လစ်ဗျား နိုင်ငံ က လာတဲ့ သတင်းတွေ အရ အယ်လ် ဆီဒရာ ဆိပ်ကမ်း မှာ ရှိတဲ့ ပြည်ပ ကို ရေနံ တင်ပို့ရာ အဓိက နေရာ တစ်ခုကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ တိုက်ခိုက် ခဲ့ကြတဲ့ အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံး သွားပါတယ်။
စစ်ဆေးရေး ဂိတ် နေရာ ကို IS တွေက အသေခံကား ဗုံးခွဲပြီး စတင် တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ့နောက် IS တိုက်ခိုက်ရေး သမားတွေ နဲ့ အဲဒီ့ နေရာကို စောင့်ကြပ် နေကြတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တွေကြား တိုက်ပွဲ ဖြစ်ပေါ် ခဲ့ပါတယ်။
IS တွေ ပြန်လည် ဆုတ်ခွာ သွားအောင် တိုက်ထုတ် နိုင်ခဲ့တယ်လို့ အဲဒီ့ နေရာကို စောင့်ကြပ် နေသူ
တွေက ပြောပါတယ်။
လစ်ဗျား နိုင်ငံမှာ လောလောဆယ်ဆယ် စင်ပြိုင် အစိုးရ နှစ်ရပ် ရှိနေသလို၊ စစ်ဖြစ်နေကြတဲ့ လက်နက်ကိုင် အုပ်စုကွဲ တွေ အမြောက်အများ ရှိနေပါတယ်။
ဒီလို အခြေအနေ ရှုပ်ထွေး နေတာကို IS အဖွဲ့က အခွင့်ကောင်း ယူပြီး ၊ အယ်လ်ဆီဒြာ ဒေသ အနောက် ဘက် ရေနံ လမ်းကြောင်း တွေ ရှိရာ အရပ် မှာ ခြေကုပ် ယူနိုင် လာခဲ့ကြတယ် လို့ လေ့လာသူတွေ က ဆိုပါတယ်။
BBC