မနှစ်က သီရိမင်္ဂလာဈေးကလူမိုက်အုပ်စုတွေအကြောင်း ကျနော့် FB မှာတင်ပြီးနောက်ပ်ုင်း ရဲ ကစီမံချက်ချပြီး နှိပ်ကွတ်လိုက်တာ ဈေးကြီးရဲ့ကားပါကင်ကအစ လူမိုက်ကိုငွေပေးရပ်စရာမလိုတော့ဘူး အဆင်ပြေသွားသတဲ့ ။
ဒါပေမဲ့ ဒီလူမိုက်တွေက လှိုင်သာယာဘက်ရောက်သွားပြီး ငါးခြောက်ပုံပေါ်ကျသလို သိန်းထောင်ချီတဲ့ဝင်ငွေရနေလို့ သီရိမင်္ဂလာမှာကျက်စားရတာထက်ပိုကိုက်နေပါသတဲ့ ။ လူမိုက် ဝင်းနိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဆိုင်ကယ်အစီး ၅၀ လောက်နဲ့အုပ်စုလိုက်ဝိုင်းပြီး ဗိုလ်ကျနေပါတယ် တဲ့ ကျူးကျော်တဲတစ်အိမ်ကို ၁၅၀၀၀ လစဉ်ဆက်ကြေးပေးရပြီးမပေးရင် အဲဒီအိမ်ကို ကုန်းသီးနဲ့ဝိုင်းပစ်လို့မပေးဘဲမနေရဲပါဘူးတဲ့ ထောင်ချီရှိတဲ့ကျူးကျော်တွေဆီကရတဲ့ဝင်ငွေကမနည်း
ဘူးနှော ။ လူရိုက်ဘို့ဆိုရင်လည်း ခြေကျိုးအောင်ရိုက်ရရင် ဘယ်ဈေး ခေါင်းကိုဘယ်နှစ်ချက်ချုပ် ဆိုရင် ဘယ်ဈေး ဆိုပြီး ကြေးစားလိုက်ရိုက်ပေးတဲ့လူမိုက်အုပ်စုကို ဝင်းနိုင်ကထိမ်းချုပ်ထားပါသတဲ့ ဝင်းနိုင်ကိုအောက်ခြေရဲတွေကမကပ်ရဲဘူးတဲ့ ။
ဝင်းနိုင်နာမည်ကြီးလာတာက ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက သူ့နေရာကကျူးကျော်တွေရှင်းဘို့ ဒုတ်ဒါးအပြည့်အစုံနဲ့လူမိုက် ၂၀၀ ကိုတစ်ယောက် ၆၀၀၀၀ နဲ့ငှားခဲ့တာကစပြီး လူမိုက်ခေါင်းဆောင်ဘွဲ့ကို ပေါ်တင်ခံယူလိုက်တာပါ တဲ့ ။ ခုသူတို့ဂိုဏ်းဟာ ရာမ ဖြန့်တာအဓိလုပ်နေပြီး လှိုင်သာယာစက်ရုံများက အိမ်အပြန်နောက်ကျတဲ့အလုပ်သမား ကျားမ မဟူကိုအုပ်စုဖွဲ့ရိုက်နှက်ပြီး ပါလာတဲ့ ငွေ တစ်ထောင်နှစ်ထောင်တောင်မချန်ဘဲလက်ရဲဇက်ရဲ ဆင်းရဲသားအချင်းချင်း နှိပ်စက်နေပါသတဲ့ ဒီနေရာတရားဥပဒေစိုးမိုးမှု့မရှိဖြစ်နေပြီးရွေးကောက်ပွဲကာလတုံးကလည်း ဝင်းနိုင် ရဲ့ ရာဇသံက "ငှက်တစ်ကောင် ကြယ်တစ်လုံး"ပါတီကိုမဲထည့်ရမယ် လို့ ရာဇသံပေးထားသတဲ့ ။ ပြည်တွင်းပြည်ပရင်းနှီးမြုတ်နှံမှု့တွေနဲ့အလုပ်သမားပေါင်းများစွာနဲ့လည်ပါတ်လုပ်ကိုင်နေတဲ့ ဒီ လှိုင်သာယာမှာ လူမိုက်ဝင်းနိုင်ဟာ နေ့ချင်းညချင်းသိန်းထောင်ချီချမ်းသာလာပြီး သူ့ကို ရဲကမနှိပ်ကွပ်တော့ လုပ်ငန်းရှင်အချို့က သူ့ရန်ကကင်းဝေးအောင် လစဉ်ဆက်ကြေးပေးနေကြပြီး အချို့ကတော့မပေးဘူးတဲ့ မပေးတဲ့စက်ရုံကအလုပ်သမားတွေအိမ်အပြန်မှာ အုပ်စုဖွဲ့ဝိုင်ရိုက်ပါသတဲ့ ဒါဟာ ဆက်ကြေးမပေးတဲ့အလုပ်ရှင်ကို သတိပေးတာပါ တဲ့ ။
ဒီကိစ္စကို ရဲ က ဘယ်အချိန်အထိချိန်ဆွဲနေမှာလည်းမသိဘူးတဲ့ အဲ့လူကိုသီရိမင်္ဂလာ
ဈေးဘက်ပြန်ခေါ်သွားလို့မရဘူးလား ဆိုပြီ လှိုင်သာယာ အဖွဲ့ကကျနော့်ကိုလာမေးတယ် ။ ခင်ဗျားတို့တရားဥပဒေစိုးမိုးရေးဥက္ကဌဆီစာတင်ပေါ့ လို့ အကြံပေးတော့ ဟာဗျာ ဦးလေးကလည်း သူသွားပြောရင် နံကသိုင်းမယ်တော် ကျွဲကျောင်းသလို ဟိုမနိုင်ဒီမနင်း နဲ့ တွေ့တဲ့ခလေး နို့တိုက်လိုက်ရတာဘဲအဖတ်တင်မှာပေါ့ တဲ့ ။ (မှတ်ချက်ကပြတ်သားတယ်)
ကဲ ကဲ လှိုင်သာယာသားတွေရဲ့အခက်အခဲကတော့ တော်တော်ဆိုးနေပြီ "ကူညီပါရစေ"တို့ရေ လူမိုက်ဝင်းနိုင်ရှိတဲ့နေရာက ရဲစခန်းနားလေးတင်တဲ့ ။
ဟရောင် move လိုက်ကြပါဦး ။
Hla Swe