။ဒါကို Online ပေါ်မှာ အချို့ဂျာနယ်တွေမှာPjS ကို တိုက်ခိုက်ဖို့ တပ်မတော်ကပဲ ထောက်ပံ့နေသယောင် ၀ါဒဖြန့်နေကြတယ်။ထို့အတူပဲ အစိုးရနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကလဲPjS ကို တားပြီးဘယ်နေရာမှာ ဘိန်းခင်းရှိလဲ၊သတင်းအတိအကျပေးပါ၊အစိုးရအနေနဲ့ ဖျက်ဆီးပေးမယ်လို့ ညှိနှိုင်းခဲ့တယ်။ဒါပေမယ့် PjS က လုံးဝလက်မခံဘူး။ဘာကြောင့်လဲ ။သူတို့ ဖျက်ချင်တာ ဘိန်းခင်းလား၊ဂျိန်းဖောမဟုတ်တဲ့ အမျိုးအနွယ်တွေကိုလည်းဆိုတာ သံသယရှိစရာပါပဲ။သမိုင်းကြွေးလား။


အခု ဝေမိုးရွာမှာ ဖြစ်တဲ့ Video Clip ကိုကြည့်လိုက်တယ်။တကယ့်ကို မင်းမဲ့စရိုက်ဆန်ဆန် ရိုက်နှက်ဖမ်းဆီးမှုတွေ၊ အိမ်ကိုမီးရှို့တာတွေ လုပ်နေတဲ့ PJS ကိုတွေ့ရတယ်။ဒီမှာ သတိထားမိတာက ဝေမိုးရွာဟာ ကားလမ်းမဘေးမှာတင် ရှိတာပါ။ဒီလိုကားလမ်းဘေး ဘိန်းစိုက်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။တကယ်တမ်းဘိန်းစိုက်တဲ့ နေရာတွေဟာလူတွေ အရောက်အပေါက်နည်းတဲ့ လျိုတွေ၊မြောင်တွေကြားမှာ စိုက်ကြတာများပါတယ်။အဓိက
ကတော့ ဝေမိုးရွာသားတွေဟာ ဘိန်းစိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီး
ခံရတာပါ။ဒါတွေဟာ လူမျိုးစု တစ်ခုနဲ့တစ်ခုအကြား အစိုင်အခဲတွေအဖြစ်ကိန်းအောင်းလာနေပါပြီ။

PJS အဖွဲ့မှ အပြစ်မဲ့ ဝေမိုးရွာသားတစ်ဦးအားကေအိုင်အေကဲ့သို့ကြိုးတုပ်ရိုက်နှက်ဖမ်ဆီးသွားစဉ်




သမိုင်းကြောင်း နဲ့နောက်ခံ...ရာဇ၀င်.


