Quantcast
Channel: Oppositeyes
Viewing all articles
Browse latest Browse all 13897

KIA ရဲ့ လုပ်ရပ်အပေါ် ရှမ်းတွေ သည်းခံနိုင်စွမ်းကုန်သွားပြီ

$
0
0



Monday, Janauary 4, 2016

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဒေသခံကချင်တွေအပေါ် KIO/KIA အဖွဲ့က လူသစ်စုဆောင်းနေသလို ရှမ်းတွေ အပေါ်မှာလည်း လူသစ်စုဆောင်းတဲ့ မူဝါဒ ရှိပါတယ်။ ဒေသခံ ကချင်တွေကိုတော့ ကချင်လူမျိုးရေး စိတ်ဓါတ်ကို အခြေခံပြီး စည်းရုံးသလို မူးယစ်ဆေးဝါးသုံးစွဲမှုကို အကြောင်းပြပြီး စုဆောင်းတာလည်း ရှိပါတယ်။ ဒါပေမယ့် ရှမ်းတွေ ကတော့ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ လူသစ်စုဆောင်းမှု မူဝါဒအပေါ် လုံးဝလက်ခံပုံ မပေါ်တာ တွေ့ရပါတယ်။

ရှမ်းတွေကို KIA အဖွဲ့ထဲဝင်ရမယ်ဆိုတဲ့ မူဝါဒကို KIA ဒုခေါင်းဆောင် ဂွမ်မော်ကိုယ်တိုင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ အစိုးရ MPC အဖွဲ့နဲ့ KIO/KIA အဖွဲ့တို့ တွေ့ဆုံခဲ့စဉ် အချိန်တုန်းက (မှတ်မှတ်ရရ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့) သတင်းထောက်တွေကို ဖွင့်ပြော ခဲ့တာပါ။ အဲဒီ ရှင်းလင်းပွဲမှာ တပ်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဂွမ်မော်က KIO အဖွဲ့အနေနဲ့ ကချင်လူမျိုးတိုင်း KIA အဖွဲ့ထဲမှာ ပါဝင်ရမယ်ဆိုတဲ့ မူရှိတဲ့အကြောင်း၊ အလားတူ ကချင်ပြည်နယ် ဌာနေသား များဖြစ်တဲ့ ရှမ်းလူမျိုး များလည်း ပါဝင်ရမယ်ဆိုတဲ့မူ ချမှတ်ထားကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂွမ်မော်ရဲ့ အဲဒီစကားကြောင့် ဒေသခံရှမ်းတွေ ယမ်းပုံမီးကျ စိတ်ဆိုးဒေါသထွက်ခဲ့ကြတာ အခုထိ အောင်ပါပဲ။ အဲဒီအချိန်တုန်းက မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေနဲ့ KIA ရဲ့ လူသစ် စုဆောင်းမှု မူဝါဒအပေါ် မကျေနပ်လို့ သမ္မတဆီ တိုင်စာပို့ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံ ရှမ်းတွေအပေါ် ထားရှိတဲ့ လူသစ်စုဆောင်းမှု မူဝါဒကို KIA က မပြောင်းသေးဘူးလို့ ပြောရမလားပဲ။ ကချင်မှာတင်မကတော့ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းထိလာပြီး လူသစ်စုနေပြန်ပါပြီ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ် မြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေသခံရှမ်းနဲ့ ပလောင် တိုင်းရင်းသား/တိုင်းရင်းသူ ၁၅ ဦးကို KIA က လူသစ်အဖြစ် အတင်းအကြပ် ဖမ်းသွားတာပါ။ ရှမ်းရိုးရာဓလေ့ဖြစ်တဲ့ နှစ်သစ်ကူးကောက်သစ်စားပွဲကိုလာတဲ့ လမ်းခုလပ်မှာ ဖမ်းတာဖြစ်လို့ KIA ရဲ့ လုပ်ရပ်ဟာ ရှမ်းတွေရဲ့ဓလေ့ကို စော်ကားတာနဲ့ အတူတူပါပဲ။ ဖမ်းဆီးထားတဲ့ ဒေသခံ တွေ ပြန်လွှတ်
ပေးဖို့ SNLD ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းတွေဘက်က တုန့်ပြန်လာတဲ့ စကားသံတွေကို နားထောင်ရတာ KIO/KIA အဖွဲ့ အတွက် အလားအလာမကောင်းပါဘူး၊ မြန်မာပြည်မြောက်ပိုင်းက ရှမ်းတွေ လက်နက်ကိုင်ပြီး KIA ကို တော်လှန်မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကချင်ဒေသခံတွေ အတွက် နိမိတ်ဆိုး တစ်ခုလိုပါပဲ။ KIA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်လို့ စစ်ပြေးဒုက္ခသည်ဘ၀ ရောက်ရပါတယ်ဆိုမှ အခုလို KIA နဲ့ ရှမ်းသာ တိုက်ပွဲ ဖြစ်ရင် ဘယ်မှာသွားပုန်းရမှန်းမသိ ဖြစ်နေကြပါတယ်။အခုဆိုရင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည် မြောက်ပိုင်း)ရဲ့ ဦးဆောင်မှုနဲ့ KIO/KIA ရဲ့ လုပ်ရပ်တွေကို သမ္မတနဲ့ ဒုသမ္မတဆီ တိုင်စာပို့ထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် KIO နည်းပညာအဖွဲ့က ဦးဒေါင်းခါး ဆီကိုလည်း KIA ဖမ်းထားတဲ့ ရှမ်းတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် လာစဉ်ကလည်း စာရင်းဇယား အထောက် အထားနဲ့တကွ တိုင်စာပေးလိုက်တယ်လို့ ကြားရပါတယ်။ အခုတော့ စစ်ပညာတွေသင်ယူပြီး ပြည်သူ့စစ်ဖွဲ့မယ်၊ ပြီးရင် KIA ကို တိုက်ခိုက်မယ်ဆိုပြီး ကြွေးကြော်နေကြပြန်ပါပြီ။

KIO/KIA ခေါင်းဆောင်ကြီးတွေ ဘာလုပ်မလဲ စောင့်ကြည့်ရပါတော့မယ်။ ကိုယ့်မွှေးတဲ့မီး ကိုယ်နိုင်အောင် ငြိမ်းနိုင် မလား ဒါမှမဟုတ် ကိုယ်ကတဲ့ဇာတ် ကိုယ်နိုင်အောင် က နိုင်မလား အဖြေထွက်လာပါလိမ့်မယ်။ တစ်ခု သိတားရမှာ ကတော့ ကချင်ပြည်နယ်မှာ ကချင်လူမျိုးထက် ရှမ်းလူမျိုးတွေက ပိုများနေတယ်ဆိုတာပါပဲ။ တကယ်လို့ သူတို့သာ လက်နက်ကိုင်ပြီး တော်လှန်လာရင် KIO/KIA ခေါင်းဆောင်ကြီးတွေ မျောက်မီးခဲ ကိုင်သလို ဖြစ်နေမှာကိုတော့ မြင်ယောင်မိပါသေးတယ်ဗျာ။

စိုင်းနေမျိုး

Viewing all articles
Browse latest Browse all 13897

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>