အခုလို PJS ဆိုပြီး ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ရဲ့ ဦးတည်တဲ့နေရာတွေဟာကေအိုင်အေရဲ့ရန်သူတော် ဦးစခုန်တိမ်ယိမ်းတို့ နယ်မြေထဲက ဘိန်းခင်းတွေကို ဦးတည်နေပြီး။ဒီ ဦးတည်နယ်မြေဟာ ယခင်ကသမိုင်းကြောင်းတွေရှိခဲ့ပါတယ်။၂၀၁၂-၂၀၁၃ တုန်းက ကေအိုင်အေနဲ့အထူးဒေသ-၁- အဖွဲ့တွေတိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ကေအိုင်အေက အဲ့ဒီနယ်မြေ
ကိုထိုးဖောက်သိမ်းပိုက်ဖို့ကြိုးစားတဲ့အတွက် ပန်ဝါအထိတိုက်ပွဲတွေဖြစ်ပြီးနောက်ဆုံးတော့ ကေအိုင်အေ အဖွဲ့တွေပြန်ဆုတ်သွားခဲ့ရဖူးပါတယ်။ဒါကကေအိုင်အေအဖွဲ့တွေဘယ်တော့
မှမမေ့ပါဘူး။၂၀၁၃ခုနှစ် စက်တင်ဘာ၂၃ ရက်နေ့ နေ့လည်၁၂ နာရီလောက်မှာ ဇဒုံး-ကန်ပိုက်တီးလမ်းအတိုင်း မြစ်ကြီးနားမှာ ကျောင်းတက်ဖို့သွားတဲ့ ဝေမိုးရွာက ကျောင်း
သွားတဲ့ကားကို ကေအိုင်အေကအဖွဲ့တွေက လနပါ ရေတံခွန်နဲ့ ဆနာရွာကြားမှာ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖူးပါတယ်။ဒီဖြစ်စဉ်မှာကျောင်းသားတွေကို ထိခိုက်ခဲ့သလို၊ကျောင်းကားလဲ အတော်ပျက်စီးသွားပါတယ်။ဒီလိုသမိုင်နောက်ခံတွေ နဲ့ ပြည့်နှက်နေတဲ့ ဘက်နှစ်ဖက်ဖြစ်နေတာကို
တွေ့ရပါမယ်။ပြီးတော့ ကေအိုင်ကေအဖွဲ့ဟာအဲ့ဒေသဘက်က ရှမ်းနီရွာတွေကို ဆက်ကြေးကောက်တာတွေ၊ လူသစ်စုတာတွေ အများအပြားလုပ်ပြီး ညှင်းပန်းနှိပ်စက်ခဲ့တဲ့အခြေအနေတွေဟာ လက်လက်ဆတ်ဆတ်ဖြစ်ပါတယ်။ရှမ်းနီတွေဟာ မခံနိုင်တော့တဲ့အဆုံး လက်နက်ကိုင်ပြီးပြန်တိုက်ဖို့အထိကို ကာကွယ်ဖို့အတွက် ဆောင်ရွက်နေရတဲ့အခြေအနေထိဖြစ်နေပါတယ်။ဒါတွေဟာ ဘယ်မီဒီယာမှ မဖော်ပြပေးတဲ့ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ နစ်နာချက်တွေပါပဲ။


လက်ရှိအခြေအနေ. နဲ့ မီဒီယာတွေ


လက်ရှိမှာတော့ KBC က ကချင်ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပါဝင်တဲ့ PjS အဖွဲ့ဟာ ဝေမိုးရွာက အိမ်ခြေအချို့ကိုမီးရှို့ဖျက်ဆီးခဲ့သလို ဝေမိုးရွာသားတွေကိုလည်း ရိုက်နှက်ဖမ်ဆီး ၊ ကြိုးတုတ် ထိုးကြိတ်ခေါ်ဆောင်သွားတဲ့ အခြေအနေတွေအထိဖြစ်လာနေပါတယ်။တစ်ဖြေး
ဖြေး ဘိန်းခင်းဖျက်အဖွဲ့အမည်ခံတဲ့ PjS အဖွဲ့ဟာ ဘိန်းခင်းအကြောင်းပြပြီး သမိုင်းအကြွေးကိုချေနေတဲ့ ပုံသဏ္ဍန်ပေါက်လာနေပါပြီ။ဂျိန်းဖောမဟုတ်တဲ့ ရ၀မ်/ လချိတ်/ နဲ့ ရှမ်းနီတွေကိုသာ ရွေးချယ်သုတ်သင်နေတာ တွေ့ရပါလိမ့်မယ်။လက်ရှိအနေနဲ့ ဂျာနယ်၊သတင်းမီဒီယာတွေရဲ့ နေတစ်ဆင့် ဘိန်းခင်းဖျက်ဆီးရေးလုပ်နေတယ်လို့  ပေါ်လွင်အောင် ၀ါဒဖြန့်ပေးပြီး PjS အဖွဲ့ကို ကာကွယ်ပေးနေတာတွေ့ရပါလိမ့်မယ်။အထူးသဖြင့် ပြည်ပလက်ဝေခံမီဒီယာဖြစ်တဲ့ DVB နဲ့ NLD ရဲ့ မီဒီယာဖြစ်တဲ့ The Ladies News Journal တွေပါပဲ။သူတို့ဟာ စာဖတ်သူပြည်သူလူထုရဲ့စိတ်ကိုမှားအောင်၊ သတင်းအမှောင်ချပြီး အချိန်နဲ့တပြေးညီဝါဒဖြန့်နေတာကိုတွေ့ရပါလိမ့်မယ်။စာဖတ်သူပြည်သူတွေ အနေနဲ့ အထူးသတိထားဖို့လိုပါတယ်။ဒီကိစ္စဟာ မီဒီယာတွေရေးတာထက်ပိုပြီးကျယ်ပြန့်နက်ရှိုင်းပါတယ်။
အပေါ်ယံက ဘိန်းခင်းဖျက်ဆီးရေးအမည်ခံပြီး၊ လူမျိုးရေး နှိပ်ကွပ်မှုအပိုင်းကို ဦးတည်နေတာဖြစ်ပါတယ်။နောက်ဆုံးအဆင့်တစ်ဖက်က မခံနိုင်တော့တဲ့အဆုံး တုန့်ပြန်မှုတွေဖြစ်လာရင် လူမျိုးရေးပဋိပက္ခဆီကို ဦးတည်သွားပါလိမ့်မယ်။ဒီလိုဖြစ်လာခဲ့ရင်တော့ ဖြစ်စေခဲ့တဲ့တရားခံဟာ လူထုကို သတင်းအမှောင်ချနေတဲ့ မီဒီယာတွေပဲ ဖြစ်ပါလိမ့်မယ်။


စည်သူမောင်မြင့်

↧
↧

ပြည်သူ့လွှတ်တော်တွင် တပ်ကိုယ်စားလှယ်အားလုံး မတ်တပ်ရပ် ကန့်ကွက်

$
0
0


26 February 2016


ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အတွင်း မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးနေတုန်း တပ်ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

စေတုတ္ထရာမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂၅ ရက်က ဒေါ်ခင်စန်းလှိုင်တင်တဲ့ စီမံကိန်းများ အလျဉ်စလို မလုပ်ရန် စိစစ်ပေးဖို့ အရေးကြီး အဆိုကို ထောက်ခံ ဆွေးနွေးနေတုန်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စေတုတ္ထရာမြို့နယ်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဆိုကို ထောက်ခံဆွေးနွေးရင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးစဉ် စစ်တပ်ကိုယ်စားလှယ်များက မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပြီး စီမံကိန်းနဲ့ ပတ်သက်လို့ ပြန်လည် ဆွေးနွေးသွားခဲ့ပါတယ်။

ဒီ့မတိုင်မီကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးနေတဲ့ ကိုယ်စားလှယ် ဦးကျော်အောင်လွင်ကို မဆိုင်တာတွေ ထည့်သွင်း မဆွေးနွေးဖို့ သတိပေးခဲ့ပါသေးတယ်။

အန်အယ်လ်ဒီပုလဲအမတ် ဒေါ်ခင်စန်းလှိုင်ရဲ့စီမံကိန်းလုပ်ငန်းများ အလျဉ်စလို မလုပ်ဖို့ အရေးကြီးအဆိုကို ဒီနေ့ ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြပြီး မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံသူများလို့ လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။

ဒီအရေးကြီးအဆိုနဲ့ပတ်သက်ပြီး အစိုးရဘက်က လာရောက်ရှင်းလင်းတင်ပြဖို့ မရှိတဲ့အကြောင်း လွှတ်တော်ကို အကြောင်းကြားခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကို အသိပေး ပြောကြားခဲ့ပါတယ်။

လွှတ်တော်တွင်း တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ်ကန့်ကွက်ခဲ့ကြတာ ဒါပထမဆုံးဖြစ်ပြီး အန်အယ်လ်ဒီဦးဆောင်တဲ့ လွှတ်တော်တွင်း ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဗွီဘီ



↧

PJS ဖမ်းပြီး ရိုက်နှက်ထားသူ နဲ့ အင်တာဗျူး

$
0
0


အကို့ကို ပတ်ဂျပ်ဆန်အဖွဲ့က စစ်တော့ ရိုက်တာနှက်တာရှိလား။
“ရှိတယ်။ တအားရိုက်တယ်။ ကွဲတောင်ကွဲပြီ တကိုယ်လုံး။”
Friday, February 26, 2016

ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံ-ကမ်ပိုက်တီး လမ်းကြောက ဘိန်းခင်းတွေဖျက်ဆီးဖို့သွားတဲ့ ကချင်လူထု အခြေပြုပတ်ဂျတ်ဆန်အဖွဲ့ကို ဝေမိုးရွာအ၀င်မှာ တိုက်ခိုက် ခံရပါတယ်။ ဒီနောက် ပတ်ဂျတ်ဆန်အဖွဲ့က နယ်မြေခံပြည်သူ့စစ်တဦးကို ဖမ်းဆီးစစ်ဆေးနေ ပါတယ်။
ဖမ်းခံထားရတဲ့ ပြည်သူ့စစ်ကို ဒီဗွီဘီက ဒီနေ့ ဆက်သွယ်မေးမြန်းပါတယ်။


အကို့နာမည် ဘယ်လိုခေါ်သလဲခင်ဗျ။
“လင်းခီးလို့ ခေါ်တယ်။”

အကိုက ရွာက ပြည်သူ့စစ်လား။
“ရွာက ပြည်သူ့စစ်ပါ။”

အကို့အသက် ဘယ်အရွယ်လဲ။
“အသက် ၃၉ နှစ်ပါ။”

မနေ့က ဘိန်းခင်းဖျက်တဲ့ ပတ်ဂျတ်ဆန်အဖွဲ့ကို တုတ်တွေ၊ ဂွတွေ၊ သေနတ်တွေနဲ့တိုက်တယ်ဆို။
“ကျနော်တို့ အဖွဲ့မှာ မပါပါဘူးဆရာရယ်။”

အဲဒါဆို တိုက်ခိုက်တာက ဘယ်သူတွေလဲ။
“ကျနော်တို့ကြားရတာက ဒီအရပ်သားတွေ ပစ်တာလို့ပြောတာပဲကြားရတာ၊ နောက်ပြီး ကျနော်တို့ က ဘိန်းဖျက်ဖို့ဆိုပြီးတော့မှ ကျနော်တို့ကို ခေါ်တယ်။ ခေါ်ထားတယ်။ ကျနော်တို့က ဘိန်း ၃၊ ၄ ဧက သွားဖျက်ပြီးမှ ပြန်ဆင်းခဲ့တာ။ ပြန်ဆင်းခဲ့တဲ့အချိန်မှာ ကျနော်က ကျန်းမာရေး လည်း မကောင်းလို့ ဆေးသွားတောင်းစားမယ်ဆိုပြီး ဆေးပေးခန်းမှာ ဆေးသွားတောင်းစား မယ်ဆိုပြီးမှ ဆင်းခဲ့တာ။ ဆေးတောင်းပြီးမှ တက်လာတဲ့အချိန်မှာ ဒီ ပတ်ဂျီဆန်းတွေ ငါ့ကို ဖမ်းလိုက်တယ်။”

အကိုက ဘိန်း ၃၊ ၄ ဧက ဖျက်ခဲ့တယ်ဆိုတော့ ဖျက်ဖို့လာခေါ်တာက ဘယ်သူလဲ။
“ကျနော်တို့လူကြီးတွေခေါ်တယ်။ နောက်ပြီး ဒီနိုင်ငံတော်တွေလာခေါ်တယ်။”

အကိုတို့လူကြီးတွေက ဘယ်သူတွေလဲခင်ဗျ သိပါရစေ။ အကို့လူကြီးတွေဆိုတာ ပြည်သူ့စစ် ခရိုင်ကလား။
“ဟုတ်တယ်။ နိုင်ငံတော်ခရိုင်က လာခေါ်တယ်။”

ဘယ်နေရာမှာ သွားဖျက်လိုက်လဲ။
“ထန်းလောခန်းမှာ သွားဖျက်လိုက်တယ်။”

ဖမ်းမိတာက အကိုတယောက်တည်းလား ကျန်ပြည်သူ့စစ်တွေရော ဖမ်းခံရလား။
“ကျနော်တယောက်တည်းပါ၊ တခြားတွေ မပါဘူး။”

ရွာနာမည်က ဘာလဲ။
“ရွာနာမည်က မချိမဂတ် လို့ ခေါ်တယ်။”

အခုဖြစ်တာက ဝေမိုးရွာမှာဆို။
“ဝေမိုးရွာမှာလား မသိဘူး ကျနော်တော့ မနေ့က ဝေမိုးကလည်း ထွက်ခဲ့ပြီ၊ ထွက်ခဲ့ပြီးမှ မော်ချိုး ဆေးရုံမှာ သွားနေနေတာ။ သွားနေပြီးမှ အိမ်မှာ ၀င်ပြီးမှ ၃ နာရီ၊ ၄ နာရီ မိုးချုပ်ကာမှ ဒီကိုပြန်ဆင်းခဲ့တာ သူတို့ ဖမ်းလိုက်တာ။”

အကိုက နယ်မြေခံပြည်သူ့စစ်ဆိုတော့သိမလား။ ဒီနယ်မှာ ဘိန်းခင်း ဘယ်လောက် ရှိလဲ။
“ဘိန်းခင်းကတော့ ကျနော်တို့သွားဖျက်တဲ့နေရာမှာကတော့ အခင်း ၅၀၊ ၆၀ လောက်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က လေးဧက၊ ငါးဧက လောက် ဖျက်ထားခဲ့တယ်။”

ဝေမိုးရွာသားတွေလည်း ဒဏ်ရာရတယ်၊ ဖမ်းလည်းခံရတယ်ကြားလို့သိရတယ်။ ဖမ်းခံရတဲ့ အယောက် ၃၀ ထဲမှာ အကိုသိတဲ့လူ ဘယ်နှစ်ယောက်လောက်ပါလဲ။
“မပါဘူး။ ဒီမှာက ကျနော်တယောက်တည်းပဲ။”

ဒဏ်ရရတဲ့သူတွေကရော အခြေအနေဘယ်လိုရှိလဲ။
“ဘာမှလည်း မတွေ့ရပါဘူး ကျနော်။”

အကိုက အခုဘယ်မှာလဲ၊ ၀ိုင်းမော်ရဲစခန်းမှာလား၊ မြစ်ကြီးနားမှာလား။
“၀ိုင်းမော်ဘုရားကျောင်းမှာ။”

အဲဒီဒေသနေရာကို ဘယ်သူက ထိန်းချုပ်သလဲ။ အဲဒီနေရာကို နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းချုပ်တယ်ကြားလို့ပါ။
“ကျနော်တို့ကိုထိန်းချုပ်တာက ကျနော်တို့က ကျနော်တို့လူကြီးရှိတယ်။ နိုင်ငံတော် ထိန်းချုပ်တာပဲ။”

ဦးစခုံတိန်ယိမ်းတို့ ဂွင်လား၊ ဦးစခုံတိန်ယိမ်းကို သိလား။
“ဦးစခုံတိန်ယိမ်းက တခါတလေ ၀ိုင်းမော်မှာ အပို့အကြိုလုပ်ပေးနေရတယ် ကျနော်တို့က။”

ဦးစခုံတိန်ယိမ်းနဲ့ အကိုတို့ပြည်သူ့စစ်နဲ့ ဘယ်လိုပတ်သက်လဲ။
“ဦးစခုံတိန်ယိမ်းက ဘယ်လိုမျိုးပတ်သက်သလားတော့ မသိဘူး။ ကျနော်တို့ကို ဦးစခုံတိန်ယိမ်းက အမိန့်လည်း မချခဲ့ပါ။ အမိန့်ချနေရတာက နိုင်ငံတော်ကနေ ဒီကိုတဆင့်ပြန်ချ အဲလိုမျိုး လုပ်နေတာပဲ။”

နိုင်ငံတော်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေတယ်၊ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌတာဝန်ယူ နေတယ်၊ အောက်ခြေအဆင့်ဆင့်အနေနဲ့ အကိုတို့နယ်မြေမှာ ဘိန်းတိုက်ဖျက်ရေး ဘိန်းခင်း ဖျက်ဆီးရေးကို အကိုတို့ ဘာတွေလုပ်လဲ။ ဘယ်လောက်လုပ်လဲ။
“ကျနော်တို့နယ်မြေမှာ ဘိန်းလုပ်တာက အင်း ဒေသခံက နည်းနည်းစီလုပ်တာလည်းရှိတယ်။ နောက်ပြီး ဒီ အများပိုင်းက တရုတ်တွေလုပ်တာ။ ၁ ဧက ၃ ဧကလောက် အဲလိုမျိုးလုပ်တယ်။” (နားလည်မှုလွဲပြီးဖြေဆို)

ကျနော်တို့ကြားတာက ဘိန်းစိုက်တာအကြီးအကျယ်ကိုလုပ်နေကြတယ်ကြားတယ်။ ဟုတ်လား။
“အကြီးအကျယ်ကတော့ မဖြစ်လောက်နိုင်ပါဘူး၊ သူတို့ ၀မ်းစာအတွက်တော့ လုပ်နေရပါတယ်။ အဲဒါတော့ တွေ့ရပါတယ်။”

ဘိန်းခင်းတွေ အကုန်လုံးဖျက်ပစ်လိုက်မယ်ဆို သူတို့အလုပ် ဘာရှိမလဲ။ သူတို့ ဘာလုပ်စားမလဲ။
“ဘာမှ ဘာမှ အလုပ်မရှိပါဘူး တောင်ပေါ်ဒေသမှာ၊ ဘိန်းစိုက်တာတခုပဲ အလုပ်ရှိမယ်နဲ့ တူတယ်။ နောက်ပြီး ဒီ လယ်မရှိ၊ ယာမရှိလူက အများစုက ဒီလိုရှိပါတယ်။”

ဘိန်းခင်းဖျက်ဖို့လာတဲ့ လူရာပေါင်းများစွာကို တိုက်ခိုက်တယ်ဆိုတာက ရွာသားတွေက လုပ်ရဲမလား။ ဒါမှမဟုတ် ဒီပြင် လက်နက်ကိုင် တွေ နောက်ကွယ်က ပါလား။
“ရွာသားတွေ လုပ်တာ ဖြစ်မယ်ထင်တယ်။”

ရွာသားတွေက ဗုံးတွေဘာတွေ ကိုင်လား။
“အေး အရင်ရထားတဲ့ ဗုံးတွေရှိမှာ။”

အကို့ကို အခု ဘာအမှုနဲ့ ဖမ်းထားလဲ။
“ကျနော်က ဘာအမှုမရှိ၊ ဘာအမှု သူတို့ဖမ်းထားလားမသိ။ သူတို့တခါတည်းနဲ့ လိုက်ဖမ်းတာ။ အဲလိုမျိုးဖမ်းခဲ့ပြီး ဒီကို ခေါ်ဆင်းခဲ့တယ်။ ကျနော်လည်း။”

အကို့ကို ပတ်ဂျပ်ဆန်အဖွဲ့က စစ်တော့ ရိုက်တာနှက်တာရှိလား။
“ရှိတယ်။ တအားရိုက်တယ်။ ကွဲတောင်ကွဲပြီ တကိုယ်လုံး။”

DVB






↧

အစိုးရသစ် အမည်နဲ့ တက်လာမြည့် ပုဂ္ဂိုလ် များသို့

$
0
0


ခင်ဗျားတို့---

(၁) ဦးနှောက်နည်းတာလား
(၂) အစိုးရအလွှဲ အပြောင်းထိ ဘာလို့ မစောင့်နိုင်တာလဲ---
(၃) ခင်ဗျားတို့ ဘာဆုကြီးရနေနေ ဦးရဲထွတ်တို့ ဦးဇော်ဌေးတို့လို စည်းထဲ ဘောင်ထဲကနေ သက်သေ သာဓက နဲ့ ထောက်ပြနိုင်အောင် ကိုယ့် emotion ကိုထိမ်းနိုင်အောင် ကြိုးစားဦး
(၄) လွှတ်တော် အမတ် တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ ပြောဆိုတတ်ဖို့ ခင်ဗျားတို့အမေ ဆီမှာ သင်ဦး သင်ပြီးပြီဆိုရင်တော့ ဘာမှ မပြောတတ်ဘူး။
(၅) လွှတ်တော်ထဲ ပြောချင်ရာ အဆို တင်ပြီးမှ ကျွန်တော် ကျွန်မ ကဖြင့် ကြားတာပဲ ဆိုပြီး ရပ်ကွက်ဆန်ဆန် ပြောလို့မရဘူး။ တိကျသေချာဖို့လိုတယ်။
(၆) အဲလိုတွေ ပြောလို့ ရှေ့ အမတ်တွေ ဝန်မင်းတွေတုန်းကရော ဆိုပြီး ပြန်ချိန် မထိုးနဲ့ ရှေ့လူတွေနဲ့ တန်းညှိရင် ခင်ဗျားတို့ နိုဗယ် Quality နဲ့ ( ပြောင်းလဲချိန် တန်ပြီဆိုတဲ့) စကား မြောင်းထဲ ရောက်သွားမယ် ချီးတွင်းထဲကျသွားမယ် ( ဗေလုဝ ခေါင်းမှာ ဂျိုပေါက် လာလိမ့်မယ်။
(၇) လွှတ်တော်ထဲ ခြေချတာ (၁) လ မပြည့်သေးဘူး ခင်ဗျားတို့ ရှေ့ တာဝန်မလွှဲသေးတဲ့ ဝန်မင်းတွေကို ဌာနတွေ ကို အစစ လိုက်ထောက်ရအောင် ခင်ဗျားတို့ တကယ်ပဲ ဝန်ကြီးဌာနတိုင်းရဲ့ အလုပ်တွေ ကိုယ့်မဲဆန္ဒနယ်မြေတွေကို လေ့လာပြီးပြီလား နောက်ထပ် ဘယ်နှနှစ်စာ plan တွေ ဆွဲပြီးလို့ အမတ် တစ်ယောက်အဖြစ် Perform လုပ်ဖို့ Ready ဖြစ်ပြီလား။
(၈) ဝေဖန်မယ့် စီမံကိန်တွေရဲ့ စာချုပ်တွေကို ဖတ်ဖူးလား။ မဖတ်ဖူးတောင်အတိအကျပြောနိုင်သူ တာဝန်ရှိသူ ပါဝင်ပက်သက်သူတွေနဲ့ တွေ့ ပြီးပြီလား။ သက်သေ အထောက်အထား ဗွီဒီယိုတွေ ဓါတ်ပုံတွေရော ရှိလား။


(၉) ဘောလုံးသမားတွေဟာ ဘယ်လောက်အဆင့်မြင့်တဲ့ ကွင်းမှာပဲ ကန်ခဲ့ကန်ခဲ့ လက်ရှိ မိမိ ရောက်နေတဲ့ နိုင်ငံနဲ့ ကွင်းအထာကိုတော့ သိဖို့ လိုအုပ်တယ်။ ခင်ဗျားတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာ သဘောတူ လက်ခံပြီး ရွေးကောက်ပွဲ ဝင်လို့ မဲနိုင်ပြီး လွှတ်တော်ထဲ ခြေချခွင့် ရတယ် ဆိုတာ မမေ့ပါနဲ့။ နိုင်ငံရေး သမားကောင်းမှန်ရင် ဘယ်လောက်တင်းကြပ်တဲ့ ဖွဲ့စည်းပုံ ဖြစ်နေပါစေ Policy တွေပေါ်မှာ Well Player အဖြစ် Perform လုပ်နိုင်တယ်။ ဥပဒေတစ်ကြောင်းပြင်ပေးပါ အကြော် အော်နေတာ ဗိုက်ဆာလို့အော်နေတဲ့ မူကြိုကျောင်းသား
လိုပဲ--- ပြင်နိုင်မယ့် နည်းလမ်းကို ရှာနိုင်ဖို့လိုတယ်။
(၁၀) နိုင်ငံတိုင်းဟာ သူလှို့ဝက်ချက်နဲ့ သူရှိတယ်။ ပြည်ပ အစိုးရ လူတွေ ကို အစိုးရ မဖြစ်ခင်ကတည်းက လွှတ်တော်ထဲခေါ် အထုပ်ဖြေနေတာ ခင်ဗျားတို့ တချိန် အဲဒီ အကျိုးဆက်ကြောင် အကြပ်ရိုက်လိမ့်မယ် အခက်တွေ့လိမ့်မယ်---/
(၁၁) ဒီအချိန်ကျမှ ခင်ဗျားတို့အပြော နှစ်(၅၀) လောက်တိုင်းပြည် ဖျက်လာပါတယ် ဆိုတဲ့ အစိုးရကို ၁ လ ၂ လအတွင်း အလုပ်တွေ ဖျက်ခိုင်းရပ်ခိုင်းယုံ ဖျက်ပေးယုံနဲ့ ခင်ဗျားတို့ သူတို့ကို အကောင်းပြောမှာလား သူတို့လဲ သူတို့ Policy နဲ့ သူ လုပ်နေတာပဲ။ မကောင်ဘူးထင်ရင် ကိုယ့် လက်ထက်ရောက် တော့ ပြောင်းပေါ့
(၁၂) အာဏာ လွှဲခါနီး တကယ် နှာဖူး တွေ့ ဒူးတွေ့ လုပ်ရတော့မယ်ဆိုမှ ကတုန်ကရင် ဖြစ်နေတာလား ။ ကိုယ့် ကိုကိုယ် confident မရှိတာလာ။ ကိုာ်ပိုင် ယုံကြည်မှု ရှိသူတွေဟာ ဒီလို မနေဘူး----

( တိုးတက်ပါစေ မြန်မာပြည်--- အမတ်မင်းများ Good Luck ပါ )

ရွှေပြည်တော်
↧
Viewing all 13897 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>